Chapter 67
Viewers 21k

🎶 Chapter 67



"အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း" ဒုတိယအပိုင်းရိုက်ကူးမည့်အချိန်က မြက်ပင်များပေါက်ပြီး လင်းယုန်ငှက်များပျံသန်းသည့် နွေဦးရာသီ ဧပြီလဆန်းပိုင်း၌ဖြစ်ပြီး နေရာမှာ ချင်းဟိုင်ဖြစ်သည်။


မသွားရသေးမီမှာပင် ယဲ့ဇယ်ရှစ် ၎င်းကို စောင့်မျှော်နေပြီဖြစ်သည်။


ချင်းဟိုင်မြို့၏အလှသာမက ထို့အပြင်- 


ယဲ့ဇယ်ရှစ် နှုတ်ခမ်းသပ်လိုက်ပြီး အရသာရှိသော ငါးလေးခြောက်ကြော်ကို တွေးမိခဲ့သည်။


ချင်းဟိုင်မှာ ရေငန်အိုင်တွေ ရှိတယ်လို့ ကြားတယ်...သူတို့အားလုံးက ရေကန်တွေဆိုတော့ ငါးရှိလောက်မှာ...


ငါးအကြောင်းတွေးရင်း ယဲ့ဇယ်ရှစ် ချက်ချင်းပင် အနည်းငယ် လောဘကြီးလာသလို ခံစားခဲ့ရသည်။


ဟယ့်ကျင်းယွင်က အလုပ်များနေသောကြောင့် သူလုပ်ထားသောငါးများကို ယဲ့ဇယ်ရှစ် မစားနိုင်ပေ။ သို့တိုင် ကံကောင်းစွာဖြင့် ယန်မန်လုပ်ထားသော ငါးလေးခြောက်ကြော်များကိုမူ စားနိုင်သေးပေသည်။


ထိုအချိန်အတွင်း ယဲ့ဇယ်ရှစ်၌ အခြားအလုပ်အချိန်ဇယားများ မရှိချေ။ ယဲ့ကျန့်ပင်းက ယဲ့ဇယ်ရှစ်ကို အိမ်ပြန်ပြီး ညစာလာစားရန် နှစ်ကြိမ်ခေါ်ခဲ့ပြီး ယန်မန်က ယဲ့ဇယ်ရှစ်အတွက် ငါးလေးခြောက်များ ကြော်ပေးခဲ့သည်။


ယန်မန်က တစ်ခါတစ်ရံ အိမ်၌ ငါးလေးခြောက်များကြော်ပြီး ယဲ့ဟောက်ယန်ကို ယဲ့ဇယ်ရှစ်ထံ သွားပို့ခိုင်းခဲ့သည်။


ယဲ့ဟောက်ယန်က ယဲ့ဇယ်ရှစ်ထံသို့ လာချိန်တွင် တွန့်ဆုတ်နေသော်လည်း သူပြန်ထွက်သွားချိန်တွင် သူ့မျက်နှာက ပြုံးရွှင်နေခဲ့သည်။  

ငါ့လက်ထဲ ဖိနပ်တစ်ရံရှိနေပြီပဲကို ဘာလို့ မနာလိုဖြစ်နေရဦးမှာလဲ...


နောက်တစ်ကြိမ်တွင်မူ ယဲ့ဟောက်ယန်က ယန်မန် မခိုင်းမီမှာပင် သူ့အစ်ကိုအတွက် ဟင်းချက်ပေးမည့်အချိန်ကို မေးပြီး သူသွားပို့ပေးမည်ဟု တောင်းဆိုခဲ့သည်။


ယန်မန် တစ်ချိန်တည်းမှာပင် အနည်းငယ်ရွှင်မြူးမိသလို အနည်းငယ် ခံစားသွားခဲ့ရသည်။


လူတစ်ယောက်က တစ်နှစ်ခွဲကျော်အတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တာပဲ...


