Volume 1 (သေမျိုးနယ်မြေ ၁၃၃)
Chapter 133 (တားမြစ်ပစ္စည်းတမန်)
ကောင်းကင်ကြီး လင်းလာသည်။
ညတစ်ညလုံး တောက်လောင်နေသည့် မီးရှူးမီးပန်းများသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဟု ထင်ရသည်။ အမြောက်သံများက မိုးသောက်ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသည်။
ကျွီ…
လင်ချီးယဲ့သည် တံခါးကိုဖွင့်ပြီး ရုံးခန်းအပြင်ထွက်သွားသည်။ သူ့နောက်တွင် မူလလုပ်ငန်းအတိုင်ပင်ခံခန်းနောက်မှာ ရှုပ်ပွနေပြီး နေရာတိုင်းတွင် ပုလင်းများ ပြန့်ကျဲနေသည်။
ဧည့်သည်များကို ဧည့်ခံရန် အသုံးပြုသည့် ဆိုဖာနှစ်ခုပေါ်တွင် ဝမ်းချီမော့နှင့် ဝူရှန်းနန်တို့သည် ခွေးသေနှစ်ကောင်ကဲ့သို့ အိပ်မောကျနေပြီး ဟုန်ယင်းသည် နောက်ဆုံးဝိုင်ပုလင်းကိုဖက်ရင်း စားပွဲပေါ်တွင် လဲလျောင်းနေကာ သူမအိမ်မက်ထဲတွင် တီးတိုးပြောရင်း တခစ်ခစ်ရယ်နေလေသည်။
စစ်းရှောင်နန်သည် မြေအောက်အိပ်ခန်းသို့ ပြန်သွားကာ အိပ်ပျော်သွားပြီး ချန်မုရယ်တစ်ယောက်တည်းသာ ပုံမှန်လူလို မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေသည်။
လန်ရွှမ်းကတော့… လင်ချီးယဲ့မနိုင်းခင် သူဘယ်ထွက်သွားလဲမသိပေ။
လင်ချီးယဲ့သည် သူ့နားထင်များကို ပွတ်သပ်လိုက်သည်။ အခုမှ အရွယ်သော အထက်တန်းကျောင်းသားအနေဖြင့် သူသောက်တာ အတော်လေးကောင်းသည်။ သူသည် ဒီအရူးများဖြင့် မနေ့ညက အလွန်အကျွံသောက်ခဲ့သော်လည်း သူဒီနေ့နိုးလာသောအခါ မမူးပေ။
သူသည် ရုံးခန်းတံခါးအပြင်ဘက်သို့ လျှောက်သွားကာ တိတ်ဆိတ်ငြိမ်သက်နေသော ဟယ်ဖျင်တံတားလမ်းကို လှမ်းကြည့်ပြီး လတ်ဆတ်သောလေကို ပြင်းပြင်းရှူးရှိုက်လိုက်သည်။
ဒီနေ့ နှစ်သစ်၏ပထမဆုံးနေ့ဖြစ်ပြီး လေထုသည် ပျော်ရွှင်မှုအရသာများဖြင့် ပြည့်နှက်နေပုံရသည်။ အဝေးက မီးရှူးမီးပန်းသံတွေ မြည်လာပြီးနောက် နွေဦးရာသီ၏ သင်္ကေတများဖြင့် 'ဖူ' စကားလုံးများ ဖုံးလွှမ်းထားသော လမ်းမများကို ကြည့်လိုက်ရင်း နေရာတိုင်းက နှစ်သစ်၏အငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။
လင်ချီးယဲ့သည် တံခါးနောက်မှ တံမြက်စည်းကို ထုတ်ယူပြီး နှင်းကို စတင်လှည်းလိုက်သည်။
လှည်းရင်း သူ့မျက်ခုံးက အနည်းငယ် ပင့်သွားသည်။
လေ့ကျင့်ရေးစခန်းအားလပ်ရက်က သိပ်မကြာပေ။ မတော်တဆမှုမရှိပါက မနက်ဖြန် နှစ်သစ်ကူး နှစ်ရက်မြောက်နေ့သည် အားလပ်ရက်၏ နောက်ဆုံးနေ့ဖြစ်လိမ့်မည်။ သို့သော် ယခုအချိန်အထိ အမှောင်ထဲမှာ ပုန်းအောင်းနေသောရန်သူများသည် ကြီးကြီးမားမားလုပ်ဆောင်ချက် မရှိသေးပေ။
တိုက်ခိုက်မှုများစွာ သူကြုံတွေ့ခဲ့ရသော်လည်း အများစုကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် ဖြေရှင်းလို့ရသည်။ သို့သော် ဒီခေါက် တိုက်ခိုက်သည့် လူအုပ်စုသည် အဆင့်မြင့်ရန်သူတစ်ယောက်မျှမပါသောကြောင့် လင်ချီးယဲ့ လုံးဝမယုံနိုင်သေးပေ။
