Chapter - 64
(ဂလက်ဆီအတွဲ၏ ပျားရည်ဆမ်းခရီး...)
စီဆဲလ်သည် ကျောင်းမြန်ကို သူတို့သွားလေ့ရှိသည့် တရုတ်စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားသည်။ သီးသန့်ခန်းတစ်ခုတွင် ထမင်းစားနေစဉ် စီဆဲလ်သည် အတွင်းရေးမှူးဌာန၏ အစီရင်ခံစာအကြောင်းကို ကျောင်းမြန်အား ပြန်ပြောပြသည်။
"အာ.. "
ကျောင်းမြန်သည် မျက်မှောင်ကြုတ်ကာ အသားတစ်ပိုင်းကို စားနေရင်း ပြန်ပြောလိုက်သည်။
"သူတို့ ဖရိုဖရဲ ဖြစ်နေတာက ကျွန်တော်တို့အတွက် ကောင်းတယ်..."
"ဟုတ်တယ်....ကိုယ်တို့ အခွင့်အရေးတစ်ခု ရှာတွေ့မှာပါ...."
စီဆဲလ်သည် ကျောင်းမြန်အား အသားတစ်ပိုင်း ထည့်ပေးလိုက်သည်။
ကျောင်းမြန် ခဏရပ်လိုက်ပြီးနောက် ပြုံးကာ ပြော၏။
"အခုဆို.....ခင်ဗျား ကျွန်တော့်ကို ဘာမှ မဖုံးကွယ်ထားတော့ဘူးပဲ....."
စီဆဲလ် ခဏလောက် ထိတ်လန့်သွားပြီးမှ ပြန်ပြုံးလိုက်သည်။
"ကိုယ်တို့ အချင်းချင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး ဘာမှ မဖုံးကွယ်ထားဖို့ သဘောတူထားတယ်လေ.... မှတ်မိတယ်မလား..."
"အင်း...”
နှစ်ယောက်လုံးသည် တစ်ယောက် အတွက် တစ်ယောက် ဖြေဆေးရှာတွေ့ပြီး ပေးလိုက်ကြပြီးဖြစ်သည်။ထိုကပ်ဆိုးကြီးပြီးသွားချိန်တွင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းဆက်ဆံဖို့ နည်းလမ်းသစ်တစ်ခုရလာပြီးဖြစ်သည်။
"စကားမစပ်၊ ကျွန်တော် B1 မှာ ဆေးဖက်ဝင်အပင်တွေ စုဆောင်းရမယ်။"
ကျောင်းမြန်သည် B1တွင် ဆေးဖက်ဝင်အပင်များစွာကိုသာ မက ဟောင်လုလုကိုလည်း တွေ့ခဲ့လေသည်။
"အဲ့ဒီအရာတွေကို အောက်ကလူတွေနဲ့ ထားလိုက်လို့ မရဘူးလား...."
စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
-ဆေးဖက်ဝင် အပင် စုဆောင်းမယ်ဆိုရင်..... ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းလိမ့်မယ်....။
"အောက်ကလူတွေနဲ့ လွှတ်ထားလိုက်ရင် ကျွန်တော်က ဘာလုပ်ရမှာလဲ..."
"ရုံးမှာပဲ အနားယူပေါ့..."
ကျောင်းမြန် အကြိမ်အနည်းငယ်ခန့် ရယ်မောကာ စီဆဲလ် ကို တွန်းလိုက်ပြီး ဆက်ပြော၏။
"ကျွန်တော် သွားမှရမယ်၊ ပြဿနာမရှာနဲ...."
"ဒါဆို ကိုယ်လည်း မင်းနဲ့လိုက်ခဲ့မယ်"
စီဆဲလ် ခဏငြိမ်သွားပြီးမှ တစ်ခုခုကို သတိရသွားသလိုမျိုး ခုံကို လက်ဝါးဖြင့် ရိုက်လိုက်သည်။
"ဟုတ်သားပဲ..... ကိုယ်တို့ ဟန်းနီးမွန်းခရီး မသွားရသေးဘူးလေ...."
