Chapter 60.2
Viewers 7k

Chapter - 60.2 (ဘယ်သူ့ ကလေးလဲ...) ချင်းယင်သည် ခေါင်းကို အနည်းငယ် စောင်းပြီး ပြောလိုက်သည်။ "ငါမှ မင်းကို မရရင် မင်းလည်းအသက်ရှင်ဖို့ မလိုဘူး" ကျောင်းမြန် ချင်းယင်အား တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ချင်းယင်သည် အနက်ရောင်လက်ကိုင်ကို ဆုပ်ကိုင်ထား‌သော်လည်း သူ့မျက်လုံးများအတွင်းမှ ခံစားချက်များကို မမြင်နိုင်အောင် မျက်လွှာချထား‌လေသည်။ ခဏအကြာတွင် ကျောင်းမြန် ပြန်ဖြေလိုက်သည်။ "မင်းကို ရွေးချယ်စရာ နှစ်ခုပြန်ပေးမယ်... တစ်ခုက ငါနဲ့ ငါ့ကလေးကို လွှတ်ပေးရင် မင်းကို သစ္စာခံမယ်....ဒုတိယတစ်ခု ငါ့ကိုသတ်လိုက်တော့...အဲ့ဒါပဲ" ကျောင်းမြန် သည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး သူ၏အခြေအနေများအား ထုတ်ပြလိုက်သည်။ သေနတ်ကိုင်ထားသည့် ချင်းယင်၏ လက်များ တုန်ရင်လာတော့သည်။ "ငါ့ကိုသစ္စာရှိပေးမယ်...! ဟား...!" ထပ်မေးလိုက်၏။ "ဘယ်လို သစ္စာရှိပေးမှာလဲ.." ကျောင်းမြန် : "ဒါက မင်းအပေါ်မူတည်တယ်" "ကောင်းပြီ" ချင်းယင် သေနတ်ကို ပြန်သိမ်းလိုက်ပြီး ပြော၏။ "ငါတို့ သွားမယ့် နောက်တစ်နေရာက ဟီဂူရာရှီမြို့ပဲ" ကျောင်းမြန်၏နှလုံးသားလေး တုန်လှုပ်သွားသည်။ 'ဟီဂူရာရှီမြို့....သူ ဘာရည်ရွယ်ချက်နဲ့...' ချင်းယင် နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးပြီးပြောသည်။ "ပြီးရင် စစ်မြေပြင်မှာ မင်းကို အဖွဲ့ချုပ်တစ်ခုလုံးနဲ့ ရေခဲမြစ်ပြည်သူတွေရှေ့မှာ ငါ့အပေါ်သစ္စာရှိ‌ကြောင်း ကျိန်ဆိုဖို့ မင်းရဲ့မျက်နှာအစစ်အမှန်ကို သုံးပြီး တိုက်ရိုက်ထုတ်လွှင့်မှ ငါ ဒီသစွာခံမယ်ဆိုတာကို လက်ခံပေးမယ်..." ကျောင်းမြန်သာ ထို့သို့ လုပ်လိုက်လျှင် နောက်ကြောင်းပြန်လှည့်လို့ ရမှာမဟုတ်‌တော့ဘူး။ ကျောင်းမြန် မျက်လုံးပြူးသွားသည်။ "..မင်းရူးနေလား...!" "ဟုတ်တယ်" ချင်းယင် ပြုံးလိုက်သော်လည်း ထိုအပြုံးသည် နာကျင်မှုအနည်းငယ်နှင့် ရောထွေးနေသည်။ ချင်းယင်သည် ဒူးထောက်ပြီး ကျောင်းမြန်ကို ကြည့်ကာ ပြောလိုက်သည်။ "ကျောင်းမြန်...