Chapter 41
Viewers 7k

Chapter - 41

(ကျားသည် တောင်ပေါ်မှ ထွက်ခွာခြင်း)

ကျောင်းမြန် နှင့် ရှောင်ကျစ်သည် လုံးဝ ဆင်တူခြင်းမရှိပေ။

ရှောင်ကျစ်တွင် ရှည်လျားသော အပြာရောင်သန့်သန့် ဆံနွယ်များရှိသော်လည်း ကျောင်းမြန်၏ ဆံနွယ်များမှာ ငွေပြာရောင်ဖြစ်သောကြောင့် သူတို့၏ ပုံစံမှာ လုံးဝကွဲပြားလေသည်။

ရှောင်ကျစ်သည် စိတ်ပါလက်ပါ ရယ်မောတတ်ပြီး သူ့အား မထိတထိ နှောင့်ယှက်တတ်သော်လည်း ကျောင်းမြန်သည် အမြဲတမ်းအေးစက်နေတတ်ပြီး သူနှင့်အဝေးမှာသာနေလေ့ရှိလေသည်။

စီဆဲလ်သည် သူကိုယ်တိုင်အတည်ပြုရမည်ဖြစ်သည်။

"ဗိုလ်ချုပ်ကြီး......!"

ဘန်း.......

ကျောင်းမြန်၏ အာမေဋိတ်သံကြောင့် စီဆဲလ်သည် သူ့အား ခေါ်သွားကာ ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။

"ဗိုလ်ချုပ်ကြီး...!"

"မလှုပ်နဲ့" 

စီဆဲလ်သည် ကျောင်းမြန် ခုခံမည်ကို ကာကွယ်ရန် ကျောင်းမြန်၏လက်နှစ်ဖက်ကို ခေါင်းပေါ်တွင်လက်တစ်ဖက်ဖြင့်ဖိကာ ချုပ်ထားပြီး ကျန်တစ်ဖက်က ခါးပတ်ခေါင်းကို ကိုင်ထားလေသည်။
 
ရှောင်ကျစ်၏ ပေါင်တွင် ဒဏ်ရာများရှိနေသည်မှာ သက်သေများဖြစ်နေသောကြောင့် ဖျောက်ဖျက်၍မရနိုင်ပေ။

ထိုနေ့က နှင်းများ ထူထပ်စွာ ကျဆင်းခဲ့သည်။

လေနှင့် နှင်းများ အလွန်ပြင်းထန်သောအချိန်တွင် ရှောင်ကျစ်၏ လက်ကိုဆွဲကာ ဓါတ်ခွဲခန်းမှ ထွက်ပြေးချိန်တွင် နှင်းများသည် သူတို့၏ခြေရာများကို လျင်မြန်စွာ ဖုံးအုပ်လိုက်လေသည်။ 

သို့သော် သူတို့နှစ်ယောက်တွင် အစီအစဥ်ကောင်းကောင်းရှိနေလျှင်တောင် ရက်စက်ကြမ်းကြုတ်သည့် အစောင့်ခွေးများ၏ အနံ့ခံအာရုံမှမလွတ်မြောက်နိုင်ကြသဖြင့် နောက်ဆုံးတွင် ဖမ်းမိသွားပြီး မိုက်မဲလှသော ရှောင်ကျစ်သည် သူ့အရှေ့တွင် အတင်းပိတ်ရပ်ပြီး ထိုခွေးများ၏ သေလုမတက် ကိုက်ခဲခြင်းကို ခံခဲ့ရသည်။သူ၏ သွေးများသည် မြေပြင်အနှံ့ စိုရွှဲနေရာ လေထုနှင့် ဆီးနှင်းကပင် မဖုံးကွယ်ပေးနိုင်တော့ပေ။

စီဆဲလ်က တိုးတိုးလေး ပြောလေသည်။

"မလှုပ်ပါနဲ့...ကိုယ် တစ်ခါလောက် ကြည့်ပါရစေ.."

"စီဆဲလ်...!" 

ကျောင်းမြန် သည် ယခုအချိန်တွင် ကုတင်ပေါ်တွင် ဖိထားခြင်းခံနေရပြီး စီဆဲလ်က သူ့ကို ဖက်ထားရင်း လက်တစ်ဖက်သည် သူ့ခါးပတ်ကို ဆွဲနေဆဲဟု သူခံစားနေရသည်။

သူ သည်းမခံနိုင်တော့ပေ....။

ဘာလုပ်မလို့လဲ......!

.......

