Chapter-42
(ပြန်ပေးဆွဲခံရခြင်း)
"ဗိုလ်ချုပ်ကျောင်း....."
ကျောင်းမြန်သည် စက်ရုံရှိ သူ၏ရုံးခန်းထဲတွင် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေစဉ် ခေါ်သံကြား၍ မော့ကြည့်လိုက်စဥ် စီဆဲလ်၏ အတွင်းရေးမှူးဖြစ်သော မိုချင်းအား တံခါးဘေးတွင် ရပ်ကာ လက်ဖက်ရည်ထည့်ထားသော ပန်းကန်တစ်ချပ်ကိုင်ကာ သူ့အားနှုတ်ဆက်နေ သည်ကို တွေ့လိုက်ရသည်။
မိုချင်းက ခေါင်းကို အသာယမ်းကာ မေးလိုက်သည်။
"ဗိုလ်ချုပ်ကျောင်း အနားမယူသေးဘူးလား..."
မိုချင်းသည် စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ကျောင်းမြန်အား ဂရုစိုက်ပေးခဲ့သောကြောင့် ကျောင်းမြန်သည် ဤ အေးတိအေးစက် မျက်နှာထားရှိသည့် အတွင်းအရေးမှူးနှင့် ပတ်သက်၍ ထင်မြင်ချက်တစ်ချို့ရှိခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျောင်းမြန်သည် မသိစိတ်မှ ကောင်းကင်ကိုလှည့်ကြည့်လိုက်သည်။
အပြင်ဘက်တွင် မှောင်နေလေပြီ....။
ကျောင်းမြန်သည် ကြောင်အစွာဖြင့် ပြန်ပြောလေသည်။
"ကျွန်တော် အချိန်ကို သတိမထားမိလိုက်ဘူး..."
မိုချင်း : "စက်ရုံက အလုပ်သမားတွေတောင် ပြန်သွားကြပြီ...."
ထို့ကြောင့် စက်ရုံထဲတွင် ကျောင်းမြန် နှင့် ရှောင်လဲ့သာ ကျန်နေခဲ့သဖြင့် အလွန်တိတ်ဆိတ်နေလေသည်။
ထို့ပြင် သူတို့နှင့်အတူ စီဆဲလ် ကျောင်းမြန်အတွက် ထားပေးခဲ့သည့် အစောင့်များလည်း ရှိနေသည်။
မိုချင်းသည် သူ့လက်ထဲမှ စာရွက်စာတမ်းများကို ဘေးသို့ ဖယ်လိုက်ပြီး သူမလက်ထဲရှိ လက်ဖက်ရည် နှင့် ဘီစကစ်များကို ကျောင်းမြန်ဘက်သို့ ချပေးပြီး ပြုံးကာ ပြောလိုက်သည်။
"ဗိုလ်ချုပ်ကျောင်း ဗိုက်ဆာနေမှာဆိုးလို့ မုန့်နည်းနည်းစားထားလိုက်ပါ...အဆာမခံပါနဲ့...တော်ကြာ ဗိုလ်ချုပ်ကြီး စီဆဲလ် ပြန်လာလို့ သိသွားရင် ကျွန်မကို အပြစ်တင်နေလိမ့်မယ်..."
ကျောင်းမြန် မိုချင်း ပြုံးနေသည်အား ပထမဆုံး မြင်ဖူးသောကြောင့် သူ့နှလုံးသားထဲတွင် ရုတ်တရက် များစွာစိတ်သက်သာရာ ရသွားခဲ့သည်။
"ကျေးဇူးပါပဲ..."
ကျောင်းမြန်သည် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်လိုက်သည်။
........................
ကျောင်းမြန်သည် သူ့စိတ်ထဲတွင် တုန်လှုပ်သွားသည်။
ဒါက......
