Chapter 58
Viewers 21k

🎶 Chapter 58



သူ ယခင်က ယဲ့ဇယ်ရှစ်ကို ဤကဲ့သို့ရသစုံရှိုးမျိုးတွင် ပါဝင်ခိုင်းရန် စိတ်ကူးရှိခဲ့ဖူးသော်လည်း ပါဝင်မည်လား မပါဝင်မည်လားက ယဲ့ဇယ်ရှစ်၏ ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်သည်။ ထိုအချိန်က သူ သူ့သား၏ ရွေးချယ်မှုကို ဝင်မစွက်ဖက်ချင်သောကြောင့် ဘာမှမပြောခဲ့ပေ။


သို့သော် ယခုတွင် သူတို့၏ စိတ်ကူးများက အံ့ဖွယ်ကောင်းအောင်ကို ကိုက်ညီနေပုံရသည်။


ငါ ဘယ်လိုပြောရမလဲ...ငါ့သားဖြစ်ထိုက်တယ်လို့ပဲ ပြောရမလား...


၎င်းကိုတွေးပြီး ယဲ့ကျန့်ပင်း ပို၍ပင်ပျော်သွားခဲ့သော်လည်း ညွှန်ကြားစရာများ ရှိနေသေးသည်။ ယဲ့ကျန့်ပင်းက သူ့ဘေးနားရှိ ကောင်းရှူကိုကြည့်ကာ ပြောလိုက်သည်။ 

"အခု စာချုပ်ချုပ်ပြီးပြီဆိုပေမယ့် အဲဒါက လက်တွေ့ရှိုးဖြစ်နေတုန်းပဲ... အေးဂျင့်တစ်ယောက်အနေနဲ့ မင်း အာရုံစိုက်ဖို့ လိုတဲ့ တချို့အရာတွေရှိသေးတယ်..."


အနုပညာရှင်များစွာက ပရိသတ်များ၏ မျက်လုံးထဲ သူတို့ပင်ကိုယ်အရည်အသွေးကို တည်ဆောက်ရန် ရသစုံရှိုးပွဲများကို သွားလေ့ရှိကြသည်။


ထိုအချိန်တွင် ယဲ့ကျန့်ပင်းက ခေတ္တခန့်တွေးကာ ပြောလာခဲ့၏။

"ဇယ်ရှစ်ရဲ့ ကာရိုက်တာကိုက နှစ်လိုစရာကောင်းတာမလို့ သူ့အတွက် တမင်ဇာတ်ညွှန်းရေးစရာမလိုဘူး...သူ့ကို ဘာမှပြောစရာမလိုဘူး...ဒီတိုင်း သူ့ကို ပျော်ခွင့်ပေးထားလိုက်..."


ကောင်းရှူကလည်း သဘောတူခဲ့သည်။ သူလည်း ထိုကဲ့သို့ တွေးမိခဲ့သည်။


သူတို့သခင်လေး၏ ကာရိုက်တာက ပရိသတ်များကို အလွယ်တကူ ဆွဲဆောင်နိုင်ပေသည်။ ရသစုံရှိုးက ယဲ့ဇယ်ရှစ်၏ မူရင်းကာရိုက်တာကို ချပြသရန်သာ လိုအပ်သည်။


ယဲ့ကျန့်ပင်း ခေါင်းညိတ်၍ ခဏလောက်စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

"ငါကိုယ်တိုင် ဒါရိုက်တာကျန်းကို ဖုန်းဆက်လိုက်မယ်...မင်း အရမ်းကြီးစိတ်ပူနေစရာမလိုဘူး..."


ကောင်းရှူက ဤစကားကိုကြားပြီးနောက် ပို၍ပင် စိတ်သက်သာရာရသွားခဲ့သည်။


ဥက္ကဌကိုယ်တိုင်က ဒါရိုက်တာကို ဖုန်းဆက်မယ်ဆိုမှတော့ သူဘာကို စိုးရိမ်စရာလိုအုံးမှာလဲ...


