ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး chapter 109
နားလည်မှုလွဲမှားမှုများ နှင့် ထိတ်လန့်မှုများကြား အမှန်တရားကို တိကျစွာသိထားသည့် တစ်ဦးတည်းသောသူ အန်းသန့်စ်သည် ဟင်းချက်နေစဉ်အတွင်း သူ၏ တစ်ကမ္ဘာလုံးအပိုင်စားရထားသကဲ့သို့ ပျော်ရွှင်မှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ထိုမျှမကပေ။သူက ရက်စွဲအလိုက် မီနူးတစ်ခုကိုတောင် ဖန်တီးခဲ့ပြီး အမ်မာနှင့် မျှဝေခဲ့သေးသည်။
အမ်မာသည် အန်းသန့်စ်က ယခု လူနာ၏ အစားအသောက်များကိုတောင် ဂရုစိုက်လာသောကြောင့် ပီတိဖြစ်မိသွားခဲ့သည်။
ရို့စ်မယ်ရီသည် အန်းသန့်စ်က ရိုင်းစိုင်းစွာ ပြုမူနေခြင်းမရှိတာကို မြင်ရသည့်အတွက် စိတ်သက်သာရာရသွားပြီး လူနာကို အလျှင်အမြန်မေးလိုက်သည်-
"နင် စာပို့ခဲ့သေးလား"
"အင်း..."
သူမ ဘာလို့ စာကိုပို့ခဲ့တာလဲ။သူမက ဒီတိုင်း သူ့ခံစားချက်တွေကို ဆန်းစစ်ကြည့်ချင်ခဲ့လို့ဖြစ်သည်။လူနာသည် မထင်မှတ်ထားသော ပြဿနာများကို ဖြစ်ပေါ်စေခဲ့ပြီးနောက် မပီပြင်စွာသာ တုံ့ပြန်ခဲ့လိုက်သည်။ရို့စ်မယ်ရီ၏ ကျေးဇူးကြောင့် ယခု အန်းသန့်စ်သည် မီးဖိုချောင်ထဲတွင် ရှိနေပြီဖြစ်သည်။
သူက သူမကို သဘောကျမှန်း သိပြီးနောက် လူနာသည် ရှက်ပြီး သူနှင့် မျက်လုံးချင်းတောင် မဆုံနိုင်တော့ပေ။အန်းသန့်စ်ကသာ ခံစားချက်များ ရှိနေသူဖြစ်သော်လည်း သူမက ဘာလို့ ထိုသို့ပြုမူမိမှန်း မသိတော့ချေ။
လူနာ၏ နက်ရှိုင်းစွာ သက်ပြင်းချပြီး တုံ့ပြန်လာမှုက ရို့စ်မယ်ရီကို အံ့သြတုန်လှုပ်ကာ ပါးစပ်ကျယ်ကျယ်ဖွင့်မိသွားစေခဲ့သည်။
"သူက နင့်ရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးပြီးသွားပြီလား။နင် သူ့ကို ဘာတောင်းဆိုခဲ့တာလဲ!"
နင် စောနက မြင်သားပဲ။စားစရာလေ။ သူက အခုချိန်ထိ မီးဖိုချောင်ထဲမှာ အလုပ်ကြိုးစားနေတုန်းပဲ။
သို့သော်လည်း လူနာသည် ၎င်းကို မပြောနိုင်ခဲ့ပေ။ထိုအချိန်မှာပဲ အန်းသန့်စ်က စောင့်နေသလိုပင် စကားဝိုင်းထဲ ဝင်ပါလာခဲ့၏။
"မင်းတို့ ဘာကို ဒီလောက်အလေးအနက်ပြောနေကြတာလဲ"
သူက ထုံးစံအတိုင်း လူနာ၏ဘေးတွင် ထိုင်လာခဲ့သည်။အန်းသန့်စ်မှာ ခါတိုင်းလည်း လူနာ၏ ဘေးရှိထိုင်ခုံတွင်နေရာယူလေ့ရှိသော်လည်း ယနေ့တွင်မူ အကြောင်းပြချက်တစ်ချို့ကြောင့် လူနာသည် သူမတောင် သတိမထားမိဘဲ သူနှင့် ဝေးရာသို့ ဖယ်ခွာသွားမိခဲ့သည်။
"…!"