အခန်းထဲတွင် ရှုပ်ပွနေလေသည်။

"အ....."

ကျောင်းမြန်သည် မည်မျှပင် ရုန်းကန်နေပါစေ သူ့လက်များကို စီဆဲလ်က ခေါင်းပေါ်တွင် ချုပ်ထားပြီး...သူ့ခြေထောက်များကိုလည်း စီဆဲလ်က ဒူးနှင့် ဖိထားလေသည်။ 

"စီ!ဆဲလ်!!!"

ကျောင်းမြန်သည် သူ့သွားများကို ကြိတ်ရင်း ပြောလိုက်သည်။

"ခင်ဗျား....ရူးနေပြီ!" 

အဲ့ဒါ...မှန်တယ်၊ သူရူးသွားပြီ။

စီဆဲလ်သည် မျက်နှာသေဖြင့်ရှိနေပြီး ကျောင်းမြန် မည်မျှရုန်းကန်နေပါစေ ဘောင်းဘီအားဆွဲချွတ်လိုက်သည်။

ခါးပတ်မှ 'ကလစ်' ဟူသော အသံထွက်လာပြီး ခါးပတ်ခေါင်းမှ သံတုံးသည် မြေပေါ်သို့ ပြုတ်ကျသွားပြီးနောက် ဘောင်းဘီနှင့် အောက်ခံတို့သာ.....။ 

ကံကောင်းစွာဖြင့် စီဆဲလ်သည် ကျောင်းမြန်အတွက် နောက်ဆုံး တစ်လွှာတော့ ချန်ထားပေးလေသည်။

ကျောင်းမြန်သည် ရုန်းကန်နေရဆဲဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်မှ ချွေးထွက်လာလေသည်။

"ခင်ဗျား အခု ဘာလုပ်မှာလဲ..."

ကျောင်းမြန်၏ အသံသည် အနည်းငယ်စိတ်ဆိုးသည့် အသံမျိုးဖြစ်နေသည်။

"ခင်ဗျား ကြည့်လို့ပြီးပြီလား..."

စီဆဲလ်သည် ကျောင်းမြန်အား တူညီသော အင်အားဖြင့် ကားယားခွကာ ချုပ်ထားသောကြောင့် ကျောင်းမြန်သည် သူ့အား ထိတ်လန့်ကာ စိတ်ပျက်သွားနိုင်ကြောင်း ဘယ်သူမဆို အတပ်ပြောနိုင်လေသည်။

စီဆဲလ်သည် အရာအားလုံးကို ဆုံးရှုံးသွားသကဲ့သို့ သူ၏မျက်နှာ ဖြူဖျော့လာသည်ကို ကျောင်းမြန်က မြင်လိုက်ရသောကြောင့် မေးလိုက်သည်။ 

"ဘာဖြစ်နေတာလဲ...."

စီဆဲလ်၏နှုတ်ခမ်းများသည် ဖွင့်ဟထားသော်လည်း တုန်ရီနေကာ မည်သည့်စကားမှမပြောနိုင်တော့ပေ။

မဟုတ်ဘူး....။

မည်သည့် အမာရွတ်မှ မရှိ.....။

ကျောင်းမြန်၏ပေါင်များသည် အဆီပိုမရှိသည့် ကြွက်သားလိုင်းများဖြင့် ချောမွေ့ပြီး ကြည့်ကောင်းနေကာ တစ်နှစ်ပတ်လုံး နေရောင်ခြည်နှင့် မထိတွေ့ဘဲ ဖုံးအုပ်ထားသောကြောင့် ဖြူဖွေးဝင်းမွတ်နေလေသည်။ 

ဖြူစင်သန့်ရှင်းနေပြီး ပိုးသားကဲ့သို့ နူးညံ့ချောမွေ့နေရာ အပြစ်အနာအဆာ မရှိပေ။

စီဆဲလ်က ရှုံ့မဲ့စွာ ပြုံးလိုက်သည်။

ဟုတ်တယ်....သူ ရှောင်ကျစ်မှ မဟုတ်လျှင် မည်သူ့ကိုမှ မယူဘူးဟု သူ့ကိုယ်သူပေးထားသော ကတိအားတည်နိုင်ရန် သူသည် အတိတ်မှ ပုံရိပ်ကို ကျောင်းမြန်ဆီမှာ လိုက်ရှာရလောက်အောင် ရူးနေပြီပဲ...။

"တောင်းပန်ပါတယ်" 

စီဆဲလ်သည် ကျောင်းမြန်ကို တင်းကြပ်စွာဖိထားရာမှ လွှတ်ပေးလိုက်ပြီး ဘောင်းဘီကို ကောက်ကာ ကျောင်းမြန်အား ပြန်ပေးလိုက်သည်။ 

"ကိုယ့်ဦးနှောက်က မရေမရာဖြစ်သွားလို့..."