ယခင်ကဆိုလျှင် တစ်စုံတစ်ယောက် မေးချိန်၌ ယဲ့ဇယ်ရှစ်က သူမ၏ လင်ပါသားဖြစ်ကြောင်း ဝန်ခံရန် ဆန္ဒမရှိခဲ့သော်လည်း ယခုတွင်မူ မဆိုးလှချေ။


ယန်မန်က ၎င်းကိုစဉ်းစားရင်း ယဲ့ဇယ်ရှစ်ထံမှ လက်မှတ်နှင့် ဓာတ်ပုံတောင်းရန် စီစဉ်ခဲ့သည်။


မကြာသေးမီက သူမ သူငယ်ချင်းတစ်ဦး၏ သမီးက သူမအား ယဲ့ဇယ်ရှစ်၏ လက်မှတ်နှင့် ဓာတ်ပုံတောင်းဆိုခဲ့သော်လည်း ထိုအချိန်တွင် ယဲ့ဇယ်ရှစ်က စန်းယာ၌ ရိုက်ကူးရေးလုပ်နေဆဲဖြစ်သောကြောင့် သူမငြင်းခဲ့သည်။


ယဲ့ဇယ်ရှစ်က ယခုအချိန်အတွင်း အိမ်၌ရှိနေဆဲဖြစ်သောကြောင့် နောက်တစ်ရက်၌ ငါးလေးခြောက်အချို့လုပ်ပြီး ယဲ့ဟောက်ယန်ကို ပို့ခိုင်း၍ လက်မှတ်ထိုးထားသော ဓာတ်ပုံပြန်ယူလာခိုင်းရမည်ဟု တွေးလိုက်သည်။


၎င်းကိုတွေးမိချိန်တွင် ယန်မန်၏ နှုတ်ခမ်းထောင့်က ကွေးသွားခဲ့သည်။


ယဲ့ကျန့်ပင်းက ယန်မန်နှင့် ယဲ့ဟောက်ယန်တို့၏ ပြောင်းလဲမှုများကို မြင်ခဲ့ရပြီး အလွန်ပျော်ရွှင်နေခဲ့သည်။


သူဒုတိယအိမ်ထောင်ပြုကတည်းက သူ့အစိုးရိမ်ဆုံးမှာ ယဲ့ဇယ်ရှစ်နှင့် ယန်မန်ကြား တင်းမာမှုပင်ဖြစ်သည်။


ယဲ့ဟောက်ယန် မွေးဖွားပြီးနောက်တွင် သူ ပို၍ပင် စိုးရိမ်လာခဲ့ရသည်။


သို့သော် ကိစ္စများက သူ့မျှော်လင့်ထားသကဲ့သို့ မဖြစ်လာခဲ့ချေ။ ယဲ့ဇယ်ရှစ်က ယန်မန်နှင့် ယဲ့ဟောက်ယန်ကို မုန်းတီးရုံသာမက ဖခင်ဖြစ်သူ သူ့ကိုလည်း မုန်းတီးခဲ့သည်။


ယဲ့ကျန့်ပင်း ထိုကိစ္စကြောင့် ဘေးကျပ်နံကျပ် ဖြစ်ခဲ့ရသည်။


တစ်ဖက်က သူ့သား... တစ်ဖက်က သူရဲ့လက်ရှိအချစ်နဲ့ ကလေး...

ယဲ့ကျန့်ပင်း ထိုအကြောင်းကို ဆယ်နှစ်ကျော်ကြာ စိုးရိမ်နေခဲ့သော်လည်း ယခုနှစ်တွင် သူ လုံးလုံး စိတ်သက်သာရာရသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။


သူ ထိုအကြောင်းကို ပိုတွေးလေလေ ပိုပျော်လေလေဖြစ်သည်။ ထို့ကြောင့် ကောင်းရှူ ယဲ့ကျန့်ပင်းကိုလာရှာပြီး ယဲ့ဇယ်ရှစ်က ဘာလုပ်စရာမှမရှိဘဲ အိမ်၌သာ အမြဲနေနေသည်ဟု ပြောလာချိန်တွင် ယဲ့ကျန့်ပင်းက ရှားရှားပါးပါးပြန်ပြောခဲ့သည်။

"ဒါဆိုလည်း ဇယ်ရှစ်ကို ကောင်းကောင်းအနားယူခိုင်းလိုက်ပါ..."


