Chapter 121
Viewers 18k

🤒အခန်း ၁၂၁



"မင်း ကုန်းရွှေစီရင်စုကိုပြောင်းလာတော့ ရှောင်ရှင်းကဘယ်မှာနေတာလဲ.."


ကျူးထုန်: "ငါ့အဘိုးအိမ်ကိုပို့ထားခဲ့တာ.."


သူက စကားပြောနေရာမှ ရုတ်တရက်ရပ်လိုက်မိ၏။


ရှောက်မင်: "သူကရော သဘောတူခဲ့လား.."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။


"သူ သဘောတူတုန်းက ဘာလို့လဲဆိုပြီး မမေးဘူးလား.."


"....."


ကျူးထုန်က ရုတ်တရက်နားလည်သွားပြီး ရှောက်မင်ကိုဆတ်ခနဲလှမ်းကြည့်လိုက်သည်။


ရှောက်မင်က ခေါင်းမော့ပြီး သူ့နားသန်သီးလေးကိုပွတ်ရင်း ထပ်မေးလိုက်ပြန်သည်။ 


"ဒီတော့ သူနည်းနည်းလေးပိုပြီးယုံသွားအောင် ကြိုးစားကြည့်ချင်လား.."


ကျူးထုန်: "......"


ဟုတ်သားပဲ။ သူဘာလို့ ပိုပြီးမကြိုးစားကြည့်တာလဲ။


သူက ရှောင်ရှင်းကို အဘိုးအိမ်သို့အတင်းအကျပ်ပို့ခဲ့သည်။ ရှောင်ရှင်းက အပေါ်ယံတွင် သူ့ကိုစိတ်ဆိုးပြနေသော်လည်း ယနေ့အထိ တစ်ခါလေးမျှ အကြောင်းအရင်းကိုလာမမေးခဲ့ပေ။


ချင်ကျွင်းဟုန်လုပ်ခဲ့တာတွေနဲ့ကျူးရှို့ရှန်းရဲ့ဆုံးဖြတ်ချက်ကိုကြားပြီးတာတောင် သူဘာလို့ အရမ်းတည်ငြိမ်နေခဲ့တာလဲ။


ရှောင်ရှင်းကလည်း သူ့လိုပဲ သူ့ဘဝကိုမနှောင့်ယှက်မိအောင် စိတ်ထဲမှာတစ်ခုခုကိုဖုံးထားတာများလား။


သူတို့ကမောင်နှမ၊ ထိုထက်ပိုပြောရပါက အမြွှာလေးများပင်ဖြစ်လေ၏။


သူတို့အမေဆုံးပါးသွားပြီးနောက် သူတို့အချင်းချင်းနီးကပ်ခဲ့ကြသည်။ သူတို့ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ထိုင်ပြီးစကားကောင်းကောင်းပြောဖို့ ဘာလို့အချိန်မရှိခဲ့တာလဲ။


"မိသားစု" ကိုစွန့်ခွာဖို့ တွန့်ဆုတ်နေလို့မဟုတ်ရင် ရှောင်ရှင်းက သူတို့အဖေကသူ့ကိုလက်ထပ်ပေးဖို့စီစဥ်နေရတဲ့ရည်ရွယ်ချက်ကိုသိတာတောင် ဘာလို့ကျူးအိမ်ကိုပြန်ချင်နေမှာလဲ။


သူ..သူတို့ကို ပြောဆိုဖို့ပြန်သွားတာတော့ မဟုတ်ပါဘူးနော်။


ကျူးထုန်၏စိတ်ထဲတွင် ကျူးရှင်းက သူမ၏အဖေနှင့်စကားများနေပြီး ချင်မန်ဝမ်ကဘေးတွင်ရပ်ကာ မီးလောင်ရာလေပင့်နေမည့်ပုံရိပ်တို့ဖြင့် ပြည့်နှက်သွားလေသည်။ ရှောင်ရှင်းပြန်လာရင် သူ့စိတ်ကယောက်ယက်ခတ်နေတော့မှာ။


သူက ရုတ်တရက်ထရပ်ပြီးပြောလိုက်သည်။


 "ငါပြန်မှဖြစ်မယ်.."


