Chapter 87
Viewers 18k

🤒အခန်း ၈၇

 [ပထွေး]




ထျန်နွမ်မှာ မူလက စိုးရိမ်မိ၍ မေးခဲ့ခြင်းဖြစ်သော်လည်း ထိုအကြောင်းကို ထုတ်ပြောပြီးပြီးနောက် သူမအနေဖြင့် ကျူးထုန်နှင့်ဆန့်ကျင်ပြောဆိုလိုက်မိကြောင်း သတိပြုမိသွားရသည်။


ထျန်နွမ်နှင့်ကျူးထုန် နှစ်ယောက်စလုံး အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက်ကို လှည့်ကြည့်လိုက်ကြသည်။


ရှောက်မင်က သူတို့ကို ဆက်မကြည့်တော့ဘဲ သူ့လက်ကိုင်ဖုန်းထဲတွင် တစ်စုံတစ်ရာကို အထက်အောက်ဆွဲကာ ရှာဖွေကြည့်ရှုနေသည်။ မကြာမီမှာပင် သူ့လက်ချောင်းများက နေရာတွင် ရပ်တန့်သွားပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ 


"အမ်... ဓာတ်ပုံတွေက တော်တော်လေး ပုံထွက်ကောင်းသားပဲ"


ကျူးထုန်: "?"


သူ ခေါင်းစောင်းကာ ထိုပုံများကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩစွာ ပြောလိုက်သည်။


 "မင်း ဒီအဖွဲ့ကို ဘယ်လိုဝင်လို့ရတာလဲ"


ရှောက်မင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။


 "မသိဘူး တစ်ယောက်ယောက်က ကိုယ့်ကို လူအရေအတွက်တိုးအောင် ဖိတ်လိုက်တာနေမယ် ဒါမှမဟုတ် အခြားတစ်ခုခုပေါ့"


ကျူးထုန်: “.....”


'ဒါဆို... ရှောက်မင်က အဲ့ဒီမှာတင်ထားတဲ့ အကြောင်းအရာအားလုံးကို မြင်ပြီးသွားပြီလို့ ဆိုလိုတာပေါ့... ဟုတ်တယ်မလား'


"မင်း..."


ကျူးထုန် ခေတ္တမျှရပ်လိုက်ပြီး မေးလိုက်သည်။ 


"မင်း စိတ်မဆိုးဘူးလား"


ရှောက်မင်ကဆိုသည်။


 "စိတ်ဆိုးတာလား ဘာလို့စိတ်ဆိုးရမှာလဲ"


ကျူးထုန်: "သူတို့... သူတို့ ပြောတာတွေကို..."


ရှောက်မင်: "သူတို့က ဘာပြောလို့လဲ"


“.....”


ကျူးထုန် ရုတ်တရက် ရပ်တန့်သွားသည်။


ရှေ့ခုံမှထျန်နွမ်က တစ်စုံတစ်ခုကို အကင်းပါးစွာ သတိထားမိလိုက်သည်။ သူမ အနည်းငယ် အခက်တွေ့နေပုံရသော ကျူးထုန်ကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်ဟန်ဆောင်နေသော ရှောက်မင်ကို ကြည့်လိုက်သည်။ ရှောက်မင်၏မျက်လုံးများက ကြည်လင်ပြတ်သားမှု အနည်းငယ်ကို ဖော်ပြနေပေ၏။


သူမခန္ဓာကိုယ်ကို တိတ်တိတ်လေး ပြန်လှည့်လိုက်ပြီး ရုတ်တရက် အာရုံစိုက်ကာ မသက်ဆိုင်သော ဘေးလူအဖြစ် ခိုးနားထောင်ရန် စိတ်အားထက်သန်နေလေသည်။


သူ့ "ရဲဘော်ရဲဘက်" တိတ်တဆိတ် ထွက်ပြေးသွားကြောင်းကို ကျူးထုန် မသိသေးပေ။ ကျူးထုန်၏စိတ်ထဲတွင် ထျန်နွမ်၏ဖုန်းတွင် မြင်လိုက်ရသည့် မှတ်ချက်များနှင့် ပြည့်နှက်နေသည်။သူ ထိုအကြောင်းအရာများကို မပြောနိုင်ပေ။


" 'ကျေးဇူးပြုပြီး သူ့ကို မင်းရဲ့သတို့သမီးအခန်းထဲ လုံလုံခြုံခြုံ ပြန်ခေါ်သွားလိုက်ပါ' ဆိုတဲ့ ဒီပို့စ်လား"


"!"


