Chapter 106
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၁၀၆)


Chapter 106 (မသွားပါဘူး)

"အဘွား၊ ကျွန်တော်တို့ လက်နဲ့နှိုက်စားလို့မရဘူး၊ တူနဲ့စားရမှာ။"

"ငါမလုပ်တတ်ဘူး…"

"ဟေ့၊ ကျွန်တော် မနေ့က အဘွားကို သင်ထားပေးတယ်လေ။ ဒီမှာကြည့်၊ ဒီလိုမျိုး လက်ချောင်းလေးနဲ့ တူကိုကိုင်ရတယ်… အင်း၊ ဒီလိုမျိုးညှပ်လိုက်။"

"ဒီလိုမျိုးစားရတာက အရမ်းစိတ်ရှုပ်စရာကြီး။"

"အိုး၊ အဘွား ဖြည်းဖြည်းချင်း သင်ယူလိုက်ပါ။"

"ဟုတ်ပါပြီ… အစာစားမယ့်အချိန်ရောက်ပြီ၊ နင့်အဖေက ဘယ်တော့ပြန်လာမှာလဲ။"

"…"

"တန်းနာထို့စ်၊ ဒီကောင်လေး အိမ်မပြန်တာကြာပြီ၊ သူ အပြင်မှာ ထပ်ပြီးဒုက္ခရောက်နေတာများလား။"

"အိုး… စိတ်မပူပါနဲ့၊ ကျွန်တော့်အဖေက အပြင်မှာ အရမ်းအလုပ်များတာကြောင့် သူက အလုပ်များနေတာဖြစ်မှာပါ။"

"‌ဟုတ်ပါပြီ…"

အသက်ဝင်နေသောအခန်းတွင် ခါးစည်းဝတ်ထားသည့် လီယိဖေးသည် စားပွဲဝိုင်းတွင် ကူကယ်ရာမဲ့ထိုင်နေသည်။ ဆန့်ကျင်ဘက်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော နက်စ်သည် အနက်ရောင်အင်္ကျီပိတ်စကို ဝတ်ဆင်ထားပြီး ခေါင်းငုံ့ကာ ဘာကိုတွေးနေမှန်းမသိပေ။

တံခါးအပြင်ဘက်တွင် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ကာ တံခါးကိုဖွင့်ပြီး လှမ်းဝင်လိုက်သည်။

"တန်းနာထို့စ်" နက်စ်သည် လင်ချီးယဲ့ကို တွေ့သောအခါ သူမမျက်လုံးများ လက်လင်းလာသည်။ "နင် ညစာစားဖို့ ပြန်လာတာလား။"

လင်ချီးယဲ့သည် သူမမျက်လုံးထဲက မျှော်လင့်ချက်အပြည့်ကို ကြည့်ရင်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်ပြန်လာပြီ အမေ။"

"ထိုင်ဦး၊ ထိုင်ဦး။" နက်စ်သည် ပတ်ပတ်လည်ကို ကြည့်ပြီး ဘေးမှ ခွေးခြေခုံအသေးကို ဆွဲကာ သူ့ဘေးကို ထားလိုက်သည်။

လီယိဖေးသည် လင်ချီးယဲ့ကို မကျေမချမ်းဖြစ်စွာ ကြည့်လိုက်သည်။ "မင်းပြန်လာဖို့သိသေးတယ်ပေါ့…"

"ကိုယ့်အဖေကို ဘယ်လိုပြောနေတာလဲ။" နက်စ်က လီယိဖေးကို ကြည့်လိုက်သည်။

လီယိဖေး: "…"

"ငါ ဒီနှစ်ရက် လေ့ကျင့်ရေးကြောင့် အရမ်းပင်ပန်းပြီး ညဘက်ဆို အိပ်မောကျသွားလို့ ဒီအထဲလာဖို့ ခွန်အားမရှိဘူး။" လင်ချီးယဲ့သည် ကူကယ်ရာမဲ့ သက်ပြင်းချပြီး စားပွဲတွင် ထိုင်လိုက်သည်။

သူသည် စားပွဲပေါ်ရှိ များပြားသောအစားအစာများကို မြင်သောအခါ သူအနည်းငယ် အံ့အားသင့်သွားသည်။

"မင်းချက်ထားတာလား။"

"အင်း"

"ပါဝင်ပစ္စည်းတွေကို ဘယ်ကရတာလဲ။"

"ခြံအနောက်ဘက်က ဟင်းလင်းပြင်မှာ အသီးအရွက်တွေ အများကြီး ပေါက်နေတာကိုတွေ့တော့ ငါနည်းနည်းတူးလိုက်တာ။"