ရသစုံရှိုးစတင်ရိုက်ကူးမည့်ရက်ကို နောက်နှစ်ပတ်အကြာရှိ တနင်္လာနေ့၌ သတ်မှတ်ထားပြီး ကောင်းရှူက ထို့နေ့တွင် ယဲ့ဇယ်ရှစ်ကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ရန် ဆုံးဖြတ်ခဲ့သည်။


ကြားထဲရှိနှစ်ပတ်ကို ယဲ့ဇယ်ရှစ်၏နောက်ဆုံးပျော်ရွင်မှုအဖြစ် သတ်မှတ်နိုင်သည်။


ယဲ့ဇယ်ရှစ်က အလုပ်ပြန်လုပ်ရမည်ဖြစ်သောကြောင့် စိတ်ဓာတ်ကျနေသော်လည်း မကြာမီတွင် ငါးလေးခြောက်များစားနိုင်တော့မည်ကို တွေးပြီး စိတ်ဓာတ်ကျမှုက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။


××××××


တစ်ပတ်ကြာပြီးနောက် Weiboတွင် ကြီးကြီးမားမားတစ်ခု ဖြစ်သွားခဲ့သည်။


ပျော်ပျော်ကြီးဖရဲသီးစားသူက ပြီးခဲ့သည့်တစ်ခေါက် ယဲ့ဇယ်ရှစ်၏ သတင်းကို ပေါက်ကြားစေခဲ့ပြီးကတည်းက Weiboမှ တစ်ဝက်တစ်ပျက်အနားယူသွားပြီး လိုင်းမတက်လာသည်က ကြာပြီဖြစ်၏။


အင်တာနက်အသုံးပြုသူအများအပြားက ပျော်ပျော်ကြီးဖရဲသီးစားသူမှာ ယဲ့ဇယ်ရှစ်ထံမှ မျက်နှာဖြတ်ရိုက်ခံရပြီးနောက် အင်တာနက်လောကမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်ဟု ထင်ကြေးများပေးခဲ့ကြသည်။


အင်တာနက်တွင် ထိုအကြောင်းနှင့် ပတ်သက်ပြီး ထင်ကြေးပေးချက်များ အများအပြားရှိနေသော်လည်း အတည်မပြုနိုင်ခဲ့ကြပေ။


မည်သူမျှ မမျှော်လင့်ထားသောအချိန်၌ အချိန်အတော်ကြာ ပျောက်နေခဲ့သော ပျော်ပျော်ကြီးဖရဲသီးစားသူက Weibo ၌ပြန်ပေါ်လာပြီး ပို့စ်တစ်ခုတင်ခဲ့သည်။


@ပျော်ပျော်ကြီးဖရဲသီးစားသူ- ယဲ့ဇယ်ရှစ်က ရသစုံရှိုးအသစ်မှာ လက်မှတ်ထိုးခဲ့တယ်တဲ့...ပြီးတော့ အမြဲတမ်းဧည့်သည်စာရင်းမှာ ဟယ့်ကျင်းယွင်လည်း ရှိနေတယ်...


ကျောက်ခဲတစ်ခုက ရေပွက်တစ်ထောင်ကို ထစေနိုင်ခဲ့သည်။


[ဘာဖြစ်တယ်...]


[နောက်ဆုံးတော့ သေနေရာကနေ ပြန်ထလာခဲ့ပြီပေါ့...]


[ယဲ့ဇယ်ရှစ်က ဝေလငါးနဲ့ အလုပ်ထပ်လုပ်တော့မှာလား...]


[ဒီဝေလငါးရဲ့ပရိသတ်ကတော့ အရမ်းစိတ်လှုပ်ရှားနေပါပြီနော်...နတ်ဘုရားက ရသစုံရှိုးရိုက်တာရှားတယ် လွန်ခဲ့တဲ့နှစ်က "Time Idol "ကိုပဲ လက်ခံခဲ့တာ ဒီနှစ်တော့ ရသစုံရှိုးအသစ်ကို ထပ်လက်ခံပြီပဲ ငါအရမ်းပျော်တာပဲ..."ကျော်ကြားသော စစ်သူကြီး"က ဒီနှစ်ထုတ်လွှင့်မှာကို တွေးပြီးတော့ ပိုတောင်ပျော်သွားသေးတယ်...]