ထို့အပြင် မယ်ဒူဆာ၏ လျှို့ဝှက်ဆန်းကြယ်မှုကိုယ်စားလှယ်၊ ရှေးနတ်ဘုရားကျောင်း၏ [ရှယ်နွီ] က မပေါ်လာသေးပေ။
နည်းပြများသည် သူတို့ကို တိတ်တဆိတ် သုတ်သင်ခဲ့တာလား ဒါမှမဟုတ် သူတို့အားလုံးက ပိုင်လီဖက်တီးဆီ ထွက်သွားတာလား။ ဒါမှမဟုတ်… သူတို့က အချိန်ယူနေတုန်းလား။
နည်းပြများသည် လှုပ်ရှားမှုတချို့ပြုလုပ်လိမ့်မည်ဟု သူရက်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း အခြေအနေမည်မျှထိရောက်သွားသည်ကို သူမသိခဲ့ပေ။
ချန်းနန်မြို့သည် မုန်တိုင်းစက်ဝိုင်းဖြစ်လာပြီဆိုတာ သံသယဖြစ်ဖွယ်မရှိပေမယ့် မုန်တိုင်းမျက်လုံးဖြစ်သော လင်ချီးယဲ့က အငြိမ်းချမ်းဆုံးဘဝတွင် နေထိုင်ရသည်။
လင်ချီးယဲ့သည် နောက်ဆုံးနှင်းမှုန်များကို လှည်းကျင်းပြီး အိမ်ထဲသို့ ပြန်ဝင်ခါနီးတွင် အဝေးမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မီးပုံးပျံများ အများအပြား ရောထွေးနေသောကြောင့် ဤအသံသည် ရုတ်တရက် မရှင်းလင်းပေ။ အဝေးမှ တက်လာသော မီးခိုးငွေ့များကို လင်ချီးယဲ့ ကိုယ်တိုင်ကိုယ်ကျ မမြင်ပါက သူ့နားကြားတာဟု ထင်မိလိမ့်မည်။
လင်ချီးယဲ့သည် မီးခိုးများတက်နေသည့် လမ်းကြောင်းကို ကြည့်ကာ မျက်လုံးကို ကျဉ်းမြောင်းထားသည်။
"အဲဒါက…"
…
ဗုန်း…
ဗုန်း…
ဗုန်း…
ဟိုတယ်တွင် မီးလုံးများ ဆက်တိုက် ထွက်ပေါ်လာပြီး အဆောက်အအုံဟောင်းကို ပေါက်ကွဲသွားစေသည်။ မီးခိုးငွေ့တွေ ရှူရှိုက်ရင်း ဒုတိယထပ် ပြတင်းပေါက်ကနေ လူသုံးယောက် ခုန်ဆင်းသွားသည်။
ရုပ်သွင်နှစ်ယောက်သည် မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဆင်းသက်သွားပြီး ဝတုတ်သောလူတစ်ယောက် သူ့တင်ပါးဖြင့် ပြုတ်ကျပြီး တင်ပါးကို ပွတ်ကာ ထပြေးလေသည်။
"မင်းတို့နှစ်ယောက်… မင်းတို့နှစ်ယောက် ဒီလောက်မြန်မြန်မပြေးနဲ့လေ။ ငါ့ကိုစောင့်ဦး။"
ပိုင်လီဖက်၏မျက်နှာတွင် အရက်မူးနေသော နီမြန်းသည့်အရိပ်အယောင်များ ရှိနေဆဲဖြစ်ပြီး သူ့ပါးစပ်ကိုဖွင့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
ရှန်ချင်းကျူသည် မျက်မှောင်ကြုတ်ကာ ၎င်းကို ဟင်းလင်းပြင်ထဲတွင် ထိန်းထားရန် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဟိုတယ်၏ ဒုတိယထပ်ရှိ အခန်းတချို့၏ လေကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး လောင်ကျွမ်းနေသော မီးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လက်ချောင်းထိပ်ဖြင့်ထိကာ ဖိသိပ်ထားသော လေကျည်ဆန်များသည် လေထဲသို့ ပျံတက်သွားသော မှန်ကွဲကဲ့သို့သော အရာဝတ္ထုများကို လွင့်ထွက်စေပြီး ပိုင်လီဖက်တီးကို ဘေးကင်းစေသည်။
ချောင်ယွမ်းသည် အံကြိတ်ရင်း ပိုင်လီဖက်တီးကို သူ့ပခုံးပေါ်တင်ပြီး လမ်း၏တခြားတစ်ဖက်သို့ ခက်ခက်ခဲခဲ ပြေးသွားသည်။
"မင်းမနေ့ညက လျှော့သောက်ပါလား။ ဒီနေ့ ရန်သူလာတိုက်တော့ မင်းမူးနေတုန်းပဲ။" ချောင်ယွမ်းက အေးစက်စက် ပြောလိုက်သည်။
