Chapter 63
Viewers 7k

Chapter - 63

(ကျွန်တော် သင်ယူပါ့မယ်...)

နှစ်ရက်အကြာတွင် အဖွဲ့ချုပ်၏ ပင်မစစ်ရေယာဉ်သည် တပ်ဖွဲ့နှင့်အတူ အကျဉ်းသားများကို ခေါ်ဆောင်ကာ ပြန်လည်ရောက်ရှိလာသည်။

ကျောင်းမြန် ကိုယ်ဝန်ရှိနေသည့် သတင်းကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ရာ အဖွဲ့ချုပ်ပြည်သူများက ရင်ခုန်နေကြသလို မာရှယ်နှင့် သူ၏ဇနီးတို့လည်း ပိုလို့တောင် ရင်ခုန်နေကြလေသည်။ 

တပ်ဖွဲ့သည် ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်အခါ လေဆိပ်တွင် လာကြိုသည့် လူများနှင့် ပြည့်နှက်‌နေသည်ကို တွေ့လိုက်ရသည်။

 စီဆဲလ်သည် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားသောကြောင့် ကျောင်းမြန်အား ပင်မစစ်သင်္ဘောပေါ်မှ ခေါ်ထုတ်သွားပြီး လူစုလူဝေးကို ရှောင်ရှားကာ ဗိုလ်ချုပ်ကြီးစံအိမ်သို့ သီးသန့်လေယာဉ်ဖြင့် ပြန်လာခဲ့ကြသည်။

"အာ့မြန်....!"

ဗိုလ်ချုပ်ကြီးစံအိမ်မှ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မာရှယ်၏ဇနီးနှင့် မိဖုရားကြီးတို့ သူ့ဆီ ပြေးလာသည်ကို တွေ့လိုက်ရသည်။

"အိုး ငါ့ကလေးလေး......" 

မိဖုရားကြီးသည် ကျောင်းမြန်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကာ အလွန်စိတ်လှုပ်ရှားနေသောကြောင့် ကျောင်းမြန်၏ပါးလေးအား မချင့်မရဲဖြင့် ညှစ်လိုက်သည်။

"ဒီနေ့က တခြားနေ့တွေနဲ့ လုံးဝကို မတူဘူး....အာ့မြန်...ငါတို့...ငါတို့ မင်းကို အရမ်းကျေးဇူးတင်တယ်..." 

မိဖုရားကြီးသည် စီဆဲလ်အား တွန်းကာ ပြောလိုက်သည်။

"မင်း သူ့ကို သေချာ ဂရုစိုက်မှရမယ်...." 

"သေချာတာပေါ့....." 

စီဆဲလ်သည် နွေဦးလေညှင်းလေးကဲ့သို့ အပြုံးဖြင့် ခေါင်းညိတ်ပြသည်။ ကျောင်းမြန် ပြန်ရောက်လာပြီးကတည်းက စီဆဲလ်၏ စိတ်အခြေအနေသည် အမြဲကောင်းနေပြီး နူးညံ့သိမ်မွေ့လာသည်။

"အာ့မြန်.....စီဆဲလ်...." 

မာရှယ်၏ဇနီးသည် ကြင်နာစွာပြုံးကာ စျေးကြီးသည့် ဖြည့်စွက်စာအိတ်ကြီးတစ်ထုပ်ကို ကျောင်းမြန်အား ပေးကာ နွေးထွေးစွာပြောလိုက်သည်။ 

"ဒါတွေစားပေးရင် မင်းရော ကလေးအတွက်ပါ ကောင်း
လိမ့်မယ်...ဟုတ်ပြီလား...."

"ကျေးဇူးတင်ပါတယ် မဒမ်..." 

ကျောင်းမြန် လေးစားစွာဖြင့် ယူလိုက်သည်။

"ဘာလို့ ငါ့ကို မဒမ်လို့ခေါ်နေသေးတာတုန်းလား" 

မာရှယ်၏ဇနီးသည် ပြုံးလျက် ကျောင်းမြန်၏လက်ကို 
ခပ်ဖွဖွပုတ်ကာ ပြော၏။

"မားလို့ပဲ ခေါ်လေ..."