ကျူးထုန် အထိတ်တလန့်ဖြင့် မျက်လုံးပြူးသွားရ၏။


သူက အကျယ်ကြီးတောင် ဖတ်လိုက်သေးတယ်။


ကျူးထုန် စကားမပြောနိုင်လောက်အောင် အလွန်အံ့အားသင့်နေသေးသည်ကို မြင်လိုက်ရပြီး ရှောက်မင် စစ်မှန်စွာ ပြုံးလိုက်မိသည်။


 "'ယောက်ျားလေးနှစ်ယောက်ကြားက လိုက်ဖက်ညီမှုက ပိုပြီးသဘောကျဖို့ကောင်းလိုက်တာ' ဆိုတဲ့ စကားလုံးလား"


"....."


"ငါ ရူးတော့မယ်။"


"သူ ဘယ်လောက်တောင် ကျွမ်းကျင်လဲဆိုတာကို 

တစ်ချက်တည်း ကြည့်ရုံနဲ့သိနိုင်တယ်။ ဒါက သူ တစ်စုံတစ်ယောက်ကို မင်းသမီးလေးပုံစံ ပွေ့ချီဖူးတာ ပထမဆုံးအကြိမ် မဟုတ်လောက်ဘူး။ ထိပ်တန်းကျောင်းသား စာနတ်ဘုရားဆီမှာ ကောင်းမွန်တဲ့ အင်အားအပြည့်နဲ့ ကြွက်သားတွေရှိတာပဲ"


"မင်းသမီးပုံစံ ပွေ့ချီတာက ငါ့ကို အသေသတ်လိုက်သလိုပဲ။ ပိုချိုတဲ့ခွေးစာတွေနဲ့ ငါ့ကို ပြင်းပြင်းထန်ထန် ရိုက်ပေးစမ်းပါ"


ရှောက်မင်၏လေယူလေသိမ်းက တည်ငြိမ်နေပြီး သူ့အသံမှာ အလွန်ပေါ့ပါးနေသည်။ သူ ထိုစကားလုံးများကို ပေါ့ပေါ့ပါးပါး ရွတ်ဆိုနေစဉ် သူ့နှုတ်ခမ်းထောင့်လေးများ အပေါ်သို့မြင့်တက်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ စိတ်ကောင်းဝင်နေသည်မှာ ထင်ရှားပေ၏။


ကျူးထုန် မည်သည်ကိုဆက်ပြောရမည်မှန်း မသိတော့ပေ။


ရှောက်မင်က ဆက်လက်ပြီးဖတ်သည်။


 "ဒီအတူတူနီးကပ်နေတဲ့ အနေအထားမှာ ကျောင်းစာနတ်ဘုရားက..."


ရှောက်မင် အသံထွက်ဖတ်နေခြင်းကို ရုတ်တရက် ရပ်လိုက်သည်။


အကယ်၍ ထိုပို့စ်၏ နောက်ဆုံးတစ်ဝက်ကို တရားဝင်ပလက်ဖောင်းပေါ်တွင် ပို့စ်တင်လိုက်ပါက ၎င်းမှာ ဖြုတ်ချခံရ‌ကောင်းခံရနိုင်လိမ့်မည်။


ရှောက်မင် မည်မျှပင် အရှက်မရှိအရည်ထူစေကာမူ ထိုစကားများကို အကျယ်ကြီးအော်ဖတ်ရန် အလွန်ရှက်လွန်းလှ၏။ သူ ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့ဖုန်းကို အဝေးသို့ထားကာ အသိစိတ်လွတ်နေသော သခင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။ ရှောက်မင် အလေးအနက်လေသံဖြင့် မှတ်ချက်ပေးလိုက်သည်။ 


"ဒီလူတွေက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"


ကျူးထုန်: "....."


အဲဒီလူတွေရဲ့ ဘယ်အပိုင်းကများ စိတ်ဝင်စားစရာကောင်းသွားရတာလဲ...။


ရှောက်မင် သူ့ဆီ ချဉ်းကပ်လာပြီး ဆိုသည်။


"မင်း စိတ်ဆိုးနေတာလား"


ကျူးထုန် မသိစိတ်မှ ပြန်ပြောမိသွားသည်။


 "ငါက ဘာလို့ စိတ်ဆိုးရ..."


"ဒါပေါ့ မင်းတောင် စိတ်မဆိုးတာ။ ဒါဆို ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲ"


"....."


