Chapter 107
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 107


* * *

"သခင်မလေး! သခင်လေးအန်းသန့်စ်ရောက်လာပြီ။ ကျေးဇူးပြုပြီး ထပါတော့"

လူနာသည် သူမအကြာကြီးမအိပ်ရသေးဘူးဟု ထင်ခဲ့သော်လည်း အန်းသန့်စ် ရောက်လာပြီဟုဆိုကာ သူမ၏ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီးလာနှိုးနေသော လော်ရာကြောင့် နိုးလာခဲ့ရသည်။

"ဘယ်သူလာတာလဲ"

"သခင်ငယ်လေးအန်းသန့်စ်!"

"...အခု ဘယ်နှနာရီရှိပြီလဲ"

လူနာသည် အပြင်ဘက်တွင် မှောင်နေသေးတာကြောင့် သူမ တစ်နေ့ခင်းလုံး အိပ်ခဲ့ပြီး ညဘက်ပြန်ရောက်သွားတာလားဟုတွေးမိသွားပြီး မေးလိုက်ရာ လော်ရာက ကို့ရို့ကားယား ပြုံးကာ ပြန်ဖြေလာခဲ့သည်။

"ငါးနာရီရှိပြီ"

ငါးနာရီလား။

"နေ့လည်ပိုင်းလား…?"

နေ့လည်ဘက်ဖြစ်ဖို့အတွက် အရမ်းမှောင်လွန်းနေသည်။ကြည့်ရတာ နွေဦးမှ နွေရာသီ ကူးပြောင်းချိန်၌ ညနေ ၅ နာရီက အနည်းငယ်မှောင်သွားပုံရသည်။

လူနာသည် ငိုက်မျဉ်းနေဆဲဖြစ်ပြီး အချိန်နှင့် ပတ်သက်ပြီး ရှုပ်ထွေးနေကာ သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာခတ်လိုက်သည်။လော်ရာက သူမခံစားချက်ကို နားလည်ဟန်ဖြင့် ပခုံးတွန့်ပြပြီး ပြန်ဖြေလိုက်သည်

"အမ်… အရုဏ်တက်အချိန်ထင်တယ်"

ဘာ။ ဒါဆို အန်းသန့်စ်က စံအိမ်ကို မိုးမလင်းခင် ရောက်လာတာလား။ လူနာသည် သဘောပေါက်သွားမှုဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ဒါဆို သူမအိပ်တာ ငါးနာရီလောက်ပဲရှိသေးတာပေါ့။ အရမ်းအိပ်ငိုက်နေတာ အံ့သြစရာမရှိတော့ဘူး။

အလုပ်များနေချိန်မှာတောင် ရှစ်နာရီကြာအောင် အမြဲအိပ်နေကျဖြစ်သော လူနာသည် သူမ၏ စပ်ဖျဉ်းဖျဉ်းဖြင့်ဒေါသထွက်လာမှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

"သူရူးနေတာလား"

အကြောင်းပြချက်ကောင်းမရှိဘဲနဲ့ ဘယ်သူက မနက်မိုးမလင်းခင်ကြီး သူများအိမ်ကို လာလည်မှာလဲ။အရေးတကြီးကိစ္စဆိုရင်တောင်မှ သူ အနည်းဆုံး နေထွက်တဲ့အထိ စောင့်သင့်တယ်လေ။

"သူ့ကို ထွက်သွားခိုင်းပြီး ငါ သူ့ကို နေ့လည်မှတွေ့မယ်လို့ပြောလိုက်"

လူနာသည် အိပ်ယာပေါ်တွင် ပြန်လှဲလိုက်ပြီး ပြန်အိပ်ရန် ကြံရွယ်ထားသကဲ့သို့ ပြောလိုက်သည်။

လူနာသည် သူမကိုယ်သူမ စောင်နှင့် အုပ်ပြီး မျက်လုံးကိုမှိတ်လိုက်ချိန်တွင် လော်ရာက ပဟေဠိဖြစ်နေသော အကြည့်ဖြင့် ပြောလာခဲ့သည်။