ရှောက်မင်က သာမန်အတိုင်းမေးလာခဲ့သည်။ 


"ပြန်သွားပြီးဘာလုပ်မှာလဲ.."


ကျူးထုန်: "ငါကြောက်တယ်၊ ရှောင်ရှင်းကငါ့လက်ထပ်ပွဲကိစ္စကြောင့်ပြန်သွား.."


သူရပ်လိုက်မိသည်။


ကျူးထုန်က ထရပ်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်က နည်းနည်းချင်းစီအေးစက်လာခဲ့သည်။


အခန်းကလည်း တဒင်္ဂမျှတိတ်ဆိတ်သွားခဲ့၏။


သူ နောက်တစ်ခါထပ်ပြီး နားမလည်ပဲနဲ့တောင် အပြစ်ရှိတဲ့အရာတစ်ခုကိုဖော်ထုတ်လိုက်မိပြီလား။


သူ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်။ ဆိုဖာပေါ်မှရှောက်မင်က သူ့အား တောက်လောင်နေသောမျက်လုံးတို့ဖြင့်ကြည့်နေလေ၏။


ကျူးထုန်က ထုတ်ပြောလိုက်သည်။


 "မင်းတွေးနေတာမျိုးမဟုတ်ဘူး.."


ရှောက်မင်က တခဏမျှအံ့အားသင့်သွားသလိုဟန်ဆောင်လိုက်သည်။ 


"ကိုယ်ဘာတွေးနေတယ်ဆိုတာ မင်းသိလို့လား.."


သူ၏တုံ့ပြန်ပုံက သူ့အနေဖြင့် တစ်ခုခုကိုသိထားပြီးပြီ သိူ့မဟုတ် အနည်းဆုံးတော့ ကြားဖူးသည်ဟု အတိအကျဖော်ပြနေခဲ့သည်။


ကျူးထုန်က ရပ်သွားပြီးမေးလာလေသည်။


 "ဘယ်အချိန်တည်းကသိတာလဲ.."


ရှောက်မင်: "လက်ထပ်ပွဲအကြောင်းဆိုရင်တော့ A မြို့ကိုမလာခင်တည်းက ကြားခဲ့ပြီးပြီ.."


ကျူးထုန်: "...."


A မြို့ကိုမလာခင်တည်းက။


ကျူးထုန်က လော့ရှိုး သူ့အားပြောခဲ့သည့်အချိန်ကိုပြန်တွေးကြည့်လိုက်သည်။ ရှောက်မင် A မြို့ကိုမလာခင်က...ရှောက်မင်က လက်ထပ်ပွဲအကြောင်းကို သူ့ထက်အရင်ကြိုသိထားပြီးသားလို့ပြောချင်တာလား။


သူ ရှောက်မင်ကို စိုက်ကြည့်နေလိုက်သည်။


ရှောက်မင်က သူလက်ထပ်တော့မယ်ဆိုတာကိုသိသွားလို့ နှစ်သက်မှုရာခိုင်နှုန်းက ကျသွားခဲ့တာလား။


ရှောက်မင်က သူ့အပေါ်ကို အဲဒီလိုရည်ရွယ်ချက်မျိုး တကယ်ရှိနေခဲ့တာဆိုရင် နှစ်သက်မှုရာခိုင်နှုန်းကျသွားတာကလည်း လက်ထပ်ပွဲကိစ္စစီစဥ်ထားတာပေါက်ကြားသွားလို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး။


ကျူးထုန်က ဗြုန်းစားကြီး ပြန်ထိုင်ချလိုက်ပြန်သည်။


သူ ရှောက်မင်ကို ကြည့်လိုက်သည်။ မျက်နှာထားကလေးနက်နေ၏။ 


"ငါက လက်ထပ်ပွဲကိုလက်ခံဖို့ ဘယ်တုန်းကမှရည်ရွယ်ချက်မရှိခဲ့ဘူး၊ ငါ့အဖေက ငါ့ကိုအသိမပေးဘဲ တစ်ယောက်တည်းဆုံးဖြတ်လိုက်တာ၊ ငါက A မြို့ကိုပြန်လာပြီးမှသိရတာ၊ လက်ထပ်ပွဲကိုလည်းဖျက်သိမ်းလိုက်ပြီ၊ အခုကစပြီး ငါ့အဖေက ငါနဲ့ရှောင်ရှင်းတို့ကြားက ကိစ္စတွေကိုဝင်ပြီးစွက်ဖက်ခွင့်မရှိတော့ဘူး၊ ဒီနေ့ ဦးလေးလျိုစီစဥ်တဲ့ ဧည့်ခံပွဲကလည်း ဒါကြောင့်ပဲ.."