ကျောင်းမြန် အံ့အားသင့်သွားပြီး စီဆဲလ် ကို မသိစိတ်မှ လှည့်ကြည့်လိုက်သည်။ 

ထို့ကြောင့် စီဆဲလ်လည်း ပြုံးပြီး ပြန်ဖြေပေးလိုက်သည်။

"ဟုတ်တယ်လေ ကိုယ့်အမေကလည်း မင်းရဲ့ အမေပဲလေ.."
 
ထိုစကားကို ကြားလိုက်ချိန် မာရှယ်၏ဇနီးသည် အံ့အားသင့်သွားပြီး စီဆဲလ်အား အနည်းငယ်နီရဲနေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

"မား...." 

ကျောင်းမြန်၏ အသံသည် ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးညှင်းလွန်းလှသည်။

ပြီးနောက် စီဆဲလ်သည် သူ့နှာခေါင်းအား ထိကာ ပြောလိုက်တော့သည်။

"ညစာစားရင်းနဲ့မှ ဂုဏ်ပြုကြတာပေါ့..." 

ဤအခိုက်အတန့်တွင် စီဆဲလ်နှင့် မာရှယ်ဇနီးမောင်နှံတို့ကြားရှိ အနည်းငယ်တင်းမာသောလေထုသည် တိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့သည်။ 

ထိုအခါ မိဖုရားကြီးသည် အေရွန့်ကို ဖုန်းဆက်ပြီး လာရန် တောင်းဆိုလိုက်သဖြင့် အားလုံးအတူတူ ပျော်ရွှင်စွာ စားသောက်ကြသည်။

အဖွဲ့ချုပ်သို့ ပြန်ရောက်ပြီး ပထမဆုံးနေ့သည် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။သို့သော် ကျောင်းမြန် နှင့် စီဆဲလ်တို့သည် ညမိုးချုပ်‌သည့်အချိန်အထိ ရန်ဖြစ်နေကြပြန်သည် ။

"မသွားရဘူး...!" 

စီဆဲလ်သည် ရေချိုးခန်းမှ ထွက်လာပြီး ဆံပင်ကို သုတ်နေရင်းမှ ပြင်းထန်စွာ အော်ပြောလိုက်သည်။

"ဘာကို အလုပ်လဲ၊ အခု မင်းက ဘောလုံးတစ်လုံးကို သယ်ထားနေရတာကို..... စက်ရုံမှာ ဘာလို့ အလုပ်ကြမ်းလုပ်ချင်နေရတာလဲ"

"ပင်ပန်းတာ မလုပ်ဘူးလေ...."

ကျောင်းမြန်သည် ကုတင်ခေါင်းရင်းကို မှီထားပြီး ကြိုးကြိုးစားစား ထပ်ပြောလိုက်သည်။

"အဲ့လိုဆိုရင်‌ရော....!"

စီဆဲလ် : "ကိုယ့်ကို လာလိမ်မနေနဲ့....ဒီကိစ္စကို ကိုယ်မကြားခဲ့ဖူးလို့ပဲ သဘောထားလိုက်တော့...."

ကျောင်းမြန်သည် နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်သည်။

“ဒါပဲ၊ ညှိနှိုင်းစရာ မရှိတော့ဘူး....” 

စီဆဲလ်သည် မျက်နှာသုတ်ပဝါအား ပစ်တင်လိုက်ပြီး ကုတင်ပေါ်တွင် ဝင်လှဲကာ ကျောင်းမြန်အား အနောက်မှ သိုင်းဖက်ထားလိုက်ပြီး ပခုံးပေါ်သို့ ခေါင်းကိုတင်လိုက်သည်။

"ဘာလို့ ကိုယ်နဲ့အတူတူ စစ်တပ်အဆောက်အအုံဘက်ကို မသွားချင်ရတာလဲ..."