"သခင်မလေး ဘယ်လိုတောင် အဲ့လိုပြောရက်နိုင်တာလဲ။သူက သခင်မလေး ခေါ်လို့ လာခဲ့ရတာလို့ ပြောတယ်"

"...ငါလား"

သူမက စိတ်လွတ်နေတာမှမဟုတ်တာ။ဘယ်သူက တစ်ယောက်ယောက်ကို မနက်အရုဏ်ကျင်းကြီးမှာ ခေါ်လို့လဲ။ လူနာသည် တွေဝေစွာဖြင့် ကြည့်နေချိန်တွင် လော်ရာ အန်းသန့်စ်၏ စကားများကို ထုတ်ပြောခဲ့သည်။

"ဟုတ်တယ်။သူပြောတာတော့ သခင်မလေးက စားစရာတောင်းဆိုလို့ဆိုပဲ။အဲ့ဒါနဲ့ သူလည်း မနက်စာပြင်ပေးဖို့ လာခဲ့တာတဲ့"

လူနာသည် ရို့စ်မယ်ရီ၏ အကြံကို လိုက်နာကာ အဓိပ္ပါယ်မဲ့သော ဟင်းလျာများစွာကို တောင်းဆိုပြီး မနေ့ညက သူမ ပို့လိုက်သောစာကို သတိရမိသွားသည်။

သူ တကယ်ကြီး အဲ့ဒါတွေလုပ်ဖို့ လာခဲ့တာလား။ပြီးတော့ ဒီလောက် မနက်အစောကြီးလေ။

လူနာသည် ရုတ်တရက်အပြည့်အဝနိုးသွားပြီး အမြန်ပြင်ဆင်ကာ အောက်ထပ်ဆင်းသွားခဲ့သည်။

"မင်္ဂလာနံနက်ခင်းပါ"

အမ်မာ နှင့် စကားစမြည်ပြောနေသော အန်းသန့်စ်က လူနာကို လန်းဆန်းသော မျက်နှာဖြင့် နှုတ်ဆက်လာခဲ့သည်။

"မင်း မှာထားတာက အများကြီးပဲမို့လို့ ကိုယ် အစောကြီးလာခဲ့လိုက်တာ။အဲ့ဒါက အဆင်မပြေမဖြစ်သွားဖို့ မျှော်လင့်တယ်"

ထို့နောက် သူက အရာအားလုံးကို အချိန်မီလုပ်နိုင်ဖို့ အခုပဲ စတင်ရန်လိုသည်ဟု ထပ်လောင်းပြောလာခဲ့၏။

"သခင်‌မလေး ဘာလို့ သခင်လေးအန်းသန့်စ်ကို တောင်းဆိုခဲ့တာလဲ။အဲ့ဒါက ပါဝင်ပစ္စည်းတွေဝယ်ဖို့တောင် တစ်ရက်ခွဲလောက် အချိန်ယူရမှာ"

အမ်မာသည် ကြီးကျယ်သော ချက်ပြုတ်ခြင်းအလုပ်အတွက် အန်းသန့်စ်ကို ကူညီရန် ပြင်ဆင်ထားပုံရပြီး ငြီးတွားလာခဲ့သည်။

ထိုအချိန်မှပင် လူနာသည် သူဘာကြောင့် အစောကြီးရောက်လာရသည်ကို သိသွားခဲ့သည်။ဤမျှ များပြားသော အစားအစာများကို ချက်ပြုတ်ရန် သူ တကယ်ကို ဒီနေရာမှာ ရှိနေသင့်သည်။

သူမသည် သူ ဒေါသဖြစ်သွားမည် သို့မဟုတ် ဟာသအဖြစ်မှတ်ယူပြီး လျစ်လျူရှုမည်ဟု ထင်ခဲ့သည်။သို့သော်လည်း သူက စကားတစ်ခွန်းမှပင် မဟဘဲ မနက်အစောကြီးရောက်လာခဲ့သည်။

