ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၂၃)
နောက်တစ်နေ့တွင် ကျွန်မ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရသည်။
ဘေးဘက်သို့ ကြည့်လိုက်လျှင် ဆိုဗက်စ်စတာ ရှိမနေပါ။သူ အရင်ဆုံး အိပ်ရာထသွားသည်ဟု ခံစားမိပါ၏။
"..."
သူ အိပ်နေကျ နေရာလွတ်လေးကို ကျွန်မ ငိုင်တိုင်တိုင်ဖြင့် ငုံ့ကြည့်နေမိသည်။
ပြီးမှ သူ မနေ့ညက ပြောခဲ့သည့်စကားများကို မှတ်မိသွားခဲ့သည်။
မင်း အိပ်တော့မလို့လား ...ဟင်။
မင်းက ကိုယ့်ကို တစ်ယောက်တည်းထားပြီး ဘယ်လိုတောင် အိပ်ပျော်သွားရတာလဲကွာ။
ထိုစကားများကို မှတ်မိသွားသည်နှင့် ချက်ချင်းဆိုသလို ကျွန်မ၏မျက်နှာတစ်ခုလုံး ပူလောင်လာတော့သည်။ကျွန်မ လက်ဖြင့် မျက်နှာကို ယပ်ခတ်လိုက်ပြီး ပါးစပ်ပိတ်ထားမိ၏။
"မဟုတ်ဘူး ... ငါက လှဲနေရုံလေးပါ။ဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားရတာလဲ။"
ကျွန်မ ညည်းတွားပြီး ထိုင်နေရာမှ ထလိုက်သည်။
ဆိုဗက်စ်စတာ၏နှလုံးသားက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ ရိုးသားစစ်မှန်ပုံ ရပါသည်။
အဲ့ဒါ ... ဘာပါလိမ့် ...ကလေးတစ်ယောက် ရလာအောင် ... အဲ့လိုမျိုး တစ်စုံတစ်ရာ။
ငါတို့ရဲ့ခံစားချက်တွေကို အချင်းချင်း ဖွင့်ဟဝန်ခံခဲ့ကြတာ သိပ်မှ မကြာသေးပဲ။ဒါပေမဲ့ ငါတို့ရဲ့တိုးတက်မှုက ဒီလောက်အထိတောင် ရောက်နေပြီတဲ့လား။ငါ့ဘက်က ဆန္ဒရှိပေမဲ့ ဆိုဗက်စ်စတာကတည်တည်ကြည်ကြည်ရှိနေတာကို ကြည့်လိုက်တော့ ဒီလောက်မြန်မြန်ဆန်ဆန်တွေ ဖြစ်လာမဲ့ပုံ မပေါ်တဲ့ဟာကို။
အား
ဒီလိုမျိုး ဆောင့်ကြီးအောင့်ကြီးနဲ့ ရှက်နေရတာ ငါတစ်ယောက်တည်း ဖြစ်မှာပဲ။
ပူလောင်နေသောမျက်နှာကို လက်ဖြင့်အုပ်ထားရင်း နှုတ်ခမ်းဆူလိုက်မိသည်။
ဒီနေ့လဲ အဲ့လို ထပ်ဖြစ်လာတော့မှာပဲ၊ဟုတ်တယ်မလား။
ထိုအကြောင်းကို တွေးမိလျှင် ကျွန်မ ပို၍ ရှက်ရွံ့လာရသည်။
တစ်သက်လုံး အိပ်ပျော်နေပြီလို့ပဲ ဟန်ဆောင်နေလို့မှ မရတာ။
ငါပြောချင်တာက ငါ တကယ်ကြီးကို တစ်ခုခုလုပ်သင့်ပြီလို့။
ရှက်စရာကောင်းလိုက်တာ!