[ဟေး ရှစ်ရှစ် အစတုန်းက ရသစုံရှိုးမှာ လက်မှတ်မထိုးထားဘူးလို့ဆိုလိုတာမလား...သူက အခုမှလက်မှတ်ထိုးလိုက်တာလား...]


[ပျော်ရွှင်စရာ နှစ်သစ်ပါ...ရှစ်ရှစ်ရဲ့ အလုပ်သစ်တွေလည်းထပ်လာပြီ...]


[ဒီသတင်းက မှန်ဖို့ မျှော်လင့်တယ်...ငါရှစ်ရှစ်ကို မတွေ့ရတာ အရမ်းကြာပြီ သူ့ကို အရမ်းလွမ်းတာပဲ...]


[ဒီတော့ ယဲ့ဇယ်ရှစ်က မထွက်သွားဘူးလား...]


[သေချာပေါက် မထွက်သွားဘူးပေါ့...ယဲ့ဇယ်ရှစ်က အခုမှပွဲဦးထွက်တာလေ ထွက်သွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...သူက ဘယ်ကိုထွက်သွားရမှာလဲ...] 


[သေစမ်း...ဖရဲရွက်တွေက နှစ်သစ်ကို ကျင်းပနေကြပြီပဲ...]


[ရိုးရိုးသားသားပြောရရင် ဟယ့်ရှစ် cp က နှစ်သစ်ကို ကျင်းပတယ်လို့ဖြစ်ရမှာ...]


[ 'ကျော်ကြားသော စစ်သူကြီး' ပြီးတော့ ငါ့အတွဲက အလုပ်အတူပြန်လုပ်ကြတော့မယ်...ဒါကိုမှ အချစ်လို့မခေါ်ရင် ဘယ်ဟာကိုခေါ်မှာလဲ...]


[ဟယ့်ရှစ်က အစစ်အမှန်ပဲ...လာ ငါနဲ့အတူ အော်ပေးကြ...ဟယ့်ရှစ်က အစစ်အမှန်ပဲ...]


[ရှီးထန် cp ကတော့ ပျက်နေပြီ...နောက်ထပ် ဝမ်းနည်းစရာနေ့လေးပါပဲ...]


[ရှစ်ရှစ်နဲ့ ထန်ထန်က ဘယ်တော့မှ ပူးပေါင်းမှုအသစ်လုပ်ကြမှာလဲ...ရှီးထန်cp ဖန်တွေ တော်တော်လေး စိတ်ပျက်နေပြီနော်...ငါဒီ cpကနေ ထွက်ပြီး တခြား cp ကိုပဲ shipချင်တော့တယ်...]


[ကျယ်မေ့ရေ စိတ်ပျက်စရာမလိုပါဘူး... ဟယ့်ရှစ် CPဖန်နဲ့ ရှီးထန် CP ဖန်ဖြစ်လိုက်လေ...ဒါဆို ဘယ်ဘက်ကပဲ အချိုတွေကျွေးကျွေး အမြဲပျော်ရွှင်နေရလိမ့်မယ်...]


 â€œâ€Śâ€


ပျော်ပျော်ကြီးဖရဲသီးစားသူ၏ ပေါ်ထွက်မှုကို မြင်ချိန်တွင် မတူညီသော ပရိသတ်များက သဘာဝအတိုင်း မတူညီသော သဘောထားများ ရှိခဲ့ကြသည်။ ၎င်းတို့အနက် ဟယ့်ရှစ်Cp ဖန်များက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြချိန် ရှီးထန်Cpဖန်များက မျက်ရည်များကို တိတ်တဆိတ်သုတ်နေကြရသည်။


သို့သော် ခံစားချက်များ ရောထွေးနေသည့် ဖန်အချို့လည်း ရှိနေသေးသည်။


ထုံးစံအတိုင်းပင် ထိုပရိသတ်များက ဟယ့်ကျင်းယွင်၏ တစ်ဦးတည်းသောဖန်များဖြစ်ကြသည်။


[ဝေလငါးပရိသတ်တွေ ခြေကုန်လက်ပန်းကျနေပြီ...ဘာလို့ နတ်ဘုရားက ယဲ့ဇယ်ရှစ်နဲ့ပဲ ထပ်ပြီး အလုပ်လုပ်နေရတာလဲ... ငါက တစ်ယောက်တည်းဖန် ဖြစ်ပေမယ့် နတ်ဘုရားရဲ့လက်တလောသတင်းတွေအကြောင်း မစဉ်းစားမိဖို့ တကယ်ကိုခက်တယ်...]