"အာ....!"

"ဟင်..... ဘယ်လိုလဲ" 

စီဆဲလ်သည် သူ့မေးစေ့ကို လှမ်းကိုင်ပြီး ပြောလိုက်သည်။

"မနက်ကျရင် စစ်တပ်အဆောက်အအုံကို လိုက်ပို့ပေးမယ်..... မင်း ရုံးမှာ ဆက်အိပ်နေလို့လည်းရတယ်....နေ့လည်စာစားပြီးရင် မင်းကို စက်ရုံဘက်ကို ကိုယ်လိုက်ပို့‌ပေးမယ်...."

ကျောင်းမြန် အံ့အားသင့်သွားကာ စီဆဲလ်လည်း ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

"လိုရင်းပြောရရင် အတူတူသွားကြမယ်လို့..." 

"တကယ်တော့ အဲ့လောက် လုပ်ပေးစရာမလိုပါဘူး" 

ကျောင်းမြန်၏ နားရွက်ထိပ်ဖျားလေးများသည် အနည်းငယ်နီရဲနေ‌တော့သည်။

စီဆဲလ်သာ် ကျောင်းမြန်၏ ပါးလေးအား တစ်ချက်နမ်းလိုက်ပြီး......

"ဘာလို့ မလိုရမှာလဲ.....မင်းက ကိုယ့်ရဲ့ အိမ်ထောင်ဖက်လေ..."

ထို့နောက် ခဏရပ်ကာ လေသံ ဖွဖွဖြင့်ထပ်ပြောလိုက်ပြန်သည်။

"နာမည်ခံသပ်သပ်ပဲ မဟုတ်ဘူးလေ...."

ကျောင်းမြန် အံသြသွားသည်။ 

စီဆဲလ် ပြုံးကာ....

"ဘာလဲ... ကိုယ်တို့က နာမည်ခံ သပ်သပ်ပဲရှိသေးတာလား" 

ကျောင်းမြန် ငြိမ်ကျသွားသည်ကို မြင်လိုက်ရချိန်တွင် 
စီဆဲလ်သည် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။

"စီဆဲလ်....."

"အင်း...."

"ကျွန်တော်...."

ကျောင်းမြန် ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော်က စကားတွေအများကြီး မပြောတတ်ဘူး....အချစ်အကြောင်းလည်း သေချာမသိဘူး..." 

"အင်း...."

ကျောင်းမြန်သည် သူ့ခေါင်းကို ငုံ့ပြီးဆက်ပြောလေသည်။

"ကျွန်တော့်မှာ ချို့ယွင်းချက်တွေ အများကြီးလည်း ရှိတယ်....ပြီး‌တော့ ကျွန်တော့်ရဲ့ အတိတ်ကိုလည်း ခင်ဗျားသိနေတာပဲ...."

"အင်း...."

"အဲ့လိုပုံစံကို ခင်ဗျား မကြိုက်ဘူးဆိုရင် ကျွန်တော် ချစ်တတ်လာအောင် သင်ယူပါ့မယ်" 

ထိုစကားကို ပြောပြီးနောက် ကျောင်းမြန်၏ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်..။

စီဆဲလ်သည် သူ့အား စူးရဲစွာ စိုက်ကြည့်နေသောကြောင့် ကျောင်းမြန် မျက်လုံးကိုမှိတ်ထားပြီး အဖြေကို စောင့်နေလေသည်။

သို့သော် သူရလာသည်မှာ နူးညံ့သည့် အနမ်းတစ်ခုသာဖြစ်ပြီး ထိုအနမ်းသည် ကမ်းခြေအား လှိုင်းလုံးလေးများက လာရောက်နှုတ်ဆက်ကာ အနမ်းပေးသကဲ့သို့ စိုစွတ်ပြီး နူးညံ့ညင်သာလေသည်။

"ဟုတ်ပါပြီ....." 