"ခြံထဲက အသီးအရွက်လား။" လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး ငါးခေါင်းပြုတ်ကြီးကို လက်ညှိုးထိုးပြကာ "ငါးကရော။"

"စိတ်ကျန်းမာရေးအဆောက်အအုံဘေးမှာ ရေကန်လေးတစ်ကန်ရှိတယ်၊ မင်းမွေးထားတာမဟုတ်ဘူးလား။"

"…ထမင်းကရော။ ဆန်က ဘယ်ကလာတာလဲ။"

"အိုး၊ ဌာနမှူးရုံးရဲ့ ဗီရိုထဲမှာ ငါတွေ့တာ။" လီယိဖေးက ခေါင်းစောင်းလိုက်သည်။ "ဘာဖြစ်တာလဲ။ သက်တမ်းကုန်နေလို့လား။"

လင်ချီးယဲ့သည် ပါးစပ်ကိုဖွင့်ကာ ထမင်းပန်းကန်တစ်ဝက်ကျော်စားနေသော နက်စ်ကိုကြည့်ကာ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူးလို့တော့ ထင်တာပဲ။"

"ငါလည်း မထင်ပါဘူး၊ ဒါ့အပြင် ငါ အဲဒါကို ရက်အတော်ကြာစားပြီးပြီ၊ ငါဝမ်းမလျှောဘူး။" လီယိဖေးက ပခုံးတွန့်လိုက်သည်။

"…လီယိဖေး၊ မင်းက လူမဟုတ်ဘူး၊ မြွေမိစ္ဆာလေ၊ မြွေမိစ္ဆာက ဝမ်းလျှောပါ့မလား။"

"…"

လင်ချီးယဲ့သည် တူကို ‌ကောက်ကိုင်ပြီး ငါးကို ယူကာ ပါးစပ်ထဲတွင် ဝါးစားလိုက်သည်။ အသားသည် ထူးထူးခြားခြား လတ်ဆတ်ပြီး နူးညံ့နေကာ ကမ္ဘာပေါ်ရှိ မျိုးစိတ်များကဲ့သို့ အရသာမျိုးမဟုတ်ပေ။

သို့သော် သူတို့နှစ်ယောက်သည် ရက်အနည်းငယ်ကြာ စားခဲ့သောကြောင့် ပြဿနာမရှိနိုင်ပေ။

လင်ချီးယဲ့သည် နက်စ်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ်ပင့်ကာ လီယိ‌ဖေးဘက်သို့ ဦးတည်လိုက်သည်။

"ဒီရက်တွေမှာ မင်းတို့ဘာတွေလုပ်နေခဲ့တာလဲ။"

လီယိဖေးက ထိတ်လန့်သွားသည်။ "ငါဘာမှမလုပ်ပါဘူး၊ ငါသူမနဲ့ စကားပြောတယ်၊ စစ်တုရင်ကစားနည်းနဲ့ ကတ်ကစားတတ်အောင် သင်ပေးတယ်၊ နေပူဆာလှုံတယ်၊ သူမမြေးလိုပြုမူပြီး သူမကိုချော့တယ်… ဘာဖြစ်လို့လဲ။"

"မဟုတ်ပါဘူး၊ မင်း သူမကို ကောင်းကောင်းဂရုစိုက်ထားတာပဲ။"

လီယိဖေးသည် နက်စ်၏ခေါင်းပေါ်ရှိ တိုးတက်မှုဘားကို မမြင်နိုင်သော်လည်း လီချင်းယဲ့ကတော့ မြင်နိုင်သည်။ လွန်ခဲ့သော ဆယ်ရက်က နက်စ်၏ခေါင်းရှိ တိုးတက်မှုဘားသည် ၂၀ ရာခိုင်နှုန်းသာရှိတာကို သူ သတိရမိပြီး ယခုအခါ ၄၈ ရာခိုင်နှုန်းအထိ တိုက်ရိုက်တက်လာသည်။

တကယ်တော့ တိုးတက်မှုဘားမရှိလျှင်ပင် လင်ချီးယဲ့သည် နက်စ်က ပို၍ကျန်းမာလာသည်ဟု ခံစားရနိုင်သည်။

