Chapter 73
Viewers 21k

🫶Chapter 73



နျန်ယွီယီသည် အပြင်ဘက်ရှိနေကိုကြည့်၍ မနေနိုင်ဘဲ ပြောလိုက်သည်။ 


“မနက်ပိုင်းတွေက အင်အားတွေအထွတ်အထိပ်‌ရောက်နေတဲ့အချိန်ပဲနော် ဟုတ်တယ်မလား”


****


နျန်ယွီယီသည် ဆိုဖာပေါ်တွင်ထိုင်၍ ရုပ်ရှင်ကျန်တစ်ဝက်ကို အေးအေးလူလူကြည့်နေသည်။ 


နျန်ယွီယီ၏ဗိုက်ကြွက်သားအားထိတွေ့မှုအပေါ် သာယာမိခြင်းကြောင့် ဖန်ကျုံးချွမ်းကတော့ ယခု ရေ‌အေးချိုးနေရပြီဖြစ်သည်။ 


အရှေ့တံခါးကပွင့်လာပြီးနောက် တူညီ‌သောအသံဖြင့် ပြန်ပိတ်သွား၏။


နျန်ယွီယီမော့ကြည့်လိုက်ရာ မနေ့ကဝတ်စုံများနှင့်သာရှိ‌သေးပြီး သူ့ဆီသို့ အလျင်အမြန်လာနေသည့် လင်းချီကျင့်ကို တွေ့လိုက်ရသည်။ 


“ဝမ်းကွဲညီလေး...အဆင်ပြေရဲ့လား” လင်းချီကျင့်သည် ခြေလှမ်းအနည်းငယ်နှင့်တင် ရောက်လာ၏။ “ကြည့်ရအောင်”


နျန်ယွီယီသည် သူ၏အနာအား လူများစွာကို ပြသခဲ့ပြီးဖြစ်သောကြောင့် နေသားကျသွားပြီဖြစ်သည်။ 


လင်းချီကျင့်သေချာကြည့်လိုက်၏။ အနာတစ်ဝိုက်မှ ရောင်ကိုင်းနေခြင်းများမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ပြီး သေချာကြည့်မှသာမြင်နိုင်သည့် အနီစက်လေးနှစ်စက်သာ ကျန်တော့သည်။ 


“ငါလည်း ရိုက်ကွင်းမှာရှိနေခဲ့တာကို ဘယ်သူမှမပြောခဲ့ကြဘူး” လင်းကျီချင့် သူ၏စိတ်ညစ်ညူးခြင်းများကို ထုတ်ဖော်ပြောလိုက်သည်။ “မင်းရဲ့ဒုတိယအစ်ကိုက ငါ့ကို သူ့ဝမ်းကွဲလို့ လုံးဝမတွေးဘူးပဲ”


လင်းချီကျင့်နှင့်ရှဲ့ယီကျိုးတို့က တစ်နှစ်တည်းတွင်မွေးခဲ့ကြသော်လည်း လင်းချီကျင့်က တစ်လပိုကြီးကာ ရှဲ့ယီကျိုးအား အလိုအလျောက်အငယ်ဖြစ်သွားစေသည်။ 


နျန်ယွီယီ ပခုံးတွန့်လိုက်သည်။ “ကျွန်တော်ပြီးရင်အိမ်ကိုသွားမှာ...ဝမ်းကွဲအစ်ကို လိုက်ခဲ့ချင်လား”


လင်းချီကျင့်တွန့်ဆုတ်သွားသည်။ “ဒါပေမယ့် ငါက နိုင်ငံကိုခိုးပြန်လာတာ...ငါ့မိဘတွေအခုထိမသိသေးဘူး”


“အစ်ကိုပြန်ရောက်နေမှန်း ကျွန်တော့်အမေနဲ့အဖေသိရင် ဦးလေးနဲ့အန်တီလည်း သိနေရောပေါ့” နျန်ယွီယီသည် လင်းချီကျင့်၏နိုင်ငံခြားမှပြန်လာသည့်အကြောင်း လင်းရီယွဲ့ပြောနေသည်ကို သတိရလိုက်သည်။ 


“အာ...” လင်းချီကျင့် သည်လောက်မြန်မြန်ကြီးပေါ်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ “နိုင်ငံခြားကို အပတ်တိုင်း ဗီဒီယိုကောလ်ခေါ်ခဲ့တဲ့ ငါ့အမေက ငါပြန်ရောက်လာတော့ ရုတ်တရက်ကြီးဘာလို့ရပ်လိုက်တာလဲလို့ သိချင်နေခဲ့တာ” 


ဆိုဖာပေါ်တွင်ထိုင်၍ လင်းချီကျင့်တိတ်ဆိတ်သွားကာ မျက်နှာအမူအရာများမှာလည်း တွေဝေမှုများ ပြည့်လာသည်။ 


“အပေါ်ထပ်မှာ တစ်ယောက်ယောက်အသံကြားတယ်” လင်းချီကျင့်က တိုးတိုးပြောလိုက်သောကြောင့် နျန်ယွီယီသည် သူ့နှုတ်ခမ်းများကိုသာဖတ်၍သာ နားလည်လိုက်ရသည်။ 