[အပေါ်ထပ်ရေ +1 ငါတို့ နတ်ဘုရားက အရင်ကလို မဟုတ်တော့ဘူး...]


[ဟုတ်တယ်ဆို...အရင်ကဆို တစ်ယောက်ယောက်နဲ့ CPတွဲပြီး ပရိုမိုးရှင်းဆင်းဖို့ မပြောနဲ့ အခုရသစုံရှိုးကိုပဲကြည့် အရင်တုန်းက ငါတို့နတ်ဘုရားက ဘာတစ်ခုမှ လက်မှတ်မထိုးခဲ့ဘူး...အခုတော့ကြည့်ဦး ငါတို့ နတ်ဘုရားက ရသစုံရှိုးနှစ်ခုမှာ ပါဝင်ပြီးတော့ အဲဒီနှစ်ခုစလုံးမှာ ယဲ့ဇယ်ရှစ်က ပါနေတယ်...]


[အဲဒီအကြောင်း တွေးရတာ အရမ်းကြောက်စရာကောင်းတာပဲ ပိုတွေးလေ ဟယ့်ရှစ်က အစစ်အမှန်ဆိုတာ ခံစားမိနေတယ်…]


[မဟုတ်သေးဘူး...တကယ်ကြီးလား...နတ်ဘုရားက သေချာပေါက် ချစ်သူရှိနေမယ်ဆိုတာသိပေမယ့် ဒီလောက်အစောကြီး လက်မခံနိုင်သေးဘူး ပြီးတော့ ယဲ့ဇယ်ရှစ်နဲ့ကျ...]


[ငါတို့စိတ်ပူနေသင့်တယ်လို့ မထင်ဘူး... ပြောရရင် ဘာမှအတည်ပြုထားတာ မရှိဘူးလေ... ခန့်မှန်းကြည့်ရမယ်ဆိုရင် ဒီတိုင်း 'ကျော်ကြားသော စစ်သူကြီး'အတွက် ပရိုမိုးရှင်းဆင်းတာနေမှာပေါ့...ဒီတော့ CPဆိုတာ ခဏတာပဲ... 'ကျော်ကြားသောစစ်သူကြီး' ရောင်းအားကောင်းဖို့အတွက်ပဲ...အဲဒါက ယောကျ်ားလေး × ယောင်္ကျားလေးCPမို့...]


[အပေါ်ထပ်ကသူတွေက ဝေလငါးဖန်တွေလား...အပြင်ထွက်ပြီး လိုက်မေးကြည့်လိုက်ကြဦး...ဟယ့်ကျင်းယွင်က ဘယ်တုန်းက CP နဲ့ ပရိုမိုးရှင်းလုပ်ဖူးလို့လဲ...]


ထိုမှတ်ချက်ကိုမြင်ချိန်၌ ဟယ့်ကျင်းယွင်၏ဖန်များက တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားခဲ့ကြသည်။


ဟုတ်တယ်...ဟယ့်ကျင်းယွင်က ဒီနယ်ပယ်ထဲက တခြားအနုပညာရှင်တွင်နဲ့ မတူဘူး… ငယ်ရွယ်၊ ချောမော၊ ချမ်းသာတဲ့ မင်းသားတစ်ယောက်အနေနဲ့ ဒီနယ်ပယ်ထဲမှာ သူ့နာမည်က ထိပ်ဆုံးမှာ တစ်ယောက်ထဲရပ်တည်နေတာ... သူက Box Office စတားပဲ...


ဒီအချိန်မှာ ဟိုမိုဇာတ်ကားဖြစ်နေရင်တောင် ဟယ့်ကျင်းယွင်ကို ကြည့်ဖို့ ရုပ်ရှင်ရုံထဲ အပြေးအလွှားသွားကြမယ့် ဖန်တွေ ရှိနေတုန်းပဲ...