နက်သည် လူနာဆောင်ထဲမှ ပထမဆုံး လွတ်မြောက်လာသောအခါတွင် သူသည် မိုက်မဲစွာ သူကလေးဘဝတုန်းက မြင်ခဲ့ရသလို အရာအားလုံးကိုဆက်ဆံပြီး စကားမပြောရန် ငြင်းဆန်ခဲ့တာကို သတိရမိသည်။ ယခုအခါ နက်စ်သည် ကလေးများကဲ့သို့ ထူးဆန်းသောအရာများကို မှတ်မိနိုင်ရုံသာမက လူတစ်ကိုယ်လုံး အလွန်တက်ကြွနေကာ လီယိဖေးနှင့် ပုံမှန်စကားပြောဆိုနိုင်ပြီး မျက်လုံးများက ပို၍အသက်ဝင်လာသည်။

သူမကို အဖော်ပြုရန် တစ်စုံတစ်ယောက်ရှိနေတာက သူမရောဂါအတွက် အလွန်ကောင်းပုံရသည်… လင်ချီးယဲ့က သူ့ကိုယ်သူ တွေးတောနေခဲ့သည်။

လီယိဖေးကို သူနာပြုအဖြစ် ပြန်လည်ရှင်သန်စေခဲ့ခြင်းက မှန်ကန်သောရွေးချယ်မှုဖြစ်သည်။

ယခုအချိန်တွင် နက်စ်၏ တိုးတက်မှုက ၄၈ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ်အဖြစ် သူမ၏စွမ်းအားများကို ထုတ်ယူရန် အနည်းငယ်သာ ကျန်တော့သည်။

ဒါမှမဟုတ်... ဒီနေ့ စမ်းကြည့်ရမလား။

လင်ချီးယဲ့သည် တခဏမျှ တုံ့ဆိုင်းသွားပြီး သူ့တူဖြင့် ငါးတစ်ပိုင်းကို ကောက်ယူကာ နက်စ်၏ ပန်းကန်ထဲသို့ ထည့်လိုက်သည်။ 

"အမေ့ များများစားပါ။"

နက်စ်သည် အံ့အားသင့်သွားကာ လင်ချီးယဲ့၏မျက်လုံးများကို လှည့်ကြည့်လိုက်ရာ မထင်မှတ်ပဲ သူမမျက်လုံးများမှ မျက်ရည်အနည်းငယ် ထွက်လာသည်။

"တန်းနာထို့စ်၊ နင်က အရမ်းသိတတ်တာပဲ…"

တက်…

လင်ချီးယဲ့၏အကြည့်အောက်တွင် ကုသခြင်းတိုးတက်မှုသည် ၄၈ ရာခိုင်နှုန်းမှ ၄၉ ရာခိုင်နှုန်းသို့ ခုန်တက်သွားသည်။

လင်ချီးယဲ့: "…"

"အမေ့ အသီးအရွက်များများစားပါ…"

"အမေ့ ဒီငါးက အရမ်းအရသာရှိတယ်လို့ ကျွန်တော်ထင်တယ်၊ အမေထပ်စားကြည့်သင့်တယ်…"

"အမေ့၊ ကျွန်တော် အမေ့ကို အသားကျွေးပါရစေ။"

"အမေ့…"

လင်ချီးယဲ့သည် နက်စ်အတွက် အသည်းအသန် အစာထည့်ပေးပြီး နက်စ်သည် တိတ်တဆိတ် ငိုကြွေးရင်း ပျော်ရွှင်စွာ စားသောက်နေကာ လီယိဖေးက ‌တစ်ဖက်ကနေ မှင်တက်စွာ ကြည့်နေသည်။

"ချီးယဲ့၊ မင်း…"

"လီယိဖေး" လင်ချီးယဲ့သည် လီယိဖေးကို လှည့်ကြည့်ကာ "အဘွားကို မြန်မြန် အရည်အချင်းပြလိုက်။"

လီယိဖေး: 'ဘာလဲ။'

"အရည်အချင်း… သွား…"

"အိုး…" လီယိဖေးသည် ခေါင်းကုတ်ပြီး ထိုင်ခုံကနေ မတ်တတ်ထရပ်ကာ ခဏလောက် စဉ်းစားလိုက်သည်။ "အဘွား၊ အဘွားရဲ့မြေးမှာ ထူးထူးခြားခြား အရည်အချင်းမရှိပါဘူး၊ ဒါကြောင့် ကျွန်တော် အဘွားကို ကင်းမြီးကောက်ထောင်ပြီး စားပြမယ်။"

လင်ချီးယဲ့: "…"

နက်စ်ဘေးနားရှိ လူနှစ်ယောက်သည် အချိန်အတော်ကြာ လှည့်ပတ်နေကြပေမယ့် တိုးတက်မှုဘားသည် မလှုပ်မယှက်ဖြစ်နေသေး၏။ လင်ချီးယဲ့က ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