ယဲ့ဇယ်ရှစ် အလုပ်မလုပ်ဘူးဆိုရင်တောင် ဘာဖြစ်လဲ... ငါက ငါ့သားကို ဂရုစိုက်ဖို့မတတ်နိုင်နေလို့လား...


သို့သော် ၎င်းက သူ ကောင်းရှူကို မပြောနိုင်သောအရာဖြစ်သည်မှာ သေချာ၏။ ယဲ့ကျန့်ပင်း ခဏခန့်စဉ်းစားပြီးနောက် ကောင်းရှူကို နှစ်သိမ့်ပေးလိုက်သည်။

"ဇယ်ရှစ်က အခုရသစုံရှိုးနဲ့ လက်မှတ်ထိုးထားတယ် မဟုတ်ဘူးလား...နှစ်ဝက်လောက်ရောက်မှပဲ အလုပ်အစီအစဉ်တွေအကြောင်း ပြောကြတာပေါ့..."


ယဲ့ကျန့်ပင်းက ဒီလိုပြောလာမှတော့ ငါ ဘာတတ်နိုင်မှာလဲ...


သို့သော် ဤအတိုင်းအရှုံးပေးသည်က ကောင်းရှူ ပုံစံမဟုတ်ပေ။ ထိုအကြောင်းကို များစွာစဉ်းစားပြီးနောက် နေသာသောနေ့တစ်နေ့တွင် ကောင်းရှူက သူစာရင်းပြုစုထားသော ပူးပေါင်းရေးစာချုပ်ကောင်းများဖြင့် ယဲ့ဇယ်ရှစ်၏ တံခါးဝသို့ရောက်လာခဲ့သည်။


ယဲ့ဇယ်ရှစ်က ယဲ့ဟောက်ယန်ကို ပြန်လွှတ်ပြီး ငါးလေးခြောက်ကြော်များကို အရသာရှိစွာ စားနေချိန်၌ ကောင်းရှူ၏ ကားကို မြင်လိုက်ရသည်။


ယဲ့ဇယ်ရှစ် ယနေ့၌ စိတ်ကောင်းဝင်နေသောကြောင့် တံခါးတိုက်ရိုက်မပိတ်ခဲ့ပေ။ ထိုအစား သူက ကောင်းရှူကိုကြည့်ကာ မေးလိုက်သည်။

"အတွင်းရေးမှူးကောင်း ဘာကိစ္စရှိလို့လဲ..."


ကောင်းရှူက အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။

သခင်လေးက ဒီတစ်ကြိမ်တော့ ငါ့ကို မောင်းမထုတ်တော့ဘဲနဲ့ ကောင်းကောင်းမွန်မွန်တောင်မေးခဲ့သေးတယ်... ဒါက တိုးတက်လာတာပဲ...


ထို့ကြောင့် ကောင်းရှူက သူစာရင်းပြုစုထားသော ထောက်ခံချက်များနှင့် ဇာတ်ညွှန်းများကို အမြန်ထုတ်ယူကာ ယဲ့ဇယ်ရှစ်အား အသေးစိတ်စရှင်းပြခဲ့သည်။


နွေဦးလေပြေက နွေးထွေးနေပြီး နေ့လည်ပိုင်းရှိ နေကလည်း ပူနွေးနေခဲ့သည်။ 


ယဲ့ဇယ်ရှစ်က သူ မကြာသေးမီက ဝယ်ထားသော ဒန်းပေါ် ပျင်းရိစွာမှီထားရင်း ငါးလေးခြောက်ကြော်စားကာ မိန်းမောနေခဲ့သည်။


အတွင်းရေးမှူးကောင်း၏ စကားများကမူ တစ်ဖက်နားကဝင်ကာ တစ်ဖက်နားမှ ထွက်သွားခဲ့သည်။


ကောင်းရှူ သူ ဟိုးယခင်တည်းက ပြင်ဆင်ခဲ့သော ဇာတ်ညွှန်းများအကြောင်း ရှင်းပြပြီးသွားချိန်တွင် မော့ကြည့်လိုက်ရာ ယဲ့ဇယ်ရှစ်က anime စကြည့်နေပြီဖြစ်သည်ကို တွေ့လိုက်ရ၏။


 á€€á€ąá€Źá€„်းရသူ: "..."