“အိမ်မှာ အိမ်အကူရှိနေတာလား” 


“......” နျန်ယွီယီသည် ရှဲ့ယီကျိုးက လင်းချီကျင့်အား ‘ဝမ်းကွဲ’ အဖြစ် သတ်မှတ်ရန်ငြင်းဆိုနိုင်သည့် အကြောင်းပြချက်များကို အသည်းအသန်စဥ်းစားလိုက်သည်။ 


သို့သော် နုံအနေခြင်းကြောင့်......။


“သောက်ကျိုးနည်း...သူခိုးကအောက်ထပ်ကိုဆင်းလာနေတာလား” လင်းချီကျင့်၏မျက်လုံးများ ပြူးကျယ်သွားကာ လှေကားကိုလှည့်ကြည့်လိုက်သည်။ “နေပါဦး...ဖန်ကျုံးချွမ်းက ဘာလို့သည်ကိုရောက်နေတာလဲ”


လင်းမိသားစုသည် ရှဲ့မိသားစုနှင့်ဖန်မိသားစုတို့ထက် စီးပွားရေးအသိုင်းအဝိုင်းတွင် အနည်းငယ်လေးသာ လွှမ်းမိုးမှုနည်းသော်လည်း ဖန်ကျုံးချွမ်းအား ပွဲများစွာတွင် သူတွေ့ဖူးသည်။ 


“သူက အစ်ကိုရဲ့ဝမ်းကွဲယောက်ဖလေ” နျန်ယွီယီက လှည့်မကြည့်ဘဲ ရှင်းပြလိုက်သည်။ 


“သောက်ကျိုးနည်း...မင်းဘာပြောလိုက်တယ်” လင်းချီကျင့် သူ့နားရွက်ကိုထိလိုက်ကာ မှားကြားမိသလား တွေးလိုက်၏။ 


နျန်ယွီယီ ထပ်ပြောမလာချေ။ 


ဖန်ကျုံးချွမ်းသည် လှေကားပေါ်မှ ‌‌ဖြေးဖြေးမှန်မှန်ဆင်းလာကာ ဧည့်ခန်းထဲရှိလူအပိုတစ်ယောက်အား ကြည့်လာသည်။ 


“...” လင်းချီကျင့် ဖော်ပြမရနိုင်သည့် စိုးရိမ်စိတ်များ ကြီးထွားလာခဲ့သည်။ 


ထို့နောက် ဖန်ကျုံးချွမ်းသည် နျန်ယွီယီအနားသို့တိုးလာပြီး သူ့နားထဲသို့ ညင်သာစွာဖြင့် တစ်ခုခုတီးတိုးပြောလိုက်သည်ကို ကြည့်နေလိုက်သည်။ “ကိုယ်ပြီးရင် မင်းကိုရှဲ့အိမ်ကို ဝင်ပို့ပေးမယ်”


“ကျွန်တော့်ဘာသာပဲမောင်းသွားလိုက်ပါ့မယ်...အစ်ကိုကတော့ အနားပိုယူသင့်တယ်” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏ လတ်တလောအိပ်ချိန်များကို စိုးရိမ်နေမိသည်။ “ညစာစားပြီးရင် ကျွန်တော် ချင်အန်းကိုပြန်ခဲ့မယ်” 


“ကောင်းပြီ” သူက မြတ်နိုးစွာဖြင့် နျန်ယွီယီ၏ဆံပင်‌ကိုဖွလိုက်သည်။ ရိုက်ကွင်းတွင် ဆံပင်အတုဝတ်ရသောကြောင့် မိတ်ကပ်ပြင်ဆရာက သူ၏ဆံပင်ကိုညှပ်မပစ်ရန် အကြံပေးထားသောကြောင့် ယခုတွင် ဆံပင်က သူမျက်လုံးများကိုပင် ကွယ်နေပြီဖြစ်သည်။ 


အိမ်တွင် နျန်ယွီယီက သူ့အ‌ရှေ့ဆံပင်ကို တစ်ခါသုံးခေါင်းစည်းကွင်းဖြင့် စည်းထားတတ်သည်။ ရှဲ့ယီကျိုးက သူ၏ထိုဆံပင်လေးအား ဆွဲရသည်ကိုကြိုက်နှစ်သက်သည်။ 


ဖန်ကျုံးချွမ်း ဖွသွားပြီးနောက် နျန်ယွီယီ၏ဆံပင်အရှည်များမှာ ပို၍ရှုပ်ပွသွားရာ သူထံမှ စူပုတ်နေသည့် အသံလေးထွက်လာ၏။


သူပြန်ရလိုက်သည်က ဖန်ကျုံးချွမ်းထံမှ နူးညံ့သည့်ရယ်သံများသာ...။


စိတ်ညစ်ညူးလျက် နျန်ယွီယီသည် အခန်းထဲသို့ ဝင်သွားပြီး ဆံပင်ရှည်များကိုစည်း၍ ဦးထုပ်‌ဆောင်းလိုက်သည်။ 


ထွက်မသွားခင်တွင် နျန်ယွီယီ ဖန်ကျုံးချွမ်းကို လက်ဝှေ့ယမ်းပြလိုက်၏။ “ကောင်းကောင်းအိပ်...ကျွန်တော် ဒီညပြန်လာမှာ”


......