ယွီယင်... ငါရူးနေပြီ၊ အဲ့ဒါကြောင့် မင်းရဲ့လိမ်ညာမှုတွေကို ထပ်ခါထပ်ခါယုံ‌နေမိတာလေ အခု ဒီတစ်ခါလည်း ဒီလိုပဲ" ကျောင်းမြန် သဘောပေါက်သွားသည်။ ချင်းယင် ညည်းတွားလိုက်သည်။ "ငါက စီဆဲလ်ထက် ပိုဆိုးနေပြီဆိုတာ မင်းဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး.." ကျောင်မြန် မအံ့သြလို့ မဆုံးခင် ချင်းယင်သည် မတ်တပ်ထရပ်ပြီး လှည့်ထွက်သွားပြီဖြစ်သည်။ ကျောင်းမြန်သည် သက်ပြင်းရှည်ကြီးချကာ အေးစက်နေသောကြမ်းပြင်ပေါ်တွင် ခဏထိုင်နေလိုက်သည်။ သူအသက်ရှင်ခဲ့ပြီ။ ကျောင်းမြန်သည် သူ့ဘေးနားရှိ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်လိုက်သည်။ လူသိရှင်ကြား... ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ချင်းယင်သည် ဟီဂူရာရှိမြို့သို့ ရောက်သည့်နေ့တွင် သူပြောသည့်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ သူသာ ငြင်းခဲ့လျှင် ...အာ့ခီသည် သူ့အသက်ကို ကယ်တင်ရန် ဆန္ဒရှိသော်လည်း ကလေးကိုတော့ အာမမခံနိုင်ပေ။ ကျောင်းမြန် သူ့လက်ဖဝါးကို ကိုက်လိုက်သည်။ သူသည် ပင်လယ်ဓားပြသင်္ဘောပေါ်တွင် ဆက်မနေနိုင်တော့ပေ။ 'ဒါဆို... ငါတို့ရဲ့ အဆိပ်ဖြေဆေးကို တတ်နိုင်သမျှ မြန်မြန်ရှာမှရမယ်!' ကျောင်းမြန် ထွက်သွားတော့မည်အချိန်တွင် အံ့အားသင့်သွားသည်။ ဆိုဖာဘေးတွင် သွေးတစ်စက်ရှိ နေသည်။ ကျောင်းမြန် ထိုင်ချပြီး အနီးကပ်ကြည့်လိုက်ရာ တကယ်ကို သွေးစိုနေခြင်းဖြစ်သည်။ ဆရာဝန်ရော၊ သူ့မှာရော ဒဏ်ရာမရှိပါ။ ဒါဆို ဖြစ်နိုင်တာက.... ကျောင်းမြန်သည် အရင်က စီဆဲလ်အား ပြောပြဖူးသည်ကို သတိရလိုက်သည်။ ထိုနေ့က ရေတံခွန်ဘေးတွင် ချင်းယင်သည် သူ့အား ဓါးဖြင့် ထိုးခဲ့သလို ကျောင်းမြန်သည်လည်း တူညီတဲ့ အနေအထားဖြင့် ချင်းယင်အား ပြန်ထိုးခဲ့ဖူးသည်။ ကျောင်းမြန် တွေးမိလိုက်သည်။ ချင်းယင်၏ ဒဏ်ရာသည် မသက်သာသေးပုံရသည်။ သူ... တောင့်ခံထားပုံရသည်။ ကျောင်းမြန်သည် သူ့စိတ်ထဲတွင် အစီအစဉ်များ ချပြီးဖြစ်သည်။ "သခင်လေး ယွီယင်....." ကျောင်းမြန်အား ထွက်လာရန် အိမ်အကူတစ်ယောက်က သတိလာပေးလေသည်။ ကျောင်းမြန် ခေါင်းညိတ်ပြပြီး သူ့အခန်းထဲပြန်သွားကာ စားပွဲပေါ်တွင် ရိုးရှင်းသောပုံတစ်ခုကို ရေဖြင့်ဆွဲလိုက်သည်။ ရေသည် လျင်မြန်စွာ အငွေ့ပျံသွားပြီဖြစ်သော်လည်း ကျောင်းမြန်က ဂရုမစိုက်ဘဲ သူ့အတွေးများကိုသာ ရှင်းလင်း‌အောင်ထားလိုက်သည်။ ကျောင်းမြန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် တိတ်တဆိတ် စုံစမ်းစစ်ဆေးနေခဲ့သည်။ အဆိပ်ဖြေဆေးသည် အလွန်အဖိုးတန်သော အင်းဆက်ဘုရင်အဆိပ်ဖြစ်သဖြင့် ပင်လယ်ဓားပြများသည် အတည်တကျနေရာမရှိ၍ တစ်နှစ်ပတ်လုံး လှည့်လည်သွားလာနေရသောကြောင့် ချင်းယင်သည် ၎င်းကို ယူဆောင်သွားမှရမည်ဖြစ်သည်။ တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ချင်းယင်၏ အခန်း နှင့် စာဖတ်ခန်းဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကို အတူတကွဖြတ်သန်းပြီးနောက် ကျောင်းမြန်သည် စာဖတ်ခန်းထဲတွင်မဟုတ်ကြောင်း ခံစားခဲ့ရသည်။ နောက်ဆုံးတွင် လူအများသည် ထိုအခန်းထဲသို့ လွတ်လပ်စွာ သွားလာနိုင်သည်။ ဥပမာအားဖြင့် အခုလည်း စာကြည့်ခန်းထဲတွင် သူတစ်ယောက်တည်းရှိသည်။ ဒါဆို....အိပ်ခန်းဆိုရင်ရော.... ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အိပ်ခန်းဝင်ရန်မှာ မခက်ခဲပါ။ "အဟွတ်....အဟွတ်....အဟွတ်...." ကျောင်းမြန်သည် တန်ပြန်အစီအစဥ်များကို ဆက်တွေးချင်သော်လည်း ဗိုက်ထဲတွင် နေလို့မကောင်းဖြစ်နေပြန်သည်။ ထိုပြင်းထန်သောနာကျင်မှုကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။ ကျောင်းမြန် သူ့ပါးစပ်ကို အုပ်ကာ ကိုယ်ဝန် ဆောင်ရတာ ဒီလောက်တောင်ခက်ရလားဟု တွေးနေမိသည်။ ဒါက ကနဦးတုံ့ပြန်မှုလား။ ဒါမှမဟုတ်သူ ကလေးကို အရမ်းနှိပ်စက်နေမိတာလား။ ယခုအချိန်တွင် အခြားသူများနှင့်အတူ ပင်လယ်ဓားပြသင်္ဘောပေါ်တွင် ရှိနေရသဖြင့် ကောင်းမွန်စွာ ဂရုစိုက်နိုင်ဦးမည် မဟုတ်ပေ။ (T/N- အန္တရာယ်များတဲ့ အနေအထား ဖြစ်နေလို့ပါ) စီဆဲလ်သာ ဒီနေရာမှာရှိနေရင်ရော.... ကျောင်းမြန် လန့်သွားပြီး ခေါင်းယမ်းလိုက်သည်။ ကျောင်းမြန်သည် ကလေးကို မွေးမည်ဖြစ်သော်လည်း သူသာ အားမနည်းနေလျှင် စီဆဲလ်အား အမြဲတမ်းအားကိုး‌နေဖို့ မစဉ်းစားပါ။ ဟုတ်ပါသည်။ သူသည် သူတစ်ပါးအားကိုးရသည်ကို မကြိုက်ပါ....ထိုလူက စီဆဲလ် ဆိုရင်တောင်မှ...။ ကျောင်းမြန်သည် သူ့ကိုယ်သူ အားပေးကာ အိပ်ပျော်ရန် အိပ်ရာဝင်လိုက်တော့သည်။ ရေချိုးရန် အားအင်မကျန်တော့သဖြင့် ခေါင်းမြီးခြုံပြီးသာ အိပ်လိုက်တော့သည်။ "နိုင်ပြီ....!" ဘယ်သူက စပြီးအော်လိုက်လဲ မသိသော်လည်း နောက်တွင် ဖက်ဒရယ်တပ်မတော် တစ်ခုလုံးက တခဲနက်အော်ဟစ်ကြသည်။ "ဗိုလ်ချုပ်ကြီးစီဆဲလ်ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး...!" "ဗိုလ်ချုပ်ကြီးစီဆဲလ်ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး...!" စီဆဲလ်သည် ပင်မတိုက်ပွဲဝင်သင်္ဘော၏ကုန်းပတ်ပေါ်တွင် ရပ်နေသည်။ သူ၏ အဖြူရောင် စစ်ဝတ်စုံတွင် အနီရောင်များ ဖုံးလွှမ်းနေပြီး ကုန်းပတ်‌ပေါ်တွင် လူများနှင့် ဇာစ့်အလောင်းများ ပြည့်နေသည်။ စီဆဲလ်၏ လက်ထဲတွင် သွေးစွန်းနေသောဓားကို