"....."


သူ့ဘက်က အလေးအနက်ဖြင့်ရှင်းပြနေ၍ ရှောက်မင်ကမျက်လုံးတို့ကိုမှေးလိုက်ကာ ခဏအကြာမှ အသံတိုးတိုးဖြင့်ပြန်မေးလာသည်။ 


"ဘာလို့..ဘာလို့ကိုယ့်ကို ဒါတွေရှင်းပြနေရတာလဲ.."


ကျူးထုန်: "ဘာလို့လဲဆိုတော့ ငါမင်းအထင်လွဲမှာကိုမလိုချင်ဘူး.."


ရှောက်မင်: "......"


သူ ရုတ်တရက်ပြုံးပြီး ပြောလိုက်လေသည်။


 "သခင်လေး၊ တစ်ခုခုကို မေ့နေတာလား.."


ကျူးထုန်ကလည်း မှင်သက်သွားခဲ့သည်။


"ကိုယ်မင်းကိုဖွင့်ပြောခဲ့တယ်လေ.." 


ရှောက်မင်က သူ့အနားကိုကပ်လာပြီးပြောလိုက်သည်။ 

"ဒါပေမဲ့ မင်းကိုယ့်ကိုအဖြေမပေးရသေးဘူး၊ မင်းကိုယ့်ကို ရှင်းပြစရာလည်းမလိုသေးဘူး.."


ကျူးထုန်: "......"


ရှောက်မင်၏နှုတ်ခမ်းတို့က အပြုံးတစ်ပွင့်အဖြစ်ကွေးညွတ်သွားခဲ့သည်။ 


"ဒီတော့ မင်းဘက်ကကြည့်ရင် မင်းကဒီလိုအရေးကြီးတဲ့အကြောင်းကို ကိုယ့်ကိုပြောပြပြီး မင်းရဲ့ရိုးသားမှုကိုသက်သေပြခဲ့တယ်၊ ကိုယ်တို့အတူမနေခင်ကတောင် ကိုယ်တို့သခင်လေးက သူ့ရဲ့ ကိုယ်ကျင့်သိက္ခာစံနှုန်းတွေကိုထိန်းသိမ်းထားဖို့မမေ့ဘူးပဲ..."


ကျူးထုန်မှာ သူ့စကားကြောင့် ရုတ်တရက် အသက်ရှူကျပ်သွားရသည်။


ဘာကိုရိုးသားတာလဲ။ ဘာကို ကိုယ်ကျင့်သိက္ခာစံနှုန်းလဲ။


ရှောက်မင်က ဘာတွေလာပြောနေတာလဲ။


သူဆက်ပြောတော့မည့်ဆဲဆဲ ရှောက်မင်က ဆက်ပြောလာခဲ့သည်။ 


"ပြီးတော့ ကိုယ်ကလက်ထပ်ပွဲအကြောင်းကိုသိပြီးသားဆိုရင် ကိုယ်ကဒီနေရာမှာပေါ်လာပါ့မလား.."


"......"


ကျူးထုန်က ငြိမ်ကျသွားပြီးမေးလာခဲ့သည်။ 


"မင်းဒီကိုလာတာက သတို့သမီးကိုလာခိုးတာလား.."


ရှောက်မင်: "....."