နေ့လည်စာစားပြီးနောက် နျန်ယွီယီသည် လင်းချီကျင့်အား ရှဲ့မိသားစုအိမ်သို့ လိုက်ပို့သည်။


နျန်ယွီယီ ကားရပ်လိုက်သည်နှင့် လင်းရီယွဲ့က မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် အလျင်အမြန်ရောက်လာကာ ကားတံခါးကို အပြင်မှဖွင့်လိုက်သည်။ “နျန်နျန်...ဘယ်နေရာအကိုက်ခံလိုက်ရတာလဲ ကြည့်ရအောင်...ရိုက်ကွင်းမှာ ပိုးမွှားသတ်ဆေးတွေမရှိဘူးလား”


နျန်ယွီယီသည် ခြေထောက်အား လင်းရီယွဲ့ဆီသို့ အလိုအလျောက်ဆန့်‌ပေးလိုက်ကာ နောက်ဆုံးတွင် ကားထဲမှ ထွက်လာလိုက်သည်။ 


“ကျွန်တော့်ရဲ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ရော”


“သူတို့ မင်းအဖေရဲ့စာကြည့်ခန်းထဲမှာ ကိစ္စလေးတွေဆွေးနွေးနေကြတယ်” လင်းရီယွဲ့ စိုးရိမ်တကြီးဖြင့် ပြောလာ၏။ “အမေ မင်းအတွက် အိမ်အကူကို စွပ်ပြုတ်ပြုတ်ခိုင်းထားတယ်...ပြီးရင်သောက်လိုက်နော်”


နျန်ယွီယီ အိမ်ထဲသို့ ဝင်လိုက်သောအခါ ရှဲ့လို့နှင့်အခြားသူများလည်း ‌‌အောက်သို့ ဆင်းလာကြသည်။ 


“အချိန်ကိုက်ပဲ...နျန်နျန်...အဖေ မင်းနဲ့ဆွေးနွေးချင်တာရှိတယ်” ရှဲ့လို့ပြောလာသည်။ 


အေဖိုးစာရွက်တစ်ရွက်ကိုကိုင်ထားသောကြောင့် ရှဲ့လို့အနားသို့ တိုးလာသောအခါ နျန်ယွီယီ “လွှဲပြောင်းခြင်း” ဆိုသည့် စကားလုံးကိုတွေ့လိုက်သည်။ 


“သည်မှာ...ဒါကိုကြည့်ကြည့်” ရှဲ့လို့ နျန်ယွီယီအား စာဖိုင်ကိုလှမ်းပေးလိုက်သည်။ 


သိချင်စိတ်များဖြင့် နျန်ယွီယီသည် စာရွက်ကိုကြည့်လိုက်ရာ ချက်ချင်းတောင့်ခဲသွားရသည်။ 


စာဖိုင်ထဲတွင် ရှဲ့မိသားစု၏ ရှယ်ယာ ဆယ်ရာခိုင်နှုန်းကို အခြားပိုင်ဆိုင်မှုများစွာနှင့်အတူ နျန်ယွီယီ၏နာမည်အောက်သို့ လွှဲပြောင်းထားသည့်စာဖိုင်ဖြစ်သည်။ 


“အဖေ...ဒါသိပ်မဟုတ်သလိုပဲ” ဖတ်ပြီးနောက် နျန်ယွီယီသည် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ 


“ဘာမှမမှားဘူး...မင်းအစ်ကိုတွေကိုလည်း အရွယ်ရောက်လာတုန်းက ရှယ်ယာဆယ်ရာခိုင်နှုန်းစီ ပေးခဲ့ပြီးသား” ရှဲ့လို့သည် နွေးထွေးသည့်အပြုံးလေးနှင့် ပြောလိုက်ကာ သူ့၏ချစ်ခြင်းမေတ္တာများမှာ ပေါ်လွင်နေသည်။


 â€œá€žá€Šá€şá€•ိုင်ဆိုင်မသုတွ္က မင်းရဲ့ဦးလေးတွေနဲ့ တခြားဆွေမျိုးတွေက မင်းကိုလက်ဆောင်ပေးထားတာ...သူတို့က မင်းအမေနာမည်အောက်မှာရှိနေခဲ့တာ...အခုတော့ ပိုင်ရှင်အမှန်ဆီရောက်သွားတာပေါ့”


စာဖိုင်၏ထောင့်မှာ နျန်ယွီယီ၏ ဆုပ်ကိုင်ထားမှုကြောင့် တွန့်ကြေနေပြီဖြစ်သည်။ 


ရှဲ့ယီကျိုးက ရှဲ့လို့အနောက်မှထွက်လာ၍ နျန်ယွီယီအားဖက်ကာ တိတ်တဆိတ်အားပေးလိုက်သည်။ 


လင်းရီယွဲ့က မီးဖိုခန်းမှ ခြေတစ်လှမ်းနောက်ကျ၍ ထွက်လာကာ အခြေအနေကိုကြည့်၍ အနည်းငယ်အံ့ဩသွားသည်။ 