မနေ့ကပဲ ငါ သူနဲ့ နမ်းခဲ့တယ်။ဒါပေမဲ့ နောက်နေ့ရောက်ရင် ထပ်ပြီး အဆင့်ကျော်ရတော့မှာလား။
ငါ ဒီလို မလုပ်နိုင်ဘူး။
ငါ မွေးကတည်းက single ဖြစ်နေခဲ့တာလေ။
အဲ့ဒီအခြေအနေက စိမ်းသက်သက်နဲ့ ရှက်စရာကောင်းတယ်။
ဆိုဗက်စ်စတာကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ဖြောင်းဖြဖို့ ကြိုးစားရမယ်။
ဒါပေမဲ့ ဆိုဗက်စ်စတာက ငါ ဘာပဲလုပ်လုပ် အလျှော့ပေးလိုက်မဲ့လူမျိုးနဲ့ တူမနေဘူးနော်။
ဟူး ...
ကျွန်မ သက်ပြင်းချရင်း ဆံပင်ကို သပ်တင်လိုက်သည်။
ထို့နောက် လူခေါ်ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။ချက်ချင်းဆိုသလို အိုင်ရင်း ဝင်လာလေသည်။
"မဒမ်ရေ ... ကောင်းသောမနက်ခင်းလေးပါ!"
ဘာဖြစ်လို့ ဒီကလေးမရဲ့မျက်နှာက ပိုပြီးတောက်ပနေရတာလဲ။
ကျွန်မလည်း သူမရှိရာသို့ လက်ကို ညင်ညင်သာသာ ဝှေ့ယမ်းပြလိုက်သည်။
"အင်း ... ကောင်းသောမနက်ခင်းပါ။"
"မနေ့ညက မဒမ် ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့ပါရဲ့လား။"
အိုင်ရင်းက ထိုသို့ မေးရင်း မျက်လုံးများ တောက်ပနေခဲ့သည်။
ဘာလဲဟ ၊သူမ ဘာဖြစ်နေတာလဲ။
"အင်း ... ငါ ကောင်းကောင်း အိပ်ပျော်ပါတယ်။"
"ရှင်!"
အိုင်ရင်းက အော်လိုက်သည်။
"ဘာဖြစ်လို့ မဒမ်က ကောင်းကောင်းအိပ်ပျော်ရတာလဲ။မဒမ့်အနေနဲ့ ကောင်းကောင်းကြီး အိပ်ပျော်နေသင့်တာမှ မဟုတ်တာ ..."
"..."
ဖြစ်နိုင်သည်က ကျွန်မက ဘာကြောင့် ဆိုဗက်စ်စတာနှင့်အတူမအိပ်ခဲ့သလဲဟု ဆိုလိုချင်ပုံ ရ၏။
ကျွန်မ အိုင်ရင်းကို ပြုံးပြလိုက်သည်။
"နင် ဘာတွေ ဖြစ်စေချင်နေလဲဆိုတာ ငါ သိတယ်၊ဒါပေမဲ့ အဲ့ဒါတွေကို အရမ်းကြီး ပွင့်ပွင့်လင်းလင်း ထုတ်မပြောပါနဲ့ ...ရမလား။"
"ရှင် ... ဘာဖြစ်လို့လဲဟင်။"
"ရှက်စရာကောင်းလို့ပေါ့!"
အိုင်ရင်းက ဗိုက်ကိုနှိပ်၍ အော်ရယ်လေသည်။
"မဒမ်က အရမ်းကို ချစ်စရာကောင်းနေလို့ ရယ်မိပြီနော်!"
လွန်ခဲ့သော လအနည်းငယ်ခန့်က သူမမှာ ကြောက်လန့်တကြားဖြင့် တုန်ယင်နေဆဲဖြစ်သည်မှာ သေချာပါသည်။
လွန်ခဲ့သော နေ့ရက်များကို ပြန်တွေးရင်း ကျွန်မ တံတွေးမျိုချလိုက်မိသည်။
"အရင်ဆုံး ငါ့ကို ကူညီပြီး အဆင်သင့်ပြင်ဆင်ပေးနိုင်မလား။"
"ဟုတ်ကဲ့၊ကျွန်မ မဒမ့်ကို ဆေးကြောသန့်စင်ပေးပါမယ်။"
"ပြီးရင် ငါ့အတွက် သီယိုကို သွားခေါ်ပေးပါ။"
"ရှင်!"