စီဆဲလ်သည် သူ့ရင်ခွင်ထဲမှလူအား လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း ညည်းတွားလိုက်သည်။

 "သနားစရာကောင်းလိုက်တာ..."

"ဘာလို့လဲ...." 

ကျောင်းမြန် အနမ်းခံရပြီးနောက် မူးဝေနေသော်လည်း ခေါင်းမော့ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ စီဆဲလ်အား မော့ကြည့်လိုက်သည်။

စီဆဲလ် မ‌ကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။

"မင်းက ကိုယ်ဝန်ကြီးနဲ့လေ..."

တစ်ကြိမ်ဆက်ဆံပြီးနောက် ခွဲခွာခဲ့ရပြီး ယခုပြန်ဆုံသည့်အခါတွင်လည်း ကိုယ်ဝန်ကြောင့် ရပ်တန့်ရပြန်သည်။

စီဆဲလ်သည် ရှုပ်ထွေးလွန်းသည်ဟု ခံစားနေရသည်။ 

သူသည်......တစ်ချက်တည်းဖြင့် ပစ်မှတ်ကို တန်းထိသွားသည်။ သူသည် လက်ဖြောင့် သေနတ်သမားမဟုတ်သဖြင့် စစ်မြေပြင်တွင်တောင် ရန်သူများ၏ ဦးခေါင်းကို ဒီလောက် တိကျအောင် ပစ်နိုင်မည်မဟုတ်ပေ။

“ဒါဆိုလည်း…” 

-အခုဆို သူတို့နှစ်ယောက် ဒီလိုအကြောင်းကိုတောင် ပြောနေကြပြီဆိုရင်တော့ သူတို့သည် အဲဒီ့အချိန်မှစပြီး အရင်းနှီးဆုံး လက်တွဲဖော်များ ဖြစ်လာကြပြီဖြစ်သည်။

စီဆဲလ်သာ ပျော်မယ်ဆိုရင် ကျောင်းမြန် သေချာလေး ကြိုးစားကြည့်ချင်ပါသည်။

"အဲ့လိုဆို ခင်ဗျား ဝင်မလာတော့ဘူးလား..."

"............"

"............"

စီဆဲလ် တုန်လှုပ်သွားသည်။

ကျောင်းမြန် ပြောပြီးမှ အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး သူ့မျက်နှာသည် အလွန်ပူထူလာသောကြောင့် အမြန်လှဲအိပ်လိုက်ပြီး ခေါင်းပေါ်ထိ စောင်ကိုဆွဲခြုံကာ ပြောလိုက်ပြန်သည်။

 "အိပ်တော့......!"

အိုဘုရားရေ...! သူဘာပြောလိုက်တာလဲ...! သူဘာပြောမိလိုက်တာလဲလို့....!

ကျောင်းမြန်သည် အချိန် တွေကို နောက်ပြန်လှည့်ကာ 'အရှက်မဲ့'စွာ ပြောထွက်မိသည့် ကိုယ့်ကိုကိုယ် နားရင်းသာ ရိုက်လိုက်ချင်တော့သည်။

"အာ့မြန်....!" 

စီဆဲလ် စိတ်လှုပ်ရှားသွားပြီး ကျောင်းမြန်အား "ထိ" ကာ ပွေ့ဖက်ဖို့ကြိုးစားလိုက်ရင်း သူ့သဘက်ကို ဆွဲချွတ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

"ရက်စ်...! မြန်မြန်....မြန်မြန်‌ရေ....မြန်မြန်လို့.....ကိုယ်တို့ မြန်မြန်လေး လုပ်ကြမယ်လေ..."

စီဆဲလ်သည် သဘက်ကို အမြန်ချွတ်လိုက်ပြီး ကျောင်းမြန်အား မိုးစက်များ တဖွဲဖွဲကျလာသကဲ့သို့ ငုံကာ ပြင်းပြစွာ နမ်းလိုက်သည်။

ထိုညသည် နွေးထွေးသော ညတစ်ညဖြစ်ခဲ့သည်။

................