ကျောင်းမြန် မျက်ခုံးပင့်လိုက်သည်။
မှန်သော်လည်း...သူတို့သည် မင်္ဂလာပွဲမလုပ်ရသေးပဲ ဘာလို့ ဟန်းနီးမွန်းခရီးကို သွားဖို့ အရင်လို နေရသနည်း....။
"မဟုတ်ရင်လည်း B1 တစ်ပတ် လျှောက်လည်ကြမယ်...."
ကျောင်းမြန် မျက်တောင်ခတ်လိုက်ပြီး.....
"ဒါဆို.....အလုပ်ကရော"
"ဘာပဲဖြစ်ဖြစ် ဒီကိုကြည့်လိုက်!"
စီဆဲလ်သည် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဇနီးသည်ထက် ပိုအရေးကြီးသော အလုပ် မရှိ...... အလုပ်က ဘယ်တော့မှ ပြီးနိုင်မှာ မဟုတ်ဘူး.... ဒါကြောင့် ပျော်ရွှင်နေဖို့က ပိုအရေးကြီးတယ်...."
စီဆဲလ်တွေးမိသည် ....'နောက်ပိုင်းတွင် ဇာစ့်တို့၏ ပြဿနာဖြင့်ပိုရှုပ်ထွေးလာကြပြီး အနာဂတ်မှာ ကသောင်းကနင်းဖြစ်လာလိမ့်မယ်....အဲ့အချိန်ကျရင် သူတို့ ဒုက္ခရောက်ကာ စစ်ပွဲတွေနဲ့ ထပ်ကြုံရမှာပင်.... အလုပ်နှင့် စစ်ပွဲကြား ပို၍ ခက်ခဲလာနိုင်သောကြောင့် အခုချိန်သည် အခွင့်ကောင်းဖြစ်သည်ပင်......'
ကျောင်းမြန် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း
"အဆင်ပြေပါ့မလား...!"
သူ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးပေ...။
"ပြေပါတယ်...."
ကျောင်းမြန်လည်း ခေါင်းငုံ့ကာ ဆက်ပြောလိုက်သည်။
"အင်းပါ....အဲ့ဒါဆို စက်ရုံအကြောင်း ဆက်ပြောကြမယ်..."
သူတို့ နှစ်ယောက်သည် ရှားရှားပါးပါးထွက်ရသည့် ခရီးကို အဆင်ပြေပြေသွားနိုင်အောင် စီစဉ်ထားပြီး နောက်နေ့တွင် ခရီးထွက်ကြသည်။ ဒုက္ခအိုးလေး အယ်လန်သည်လည်း သူတို့နှင့်လိုက်ချင်သောကြောင့် အဖွဲ့ချုပ်တစ်ခုလုံးအား သူ့နှင့်အတူ အဖော်လိုက်ရန် ဆွဲဆောင်သော်လည်းဘယ်သူမှ မလိုက်နိုင်ဟု ဆိုသောကြောင့် အထီးကျန်ကာ တွဲဖက်မရှိတော့သော်လည်း တခြားသူ၏ အပိုမီးသီး ဖြစ်လာလည်း ဂရုမစိုက် ဟုယူဆကာ လိုက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် စီဆဲလ်သည် အေရွန့်အား မရေမတွက်နိုင်အောင် ဓါးဖြင့်ထိုး၍ ပြတင်းပေါက်မှ ကန်ချချင်စိတ်များဖြစ်ပေါ်နေသောကြောင့် အံကိုသာ တင်းတင်းကြိတ်ထားတော့သည်။
"ဒါမဟုတ်လား......!"
အယ်လန်သည် ပြတင်းပေါက်နားတွင်ထိုင်ပြီး ကျောင်းမြန်အား ဆွဲခေါ်ကာ မေးလိုက်၏။
"အရမ်းလှတာပဲ.....!"