"...ရှင် အဲ့ဒါတွေ အားလုံးကိုလုပ်ဖို့ တကယ်လာခဲ့တာလား"

"မင်း ကိုယ့်ကို စာပို့ခဲ့တာ မဟုတ်ဘူးလား။ကိုယ်လုပ်ပေးတဲ့ အစားအစာကို မင်း သဘောကျတယ်လို့ ပြောခဲ့တယ်လေ"

သူမက မယုံကြည်နိုင်စွာ မေးခဲ့ချိန်တွင် သူက သိသာ‌ရှင်းလင်းနေသကဲ့သို့ ဖြေဆိုခဲ့လေသည်။

သူမသည် အဓိပ္ပါယ်မဲ့သော အစားအသောက်စာရင်းနှင့်အတူ သူ စိတ်မဆိုးစေရန် ရည်ရွယ်ပြီး သူလုပ်ပေးသော အစားအစာက အရသာရှိသည်ဟု ထည့်ရေးခဲ့သည်။ကြည့်ရတာ ၎င်းက သူ့ကို လှုံ့ဆော်ပေးသလိုဖြစ်သွားခဲ့ပုံရသည်။

"မင်း ပြန်အိပ်သင့်လိုက်လေ။ကိုယ် အဲ့ဒါတွေအားလုံး ပြင်ဆင်ပြီးဖို့ဆိုရင် အချိန်နည်းနည်းလောက် ကြာလိမ့်မယ်။မင်း လာမယ့်ဖွင့်ပွဲအတွက်နဲ့ အလုပ်ရှုပ်နေတယ်မလား"

သူက သူမထက် ပိုအလုပ်ရှုပ်သောသူဖြစ်သော်ငြားလည်း သူမကို အနားယူရန်ပင် ကြင်နာစွာပြောခဲ့သည်။သို့သော် လူတိုင်းမှာ ညီတူညီမျှ အလုပ်ရှုပ်နေကြသည်။

စီးပွားရေးပါတနာများစွာကို စီမံခန့်ခွဲနေရသော အန်းသန့်စ်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့်မည့် သူမထက်အလုပ်များနေမှာ အသေအချာပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အန်းသန့်စ်သည် လက်ထဲတွင် ပါဝင်ပစ္စည်းများကို ကိုင်ကာ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ အမ်မာနှင့်အတူ မနက်စာကို စတင်ပြင်ဆင်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။

လူနာသည် ထိုသို့သော အခြေအနေမျိုးတွင် ပြန်မအိပ်နိုင်တော့ပေ။လူနာသည် အန်းသန့်စ်ထွက်သွားသော လမ်းကြောင်းကို ဗလာဖြစ်စွာ စိုက်ကြည့်နေစဉ်မှာပဲ လော်ရာက အံ့ဩတကြီး မေးလာခဲ့သည်-

"သခင်မလေး ဘာတွေဖြစ်နေတာလဲ...ဘာလို့ သခင်လေး အန်းသန့်စ်က ချက်ပြုတ်နေတာလဲ…"

သို့သော် လူနာသည် အဖြေပေးနိုင်မည့် အခြေအနေမှာ မရှိနေပေ။

သူမ၏ ရုတ်တရတ်ဆန်ပြီး ရိုင်းစိုင်းသောစာက သူ့ကို အနှောက်အယှက်မဖြစ်စေသည့်အပြင် သူက ဒီကို ချက်ပြုတ်ဖို့ရောက်လာခဲ့သည်။ လူနာသည် သူမ၏ သံသယများမှာ သေချာကြောင်း သိလိုက်ရသည်။

'သူ... တကယ်ပဲ ငါ့အပေါ် ခံစားချက်ရှိနေတာလား'