နောက်ဆုံးမျှော်လင့်ချက်သည် ပြိုလဲသွားပြီးနောက်တွင် စီဆဲလ်သည် ထိုအခိုက်အတန့်အပြီးတွင် ကျောင်းမြန်အား ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိတော့ပေ။

"....."

ကျောင်းမြန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဗိုလ်ချုပ်ကြီးက ဘာကို ဂရုစိုက်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး"

စီဆဲလ်သည် သူ၏အိမ်ထောင်ဖက်နှင့်အတူ သူ၏ပထမဆုံးအချစ်အကြောင်းကို မမျှဝေချင်သောကြောင့် နှာခေါင်းကိုသာထိကာ ပြောလိုက်သည်။

"ကိုယ် ရုတ်တရက် ဖြစ်သွားလို့ပါ..."

သူ့တွင် လှည့်စားတတ်သော ပါးစပ်ရှိသော်လည်း စီဆဲလ် အရူးတစ်ယောက်လို ပြုမူနေမိသည်မှာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။

တစ်ဖက်လူဖြစ်သည့် ကျောင်းမြန်သည် အပြစ်ကင်းစင်ပြီး စီဆဲလ်သည် အနည်းငယ် အပြစ်ရှိကြောင်း ခံစားလိုက်ရသည်။

ကျောင်းမြန်သည် ဘောင်းဘီကို အမြန်ပြန်ဝတ်လိုက်ပြီး သူ၏မျက်နှာနှင့် နားရွက်ထိပ်များသည် သံသယဖြစ်စရာကောင်းလောက်အောင် နီရဲနေပြီး ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော် ရှောင်လဲ့ကို သွားရှာတော့မယ် ...သူ့ကိုတစ်ယောက်တည်း အကြာကြီးထားလို့မရဘူး.."

ပြောပြီးသည်နှင့် သူသည် အမြန်ထွက်သွားပြီး စီဆဲလ်သည်တော့ ကုတင်အစွန်းတွင်ထိုင်ကာ တစ်ယောက်တည်း အတွေးလွန်နေတော့သည်။

စီဆဲလ်သည် သူ၏ ရှုပ်ပွနေသော အနက်ရောင်ဆံပင်များကို ဒေါသတကြီးဖြင့် ထိုးဖွလိုက်သည်။

..........

နောက်နှစ်ရက်တွင် စီဆဲလ်နှင့် ကျောင်းမြန်တို့သည် တစ်ယောက်နှင့် တစ်ယောက်မတွေ့ဖြစ်ကြတော့ပေ။

ခရစ်လည်း ကြာကြာနေ၍ မရသောကြောင့် ပြန်သွားခဲ့လေသည်။ သို့သော် သူသည် ရေခဲမြစ်သို့မပြန်ခင် ကျောင်းမြန် အခက်အခဲတစ်ခုခု ကြုံရပါက သို့မဟုတ် တစ်ခုခုမှားယွင်းခဲ့ပါက သူအချိန်မရွေးပြန်လာမည်ဖြစ်ကြောင်း လေးနက်စွာ ကျိန်ဆိုခဲ့သည်။

စီဆဲလ်နှင့် ကျောင်းမြန်တို့သည် နောက်နှစ်ရက်အကြာတွင် ကုရှင်းချီအား လိုက်ပို့ရန် လေဆိပ်သို့ ကျောင်းမြန်သည် အယ်လန်နှင့်အတူ လိုက်ပါလာပြီး စီဆဲလ်သည်လည်း သူအဖွဲ့နှင့်အတူ လိုက်ပို့ရာမှ ဆုံဖြစ်ကြလေသည်။

ကျောင်းမြန် သည် မူလကသွားရန် အစီအစဉ်မရှိသော်လည်း ကုရှင်းချီသည် သူ၏ ပထမဆုံးလူနာဖြစ်ပြီး အယ်လန်နှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိသည်။ အထူးသဖြင့် သူနဲ့အတူ စက်ရုံတွင် နေ့တိုင်း ကိုယ်ခံပညာကို စတင်လေ့လာနေခဲ့ပြီး သူ၏ရာထူးသည် ဆရာကျောင်း ဖြစ်လာသောကြောင့် မသွား၍မကောင်းပေ။ 

"ဗိုလ်ချုပ်ကျောင်း.....ဒီတစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်.."