“ဘာတွေဆွေးနွေးနေကြတာလဲ” လင်းရီယွဲ့ ချဥ်းကပ်လာလိုက်သည်။ 


“ရှယ်ယာတွေအကြောင်းပါ” ရှဲ့လို့က သူ့မိန်းမကို ရှင်းပြလိုက်သည်။ 


“အိုး...အဲ့ဒါလား” ရှဲ့လို့သည် ရှယ်ယာများအကြောင်း စောစောကလင်းရီယွဲ့ကို ပြောပြခဲ့သည်။ “ရှဲ့မိသားစုမှာ လက်ရှိမိသားစုခေါင်းဆောင်က အရွယ်ရောက်လာတဲ့သူတွေကို ရှယ်ယာခွဲဝေပေးတာက လုပ်ရိုးလုပ်စဥ်တစ်ခုပဲ”


“မိသားစုခေါင်းဆောင်ဆိုတဲ့ အခေါ်အဝေါ်က အခုနည်းနည်းလေးခေတ်နောက်ကျနေပေမယ့် ရိုးရာကရှိနေတုန်းပဲလေ...နျန်နျန်...အမေတို့ရဲ့အခြေအနေကြောင့် မင်းနဲ့နှစ်အချို့ဝေးခဲ့ရတယ်...ဒါပေမယ့် အခုမင်းပြန်ရောက်လာပြီဆိုတော့ မင်းရဲ့ရှယ်ယာတွေကို ရယူဖို့အချိန်ပဲလေ”


ရုတ်တရက် နျန်ယွီယီ၏လက်ထဲမှ စာရွက်ပါးပါးလေးများမှာ မယုံနိုင်အောင်လေးလံလာခဲ့သည်။ ၎င်းက ငြင်းဆန်ရန်အခိုက်အတန့်မဟုတ်ကြောင်း သိသောကြောင့် ရှဲ့လို့နှင့်လင်းရီယွဲ့တို့၏ မျှော်လင့်နေသည့် အကြည့်များအောက်တွင် ခေါင်းညိတ်လိုက်သည်။


“ကောင်းပြီ...နျန်နျန်...အချိန်ကျလာခဲ့အခါ အိမ်ကိုပြန်လာပြီး ရှေ့နေခေါ်လာခဲ့...လွှဲပြောင်းတာကို အတည်ပြုကြတာပေါ့” လင်းရီယွဲ့ နွေးထွေးသည့်အပြုံး‌လေးနှင့် ပြောလိုက်သည်။ 


နျန်ယွီယီသည် သူမမျက်လုံးထောင့်မှ အရေးအကြောင်းများတွန့်နေသည်ကို သတိထားမိလိုက်သည်။ 


စာချုပ်ကိစ္စအဆင်ပြေသွားသောအခါ ယခုက လင်းချီကျင့်အံ့ဩရမည့်အချိန်ဖြစ်သည်။ 


လင်းချီကျင့်၏ စိတ်ဓာတ်ကျနေသောအပြုအမူကိုမြင်သောအခါ လင်းရီယွဲ့ အပြစ်တင်ရန် ရည်ရွယ်ထားသည်များမှာ ညင်သာသည့်သက်ပြင်းချသံများအဖြစ် ပြောင်းလဲသွားရ၏။


“မင်းအမေက အိမ်မှာမင်းကိုစောင့်နေတယ်” လင်းရီယွဲ့ တီးတိုးပြောလိုက်သည်။ “အဆင်သင့်ဖြစ်တဲ့အချိန်ကျ သွားတွေ့လိုက်...မင်းဝတ္ထုရေးတာကို သူတို့မကန့်ကွက်ဘူးလေ”


“အမေက အဆင်ပြေပေမယ့် အဖေကအဆင်မပြေဘူး” လင်းချီကျင့်တိတ်တဆိတ်နှင့် ပြန်လည်ချေပလိုက်သည်။ “အန်တီနဲ့အဖေက မောင်နှမအရင်းတွေဖြစ်ပြီး ဘာလို့သည်လောက်တောင် အပြုအမူတွေ မတူရတာလဲ” 


လင်းရီယွဲ့ရယ်လိုက်သည်။ သူမက အစတွင် သူမ၏အစ်ကိုကိုကာကွယ်ပေးချင်သော်လည်း သူ၏စိတ်ဆတ်သည့် သဘာဝကြောင့် သူမ၏စကားလုံးများကို ပြန်မျိုချလိုက်သည်။ 


“မင်းမိဘတွေကိုငါခေါ်လိုက်မယ်....သည်မှာ ညစာလာစားရင်ရော?”