အဲ့ဒါက အမှန်ပဲ။ 

ခြုံငုံသုံးသပ်ပြီးနောက် လူနာ၏မျက်နှာသည် ရုတ်တရက်နီမြန်းလာခဲ့သည်။

တကယ်တမ်းတွင် ယခုအခြေအနေက သူ့မှာ ခံစားချက်ရှိနေတယ် ဒါမှမဟုတ် စိတ်ဝင်စားနေတယ်ဟု ပြောလို့ရရုံတောင်ဟုတ်မနေပေ။ယခုအခြေအနေကို တိကျစွာဖော်ပြရမည်ဆိုပါက အန်းသန့်စ်သည် သူ သဘောကျနေသောလူအား သူ့အပေါ်အမြင်ကောင်းရစေရန်အတွက် မိုးမလင်းမှီအချိန်ကတည်းကပင် အတတ်နိုင်ဆုံးကြိုးစားနေခဲ့သည်။

ထို့အပြင် သူသဘောကျနေသော တစ်ဖက်လူက သူမဖြစ်နေတာကို တွေးပြီး သူမ အဲ့ဒါကို တည်ငြိမ်စွာ လက်မခံနိုင်နေပေ။ တုံ့ပြန်မှုမရှိဘဲ လူနာ၏ မျက်နှာက နာကျင်နေသကဲ့သို့ ပြောင်းလဲသွားတာကြောင့် လော်ရာ၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားခဲ့သည်။

"သခင်မလေး!တစ်နေရာရာ နာနေလို့လား"

"ဟင့်အင်း ငါအဆင်ပြေပါတယ်"

"သခင်မလေး ကြည့်ရတာ နာကျင်နေတဲ့ပုံပဲ။အဖျားကြီးနေတာများလား။ကျွန်မ အဖျားကျဆေးအချို့ ယူလာပေးရမလား"

ယခုအချိန်တွင် သူမ အလိုအပ်ဆုံးအရာမှာ စိတ်ငြိမ်ဆေးပင်ဖြစ်သည်။

သူမ တွေးရုံပဲတွေးခဲ့သမျှအားလုံးက အမှန်တွေချည်းပဲဆိုတာ သိလိုက်ရချိန်တွင် သူမ၏မျက်နှာမှာ သည်းမခံနိုင်လောက်အောင် ပူထူလာပြီး နှလုံးက ပြင်းထန်စွာခုန်လာခဲ့သည်။

"အဲ့ဒါကဒီတိုင်း....ပူလို့ပါ။ငါ အပြင်မှာ ခဏလောက်ထွက်ထိုင်အုံးမယ်။နင် ငါ့ကို ကျေးဇူးပြုပြီး လက်ဖက်ရည် ယူလာပေးလို့ရမလား"

သူမသည် တိုက်ရိုက် ဝန်ခံခြင်းကို မရသေးသော်လည်း ၎င်းမှာ သူမကိုင်တွယ်ရန် များလွန်နေသေးသည်။ လူနာသည် မျက်နှာကို လက်ဖြင့် ခပ်ဖွဖွ ပွတ်လိုက်ပြီး အပြင်ဘက်သို့ အမြန်သွားခဲ့လိုက်သည်။

သူမ အခု စိတ်အေးအေးထားပြီး လတ်ဆတ်သောလေအချို့ကို ရှူရှိုက်ရန် လိုအပ်နေသည်။

အပြင်ဘက်ရှုမျှော်ဆောင်နေရာတွင် ထိုင်ပြီး ခဏလောက် စိတ်ငြိမ်အောင် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ချေ။

ထိုကဲ့သို့သောအခြေအနေမျိုးက သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သူမ အနာဂတ်တွင် အန်းသန့်စ်နှင့် မည်သို့ဆက်ဆံရမည်ကို စဉ်းစားရန်အချိန် မလုံလောက်နေပေ။

'ငါ သူ့ကို ဒီတိုင်း တိုက်ရိုက်မေးလိုက်ရမလား... ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေသင့်လား'