စစ်သင်္ဘောရှေ့တွင် ကုရှင်းချီသည် လေယာဥ်ပေါ်မတက်မီ ကျောင်းမြန်အား ထပ်ပြီး ဦးညွတ်ကာ လေးလေးနက်နက်ပြောလေသည်။

"ခင်ဗျား ကျေးဇူးကို ကျွန်တော် တစ်သက် မမေ့ပါဘူး...."

ကျောင်းမြန်လည်း ပြုံးပြကာ ကုရှင်းချီ၏ ပုခုံးကို ပုတ်ကာ ပြောလေသည်။

"ဗိုလ်မှူးကု ဂရုစိုက်ပါ..."

ကုရှင်းချီ ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဘေးမှာရပ်နေသော အယ်လန့်ကို ကြည့်ရန် လှည့်လာပြီး ခပ်တိုးတိုးလေး ခေါ်လိုက်သည်။

"အရှင်မင်းသား..."

အယ်လန်သည် ကုရှင်းချီကို မကျေမနပ်ဖြင့် စိုက်ကြည့်နေလေသည်။

"ဒီတစ်ခါ နယ်စပ်ကို သွားရင် ဘယ်အချိန်မှ ပြန်လာရမလဲဆိုတာ ကိုယ်မသိဘူး.."

ကုရှင်းချီသည် ခဏရပ်လိုက်ပြီး ဆက်ပြောလေသည်။

"မင်းကိုယ်မင်းဂရုစိုက်ပါ...."

အယ်လန်သည် ကုရှင်းချီအား ကျောပေးကာ လှောင်ပြောင်လိုက်သည်။

ကုရှင်းချီက မမြင်နိုင်ခဲ့သော်လည်း ကျောင်းမြန် မြင်လိုက်ရသည်။

အယ်လန်၏ မျက်လုံးများက အနည်းငယ်နီရဲနေလေသည်။

အားလုံးက တိတ်ဆိတ်နေလေသည်။

အယ်လန်နှင့် ကုရှင်းချီတို့သည် စကားတစ်ခွန်းမှမပြောဘဲ စီဆဲလ်သည် ကျောင်းမြန်အား လှမ်းကြည့်လိုက်စဥ် ကျောင်းမြန်သည် အဝေးသို့ ငေးကြည့်နေလေသည်။

ကုရှင်းချီသည် ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုးကာ သူ့လက်ကို မြှောက်လိုက်ပြီး အယ်လန်၏ ဆံပင်ထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

အယ်လန် အံ့ဩသွားသည်။

ကုရှင်းချီက တိုးတိုးလေး ပြောလေသည်။
"ကိုယ့်ကို စိတ်မပူနဲ့နော်...."

"မပူပါဘူး.."

ကုရှင်းချီ၏ အမူအရာသည် နူးညံ့သွားပြီး လူတိုင်းသည် သူ၏ ရှားပါးသော အပြုံးကို မြင်လိုက်ရသည်။ ထို့နောက် သူသည် ခရီးဆောင်အိတ်များနှင့်အတူ ပင်မစစ်သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။

လေယာဥ်အခန်းတံခါးမပိတ်သွားခင် ကုရှင်းချီသည် စီဆဲလ်အား လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး စီဆဲလ်ကလည်း ပို၍ လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကတိပေးလိုက်ကြသည်။

'မင်းက နယ်စပ်ကို ကာကွယ်ပေး....ငါက အယ်လန်အပါအဝင် အဖွဲ့ချုပ်ကလူတိုင်းကို စောင့်ရှောက်ပေးမယ် .......'

ထို့နောက် ပင်မစစ်သင်္ဘောသည် တဖြည်းဖြည်း အပေါ်သို့ မြင့်တက်သွားလေသည်။

ပင်မတိုက်ပွဲဝင်သင်္ဘောသည် လေဆိပ်မှထွက်ခွာပြီးနောက် အယ်လန်သည် သူ၏ဆံပင်ထိပ်လေးကို ထိလိုက်ကာ စီဆဲလ်နှင့် ကျောင်းမြန်တို့အား တစ်ချက်ကြည့်လိုက်ပြီး အရင်ခါတိုင်းတွေကဲ့သို့ အရင်ထွက်သွားရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။

"နေပါဦး။"

သို့သော် ဤတစ်ကြိမ်တွင် ကျောင်းမြန်က သူ့ကို တားလိုက်သည်။

"စက်ရုံကို အတူတူပြန်ကြမယ်.."

