Chapter 80
Viewers 16k

Volume 1 (သေမျိုးနယ်မြေ ၀၈၀)


Chapter 80 (ပွဲပြီးပြီ)

"ပေါက်ကွဲမှုလား။"

တခြားအိပ်ဆောင်အဆောက်အအုံတွင် တပ်သားသစ်အများအပြားသည် ရုတ်တရက်ထရပ်ကာ ပေါက်ကွဲသွားသည့်လမ်းကြောင်းကို ကြည့်လိုက်ရာ မျက်နှာအမူအရာများပြောင်းသွားကြသည်။

"ဟိုဘက်မှာဖြစ်တာထင်တယ်။ ငါတို့သွားကူညီကြမလား။" သူတို့ထဲကတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်းတို့ကိုယ်မင်းတို့ အရင်ဂရုစိုက်လိုက်ပါဦး။" 

အဝေးမှ အသံတစ်ခုထွက်ပေါ်လာပြီး အောက်ထပ်တွင် ခရမ်းရောင်ရေဝဲတစ်ခု အသွင်သဏ္ဌာန်ရှိသည်။

ဗုန်း…

ရေဝဲမှ စုပ်ယူလိုက်သော ဂိုဒေါင်ထဲက ပေါက်ကွဲမှု အစိတ်အပိုင်းသည် ရေဝဲမှ ပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ကျည်ဆန်များနှင့် မီးတောက်များ သယ်ဆောင်လာပြီး ချက်ချင်း အိပ်ဆောင်တစ်ဝက်က ကွဲအက်သွားခဲ့သည်။

အပျက်အစီးကြားတွင် ကွန်ကရစ်လုံးတစ်ခု ဖြည်းညှင်းစွာပွင့်လာပြီး တပ်သားသစ်တစ်ဒါဇင်ကျော် လွင့်ထွက်သွားသည်။

"ငါတို့ တန်ပြန်တိုက်ခိုက်ခံရပြီ။ အတူတူသွားရအောင်။"

ဦးဆောင်သူတပ်သားသစ်က ဟိန်းလိုက်ရာ သူ့လက်ထဲတွင်ရှိသော ဓားရှည်သည် အနီရောင်အလင်းတန်းထွက်လာပြီး အမြီးရှည်ကိုဆွဲယူကာ ရွှမ်ဝေါဘက်သို့ ပြေးသွားပြီး အရောင်စုံတိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု လိုက်ပါလာသည်။

"ကွင်းပြင်ဖိအားပြောင်းပြန်"

ပြတ်သားသော လက်ခုပ်တီးသံသည် အဝေးမှ ထွက်ပေါ်လာပြီး ထျန်းဖျင်သည် လေထဲတွင် တင်ပျဉ်ခွေထိုင်လျက် လူအုပ်ကို ညွှန်ပြလိုက်သည်။

လူတိုင်းအပေါ်ရှိ ဆွဲငင်အားသည် ချက်ချင်းပြောင်းပြန်ဖြစ်ပြီး သူတို့သည် ရုတ်တရက် ပေါ့ပါးသွားသည်ဟု ခံစားမိကာ ကောင်းကင်သို့ ဖိအားတစ်ခုဖြင့် ဆွဲယူသွားခြင်းခံရပြီး တိုက်ခိုက်မှုပုံစံတစ်ခုလုံးက ချက်ချင်းပျက်စီးသွားသည်။

ထိုအချိန်တွင် ကြီးမားသော တူကြီးတစ်လက်က လေထဲကနေ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချန်ဝေးလည်း လေထဲတွင် ရပ်တန့်နေပြီး ကျောက်ထုတူကြီးကို ကိုင်ကာ အော်ဟစ်လိုက်သည်။

"သွားစမ်း။"