ငါပြောတာက အရမ်းပျင်းစရာကောင်းနေလို့လား...


ကောင်းရှူက အချိန်အတန်ကြာစဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

"သခင်လေး...ဒီဇာတ်ညွှန်းတွေကို စိတ်မဝင်စားဘူးဆိုရင်တောင် အနည်းဆုံးတော့ ဒါရိုက်တာချန်ရဲ့ဇာတ်ကားအသစ်ကို တစ်ချက်လောက်ကြည့်သင့်တယ်... ဒါရိုက်တာချန် ကျွန်တော်တို့ကို ဇာတ်ညွှန်းပို့လာတာ သုံးခါတောင်ရှိပြီ..."


ယဲ့ဇယ်ရှစ်က ၎င်းကိုကြားချိန်တွင် သူ့လက်ထဲရှိ ငါးလေးခြောက်ကြော်ကို ချပြီး ကောင်းရှူကို ပြန်ကြည့်ခဲ့သည်။

"ဒါရိုက်တာချန်က..."


"ဒါရိုက်တာချန်ကျန့်ထျန်းလေ..." 

ကောင်းရှူ ပြောလိုက်သည်။


ယဲ့ဇယ်ရှစ်က "အိုး" ဟုပြောပြီး ပေါ့ပေါ့တန်တန်ထပ်ပြောလိုက်သည်။

"စိတ်မဝင်စားဘူး...ဒါရိုက်တာချန်ကို ကူငြင်းပေးလိုက်ပါဦးနော်... သူ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်လို့..."


ကောင်းရှူ: "..."


ကောင်းပြီ နောက်ထပ်မအောင်မြင်တဲ့ နေ့လေးတစ်နေ့ပါပဲ...


အားလပ်ချိန်များက အမြဲတမ်း မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားတတ်သည်။ မျက်စိတစ်မှိတ်အတွင်းပင် ဧပြီလဆန်းသို့ရောက်လာခဲ့ပြီး မနက်ဖြန်က ခရီးထွက်ရမည့်နေ့ဖြစ်သည်။ ငါးဆားနယ်လေးယဲ့ဇယ်ရှစ်က နောက်ဆုံးတွင် အလုပ်လုပ်ရန် ဆန္ဒရှိခဲ့ပြီး မနက်တိုင်း ဆယ်နာရီ၌ အချိန်မှန်နေရောင်ခံရန် အပြင်မသွားခဲ့ချေ။ သူက မနက်စောစောထကာ ပစ္စည်းများ စတင်ထုပ်ပိုးခဲ့သည်။


ယဲ့ဇယ်ရှစ်က ခရီးဆောင်အိတ်များ ထုပ်ပိုးပြီးနောက် သူ့ခန္ဓာကိုယ်လှုပ်ရှားမှုရှိစေရန် လေ့ကျင့်ခန်းအနည်းငယ်စလုပ်ခဲ့သည်။


ယဲ့ဇယ်ရှစ်က လေ့ကျင့်ခန်းများကြောင့် ပင်ပန်းသွားချိန်တွင် အိပ်ရာပေါ် တစ်ဖန်ပြန်လှဲကာ Weibo ကို ခဏခန့်ကြည့်ရှုရန် အသင့်ဖြစ်နေခဲ့သည်။


သို့သော် သူ မမျှော်လင့်စွာပင် Weibo ကိုဖွင့်လိုက်သည်နှင့် hot search ပေါ်တွင် အသိအကျွမ်းတစ်ဦးကို တွေ့ခဲ့ရသည်။ 