ကျောင်းမြန်သည် စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း သူ့မျက်နှာတွင် မည်သည့် အမူအယာမှ မပြဘဲ မိုချင်းအား ဆက်ပြီး ပြုံးပြလိုက်သည်။
ကျောင်းမြန် နောက်တစ်ငုံသောက်လိုက်ချိန်တွင် ပို၍ သေချာသွားလေသည်။
ဤလက်ဖက်ရည်ထဲတွင် အလွန် ပြင်းထန်သော မူးယစ်ဆေးများ အပြည့်ပါနေသည်။ အလွန်ရှားပါးပြီး သေစေနိုင်လောက်သည့် အဆိပ်ပမာဏမပါ၀င်ပါက သူ၏ ထူးခြားသော ခန္ဓာကိုယ်ကြောင့် ယခုကဲ့သို့ သာမန်ဆေးမျိုးသည် သူ့အား မဖိနှိပ်နိုင်ရုံသာမက အေးအေးဆေးဆေး ဖြေရှင်းနိုင်လေသည်။
ဒါပေမယ့် ဘာလို့ မိုချင်းက သူ့ကို ဆေးခတ်ထားတဲ့ လက်ဖက်ရည်ခွက်ကို ပေးရတာလဲ.....။
ဖြစ်နိုင်ခြေနှစ်ခုသာရှိသည်။ စီဆဲလ်ဖမ်းရန် ကြိုးစားနေသည့် သစ္စာဖောက်အေးဂျင့်မှာ မိုချင်းဖြစ်သည် ၊ သို့မဟုတ် မိုချင်း မသိလိုက်ခင် တစ်ယောက်ယောက်က ဆေးခတ်ရန် အခွင့်အရေးရခဲ့ခြင်း ဖြစ်နိုင်သည်။
ဒါပေမယ့် မည်သည့်ရလဒ်မျိုးဖြစ်ဖြစ် သေချာတာတစ်ခုမှာ ထိုလျှို့ဝှက်အေးဂျင့်သည် *သူ့ခြေထောက်များကို ထုတ်ပြရတော့မည်ဖြစ်သည်။
(T/N- *သူ့ကိုယ်သူဖော်ထုတ်မိတော့မယ်)
ကျောင်းမြန်သည် မသိချင်ယောင်ဆောင်ကာ နောက်တစ်ငုံကိုဆက်သောက်လိုက်ပြီး မိုချင်းနှင့် စကားပြောရင်း ကွတ်ကီးများကို ဆက်စားခဲ့သည်။
"အတွင်းရေးမှူး မိုချင်းကရော မင်ရန်လိုပဲ ဗိုလ်ချုပ်ကြီးနောက်ကို ငယ်ငယ်ကတည်းက လိုက်ခဲ့တာလား...."
မိုချင်းသည် အံ့အားသင့်သွားပြီး ကျောင်းမြန် ထိုသို့ ရုတ်တရက် မေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပါ။
ခဏငြိမ်သက်သွားပြီးနောက် မိုချင်းက ပြန်ဖြေခဲ့သည်။
"ကျွန်မက မင်ရန်ထက် နှစ်နည်းနည်းလောက် နောက်ကျတယ်.."
"ဒါဆို တော်တော်ကြာပြီပဲ..."
ကျောင်းမြန်သည် ပြုံးကာ ဆက်ပြောလိုက်သည်။
"ဒီလောက် နှစ်တွေအများကြီး ပေးဆပ်ထားတာဆိုတော့ ကျွန်တော့်အထင် စီဆဲလ်က ခင်ဗျားကို တကယ် ယုံလို့ အတွင်းရေးမှူးခန့်တာလို့ ထင်တယ်"
"အင်း"
မိုချင်းသည် အဝေးတစ်နေရာသို့ အသက်မဲ့စွာ ကြည့်လိုက်သည်။
"အတွင်းရေးမှူး မိုချင်းမှာ မိသားစုရှိလား"
ကျောင်းမြန်သည် လက်ဖက်ရည် နောက်တစ်ငုံထပ်သောက်လိုက်ချိန်တွင် ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားပြီး ဆေးမှာ သူ့အား အလုံးစုံ မထိရောက်သော်လည်း ဘေးထွက်ဆိုးကျိုးရှိနေဆဲဖြစ်ကြောင်း သိလိုက်ရချိန်တွင် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တမင်စမ်းသပ်နေခြင်းအား ရပ်တန့်လိုက်သည်။
"ဟင့်အင်း ၊ ကျွန်မ ၅နှစ်အရွယ်ကတည်းက သူတို့ အသတ်ခံလိုက်ရတာ..."