မဟုတ်သေးဘူး။ရုတ်တရက်ကြီး ရှင် ကျွန်မကိုကြိုက်နေတာလားလို့ မေးတာက ထူးဆန်းတယ်။အရိပ်အယောင်မပြတာ ဒါမှမဟုတ် ဘာမှ မပြောတာ အကောင်းဆုံးပဲ။

"လေဒီလူနာ"

ကံမကောင်းစွာဘဲ အစားအသောက်ပြင်ဆင်ပြီးသွားပုံရသော အန်းသန့်စ် ပြန်ပေါ်လာခဲ့ချိန်တွင် လူနာသည် သူ့ကို မသိဟန်ဆောင်ပြီး ပုံမှန်အတိုင်းပြုမူဖို့ မလုပ်နိုင်ခဲ့ချေ။

"ပြီး-ပြီးတောင်ပြီးသွားပြီလား"

"အဲ့ဒါက သုံးနာရီကျော်လောက်တောင် ကြာသွားပြီကို လေဒီလူနာက 'ပြီးတောင်ပြီးသွားပြီလား' လို့ပြောတာလား"

လူနာသည် အန်းသန့်စ်၏ ပဟေဠိဖြစ်နေသော အမူအရာကိုမြင်ရချိန်တွင် အချိန်အတော်ကုန်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး ထိုင်ခုံမှထလိုက်သည်။

"အိုး…!ကျွန်မ အတွေးနက်နေလို့ အချိန်ကို သတိမထားမိလိုက်တာ။ဒါဆို ကျွန်မတို့သွားစားကြမလား"

လူနာသည် သူ့မျက်လုံးများကို တည့်တည့်မကြည့်နိုင်ဘဲ သူမ၏ စကားမှာ ခလုတ်တိုက်မိသလိုဖြစ်နေကာ သူမ၏ မျက်နှာက တစ်စစ နီရဲလာခဲ့သည်။အန်းသန့်စ်သည် သူမ၏ အပြုအမူများက ထူးဆန်းနေတာကို တွေ့လိုက်ရပြီး မျက်မှောင်ကုတ်လိုက်မိသည်။

ထိုထူးဆန်းနေသေည အပြုအမူက ထမင်းစားစားပွဲအထိ ဆက်ရှိနေခဲ့သည်။

သူတို့ရှေ့တွင် အထင်ကြီးလောက်စရာ အစားအသောက်များစွာ ရှိနေသော်လည်း လူနာသည် တစ်ခုခုက သူမအား စိတ်အနှောင့်အယှက် ပေးနေသလိုမျိုး တို့ထိတို့ထိဖြင့်စားနေခဲ့သည်။

"မင်း မကြိုက်တာတစ်ခုခုရှိနေလို့လား"

အန်းသန့်စ်က စိုးရိမ်စွာဖြင့် သူမအား ထိုသို့ကိုမေးလာချိန်တွင် လူနာသည် လန့်ဖျတ်သွားပြီး သူမကိုင်ထားသောခက်ရင်းကို လွှတ်ချလိုက်မိသည်။

ချလွင်!

“…”

လေထုက ရုတ်တရက်ကြီး တင်းမာလာခဲ့သည်။ လူနာ၏ထူးဆန်းသောအပြုအမူကိုကြည့်ပြီးနောက် အန်းသန့်စ်သည် တိတ်ဆိတ်မှုကိုချိုးဖျက်ကာ မေးလိုက်သည်-

"ကိုယ် အမှားတစ်ခုခု လုပ်မိခဲ့လို့လား"

သူ အရုဏ်မတက်ခင်အစောကြီး လာခဲ့လို့လား။လူနာ နောက်ဆုံးတစ်ခါက စားခဲ့တဲ့ အရသာရှိတဲ့ အစားအစာကြောင့် သူမ စာထဲမှာပါတဲ့ ဟင်းမျိုးစုံကို စားချင်တယ်ပြောလို့ သူ အရမ်းစောစောလာခဲ့မိတာက မှားသွားတာလား။

"ကိုယ် လာတာအရမ်းစောသွားလို့လား။ကိုယ် နေ့လည်မှ ပြန်လာရမလား"

"မဟုတ်ဘူး ရှင်ကဘာလို့...!"

၎င်းကို ကြားတော့ လူနာက အလျင်စလိုငြင်းလိုက်သည်။

"ဒါဆို မင်း ဘာလို့ စောနထဲက အဲ့လိုဖြစ်နေရတာလဲ။ နေမကောင်းလို့လား။ ကိုယ် ဆရာဝန်ခေါ်ပေးရမလား"

"မဟုတ်ဘူး၊ ကျွန်မ အဆင်ပြေပါတယ်။ တကယ်ပါ။ကျွန်မက မနက်တိုင်း အမြဲဒီလိုပဲ"

သူမ အဲ့လိုမျိုးဖြစ်တာမရှိခဲ့ပါဘူး။

သူတို့ အရင်က မနက်ပိုင်း၌ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ကြသော်လည်း လူနာသည် မရေရာသော အကြောင်းပြချက်များကို ဆက်တိုက်ပေးလာခဲ့သည်။

၎င်းက သူ့ကို ပို၍တောင် သံသယဖြစ်လာစေခဲ့သည်။ အန်းသန့်စ်တင်မက အနီးနားရှိ လော်ရာနှင့် အမ်မာတို့ပင် ပဟေဠိဖြစ်နေကြပုံရသည်။

ရုတ်တရက် မထင်မှတ်ထားသော ဧည့်သည်တစ်ဦးက ရောက်လာခဲ့သည်။

"လေဒီ ရို့စ်မယ်ရီ။နင် ဘယ်လိုလုပ် အစောကြီးရောက်လာရတာလဲ"

"ဟင်။ အာ ဒီတိုင်း မနေ့က စကားဝိုင်းက ငါ့ စိတ်ထဲ တစ်ချိန်လုံး ရှိနေလို့။ပိုအရေးကြီးတာက...ငါ့ အစ်ကိုက နင်နဲ့အတူရှိနေတဲ့ပုံပဲ"

၎င်းက ရို့စ်မယ်ရီပင်ဖြစ်သည်။သူမ ညွှန်ကြားသည့်အတိုင်း စာတစ်စောင် ပို့ခဲ့ပြီးနောက် တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိလားဟု သိချင်မိခဲ့သည်။သူမသည် ဘာကိုမှ သတိမထားမိပုံရသော အန်းသန့်စ်ကို အမြန်ဖြေရှင်းရန် တိုက်တွန်းဖို့လာခဲ့တာဖြစ်သည်။ယခုက အခွင့်အရေးကောင်းတစ်ခုပင်။

ရို့စ်မယ်ရီသည် မစောင့်နေတော့ဘဲ အန်းသန့်စ်ကို လက်မောင်းကနေ လှမ်းဆွဲလိုက်သည်။

'ဘာလဲဟ' 

ရို့စ်မယ်ရီက စကားအနည်းငယ် ဖလှယ်ရန်ပင် မလုပ်တော့ဘဲ ရုတ်တရက်ကြီး လက်မောင်းကို လာထိနေသည်။

အန်းသန့်စ်က အလွန်မကျေမချမ်းဖြစ်နေသော အမူအရာဖြင့် ရို့စ်မယ်ရီ၏ လက်ကို ခါထုတ်လိုက်သည်။

'ငါလည်း ဒါကိုလုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး။သိပြီလား။ တကယ်တည်းမှ' 

ရို့စ်မယ်ရီက စိတ်အနှောင့်အယှက်ဖြစ်နေပုံရပြီး သူမလည်း ဒါကို မလုပ်ချင်ကြောင်း ရှင်းရှင်းလင်းလင်းပြောကာ အန်းသန့်စ်ကို အပြင် ခေါ်ထုတ်ခဲ့သည်။

TK Team (Chapter 107)