ဟမ်...!

အယ်လန်သည် ကျောက်ရုပ်ကြီးကဲ့သို့ ဘေးတွင်ရပ်နေသည့် စီဆဲလ်အား မသိစိတ်မှ တစ်ချက် လှမ်းကြည့်လိုက်သည်။

ကျောင်းမြန် : "သူဘာသာသူ ပြန်ဖို့ လေယာဥ်ပါတယ်..."

"အို့... !"

စီဆဲလ်သည် အယ်လန့်ကို ကြည့်ကာပြော၏။
"ငါနဲ့အတူပြန်မယ်..."

အယ်လန် : "....."

ကျောင်းမြန်သည် အယ်လန်အား ဆွဲခေါ်ကာ ပြောလိုက်သည်။

"ကျွန်တော်နဲ့ ပြန်မယ်..."

အယ်လန် : "....."

သူ မနှိုးဆော်ချင်ဘူး....တကယ် မနှိုးဆော်ချင်ဘူးနော်......။

ကျောင်းမြန်က နွေးထွေးစွာ ရယ်မောလိုက်သည်။

"မနေ့က ခင်ဗျားနားမလည်တဲ့ တိုက်ကွက်ရှိတယ်မလား....ကျွန်တော် ခင်ဗျားကို လမ်းမှာ ဆက်သင်ပေးမယ်လေ..."

စီဆဲလ်သည် အေးစက်သောလေသံဖြင့် ဝင်ပြောလိုက်သည်။

"မင်းသား အယ်လန်...ငါ မင်းနဲ့ အရေးကြီးဆွေးနွေးစရာရှိတယ်....မင်း တာဝန်ကို လျစ်လျူရှုဖို့ မစဥ်းစားနဲ့..."

အယ်လန်သည် သူ့နဖူးကို ပြန်ပုတ်ကာ ပြုံးလိုက်ပြီး ပြောလေသည်။

"အိုင်း... ငါ့မိဘတွေက ငါ့ကို ညစာစားဖို့ အိမ်ကို ပြန်လာခိုင်းထားတာ အခုမှသတိရတယ်..."
 
ယခုအချိန်မှ အယ်လန်သည် တော်ဝင်မိသားစုဖြစ်ရခြင်း၏ ကောင်းကျိုးကို ခံစားလိုက်ရသည်။

ကျောင်းမြန်သည် အယ်လန်၏ ပုခုံးပေါ်သို့ လက်တင်ကာ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"ဒါဆိုလည်း ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးမယ်..."

"အာ့မြန်က မသိလောက်ဘူး....ဒါပေမယ့် ငါက နန်းတော်နဲ့ ရင်းနှီးတယ်ဆိုတော့ ငါလိုက်ပို့မယ်...."

စီဆဲလ်သည် ရှေ့သို့ လျှောက်သွားကာ နှစ်ယောက်ကြားတွင် ရပ်လိုက်သည်။

အယ်လန်သည် အလွန်အသည်းကွဲသွားသလို ခံစားလိုက်ရသည်။

-သူမနာလိုဖြစ်နေတာ မဟုတ်ရပါ။ သူ့ရှေ့မှ နှစ်ယောက်သည် သူတို့ဦးနှောက်တွေက အလုပ်မလုပ်တော့လို့ သူတို့ဘာသာ ရှာလကာရည်သောက်ဖို့ ရောက်လာကြတာလား...ဒါပေမယ့်...

ဤနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် နိုင်လိုစိတ်ပြင်းပြစွာဖြင့် အရှုံးမပေးကြလိုသည့် စိတ်ဓါတ်များပြင်းပြနေပြီး တိုက်ပွဲဝင်လိုစိတ်ပြင်းထန်နေသည်။

အယ်လန်သည် သူ့လက်များကို အသာဝှေ့ယမ်းပြလိုက်သည်။

"ငါ့ကို လိုက်ပို့စရာ မလိုပါဘူး....တကယ်မလိုပါဘူး" 