သဘာဝအတိုင်းပင် ကသိကအောက်တိတ်ဆိတ်မှုတစ်ခုက ထွက်ပေါ်လာခဲ့သည်။မလိုအပ်ဘဲလှုပ်ရှားမိခဲ့သော လူနာက တုန်လှုပ်ချောက်ချားသွားခဲ့ပြီး အန်းသန့်စ်က ၎င်းကိုကြည့်ကာ မကူညီနိုင်ဘဲ ပြုံးလိုက်မိသည်။
သေချာပေါက်ပင် တောင့်တင်းနေသော လူနာက ချစ်ဖို့ကောင်းနေသောကြောင့်ဖြစ်သည်။ သို့သော် ရို့စ်မယ်ရီသည် အဓိပ္ပါယ်မဲ့မှုများကြောင့် အထင်အမြင်လွဲသွားပြီး စတင်ကာ အလေးအနက်တွေးခေါ်ခဲ့တော့သည်။
အဲ့ဒါက မကောင်းဘူး တကယ်ကို မကောင်းဘူး!
အထင်အမြင်လွဲမှားမှုများကြောင့် ခဏမျှ ပရမ်းပတာဖြစ်သွားခဲ့သည်။
သို့သော် အန်းသန့်စ်က ချက်ပြုတ်ခဲ့တာကို ကြည့်ရသည်မှာ လူနာ၏အခြေအနေကို သူနားလည်ပြီး သူတို့၏ ဆက်ဆံရေးကို ပြုပြင်ဖို့ကြိုးစားနေမှန်း ပြသနေခဲ့သည်။ ထို့ကြောင့် ရို့စ်မယ်ရီသည် သူတို့နှစ်ယောက် လမ်းမခွဲဖို့သေချာစေရန် ကိုယ်ပိုင်အချိန်ပေးမည်ဟု ဆုံးဖြတ်ပြီး ရုတ်တရက် ထရပ်လိုက်သည်။
"ငါ အခု သွားရတော့မယ်။ငါ ရုတ်တရက် လုပ်စရာလေးပေါ်လာလို့"
"သွားတော့မလို့လား"
နည်းနည်းကြာအောင်နေဦးလေ။ငါတို့ နှစ်ယောက်တည်းဆို နေရခက်တယ်လို့။
လူနာက ရို့စ်မယ်ရီကို အသနားခံသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
သဘာအတိုင်းပင် ရို့စ်မယ်ရီမှာ ဆက်နေချင်သော်လည်း ပိုကြီးမားသော ကိစ္စအတွက် ရေတိုပျော်ရွှင်မှုကို စတေးသင့်စတေးရပေမည်။
'ငါဝင်ပါပြီး လူနာ တခြားသူရဲ့ လှည့်ဖြားမှုကို မခံရဖို့ သေချာအောင်လုပ်ရမယ်'
ရို့စ်မယ်ရီက လက်သီးများကို တင်းတင်းဆုပ်ပြီး ခေါင်းညိတ်ပြကာ သူမသွားတော့မှာဖြစ်ကြောင့် ညွှန်ပြခဲ့သည်။
"ငါ နောက်ကျ ထပ်လာလည်မယ်။ တကယ်ပြောတာ။ဒါဆို အခုတော့ ခဏ ခွဲကြတာပေါ့"
ရို့စ်မယ်ရီက ထူးခြားသော နှုတ်ဆက်စကားဖြင့် စံအိမ်မှ ထွက်သွားခဲ့သည်။
မည်သူမဆို သူမ၏ သနားစရာကောင်းသော အသွင်အပြင်ကြောင့် ဝမ်းနည်းကြေကွဲဖွယ် စွန့်လွှတ်အနစ်နာခံခဲ့သော သူရဲကောင်းအဖြစ် မှားကြလောက်သည်။အန်းသန့်စ်သည် သူမ၏ အပြုအမူကြောင့် ပဟေဠိဖြစ်သွားပြီးနောက် လူနာကို လှည့်ကြည့်လိုက်သည်။
"ဒါလေး စမ်းစားကြည့်။ စောစောကမှ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတာ"