အိုင်ရင်းက နဖူးနည်းနည်းတွန့်လိုက်သည်။
"ဘာဖြစ်လို့ သီယိုပါလဲ။"
"ငါ သူ့ကို ပြောစရာလေး ရှိနေလို့။"
ကျွန်မ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
သို့သော် အိုင်ရင်း၏တုံ့ပြန်ပုံက အနည်းငယ် ထူးဆန်းနေ၏။
သူမက မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကျွန်မအနားသို့ တိုးကပ်လာခဲ့သည်။
"မဒမ် ...သူက ကောင်းတယ်လို့ တွေးမနေလောက်ပါဘူးနော်၊ဟုတ်တယ်မလား။"
ကျွန်မ မျက်တောင်ခတ်ရင်း သူမကို မော့ကြည့်လိုက်သည်။
"သူက ကောင်းတယ်လေ။"
"အာ ...မဒမ် အဲ့လို လုပ်လို့မရပါဘူး!"
"ဘာကြောင့်လဲ ...ဘာကိစ္စများ ရှိလို့လဲ။"
ကျွန်မ ချက်ချင်း မေးလိုက်သည်။
သီယို အမှားတစ်ခုခု လုပ်ထားလေမလားဟု ကျွန်မ သိချင်နေမိသည်။
သို့သော် အိုင်ရင်း၏အဖြေမှာ ...
"အဲ့လို မဟုတ်ပါဘူး၊အဲ့ဒီကလေးက အရမ်းချောလွန်းနေတယ်လေ။"
အင်း ... ငါ သိတာပေါ့။
ကျွန်မ စိတ်အေးလက်အေး ဖြစ်သွားရပြီး ပခုံးများပင် လျော့ကျသွားသည်။
"အဲ့ဒီတော့ မဒမ် သူ့ကို ကြည့်လိုက်တာနဲ့ ..."
"တော်တော့"
အိုင်ရင်း၏စကားကို ကျွန်မ ဖြတ်ပြောလိုက်သည်။
သီယိုက အရမ်းချောနေတာနဲ့ပဲ ငါက သူ့ကို ကြည့်လို့တောင် မရတော့ဘူးလား။
"ဒီမှာ ဆိုဗက်စ်စတာထက် ပိုပြီးချောတဲ့ယောကျ်ား ရှိလို့လား။"
ကျွန်မသာ အပျိုဖြန်းကလေး ဖြစ်နေမည်ဆိုလျှင် ဆိုဗက်စ်စတာကို မြင်လိုက်ရသည်နှင့် ချစ်မိသွားပြီး သူ့နောက်ကို တကောက်ကောက်လိုက်နေမိလောက်သည်။
ငါတို့က ဒီအတိုင်း အဆက်အသွယ်လုပ်ရုံလောက်ပဲကို။နင်က ဘာတွေ ပြောနေရတာလဲ။
ကျွန်မ ထိုသို့ ပြောလိုက်လျှင် အိုင်ရင်းက "အာ!"ဟု ရေရွတ်လိုက်ပြီး စိတ်သက်သာရာရသွာဖြင့် ရယ်နေခဲ့သည်။
"ကောင်းပါပြီ! ကျွန်မ မဒမ့်ကို အဆင်သင့်ပြင်ဆင်ပေးပါ့မယ်။"
ကျွန်မလည်း တစ်ကိုယ်လုံးကို အိုင်ရင်း၏လက်ထဲသို့ အပ်ထားလိုက်ပြီး မကြာခင် အခန်းထဲမှ ထွက်လာခဲ့သည်။
*
တောက် တောက်
ဆိုဗက်စ်စတာက အတွေးထဲ နစ်မြောနေပြီး ရထားလုံးထဲရှိ ဆိုဖာကို လက်ချောင်းများဖြင့် ခေါက်နေခဲ့သည်။
ယခု ကယ်လီယန်ကို သွားတွေ့သည့် လမ်းတွင် ဖြစ်ပါ၏။
အကြောင်းပြချက်တစ်ခုသာ ရှိသည်။
ထိုသူ၏အရည်အချင်းများကို သိနိုင်ရန်။
အမှန်တွင် ထိုသူလောက် တုံးအသောသူ မရှိမှန်း သူ အသေအချာ သိသည်။မည်သို့ပင် ဆိုစေပါမူ သူ အတည်ပြုလိုသည့် အကြောင်းရင်းမှာ ...