ကိုင်ထားဆဲဖြစ်သည်။ စီဆဲလ်သည် ထူးခြားချက် များစွာရှိသော လူတစ်ဦးဖြစ်သည်။ အစည်းအဝေးပွဲများ၊ ပွဲလမ်းသဘင်များကဲ့သို့ အရေးကြီးသော ပွဲလမ်းသဘင်များတွင် အနက်ရောင် စစ်ယူနီဖောင်းကို ဝတ်ဆင်ရခြင်းကို နှစ်သက်ပြီး ထိုပုံစံသည် ခံ့ညားထည်ဝါသော သွင်ပြင်ကို ဆောင်လေသည်။ သို့သော် တိုက်ခိုက်သည့်အချိန်မှာတော့ အဖြူရောင်ကို ပိုနှစ်သက်သည်။ စီဆဲလ် အလိုရှိသည်မှာ ရန်သူများ ကြောက်လန့်သွားစေရန်နှင့် သူ၏အဖြူ‌ရောင် ဝတ်စုံကို အနီရောင် စွန်းထင်းစေရန် ဖြစ်သည်။ ထိုအချိန်တွင် စီဆဲလ်၏ ရန်သူများသည် သွေးများဖြင့် ဖုံးလွှမ်းနေရာ သူ့မျက်လုံးများတွင်လည်း သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ ရှိနေသေးသည်။ သူတို့အနိုင်ရပြီ....! ဖက်ဒရယ်စစ်တပ်သည် ဇာစ်များနှင့်ပြင်းထန်စွာတိုက်ပွဲဝင်ခဲ့ပြီး ရန်သူအားလုံးကိုသတ်ကာ အဖိုးအိုကိုပြန်လည် ဖမ်းမိခဲ့သည်။ အဘိုးအိုအား ဖမ်းမိနေသ၍ ကျောင်းမြန်၏ ဖြေဆေး ရရှိနိုင်မည်ဖြစ်သည်။စီဆဲလ် ပြုံးလိုက်သည်။ အရင်တုန်းက အဖွဲ့ချုပ်အတွက် တိုက်ပွဲဝင်ခဲ့ချိန်က အောင်ပွဲခံပြီးရင် သဘာဝအတိုင်း ပျော်ရွှင်နေပေမယ့် ဒါသည် သူ့တာဝန်ဖြစ် သောကြောင့် စိတ်သက်သာရာရသည်။ သို့သော် ချစ်ရသူအတွက် တိုက်ပွဲဝင်ရသည့် ခံစားချက်မှာ လုံးဝကွဲပြားသည်။ ဒါသည် ကြည်နူးစရာ၊ ဂုဏ်ယူစရာဖြစ်ပြီး ဖော်ပြလို့မရနိုင်ပေ။ စီဆဲလ် သည် သူ့ခံစားချက်များကို ဖုံးကွယ်မထားဘဲ အောင်ပွဲခံပြီးနောက်တွင် သူ့မျက်နှာပေါ်တွင် ဟန်ဆောင်မှုများဖြင့် ကာရံထားလိုက်သည်။ နောက်တစ်နေ့တွင်၊ စီဆဲလ်သည် စစ်မြေပြင်ကို ရှင်းလင်းခဲ့ပြီး အရှုပ်အထွေးများကြားမှ အကျဉ်းသားများကို ရေတွက်ပြီးနောက် အဘိုးအိုအား ခေတ္တထိန်းသိမ်းထားသည့် အကျဉ်းခန်းသို့ သွားခဲ့သည်။ အဘိုးအိုသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာသူ၏ခြေထောက်တစ်ဖက်သည်လည်း ကျိုးသွားခဲ့ပြီး စီဆဲလ်အား အကျဥ်းခန်းထောင့်တွင် ကျုံ့ကျုံ့လေး ထိုင်ကာ စိုက်ကြည့်နေလေသည်။ တစ်ရက်ကျော်လောက် အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် အဘိုးအိုသည် ထိတ်လန့်တကြား အော်ဟစ်နေပြီဖြစ်သည်။ "ငါ့ကို သွားခွင့်ပြုပါ လွှတ်ပေးကြပါ!" အဘိုးအို၏ ဆံပင်များသည် ရှုပ်ပွနေပြီး သူ့မျက်နှာသည်လည်း နီရဲနေကာ ရှက်စရာ ကောင်းနေသည်။ "ကျုပ် ခင်ဗျားကို လွှတ်ပေးလို့ရတယ် ဒါပေမယ့် Blue Wings ရဲ့ အဆိပ်ဖြေဆေးပေးပါ..." အဘိုးအို၏ရှေ့တွင် ထိုင်ချလိုက်ပြီး လက်ကို ဆန့်တန်းကာ ပြုံးပြုံးလေး ပြောလိုက်သည်။ "ကျုပ်က စိတ်သိပ်မရှည်တတ်ဘူး..." "မင်း...