ကျောင်းမြန်သည် သူ၏ဆံပင်ထိပ်ကို ပွတ်ပေးလိုက်ပြီး သူ့အား ကလေးတစ်ယောက်လို ခံစားလိုက်ရသည်။
"ဒါက B99 လေ အရမ်းနာမည်ကြီးတဲ့ ခရီးသွားနေရာ..... သဲကန္တာရထဲမှာဆို အရမ်းကျော်ကြားတယ်"
လေယာဉ်ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်လျှင် အဆုံးမရှိသည့် တောကို မြင်နိုင်ပါသည်။ ဤအနက်ရောင်နယ်မြေသည် ရှေးခေတ်မြေကြီးပေါ်ရှိ အချို့နေရာများကဲ့သို့ ရံဖန်ရံခါ သေးငယ်သော လယ်ကွက်များနှင့် ရွာများ ပြန့်ကျဲနေခြင်းမရှိပေ။
"လှလိုက်တာ...."
သူပြောသည့်အတိုင်း အယ်လန်၏မျက်လုံးများ ပေကလပ် ပေကလပ်ဖြင့် ပြော၏။
"B99မှာ... ငါကြားဖူးတာတော့ ဒီမှာ လည်လို့ကောင်းပြီး အရမ်းလှတဲ့ ရေတံခွန်တွေနဲ့ စမ်းချောင်းတွေနဲ့ ရှိတယ်တဲ့ ........ ဘယ်ကို အရင် သွားကြမလဲ...."
စီဆဲလ် အမြန်လှည့်လာပြီး ပြတ်သားစွာပြောလိုက်သည်။
"ငါတို့က ရေတံခွန်ကို အရင်သွားမယ်....မင်းက စမ်းချောင်းကိုသွား.... ပြီးရင် မင်းက ရေတံခွန်ကိုသွားရင်....ငါတို့က စမ်းချောင်းကို သွားမယ်...."
အယ်လန် : "......"
ကျောင်းမြန် ရယ်လိုက်သော်လည်း စီဆဲလ်သည် မျက်နှာသေဖြင့် ရပ်နေဆဲ ဖြစ်သည်။
အယ်လန်၏ ပါးစပ်ထောင့်များ တောင့်တင်းသွားကာ...
"အိုကေ...အိုကေ!"
ရိုးရိုးသားသားပြောရလျှင် သူလိုက်လာချင်စိတ်ရှိသော်လည်း မီးသီးမဖြစ်ချင်ပါ..... အကယ်၍ သွားလာနေရင်း မီးသီးကျွမ်း သွားပါက ထိခိုက်မည့်သူမှာ သူသာဖြစ်မည် မဟုတ်ပါလော.....။
"ဒါဆို ဒီည အတူတူနေကြရအောင်၊ ပြီးမှ မနက်ဖြန် မနက်ကို ငါ စမ်းချောင်းဘက် သွားကြည့်လိုက်မယ်...."
လမ်းညွှန်ကိုကြည့်ရှုရန် တာမီနယ်၏လမ်းကြောင်းပြစနစ်အား သူဖွင့်ကြည့်လိုက်သည်။
လေယာဉ်ဆင်းသက်ပြီးနောက် လူများသည် အခန်းကိုကြိုတင်မှာယူရန် ဧည့်ကြိုကောင်တာသို့သွားကြသည်။
B99 သည် အလွန်ဝေးကွာသောကြောင့် သူတို့ကို မည်သူမျှ မမှတ်မိနိုင်သော်လည်း အခြေအနေအရ သူတို့သည် အနက်ရောင်မက်စ်များ ဝတ်ဆင်ထားရဆဲဖြစ်သည်။
ထို လူနှစ်ယောက်နှင့်အတူ ထွက်လာပြီးနောက် စီဆဲလ်သည် အခန်းမှာယူရန် ကောင်တာသို့ ထွက်လာခဲ့ပြီး အယ်လန် နှင့် ကျောင်းမြန်တို့သည် ခရီးသွားလက်ကမ်းစာစောင်များဖတ်ရင်း ဘေးတွင် ရပ်နေကြသည်။
"ကျွန်တော် ရေချိုးလိုက်ဦးမယ်..."
"အင်း...."
ကျောင်းမြန်သည် သူ့အား လက်ကမ်းစာစောင်ကို ကမ်း ပေးလိုက်သည်။
အယ်လန်သည် ဧည့်ကြိုကောင်တာ၏ အပြင်ဘက်ရှိ တိုင်လုံးအား မှီကာ တစ်ယောက်တည်း မတ်တပ်ရပ်နေရင်း လက်ကမ်းစာစောင်အား ပျင်းရိစွာ ဖတ်နေသည်။
'ဘရင်း.....-!'