တုံးအတဲ့လူနဲ့ အပေးအယူလုပ်ရင်း ပိုပြီး အကျိုးအမြတ်ရနိုင်လောက်မလားလို့။
လာဂိုထံမှ မှော်အစီအရင်စက်ဝန်းကို ရရှိပြီးသည်နှင့် ဆိုဗက်စ်စတာက သူ၏ပိုင်နက်နယ်မြေကို လွတ်လပ်သော နိုင်ငံငယ်တစ်ခုအဖြစ် ခွဲထွက်ရန် စီစဥ်ထားသည်။
သို့သော် ထိုအစီအစဥ်မှာ ဧကရာဇ်၏ခွင့်ပြုမိန့် ရမှသာ ဖြစ်နိုင်လေသည်။
သို့ဖြစ်ရာ ကယ်လီယန်နှင့် လာဂိုတို့အနက် မည်သူ့ကို ဧကရာဇ်အဖြစ် နန်းတင်ပေးရမည်နည်းဟု သူ့အနေဖြင့် လေးလေးနက်နက် စဥ်းစားချင့်ချိန်နေရသည်။သို့သော် ယခု သူ ဆုံးဖြတ်ချက် ချလိုက်၏။
ကယ်လီယန်ပဲ ...
သူ့ကို ဧကရာဇ်ဖြစ်လာအောင် လုပ်ပေးရမယ်။
အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။
အဘယ့်ကြောင့်ဆိုသော် လာဂိုက အိုဖီလီယာကို အကြီးအကျယ် ဒုက္ခပေးလာနိုင်သောကြောင့်ပင်။
သူရဲ့တစ်ဦးတည်းသော ချစ်ဇနီးလေးအပေါ် ဆိုးဆိုးရွားရွားတွေ လုပ်မဲ့လူကို ဘာဖြစ်လို့များ ထီးနန်းရစေရမယ်ဆိုပြီး အာမခံချက်အပြည့်နဲ့ ပံ့ပိုးပေးနေရတော့မှာလဲ။
ဆိုဗက်စ်စတာ ထိုသို့ မလုပ်ချင်ပါ။
ထို့အပြင် လာဂိုက ...