-လန်လန် ဘာမှမသိဘူးနော်....လန်လန်က ကလေးပဲရှိသေးတာ....။

စီဆဲလ်သည် ပြသနာမရှိကြောင်းပြောတော့မည်ကို မြင်လိုက်ချိန်တွင် အယ်လန်သည် ဤဒုက္ခအောက်တွင် အကန့်အသတ်မရှိသော ဖိအားများ နှိုးဆွခံနေရသည်ကို မြင်လိုက်ပြီး သူသည် ထိုနှစ်ယောက် ဝိုင်းထားသည်မှ တစ်ဖက်သို့လှည့်ထွက်လာပြီး သူ့လက်မောင်းများက ကျောင်းမြန်အား စီဆဲလ်ရှိရာဆီသို့ အရှိန်ပြင်းစွာဖြင့် တွန်းထုတ်လိုက်သည်။ 

ကျောင်းမြန်သည် ရုတ်တရက် ကာကွယ်ချိန်မရလိုက်ဘဲ သူ၏နောက်ကျောကို ပြင်းပြင်းထန်ထန် တွန်းလိုက်သည်ကိုသာ ခံစားလိုက်ရပြီး သူ့ရှေ့မှ မြင်ကွင်းသည် မတည်ငြိမ်တော့ဘဲ ဟန်ချက်ပျက်ကာ အရှေ့သို့ ငိုက်ကျသွားသည်။

ကျောင်းမြန် လဲကျတော့မည်ကို စီဆဲလ်ကမြင်လိုက်ချိန်တွင် ချက်ချင်းပင် သူ့ကို ပွေ့ဖက်ကာ ထိန်းပေးလိုက်သည်။

အယ်လန်သည် ထိုအခွင့်အရေးကို အသုံးချခဲ့သည့် သူ၏လျင်မြန်သော ဉာဏ်ရည်ကို ချီးကျူးလိုက်သည်။

'တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက် ရန်ဖြစ်ထားတယ်ဆိုတာ ငါသိသားပဲ...အခုလို ပွေ့ဖက်တာလောက်နဲ့ လင်လင်ကြား ရန်ဖြစ်တာကို ဘယ်လိုလုပ်ဖြေရှင်းလို့ရမှာလဲ...ကိစ္စတစ်ခုခုဖြစ်ရင်လည်း အိပ်ရာပေါ်မှာပဲ ပွေ့ဖက်ပြီး ဖြေရှင်းသင့်တာပေါ့.....'

အယ်လန်သည် အကျပ်အတည်းမှ လွတ်မြောက်သွားသော်လည်း ကျောင်းမြန်သည် နွေးထွေးသော ပွေ့ဖက်မှုတစ်ခုထဲသို့ ကျရောက်သွားသည်ဟု ခံစားလိုက်ရပြီး သူ့ရှေ့တွင် စီဆဲလ်၏ အနက်ရောင် စစ်ယူနီဖောင်းတစ်ထည်အား မြင်လိုက်ရသည်။

စီဆဲလ်၏ နှာဖျားလေးတွင် ကျောင်းမြန်၏ဆံပင်မှ ခေါင်းလျှော်ရည်ရနံ့ကို ရလိုက်ပြီး သူငုံ့ကြည့်လိုက်ချိန်တွင် ကျောင်းမြန်က သူ့ရင်ဘတ်ပေါ်တွင် မှီလျက်သားလေးရှိနေသည်ကို တွေ့ကာ စွဲလမ်းသွားလေသည်။ 

"........"

ခဏအကြာတွင် ကျောင်းမြန်သည် သတိပြန်ဝင်လာပြီး စီဆဲလ်အား ချက်ချင်းတွန်းထုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ခင်ဗျား ထိန်းပေးစရာမလိုပါဘူး...ကျွန်တော့်ဘာသာ ကျွန်တော်ရပ်လို့ရတယ်...."

"အိုး....အိုး......ဟုတ်ပါပြီ" 

စီဆဲလ်သည် သူ့နှာခေါင်းကို ကိုင်ကာ ပြောလေသည်။

"အာ့မြန်...."

စီဆဲလ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းစဥ်ပြောင်းလိုက်သည်။

"ဒီနေ့လေဆိပ်ကိုလာတာ ရှင်းချီကို လိုက်ပို့ဖို့တင်မဟုတ်ဘူး.....သိပ်မကြာခင် ကိုယ်လည်း သင်္ဘောနဲ့ သွားရမှာ...."

"ဟင်....."

ကျောင်းမြန်သည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်မိသည်။

သူ့ကို ရှောင်ဖို့အတွက်လား.....။

"ကိုယ် ဒီတစ်ခါ အရေးပေါ် မစ်ရှင်တစ်ခု သွားစရာရှိတယ်..."