မနှစ်က ဟယ့်ကျင်းယွင်ရဲ့ ရုပ်ရှင်လွှင့်တဲ့အချိန်တုန်းက သန်းခေါင်ရံအချိန်ပြတာတောင်မှ လူတွေ ပြည့်ကျပ်နေခဲ့တာ...


သူက Box Office အတွက် CP လုပ်မယ်တဲ့လား...


တခြားအနုပညာရှင်တွေက လုပ်ရင်လုပ်လိမ့်မယ် ဟယ့်ကျင်းယွင်ကတော့ ဒါမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး...


ထို့ကြောင့် ဝေလငါးဖန်များ အလွန်စိုးရိမ်လာခဲ့ကြသည်။


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်နှင့် မကြာခဏ ရင်းနှီးစွာဆက်ဆံတတ်ပြီး ယဲ့ဇယ်ရှစ်၏ Weibo အောက်တွင် တက်ကြွစွာ မှတ်ချက်များပေးလေ့ရှိသည်။


သူ ယဲ့ဇယ်ရှစ်ကို စိတ်ဝင်စားနေတာများလား...


ထိုသို့အတွေးများက မရေမတွက်နိုင်သော ဖန်များ၏ စိတ်ထဲပေါ်လာသော်လည်း ထုတ်မပြောဝံ့ကြချေ။


တကယ်လို့ အမှန်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ...


ဒါဆို သူတို့မှာလောင်ကုန်း ရှိတော့မှာမဟုတ်ဘူး...


အစတည်းက သူတို့လောင်ကုန်းက သူတို့ဟာမဟုတ်ပေမယ့်လို့ပေါ့...


ဒါပေမယ့် ဖန်တွေက ခွင့်မပြုဘူးလေ...


ဆူညံသောနေ့တစ်နေ့ပြီးနောက် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က တစ်ချိန်တည်း၌ hot search သို့ တက်သွားခဲ့ကြသည်။ 


"အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" အဖွဲ့က မှန်ကန်သောအချိန်ကို ရွေးချယ်ရာတွင် အလွန်ကောင်းမွန်သည်။ သူတို့က အခမဲ့ လူသိရှင်ကြား ထုတ်ဖော်ခွင့်ရသည်ကို အခွင့်ကောင်းယူပြီး တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။


တစ်ချိန်တည်းမှာပင် အင်တာနက်သုံးစွဲသူများနှင့် ပရိသတ်များကို ပုံမှန်ဧည့်သည်လေးဦးဖြစ်သည့် ယဲ့ဇယ်ရှစ်၊ ဟယ့်ကျင်းယွင်၊ ဟာသသရုပ်ဆောင်ဝေ့ပေ နှင့် နာမည်ကြီးယို့ကျားတို့အား မိတ်ဆက်ပေးခဲ့သည်။


ထိုပိုစ့်ကို Weiboပေါ်တင်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူများနှင့် ပရိသတ်များက ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။


[တကယ်အမှန်ကြီးဟ...ရှစ်ရှစ်က တကယ်အလုပ်အသစ်တွေရနေပြီ...ငါတော့ ဒီဟာကို စောင့်နေပြီပဲ...]


[ဝူးဝူးဝူးး ငါမစောင့်နိုင်တော့ဘူး...]


[နောက်ဆုံးတော့ ငါ နတ်ဘုရားရဲ့ရသစုံရှိုးအသစ်ကို စောင့်ရတော့မှာပဲ...ငါအရမ်းစိတ်လှုပ်ရှားနေပြီ အဲဒါက ဘယ်တော့လွှင့်မှာလဲ..]


[ဟယ့်ရှစ်အတွဲဖန်တွေ နှစ်သစ်မှာပျော်ရွှင်ပါစေ...]


[နှစ်သစ်ကုန်ပြီးတာနဲ့ နောက်ထပ်နှစ်သစ်ရောက်လာခဲ့တယ်...အားလုံးပဲပျော်ရွှင်စရာနှစ်သစ်ပါ...]


[ဒီလိုပျော်ရွှင်စရာနေ့လေးမှာ ငါ ကံကောင်းခြင်းတွေ ယူလာပေးပါရစေ...ငါနဲ့အတူ စက္ကူကြိုးကြာတစ်ထောင် ခေါက်ကြရအောင်...]