ကျူးထုန် လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။


အဓိပ္ပာယ်ရှိသားပဲ... အား။


ထိုအကြောင်းအရာအားလုံးက ရယ်စရာဟာသများဖြစ်သည်ဆိုတာကို သူသိပေသည်။ ရှောက်မင်က ဘာလို့ ဒေါသထွက်ရမှာလဲ။


သူ့အနေဖြင့် အနှီစိတ်ကူးယဥ်ဝတ္ထုကမ္ဘာကြား တကယ်ကို နစ်မြုပ်သွားခဲ့မိခြင်းပင်။


ဤအဖြစ်အပျက်မှာ အပြစ်ရှိစိတ်ရှိသူတစ်ယောက်အနေဖြင့် နေရာတကာ ကိုယ့်အမှားဟုတွေးတတ်သကဲ့သို့ပင်။


ကျူးထုန် တုန်လှုပ်နေသည့်အသံဖြင့် ပြောလိုက်သည်။


"ဟုတ်တယ်... မင်း ဒေါသမထွက်ရင် ရပြီ ဒါပေါ့၊ ဒေါသဖြစ်စရာလည်း ဘာမှမရှိဘူး"


"ဒါပေမယ့် အဲဒါတွေက တကယ်ကို အနှစ်သာရမရှိဘူး" 

ရှောက်မင်၏မျက်လုံးများ အနည်းငယ် ပိုမှောင်မိုက်သွားသည်။ ထို့နောက် သူ့ထံသို့ ချဉ်းကပ်လာကာ ဆို၏။

 "အဲဒီဟာတွေအစား အနှစ်သာရရှိတာလေးတစ်ခုခုကို မင်း မပြောပြချင်ဘူးလား"


"....."


'အနှစ်သာရရှိတာလား... ဘာကအနှစ်သာရရှိတာလဲ...'


ကျူးထုန် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။


 "ဒါဆို ငါ မင်းအတွက် ကျောင်းဖတ်စာအုပ်တစ်အုပ်ကို ဖတ်ပြမယ်"


ရှောက်မင်: "....."


ရှောက်မင် စကားလမ်းကြောင်းလွှဲလိုက်ပြီး ဆိုသည်။


"မင်း စောစောက အဲဒီစကားလုံးတွေကို အနှစ်သာရမရှိဘူးလို့ ဘာလို့ထင်ရတာလဲ"


ရှောက်မင်၏မေးခွန်းက အလွန်ခက်ခဲလွန်းသည်ဟု ကျူးထုန် ခံစားမိသည်။ သူ မျက်တောင်ခတ်လိုက်ပြီး လေးနက်စဉ်းစားကာ ပြောလိုက်သည်။ 


"ဘာလို့လဲဆိုတော့... အဲဒီစကားတွေက အဓိပ္ပာယ်မရှိဘူးလေ"


ရှောက်မင် ဆက်မေးလာပြန်သည်။


"အဓိပ္ပာယ်မရှိဘူးဆိုတာက အနှစ်သာရမရှိဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ရင် ဘယ်လိုစကားလုံးတွေက အနှစ်သာရရှိတာလဲ"


ကျူးထုန်: "....."


အဓိပ္ပါယ်မရှိသောစကားများက အနှစ်သာရမရှိ‌ပေ။ ထို့ကြောင့်ပြောင်းပြန်အနေဖြင့် အဓိပ္ပါယ်ရှိသည့်စကားလုံးများက အနှစ်သာရပြည့်ဝပေသည်။


ဒါဆို... ဘယ်လိုစကားမျိုးကို "အဓိပ္ပါယ်ရှိတဲ့စကား" လို့ ယူဆသတ်မှတ်သင့်လဲ...။


ကျူးထုန် အမှန်တကယ်ကို စိတ်ရှုပ်သွားသလို ခံစားရသည်။


ရှောက်မင် ကျူးထုန်အား သူ့မျက်လုံးများ ကွေးညွှတ်သွားသည်ထိ ပြုံးပြနေသည်။


ကျူးထုန် ပို၍စိတ်အ‌နှောင့်အယှက်ဖြစ်လာရသည်။

 'ရှောက်မင်က ငါ့ကို ဘာပြောစေချင်တာလဲ'


ကျူးထုန် တစ်စုံတစ်ရာကို ယောင်ဝါးဝါး သိလိုက်သော်လည်း သေသေချာချာ နားမလည်ခဲ့ပေ။ အဖြေက ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ပင်။


ခေတ္တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သင်ခန်းစာအစီအစဉ်စာရွက်ကို ကိုင်ထား‌သော ရှစ်ဝမ်ရှုက စာသင်ခန်းထဲသို့ လမ်းလျှောက်ဝင်လာ၏။