မိုချင်းသည် မျက်လွှာကိုချထားရင်း ဆက်ပြောလေသည်။
"သူတို့အကုန်လုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ ၊ သူတို့ကို လူတစ်ယောက်တည်းက ဓားတစ်ချောင်းတည်းနဲ့ ရက်ရက်စက်စက် ထိုးသတ်သွားတာ"
ကျောင်းမြန် အံ့ဩသွားလေသည်။
"ကျွန်တော် စိတ်မကောင်းပါဘူး"
"အဆင်ပြေပါတယ်၊ အားလုံးက အတိတ်မှာကျန်ခဲ့ပြီပဲ"
မိုချင်း၏ အသံမှာ ပြောင်းလဲမသွားဘဲ ဆက်ပြောလေသည်။
"လူယုတ်မာတွေက သူတို့ လုပ်ခဲ့တဲ့ မကောင်းမှုအတွက် တစ်နည်းနည်းနဲ့ လက်စားချေခံရမယ်လို့ ကျွန်မယုံတယ်"
ကျောင်းမြန်သည် သူ့စိတ်ထဲတွင် ဆေးကြောင့် မူးလဲကာ သတိလစ်ရမည့်အချိန်ကို တိတ်တဆိတ် ရေတွက်နေရင်း ထိုအချိန်တွင် ဟန်ဆောင်နေမှန်း မသိသာအောင် မည်သို့ပြုလုပ်ရမည်ကိုလည်း တွေးနေလေသည်။
အခုချိန်ဆိုရင်ရော ဖြစ်နိုင်လား။
ကျောင်းမြန်သည် မိုချင်း၏ ခံစားချက်များကို သတိထားမိပြီး မိုချင်း၏ နှလုံးခုန်နှုန်းသည် ပိုမိုမြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။
ထို့နောက် ကျောင်းမြန်သည် သူ့ပုခုံးများကို ပွတ်လိုက်သည်။
"ကျွန်တော် နည်းနည်း မူးလာသလိုပဲ..."
ကျောင်းမြန်သည် သူ၏ပုခုံးများကို ပွတ်ကာ မျက်ရိုးများကို အနည်းငယ် နှိပ်နယ်လိုက်ပြီး ခေါင်းကို နည်းနည်း ခါယမ်းလိုက်သည်။
"ရှင် အရမ်းပင်ပန်းနေလို့ ဖြစ်မယ်"
ကျောင်းမြန်သည် မိုချင်း၏ နှလုံးခုန်သံသည် စိတ် သက်သာရာ ရသွားသကဲ့သို့ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ဒါဆို မိုချင်းကိုယ်တိုင် ဆေးခတ်ခဲ့တာပေါ့....။
ကျောင်းမြန်သည် စီဆဲလ်အား သူအန္တရာယ်ဖြစ်နေကြောင်း အချက်ပြရန် အိတ်ကပ်ထဲသို့ တိတ်ဆိတ် လက်နှိုက်လိုက်ပြီး သူ၏ တည်နေရာအား စီဆဲလ် အချိန်နှင့် တပြေးညီ သိစေရန် ပေးပို့လိုက်သည်။
ထို့နောက် ကျောင်းမြန်သည် စားပွဲပေါ်သို့ ငြိမ်သက်စွာ လဲကျသွားပြီး မျက်လုံးများကို ပိတ်ကာ အသိစိတ်လွတ်သွားခဲ့သည်....
"ဗိုလ်ချုပ်ကျောင်း..."
မိုချင်းသည် ရှေ့သို့တိုးကာ အကြိမ်အနည်းငယ်မျှ ခေါ်လိုက်သည်။
အကြိမ်အနည်းငယ်ခန့် ခေါ်ပြီးသည့်တိုင်အောင် ကျောင်းမြန်မှ တုံ့ပြန်မှုမရှိသဖြင့် မိုချင်းသည် အနားသို့ထပ်မံတိုးသွားကာ ဖိအားပေးလိုက်သည်။
ဘာမှ မဖြစ်လာပေ....။
မိုချင်းသည် နှာခေါင်းတစ်ချက်ရှုံ့ကာ တာမီနယ်ကိုဖွင့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ဝင်လာခဲ့တော့....."