[နောက်ထပ် ဖဲကြိုးအနီလေးပါ ချည်ကြမယ်~]


[လူတိုင်းပဲ နေ့တိုင်း ကံကောင်းတဲ့နေ့ရက်တွေဖြစ်နိုင်ပါစေ~]


[အိုး မဟုတ်တော့ဘူး...ငါတစ်ယောက်တည်း သီချင်းတွေ ထဆိုနေပြီ...]


[ဟားဟားဟား အပေါ်ထပ်က ကျယ်မေ့တို့ ပြောတာချက်ကောင်းထိချက်ပဲ...ဒါပေမယ့် ငါတို့က တကယ်ကံကောင်းတယ်... ဒီဟယ့်ရှစ်CPဖန်လေးက အရမ်းကျေနပ်နေပါပြီဟယ်...]


[ဂုဏ်ပြုတယ်... တကယ်ဂုဏ်ပြုတယ်...]


"..."

   

မှတ်ချက်ဧရိယာကို ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ ပရိသတ်များက ချက်ချင်းနီးပါးနေရာယူခဲ့ကြပြီး မှတ်ချက်များအားလုံးက ၎င်းကိုစောင့်မျှော်နေကြောင်းဖြစ်သည်။


တစ်ချိန်တည်းမှာပင် အင်တာနက်သုံးစွဲသူအချို့က “အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း” က ဘာရှိုးလဲဟု မေးလာခဲ့ကြသည်။ 


သူတို့ ဘာလို့ အရင်ကမကြားဖူးရတာလဲ...


အဲဒါက နိုင်ငံခြားခရီးထွက်တဲ့ ရသစုံရှိုး တရုတ်ဗားရှင်းများလား...


ဤကိစ္စနှင့် ပတ်သက်ပြီး "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" ၏တရားဝင်ဘလော့ဂ်က အင်တာနက်သုံးစွဲသူများကို ရှင်းပြလာခဲ့သည်။


@《အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း》 တရားဝင်ဘလော့ဂ်- "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း"က ဒီနှစ်မှ စတားလိုက်မီဒီယာကနေ ထုတ်လုပ်မယ့်အကြီးစား အစားအသောက်ခရီးသွားရှိုးပါ...အဲဒါက တရုတ်ပြည်တွင်းက မတူညီတဲ့ဒေသတွေရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေကို ပရိသတ်တွေဆီ မိတ်ဆက်ပေးမယ့် အစီအစဉ်မျိုးပါ... ကျေးဇူးပြုပြီး စောင့်မျှော်ပေးကြပါဦး..."


ထိုရှင်းပြချက်ကိုမြင်ပြီးနောက် အင်တာနက်သုံးစွဲသူအချို့က ငြိမ်ငြိမ်မထိုင်နေနိုင်တော့ပေ။


[အစားအသောက်ခရီးသွားရှိုးလား...]


[သေစမ်း.. အစားအသောက်ဆိုတဲ့ စကားလုံးကြားတာနဲ့ ငါ လမ်းတောင်မလျှောက်နိုင်တော့ဘူး...]


[ဒါဆို ဧည့်သည်တွေက အတူစုပြီးတော့ အစားအသောက်ကောင်းတွေ စားကြမှာလား...အဲဒါက ငါ့ကို ညလယ်ခေါင်ကြီး လူတစ်ယောက်ယောက်ကို ရိုက်ပစ်ချင်စိတ်ပေါက်စေတယ်...]


(T/N ညလယ်ကြီး လူတွေအစာစားတာကို ကြည့်ရတာက ကြည့်ရှူသူတွေကို နာကျင်စေလို့ ဒေါသဖြေဖို့ တစ်ယောက်ယောက်ရိုက်ဖို့ လိုတယ်လို့ ပြောတာပါ)


[ငါတော့ ဒါကို စောင့်မျှော်နေပြီ သူတို့ ဘယ်ကိုအရင်ဆုံးသွားကြမှာလဲ...]