စီဆဲလ်က ဆက်ပြောလေသည်။

"အန္တရာယ်များမလား မသိလို့ မင်းကို ကိုယ်နဲ့အတူ ခေါ်မသွားနိုင်ဘူး...." 

ကျောင်းမြန်သည် အနည်းငယ် မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။

"အန္တရာယ်များလား....."

စီဆဲလ် : "အဲ့ဒါက Dark Phoenix ပဲ" 

မနေ့ညက ကတ်စပါသည် B3 ဂြိုလ်ပတ်ဝန်းကျင် တွင် Dark Phoenix ၏ ခြေရာလက်ရာများကို တွေ့ရှိခဲ့ကြောင့် သတင်းရရှိခဲ့သည်။ B3 ၏ တည်နေရာသည် မြို့တော်နှင့် မဝေးပေ။ စီဆဲလ်သည် ထိုဒေသ ပတ်ဝန်းကျင်တွင် သူတို့အား နတ်ဆိုးဖြစ်ခွင့် မပြုနိုင်ပေ။ 

"ဒါဆို ခင်ဗျား ကျွန်တော့်ကိုပါ ခေါ်သွားပါ.."

ကျောင်းမြန်၏ အသံသည် လေးနက်လာပြီး ဆက်ပြောလေသည်။

"အဲ့အချိန်ကျရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ဘေးဖယ်ထားမှာပါ.."

သူတို့နှစ်ဦး၏ အထောက်အထားများအရ အရေးကြီးသည့်အချိန်တွင် ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို အလေးပေးနေမည်မဟုတ်ပေ။

"ကိုယ် မခေါ်သွားဘူး..."

စီဆဲလ်သည် ကျောင်းမြန်၏ ပုခုံးအား အသာလေး ပုတ်ကာ ပြောလိုက်သည်။

"အဲ့ဒါကြောင့် ကိုယ်အခု မင်းကို ပြောစရာရှိတယ်...."

"ကိုယ်သွားရင် အဖွဲ့ချုပ်ကိုစောင့်ကြည့်ဖို့ ကူညီပေးပါဦး.."

ကျောင်းမြန်လည်း အံ့ဩသွားသည်။

စီဆဲလ်သည် ပြုံးလိုက်ပြီး ပြောလေသည်။

"အယ်လန်က မရင့်ကျက်သေးဘူး...ကိုယ်မရှိတဲ့အချိန် ကြီးကြပ်ပေးဖို့ အရာရှိကြီး အနည်းငယ်တော့ရှိပေမယ့်...တစ်ခုခုဖြစ်ရင် ပြောတတ် ဆိုတတ်တဲ့ သူတစ်ယောက် လိုနေသေးတယ်..."  

ကျောင်းမြန်၏ နှလုံးသားသည် ရှုပ်ထွေးနေတော့သည်။

စီဆဲလ်က......

စီဆဲလ်သည် အားရပါးရပြုံးလိုက်ကာ....

"ကိုယ် အပြင်ရောက်နေတဲ့အချိန် မင်း အဖွဲ့ချုပ်ကို ဂရုစိုက်ပေးပါ.."

ကျောင်းမြန်သည် သက်ပြင်းချကာ တစ်ခွန်းတည်းပြောကာ ကျိန်ဆိုလိုက်သည်။
"ကျွန်တော် ကတိပေးပါတယ်..."

"ခင်ဗျားရဲ့ယုံကြည်မှုအတွက်ကျေးဇူးတင်ပါတယ်"

ထို့နောက် စီဆဲလ်သည် VIP လေယာဥ်ကွင်းဘက်သို့သွားခဲ့ပြီး ကျောင်းမြန်သည် သူ၏ ကိုယ်ပိုင်လေယာဥ်ဖြင့် လေဆိပ်မှ ထွက်ခွာလာခဲ့သည်။

လမ်းတစ်လျှောက်တွင် ကျောင်းမြန်သည် ခေါင်းငုံ့ကာ ကြောင်တက်တက်ဖြင့် သူ၏ လက်ချောင်းများကို ကစားနေလေသည်။ 

ရိုးသားစွာ ပြောရလျှင် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်သည် သူ့အား အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့သေးသော်လည်း စီဆဲလ်၏ စကားလုံးများသည် သူ၏ ရှုပ်ထွေးနေသော ခံစားချက်ကို ပျောက်ကွယ်သွားစေကာ သူ့အား အနည်းငယ် ပျော်ရွှင်စေခဲ့သည်။

သူတို့သည် ခင်ပွန်းများ မဖြစ်နိုင်သော်လည်း အကောင်းဆုံး ရဲဘော်ရဲဘက်များဖြစ်နေခြင်းသည် ကမ္ဘာပေါ်တွင် အသင့်တော်ဆုံးဖြစ်နေနိုင်သည်။

---------XXXXXX----------

"ဒီး.....ဒီး....."