ကျူးထုန် စင်မြင့်ကို မော့ကြည့်လိုက်ပြီးနောက် ခေါင်းကိုလှည့်ကာ သူ့ကို တိုက်တွန်းလိုက်သည်။ 


"ဆရာ လာ‌နေပြီ။ မင်းဖုန်းကို ဖယ်ထားလိုက်တော့"


ရှောက်မင်၏မျက်နှာပေါ်ရှိ အပြုံးက မှေးမှိန်မသွားပေ။ သူ့မျက်လုံးများထဲရှိ ရှုပ်ထွေးနေသော ခံစားချက်များကို ထိန်းချုပ်ထားရန် မျက်လွှာကိုသာ ချလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


 "အင်း"


စင်မြင့်ပေါ်ရှိ ရှစ်ဝမ်ရှုက အားလပ်ရက်အပြီး တက်ကြွ‌နေကြသော ကျောင်းသားများကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာဖြင့်


"လူတိုင်းက အားလပ်ရက်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ကြတဲ့ပုံပဲ"


ချက်ချင်းဆိုသလိုပင် စင်အောက်ရှိ တစ်စုံတစ်ယောက်က ငြီးငြူပြောဆိုလာလေသည်။ 


"တစ်ပတ်တာ အားလပ်ရက်အားလုံးအတွက် အိမ်စာတစ်ဒါဇင်ကျော် ပေးလိုက်တယ်လေ၊ ဆရာတစ်ယောက်အနေနဲ့ လောင်ပန်က စာ‌လေ့လာရတဲ့ အခက်အခဲတွေကို နားမလည်နိုင်တာ ဖြစ်သင့်ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့ အားလပ်ရက်တွေက တော်တော်လေးကို ပင်ပန်းလွန်းပါတယ်"


ရှစ်ဝမ်ရှူ ကျောင်းသားကို ကြည့်ပြီး နွေးထွေးစွာပြောလိုက်သည်။ 


"ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ မင်း ဒီအိမ်စာတွေအကုန်လုံးကို ကူးရေးလိုက်ရလို့ အရမ်းကိုဒုက္ခရောက်သွားတာလား"


“.....”


"ဟားဟားဟား"


စာသင်ခန်းထဲတွင် ရယ်မောသံများ ထွက်ပေါ်လာသည်။


ရှစ်ဝမ်ရှူ ကျောင်းသားကို အပြစ်မတင်ခဲ့ပေ။ သူ့လေသံက တည်တည်ငြိမ်ငြိမ်နှင့်ပင် ဆိုပါသည်။


 "ဆရာပေးခဲ့တဲ့ အိမ်စာတွေကို သေသေချာချာလေး လုပ်သင့်တယ် မင်းတို့ ပုစ္ဆာတစ်ခုခုကို မဖြေရှင်းနိုင်ဘူးဆိုရင် ကွက်လပ်အတိုင်းထားခဲ့လိုက် အိမ်စာတွေ ကူးချတာကိုတော့ အားမပေးဘူး နောက်ဆုံး လပတ်စာမေးပွဲ ပြီးသွားပေမယ့် ငါတို့ ကြိုးကြိုးစားစား စာ‌လေ့လာဖို့ လိုသေးတယ် နောက်ပြီး အားလပ်ရက်ပြီးသွားရင် ကျောင်းက သံပြိုင်သီဆိုပွဲတစ်ခုကို ကျင်းပဖို့စီစဉ်ထားပြီး အတန်းတိုင်း ပါဝင်ဖို့ မျှော်လင့်ထားတယ်...”


"ဝိုး!"


"ကောင်းတယ်"


"မိုက်တယ်!"


ရှစ်ဝမ်ရှု ကြေညာ၍မပြီးခင်မှာပင် လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးခြင်းကို ခံလိုက်ရသည်။


အချိန်အတော်ကြာအောင် စာလေ့လာမှုကြောင့် ဖိနှိပ်ချုပ်ချယ်ခံထားရသော အထက်တန်း ကျောင်းသူကျောင်းသားများအတွက် စာလေ့လာမှုမှလွဲ၍ မည်သည့်အဖွဲ့လှုပ်ရှားမှုမဆို သူတို့၏ စိတ်အားထက်သန်မှုကို အဆတစ်ရာ နှိုးဆွပေးနိုင်ပေသည်။


ထိုစဉ် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ မေးလိုက်သည်။ 


"ရှစ်လောင်ရှီး ကျွန်တော်တို့အတန်းက ဘာသီချင်းဆိုမှာလဲ"