ဧကရာဇ်တစ်ပါးရဲ့ အလုပ်ကို မလုပ်နိုင်လောက်ဘူး။
ပါးနပ်တယ်၊သွက်လက်တယ်၊သန်မာတယ်။
ဒါပေမဲ့ ဧကရာဇ်တစ်ပါး ဖြစ်ဖို့အတွက်တော့ အရမ်းကို ကောက်ကျစ်ယုတ်မာလွန်းတယ်။
အကယ်၍ သူသာ လူတွေအတွက် ထည့်စဥ်းစားပေးမယ်ဆိုရင်ပေါ့။ နောက်ပိုင်းမှာ သူရော လာဂိုရော အင်ပါယာလက်အောက်ကနေ လွတ်မြောက်ပြီး ကိုယ်စီကိုယ်စီ နိုင်ငံငယ်တွေအဖြစ် ခွဲထွက်နိုင်တော့မဲ့ အချိန်ကျလာရင်တော့ မဟာမိတ်တွေ ဖြစ်လာလောက်တယ်ဆိုပြီး တွေးကြည့်ရင် လာဂိုက ကယ်လီယန်ထက် ပိုကောင်းသလိုလို ပါပဲ။
ဆိုဗက်စ်စတာ ဆုံးဖြတ်ချက်ချလိုက်ပြီး ရပ်တန့်သွားသော ရထားလုံးပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလိုက်သည်။
အစကတည်းက သူ ကယ်လီယန်ထံသို့ အခစားဝင်ပါမည်ဟု ကြိုတင်ဆက်သွယ်ထားသောကြောင့် အစေခံတစ်ယောက် ထွက်လာပြီး သူ့ကို ကြိုဆိုနေခဲ့သည်။ဆိုဗက်စ်စတာက ထိုအစေခံကို ငုံ့ကြည့်လိုက်ပါ၏။
"မင်းပဲ"
သူက နဖူးတွန့်လိုက်သည်။
"အရင်တုန်းက ငါ့ရဲ့ဇနီးကို ကျိန်ဆဲဖူးတဲ့တစ်ယောက် မဟုတ်လား။"
အစေခံမှာ အနည်းငယ်ခန့် တွန့်သွားရလေသည်။
သူ အရင်က အဲလို လုပ်ခဲ့မိတယ်။
အိမ်ရှေ့စံမင်းသားရဲ့အမိန့်အတိုင်း မြို့စားကြီးကတော်အိုဖီလီယာ ရိုင်ဇန်ကို "ထွက်သွား"လို့ ပြောခဲ့တယ်။
အဲ့လို ပြောပြီး သူ အရမ်းပဲ စိတ်သက်သာရာရခဲ့သေးတာ!
ဒါပေမဲ့ ဆိုဗက်စ်စတာက သူ့ကို ရိုက်နှက်ခဲ့ပြီးသား မဟုတ်ဘူးလား။
ဒါပေမဲ့ အခု သူ့ကို ထပ်ပြီး ရိုက်ဦးမလို့လား မသိဘူး။
အစေခံမှာ ပခုံးကို နှိမ့်၍ ကိုယ်ကို ကျုံ့လိုက်ပြီး အနောက်သို့ ဆုတ်သွားခဲ့သည်။
"မှန် ...မှန်ပါတယ်၊ဒါပေမဲ့ အဲ့ဒီကိစ္စအတွက် ကျွန်တော့်မှာ လုံလောက်အောင် အပြစ်ပေးခံရပြီးပြီလို့ ထင်ပါတယ် ခင်ဗျာ။"
"လုံလုံလောက်လောက် အပြစ်ပေးပြီးပြီတဲ့လား။"
ဆိုဗက်စ်စတာ ခံစားချက်မပါဘဲ ရယ်လိုက်လေသည်။
သူက မြို့စားကြီးကတော်ကို ကျိန်ဆဲဝံ့ပြီးမှ ရိုက်နှက်တာလေးတစ်ခုနဲ့ လုံလောက်အောင် အပြစ်ပေးခံရပြီးပြီလို့ ထင်နေတာလား။
"ငါက မင်းကို ကြိုးဒဏ် မပေးခဲ့တာကိုပဲ ကျေးဇူးတင်နေသင့်တယ်နော။"
ဆိုဗက်စ်စတာက သူ့လည်ပင်းသူ့ လက်ချောင်းများဖြင့် ထိတွေ့နေရင်း ထိုသို့ပြောခဲ့သည်။
"ငါ အဲ့လိုသာ လုပ်ခဲ့ရင် အခု မင်း သေပြီးလောက်ပြီ။"
ဟစ်!