နောက်တစ်နေ့တွင် ကျောင်းမြန်သည် စီဆဲလ်နှင့်အတူ စစ်ဘက်အဆောက်အအုံသို့ လိုက်သွားခဲ့သည်။

စစ်တပ်အဆောက်အဦးထဲမှ လူများသည် ကျောင်းမြန်အား တွေ့လိုက်ချိန်တွင် မျက်လုံးများ အရောင်ပြောင်းသွားကြသည်။ မစပ်စုကြဘဲ... တိုးဝှေ့ကာ ကျောင်းမြန်အား အလုအယက် ဂရုစိုက်ကြသည်။ ဥပမာ- ကျောင်းမြန်နှင့် စီဆဲလ်တို့ ဓာတ်လှေကားပေါ်တက်ခါနီးတွင် ကျောင်းမြန် သူတို့နှင့် ဝင်တိုက်မိမည်ကို စိုးရိမ်ကြကာ လမ်းဖယ်ပေးကြပြီး ဓာတ်လှေကားခလုတ်ကို အပြေးအလွှား နှိပ်လိုက်ကြသည်၊ စသည် ကိစ္စတို့ကြောင့် ကျောင်းမြန်အား အနည်းငယ်မျှ အရှက်ရစေသည်။ 

သူတို့နှစ်ယောက် ရုံးခန်းသို့ ရောက်သည့်နောက် ကျောင်းမြန် သည် ဆိုဖာပေါ်တွင်ထိုင်ကာ အစီရင်ခံစာများကို စစ်ဆေးနေသည့် စီဆဲလ်အား ကြည့်ကာ အတွေးနယ်လွန်သွားပြန်သည်။ 

"ဘာမှားလို့လဲ" 

ကျောင်းမြန်၏အကြည့်ကို ခံစားမိသောကြောင့် စီဆဲလ်သည် ပြုံးကာ မေးလိုက်သည်။

 "မင်းဘာတွေစဉ်းစားနေတာလဲ"

ကျောင်းမြန် သူ့မေးစေ့ကို ထိပြီး ပြောလိုက်သည်။

"ကျွန်တော် စိုးရိမ်မိတယ်..."

"ဟင်"

"လူတိုင်းရဲ့ ကလေးအတွက်ထားတဲ့ မျှော်လင့်ချက်တွေက များလွန်းတယ်.....ခင်ဗျားရဲ့ မိဘတွေ ၊တော်ဝင်မိသားစုတွေ ၊ ဒါမှမဟုတ် ပြည်သူတွေရောပဲ..... အဲ့ဒါတွေက အနာဂတ်မှာ ကလေးကို ဖိအားဖြစ်စေမှာလား.... လူတိုင်းရဲ့ စံနှုန်းနဲ့ မကိုက်အောင်ညံ့တာတို့ မတော်တာတို့ အရမ်းဆိုးနေတာတို့ ခင်ဗျားလို အရမ်းအစွမ်းထက်‌မနေဘူး ဆိုရင် ကလေးအပေါ်ရော ခင်ဗျားရဲ့ အာဏာမှာရော အကျိုးသက်ရောက်နိုင်လား...."

စီဆဲလ်သည် 'ခင်ဗျားလို အရမ်းအစွမ်းထက်‌' ဆိုသည့်စကားအား ပထမဆုံးကြားလိုက်ချိန်တွင် သူ၏ နှုတ်ခမ်းများသည် ပျော်ရွှင်စွာ ကွေးညွတ်သွားပြီး မေးလိုက်သည်။

"မင်း ဘာတွေကြောက်နေတာလဲ...ပထမအချက်က သူက ကိုယ်တို့ ကလေးလေ....ကိုယ်တို့ သူ့ကို ကောင်းကောင်း မသင်ပေးနိုင်မှာကို မင်းကြောက်နေတာလား.... ကြမ်းတမ်းတဲ့သစ်သားလား .... မာကျောတဲ့ ကျောက်စိမ်းလားဆိုတာက အရေးမကြီးဘူးလေ..... ကိုယ်က မကောင်းဘူးတင်ရင် မကောင်းလို့ပဲ..... ဘာပဲဖြစ်ဖြစ် တခြားလူတွေရဲ့ အမြင်ကို ဂရုစိုက်စရာမလိုဘူး...." 