လင်းချီကျင့်၏တွန့်ဆုတ်နေမှုကြောင့် လင်းရီယွဲ့ ဆက်ပြောလိုက်သည်။ 


“စိတ်မပူပါနဲ့...သူမင်းကိုဆူရဲရင် အန်တီမင်းအနောက်မှာရှိတယ်” 


လင်းမိသားစု၏ လက်ရှိခေါင်းဆောင်က သူ့အစ်မဖြစ်သည့် လင်းရီယွဲ့နှင့်ဇနီးကိုတော့ သတိကောင်းကောင်းထားသည်။


လင်းချီကျင့် လျင်မြန်စွာတွက်ချက်လိုက်သည်။ သူ့အမေနှင့်အဒေါ်တို့ နှစ်ယောက်လုံးက သူ့ဘက်တွင် ရှိနေကြ၏။


သူ့အဖေကို ထပ်ကြောက်နေစရာမလိုတော့ဘူး...။


ပျော်ရွှင်စွာနှင့် လင်းချီကျင့်သည် နျန်ယွီယီကိုရှာရန် အပေါ်ထပ်သို့ဦးတည်လိုက်သည်။


အပေါ်ထပ်တွင် နျန်ယွီယီသည် ရှဲ့ယီကျိုး၊ ရှဲ့ယီနန်တို့နှင့် ဂိမ်းကစားနေ၏။


ဂိမ်းကစားသည့်အခန်းက နျန်ယွီယီအတွက် ရှဲ့လို့နှင့်လင်းရီယွဲ့တို့ လက်ဆောင်ဖြစ်သည်။ နှစ်စဥ် နောက်ဆုံးပေါ် နည်းပညာများဖြင့် အဆင့်မြင့်ထားသောကြောင့် နျန်ယွီယီတစ်နေ့ပြန်လာပြီး ပျော်ပါးလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ပြင်ဆင်ထားခဲ့ကြသည်။ 


နျန်ယွီယီသည် သုံးဖက်မြင်အာရုံခံစက်ကို ဝတ်ဆင်ထားကာ ရှဲ့ယီကျိုးနှင့်အသင်းဖွဲ့၍ ဇွန်ဘီများကို တိုက်ခိုက်နေ၏။


“ဘယ်ဘက်ကို...ဘယ်ဘက်ကို...အား...အစ်ကို သတိထား”


သွားကြားထဲတွင် ဆီးသီးခြောက်ကိုက်ထားရင်း ရှဲ့ယီကျိုး၏လက်ချောင်းများမှာ ဂိမ်းခလုတ်ပေါ်တွင် ပြေးလွှားနေသည်။ ဖန်သားပြင်ပေါ်တွင် သူ၏ဇာတ်ကောင်က နျန်ယွီယီ၏ဘယ်ဘက်မှ ထွက်လာ၍ ဇွန်ဘီတစ်ကောင်ကို သတ်လိုက်လေသည်။ 


ပွဲအဆုံးသတ်တွင် နျန်ယွီယီက ချွေးများရွှဲနေပေပြီ။ 


ထိုပွဲပြီးသွားပြီး သိပ်မကြာခင်တွင် လင်းချီကျင့်ရောက်လာကာ နျန်ယွီယီအား စားပွဲတွင် ပင်ပန်းနွမ်းနယ်လျက် မှောက်နေသည်ကို တွေ့လိုက်ရသည်။ 


“ကျွန်တော့်အမေဘာပြောလဲ” လင်းချီကျင့်၏ပျော်ရွှင်နေသည့် မျက်နှာကိုမြင်သောအခါ နျန်ယွီယီသိချင်စိတ်ဖြင့် မေးလိုက်သည်။ 


“အန်တီက ငါ့မိဘတွေကို နောက်ကျရင် ညစာစားဖို့ဖိတ်မယ်တဲ့...” လင်းချီကျင့်ပြုံးလိုက်သည်။ “ငါ့ဘက်မှာ အမေရော အန်တီရောနှစ်ယောက်လုံးရှိတယ်...အဖေ ငါ့ကိုဆူရင်တောင် သူတို့ရဲ့အကြည့်စူးစူးနဲ့ အရင်ရင်ဆိုင်ရလိမ့်မယ်” 


နျန်ယွီယီ မှင်သက်သွား၏။ “အစ်ကို့မိဘတွေလာမှာလား”


“”ငါ့ဦးလေးရော၊ အန်တီရောလေ” စကားဝိုင်းကို နားစွန်းနားဖျားကြားလိုက်သည့် ရှဲ့ယီကျိုးက ဂိမ်းနားကြပ်များကိုဖြုတ်လိုက်သည်။ “နျန်နျန် သူတို့ကိုမတွေ့ဖူးသေးဘူး”  


“အဖေက သေချာပေါက်လက်ဆောင်တွေယူလာလိမ့်မယ်” လင်းချီကျင့်လက်အချင်းချင်း ပွတ်လိုက်သည်။ “အချိန်ကျလာရင် နျန်နျန်…တွန့်ဆုတ်မနေဘဲ သည်အတိုင်းလက်ခံလိုက်”


နေ့လည်ခင်းသို့ရောက်လာသောအခါ အောက်ထပ်တွင် ဆူညံသံများပဲ့တင်ထပ်လာ၏။


“ငါ့အဖေပဲဖြစ်လိမ့်မယ်” လင်းချီကျင့် ပြတင်းပေါက်မှချောင်းကြည့်လိုက်သည်။ “ခဏစောင့်ကြရအောင်…ငါ့အဒေါ်အရင်ကိုင်တွယ်ပါစေ”