ဒီလိုမျိုး အတင်းအကျပ် လုပ်ခိုင်းလို့မရဘူးထင်ပါရဲ့။

ငါက လူတွေကို ကုသတဲ့ဆရာဝန်လည်း ဖြစ်တယ်ဆိုတာ ငါဘယ်လိုပြောရမလဲ။ ငါ လူတွေကို ကုသလို့ရမရဆိုတဲ့ မေးခွန်းရှိနေသေးပေမယ့် ဒီလိုမျိုး ငါလျှောက်လို့မရဘူး။

သို့သော် ဤအချိန်သည် နတ်ဘုရားများဆေးရုံတွင် အလုပ်များဆုံးနှင့် လူသားဆန်ဆုံးအချိန်ဖြစ်သည်ကို ငြင်းဆိုစရာမရှိပါ။

လီယိဖေးသည် ပန်းကန်ပြားတစ်ချပ်ကို သယ်သွားပြီး ပန်းကန်ဆေးရန် မီးဖိုချောင်သို့ ထွက်သွားကာ လင်ချီးယဲ့သည် ဗီရိုထဲမှ ယနေ့၏ဆေးကို ထုတ်ကာ ဂရုတစိုက်ခွဲပြီး နက်စ်ကို ကျွေးရန် အသင့်ပြင်နေသည်။

နက်စ်သည် စားပွဲရှိ ထိုင်ခုံသေးသေးလေးပေါ်တွင် ငြိမ်ငြိမ်လေးထိုင်လျက် အလုပ်များနေသော လင်ချီးယဲ့ကို စေ့စေ့ကြည့်ရင်း တစ်ခုခုကို တွေးနေပုံရပြီး သူမနှုတ်ခမ်းထောင့်များတွင် ခပ်ရေးရေးအပြုံးတစ်ခုပေါ်လာသည်။

"တန်းနာထို့စ်"

"ဘာဖြစ်လို့လဲ။"

"ငါတို့အိမ်က… ဒီလိုမျိုးအသက်ဝင်မှုဖို့မရှိတာ ဘယ်လောက်ကြာပြီလဲ။"

လင်ချီးယဲ့သည် ခဏ‌လောက် တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်မသိဘူး။"

"နင်တို့ကလေးတွေ ကြီးပြင်းလာရင် တစ်ယောက်နဲ့တစ်ယောက် ပိုပိုပြီးဝေးသွားလိမ့်မယ်။ ငါ့မှာ ကလေးတွေ အများကြီးရှိမှန်း သိသာပေမယ့် နောက်ဆုံးကျတော့… ငါတစ်ယောက်တည်းကျန်ခဲ့တယ်။"

နက်စ်၏မျက်လုံးများ အနည်းငယ်မှိန်ဖျော့သွားသည်။

လင်ချီးယဲ့သည် အချိန်အကြာကြီး ငြိမ်သက်နေသော နက်စ်ကိုကြည့်ရင်း ရေနွေးနှင့်ဆေးများနှင့်အတူ သူမရှေ့သို့လျှောက်လာသည်။

"အနည်းဆုံးတော့ အခု အမေ့မှာ ကျွန်တော်တို့ရှိတယ်မဟုတ်ဘူးလား။" လင်ချီးယဲ့သည် နူးညံ့စွာပြောပြီး သူမလက်ထဲကို ရေထည့်ပေးရင်း "ကျွန်တော်တို့… မသွားပါဘူး။"

နက်စ်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး သူမသည် လင်ချီးယဲ့၏မျက်လုံးများကို ကြည့်ကာ သူမမျက်လုံးများတွင် မထင်မှတ်တောက်ပမှုများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူမ၏ခေါင်းပေါ်ရှိ တိုးတက်မှုဘားသည် ရှေ့သို့ အနည်းငယ်ရွေ့သွားသည်။

"နက်စ်ကုသခြင်းတိုးတက်မှု: ၅၁ ရာခိုင်နှုန်း

ဆုရယူမှုအခြေအနေနှင့် ကိုက်ညီပြီး နက်စ်၏နတ်စွမ်းရည်ကို ကျပန်းထပ်ဆွဲနိုင်သည်။

နက်စ်၏ကုသခြင်းတိုးတက်မှာသည် ၅၀ ရာခိုင်နှုန်း ကျော်လွန်သွားပြီး သူမက နတ်ဘုရားများဆေးရုံကနေ ခေတ္တထွက်ခွာနိုင်သည်…"


TK Team (Chapter 106)