အင်ဂျင်၏ရုတ်တရက်ကျယ်လောင်သောအသံကြောင့် အယ်လန်၏ ဆံပင်များ ထောင်တက်သွားသည်။သူဘာမှမတုန့်ပြန်နိုင်ခင်တွင် သူ့ဘေးသို့ ဆိုင်ကယ်တစ်စီးကို အရှိန်ပြင်းပြင်းဖြင့် မောင်းလာသည့် လူတစ်ယောက်ကို ယောင်ဝါးဝါး မြင်လိုက်ရသည်။
သို့သော် ထိုလူသည် သူ့ဘေးနားမှ ဖြတ်သွားစဉ် သူ့လက်ထဲမှ အိတ်ကို လှမ်းဆွဲလိုက်လေသည်။
အယ်လန် အံ့အားသင့်သွားပြီး ထိုလူက သူ့ခွန်အားကို အသုံးမချနိုင်ခင်ကို အိတ်ကို လုယူသွားခဲ့ပြီးဖြစ်သည်။
သေစမ်း...!
အယ်လန် အံ့သြသွားသည်။ သူ့အိတ်ထဲတွင် ပတ်စ်စပို့ နှင့်ပိုက်ဆံများ ပါလေသည်။
"ငါ့အိတ်ကို ပြန်ပေးစမ်း..... အမဲကောင်!!"
"ကယ်ကြပါဦး.... ဒီမှာ သူခိုးတစ်ယောက်ရှိနေတယ်.....
သူခိုးဗျို့.....သူခိုး!! အား.....-"
အယ်လန်သည် စိတ်ရှုပ်ထွေးစွာဖြင့် ခုန်ပေါက်နေသည်။ယခုလို အခြေအနေမျိုးတွင် သူအခုမှသင်ယူခဲ့သည့် ခြေသုံးချောင်းရှိသော ကြောင်ကွန်ဖူးကို အသုံးပြုဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ သူ့ကိုယ်သူ ကျယ်လောင်စွာ အော်ဟစ်အားပေးပြီးနောက် လက်ရန်းပေါ်မှ ခုန်ချကာ ဆိုင်ကယ်ပေါ်မှလူကို ရိုက်နှက်ခဲ့သည်။
"မင်းကို အသေချပစ်မယ်...!"
'အင့်...'
သူ အောင်မြင်စွာ ခုန်ချပြီးနောက် ထိုလူအား ဝင်တိုက်လိုက်သော်လည်း....ထိလူသည် အယ်လန်၏ လည်ပင်းကိုပါ ဆွဲချပြီး အပါခေါ်သွားသည်။
သို့သော် ဒီလူသည် ပုံမှန်အတိုင်း ဆက်ဆံလို့ရမည့် လူမဟုတ်သလို အယ်လန်သည်လည်း အတွေ့အကြုံ နုသေးသဖြင့် လျင်မြန်စွာ မတုံ့ပြန်လိုက်နိုင်ပေ။ ထိုလူသည် ဤအချက်ကို အခွင့်ကောင်းယူကာ သူ့အားတွန်းထုတ်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားသည်။
"အာ့..."
အယ်လန် ကုန်းရုန်းကာ ထရပ်လိုက်ပြီး အော်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း စီဆဲလ်အား မကျိန်ဆဲဘဲ မနေနိုင်တော့ပေ......
'ဘာတွေလုပ်နေလို့ ဒီလောက်တောင်ကြာနေတာလဲ...... ထွက်လာသင့်နေပြီ မဟုတ်ဘူးလား....!'
'ဘန်း.....'
သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်မည်ကို မမျှော်လင့်ထားပေ။ သူခိုးသည် နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ဆံပင်အနက်ရောင်ရှိသည့် အမျိုးသားတစ်ယောက်သည် ဘားထဲမှ ရုတ်တရက် ထွက်လာပြီး သူ့အား တစ်ချက်တည်း ကန်ကာ အနိုင်ယူလိုက်သည်။
အယ်လန်လည်း အံ့သြဝမ်းသာသွားကာ ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။
"အစ်ကို၊ ကျေးဇူးအများကြီးတင်ပါတယ်!"