လင်းချီကျင့်၏မိဘများရောက်လာမည်ကိုသိလိုက်ရသည့်အချိန်မှစ၍ နျန်ယွီယီ ရတက်မအေးဖြစ်လာကာ ဂိမ်းထဲတွင် စိတ်ဝင်စားမှုလျော့နည်းလာတော့သည်။ 


ယခု အောက်ထပ်မှအသံများကိုကြားသောအခါ ပို၍စိတ်လှုပ်ရှားလာပြီး သူတို့အောက်ထပ်သို့ ဆင်းသင့်လားဟု ရှဲ့ယီကျိုးကိုမေးလိုက်သည်။ 


“ခဏနေရင်…အတူသွားကြတာပေါ့” ရှဲ့ယီကျိုးက ဂိမ်းခလုတ်ကိုချလိုက်ကာ မတ်တပ်ရပ်၍ နျန်ယွီယီ၏ဆံပင်များကို ဖွလိုက်သည်။ “သွားရအောင်”


“မင်းတို့နှစ်ယောက်လုံးဆင်းရင် ငါလည်းဆင်းသင့်တာပေါ့” လင်းချီကျင့်ခေါင်းကုတ်လိုက်၏။


သုံးယောက်သားအောက်ထပ်သို့ ဆင်းလာကာ နျန်ယွီယီသည် သက်လတ်ပိုင်းစုံတွဲတစ်တွဲက အဝင်ဝတွင် ရှဲ့လို့၊ လင်းရီယွဲ့တို့ဖြင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ 


အမျိုးသားက ဂုဏ်သရေရှိကိုယ်ရောင်ကိုယ်ဝါများတောက်ပနေကာ လင်းရီယွဲ့နှင့်အနည်းငယ်ဆင်ပြီး တောင်ပိုင်းအလှတရားများကို လွှင့်ထုတ်နေကာ ဆံပင်တိုတိုအမျိုးသမီးတစ်ယောက်နှင့် အတူရပ်နေသည်။ 


သို့သော်လည်း……။


“ဒါက ငါ့တူလေးဖြစ်မယ်” ထိုလူ၏ မထင်မှတ်ထားသည့် ကြမ်းတမ်းသောအသံက နျန်ယွီယီကို လန့်သွားစေသည်။ 


ရှဲ့ယီကျိုးနှင့်ထိုဦးလေးတို့ကိုကြည့်၍ နျန်ယွီယီသည် ထိုလူ၏အသွင်အပြင်နှင့်အသံ ကွဲပြားနေသည်ကို ဆက်စပ်နိုင်ရန် ရုန်းကန်လိုက်ရသည်။ 


နျန်ယွီယီနှင့် လက်ချင်းကိုက်ထားသည့် ရှဲ့ယီကျိုးက အိမ်ပေါက်ဝသို့ ချဥ်းကပ်လာသည်။ 


“မင်္ဂလာပါ…ဦးလေး” နျန်ယွီယီသည် တီးတိုးဆိုရုံထက် သိပ်မကျယ်သည့်အသံဖြင့် နှုတ်ဆက်လိုက်သည်။ 


“အာ…မင်္ဂလာပါ” လင်းရှို့ယွမ်၏မျက်နှာတွင် အပြုံးလေးဖြစ်ပေါ်လာကာ သူ၏ပညာရှိပုံစံအသွင်အပြင်မှာ‌ ပျောက်ကွယ်သွားသည်။ “သည်မှာ…ငါတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှု စာအိတ်နီ”


နီရဲနေသည့် စာအိတ်ကိုအိတ်ထဲမှထုတ်၍ လင်းရှို့ယွမ်သည် ပျော်ရွှင်စွာဖြင့် နျန်ယွီယီ၏လက်ထဲသို့ ထည့်ပေးလာသည်။ “ယူလိုက်”


မျက်တောင်တဖျက်ဖျက်ခတ်ရင်း နျန်ယွီယီသည် သူ့လက်ထဲတွင် စာအိတ်နီကိုင်ထားသည်ကို တွေ့လိုက်ရသည်။ 


တစ်နည်းနည်းဖြင့် သူငယ်စဥ်က မိဘမဲ့ဂေဟာ၏ဝင်ပေါက်တွင် သက်ကြီးရွယ်အိုအမျိုးသား၊ အမျိုးသမီးများက သူ့အား သကြားလုံးများပေးသည့်မြင်ကွင်းကို ထူးထူးခြားခြားသတိရလာခဲ့သည်။ 


ထို့နောက် နျန်ယွီယီ၏အနောက်တွင် လင်းချီကျင့်ရပ်နေသည်ကိုတွေ့သောအခါ လင်းရှို့ယွမ်၏ မျက်နှာအမူအရာများက ချက်ချင်းပြောင်းလဲသွား၏။


“ရှို့ယွမ်”


“ယောက်ျား”


အမျိုးသမီးနှစ်ယောက်၏အသံများထွက်ပေါ်လာကာ လင်းရှို့ယွမ်၏တုံ့ပြန်မှုကိုတောင့်ခဲသွားစေသည်။ 