မင်း!" အဘိုးအိုသည် သူ့ရှေ့မှ သွေးစွန်းနေတဲ့ လူကို ကြည့်ရင်း တုန်လှုပ်သွားသည်။ "သွားပါတော့ ငါ့ကိုသွားခွင့်ပြုပါကွာ အဆိပ်ဖြေဆေးပေးပါ့မယ်!" "အိုး!!!" စီဆဲလ် မျက်ခုံးပင့်လိုက်ပြီး ပြော၏။ "အခု ဘာဖြစ်နေတာလဲဆိုတာ နားမလည်သေးဘူးလား ဦးလေးရဲ့....!" အဘိုးကြီးသည် စီဆဲလ် ပြောတာကို ကြားလိုက်ရချိန်တွင် စီဆဲလ် ငယ်ငယ်လေးကတည်းက သူ့အား ထိုသို့ခေါ်လိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး တစ်စုံတစ်ရာကြောင့် ပို၍ ကြောက်လန့်သွားသလို ခံစားရမြဲဖြစ်သည်။ "မင်း ငါ့ကို ဘာလုပ်ချင်လို့လဲ' "ဘာရယ်....” စီဆဲလ်သည် သူ့သေနတ်ကို ဆွဲထုတ်လိုက်ပြီး သူ့လက်ထဲမှာ လှည့်ပြီး ပြောလိုက်သည်။ "ဦးလေးနဲ့ လိုက်တမ်း ပြေးတမ်း ဆော့နေရတာ‌လေ" အဘိုးအိုသည် တံတွေးမျိုချလိုက်သည်။ "ဘာလို့ အရမ်းကြောက်နေတာလဲ ဦးလေးရဲ့...” စီဆဲလ်သည် ဟက်ဟက်ပက်ပက်ရယ်ပြီး ဆက်ပြော၏။ “မြန်မြန်နဲ့ ကျုပ်ကမှ ခင်ဗျားကို ကြောက်ရမှာလေ... မြန်မြန်ဆို အရမ်းသနားစရာကောင်းတာပဲ...ခင်ဗျားနဲ့ တခြားဦးလေး အဒေါ်တွေက နေ့တိုင်း ကြိမ်ဒဏ်ပေးတယ်...ရိုက်နှက်ခံရတာ‌တွေကို အရမ်းကို သတိရတာပဲ...အဲ့လိုဆိုမှ‌တော့ အသက်ပိုကြီးတဲ့ ခင်ဗျားကို ကျုပ်တို့က ကြောက်နေ‌သင့်တာ မဟုတ်ဘူးလား..." အဘိုးအို၏ မျက်နှာသည် ပြာသွားကာ စီဆဲလ်ကို တည့်တည့်မကြည့်ဝံ့ပေ။ အနီးကပ်‌ သေချာကြည့်လျှင် အဘိုးအိုသည် တုန်လှုပ်သွားသည်ကို တွေ့နိုင်သည်။ စီဆဲလ်၏ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းသည်။ အဘိုးအိုသည် တုန်ရီနေသော အသံဖြင့် ဆို၏။ "ဒါက အတိတ်မှာ ဖြစ်ခဲ့တာတွေပါပဲ..." "ကောင်းပြီ....ဒါဆို အဆိပ်ဖြေဆေးက ဘယ်မှာလဲ" စီဆဲလ်သည် သူ့လက်ကို ထိကာ ပြောလိုက်သည်။ "ကျုပ်က လျှို့ဝှက်ချက်ထားရတာကို မုန်းတယ်" "ငါ.... ငါ ဆေးစာရေးပေးမယ်... အခုချက်ချင်း ရေးပေးမယ်....! ငါ့ကိုမသတ်ပါနဲ့၊ မသတ်ပါနဲ့" အဘိုးကြီးသည် အလွန်စိတ်ရှုပ်ထွေးနေပြီဖြစ်သည်။ အယ်ဗင်က ဘောပင်နဲ့ စာရွက်ကို ယူလာပေးသည်။ အဘိုးအိုသည် ရေးပြီးသည်နှင့် စာရွက်ကို ကြောင်တောင်တောင် အမူအယာဖြင့် စီဆဲလ်ထံသို့ ပေးပြီး တုန်ယင်ကာ ဆို၏။ "ငါ့ကို သွားခွင့်ပြုပါ....