ထိုအချိန်တွင် စီဆဲလ်နှင့် ကျောင်းမြန်တို့သည် အလျင်အမြန် ရောက်လာကြသည်။
"ဘာဖြစ်တာလဲ"
စီဆဲလ် မျက်မှောင်ကြုတ်ကာ....
"ဘာလို့ ဒီလောက်အော်နေတာလဲ"
"ဟက်....."
အယ်လန်သည် စီဆဲလ်အား ခံစားချက်မဲ့စွာဖြင့် တစ်ချက် လှောင်ရယ်လိုက်ပြီး ထိုလူ့လက်ထဲမှ သူ့အိတ်ကို လှမ်းယူလိုက်ပြီးနောက် နွေးထွေးစွာ ပြုံးပြပြီး ပြောလိုက်သည်။
"မင်းရဲ့ ရက်ရောတဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်!"
စီဆဲလ်နှင့်ကျောင်းမြန်တို့သည် ဗိုက်ကို ကိုင်ထားရင်း ငိုနေသောလူကို ကြည့်လိုက်သည်။ ထို့နောက် ဖြစ်ပျက်နေသမျှကို နားလည်သွားကြပြီး ကူညီပေးသည့်လူအား ကျေးဇူးတင်လိုက်သည်။
"မင်း...နာမည်ဘယ်လိုခေါ်လဲ"
အယ်လန် က ပြုံးပြီး ပြောလိုက်သည်။
"မင်း သိုင်းပညာ အရမ်းကောင်းတာပဲ....."
"ဝမ်ကျွင်း..."
ဝမ်ကျွင်းသည် ပခုံးကျယ်ကျယ်ပေါ်တွင် ရှုပ်ပွနေသည့် အနက်ရောင် ဆံပင်များ၊ သန်မာသော အသွင်အပြင်၊ အရပ်ရှည်သော ခန္ဓာကိုယ်နှင့် ထင်ရှားသော လက်မောင်းကြွက်သားများတွင် ဓားဒဏ်ရာများ ရှိနေသည်။ ထိုအမာရွတ်များသည် သူ့အား ကြမ်းတမ်းပြီး သူရဲကောင်းဆန်စေသည်။
သူတို့သုံးယောက်ကိုကြည့်ပြီးနောက် ဝမ်ကျွင်းသည် မပြောဘဲ မနေနိုင်လို့ ပြောလိုက်သည်။
“ဒီနေရာက နည်းနည်းအန္တရာယ်များတယ်...... မင်းတို့လို သွယ်လျပြီး မွန်မြတ်တဲ့ပုံပေါက်တဲ့ ယောက်ျားလေးတွေက ပိုပြီး သတိထားသင့်တယ်.....မဟုတ်လည်း သက်တော် စောင့် ငှားလိုက်တာ အကောင်းဆုံးပဲ..."
ဝမ်ကျွင်း၏ အသံသည် ဩရှကာ သူ့အား တိုက်ရိုက်ပြောနေသလို ထင်ရသည်။
စီဆဲလ် : "......."
ဝမ်ကျွင်းတွင် ရည်ရွယ်ချက်ကောင်းရှိသည်ကို သိသော်လည်း စီဆဲလ်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ငါ... သူတို့ကို သက်တော်စောင့်မပါဘဲလည်း ကာကွယ်နိုင်တယ်..."
-သူ့ဇနီးသည် သူ့ဘေးတွင် ရပ်နေတာကြောင့် သူ့ဘက်သူ ရပ်တည်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။
ဝမ်ကျွင်း သည် မျက်ခုံးပင့်တင်လိုက်သည်။
"ဘာဖြစ်လို့လဲ....!"