ထို့နောက် အနက်ရောင်ဝတ်စုံဖြင့် လူ ငါးယောက် ခြောက်ယောက်ခန့် တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။
"သူ့ကို မလိုက်"
မိုချင်းမှ ဆက်ပြောလိုက်သည်။
"ပြီးရင် သူ့ကို ခေါ်သွားကြတော့"
"ဟုတ်ကဲ့!"
ထို့နောက် ထိုလူများသည် ကျောင်းမြန်၏ လက်နှင့် ခြေထောက်များကို သံကြိုးများဖြင့် ချည်နှောင်ကာ သယ်ဆောင်သွားကြသည် ။
ကျောင်းမြန်သည် တိတ်တဆိတ် "သေချင်ယောင်ဆောင်" နေပြီး ထိုသူများ သူ့အားခေါ်သွားမည့်နေရာအား ကြည့်လိုသောကြောင့်ဖြစ်သည်။
ဤနည်းအားဖြင့် စီဆဲလ်သည် Dark Phoenix ၏ အကြွင်းအကျန်များကိုရှာဖွေရန် သူ၏ အနေအထားကို အသုံးပြုကာ အခြေစိုက်စခန်းကို ထိုးဖောက်နိုင်မည်ဖြစ်သည်။
"အမှောင်ဆုံးလမ်းကို ရွေး.....ငါတို့ သရုပ်မှန်မပေါ်ဖို့ အရေးကြီးတယ်...ကတ်စပါက အရမ်းသတိရှိတယ် ဗိုလ်ချုပ်ကြီး စီဆဲလ်ကလွဲရင် တခြား ဘယ်သူ့ကိုမှ မယုံဘူး...အဲ့ဒါကြောင့် ငါလည်း အစောင့်တွေ အားလုံးကို အပြင် ပ မထုတ်နိုင်ဘူး..."
မိုချင်းသည် ထပ်သတိပေးလိုက်သည်။
"မြောက်ဘက်ပိုင်းက သွားရတာ အဆင်ပြေတယ်...ငါတို့ လေယာဉ်လည်း အဲ့ဒီ့မှာ ရှိတယ်..."
"ဟုတ်ကဲ့ပါ!"
ထိုအမျိုးသားများသည် ကျောင်းမြန်နှင့် အတူ ထွက်ခွာသွားလေသည်။
မြောက်ဘက်တံခါးသို့ သွားသည့်လမ်းတွင် မိုချင်းသည် ရုတ်တရက်ရပ်ကာ မေးလိုက်သည်။
"ဒီကလေးက ဘာလဲ"
ကျောင်းမြန် စိတ်ထဲတွင် တုန်လှုပ်သွားသည်။
"ခေါင်းမူးတယ်ဆိုပြီး အခန်းထဲမှာအိပ်နေတာပါ..ပြဿနာတော့မရှာသေးပါဘူး"
ထိုအခါမှ ကျောင်းမြန်သည် စိတ်သက်သာရာရစွာဖြင့် အသက်ရှူလိုက်တော့သည်။
အကယ်၍ သူတို့သာ ရှောင်လဲ့ကို ခေါ်သွားမည်ဆိုပါက ကျောင်းမြန်သည် မည့်သည့် အခြေစိုက်စခန်းကိုမှ လိုက်သွားမည် မဟုတ်ပါ။
ထိုလူများသည် သူ့ကိုသယ်ကာ မြောက်ဘက်ဂိတ်သို့ ခိုးထွက်လာကြသည်။
"နှိပ်လိုက်"
................
"မလှုပ်နဲ့......."