#ဒါရိုက်တာချန်ရဲ့ ဇာတ်ကားအသစ်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်#


ယဲ့ဇယ်ရှစ် ခဏခန့် အံ့အားသင့်သွားပြီး ပို့စ်ကို လျင်မြန်စွာနှိပ်ကြည့်လိုက်သည်။


မားကတ်တင်းအကောင့်တစ်ခုမှ သတင်း ထွက်လာခြင်းဖြစ်သည်။


{ဒါရိုက်တာချန်ရဲ့ဇာတ်ကားအသစ်က စပွန်ဆာတွေဆီကနေ ခွဲထွက်ခံရတယ်လို့ သံသယရှိပြီး ရိုက်ကူးရေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်... သရုပ်ဆောင်တွေအားလုံး ဆုံးဖြတ်ပြီးပြီဆိုပေမယ့် အခုတော့ ဒါရိုက်တာချန်က သရုပ်ဆောင်တွေနဲ့ လျော်ကြေးကိစ္စ ညှိနှိုင်းလျက်ရှိနေ...}


[ဘာအခြေအနေကြီးလဲ...]


[ရင်းနှီးမြုပ်နှံသူတွေက ဒါရိုက်တာချန်ရဲ့ဇာတ်ကားကနေ တကယ်ကြီးထွက်သွားတာလား...ငါဖတ်နေတာ မှန်ရဲ့လား...]


[ငါ့ အင်တာနက်ပဲ တစ်ခုခု လွဲနေတာလား...ဘာအခြေအနေကြီးလဲ...]


[ငါလည်း သိချင်တယ်...ငါ ဒါရိုက်တာချန်ရဲ့ ဇာတ်ကားအသစ်ကို မျှော်နေခဲ့တာ...]


[အခု ဒါရိုက်တာချန်ကို လျော်ကြေးတောင်းတဲ့ သရုပ်ဆောင်တွေတောင် ရှိနေကြပြီလား...သူက စောင့်နေပါ့မယ်လို့ ပြောသင့်တာမဟုတ်ဘူးလား...]


အင်တာနက်သုံးစွဲသူတော်တော်များများက အလွန်သိချင်နေကြပြီး ဒါရိုက်တာချန်၏ Weibo ဆီသို့ အပြေးအလွှားသွားမေးခဲ့ကြသည်။


ဆွေးနွေးမှု အရှိန်မြင့်လာသည်နှင့်အမျှ ချန်ကျန့်ထျန်းလည်း နောက်ဆုံးတွင် တုံ့ပြန်ရန် ဖိအားပေးခံခဲ့ရသည်။


 .....


@ချန်ကျန့်ထျန်း - သင့်တော်တဲ့ ခေါင်းဆောင်မင်းသား မတွေ့သေးလို့ပါ...


ထို Weibo ပို့စ်ကိုမြင်ပြီးနောက် အင်တာနက်အသုံးပြုသူများ နားလည်သွားခဲ့ကြသည်။


ဒီတော့ အဲဒါကြောင့်ကိုး.... 


ယခု လူတိုင်း နားလည်သွားခဲ့ကြသည်။


မင်းသားတစ်ယောက်အတွက်နဲ့ ဇာတ်ကားရိုက်ကူးရေးတစ်ခုလုံးကို ရွှေ့ဆိုင်းလိုက်တာ...တကယ့်ကို ဒါရိုက်တာချန်ဖြစ်ဖို့ထိုက်တန်တယ်...


ယဲ့ဇယ်ရှစ်က ထို Weibo ပို့စ်ကိုမြင်ချိန်တွင် သက်ပြင်းချလိုက်မိသည်။

"ခေါင်းမာတဲ့ လူအိုကြီးပဲ..." 