ရုတ်တရက်ပင် ကျူးထုန် ကျောင်းစတက်သည့်အချိန်က ဖတ်စာအုပ်မရသေးခင် စာသင်ခန်းထဲတွင်ဖတ်ခဲ့ဖူးသော "မင်းကိုယ့်ကိုချစ်လာမယ့်နေ့အထိ စောင့်နေဆဲ" ဆိုသည့်ဝတ္ထုတစ်အုပ်ကို သတိရမိလိုက်သည်။ 


ဒီသခင်လေးကတော့ အားတဲ့အချိန်မှာ ဘာတွေကြည့်နေတာလဲ။


သူမနေနိုင်တော့ဘဲ ရယ်ပြီးပြောလိုက်မိသည်။ 


"မင်းကိုယ့်ကိုအဲဒီလိုလုပ်စေချင်ရင် ကိုယ်မင်းကျေနပ်တဲ့အထိဖျော်ဖြေပေးနိုင်ပါတယ်.."


ဖျော်ဖြေပေးမယ်ဆိုတာ ဘာစကားကြီးလဲ။ ဘာကိုပြောချင်တာလဲ။


ဒါက ရှိတောင်မရှိတဲ့သတို့သမီးကို ခိုးစရာမလိုဘူးလို့ပြောတာလေ။


ကျူးထုန်မျက်နှာက နီရဲလာသည်။


ရှောက်မင်သာ အခြားတစ်ယောက်ကိုလက်ထပ်ချင်နေမှန်းသူသိလျှင် သူ့အနေဖြင့် ထိုသူအရှေ့ကိုထပ်ပေါ်လာမည်မဟုတ်ပေ။


သူ ဤနေရာတွင်ရှိနေ၍ လက်ထပ်ပွဲအကြောင်းကိုသိပြီးသားဟုယူဆနိုင်ပြီး ရှင်းပြစရာမလိုဟုပြောပြီးသားဖြစ်နေလေသည်။


ဆိုတော့ အခုလေးတင် အလောတကြီးရှင်းပြလိုက်တာက ဘာဖြစ်သွားပြီလဲ။


သူထပ်ပြီး ဖော်ထုတ်လိုက်မိပြန်ပြီလား။


ဒါပေမဲ့ လက်ထပ်ပွဲအကြောင်းကိုသိထားလို့မဟုတ်ရင် နှစ်သက်မှုရာခိုင်နှုန်းကဘာလို့ကျသွားမှာလဲ။


ကျူးထုန်ကလည်း ရှောက်မင်ကို ကျန်းဝမ်နှင့်အကြောင်းအားမေးချင်နေခဲ့သည်။ သူလှည့်ကြည့်လိုက်သည့်အခါ ထိုသူ၏ကျီစယ်ဟန်နှင့် ပရောပရည်နိုင်သောအပြုံးကိုတွေ့လိုက်ရသည်။ ယခုလေးတင်ပြောလိုက်မိသော "သတို့သမီးကိုခိုးသည်" ဆိုသောစကားလုံးက သူ့စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာလေသည်။ ရုတ်တရက်ပင် သူ့နားရွက်တို့ကနီရဲလာခဲ့သည်။ သူဘာကိုမှ မပြောနိုင်တော့ပေ။


သူ ရှောင်ရှင်းကိုအရင်သွားတွေ့သင့်သည်။


ရှောက်မင်ထံမှထွက်ပြေးမည့်အကြံက ယခုလေးတင်သူ့ခေါင်းထဲ၌ပေါ်လာခဲ့သော "ရှောင်ရှင်းကိုပိုပြီးယုံကြည်လာအောင်လုပ်မည်" ဆိုသောအတွေးထက်အရင်ပေါ်လာခဲ့သည်။


ကျူးထုန်က နောက်တစ်ခါထရပ်လိုက်သည်။ သူ့တကိုယ်လုံးတောင့်တင်းနေခဲ့သည်။ သူ့ခြေထောက်များပင်တုန်နေခဲ့၏။ 


"ငါအရင်ပြန်.."