"မင်းတို့ လက်မြှောက်ထားပါ..ဗိုလ်ချုပ်ကျောင်းကို ချလိုက်ပါ...မဟုတ်ရင် ငါတို့ ပစ်ရလိမ့်မယ်"
သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူများသည် တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရပ်နေသော လူတစ်စုကို တွေ့လိုက်ရသည်။
ကတ်စပါ ဦးဆောင်သည့် စီဆဲလ်၏ အမှတ်၁၂ တပ်ဖွဲ့၏ ပင်မတပ်ရင်းဖြစ်သည်။
လူအများကြီးမပါသော်လည်း တစ်ယောက်ချင်း တိုက်ခိုက်လို့နိုင်သေးသည်။
ကက်စပါသည် အေးစက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"မစ္စမိုချင်း... မင်းဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
သူတို့ အယ်ဗင့်ကို သံသယမဝင်ခင် စီဆဲလ်သည် အယ်ဗင့်အား စောင့်ကြည့်ရန် ပြဿနာရှိသည့် နေရာများသို့ မကြာခဏခေါ်သွားလေသည်။
သို့သော် စွမ်းဆောင်ရည်ရှိသည့် ထူးချွန်သောအမျိုးသမီးဖြစ်သည့် မိုချင်းအား သူတို့ လျစ်လျူရှုထားမိသောကြောင့် သူမဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။
ကတ်စပါသည် အရင် စက်ရုံဖွင့်ပွဲနေ့အခမ်းအနားမှ အဖြစ်အပျက်ကိုသတိရသွားသည်။ ထိုနေ့က ကျောင်းမြန်သည် ဆေးမိနေသကဲ့သို့ ဖြစ်နေပြီး အရက်နှင့် ဆေး၏ ဆိုးကျိုးကြောင့် မင်းသမီးနှင့် တိုက်ခိုက်ခဲ့သည်။သို့သော် သူသည် ဆေးမိထားသောသူ၏ လက္ခဏာကို မတွေ့ခဲ့ပေ။
'အဲ့ဒီ့နေ့က မိုချင်းက ကျောင်းမြန်နဲ့ တစ်ချိန်လုံးရှိနေတာကို ငါအခုမှပြန်တွေးမိတာပဲ...'
မိုချင်းသည် သူမလက်ထဲမှ ဝိုက်ခွက်အား ကျောင်းမြန်ကိုပေးခဲ့ခြင်းဖြစ်သောကြောင့် ကျောင်းမြန်သည် ဆေးမိနေပြီးသားဖြစ်ရာ ထိုအခြေအနေတွင် သူမသည် သူ့အား အတင်းအကြပ်ခေါ်သွားမည်ဖြစ်သည်။ ဆာတန် မင်းသမီးသာ ထိုနေ့က ပြဿနာမရှာခဲ့လျှင် မူးနေသော ကျောင်းမြန်ကို မိုချင်းက ခေါ်သွားပေလိမ့်မည်။
ထို့နောက် မင်ရန်သည် အယ်ဗင်၏ယာဥ်ပျံထဲတွင် စာတစ်စောင်တွေ့ခဲ့ကြောင်းပြောခဲ့သည်။ ထိုစာသည် မိုချင်းစီစဥ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ထိုနေ့တွင် မင်ရန် ပြောသည့် အကြောင်းများထဲတွင် မိုချင်း၏ နာမည်သည် အကြိမ်ပေါင်းများစွာ ပါနေသော်လည်း သူမမျှော်လင့်ထားပေ။
သေစမ်း.....
ကက်စပါ၏ အကြည့်များသည် စူးရှနေသည်။
တော်တော် တော်တဲ့ မိုချင်းပဲ...!
မိုချင်းသည် သူမမျက်လွှာများကို ချထားလေသည်။
သူမသည် ကျောင်းမြန်ကို ပြန်ပေးဆွဲမည်ဆိုပါက သူမ၏ အချက်အလက်များပေါက်ကြားသွားမည်ဖြစ်သော်လည်း သူမအတွက် ဒီစစ်ဆင်ရေးသည် နောက်ဆုံး စစ်ဆင်ရေးဖြစ်သည်။
ဒါကြောင့်လည်း သူမက အဆင်သင့်ဖြစ်နေခြင်းဖြစ်သည်။
မိုချင်းသည် သူမ၏နှုတ်ခမ်းများကိုတွန့်ကွေးလိုက်ပြီး ထပ်ပြုံးကာ ပြောလေသည်။
"ဆရာ ကတ်စပါ့ကို လျှော့တွက်မိသွားတာ ကျွန်မ မှားတာပဲ...အဲ့ဒါကို ရှာတွေ့ထားတာတောင်မှ....."