“အရင်ဆုံးစားရအောင်” ဇနီးသည်၏ ‘ရိုက်နှက်’ ခံရခြင်းဖြင့် လူသိများသည့်ရှဲ့လို့သည် လင်းရှို့ယွမ်အား ဖိအားများမှ လွတ်ရန် ကူပေးလိုက်၏။


“ဟုတ်တယ်…ဟုတ်တယ်…ညစာအရင်စားရအောင်”


……


စားသောက်ကြပြီးနောက် လင်းရီယွဲ့သည် လင်းရှို့ယွမ်နှင့်အတူ ဧည့်ခန်းသို့သွား၍ နျန်ယွီယီ၏ရသစုံရှိုးမှ အသွင်အပြင်များကို ပြသလိုက်သည်။ ကြည့်နေရင်း လင်းရှို့ယွမ်နှင့် သူ့ဇနီးတို့က ရှိုးအကြောင်းကိုလည်း ဆွေးနွေးကြလေသည်။ 


ရုတ်တရက် ကျုံးဝမ်သည် သူမသားကထိုမျှလောက်မထူးခြားသလို ခံစားလာရ၏။


ဤမျှများပြားသည့်ချီးမွမ်းမှုများကို ဘယ်တုန်းကမှမခံခဲ့ရသောကြောင့် ရှဲ့ယီကျိုးက သူ့အား ဧည့်ခန်းထဲမှ ထွက်ပေါက်ပေးလိုက်သည့်အချိန်တွင် နျန်ယွီယီခေါင်းမူးနေတော့သည်။ 


ညစာစားပြီးနောက် နျန်ယွီယီသည် အကြောင်းပြချက်ပေး၍ ချင်အန်းသို့ပြန်လာခဲ့သည်။ 


ချင်အန်းအဝင်အနီးရှိ အသစ်ဖွင့်ထားပြီး ရေပန်းစားနေသော ကိတ်မုန့်ဆိုင်တွင် ကိတ်အသေးလေးနှစ်ခုဝင်ဝယ်လိုက်သည်။ 


တစ်ခုက သူ့အတွက်ဖြစ်ပြီး နောက်တစ်ခုကဖန်ကျုံးချွမ်းအတွက်ပင်။ 


ဖန်ကျုံးချွမ်းသာ မစားခဲ့ပါက နျန်ယွီယီသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် နှစ်ခုလုံးကို စားပစ်လိုက်မည်။ 


အချိုပွဲလေးနှစ်ခုကိုကိုင်၍ နျန်ယွီယီသည် ဖန်ကျုံးချွမ်းတစ်ယောက်တည်းရှိနေသည့်အိမ်သို့ ဝင်လာခဲ့သည်။ 


ဧည့်ခန်းမှာ မှောင်မည်းနေပြီး ထိုအမှောင်ထုက အပြင်ဘက်ကိုပါ လွှမ်းမိုးနေသည်။ 


သူ့ဖုန်းမှ မီးရောင်ဖျဖျလေး၏လမ်းပြမှုဖြင့် နျန်ယွီယီအပေါ်ထပ်သို့ ခြေဖျားထောက်၍ တက်လာခဲ့သည်။ 


စာကြည့်ခန်းသို့ဖြတ်သွားသောအခါ အထဲတွင်လူမရှိကြောင်း သိလိုက်ရသည်။ 


‘ကောင်းတယ်’ သူတွေးလိုက်သည်။ ‘သူအနားယူနေတာဖြစ်မယ်’


အိပ်ခန်းတံခါးဆီသို့ ရောက်သောအခါ နျန်ယွီယီအသက်အောင့်၍ ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်သည်။ 


အခန်းကအမှောင်ထုကြီးစိုးနေကာ လရောင်နှင့်လမ်းမီးရောင်များကြောင့်သာ ဖျော့ဖျော့လေးလင်းနေသည်။ 


ဝင်လာချိန်တွင် သူ့ဖုန်းကပိတ်သွားပြီဖြစ်ရာ မှန်ဖျဖျလရောင်နှင့်အတူ နျန်ယွီယီသည် ကုတင်ဘေးနားအထိ ရောက်အောင်လာနိုင်ခဲ့သည်။ 


အချိုပွဲများကို အခန်းအဝင်ဝရှိစားပွဲပေါ်တွင်တင်ထားခဲ့ပြီးနောက် ကုတင်နားသို့ ချဥ◌်းကပ်လာကာ ဆောင့်ကြောင့်ထိုင်၍ သူ့ကောင်လေး၏အိပ်ပျော်နေသော ပုံစံကိုရှုစားလိုက်သည်။


သူ့အကြိုက်က ဘယ်လောက်တောင်ပြောင်မြောက်ကြောင်း မတွေးဘဲမနေနိုင်တော့ချေ။ 


ဖန်ကျုံးချွမ်း၏ မျက်နှာဖြစ်စေ၊ အသံဖြစ်စေ သူနှင့်ပတ်သက်သည့်အရာအားလုံးက နျန်ယွီယီ၏ အကြိုက်များနှင့် ကိုက်ညီနေ၏။


သို့သော် အရေးအကြီးဆုံးကတော့ သူတို့ကတစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်မေတ္တာရှိနေကြခြင်းပင်။


နျန်ယွီယီပြုံးကာ မရည်ရွယ်ဘဲ ရယ်လိုက်မိသည်။ 


!!!