စီဆဲလ်နှင့် ဝမ်ကျွင်းတို့ ငြင်းခုန်နေကြစဉ် အလွန် ပေါ့ပါးပြီး နူးညံ့သော အသံတစ်ခုကို ကြားလိုက်ရသည်။
ထိုအချိန်တွင် ဆံပင်အဖြူရောင်ရှိသည့်ယောက်ျားတစ်ယောက် ထွက်လာပြီး ဝမ်ကျွင်း၏ အနားသို့ ရောက်လာပြီး ပြုံးကာပြောသည်။
"သူတို့က ဘယ်သူလဲ"
ဝမ်ကျွင်းသည် ထိုလူ၏ ပုခုံးကို သဘာဝကျစွာဖြင့် လက်ဖြင့် ဖက်ထားကာ သူ့အသံမှာ နူးညံ့ပျော့ပျောင်းသွားသည်မှာ ထင်မထားလောက်စရာပင် ဖြစ်သည်။
"ဒီကောင်လေးကတော့ အခုမှ...... ဒီက ဆံပင်ရွှေရောင်နဲ့ သခင်လေးကို ဒီလူက ဓါးပြတိုက်နေတာမြင်လို့ ကိုယ် သူ့ကို တားလိုက်တာ..."
"အိုး..."
ဆံပင်အဖြူရောင်ဖြင့်ယောက်ျားသည် ပျင်းရိနေပုံရပြီး
ဝမ်ကျွင်းအား အရိုးမပါသကဲ့သို့ မှီထားရင်း စိုက်ကြည့်နေသည်။ ထိုသူ၏ အနည်းငယ် ဖွင့်ကြည့်လာသည့် မျက်လုံးများသည် လှပသော မြစိမ်းရောင်ဖြစ်ပြီး၊ သူ၏ ရှည်လျားသော ဆံနွယ်ဖြူများသည် လွတ်လပ်စွာ ဝဲပျံ ပြန့်ကျဲနေပြီး လှပပြီး သိမ်မွေ့သော မျက်နှာသည်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် လူအများ မမေ့နိုင်သော အရာဖြစ်သည်။
စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူကို ရင်းနှီးနေသည်ဟု ခံစားနေရသော်လည်း အရင်က သူ့ကို ဘယ်နေရာတွင် တွေ့ဖူးလဲဆိုသည်အား မမှတ်မိတော့ချေ။
ဆံပင်အဖြူရောင်ဖြင့်ယောက်ျားသည် သူ့လက်ကို ဆန့်တန်းပြီး မိတ်ဆက်လိုက်သည်။
"ဟယ်လို... ငါက အစ်ကိုဝမ်ရဲ့ ချစ်သူ လီယာပါ..."
သူတို့သုံးယောက်သည်လည်း သူတို့၏ နာမည်အတုကိုသာ ပြန်ပေးခဲ့ကြသည်။
အယ်လန်သည် လီယာအား နောက်တစ်ခါ လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ..... အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ အလှလေးနှင့် သားရဲကောင်ကြီးတို့ ပေါင်းဖက်နေသကဲ့သို့...... ကြမ်းတမ်းသောလူနှင့် ထိုသို့ လှပ သန့်စင်သောလူတို့ ဘေးချင်းယှဉ်လျက် ရှိနေခြင်းသည် ထူးခြားလွန်းလှပါသည်။
အဲဒီနောက် ဓားပြကို ရဲက ဖမ်းသွားသည်။
လီယာသည် လက်ကမ်းစာစောင်များကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည်။
"မင်းတို့လည်း ဒီကို ခရီးထွက်လာတာလား.... လာလေ အတူတူသောက်ရအောင်"
"အိုကေ..."