မိုချင်းက အေးစက်စွာ ပြောလိုက်သည်။
"သခင်လေး ရှောင်လဲ့ကို ဒီကိုခေါ်လာခဲ့..."
ကျောင်းမြန်သည် သတိအနေအထားဖြင့် အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။
ထို့နောက် သတိလစ်နေသော ရှောင်လဲ့အား အနက်ရောင်ဝတ်ထားသည့် အမျိုးသားတစ်ဦးက ခေါ်လာခဲ့သည်။
ကျောင်းမြန် နှင့် ရှောင်လဲ့နှစ်ယောက်လုံးက ရန်သူ့လက်ထဲတွင်ရှိနေသဖြင့် ရန်သူဘက်က အားသာလျက်ရှိနေသောကြောင့် ကတ်စပါ သည် အခြေအနေကို စောင့်ကြည့်လျက်ရှိနေသည်။
ကတ်စပါက သူ့လက်များကို အရင်ချလိုက်ပြီး ညှိကြည့်သည်။
"မင်း ရေတပ်ဗိုလ်ချုပ်ကျောင်းနဲ့ သခင်လေးကို လွှတ်ပေးမယ်ဆိုရင် ငါတို့ မင်းကို အပြစ်မတင်ဘူး....ဘယ်လိုလဲ"
မိုချင်းက မျက်ခုံးပင့်ကာ ရွဲ့လိုက်သည်။
"ဆရာ ကတ်စပါက ကျွန်မကို အရူးထင်နေတာလား..."
"ဘာမှ မရေးထားတာ ထက်စာရင် ကောင်းတာ တစ်ခုလုပ်လိုက်တော့ အပြစ်လျော့သွားတာပေါ့"
ကတ်စပါ က နည်းလမ်းကျကျ ထပ်ပြောလိုက်သည်။
"အကယ်၍ မင်းက သခင်လေးတို့နှစ်ယောက်ကို ဖမ်းမိတာကို နောင်တရပြီးပြန်လွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့ အဲ့ဒီ့ ကောင်းမှုကို မှတ်ထားပေးမယ်...ပြီးတော့ Dark Phoenixနဲ့ ပတ်သက်တာတွေကို တစ်ချက်ချင်း မင်းဘက်က စပြောပြမယ်ဆိုရင် ဖက်ဒရေးရှင်းဘက်က Dark Phoenix ကို ဖမ်းဖို့ ကူညီပေးရာရောက်လို့ အဲ့ဒီ့ကောင်းမှုကိုလည်း ငါတို့ မမေ့ဘူး..."
"ပြန်လှည့်လာဖို့ ..အချိန်ရှိပါသေးတယ်.."
မိုချင်းသည် အလွန်စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ သူမ၏ တည်ငြိမ်နေသော မျက်လုံးများပင် ရယ်မြူးရိပ်သန်း သွားကာ အရောင်တစ်ချို့ ဖြတ်ပြေးသွားသည်။
"ဆရာ ကတ်စပါ...ပြောစရာ ထပ်မရှိတော့ပါဘူး...ထွက်သွားပေးပါ"
မိုချင်းသည် သူမ၏ လက်နှစ်ဖက်ကို ပိုက်ကာ ဆက်ပြောလေသည်။
"ကျွန်မနဲ့ ကျွန်မနောက်က လူတွေက သေရမှာ မကြောက်သလို သေသွားရင်တောင် ကိစ္စမရှိဘူး...ဒါပေမယ့်...ဒီက သခင်လေးတို့ နှစ်ယောက်ကတော့...မတူဘူးနော်"
မိုချင်းက ဓါးမြှောင်အား ဆွဲထုတ်ကာ ကျောင်းမြန်၏ လည်ပင်းကို ရွယ်ကာ ပြော၏။
"ရှင်တို့ ကျွန်မတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်မ သခင်လေးတို့ နှစ်ယောက်ရဲ့ လုံခြုံရေးကို အာမ မခံနိုင်ဘူးနော်..."