ရှစ်ဝမ်ရှုက ပြုံးပြီးဆိုသည်။


 "ဆရာ သီချင်းရွေးပြီးသွားပြီ၊ ဆရာတို့ 'မြေအောက်စစ်ဆင်ရေး' ကို ဆိုမယ်၊ ဆရာ သင်ပေးခဲ့တဲ့ နောက်ဆုံးအုပ်စုနှစ်စုက ကျောင်းသားတွေက ဒီသီချင်းကို သံပြိုင်သီဆိုပွဲမှာ သီဆိုခဲ့ပြီး နှစ်ကြိမ်လုံးထိပ်ဆုံး ၃ နေရာကို ရခဲ့တယ်"


သူ ခေါင်းစဉ်ကို ပြောပြပြီးနောက် စာသင်ခန်းမှာ တစ်စက္ကန့်၊ နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။


"မြေအောက်စစ်ဆင်ရေးလား၊ အဲဒါက ငါတွေးထားတဲ့ မြေအောက်စစ်ဆင်ရေးလား"


"ဒီသီချင်းကို ရွေးလိုက်တာက ငါတို့ဆရာရဲ့အသက်ကို တကယ်ကြီးကို ဖော်ပြနေတာပဲ..."


"ရှစ်လောင်ရှီးက အသက်သုံးဆယ်ပဲရှိသေးတယ်၊ ဟုတ်တယ်မလား၊ သူ့မျက်နှာကလည်း တကယ်ကြီးကို နုပျိုနေတုန်းပဲ၊ သူ သေချာပေါက် အသက်ငါးဆယ်မကျော်လောက်သေးပါဘူး... ဒါပေမဲ့ သူ့ရဲ့ဒီခေတ်ဟောင်းသီချင်းရွေးချယ်မှုကို... ငါ ငြင်းလို့မရဘူးလား"


"ကျေနပ်ကြစမ်းပါ၊ ဘာသီချင်းပဲဆိုဆို စာသင်တာကို အချိန်ရွှေ့နိုင်သရွေ့ ငါတို့ဆိုမယ်၊ သံပြိုင်ဆိုတာကို ပိုပြီးအပြင်းအထန် လုပ်ကြစို့"


“.....”


စာသင်ခန်းထဲတွင် ဆွေးနွေးမှုများ အများအပြား ပေါ်ပေါက်လာပြီး နောက်တန်းရှိကလေးတစ်ယောက်က စပ်စုသည့်လေသံဖြင့် မေးလာလေ၏။ 


"မြေအောက်စစ်ဆင်ရေးဆိုတာ ဘာသီချင်းလဲ"


ရှောက်မင်မှာ ကျူးထုန် ဘာမှမသိသည့်အချက်ကို ကျင့်သားရနေပုံပေါ်သည်။ ထို့ကြောင့် သူ ခဏမျှ စဉ်းစားပြီး တိုက်ရိုက်မေးလိုက်သည်။


 "မင်း နားထောင်ချင်လား"


ကျူးထုန် စင်မြင့်ပေါ်ရှိ ရှစ်လောင်ရှီးကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ 


"အတန်းပြီးရင် နားထောင်ရအောင်”


ကျူးထုန် စိတ်ပူနေသည့်အရာကို ရှောက်မင် သိသောကြောင့် ပြုံးကာပြောလိုက်သည်။ 


"အဆင်ပြေတယ်၊ ကိုယ့်မှာ ဖြေရှင်းနည်းရှိတယ်"


"မင်းမှာ ဘာဖြေရှင်းနည်းရှိတာလဲ။ နားကြပ်တပ်တာလား"


ရှောက်မင် ကျောင်းသို့ နားကြပ်ယူလာသည်ကို သူ သတိမထားမိခဲ့ပေ။


‌ရှောက်မင် ခေါင်းငုံ့ပြီး သူ့လက်ကိုင်ဖုန်းထဲမှ သီချင်းအပ်ပလီကေးရှင်းကို အမြန်ဖွင့်လိုက်သည်။ ထို့နောက် သီချင်းသံကို အနိမ့်ဆုံးအဆင့်ထိ ထိန်းညှိကာ ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်ပြီး သူအင်္ကျီလက်ဖျားထဲသို့ ထိုးသွင်းလိုက်သည်။


"ဒီကိုလာခဲ့" 