ဗုန်း

ကျောက်ထုတူကြီးသည် လေထဲတွင် လွင့်ပျံနေသော တပ်သားသစ် ဒါဇင်ပေါင်းများစွာကို တိုက်ရိုက် ရိုက်နှက်လိုက်သည်။ သူတို့၏ကိုယ်ပိုင်စွမ်းရည်များဖြင့် တိုက်ခိုက်မှုကို ရှောင်လွဲနိုင်သူတချို့ရှိရင်တောင် ထျန်းဖျင်၏ကွင်းပြင်ဖိအားကြောင့် ပိတ်လှောင်ခံရပြီး နောက်တစ်ကြိမ် လေထဲသို့ပျံသန်းကာ ထပ်ရိုက်ခံရသည်။

ရွှမ်ဝေါပေါ်လာရာမှ လက်ရှိအချိန်အထိ မိနစ်ဝက်မပြည့်ခင်မှာပဲ လူတစ်ဒါဇင်ကျော်ရှိသော ဒီတပ်သားသစ်အဖွဲ့က ဖယ်ရှားခံလိုက်ရသည်။

ဗုန်း

ပြိုးပြိုးပြက်ပြက်မီးတောက်သည် တခြားအိပ်ဆောင်အဆောက်အအုံတစ်ခုမှ ထပ်မံလောင်ကျွမ်းသွားပြီး ထျန်းဖျင်သည် ချန်ဝေးနှင့်အတူ ဖြည်းညှင်းစွာ ကျလာကာ တစ်ချိန်တည်းမှာပင် ခေါင်းလှည့်ကြည့်လိုက်သည်။

"ဒါက ယွဲ့ကွေ လူသွားကောက်တဲ့ တခြားအဖွဲ့ကမလား။ ဘာလို့ ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေရတာလဲ။" ရွှမ်ဝေါက ရေရွတ်လိုက်သည်။

ဘေးမှာရပ်နေသော ဝမ်မြန့်က သူ့မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းထားသည်။ "ယွဲ့ကွေက ခက်ခဲတဲ့ရန်သူနဲ့ ကြုံနေပုံရတယ်။ အဲဒီကိုသွားရအောင်။"

လူလေးယောက်၏အသွင်အပြင်သည် လှုပ်ခါပြီး ပေါက်ကွဲသွားသောဦးတည်ရာသို့ လျှပ်တပြက်ထွက်သွားကြသည်။

သူတို့ထွက်ခွာသွားသောအခါ အဝေးတွင်ရှိသော လင်ချီးယဲ့သည် သူ့လက်ထဲက မှန်ပြောင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူ့မျက်လုံးများက အနည်းငယ် လေးနက်နေလေသည်။

"သေချာပေါက် သူတို့က ရှုံးနေဆဲဖြစ်ပြီး တန်ပြန်တိုက်ခိုက်မှု လုံးဝမရှိဘူး။" မော့လိက တည်ငြိမ်စွာပြောသည်။

"လက်ရှိ [မျက်နှာဖုံး] အဖွဲ့က စီးနင်းတိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ပြင်းထန်တဲ့တိုက်ခိုက်မှုအောက်မှာ သူတို့ရဲ့ယာယီအဖွဲ့က [မျက်နှာဖုံး] အဖွဲ့ကို မတားဆီးနိုင်ဘူး။" လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။

"နောက်ထပ်ဘာလဲ။ ငါတို့က ဘာမှမလုပ်ဘဲ ထိုင်စောင့်နေရမှာလား။" ပိုင်လီဖက်တီးက လင်ချီးယဲ့ကို ကြည့်လိုက်သည်။

"မဟုတ်ဘူး။ ငါတို့အခုလှုပ်ရှားရမယ်။" လင်ချီးယဲ့၏မျက်လုံးများက အဝေးတွင် ပေါက်ကွဲသွားသည့် အိပ်ဆောင်အဆောက်အအုံပေါ် ကျရောက်သွားသည်။ "ငါခန့်မှန်းတာမှန်ရင် အခု ယွဲ့ကွေနဲ့တိုက်ခိုက်နေသူက တခြား 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' ပိုင်ရှင်ဖြစ်နိုင်တယ်။ [မျက်နှာဖုံး] အဖွဲ့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ တိုက်ပွဲကွင်းပြင်မှာ တိုက်ခိုက်ရေးစွမ်းအားအနည်းငယ်ထဲက တစ်ယောက်အနေနဲ့ ငါတို့တွေ သူ့ကို ဒီလိုမျိုးဖယ်ရှားခွင့်မပြုနိုင်ဘူး။