"...ရှင်ကိုယ်တိုင် ဖုတ်ခဲ့တာလား"
"အမ်မာက ဂျုံမုန့်ညက်ပြင်ဆင်ခဲ့ပေမယ့် ကျန်တာကိုတော့ ကိုယ်ပဲ လုပ်ခဲ့တာ"
အရသာထည့်ခြင်း၊ ပုံဖော်ခြင်း၊ ဖုတ်ခြင်း၊ အလှဆင်ခြင်း စသည်ဖြင့်-
အန်းသန့်စ်က နူးညံ့သောအပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။
ထို့နောက်…လူနာက ဆွံ့အစွာဖြင့် နှလုံးပုံစံ ကွတ်ကီးကို စိုက်ကြည့်နေခဲ့သည်။
အားလုံးကတော့ နှလုံးပုံစံမဟုတ်ပေ။ အဝိုင်း၊ တြိဂံနှင့် လေးထောင့်ကွက်ကီးများလည်း ရှိသည်။သို့ပေမယ့် အကြောင်းတစ်ချို့ကြောင့် နှလုံးပုံစံများမှာ အထင်ရှားဆုံးဖြစ်နေပြီး လူနာသည်လည်း အဲဒါတွေကိုပဲ ကွက်မြင်ခဲ့သည်။
လက်လှမ်းရန် ချီတုံချတုံဖြစ်နေသော လူနာထံ အန်းသန့်စ်က ကွတ်ကီးတစ်ခုကို ယူပေးခဲ့သည်။
နှလုံးပုံစံ ကွတ်ကီးပင်!
"စားကြည့်ကြည့်"
"မဟုတ်ဘူး။ ခဏလေး"
ဘာလို့ အဲ့ဟာကြီးလဲ။ပြီးတော့ ကျွန်မကိုယ်တိုင်ယူစားနိုင်ပါတယ်နော်။
လူနာက အန်းသန့်စ်၏ အလွန်အကျွံဂရုစိုက်မှုကို ငြင်းပယ်ခဲ့သည်။
အန်းသန့်စ်က ကွတ်ကီးကို ပြန်ချလိုက်သည်။လူနာသည် သူထပ်ကျွေးမှာကိုကြောက်ကာ လေးထောင့်ကွက်ကီးတစ်ခုကို အမြန်ယူပြီး ကိုက်လိုက်သည်။
"…!"
ကောင်းမွန်သော အရသာက သူမပါးစပ်ထဲ ပြည့်နှက်သွားခဲ့သည်။
အန်းသန့်စ်သည် သံသယဖြစ်စရာမလိုအောင်ပင် စားသောက်ဆိုင်တစ်ခုစဖွင့်နိုင်သည်အထိ အရည်အချင်းရှိပေသည်။ လူနာသည် အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားပြီး နောက်ထပ် တစ်ကိုက်ကိုက်လိုက်သည် ။
သူမ၏ တုံ့ပြန်မှုများကို ကြည့်ရတာ ပျော်စရာကောင်းလှသည်။အန်းသန့်စ်သည် အရသာရှိလားမေးမနေတော့ဘဲ သူမ ဘယ်လိုတောင် ပျော်ရွှင်နေပုံရလဲဆိုတာကို ကြည့်ပြီး တစ်ခစ်ခစ်ရယ်မောလိုက်တော့သည်။
* * *
"ကျွန်မ ကမ်းလှမ်းချက်ကို လက်ခံပါ့မယ်"
အကြာကြီး တုံ့ဆိုင်းနေခဲ့ပြီးနောက် ဒဲဗောရာ၏ ဆုံးဖြတ်ချက်က မြို့စားကြီး၏ နှုတ်ခမ်းများကို တွန့်ကွေးပြီး အပြုံးတစ်ခုဖြစ်သွားစေခဲ့သည်။
သူ့အား ဒီလိုအသေးအဖွဲအရာလေးကို ဆက်တိုက်စောင့်စေခဲ့သည်မှာ မလိုလားစရာကောင်းသော်လည်း လူနာနှင် တူသော အမျိုးသမီးတစ်ယောက်ကို ရှာတွေ့ရန်မှာ မလွယ်လှပေ။ည