သူ နူးညံ့စွာ ပြောလိုက်သည်။


ကျူးထုန် သူ့နားကို ရှောက်မင်၏အင်္ကျီလက်ပေါ်သို့ ကပ်လိုက်သည်။


ခပ်ဖျော့ဖျော့ နွေးထွေးမှုလေးတစ်ခုက သူ့နားရွက်နားဆီ ရောက်ရှိလာပေသည်။ ရှောက်မင်က လက်မောင်းကို သူ့ခေါင်းအနောက်ဘက်မှ ရစ်ပတ်ထားပြီး နားရွက်ကိုဖိထားကာ ဖုန်းနှင့်သူ့လက်မောင်းကြားတွင် တင်းကျပ်စွာ ညှပ်ထားလေသည်။ သွယ်လျသော လက်ချောင်းလေးများက ရည်ရွယ်ချက်ရှိရှိပင်ဖြစ်စေ သို့မဟုတ် မရည်ရွယ်ဘဲဖြစ်စေ သူ၏နားရွက်အဖျားလေးဖြင့် ကစားနေသည်။


ကျူးထုန် တစ်ခဏမျှ တုန်လှုပ်သွားသော်လည်း သူ၏နားစည်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော သီချင်းသံက သူ့ကို လျင်မြန်စွာ စွဲဆောင်သွားခဲ့သည်။


သူ ထိုသီချင်းကို အရင်က မကြားဖူးခဲ့ပေ။ အတန်းထဲရှိလူတိုင်းက ထိုသီချင်းမှာ မည်မျှရှေးကျကြောင်း ညည်းညူကာ စောဒကတက်ပြောဆိုနေကြသော်လည်း ကျူးထုန်မှာ မည်သည်ကိုမျှ မပြောနိုင်ခဲ့ပေ။


သံစဉ်က အတော်လေး အသက်ဝင်ပြီး စာသားများမှာ သိပ်သည်းကာ အထင်ကြီးဖွယ် အရှိန်အဝါမျိုးရှိပေသည်။


ကျူးထုန် ရုတ်တရတ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။


 "ဒီသီချင်းကို ငါဆိုနိုင်လောက်မှာ မဟုတ်ဘူး"


ရှောက်မင် မျက်ခုံးပင့်ကာ မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ"


ကျူးထုန် ပြန်ဖြေလိုက်၏။ 


"ငါ့ရဲ့ အဆုတ်စွမ်းဆောင်ရည်က သိပ်မကောင်းဘူး၊ သီချင်းတစ်ပုဒ်ပုဒ်ကို ဒီလောက်အကြာကြီးဆိုရရင် ‌မောသွားလိမ့်မယ်"


သီချင်းစာသားများက အတော်လေး ရှည်လျားကာ ရှုပ်ထွေးနေပြီး သူ ကောင်းကောင်းအသက်ရှုရန် အချိန်ရလိမ့်မည် မဟုတ်ပေ။


ကျူးထုန်အတွက် ပုံမှန်အတိုင်း သီချင်းကို ဖွင့်ပြပေးရန် လက်ရှိတွင် ရှောက်မင်က လက်တစ်ဖက်ကို သူ့ပခုံးပေါ်တွင် တင်ထားပြီး သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေကြသည်။


သီချင်းနားထောင်နေရင်း ကျူးထုန်က သူနှင့်စကားပြောရန် ခေါင်းကို စောင်းလိုက်သောကြောင့် ကျူးထုန်၏နူးညံ့သည့် အသက်ရှူသံက ရှောက်မင်၏မျက်နှာကို ရိုက်ခတ်သွားလေသည်။


သာမန်ဝါကျလေးတစ်ခုက ရှောက်မင်၏နှလုံးသားကို အနည်းငယ် ယားယံသွားစေသည်။ ရှောက်မင် လည်ချောင်းကိုရှင်းပြီး မေးလိုက်ချိန်တွင် သူ့အသံမှာ အနည်းငယ် ကြမ်းတမ်းနေလေသည်။ 


"မင်းက ဘာလို့ မောရမှာလဲ"


ကျူးထုန်: "ဘာလို့လဲဆိုတော့ ငါ အသက်ရှူကြပ်နေလိမ့်မယ်၊ စည်းချက်တွေကို အမှီလိုက်နိုင်စွမ်းရှိမှာ မဟုတ်ဘူး၊ နောက်ပြီး အဲဒါက တခြားလူတွေကို ဆွဲချသွားလိမ့်မယ်"


ရှောက်မင်: "....."