မသတ်ပါနဲ့.." စီဆဲလ် သည် စာရွက်ကိုယူ၍ တစ်ချက်ကြည့်လိုက်ပြီး..... "ဒါက အမှန်လား..." "မှန်တယ်! အဲ့ဒါ အမှန်ပဲ!" အဘိုးအိုက အော်ဟစ်လိုက်ပြီး... "ငါ့အသက်နဲ့ကို အာမခံတယ်!" "ကောင်းပြီ ဒါဆို ခင်ဗျားရဲ့အသက်အတွက် အာမခံချက် ပြန်ပေးရတာပေါ့..." စီဆဲလ်သည် ပြုံးပြီး အဘိုးကြီး၏ နဖူးအား သေနတ်ဖြင့် ချိန်လိုက်သည်။ "ဒိုင်း..." အဘိုးကြီး မအော်နိုင်ခင်မှာပင် ခေါင်းမှ သွေးများ ထွက်ကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ စီဆဲလ် သည် သူ့ရှေ့မှ အလောင်းကို ဘာအမူအရာမှမပြဘဲ ကြည့်နေသည်။ အယ်ဗင်သည် အနားမှ တိုးတိုးလေးပြောလေသည်။ "ဂုဏ်ယူပါတယ် ဗိုလ်ချုပ်ကြီး...." "ဒါက အရမ်းကို ဂုဏ်ယူထိုက်ပါတယ်" စီဆဲလ်သည် မျက်လုံးများကို မှိတ်ကာ ပြုံးပြလိုက်သည်။ အဆိပ်ဖြေဆေးကို ရရှိခဲ့ပြီး Dark Phoenix မှ နောက်ဆုံးလူလည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ အဲဒီနှစ်များ၏ အငွေ့အသက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ။ Dark Phoenix ဟာလည်း အနာဂတ်မှာ လုံးဝပျောက်ကွယ်သွားမှာဖြစ်ပြီး အတိတ်မှ နာကျင်စရာ အမှတ်တရတွေ ပျောက်ကွယ်သွားသော်လည်း သူနှင့် ကျောင်းမြန် ကြားရှိ အမှတ်တရများ တော့မပါဝင်ပေ။ စီဆဲလ် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်သည်။ ကတ်စပါသည် အပြင်မှာစောင့်နေကာ..... "ဗိုလ်ချုပ်ကြီး...!" "ဘာတွေဖြစ်နေတာလဲ" "လျှို့ဝှက်အေးဂျင့်က သတင်းပြန်ပို့ပါတယ်!" စီဆဲလ်သည် ဒါကို ခန့်မှန်းပြီးဖြစ်ရာ သူ၏မျက်လုံးများ တောက်ပလာသည်။ ကတ်စပါ : "ပင်လယ်ဓားပြတွေက နေဝင်ဆည်းဆာမြို့မှာ ဆင်းသက်ကြမှာပါ... ဗိုလ်ချုပ်ကျောင်းက သူ့ကို ကူညီဖို့ အချက်ပြလိုက်တယ်လို့ အေးဂျင့်က သတင်းပို့ပါတယ်..." စီဆဲလ် အံ့သြသွားသည်။ ကတ်စပါကလည်း ရှားရှားပါးပါး ပြုံးပြပြီး အတည်ပြုပေးလိုက်သည်။ "ဟုတ်တယ်....ဗိုလ်ချုပ်ကျောင်းက ကျွန်တော်တို့ကို အကူအညီတောင်းလိုက်တာပါ" စီဆဲလ် အချိန်တစ်ခုကြာမှ သတိပြန်ဝင်လာကာ ပြုံးလိုက်သည်။ "ဒါဆို မင်းဘာကိုစောင့်နေတာလဲ.... မြန်မြန်ထုပ်ပိုးပြီး ဟီဂူရာရှီမြို့ ကိုသွားဖို့ အဆင်သင့်ပြင်ထား" သူ့ မြန်မြန်ကို သွားရှာတော့မည်ဖြစ်သည်။ သူသည် ကျောင်းမြန်၏ ဘေးတွင် အမြဲတမ်းရှိနေနိုင်ပြီး သူအား အသန်မာဆုံး ထောက်ပံ့‌ပေးနိုင်ကြောင်း ကျောင်းမြန်အား သက်သေပြပေးမည်ဖြစ်သည်။ ------------------------------------------------------------------------