'ထို့အပြင် သူမက အသုံးပြုပြီး စွန့်ပစ်ဖို့ အကောင်းဆုံးပဲ'
သူမ ပိုက်ဆံကိုယူပြီး ကောင်းကောင်းပြုမူမယ်ဆိုရင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။သို့သော် ဖြစ်လေ့ရှိသော ကိစ္စအများစုမှာ ကလေးအား ဆင်ခြေအဖြစ် အသုံးပြုပြီး ဆက်ငွေညှစ်နိုင်တာဖြစ်သည်။
အဲ့ဒါက တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပင်။
ထိုကြောင့် ထိုသို့အခြေအနေမျိုး ပေါ်ပေါက်လာပါက စွန့်ပစ်ရန် အလွန်အဆင်ပြေသော မိသားစုမျိုးဖြစ်သည့် ဒဲဗောရာက မြို့စားကြီးလိုချင်သော အမျိုးသမီးပင်ဖြစ်သည်။
"ဆုံးဖြတ်ချက်ကောင်းပဲ။ဒါဆို မင်းအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဖယ်ဆန်ကို တွေ့ရမယ်"
သို့သော် အဆင့်များကို အလောတကြီးလုပ်လာသည်နှင့်အမျှ ဒဲဗောရာသည် မြို့စားကြီး၏ စကားကို လေးနက်သော မျက်နှာဖြင့် ဖြတ်ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မမှာ အခြေအနေတစ်ခုရှိတယ်"
"အခြေအနေလား"
တုံ့နှေးတုံ့နှေးနဲ့ ဒေါသထွက်အောင်လုပ်ခဲ့ပြီးတော့ အခုကျ အခြေအနေတဲ့လား။
သူက ပိုက်ဆံလည်းပေးမယ် သူမအမေရဲ့ရောဂါကိုတောင် ကုပေးမယ်လို့ ကတိပေးထားခဲ့တာကို ဒီလို မျက်နှာပြောင်တိုက်တဲ့ သဘောထားက ဘာလဲ။
သူမ၏ အလွန်လူပါးဝသော အပြုအမူကြောင့် မြို့စားကြီးသည် အရာအားလုံးပြေလည်သွားသည်နှင့် ဒဲဗောရာနှင့် သူမမိခင်ကို သေချာပေါက် ဖယ်ရှားပစ်မည်ကြိမ်းထားလိုက်သည်။
"…ကျွန်မ ဒီမှာနေနေတုန်း ကျွန်မလိုချင်တာမှန်သမျှ ဝယ်ပေးရမယ်။ လက်ဝတ်ရတနာတွေ၊ ၀တ်စုံတွေ၊ စသဖြင့်"
ထို့နောက် သူမ၏နောက်ဆက် တုံ့ပြန်မှုကြောင့် မြို့စားကြီးသည် မကူညီနိုင်ဘဲ သရော်မိသွားခဲ့သည်။
သူမ၏ အသွင်အပြင်ကြောင့် သူမက နုံအအကလေးမဟု သူတို့ ထင်ခဲ့ကြသော်လည်း သူမ၏ တောင်းဆိုချက်များမှာ ရုပ်ဝါဒီဆန်လွန်းလှသည်။ သို့ပေမယ့် သူသည် သူမအား ဒေါသ သို့မဟုတ် ကြိမ်းမောင်းရန်မစီစဥ်ခဲ့ပေ။စည်းစိမ်ဥစ္စာများကို ပွင့်ပွင့်လင်းလင်း တောင်းဆိုတာက ပိုလို့တောင် ကောင်းသေးသည်။ ကိုင်တွယ်ရ ပိုလွယ်လှသည်။
"ကောင်းပြီ။ ဖြစ်စေရမယ်"