လူငယ်လေး၏ ‌ဘေးတိုက်အနေအထားပုံစံက အံ့ဩဖွယ်ကောင်းလောက်အောင် လှပပေ၏။ ရက်ပေါင်းများစွာ ပြုစုပျိုးထောင်ကာ ကျွေးမွေးစောင့်ရှောက်ပြီးနောက် သူ့မျက်နှာမှာ အသားသိပ်မရှိသော်လည်း သိသိသာသာပင် နှင်းဆီရောင်သန်းလာပေသည်။


သူ့လည်ပင်းက သေးသွယ်ကာဖြူဖွေးနေပြီး သူ ရှူထုတ်လိုက်သည့် အသက်ရှူသံမှာလည်း နွေးထွေးညက်ညောနေပေသည်။ သူ အမှန်တကယ် မောပန်းနေပြီး အသက်ရှူမြန်နေသော်လည်း သီချင်းဆိုရန် ကြိုးစားနေသေးလျှင် သူ့မျက်နှာက မည်သို့မည်ပုံဖြစ်နေမည်နည်း။


ရှောက်မင်မှာ သူ့စိတ်ကူးနှင့်သူ မျောလွင့်နေသောကြောင့် မသဲမကွဲသာ ရေရွတ်ပြောဆိုနိုင်သည်။ 


"တကယ်လား"


ကျူးထုန် ခေါင်းညိတ်လိုက်ပြီး ဖြေ၏။


“အင်း”


သူ သံပြိုင်သီချင်းဆိုရာတွင် မပါဝင်နိုင်ကြောင်း ရှစ်လောင်ရှီးကို ပြောရပေမည်။


သီချင်းက ၂ မိနစ်မျှသာ ကြာသည်မို့ မြန်မြန်ပြီးဆုံးသွားသည်။ သီချင်းပြီးဆုံးသွားပြီးနောက် သီချင်းသံမှာလည်း အလိုအလျောက် ရပ်တန့်သွား၏။


ကျူးထုန် ခေါင်းကို မော့ကာပြောလိုက်သည်။


 "ငါ နားထောင်လို့ပြီးသွားပြီ"


ရှောက်မင်က တုတ်တုတ်မျှမလှုပ်ဘဲ သူ့လက်မှာလည်း ကျူးထုန်၏နားရွက်ပေါ်တွင် ရှိနေဆဲပင်။


ရုတ်တရက် စင်ပေါ်မှအကြည့်တစ်ချက်က လှမ်းကြည့်လာ၏။


"ကျူးထုန်၊ မင်း ရှောက်မင်နဲ့ ဘာတွေဆွေးနွေးနေတာလဲ။ မင်းမှာ ပြောစရာရှိလို့လား"


ရှစ်ဝမ်ရှူက ကျူးထုန်၏ကျန်းမာရေးမကောင်းမှုကြောင့် သူ့ကို ပိုမိုအာရုံစိုက်မိသည်။ မော့ကြည့်လိုက်ချိန်တွင် သူစိတ်ဝင်စားဆုံး ကျောင်းသားနှစ်ယောက်က ခေါင်းငုံ့ပြီး တီးတိုးပြောနေသည်ကို တွေ့လိုက်ရသောကြောင့် သူ အနည်းငယ် စပ်စုချင်မိသွားသည်။


သို့သော် ကျောင်းသားများ၏အမြင်တွင် သူတို့၏ “တီးတိုးပြောဆိုမှုများ” က ထိုပုံစံနှင့်မတူပေ။


တစ်ဖက်လူရဲ့နားကိုအုပ်ပြီး တစ်ဖက်သားကို စကားပြောရအောင် မင်းက ဘယ်လိုလျှို့ဝှက်ချက်မျိုးကို ပြောနေတာမလို့လဲ။


သူတို့နှစ်ယောက် ဘယ်လိုတောင် အံ့ဩစရာကောင်းတာတွေ လုပ်နေကြတာလဲ။


ကျောင်းသားများမှာ သူတို့အပေါ် ပိုပြီးအာရုံစိုက်လာပေသည်။ ကျူးထုန် သူ့ညာဖက်ပခုံးပေါ်ရှိ လက်တစ်ဖက်ကို လှည့်ကြည့်လိုက်ပြီးနောက် မသိစိတ်က သတိပေးလာသည်။ 


"မင်းရဲ့ဖုန်း... "


ရှောက်မင်က သူ့လက်ကို သဘာဝကျကျ ရုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ 


"ကျွန်တော်တို့ ဘာမှ မဆွေးနွေးပါဘူး။ သူ့နားရွက်တွေက နည်းနည်းအေးနေတာကြောင့် ကျွန်တော်က နွေးသွားအောင် ဖုံးပေးထားတာ"


တစ်တန်းလုံး: "….."