ကတ်စပါ ၏ မျက်နှာ မည်းမှောင်သွားသည်။
စစ်ကူရောက်လာရန် မိနစ်အနည်းငယ် ကြာဦးမည်ဖြစ်သည်။
သူတို့ လက်ထဲတွင် ဓါးစာခံများရှိနေသောကြောင့် မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်းမသိဖြစ်နေလေသည်။
ကတ်စပါက မည်သို့ တုံ့ပြန်ရမည်အားတွေးနေချိန် မိုချင်းသည်လည်း သူ့အားကြည့်ကာ သူမအနိုင်ရသွားသည်ဟု ထင်နေချိန်တွင် မထင်မှတ်စရာ တစ်ခု ဖြစ်သွားခဲ့သည်။
"ဝှစ်-"
ကျောင်းမြန် ရုတ်တရက် မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်သွားသည်။
အခုချိန်တွင် သူ့အား လူတစ်ယောက်က ထမ်းထားပြီး သူ၏ဗိုက်သည် ထိုလူ၏ ပုခုံးပေါ်တွင်ရှိနေကာ သူ၏လက်များကို ကြိုးဖြင့် ချည်ထားလေသည်။
သို့သော် ယခုအချိန်တွင် သူ၏ လက်ဖဝါးများကိုထောက်ကာ တစ်ဖက်သို့ အရှိန်ဖြင့် ခုန်လိုက်ပြီး မိုချင်း၏ လက်ကောက်ဝတ်အလယ်တည့်တည့်သို့ အားသုံးကာ ကန်လိုက်သဖြင့် ဓါးမြှောင်သည် မြေပေါ်သို့ "ချွင်" ကနဲမြည်အောင်ပြုတ်ကျသွားကာ သူမ၏ လက်တစ်ချောင်းလုံး ကျိုးကြေလုမတတ် ခံစားလိုက်ရသည်။
စီဆဲလ်၏ အတွင်းရေးမှူးဖြစ်သည့် မိုချင်းသည်လည်း အားနည်းမနေဘဲ တိုက်ခိုက်နိုင်စွမ်းရှိသောကြောင့် ကျောင်းမြန်အား ချက်ချင်း တုံ့ပြန်ကာ တိုက်ခိုက်ခဲ့သည်။ ကျောင်းမြန်အား ချုပ်ထားသည့် လူကလည်း တိုက်ခိုက်လေသည်။
"ဖြောင်း...!"
"ဘန်း....!"
ကျောင်းမြန်၏ လှုပ်ရှားမှုသည် ပို၍ မြန်ဆန်လာပြီး ကတ်စပါသည်လည်း မတ်တပ်ရပ်နေသည့် အနေအထားဖြင့် သူ့ဒူးနှစ်ဖက်၌ အင်အားကုန်ထုတ်သုံးကာ ယောက်ျားတစ်ယောက်အား ကန်ထုတ်လိုက်သည်။
ထို့နောက် ကျောင်းမြန်သည် ထိုလူ၏ ရင်ဘက်ပေါ်မှ တစ်ဆင့် မိုချင်းရှိရာသို့ ခုန်ချသွားပြီး သူ၏ခြေထောက်များကို ချည်နှောင်ထားသောကြောင့် မတ်မတ်မရပ်နိုင်သဖြင့် သူမပေါ်သို့ ဖိချကာ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။
"မလှုပ်နဲ့!"
ကျောင်းမြန်သည် မိုချင်းကို ဖိထားသောကြောင့် သူမသည် မြေပြင်ပေါ်တွင် လဲကျနေကာ သူ၏လက်သည် သူမလည်ပင်းကို ညစ်ထားပြီး သူ၏မျက်နှာသည် အေးစက်နေသည်။
"မင်းတို့ လှုပ်တာနဲ့ ဒီမိန်းကလေးရဲ့ လည်ပင်း ချက်ချင်းကျိုးသွားလိမ့်မယ်..."