မြို့စားကြီးက သတိထားနေမှုကို ကိုလုံးဝလျှော့ချလိုက်ပုံရသည်နှင့် မြို့စားကတော်ကြီး၏ အကြံဉာဏ်အတိုင်း လိုက်ပြုမူနေခဲ့သော ဒဲဗောရာက တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
မြို့စားကြီးက သူ၏အံဆွဲထဲ တစ်လျှောက်လုံး သိမ်းထားခဲ့ရသော စာချုပ်ကိုထုတ်ယူပြီး ဒဲဗောရာအား လက်မှတ်ထိုးရန် တိုက်တွန်းခဲ့သည်။
"လက်မှတ်ထိုးပြီးတာနဲ့ မင်း အခုချိန်ကစပြီး ဘယ်လိုပြုမူရမလဲဆိုတာ ပြောပြမယ်။အခု မင်းပုံစံက နည်းနည်းတော့ ချို့ယွင်းနေသေးတယ်"
ဒဲဗောရာသည် မြို့စားကတော်ကြီး၏ အစေခံထံမှ လူနာပဲလ် အကြောင်းကို ကြားသိခဲ့ပြီးဖြစ်သည်။သူမက ဖယ်ဆန်က အစွဲအလမ်းကြီးနေသော ထိုအမျိုးသမီးနှင့် တူတာကြောင့် သူမက ဤကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့တာဖြစ်သည်။ ဒါကြောင့် သူမ ဘာလို့လဲဆိုပြီး မမေးခဲ့ပေ။
ဒဲဗောရာသည် သူမ၏ တုန်ရီနေသော လက်များကို ဖုံးကွယ်ဖို့ကြိုးစားရင်း စာချုပ်တွင် လက်မှတ်ကို အပြီးသတ်ထိုးနိုင်ခဲ့သည်။
ထို့နောက် မြို့စားကြီးက စောင့်ဆိုင်းနေသကဲ့သို့ တစ်စုံတစ်ဦးကို ခေါ်လိုက်သည်။
စိတ်လှုပ်ရှားနေသော ဒဲဗောရာ၏ အရှေ့မှောက်၌ ပေါ်လာသူမှာ ကျေးဇူးတင်စရာကောင်းစွာပင် မြို့စားကတော်ကြီးမှ ချန်ခဲ့သော အစေခံပင်ဖြစ်သည်။ မိုက်မဲစွာပင် မြို့စားကြီးသည် သူမက မြို့စားကတော်ကြီး၏ လူယုံဖြစ်သည်ကို မသိသေးပုံရသည်။
"သူမကိုခေါ်သွား။သူမကို သေချာလေ့ကျင့်ပေးပြီး ဖယ်ဆန်နဲ့ တွေ့ခိုင်းလိုက်။ တတ်နိုင်သမျှအမြန်ဆုံး"
"နားလည်ပါပြီ"
အစေခံ၊ အိမ်တော်ထိန်းနှင့်အတူ မြို့စားကြီး၏ ရုံးခန်းထဲမှထွက်လာသော ဒဲဗောရာသည် သူမတောင် မသိလိုက်ဘဲ နက်ရှိုင်းစွာ သက်ပြင်းချမိခဲ့သည်။
အိမ်တော်ထိန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့လျှာအား ညင်သာစွာ နှိပ်ကာ ညွှန်ကြားချက်ကို စတင်ခဲ့သည်။
"ဖယ်ဆန်ရှေ့ရောက် ဒီလိုသဘောထားမျိုး မပြနဲ့။အဲ့အမျိုးသမီးက သူ့ရှေ့မှာ ဘယ်တုန်းကမှ စိတ်ဖိစီးမနေဘူး"
ထို့အပြင် တုံ့ဆိုင်းခြင်း သို့မဟုတ် စကားထစ်ခြင်းများလည်း မလုပ်ရပေ။တကယ်လို့ သူမ စိတ်အိုက်သလိုခံစားလာရရင် ဒီတိုင်းတိတ်ဆိတ်ပြီး အေးစက်စက်နေလိုက်တာက ပိုကောင်းသည်။ရှင်းပြချက်များက ဆက်လက်ထွက်ပေါ်လာခဲ့သည်။