ထိုသို့ပြောပြီးနောက် သူက ဒါရိုက်တာချန်၏ Weibo ပို့စ်ကို like လုပ်လိုက်သည်။


ယဲ့ဇယ်ရှစ်က Weiboကို အချိန်ခဏခန့် သုံးပြီးနောက် ဖုန်းပိတ်ကာ တက်ဘလက်ကိုထုတ်ပြီး anime ဆက်ကြည့်နေလိုက်သည်။ သူ မကြာသေးမီက "jujutsu kaisen" ကို စွဲလမ်းလာခဲ့၏။

 

Gojo-sensei က အရမ်းချောတာပဲ...


ဒီလောက်အစွမ်းထက်ပြီး ဆွဲဆောင်မှုရှိတဲ့ ယောင်္ကျားကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ...


ငါလည်း ကြိုက်တယ်...


ယဲ့ဇယ်ရှစ်က စိတ်အားထက်သန်စွာ anime ကိုကြည့်နေချိန်၌ ချန်ကျန့်ထျန်းက အလွန်စိုးရိမ်နေခဲ့သည်။


အခြားအကြောင်းပြချက်မရှိပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောတစ်မိနစ်ခန့်က ယဲ့ဇယ်ရှစ် သူ့ Weibo ပို့စ်အား like ပေးသွားသည်ကို ချန်ကျန့်ထျန်း တွေ့ခဲ့သောကြောင့်ဖြစ်သည်။


ယဲ့ဇယ်ရှစ်၏ အပြန်အလှန် သူငယ်ချင်းအနေဖြင့် ပို့စ်ကို like ပေးခံရခြင်းက အလွန်သာမန်ဆန်သော ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။


ချန်ကျန့်ထျန်း၏ Weiboကို နာမည်ကြီးဆယ်လီများနှင့် အနုပညာရှင်အချို့ မကြာခဏ like ပေးဖူးခဲ့ကြသော်လည်း မည်သည့်အချိန်ဖြစ်စေ ယခုကဲ့သို့ မစိုးရိမ်ခဲ့ရပေ။


ချန်ကျန့်ထျန်း မတွေးမိဘဲ မနေနိုင်ခဲ့ချေ။


ယဲ့ဇယ်ရှစ် အထင်လွဲသွားမှာတော့ မဟုတ်ဘူးမလား...


ယဲ့ဇယ်ရှစ် ဒေါသထွက်နေတာမဟုတ်လောက်ပါဘူး...ဟုတ်တယ်မလား...


ဒါပေမယ့် ယဲ့ဇယ်ရှစ်က ကောမန့်မပေးဘဲ likeပဲ နှိပ်သွားတာလေ...သူ ဒေါသထွက်နေတာပဲဖြစ်ရမယ်...


ငါ ဘာလုပ်သင့်လဲ...


ချန်ကျန့်ထျန်း အလွန်စိုးရိမ်သောကြောင့် သည်းမခံနိုင်တော့ဘဲ သူ့ဖုန်းကိုကောက်ကိုင်ကာ ဟယ့်ကျင်းယွင်ထံ ဖုန်းခေါ်ခဲ့သည်။


ဟယ့်ကျင်းယွင်က ချန်ကျန့်ထျန်းထံမှ ဖုန်းဝင်လာချိန်တွင် တည်းဖြတ်မှုကို ကြည့်နေဆဲဖြစ်သည်။ သူက ဖုန်းချိတ်ဆက်သွားသည်နှင့် တန်းပြောလိုက်သည်။

"ဒါရိုက်တာချန်...ကျွန်တော် ခင်ဗျားဆီ ရုပ်ရှင်ပို့ဖို့ နှစ်ရက်လောက်စောင့်ရဦး..."


"ဘယ်သူက မင်းနဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးချင်နေလို့လဲ..."  


ချန်ကျန့်ထျန်းက အလွန်စိုးရိမ်နေပြီး စိတ်မရှည်ဖြစ်ကာ ဟယ့်ကျင်းယွင်ကို တိုက်ရိုက်ဖြတ်ပြောလိုက်သည်။


ဟယ့်ကျင်းယွင် ခဏခန့် ကြောင်အသွားပြီး သူ့နားထင်ကိုပွတ်သပ်ကာ မတ်တပ်ထရပ်၍ အနည်းငယ် လှုပ်ရှားလိုက်သည်။

"ဟင်... ဘာဖြစ်နေလို့လဲ..."