အစေခံမှာ ထိတ်လန့်သွားပြီး နောက်တွန့်သွားလေသည်။
သူက အရှင့်သား ပြောတဲ့အတိုင်း လုပ်ခဲ့ရုံလေးပါ။
သူ ထိုသို့ အထွန့်တက်လိုက်ချင်သော်လည်း ဆိုဗက်စ်စတာက အလွန်ကြောက်စရာကောင်းသောကြောင့် မပြောနိုင်ခဲ့ပေ။ထိုအစား အစေခံက ပါးစပ်ပိတ်ထားရင်း ဦးညွှတ်လိုက်လေသည်။
"ရှေ့ကနေ လမ်းပြ။"
ဆိုဗက်စ်စတာက ပေါ့ပေါ့ပါးပါး အချက်ပြလိုက်လျှင် အစေခံက အလျင်အမြန်ပဲ သူ့ကို လမ်းပြပေးလေသည်။
ကယ်လီယန် ရှိနေသော အိမ်ရှေ့စံမင်းသားနန်းဆောင် ရှိရာသို့။
*
"သီယို!"
အတော်လေးကြာမှ သီယိုကို တွေ့ခဲ့ရပြီး ယခု ထပ်တွေ့ရသည်က အလွန်ကောင်းလေသည်။ထို့ကြောင့် ပန်းချီခန်းထဲတွင် သီယို ထိုင်နေသည်ကို မြင်လိုက်ရလျှင် ကျွန််မ သူ့ထံသို့ အပြေးအလွှားသွားခဲ့သည်။
"နင် ဘယ်လိုနေလဲ၊အဆင်ပြေရဲ့လား။နေမကောင်း ဖြစ်နေသေးလား။"
သီယိုက "အာ...ဟမ်"ဟု ရေရွတ်လိုက်ပြီး တဒင်္ဂမျှ ရှက်ရွံ့နေကာ ပြီးမှ နူးညံ့စွာ ပြုံး၍ ခေါင်းငြိမ့်လေသည်။
"မဒမ့်ကို ကျေးဇူးတင်ရမှာပါ။ကျွန်တော် အဆင်ပြေပါတယ်။မဒမ်ရော ဘယ်လိုနေပါသလဲ။"
"ငါလဲ အတူတူပါပဲ ...ကောင်းပါတယ်။"
ကျွန်မ ပြုံးလိုက်ပြီး သီယိုနှင့်မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်သည်။
ပြီးမှ သီယို၏မျက်နှာကို ကြည့်လိုက်သည်။
အတန်ငယ် ညိုညက်ညက်အသားအရည်ရှိသည့် သီယိုမှာ ကျွန်မ ယခင်တစ်ကြိမ် မြင်ခဲ့သည်ထက် ပို၍ ယောကျ်ားပီသစွာ ကြီးပြင်းလာခဲ့လေပြီ။
"သီယိုက အရမ်းချောတယ်"ဟု အိုင်ရင်း ဘာကြောင့်ပြောခဲ့သည်ကို ကျွန်မ သိရပြီ ဖြစ်၏။
သီယိုက တကယ်ကို ချောမောခန့်ညားလွန်းတယ်။ဒါပေါ့ ...ဆိုဗက်စ်စတာကိုတော့ ဘယ်မှီပါ့မလဲ။
ဘုရားရေ ... ငါက အရူးတစ်ယောက် ဖြစ်နေပြီပဲ။
ကျွန်မ အလွန်အံ့အားသင့်သွားရပြီး ပါးပြင်ကို လက်ဖြင့် အုပ်ထားလိုက်မိသည်။
ဘာကိုပဲတွေးတွေး ဆိုဗက်စ်စတာဆီပဲ ရောက်ရောက်သွားတယ်။
ဒါကို အချစ်လို့ ခေါ်တာလား။
ငါက ဒါကို သေချာမသိလို့ မရင်းနှီးသလို ဖြစ်နေရပေမဲ့ တစ်ချိန်တည်းမှာ ကလိကလိနဲ့ ခံစားနေရတယ်။ပြီးတော့ အရမ်း ကောင်းတယ်။