ပိုင်လီဖက်တီးသည် ကြို့ထိုးပြီး ရယ်ကာ ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့ ငါ့ကောင်တို့ကလည်း။ ငါမင်းတို့ကို ပြောပြီးသားပဲ ငါ့ကိုယ်ရံတော်တွေ ငါ့ကိုတိတ်တဆိတ် ကာကွယ်ပေးနေတာ ဘာမှဖြစ်လာမှာ… မဟုတ်ဘူး အေ့…"
ပိုင်လီဖက်တီး ပြောပြီးသည်နှင့် ရုပ်သွင်လေးခုသည် ဟိုတယ်မှ ပြေးထွက်လာပြီး ကောင်းကင်ကို အမြန်ဖြတ်ကာ ချောင်ယွမ်းနှင့် တခြားသူများရှေ့တွင် မြဲမြံစွာ ဆင်းသက်ခဲ့သည်။
ချောင်ယွမ်း၏ခြေလှမ်းများသည် ရုတ်တရက်ရပ်တန့်သွားကာ ပိုင်လီဖက်တီးကို သူ့ကျောတွင်သယ်ဆောင်ရင်း နေရာတွင်ရပ်သွားသည်။ သူ့တခြားလက်သည် သေတ္တာနက်ပေါ် လက်လှမ်းနေပြီး သူ့အကြည့်က ဟိတ်ဟန်အပြည့်ရှိသည်။
ရှန်ချင်းကျူသည် ပိုင်လီဖက်တီးဆီသို့ ဘာမှမပြောဘဲလျှောက်လာပြီး သူ့လက်ချောင်းထိပ်များက လေပွေတစ်ခုသို့ လိမ့်နေကာ မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေသည်။
လေထုသည် ရုတ်တရက် အေးခဲသွား၏။
သေနတ်မှုန့်များဖြင့် ပြည့်နေသော ဒီလေထုထဲတွင် ပိုင်လီဖက်တီးသည် ထပ်မံကြို့ထိုးပြီး သူ့နှုတ်ခမ်းထောင့်ကို မြှောက်တက်ကာ ချောင်ယွမ်းကျောပေါ်ကနေ သူ့ရှေ့ကလူလေးယောက်ကို လက်ပြလိုက်သည်။
"မင်္ဂလာပါ~~"
"မြေမီးလေရေ တားမြစ်ပစ္စည်းတမန်တွေက သခင်လေးကို တွေ့ရတာဝမ်းသာပါတယ်။"
လူသတ်သမားလေးယောက်သည် သူတို့ရှေ့က မြေပြင်ပေါ်တွင် ရုတ်တရက် ဒူးတစ်ဖက်ထောက်ပြီး ပိုင်လီဖက်တီးကို လေးစားစွာ ဦးညွတ်ကြသည်။
ချောင်ယွမ်း: "…"
ရှန်ချင်းကျူ: "…"
"အားလုံးထကြပါ။" ပိုင်လီဖက်တီးသည် ချောင်ယွမ်း၏ကျောပေါ်မှ ပြန်ဆင်းလာပြီး သူတို့နှစ်ယောက်၏ပခုံးကို ပုတ်လိုက်သည်။ "ငါမိတ်ဆက်ပေးမယ်။ ဒီလူတွေက ငါတို့ပိုင်လီမိသားစုရဲ့ တားမြစ်ပစ္စည်းတမန်လေးယောက်ဖြစ်ပြီး ငါ့ရဲ့ကိုယ်ရေးကိုယ်တာ သက်တော်စောင့်အဖွဲ့လည်း ဟုတ်တယ်။"
"တားမြစ်ပစ္စည်းတမန်လား။" ရှန်ချင်းကျူ၏ မျက်လုံးများတွင် သံသယများ ပေါ်လာသည်။
"တချို့အန္တရာယ်များတဲ့ တားမြစ်ပစ္စည်းတွေကို လူတိုင်းအသုံးမပြုနိုင်ဘူး။ ဒီတားမြစ်ပစ္စည်းအတွက် အကြီးမားဆုံးအကျိုးသက်ရောက်မှုကို ဖွင့်ဖို့ သင့်တော်တဲ့ပိုင်ရှင်ကို ရှာရမှာဖြစ်ပြီး အဲဒီလူတွေကို တားမြစ်ပစ္စည်းတမန်တွေလို့ ခေါ်တယ်။"
ပိုင်လီဖက်တီးက သူ့တင်ပါးကို ပွတ်သပ်ပြီး ရှင်းပြသည်။
"စကာစမစပ် 'တားမြစ်ပစ္စည်းတမန်' ဆိုတဲ့ ဒီကြေညာချက်က ယေဘုယျအားဖြင့် ငါတို့ပိုင်လီမိသားစုကြောင့်သာ သိကြပြီး ဘာလို့လဲဆိုတော့ ဒီကမ္ဘာမှာ ငါတို့မိသားစုမှာပဲ အန္တရာယ်များတဲ့ တားမြစ်ပစ္စည်းတွေအများကြီးရှိတာ…
ဒီတားမြစ်ပစ္စည်းတမန်လေးယောက်စီမှာ 'ချွမ်' နယ် အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားရှိပြီး သူတို့လေးယောက်က အတူတူ 'ဟိုင်' နယ်ပယ်ကို တိုက်ခိုက်နိုင်တယ်။
အဲဒါကြောင့် ငါပြောသလို ငါတို့လုံခြုံပြီ..."