ချန်ကျန့်ထျန်းက အချိန်အတန်ကြာ ရုန်းကန်ပြီးနောက် ရုန်းကန်ခဲ့ရပြီး ယနေ့အွန်လိုင်းပေါ်၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာမှန်သမျှကို ဟယ့်ကျင်းယွင်အား ခက်ခဲစွာ ပြောပြခဲ့သည်။


"အဲဒီ သောက်ကျိုးနည်းမားကတ်တင်းအကောင့်ကတော့...ဘယ်ကနေ သတင်းတွေရနေမှန်းကို မသိဘူး... ငါက လျော်ကြေးပေးရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..."


"ငါ မင်းကိုမေးပါဦးမယ်...အခုလက်ရှိ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ငါ ချန်ကျန့်ထျန်း မရနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုဆိုတာ ရှိလို့လား...ဟာသပဲ...အမြဲတမ်း ငါ့ကို ပိုက်ဆံပေးချင်ကြလွန်းလို့ သူတို့ဘက်ကစပြောခဲ့တာတွေချည်းပဲ..."


"ပြီးတော့ သရုပ်ဆောင်တွေအတွက်ကလည်း... ဟာသပဲ...ဘယ်သူမှ လျော်ကြေးပေးဖို့ စပြောတာ မရှိဖူးဘူး...ငါမပြောရင်တောင် သူတို့က အရင် ငါလိုချင်သလောက် စောင့်နိုင်ပါတယ်လို့ဖုန်းဆက်ပြောကြတာကွ...ငါ ဖုန်းဖွင့်လိုက်တာနဲ့ သူတို့အချိန်မရွေး ရောက်လာနိုင်တယ်..."  


"အဲဒီအရူးဂျာနယ်လစ်တွေက ဘာလို့ စာရေးစရာသွားမလုပ်ကြလဲ... တစ်နေ့ တစ်နေ့ လုပ်စရာမရှိကြဘူးလားမသိ..."


"အဲဒီကိစ္စကို အကြီးအကျယ်ဆွေးနွေးလာကြမှတော့ ငါလည်း ထွက်ဖြေရတာပေါ့...အဖြေက ..."


ဟယ့်ကျင်းယွင်က ၎င်းကို ကြားပြီးနောက် မနေနိုင်ဘဲ ဖြတ်ပြောလိုက်သည်။

"ဒါဆို ယဲ့ဇယ်ရှစ်ကို ခင်ဗျားအတွက် ဘာပြောစေချင်လို့လဲ..."


ချန်ကျန့်ထျန်းက ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"ငါက ဒီတိုင်း သူ့ကို စိတ်ပိုင်းဆိုင်ရာနဲ့တိုက်ခိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ... ငါ့ကို အထင်မလွဲစေချင်ဘူး... ငါ တကယ် သင့်တော်တဲ့ သရုပ်ဆောင် ရှာမတွေ့သေးတာပါ...မားကတ်တင်းအကောင့်အဖွဲ့က နေ့တိုင်း မဟုတ်တာတွေ ဖြန့်နေတာ... ဇယ်ရှစ်ကို ဒေါသမထွက်ဖို့ ပြောပေးပါဦး..."


ဟယ့်ကျင်းယွင် သူ့အပြုံးကို မထိန်းလုနီးပါး ဖြစ်သွားခဲ့သည်။ ဟယ့်ကျင်းယွင်က ချန်ကျန့်ထျန်း ပြောသည်ကို အချိန်အတော်ကြာ နားထောင်ပြီးနောက် ပြောလိုက်သည်။ 

"ကောင်းပြီ ကျွန်တော် ပြောပေးပါ့မယ်..."


"မင်း သူ့ကို သေချာပြောပြရမယ်..."  