ငါ့ကိုယ်ငါ ပြီးရင် တခြားတစ်စုံတစ်ယောက်ကို သဘောကျမိသွားတာက ပျော်စရာကောင်းနေခဲ့တာပါလား။
နှလုံးသားလေး နူးညံ့ပျော့ပြောင်းသွားသလို ခံစားနေရတယ်။
အာ ...အခုက ဒါကို တွေးနေရမှာ မဟုတ်ဘူးလေ။
ကျွန်မ အလျင်အမြန် ခေါင်းခါလိုက်ရသည်။ထို့နောက် သီယိုကို ထပ်ကြည့်လိုက်မိ၏။
"တစ်ယောက်ယောက်က နင့်အပေါ် အနှောင့်အယှက်ပေးရင် ငါ့ကို လာပြောနော်။အဲလိုမျိုး လုပ်တဲ့သူတွေ ရှိလား။"
သီယိုက အခိုင်အမာ ခေါင်းခါပြလိုက်သည်။
"မြို့စားကြီးအိမ်တော်မှာ ရှိတဲ့ လူတိုင်းက ကျွန််တော့်အပေါ် ကြင်နာကြပါတယ်။ဒီအတွက် မဒမ် စိတ်ပူနေစရာ မလိုပါဘူးဗျ။"
"အဲ့လိုလား ... ဒါဆိုလဲ တော်သေးတာပေါ့။"
ကျွန်မ ဘယ်နကြိမ် မေးသည်ဖြစ်စေ တူဘီသောအဖြေကိုသာ ရလာသည့်အတွက် သူ့ကို မည်သူကမှ အနှောင့်အယှက်မပေးပုံ ရ၏။
ကျွန်မ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သီယို၏မျက်လုံးထဲသို့ ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
"နင် ကောင့်မြို့စားကတော်ဖလဲရ်နဲ့ ဆုံမိသေးလား။"
သီယို အနည်းငယ် နဖူးတွန့်သွားသည်။
"မဒမ် အရင်တစ်ခါကလဲ ဒီမေးခွန်းကိုပဲ မေးခဲ့တယ်နော်။ဒါပေမဲ့ သူမက ဘယ်သူလဲဆိုတာတောင် ကျွန်တော် မသိပါဘူး။"
"အင်း ...တကယ်ကို ကောင်းတယ်။အဲ့လိုမျိုးပဲ ဖြစ်နေရမှာ။"
ကျွန်မ လက်မထောင်ပြပြီး ဆက်ပြောလိုက်သည်။
"နင် ဒီအတိုင်းပဲ ဆက်လုပ်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။သူမနဲ့ သွားပြီး မပတ်သက်ရဘူးနော်၊အိုကေလား။"
"ကျွန်တော်က အိမ်တော်ထဲကတောင် မထွက်ပါဘူး။ပတ်သက်စရာ ဘာအကြောင်းမှ မရှိပါဘူး မဒမ်။"
"အင်း ... အဲ့ဒါကြောင့်ပဲ ငါ နင့်ကို ခေါ်လိုက်ရတာ။"
မျက်လုံးများက တောက်ပစွာဖြင့် ကျွန်မ အရှေ့ဘက်သို့ အနည်းငယ် ငုံ့ကိုင်းလိုက်သည်။
"နင် ငါ့အတွက် တောက်တိုမယ်ရလေးတွေ လုပ်ပေးမလား။"
"တောက်တိုမယ်ရလား မဒမ်။"
"အင်း"
ကျွန်မ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ရိုးရိုးရှင်းရှင်းလေးတွေပါ။"
TK Team (Chapter 123)
++++++++