ငါတို့ [မျက်နှာဖုံး] အဖွဲ့နောက်ကနေ လှည့်ပတ်ကြည့်မယ်။ အခွင့်အလမ်းရှိရင် ငါတို့တိုက်ခိုက်ဖို့ကြိုးစားပြီး အဲဒီ 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ငါတို့မှာ အခွင့်အလမ်းမရှိရင်… ငါတိုတတ်နိုင်သမျှ လူတွေကိုကယ်ပြီး ထွက်ပြေးမယ်။

အဓိကအချက်ကတော့ ငါတို့ကိုယ်တိုင် ဖယ်ရှားမခံရဖို့ သေချာစေဖို့ပဲ။"


ဗုန်း

အိပ်ဆောင်အဆောက်အအုံမှ စူးရှသော မီးလုံးတစ်ခု ပေါက်ကွဲပြီး အထပ်တစ်ခုလုံး မှန်များက ကွဲအက်သွားခဲ့သည်။ အပျက်အစီးများမှ လရောင်ကဲ့သို့ မှုန်ဝါးဝါး အသွင်အပြင်တစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ယောက်က လိုက်ပါလာသည်။

ယွဲ့ကွေ၏ ခြေထောက်များသည် နံရံပေါ်သို့ ပေါ့ပေါ့ပါးပါး နင်းသွားပြီး လူတစ်ကိုယ်လုံးက လှည့်ပတ်ပြီး ခုန်တက်လာသည်။ သူ့လက်ထဲရှိ ဓားမြောင်သည် ကျန်နေသောအရိပ်ကိုဖြတ်၍ ရုတ်တရက် လွင့်ထွက်သွားပြီး ရှန်ချင်းကျူ၏လည်ပင်းကို တည့်တည့်ထိုးလိုက်သည်။

ရှန်ချင်းကျူ၏မျက်လုံးအိမ်များကျုံ့သွားပြီး သူ့လက်နှစ်ချောင်းကို လက်ဖျောက်တီးရန် အမြန်ဆန့်လိုက်သည်။

သူ့ရှေ့ရှိ ပတ်ဝန်းကျင်ကလေထုသည် သံပြားတစ်ခုလို ခိုင်ခံ့လာကာ သူနှင့်နီးကပ်နေသော ဓားမြောင်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားလိုက်သည်။ သူ့လက်ချောင်းထိပ်များကို တစ်ချက်လက်ဖျောက်တီးလိုက်ခြင်းဖြင့် ဓားမြောင်သည် မီတာများစွာအကွာတွင် ကွဲအက်သွားခဲ့သည်။

ယွဲ့ကွေသည် သူ့ဝတ်ရုံအောက် လက်ဆန့်လိုက်ပြီး နောက်ထပ် ဓားမြောင်နှစ်ချောင်းကို လှမ်းယူလိုက်သည်။ သူလှုပ်ရှားမည့်အချိန်တွင် ရှန်ချင်းကျူက သူ့လက်ချောင်းများကို ထပ်မံလက်ဖျောက်တီးလိုက်သည်။

သူတို့နှစ်ယောက်ကြားရှိ လေထုသည် လျင်မြန်စွာ ဖိသိပ်သွားပြီး တစ်ချိန်တည်းမှာပင် ရှန်ချင်းကျူ၏လက်စွပ်မှ မီးပွားများ ထွက်ပေါ်လာသည်။