စီဆဲလ် သူ့မေးစေ့ကို ကိုင်လိုက်ပြီး ဆက်ပြော၏။

"ကိုယ့်လို အခြေအနေရောက်ဖို့ဆိုရင်တော့ နည်းနည်း ခက်မယ်...."

စီဆဲလ်သည် ဖက်ဒရေးရှင်းသို့ ပထမဆုံးပြန်လာသောအချိန်တွင် သူသည် မာရှယ်နှင့် သူ့ညီလောက် အစွမ်းမထက်ခဲ့သော်လည်း...... Dark Phoenix တစ်ဖွဲ့လုံးကို သတ်ပြီးနောက် သူပြန်လာသည့်အချိန်တွင် ချွင်းချက်အနေအထားဖြင့် သူ့ဂုဏ်သိက္ခာလည်း တဟုန်ထိုးတက်လာသည်။

"မိုက်တာပေါ့....." 

ကျောင်းမြန်သည် ရယ်ရမလား ငိုရမလား မသိတော့ပေ။

ထို့နောက် ကျောင်းမြန်သည် ဆိုဖာပေါ် မှီလိုက်ပြီး ကလေးကြောင့်ဖြစ်နိုင်သလို၊ သူ့ရဲ့ခန္ဓာကိုယ်သည်လည်း မကြာသေးမီက အပြောင်းအလဲများကြောင့် ကောင်းကောင်းပြန်ကောင်းမလာတာကြောင့်လည်း ဖြစ်နိုင်သည်။ သူထင်ထားသလိုပင် သည်းမခံနိုင်စွာဖြင့် အိပ်စက်ရန် ဆိုဖာပေါ်သို့ လှဲချလိုက်သည်။

စီဆဲလ်လည်း ပြုံးလိုက်ပြီး ကျောင်းမြန်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ့အင်္ကျီဖြင့် ခြုံပေးလိုက်သည်။ 

ကျောင်းမြန်သည် အိပ်နေရင်းပင် သတိရှိနေသောကြောင့် စီဆဲလ်မှန်းသိနေသဖြင့် လွှတ်ထားလိုက်သည်။ ထို့နောက် သူတို့သည် ငြိမ်သက်စွာဖြင့် နေနေကြသည်။

ဒေါက်.....ဒေါက်..

မင်ရန်သည် အစီရင်ခံစာများနှင့်အတူ ဝင်လာခဲ့သည်။

"ဗိုလ်ချုပ်ကြီး....! ကျွန်မ......."

"ရှူး..." 

စီဆဲလ်သည် သူ့ရှေ့မှ သွက်လက်ပေါ့ပါးနေသည့် မိန်းကလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး လက်ညိုးကို နှုတ်ခမ်းနားကပ်ကာ သူ့ဆီသို့ လျှောက်လာခဲ့သည်။

မင်ရန်အား ဆူညံသံများ ရပ်တန့်ဖို့ အချက်ပြလိုက်သည်။

မင်ရန်သည် ဆိုဖာပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ကွေးကောက်ကာ အိပ်နေသော ကျောင်းမြန်ကို တွေ့တော့ အနည်းငယ်အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။

မင်ရန်သည် စီဆဲလ်၏ စားပွဲဆီသို့ ရောက်ရှိလာပြီး သူမ၏ အသံကို လျှော့ချလိုက်ပြီး တင်ပြလိုက်သည်။