စီဆဲလ်သည် ပြုံးကာ ကျောင်းမြန်၏ လက်ကိုဆုပ်ကိုင်ပြီး အတူတူ ဝင်လာခဲ့သည်။
သူတို့သည် အရက်သောက်ရင်း စကားစမြည်ပြောကြပေမယ့်လည်း စီဆဲလ်နှင့် အခြားသူများသည် သူတို့၏ အထောက်အထားများကို လျှို့ဝှက်ထားရန်နှင့် ဘယ်ကလာလဲဆိုသည်အား အမှန်အတိုင်း မပြောခဲ့ကြပေ။
ကျောင်းမြန်သည်လည်း လီယာနှင့် ဝမ်ကျွင်းတို့က အမှန်အတိုင်း မပြောသည်ကို သေချာစွာ သတိပြုမိလိုက်သည်။
နှစ်ဖက်စလုံးသည် သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားသော်လည်း ကောင်းမွန်သောအချိန်ကို ရရှိခဲ့သည်မှာတော့ မငြင်းဆန်နိုင်ပေ။
ဝမ်ကျွင်းနှင့်လီယာ တို့သည်လည်း ခရီးအတူတူထွက်ခဲ့ကြပြီး နောက်မှအတူတူ ခရီးသွားဖို့ အကြံပြုခဲ့သည်။
မိုးအရမ်းမချုပ်ခင် စီဆဲလ်သည် ကိုယ်ဝန်ရှိနေပြီဖြစ်သော ကျောင်းမြန်ကို အနားယူလို့ရရန် ပြန်ဖို့စီစဉ်ခဲ့သည်။
"ဘယ်ဟိုတယ်ကို ဘိုကင်တင်ထားတာလဲ"
တခြားသူများအား နှုတ်မဆက်ခင် လီယာသည် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"Angus Hotel"
"အာ.."
လီယာသည် ပြုံးကာ.....
"ငါတို့က တကယ်ကို ရေစက်ပဲ"
စီဆဲလ် မျက်ခုံးပင့်လိုက်ပြီး မေး၏။
"မင်းတို့ရော Angus Hotel မှာ တည်းနေတာလား"
"မဟုတ်ပါဘူး၊ အဲ့ဒီ့ ဟိုတယ်ရဲ့ ဘေးကအိမ်..."
ပြန်ရမည့်လမ်းသည် တူညီနေသောကြောင့် အတူတူ ပြန်ခဲ့ကြသည်။
B99 ဂြိုလ်ပေါ်ရှိ ရှုခင်းသည် ညဘက်တွင် အလွန်လှပပြီး ကြယ်များသည် မြို့တော်ထက်ပင် ပိုမိုတောက်ပနေပါသည်။
ထောင့်ချိုးသို့ကွေ့ပြီး လမ်းကြားထဲဝင်သွားပြီးနောက် စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်ကာ ရပ်လိုက်သည်။ ထို့နောက် ဝမ်ကျွင်း နှင့် ကျောင်းမြန်တို့သည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသောကြောင့် သတိအနေအထားဖြင့် ချက်ချင်းရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ...”
အယ်လန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာလို့ ရပ်လိုက်တာလဲ”
"ရှူး"
ကျောင်းမြန်သည် အေရွန်၏ နောက်ကျောကို ပုတ်ပြီး ပြောလိုက်သည်။
"ကျုပ်နောက်မှာ ရပ်နေ"
"လီယာ ကိုယ့်နောက်မှာရပ်နေ"
ဝမ်ကျွင်းလည်း ပြောလိုက်သည် ။
လေထုက နည်းနည်းတင်းမာသွားသည်။
ကျောင်းမြန် မျက်လုံးမှိတ်ပြီး အသံကို အာရုံစိုက်ကာ နားထောင်လိုက်သည်။
ဇာစ့်တွေလား.....။
ဝှစ်.......
လမ်းကြား နှစ်ဘက်လုံးတွင် အဆောက်အဦးများရှိနေပြီး ဤအခိုက်အတန့်တွင် အဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင် မရေမတွက်နိုင်သော ဇာစ့်များ ပေါ်လာပြီး သူတို့အား ဝိုင်းထားကြသည်။
မြှားများသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာပြီး တိုက်ပွဲထဲရှိ လူများသည် သူတို့နှင့်အတူ ကိုင်ဆောင်ထားသော ဓားရှည်များကို ချက်ချင်း ဆွဲထုတ်လိုက်ကြရသည်။
ကျောင်းမြန်သည် စီဆဲလ်အား တိုးတိုးပြောလိုက်သည်။
"သူတို့က လီယာကို ဦးတည်လာတာ"
စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
လီယာက ဘယ်သူမို့လို့ ဇာစ့်တွေက လိုက်သတ်နေတာလဲ....! ခေါင်မိုးပေါ်တွင်ရှိနေသော ဇာစ့်များသည် တော်ဝင်မိသားစုမှသာ အသုံးပြုနိုင်သော စစ်သည်များဖြစ်သည်။
---------------------------------------------------------------------------------