ဗုန်း

တောက်လောင်နေသော မီးတောက်များ ထွက်ပေါ်လာပြီး ယွဲ့ကွေ၏ ခန္ဓာကိုယ်သည် လရောင်အဖြစ် ပြောင်းလဲသွားပြန်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး မီတာဒါဇင်နှင့်ချီပြီး ပြန်ဆုတ်သွားသည်။

"လေထုထဲမှာ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်ပါဝင်မှုကို သတ်မှတ်ထားတဲ့ အချိုးတစ်ခုအဖြစ် ဖိသွင်းလိုက်တဲ့အခါ အဲဒါက မီးဟုန်းဟုန်းတောက်စေမယ့် အခြေအနေတွေနဲ့ကိုက်ညီပြီး မီးပွားအနည်းငယ်ကို ထည့်လိုက်သရွေ့ ပေါက်ကွဲစေနိုင်တယ်။"

ရှန်ချင်းကျူသည် သူ့လက်များကို အိတ်ကပ်ထဲထည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ "ကျယ်ဝန်းတဲ့ဧရိယာမှာ သတ်ပစ်နိုင်တဲ့ ကျွန်တော့်ရဲ့စွမ်းရည်က ခင်ဗျားရဲ့သဘာဝရန်သူပဲ။"

"ဒါပေမယ့် မင်းပတ်ဝန်းကျင်က ဆယ်မီတာအကွာအဝေးမှာရှိတဲ့ လေကိုပဲ စုစည်းနိုင်တာမဟုတ်ဘူးလား။" ယွဲ့ကွေသည် ဓားမြောင်ကို ကိုင်လိုက်ပြီး ရှန်ချင်းကျူ၏ မျက်လုံးများကို ကြည့်လိုက်ကာ "မင်းရဲ့လက်ရှိနယ်ပယ်နဲ့ မင်းက ကျယ်ဝန်းတဲ့ဧရိယာမှာ သတ်ပစ်နိုင်ဖို အလှမ်းဝေးသေးတယ်။"

ရှန်းချင်ကျူ၏မျက်လုံးများက စူးစိုက်နေပြီး သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ "ခင်ဗျားနဲ့ရင်ဆိုင်ဖို့တော့ လုံလောက်တယ်။"

သူတို့ နှစ်ယောက်လုံး တစ်ချိန်တည်း ပြေးသွားကြသည်။

ထိုအချိန်တွင်ပင် ကျောက်ထုတူကြီးတစ်လက်က ကောင်းကင်မှ ပြုတ်ကျလာသည်။

ရှန်ချင်းကျူ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားကာ ရုတ်တရပ် ရပ်လိုက်ပြီး သူ့လက်များကို လေထဲတွင် မြှောက်ထားရင်း သူ့ကို တည့်တည့်ရိုက်ခတ်နေသော ကျောက်ထုတူကြီးဆီသို့ ပေါက်ကွဲသွားသည်။

သူ့ပတ်ဝန်းကျင် ဆယ်မီတာရှိ လေသည် လျင်မြန်စွာ ဖိသိပ်ကာ လေနံရံတစ်ခုထဲသို့ စိမ့်ဝင်သွားကာ သူ့ခေါင်းကို ပိတ်ဆို့သွားသည်။

ဗုန်း

တူတစ်လက် ပြုတ်ကျလာသောအခါ ရှန်ချင်းကျူပတ်ပတ်လည်ရှိ မြေပြင်သည် အနည်းငယ် နစ်မြုပ်သွားပြီး ရှန်ချင်းကျူ၏ ခြေဖဝါးအောက်တွင် အက်ကွဲကြောင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ရှန်ချင်းကျူသည် ညည်းညူရင်း သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

လေထုနံရံသည် အပိုင်းပိုင်းကွဲသွားကာ ရှန်ချင်းကျူ၏ ဦးခေါင်းအထက်ရှိ တူသည် လျင်မြန်စွာ ကျုံ့သွားပြီး နောက်ဆုံးတွင် ချန်ဝေး၏လက်ထဲသို့ ပြန်ကျသွားပြီး သူမသည် အရုပ်ကဲ့သို့ ဆော့ကစားနေလေသည်။