 "ကျွန်မတို့ ချင်းယင်ကို ခြေရာခံလိုက်နေရာက သူနဲ့ပတ်သက်တဲ့ သတင်းအစအန တွေ့ခဲ့ရပါတယ်.... သူ အသက်ရှင်နေသေးတယ်ဆိုတာ သေချာပါတယ်" 

စီဆဲလ်သည် လူတိုင်းကို စုံစမ်းခိုင်းထား‌သောကြောင့် ရလဒ်သည် မျှော်လင့်ထားသည့်အတိုင်းပင်၊ ချင်းယင် သည် ဤမျှဖြင့် အလွယ်တကူ မသေနိုင်ပေ။

မင်းရန် : "သူက အခု ဇာစ်မျိုးနွယ်ရဲ့ ဒုတိယမင်းသားဆီမှာ ခိုလှုံနေပါတယ်.... ဒုတိယမင်းသားကလည်း အရင်က ပင်လယ်ဓားပြတွေနဲ့ စီးပွားရေးလုပ်ခဲ့ဖူးတာကြောင့် ဆက်ဆံရေးလည်း ကောင်းကြပါတယ်" 

ထိုသို့ပြောပြီးနောက် သူမသည် အစီရင်ခံစာအပြည့်အစုံကို စီဆဲလ်ထံ လွှဲပြောင်းပေးခဲ့သည်။

"ဇာစ်တွေဘက်က အခုအချိန်မှာ ပရမ်းပတာဖြစ်နေပါပြီ... အကြောင်းအရင်းကတော့ ‌ဇာစ့်ဘုရင်မဟာ အခုနောက်ပိုင်းမှာ ရောဂါပိုဆိုးလာပြီး ကြာကြာမခံတော့ဘူးလို့ ခန့်မှန်းနေကြပါတယ်..... ဒီအချက်ကို ဇာစ့်တွေကြားထဲမှ လျှို့ဝှက်ထားကြတုန်းပါပဲ...... ဒါပေမယ့် ပုံမှန်ကတော့ သူလျှိုတွေရဲ့ ထောက်လှမ်းချက်တွေအရဆိုရင် ဘုရင်မကြီးက မကြာခင် သေတော့မယ်လို့ မှန်းဆထားပေမယ့် သူမသေဆုံးတာကို အခွင့်ကောင်းယူပြီး ဘုရင်မကြီးရဲ့ ဈာပနမှာ အာဏာလုဖို့ ဆန္ဒရှိနေကြတယ်လို့ ဆိုပါတယ်.... ဒုတိယမင်းသားက အိမ်ရှေ့စံမင်းသားဆီက အာဏာကို လိုချင်လို့ ချင်းယင်နဲ့ပေါင်းပြီး လျှို့ဝှက်ပြီး ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်....."

စီဆဲလ် အနည်းငယ် စဉ်းစားမိသည်။

ဇာစ်နိုင်ငံသည် ရှေးရိုးစွဲသည့်နိုင်ငံတစ်ခုဖြစ်ရာ ဒီမိုကရေစီနည်းကျ မဲပေးခြင်းမျိုး မရှိသေးဘဲ ကုသိုလ်ကောင်းမှုအပေါ် အခြေခံနေသေးသည်။ ရှေးထုံးတမ်းစဉ်လာများကို အခြေခံ၍ အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေတစ်ခုသာ ရှိပါသည်။ ထို့ကြောင့် အိမ်ရှေ့စံမင်းသား၏ အားသာချက်မှာ မွေးရပ်မြေတွင် တည်ရှိနေပြီး ပြည်သူများ၏ ထောက်ခံမှုရမည်မှာ သဘာဝအတိုင်း ဖြစ်ပြီး ဒုတိယမင်းသား၏ အားသာချက်မှာ စစ်တပ်ဖြစ်သည်။ ဒုတိယမင်းသားသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် သူ့နိုင်ငံ၏ စစ်အသုံးစရိတ်အတွက် ဓါးပြများနှင့် စိန်နီများကို လဲလှယ်ကာ တပ်ဖွဲ့များကို ဦးဆောင်သည့် မင်းသားဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောအာဏာအရဆိုလျှင် ဒုတိယမင်းသားသည် ပို၍သင့်တော်ပါသည်။