မြန်မြန်လေးတုံ့ပြန်၍ ပါးစပ်ကိုအုပ်လိုက်သော်လည်း ဖန်ကျုံးချွမ်းက မျက်မှောင်ကြုတ်၍ နိုးလာလေသည်။ 


သူနိုးလာသောအခါ ပထမဆုံးမြင်ရသည့်မြင်ကွင်းက နျန်ယွီယီဖြစ်နေလိမ့်မည်ဟု ဖန်ကျုံးချွမ်းထင်မထားခဲ့ချေ။ 


“နျန်နျန်”


“အင်း” နျန်ယွီယီသည် ဖန်ကျုံးချွမ်း သူ့ကိုနမ်းနေကျအတိုင်းအတုယူ၍ အရှေ့သို့တိုးလာ၍ သူ့နဖူးကို ညင်သာစွာ နမ်းလိုက်သည်။ “အစ်ကို့အတွက် ကိတ်ကလေးတွေဝယ်လာခဲ့တယ်…စားမလား”


“ကိုယ်ထလိုက်မယ်” ဖန်ကျုံးချွမ်းထလာကာ ကုတင်ဘေးမှမီးအိမ်ကို ဖွင့်လိုက်သည်။ 


နျန်ယွီယီထွက်သွားပြီးသိပ်မကြာခင်တွင် သူအိပ်ပျော်သွားခဲ့ပြီး တစ်ညနေခင်းလုံး အိပ်ပျော်သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။


ဖန်ကျုံးချွမ်းရေချိုးခန်းထဲမှ ထွက်လာသောအခါ နျန်ယွီယီသည် ကိတ်ကလေးများကို ထုတ်၍ပြင်ဆင်ထားပြီးဖြစ်သည်။ 


ဇွန်းအသေးလေးဖြင့် နျန်ယွီယီသည် ကိတ်ကိုဖဲ့၍ ဖန်ကျုံးချွမ်း၏ နှုတ်ခမ်းများအနီးသို့ ယူပေးလိုက်သည်။ “မြည်းကြည့်ချင်လား”


အဖြူရောင်ကိတ်ကလေး သူ့ပါးစပ်အနားသို့ ရောက်လာသောအခါ ဖန်ကျုံးချွမ်း ၎င်းကိုကြည့်ပြီးနောက် နျန်ယွီယီနှင့်အကြည့်ချင်းဆုံလိုက်သည်။ 


သူက သူ့ကိုသေချာစိုက်ကြည့်နေကာ မျက်လုံးများတွင် ဘာကြောင့်မစားသလဲဟု မေးခွန်းထုတ်နေပုံပေါ်နေသည်။ 


သူကျွေးလာသည်ကို ဖန်ကျုံးချွမ်းစားလိုက်မှသာ နျန်ယွီယီက သူ့လက်ကိုဆွဲ၍ အရသာရှိလားဟု မေးလာသည်။ 


“အဲ့ဒါက ကျွန်တော်အကြိုက်ဆုံးအရသာ” နျန်ယွီယီမှတ်ချက်ပေးလိုက်ကာ ဇွန်းကိုပြန်ရုတ်သွားပြီး ကတ်ကိုတစ်လုတ်စားလိုက်သည်။ 


ဖန်ကျုံးချွမ်း၏အကြည့်များနက်မှောင်သွားကာ နျန်ယွီယီ၏နှုတ်ခမ်းအပေါ်မှ ပန်းရောင်ခရင်များကို သေချာစိုက်ကြည့်နေလိုက်သည်။ 


နျန်ယွီယီသည် ဆက်စားနေရင်း ဖန်ကျုံးချွမ်း၏အကြည့်များလွှဲမသွားသည်ကို သတိထားမိသည်။ 


“ဘာဖြစ်လို့လဲ” နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏ ပယ်ရှားမသွားသေးသည့် အကြည့်များကိုကြည့်၍ မေးလိုက်၏။ 


“ကျွန်တော့်မျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား” 


“အင်း”


“တကယ်လား…ကြည့်ကြည့်ရအောင်” နျန်ယွီယီပြောလိုက်ပြီး ကင်မရာကိုသုံးရန် သူဖုန်းကိုယူလိုက်သော်လည်း မယူနိုင်ခင်မှာပင် သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်ကဆုပ်ကိုင်လာခဲ့သည်။ 


“ကိုယ်လုပ်ပေးမယ်”


ဖန်ကျုံးချွမ်းက ပြောပြီးသည်နှင့် ချက်ချင်းတိုးဝင်လာကာ နျန်ယွီယီကိုနမ်း၍ လျှာက သူ့နှုတ်ခမ်းများမှ ခရင်များကို လျက်လိုက်သည်။ 


ထမင်းစားခန်းပြတင်းပေါက်အပြင်ဘက်တွင် ငွေလစန္ဒာက တောက်ပနေကာ ချစ်သူနှစ်ယောက်ကို ခြုံလွှမ်းနေသည့် မြူခိုးဖျဖျတောက်ပမှုကို ဖန်တီးပေးနေလေသည်။




🫶