"ငါ အရင်ကပြောခဲ့သလိုပဲ အားလုံးအဆင်ပြေသွားရင် မင်းအမေရဲ့ရောဂါကို ပျောက်တဲ့အထိကုပေးမယ်။အဲ့တော့ ဒီတိုင်း အာရုံစိုက်ပြီး ဒါကို မြန်မြန်ပြီးအောင်လုပ်လိုက်"
၎င်းကိုကြားတော့ ဒဲဗောရာသည် လက်သီးကို မသိလိုက်စွာပင် တင်းတင်းဆုပ်လိုက်မိသည်။
သူမ၏ဆုံးဖြတ်ချက်အတွက် မြို့စားကတော်ကြီး၏ အကြံက တစ်စိတ်တစ်ပိုင်းပါဝင်သော်လည်း အဓိကအကြောင်းရင်းမှာ သူမမိခင်၏အခြေအနေကြောင့် ဖြစ်သည်။
"... ရှင် သူမကို ကောင်းကောင်း ဂရုစိုက်နေတယ် မလားဟင်။သူမ အဆင်ပြေနေတယ်မလား"
"အင်း။သူမ အခု ဆေးရုံမှာ ဆေးကုသမှု ကောင်းကောင်း ခံယူနေတယ်။ဒါကြောင့် စိတ်ပူမနေနဲ့"
အိမ်တော်ထိန်းသည် နှစ်ကြိမ်ပင်ပြန်မတွေးဘဲ လိမ်ခဲ့လိုက်သည်။ 'အခမဲ့ဆေးရုံ' မရှိပါက ဒဲဗောရာ၏မိခင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းမှာ အိပ်နေရင်းလမ်းထလျှောက်တာကြောင့်ဖြစ်နိုင်သည်။
သို့သော် လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်သူက အိပ်ပျော်ရင်းလမ်းလျှောက်တာမဖြစ်နိုင်ပေ။ပြီးတော့ နှစ်ရှည်လများ အိမ်နီးချင်းဖြစ်ခဲ့သောသူကလည်း မလိမ်လောက်ပေ။
၎င်းက သိသာထင်ရှားသော လိမ်ညာမှုတစ်ခုဖြစ်သော်လည်း ဒဲဗောရာသည် ယခုအချိန်တွင် ထိတ်လန့်နေသေးပြီး သူ့ကို ခဏတာမျှ ယုံကြည်သွားခဲ့သည်။အခု တစ်စုံတစ်ယောက်က မှန်လား မမှန်ဘူးလားဆိုတာ စစ်ဆေးပြီးဖြစ်လို့ ဒဲဗောရာလည်း ယုံကြည်မိသွားခဲ့သည်။
"ရှင် ရှင်းပြပြီးသွားပြီဆိုရင် သူမကို စပြီးရေချိုးအလှပြင်ပေးလိုက်ရတော့မလား"
သူတို့၏ စကားဝိုင်းကို ဂရုတစိုက်နားထောင်နေသော အစေခံက အိမ်တော်ထိန်းကို သတိထားပြီး မေးလိုက်သည်။အိမ်တော်ထိန်းက ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
နောက်ဆုံးတွင် ရှင်းပြရုံလေးနဲ့ သူမက ပြီးပြည့်စုံသည့် လူနာပဲလ် ဖြစ်လာမှာ မဟုတ်ပေ။
နည်းနည်း မသေမသပ်ဖြစ်ရင်တောင်မှ သူတို့ သူမမျက်နှာကို မိတ်ကပ်လိမ်းပေးပြီး လူနာနှင့် ဆင်တူအောင် လုပ်တာက တစ်နည်းနည်းနှင့် အသုံးဝင်လောက်သည်။
"လုပ်လေ"
အစေခံက ခေါင်းညိတ်ပြပြီး ဒဲဗောရာကို အသာအယာ တွန်းထုတ်ကာ အိမ်တော်ထိန်း၏ အမြင်ကနေ ပျောက်ကွယ်သွားခဲ့တော့သည်။
TK Team (chapter 109)