သူ သွားတော့မည်ဟုပင်မပြောရသေးခင် ဗိုက်က တင်းခနဲဖြစ်သွားခဲ့သည်။ လက်တစ်ဖက်က သူ့သွားမည့်လမ်းကိုတားလာပြီး သူ့အားအနောက်သို့ လန်ကျသွားစေခဲ့သည်။ သူ့ခြေထောက်က ယိုင်သွားပြီး ဆိုဖာနှင့်ဒုန်းခနဲတိုက်မိလေ၏။ သူက ဘေးရှိ မညီညာသောမျက်နှာပြင်ပေါ်တွင်ထိုင်နေသလိုခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ ရှောက်မင်၏ပိုမိုနီးကပ်လာသော မျက်နှာချောချောလေးကို အနီးကပ်မြင်လိုက်ရသည်။


ရှောက်မင်က သူ့နားကို တိုးတိုးလေးကပ်ပြောလိုက်၏။ 


"မင်းကကိုယ့်ကို 'သတို့သမီး' ခိုးဖို့ခွင့်ပြုပေးလိုက်ပြီဆိုတော့ ကိုယ့်ဘက်ကအရင်စလိုက်လည်း စိတ်ပျက်စရာမရှိလောက်ဘူးမလား.."


တချိန်တည်းမှာပင် တံခါးကတွန်းဖွင့်ခံလိုက်ရသည်။ ချန်ချန့်ကအသီးပန်းကန်လေးကိုင်ရင်း အခန်းထဲသို့ဝင်လာလေ၏။ 


"ထုန်ထုန်ရေ၊ ငါကြားတယ်၊ မင်းနဲ့မင်းသူငယ်ချင်း.."


သူမော့ကြည့်လိုက်သည့်အခါ တံခါးမှ နောက်ထပ်မျက်လုံးတစ်စုံကိုမြင်လိုက်ရသည်။ အခန်းထဲတွင် မျက်လုံးက လေးလုံးထပ်ပိုနေလေ၏။ အခန်းထဲမှလူနှစ်ယောက်က တစ်ယောက်အပေါ်တစ်ယောက်ထပ်နေစဥ် တံခါးမှလူမှာ ကြောင်အနေလေသည်။


*****


 á€€á€ťá€°á€¸á€›á€žá€­á€Żá€ˇá€›á€žá€”်းက ကျူးရှင်းထက် တစ်နာရီခွဲခန့်စောပြီး ကျူးအိမ်ကိုပြန်ရောက်လာခဲ့သည်။ ဧည့်ခံပွဲတွင် ဆေးခါးကြီးကျိတ်စားခဲ့ရသောကျူးရှို့ရှန်းမှာ အိမ်ပြန်ရောက်သည်နှင့် ချက်ချင်းပေါက်ကွဲလေတော့သည်။


အစပိုင်းတွင် ချင်မန်ဝမ်က သူ့အားစိတ်လျှော့ရန်ဖြောင်းဖျသေးသည်။ သို့သော်လည်း ကျူးရှို့ရှန်းကသူမကို ခပ်ကြမ်းကြမ်းရိုက်လိုက်ကာ ဒေါသကိုပုံချလိုက်သည့်နောက် သူမလည်းထပ်ပြီးရှေ့မတိုးသွားရဲတော့ပေ။


ကျူးရှို့ရှန်းမှာ ချင်မန်ဝမ်ကိုဒေါသတကြီးဆဲဆိုနေပြီးပြောလိုက်လေသည်။ 


"မင်းရဲ့သားသာ ထုန်ထုန်ကို အဲဒီအလုပ်မျိုးမလုပ်ခဲ့ရင်၊ သူ့အတွက်နဲ့ကျန်းဝမ်ကို အိမ်တံခါးဝအထိလာရအောင်မလုပ်ခဲ့ရင် ဒီလိုမျိုးတွေဖြစ်လာမလား.."


ချင်ကျွင်းဟုန်သာ ကျူးထုန်နှင့် သွားမရှုပ်ခဲ့လျှင် ချန်ချင်းစုန့်ကလည်း သူ့အားဆူရန်အတွက် ကုမ္ပဏီအထိခေါ်မည်မဟုတ်။ ချန်မိသားစုထံ သူ့ကိုယ်သူသက်သေပြရန် စိတ်အားထက်သန်နေခဲ့မည်လည်းမဟုတ်သလို လက်ထပ်ပွဲကိုလည်းလက်ခံခဲ့မည်မဟုတ်ပေ။