"ငါမှတ်မိတာ‌တော့... ဇာစ့် မျိုးနွယ်မှာ မင်းသား သုံးယောက်ရှိတယ်ဆို" 

စီဆဲလ် တစ်ချက်ကြည့်လိုက်သည်။ ဒါဆို သူ့အတွင်းရေးမှူး နှင့် အမှတ် ၁၂တပ်ဖွဲ့သည် နောက်ဆုံးမင်းသား အကြောင်းကို သူ့ကို မတင်ပြကြသည်ကို တွေ့ခဲ့ရသည်။

"အာ...!" 

မင်ရန် ဆက်ရှင်းပြလိုက်သည်။

"တတိယမင်းသားက သူ့မိသားစုဝင်တွေနဲ့ မတူပါဘူး။ အကောင်းဆုံး အချက်ကတော့ သူက အာဏာကို မလိုချင်ဘူး.... အဆိုးဆုံးအချက်က သူက.... သူရဲဘောကြောင်တယ်...ပြီးတော့ သူက မြို့တော်မှာမနေဘဲနဲ့ ဂြိုလ်ခွဲတွေမှာဘဲ လျှောက်သွားနေတာ.... ကျွန်မအထင်တော့ ရည်မှန်းချက်မရှိဘဲနဲ့ ခရီးပဲ ထွက်နေတယ်လို့ မြင်ပါတယ်..." 

စီဆဲလ် ခေါင်းညိတ်ပြလိုက်သည်။

"မကြာသေးခင်က ဇာစ့်တွေက ဘုရင်မကို ကုသဖို့ ဆာတန်ဂြိုလ်ရဲ့ ဂြိုလ်ခွဲတစ်ခုကို့ ပို့ဆောင်ကြမယ်လို့ သတင်းရထားပါတယ်...." 

ဆာတန်ဂြိုလ်သည် ဝိညာဉ်စွမ်းအင်များ အပြည့်ရှိနေပြီး ဇာစ့်တို့အတွက် အလွန်ကောင်းမွန်လေသည်။ 

စီဆဲလ် ခဏငြိမ်သွားသည်။

"ငါတို့ ဒါကို ပြန်ပြီး သေချာစုံစမ်းမှရမယ်...."

"ဟုတ်ကဲ့...!"

မင်ရန် ထွက်သွားပြီးနောက် စီဆဲလ် ဆက်တွေးနေမိသည်။ ဇာစ့်ဘုရင်မ မြို့တော်က ထွက်သွားပြီဆို‌တော့ ဒါသည် သူတို့အတွက် အသင့်တော်ဆုံး အခွင့်အရေးပဲဟု တွေးမိလိုက်သဖြင့် သူ့မေးစေ့ကို ထိကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

"စီဆဲလ်.....!"

ခဏအကြာတွင် ကျောင်းမြန် မှေးနေရာမှ ထရပ်လိုက်ပြီး နာရီကို ကြည့်ကာ ပြောလိုက်သည်။

 "ကျွန်တော် စက်ရုံကို သွားတော့မယ်" 

စီဆဲလ် တစ်စုံတစ်ခုကို အလေးအနက် တွေးနေသည်ကို ကျောင်းမြန် မြင်လိုက်ရသောကြောင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ခင်ဗျားဘာတွေစဉ်းစားနေတာလဲ..."

"ဇာစ့်တွေ အကြောင်းပါ" 

စီဆဲလ်သည် ပခုံးတစ်ချက်တွန့်ကာ ကျောင်းမြန်ကို ဆွဲထူကာ မတ်တပ်ရပ်လိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

" ထမင်း အရင် စားရအောင်၊ နောက်မှ အသေးစိတ်ပြောပြမယ်" 

"ကောင်းပြီ။"

---------------------------------------------------------------------------------