"တားမြစ်အပျက်အစီး နံပါတ်စဉ် ၀၆၈ [ချိမင်]၊ နောက်ထပ်'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' ပဲ…" ထျန်းဖျင်သည် ရွှမ်ဝေါဘေးမှ ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး ပေါ့ပါးစွာပြောသည်။ "နည်းပြယွမ်က ငါတို့ကို လှုပ်ရှားခိုင်းတာ အံ့ဩစရာမရှိပါဘူး။ ဒါက တကယ်ပရိယာယ်များတာပဲ။"

"ပြောတာတော့ ဒီတစ်ခေါက်တပ်သားသစ်တွေထဲမှာ ကိုယ်စားလှယ်အပြင် 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီး' သုံးယောက်ပါတယ်တဲ့။ အခုလေးတင် ဓားနဲ့အမျိုးသမီး၊ လေထိန်းချုပ်နိုင်တဲ့ အမျိုးသား… နောက်ထပ်တစ်ယောက်က ဘယ်မှာလဲ။" ရွှမ်ဝေါက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

"အနီးနားမှာ အလစ်ဝင်တိုက်ခိုက်နိုင်တယ်။ သတိထားကြ။" ဝမ်မြန့်က တိုးတိုးလေးပြောသည်။

ဝမ်မြန့် ပြောပြီးသည်နှင့် နှစ်ဖက်လုံးရှိ အိပ်ဆောင်အဆောက်အအုံများ၏ ပြတင်းပေါက်များ ရုတ်တရက် ပေါက်ကွဲသွားပြီး ၎င်းတို့ထံမှ အနက်ရောင် သေနတ်ပြောင်းဝများ ထွက်ပေါ်လာသည်။ ရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များ၊ စနိုက်ပါသေနတ်များနှင့် လက်ပစ်ဗုံးပစ်လောင်ချာများပင် ရှိခဲ့သည်။

စင်္ကြံတွင် တပ်သားသစ်အယောက် ၂၀ ကျော် မတ်တတ်ရပ်လျက် သူတို့၏ လက်ချောင်းထိပ်များသည် အရောင်အသွေးအလင်းရောင်မျိုးစုံကို ထုတ်လွှတ်ကာ [မျက်နှာဖုံး] အဖွဲ့လူများကို ဖော်ရွေမှုမရှိသော အမူအရာများဖြင့် ကြည့်နေသည်။     
တစ်ချိန်တည်းမှာပင် တပ်သားသစ်လေးယောက်၏ အသွင်အပြင်များသည် အဆောက်အအုံနှစ်ခု၏နောက်ကွယ်တွင် ရုတ်တရက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် မြေပြင်ကိုဖိရန် လက်များကို ဆန့်ထုတ်လိုက်ကြသည်။    

မြေတံတိုင်းများ၊ အတားအဆီးများ၊ နွယ်ပင်များ၊ သံမဏိချွန်းများသည်... မြေပြင်မှ တက်လာပြီး လူသုံးယောက် ထွက်လာသည့် လမ်းဆုံကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားကာ အရှေ့ဘက်တွင် "品" ပုံသဏ္ဌာန်ရှိသော အိပ်ဆောင်အဆောက်အအုံများနှင့် ပေါင်းစပ်ထားသော မြေတံတိုင်းများက [မျက်နှာဖုံး] အဖွဲ့၏ ဆုတ်ခွာလမ်းကြောင်းအားလုံးကို လုံးဝပိတ်ဆို့ထားသည်။

အပျက်အစီးများကြားတွင် ရှန်ချင်းကျူသည် တုန်တုန်ယင်ယင် မတ်တတ်ထရပ်ကာ သူ့နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်ရန် လက်ဆန့်ပြီး လူငါးယောက်ကို အေးစက်စက်ပြုံးပြကာ ကြည့်လိုက်သည်။

"ပွဲပြီးပြီ [မျက်နှာဖုံး]"


TK Team (Chapter 80)