လက်ချောင်းလေးတစ်ချောင်းကို လှုပ်လိုက်သည်နှင့် ကျိုးကြေသွားနိုင်သည်အထိ သက်ရောက်မှုရှိလေသည်။
အချိန်တစ်ခုကြာသည်အထိ တိုက်ပွဲအတွင်းရှိလူများအားလုံးသည် ကျောင်းမြန်အား သေနတ်ဖြင့် ချိန်ထားကြပြီး ကတ်စပါနှင့် စစ်သားများသည်လည်း အနက်ရောင်အမျိုးသားများအား ပြန်ချိန်ထားလေသည်။
လေထုအခြေအနေသည် တင်းမာနေပြီး အဖွဲ့သုံးဖွဲ့သည် အပျက်အစီးများကြားတွင် ဖရိုဖရဲဖြစ်နေပြီး သံပတ်ပေးထားသကဲ့သို့ ရပ်တန့်နေသည်။
ဤအခြေအနေအား မြင်သော် အနက်ရောင်ဝတ်အမျိုးသားတစ်ဦးက ရှောင်လဲ့၏နဖူးအား သေနတ်ဖြင့် ချိန်လိုက်ပြီး ကျောင်းမြန်အား အော်ပြော၏။
"မင်းအခုလိုမျိုး အရူးထနေဦးမယ်ဆိုရင်..ငါ ဒီသူငယ်ချင်းလေးကို တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်မှာ...!"
ကျောင်းမြန်သည် အေးအေးဆေးဆေးပြောလိုက်သည်။
"မင်း ရှောင်လဲ့ကို ကတ်စပါနဲ့ ပြန်ထည့်ပေးမယ်ဆိုရင် ငါမင်းနဲ့ လိုက်ခဲ့မယ်.."
ကတ်စပါ၏ အမူအရာသည် ပို၍ကြမ်းတမ်းလာသည်။
"ရေတပ်ဗိုလ်ချုပ်...!"
ကျောင်းမြန်သည် တိကျစွာ ပြောနေဆဲဖြစ်သည်။
"တစ်ယောက် တစ်ယောက်ချင်းပဲလေ...ရှောင်လဲ့ကို လွှတ်ပေးရင် ငါလည်း လွှတ်ပေးမယ်"
မိုချင်းသည် အံကြိတ်ကာ ပြောလိုက်သည်။
"ရှင်အရင် ချလိုက်"
ကျောင်းမြန်သည် ပင်လယ်ဓါးပြများထံမှရရှိလာသည့် ရှားပါးသော မူးယစ်ဆေးဝါးအား အမှန်တကယ် ခံနိုင်ရည်ရှိနေမည်ဟု သူမ မထင်ထားမိပေ။သူ၏ လက်များ၊ခြေထောက်များကို ချည်နှောင်ထားသည့်တိုင်အောင် အခုလို ခုန်ပေါက်နိုင်လိမ့်မည်ဟုလည်း သူမ မမျှော်လင့်ထားမိပေ။
ကျောင်းမြန် : "မင်းအရင်လုပ်"
မိုချင်းက လှောင်ပြောင်လိုက်သည်။
ကျောင်းမြန် :"ငါ မင်းကို မယုံဘူး"
မိုချင်း၏ မျက်နှာသည် အောက်ဆီဂျင်မရှိတော့သောကြောင့် အနည်းငယ်ဖြူဖျော့နေသော်လည်း သူမ၏ မျက်နှာအမူအရာမှာ ယခုအချိန်ထိ မောက်မာနေဆဲဖြစ်သည်။
"ဗိုလ်ချုပ်ကျောင်း.... ရှင် ကျွန်မကိုယုံမှရမှာ... ရှင့်မှာ ရွေးချယ်စရာမရှိဘူး "
ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
မိုချင်းသည် ခပ်ရွဲ့ရွဲ့ပြုံးကာ ပြောလိုက်သည်။
"ရှင် ကျွန်မကိုယုံမယ်ဆိုရင် ကျွန်မကတိ ကျွန်မတည်မယ်...ကျွန်မတို့က ရှင့်ကိုပဲ လိုချင်တာ ကလေးကို မဟုတ်ဘူး..."
---------------------------------------------------------------------