စစ်သင်္ဘော၏ထိန်းချုပ်ခန်းထဲတွင် စီဆဲလ်သည် လက်ပိုက်လျက်သားဖြင့် သူ့ရှေ့ရှိ အနက်ရောင် စခရင်ကြီးကို ကြည့်နေလေသည်။

နောက်ဆုံးတွင် စခရင်၌ အနီစက်တစ်ခု ပေါ်လာကြောင်း ပြောသံကို ကြားရလေသည်။

"တွေ့ပြီ..." 

တစ်ဖက်မှ အယ်ဗင်က တင်ပြလာသည်။

"E4W10 ဦးတည်ဘက်မှာတရားမဝင် လေယာဥ်တစ်စီးရဲ့ လမ်းကြောင်းကို တွေ့ပါတယ်...."

သူတို့သည် မြို့တော်မှ ထွက်ခွာပြီး B3 ပတ်၀န်းကျင်တွင် ကင်းလှည့်သည့် ပထမဆုံးညတွင် ဖမ်းမိခဲ့ကြခြင်းဖြစ်သည်။

"သူတို့ကို မီအောင်လိုက်.."

စီဆဲလ်သည် မည်သည့်ကျင့်ဝတ်ကိုမှ စောင့်ထိန်းခြင်းမရှိတော့ဘဲ နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ ပြောလေသည်။

တစ်ခြားတစ်ဖက်ရှိ အယ်ဗင်သည် စီဆဲလ်၏ ဆုံးဖြတ်ချက်အား မအံ့သြခဲ့ပေ။ နောက်ဆုံးတွင် သူတို့သည် ဤတစ်ကြိမ်၌ တစ်ဖက်ရှိ စစ်သင်္ဘောများက နှိုင်းယှဥ်၍ မရနိုင်လောက်အောင် လူပေါင်းများစွာ ခေါ်ဆောင်လာခဲ့ပေသည်။

အတွင်းရေးမှူးချုပ်အနေဖြင့် အယ်ဗင်သည် Dark Phoenix အပေါ် စီဆဲလ်၏မုန်းတီးမှုကို သိရှိပြီးဖြစ်၍ ၎င်းတို့အား အမြစ်ပြတ်ချေမှုန်းရန် ကြံစည်ထားလေသည်။ အရင်အချိန်များက နှစ်ပေါင်းများစွာကြာအောင် ဖမ်းဆီးရမိခဲ့ကြသည့် Black Phoenix မှ ကျန်ခဲ့သည့်သူများကိုလည်း သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

Dark Phoenix ၏သတင်းကိုရရှိသည့်အချိန်၌ စီဆဲလ်သည် အလွန်ကြီးမားသော စစ်တပ်အင်အားဖြစ်သည့် ပြည်ထောင်စု တပ်မတော်နှင့် အမှတ်၁၂ တပ်ဖွဲ့ ၏ တစ်ဝက်ကို ချက်ချင်း စေလွှတ်ခဲ့သည်။

ဤဖြစ်စဥ်သည် အချိန်တိုင်း ဖြစ်သောကြောင့် Dark Phoenix အား လွတ်မြောက်ရန် အခွင့်အရေး ဘယ်တော့မှ ပေးမည်မဟုတ်ပါ။

"နောက်ကလိုက်...!" 

အယ်ဗင်၏ ညွှန်ကြားချက်ဖြင့် စစ်သင်္ဘောသည် အရှိန်မြှင့်လာလေသည်။

ပင်မစစ်သင်္ဘောသည် အနီရောင်အစက်အား ညလုံးပေါက်ရှာဖွေနေခဲ့ကြရာ အများစုမှာ ပင်လယ်ဓါးပြများသာ ဖြစ်ကြောင်း သိရှိခဲ့ကြရသည်။

စီဆဲလ်သည် သူ၏မေးစေ့ကို ကိုင်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ပင်လယ်ဓားပြတွေလား.....။

စီဆဲလ်၏ အကြည့်များ အေးစက်သွားသည်။

ဒါက... ကျားကို တောင်ပေါ်ကနေ မောင်းထုတ်ဖို့ ကြိုးစားနေတာလား......။