သူ့နားရွက်တွေက အေးနေတယ်ဆိုရင်တောင် ဘာလို့ မင်းက မင်းရဲ့လက်တွေကို သုံးပြီး နွေးသွားအောင်လုပ်ပေးနေရတာလဲ...


မည်သူကမှ မေးခွန်းမထုတ်ခင်မှာပင် ရှောက်မင်က ထပ်ဖြည့်ပြောလာပေသည်။


“အို လောင်ရှီး၊ သံပြိုင်သီဆိုမှုမတိုင်ခင် ကျွန်တော်တို့ ရွတ်ဆိုမှုတစ်ခု ထပ်ထည့်လို့ရမလား။ ကျွန်တော့်လည်ချောင်းက အခြေအနေမကောင်းလို့ သီချင်းဆိုလို့ မရဘူး။ ပြီးတော့ အဲဒီရွတ်ဆိုမှုကို လူနှစ်ယောက်လုပ်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ကျွန်တော် ကျွန်တော့်ရဲ့ထိုင်ခုံဖော်နဲ့ လုပ်လိုက်မယ်။ မဟုတ်ရင် အရမ်းအထီးကျန်သလို ခံစားရလို့"


“.....”


ဤသည်မှာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားပြီး အဓိပ္ပာယ်မရှိသည့်စကားများကို ပြောဆိုနေခြင်း၏ ပြီးပြည့်စုံသောသရုပ်ပြမှုပင်။


ဤကဲ့သို့ အားကောင်းသောအသံဖြင့် စကားပြောနေစဉ် ရှောက်မင်မှာ သူ၏လည်ချောင်းက အခြေအနေမကောင်းကြောင်း အခိုင်အမာ ပြောဆိုနေပေသည်။ သူတို့အတန်း၏ သံပြိုင်သီဆိုဖျော်ဖြေမှုမှာ ခက်ခဲသောအချိန်ကာလတစ်ခုကို ရင်ဆိုင်နေရကဲ့သို့ပင်။


နောက်ပြီး သူက သူ့ထိုင်ခုံဖော်နဲ့အတူ ရွတ်ဆိုချင်နေတယ်ပေါ့။


သူ၏မကောင်းသည့် အတွေးများက နေ့အချိန်လို ရှင်းလင်းပြတ်သားလှပေ၏။


သို့သော် ထူးချွန်သည့်ကျောင်းသားများတွင် အမြဲတမ်း အထူးအခွင့်အရေးများ ရှိပေ၏။ ရှစ်ဝမ်ရှူကဆိုသည်။


"ဒါလည်း အဆင်ပြေတယ်၊ ဒီသီချင်းမှာ အစက ယောက်ျားလေးရော မိန်းကလေးပါ ရွတ်ဆိုဖို့ ရည်ရွယ်ထားတဲ့ စာပိုဒ်တစ်ပိုဒ်ပါတယ်၊ ဒါပေမယ့် ငါတို့အတန်းထဲမှာ ကျောင်းသားတွေက ပိုများနေတယ်၊ မင်းနဲ့ကျူးထုန် အတူတူ ရွတ်မယ်ဆိုရင်လည်း အဆင်ပြေတယ်၊ စာသားက နည်းနည်း နည်းပေမယ့် အဓိကက ပါဝင်ဖို့၊ အဲဒီလိုပဲ လုပ်ကြတာပေါ့"


ရှစ်ဝမ်ရှု နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကို ချလိုက်ပေသည်။


ထို့နောက် သူ ရုံးခန်းသို့ စပီကာတစ်ခုကိုသွားယူရန် စာပေနှင့်အနုပညာကော်မတီဝင်များအား တောင်းဆိုလိုက်ပြီး ကိုယ်ပိုင်စာကြည့်ချိန်အတွင်း လူတိုင်း သံစဉ်ကို ရင်းနှီးနိုင်စေရန်အတွက် သီချင်းကို ထပ်ကာထပ်ကာ ဖွင့်ပြရန် စီစဉ်လိုက်သည်။ သို့မှသာ နောက်ထပ်လေ့ကျင့်မှုများတွင် ပိုမိုအဆင်ပြေစေပေလိမ့်မည်။


ကျူးထုန်မှာ စိတ်ရှုပ်ထွေးနေဆဲပင်။


"မင်းရဲ့... လည်ချောင်းက အခြေအနေမကောင်းဘူးလား"


ရှောက်မင် ပြန်ပြီးမေးခွန်းထုတ်လိုက်၏။ 


"မင်း‌ဘယ်လိုထင်လဲ"


ကျူးထုန်: "....."



🤒