ပိုင်လီဖက်တီး၏အသံကျသွားသည်နှင့် တားမြစ်ပစ္စည်းတမန်လေးယောက်၏ ခေါင်းဆောင်ဖြစ်သော မီးတမန်သည် အရှေ့ကိုတက်လာပြီး သူ့လက်ထဲတွင် ခေါင်းသုံးလုံးကိုကိုင်ကာ သူတို့သည် ဟိုတယ်ကို စီးနင်းတိုက်ခိုက်ခဲ့သော 'ချွမ်း' နယ်ပယ် ကျွမ်းကျင်သူသုံးယောက်ဖြစ်သည်။
"သခင်လေး ရန်သူအားလုံးကို ရှင်းလင်းပြီးပါပြီ စိတ်ချပါ။ ဒါ့အပြင် သခင်လေးရဲ့ညွှန်ကြားချက်အတိုင်း ဟိုတယ်တစ်ခုလုံးကို ဘယ်သူမှ မထိခိုက်အောင် ကြိုတင်ဘွတ်ကင်လုပ်ထားပါတယ်။"
"ကောင်းတယ် ကောင်းတယ်။"
ပိုင်လီဖက်တီးသည် အနည်းငယ် ခေါင်းညိတ်ကာ သူဌေးသား၏ အမူအရာဖြင့် ကြည့်နေသည်။
ထိုအချိန်တွင် လေတမန်သည် တစ်စုံတစ်ခုကို ခံစားရပုံရပြီး မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးလာသည်။
"သခင်လေး ဒီနားမှာ ချဉ်းကပ်လာတဲ့ ရန်သူတွေရှိသေးတယ်။ နေရာမှာခဏစောင့်ပါ၊ ကျွန်တော်တို့သွားပြီးပြန်လာခဲ့မယ်။"
"သွား သွား။" ပိုင်လီဖက်တီးက လက်ဝှေ့ယမ်းလိုက်သည်။
ဝှီး…
တားမြစ်ပစ္စည်းတမန်လေးယောက်သည် ခန္ဓာကိုယ်ကို လှုပ်ခါပြီး နေရာတွင် ပျောက်ကွယ်သွားခဲ့သည်။ ဗလာကျင်းနေသောလမ်းကြားတွင် သူတို့သုံးယောက်သာ နေရာတွင် ကျန်ရစ်ခဲ့သည်။
ခဏအကြာတွင် ချောင်ယွမ်းက ညင်သာစွာ ပြောလာသည်။ "ဒါက တကယ်ပိုက်ဆံစွမ်းရည်ပဲ…"
ရှန်ချင်းကျူသည် နောက်ဆုံးတွင် သတိပြန်ဝင်လာကာ ပိုင်လီဖက်တီးကိုကြည့်ကာ ကမ္ဘာကြီးနှင့်ပတ်သက်၍ သံသယဝင်နေသောအသံဖြင့် ပြောလိုက်သည်။
"ဒါဆို... မင်းငါ့ကို ဘာလို့ငှားချင်တာလဲ။"
ပိုင်လီဖက်တီးသည် ခဏလောက်စဉ်းစားပြီး
"Landlord ကစားဖို့ လူသုံးယောက်လိုတယ်လေ။"
TK Team (Chapter 133)