ချင်ကျွင်းဟုန်သာ ကျူးထုန်ကို ကျန်းဝမ်နဲ့မမိတ်ဆက်ပေးခဲ့ရင် ကျန်းဝမ်ကသူ့ကိုဘယ်လိုလုပ် ချောက်ချနိုင်မှာလဲ။ ဒီနေ့ဧည့်ခံပွဲမှာ ကျန်းဝမ်နဲ့ချန်ချန့်တို့အတူရပ်နေတာကို သူနားမလည်စရာလား။


ကျန်းဝမ်က အစောကတည်းက သူနဲ့အတူအလုပ်လုပ်ဖို့စိတ်ကူးရှိခဲ့တာမဟုတ်ဘူး။


သူတို့အကုန်လုံးက သူ့ကိုအထင်သေးကြတယ်။ သူတို့အကုန်လုံးက အကွက်တကျနဲ့သူ့ကိုဆန့်ကျင်နေကြတာ။


ယခု လျိုကျန်းဖေကပါ ဝင်ပါလာပြီး ကျူးထုန်နှင့်ကျူးရှင်းကို သူ၏ကာကွယ်မှုအောက်သို့သွင်းလိုက်သည်။ ယင်းက ချန်ချင်းစုန့်ရည်ရွယ်ထားသည့်အတိုင်းဆိုပါက ကုမ္ပဏီကလည်း အနာဂတ်၌ အမှားကြီးတစ်ခုဖြစ်လာလျှင် သူအကူအညီရပါဦးမလား။


ရှောင်ရှင်းက အရွယ်ရောက်နေပြီ။ ဤနှစ်တွင် သူနှင့်ပူးပေါင်းခဲ့သူများအနက် အများစုက သူတို့အိမ်မှကလေးများနှင့်ရှောင်ရှင်းက ခင်ကြသည်ဟု အရိပ်အမြွက်ပြကြသည်။ သူတို့ဆိုလိုချင်သည့်စကားကို သူကနားလည်ခဲ့သောကြောင့်ပျော်ရွှင်ခဲ့ရသော်လည်း ထုတ်မပြောရန်သတိထားနေခဲ့ရသည်။


လက်ထပ်ပွဲအတွက် အပြေးအလွှားရောက်လာသူတို့က သူရွေးချယ်ထားသောပစ်မှတ်မဟုတ်ပေ။


သူ့သမီးက အခြားပိုကောင်းသောလူတစ်ယောက်နှင့်ထိုက်တန်သည်။ ကျူးမိသားစုကို ပိုမြင့်သည့်နေရာရောက်အောင် ဆွဲတင်ပေးနိုင်သည့်လူမျိုး။


ယခုတော့ လျိုကျန်းဖေကဝင်ပါလာသည်။ အချို့လူများမှာ မိသားစုနှစ်စုပေါင်းစည်းခြင်းက သူတို့အတွက် ဖိအားပိုများလာလိမ့်မည်ဟုထင်ခဲ့ကြသော်လည်း ၎င်းက ယာယီသာဖြစ်လေသည်။ လျိုကျန်းဖေက သူနှင့်ပူးပေါင်းမည်မဟုတ်ကြောင်း သူသိသည်။ အခြားသူများသာ ယင်းကို တစ်ခါနားလည်သွားသည်နှင့် သူ့ကိုခယခဲ့သူများက လျိုကျန်းဖေထံသို့သာ တိုက်ရိုက်သွားကြတော့မည်ဖြစ်ပြီး သူ့အတွက် တိုင်းတာမရနိုင်သောဆုံးရှုံးမှုတို့ကို ယူဆောင်လာနိုင်သည်။


သူတစ်ခုခုလုပ်မှဖြစ်တော့မည်။


သူစိတ်လျှော့ချလိုက်ပြီးသည်နှင့် ဖုန်းထုတ်ကာ ကျူးထုန်ကိုခေါ်လိုက်သည်။


ဖုန်းပင်မဝင်သေးမီ ဗီလာတံခါးက ရုတ်တရက်ပွင့်သွားခဲ့သည်။


မိန်းကလေးက ဧည့်ခဲပွဲတွင်ရှိခဲ့စဥ်ကအတိုင်း မဲနယ်ရောင်အဝတ်အစားကို ဆက်လက်ဝတ်ထားဆဲပင်ဖြစ်လေသည်။ သူမက ကျော့မော့နွဲ့နှောင်းစွာဖြင့် ဗီလာအတွင်းသို့လမ်းလျှောက်ဝင်လာခဲ့သည်။