ချန်ကျန့်ထျန်းက သတိထပ်ပေးလိုက်သည်။

"ငါ ဖုန်းချလိုက်တာနဲ့ မင်း သူ့ကို ဖုန်းခေါ်တာ ဒါမှမဟုတ် မက်ဆေ့ခ်ျပို့တာ အကောင်းဆုံးပဲ..."


ဟယ့်ကျင်းယွင်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ကျွန်တော် ဖုန်းချပြီးတာနဲ့ သူ့ကို မက်ဆေ့ခ်ျပို့လိုက်မယ်..."


"ကောင်းပြီ...ဒါဆို ငါဖုန်းချလိုက်မယ်... မင်းပြောပြီးရင် ငါ့ကိုပြန်ပြောဖို့မမေ့နဲ့..."  

ချန်ကျန့်ထျန်းက အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။


"ကောင်းပါပြီ..."  

ဟယ့်ကျင်းယွင် ပြောပြီးသည်နှင့် ချန်ကျန့်ထျန်း နောက်တစ်ကြိမ်ပြောလာခြင်းမှရှောင်ရန် ဦးစွာဖုန်းချလိုက်သည်။


နေ့လည်ခင်း နေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ် အလွန်နွေးထွေးစွာ ကျရောက်နေခဲ့သည်။ ဟယ့်ကျင်းယွင်က အပြင်ဘက်ရှိ ကောင်းကင်ကို မော့ကြည့်ပြီး မည်ကဲ့သို့ စကားစသင့်သည်ကို တိတ်တဆိတ် တွေးနေခဲ့သည်။


ရုတ်တရက် သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။


ဟုတ်ပြီ...


တစ်ချိန်တည်းမှာပင် ယဲ့ဇယ်ရှစ်က "Jujutsu Kaisen" ၏ သတ္တမမြောက်အပိုင်းကို ကြည့်နေခဲ့သည်။


အိုးမိုင်ဂေါ့ဒ်...


Gojo-Sensei က ဘာလို့ အရမ်းချောနေရတာလဲ...ကောင်းတဲ့ကာရိုက်တာဆိုပေမယ့် ဘာလို့ ဗီလိန်လို ပြုံးနေရတာလဲ...


ဒါပေမယ့် အဲဒါက အရမ်းဆွဲဆောင်မှုရှိတာပဲလို့...


Gojo Satoruက တိုက်ပွဲထဲ yujiကို တိုက်ရန် နယ်မြေချဲ့ထွင်နေပြီး ဇာတ်ကွက်က အရေးကြီးသည့်အခိုက်အတန့်သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် တက်ဘလက်ပေါ်၌ WeChat မှ အချက်ပြသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


"ထန်ကျင့် မက်ဆေ့ခ်ျပို့လာပါတယ်..."


ယဲ့ဇယ်ရှစ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။


ထို့နောက် တက်ဘလက်ပေါ်၌ WeChat နိုတီသံ ထပ်တင်လာခဲ့သည်- 

"ဟယ့်လောင်ရှီး မက်ဆေ့ခ်ျပို့လာပါတယ်..."


ယဲ့ဇယ်ရှစ်၏ ကြုတ်နေသော မျက်ခုံးများက ချက်ချင်းပြေလျော့သွားပြီး တစ်ချိန်တည်း၌ anime ကို ခေတ္တရပ်ကာ ဘေးနားရှိ ဖုန်းကို ကောက်ကိုင်လိုက်၍ WeChat ကို ဖွင့်လိုက်သည်။


အဆက်အသွယ်နှစ်ခုက အပေါ်အောက်ရှိနေပြီး သူတို့၏ ပရိုဖိုင်များပေါ်တွင် အနီရောင်နံပါတ် 1 ရှိနေခဲ့သည်။


ယဲ့ဇယ်ရှစ် တုံ့ဆိုင်းမနေဘဲ ဟယ့်ကျင်းယွင်နှင့် စကားပြောခန်းကို ဖွင့်လိုက်သည်။



🎶🎶🎶