ယဲ့ဇယ်ရှစ်လည်း သိချင်နေခဲ့သည်။ မကြာမီမှာပင် ပထမဆုံးနေရာက စန်းယာဖြစ်ကြောင်း သူသိခဲ့ရသည်။


×××××


မျက်စိတစ်မှိတ်အတွင်း တစ်ပတ်တာ ကုန်ဆုံးသွားခဲ့ပြီး ကောင်းရှူက လေယာဉ်လက်မှတ်ကို ကြိုတင်ဘိုကင်လုပ်ခဲ့သည်။ ကောင်းရှူက ခရီးမထွက်ခွာမီတစ်ရက်အလို၌ ယဲ့ဇယ်ရှစ်၏ ခရီးဆောင်အိတ်များအား ကူညီထုတ်ပိုးပေးရန် သူ့အိမ်သို့ ကိုယ်တိုင်ကိုယ်ကျသွားခဲ့သည်။ ယဲ့ဇယ်ရှစ်အတွက် ပထမပိုင်းရိုက်ကူးမည့် အချိန်ဇယားကိုလည်း ယူဆောင်လာခဲ့သည်။


ရိုက်ကူးရေးက သန်ဘက်ခါ၌ တရားဝင်စတင်မည်ဖြစ်သော်လည်း မနက်ဖြန်ကစပြီး ရှိုးစတင်ရိုက်ကူးရန် ကင်မရာသမားများနှင့် ပရိုဂရမ်အဖွဲ့က လာကြလိမ့်မည်ဖြစ်သည်။


ကောင်းရှူက ယဲ့ဇယ်ရှစ်၏ အမြင်ကို မေးချင်ခဲ့သည်။ ပရိုဂရမ်အဖွဲ့က ရှိုးကို ထုတ်လွှင့်ချိန်၌ အရေးကြီးသော လိပ်စာအချက်အလက်များကို သေချာပေါက် တည်းဖြတ်လိမ့်မည် ဖြစ်သော်လည်း ယဲ့ဇယ်ရှစ်၏ လက်ရှိနေထိုင်ရာလိပ်စာကို ရှာတွေ့နိုင်မည့် မျက်လုံးစူးရှသော ကြည့်ရှူသူများရှိလာမည်ကို စိုးရိမ်မိသည်။


ကောင်းရှူ၏အမြင်အရ မလိုလားအပ်သော အန္တရာယ်များကို ရှောင်ခြင်းက အကောင်းဆုံးဖြစ်သည်။ 


ယဲ့ဇယ်ရှစ်က မေးလိုက်၏။ 

"တခြားလူတွေရော...သူတို့အိမ်ကနေ ထွက်ကြမှာလား..."


ကောင်းရှူက ခေါင်းညိတ်ပြပြီးနောက် ခေတ္တရပ်ကာ ပြောလိုက်သည်။ 

"ဟယ့်လောင်ရှီးကတော့ ဟိုတယ်ကနေ စထွက်မှာ...သူက အခုမြို့တော်မှာမရှိဘူးလို့ကြားတယ်..." 


ယဲ့ဇယ်ရှစ်က ၎င်းကို ခဏခန့်စဉ်းစားပြီးနောက် ပြောလိုက်၏။ 

"အဆင်ပြေတယ်... ဝန်ထမ်းတွေကို ဆက်သွယ်ပြီး မနက်ဖြန်လာဖို့ ပြောလို့ရတယ်..."


ရေကန်ဘေးရှိဗီလာ၏ လုံခြုံရေးက အလွန်ကောင်းမွန်သည်။ ဖန်အချို့က သူ့လိပ်စာကို သိသွားလျှင်ပင် စိုးရိမ်စရာမရှိချေ။


ယဲ့ဇယ်ရှစ်က ထိုသို့ပြောလာသောကြောင့် ထုံးစံအတိုင်း ကောင်းရှူလည်း မငြင်းခဲ့ချေ။


နောက်တစ်နေ့မနက်စောစောတွင် ပရိုဂရမ်အဖွဲ့နှင့် ကောင်းရှူတို့က ယဲ့ဇယ်ရှစ်၏ အိမ်‌ရှေ့သို့ ရောက်လာခဲ့ကြသည်။ 

   