ကျူးရှို့ရှန်း၏မျက်စံအိမ်တို့က ကျုံ့ဝင်သွားပြီး အံ့ဩသွားရန်အချိန်မရသေးခင် ကျူးရှင်းအနောက်မှဝင်လာသူကို မှုန်ဝါးဝါးမျှမြင်တွေ့လိုက်ရသည်။


ထိုသူက ရှောင်ရှင်းအတွက် လူအိုကြီးချန်က စီစဥ်ပေးထားသော သက်တော်စောင့်ပင်ဖြစ်လေသည်။


ကျူးရှို့ရှန်း၏မျက်လုံးတို့က ရုတ်ချည်းအေးစက်သွားတော့သည်။


ချင်မန်ဝမ်က ကျူးရှို့ရှန်းအရှေ့တွင်ဆိုလျှင် မေတ္တာကြီးမားသောအမေတစ်ယောက်နှယ် အမြဲသရုပ်ဆောင်ပြတတ်သည်။


သူမက ကျူးရှို့ရှန်းထံမှလျစ်လျူရှုခံထားရချိန်တွင် ကျူးရှင်းက သူမ၏တစ်ခုတည်းသောမျှော်လင့်ချက်လေးဖြစ်နေခဲ့သည်။ အဓိကအနေဖြင့် ကျူးရှင်းက အိမ်မှထွက်သွားချိန်တွင် သူမကိုဖုန်းမခေါ်ခဲ့ရသည့်အကြောင်းအရင်းကို အခံရခက်နေခဲ့သည်။ သို့သော်လည်း စိတ်ကျဥ်းကျပ်မှုကိုဖယ်လိုက်ပါက ကျူးရှင်းက သူမ၏ တစ်ခုတည်းသောမျှော်လင့်ချက်လေးဖြစ်နေဆဲပင်။


သူမက ကျူးရှို့ရှန်းရိုက်နှက်ထားသော မျက်နှာပေါ်မှလက်ရာကိုဂရုမစိုက်တော့ပေ။ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဗီလာတံခါးထံသို့ အပြေးလေးလျှောက်လာလေသည်။ 


"ရှောင်ရှင်းပြန်လာပြီလား၊ စားပြီးပြီလား၊ အဒေါ်ချင် သမီးအတွက် တစ်ခုခုလုပ်ပေး..."


"မလိုတော့ပါဘူး အဒေါ်ချင်.." 

ကျူးရှင်းက လေပြည်အေးလေးဖြင့် သူမစကားကိုဖြတ်တောက်လိုက်သည်။


ချင်မန်ဝမ်မှာ ဖြည်းဖြည်းချင်းအေးခဲလာလေ၏။


ကျူးရှင်းက တည်ငြိမ်စွာပင်ပြောလာခဲ့သည်။ 


"ဒီနေ့ပြန်လာတာက အမေထားခဲ့တဲ့ပစ္စည်းလေးတွေလာယူတာပါ၊ ယူပြီးရင်သွားတော့မှာပါ.."


သူမက စကားဆုံးသွားသည်နှင့် ချင်မန်ဝမ်ဘေးမှဖြတ်သွားပြီး အပေါ်ထပ်ကို တိုက်ရိုက်တက်သွားရန်စီစဥ်လိုက်သည်။


ကျူးရှို့ရှန်းမှာ နောက်ဆုံးတော့ အငြိမ်ထိုင်မနေနိုင်တော့ပေ။ အနားကိုလျှောက်လာပြီး ပြောလာခဲ့သည်။ 


"ယူပြီးရင်သွားတော့မယ် ဟုတ်လား၊ ဘယ်ကိုသွားမလို့ကြံစည်နေတာလဲ၊ အဲဒီလျိုမျိုးရိုးနဲ့လူရဲ့အိမ်လား၊ နင်ကအဲဒီသူခိုးကောင်ကို တကယ်ပဲနင့်အဖေလို့ သတ်မှတ်တော့မယ်ပေါ့ဟုတ်လား.."



🤒