တံခါးက အထဲမှဆွဲဖွင့်ခံလိုက်ရပြီးနောက် ယဲ့ဇယ်ရှစ်၏ ခေါင်းလေးက ထွက်လာခဲ့သည်။ 


နံနက်ခင်းနေရောင်ခြည်က ယဲ့ဇယ်ရှစ်၏ မျက်နှာပေါ် ကျရောက်နေပြီး သူ့အသားအရေကို ကြည်လင်တောက်ပစေကာ နူးညံ့ဟန်ရှိနေစေခဲ့သည်။ လူငယ်လေးက ရိုးရှင်းသော အိမ်နေရင်းအဝတ်အစားကို ၀တ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်များက နူးညံ့ဟန်ရှိသည်။ လူတိုင်းကိုမြင်ရချိန်တွင် ယဲ့ဇယ်ရှစ်၏ လှပသော မက်မွန်ပွင့်မျက်လုံးများက ကွေးတက်သွားပြီး ချစ်စရာအပြုံးတစ်ခုပေါ်လာခဲ့သည်။ 

"မင်္ဂလာနံနက်ခင်းပါ...မနက်စာစားပြီးသွားကြပြီလား...အိမ်အကူအန်တီကြီးက မနက်စာပြင်နေတယ်...တစ်ခါတည်းဝင်စားသွားကြရင်ရော ဘယ်လိုလဲ..."


ဝန်ထမ်းများက ခဏခန့်ကြောင်အသွားကြသည်။ 


ငါတို့ အခုကြားလိုက်တာက မှန်ရဲ့လား...


ဝန်ထမ်းများက ယဲ့ဇယ်ရှစ်နှင့်အတူ အိမ်ထဲသို့ဝင်ပြီး မနက်စာစားရန် ထမင်းစားပွဲ၌ ထိုင်ပြီးမှသာ အသိပြန်ဝင်လာခဲ့ကြသည်။ 


ငါတို့ တကယ်ကြီး ယဲ့ဇယ်ရှစ်အိမ်မှာ မနက်စာစားဖို့ ထိုင်နေတာပဲ...


ဝန်ထမ်းများက ဤနေရာသို့ မလာမီ အနည်းငယ် စိုးရိမ်ပူပန်စိတ်ရှိခဲ့ကြသည်။ 


အမှန်တွင် ၎င်းက အိမ်တိုင်ရာရောက်လုပ်ရသော ရိုက်ကူးရေးဖြစ်သည်။ သူတို့ ယခင်က အနုပညာရှင်အချို့ထံမှ ကန်ထုတ်ခံရသည်ကို ကြုံဖူးကြပြီး သူတို့ဘက်က ဒေါသမထွက်နိုင်သောကြောင့် ဒေါသများကို စိတ်ထဲ၌သိမ်းထားရုံသာတတ်နိုင်ခဲ့သည်။ 


နောက်ဆုံး၌ အနုပညာရှင် မိတ်ကပ်လိမ်းပြီးသည်ကိုစောင့်ပြီး ယခုမှ ထိုနေရာသို့ ပထမဆုံးအကြိမ်ရောက်လာသကဲ့သို့ ဟန်ဆောင်ခဲ့ကြရသည်။


ကောင်းရှူက ဘေးနားရှိ ယဲ့ဇယ်ရှစ်ကို အစီအစဉ်များအကြောင်းတိုးတိုးလေးပြောခဲ့သည်။


ဝန်ထမ်းများက ပဲနို့တစ်ငုံသောက်ရင်း သူတို့၏ စိတ်ထဲထိရှသွားခဲ့ကြသည်။ အခြားသူများပြောသကဲ့သို့ ယဲ့ဇယ်ရှစ်က မကောင်းသော အမူအကျင့်မရှိသည်မှာ သေချာပေသည်။ 

                                                                                                                                                                                                                                                 á€’á€Žá€œá€­á€Żá€Ąá€”á€Żá€•á€Šá€Źá€›á€žá€„á€şá€™á€ťá€­á€Żá€¸á€€ သေချာပေါက် နာမည်ကြီးလာမှာ...


ထိုအဖြစ်အပျက်အားလုံးကို တစ်ဖက်ရှိကင်မရာသမားများက တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့ကြသည်။


လူတိုင်းက နံနက်စာစားပြီးနောက် လေဆိပ်သို့ သွားခဲ့ကြသည်။



🎶🎶🎶