ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 106
"ဘယ်လို…"
ဘာတွေ လာပြောနေတာလဲ။
လူနာက သူမနားမလည်သလိုမျိုး ဆက်လက် ပြုမူလာသည်နှင့်အမျှ သူမရိုးသားလား မရိုးသားလားကို တိုင်းတာရန် ကြိုးစားနေကြသော မိန်းမပျိုလေးများမှာ ရယ်မောလာခဲ့ကြသည်။
"နင် တကယ် ကောင်းကောင်းသရုပ်ဆောင်နိုင်တာပဲ။ငါတောင် အရူးလုပ်ခံရတော့မလို့"
"အဲဒါ့ပြောတာ။ငါ တကယ်အဆင်ပြေတယ်။ငါ့မှာလည်း ရိုမန်တစ်ဆန်တဲ့ ချစ်သူရှိတယ်"
"ငါရောပဲ။ငါဆို စေ့စပ်ထားပြီးသား။ငါ သူများတွေရဲ့ ချိုမြိန်လှတဲ့ဆက်ဆံရေးကို မနာလိုမဖြစ်မိပါဘူး"
လူနာသည် မိန်းမပျိုလေးများထံမှ အမှန်အတိုင်းပြောရန် တိုက်တွန်းခံခဲ့ရပြီး သူမတစ်ယောက်တည်း 'မဟုတ်ဘူး' ဟုပြောနေချိန် အခြားလူများက 'ဟုတ်ပါတယ်' လို့အော်နေသောကြောင့် တစ်စုံတစ်ခုနားလည်မှုလွဲတာရှိနေကြောင်း သဘောပေါက်သွားခဲ့သည်။ ပြီးတော့ အဲ့တစ်စုံတစ်ခုကလည်း လက်စွပ်ပင်ဖြစ်သည်။
"လက်စွပ်ကို ပေါ့ပေါ့ပါးပါး လက်ဆောင်အနေနဲ့ ပေးလို့မရဘူးလား"
သေချာပေါက် ပရိုပိုစ့်တစ်ခုအနေနဲ့မဟုတ်ဘဲ ရိုးရိုးစုံတွဲလက်စွပ်လိုမျိုး။ချစ်သူတွေ လမ်းခွဲကြတဲ့ အချိန်ကျရင် ဟန်မြစ်ထဲ ပစ်တဲ့ဟာမျိုး ဘာအဓိပ္ပါယ်မှမရှိတဲ့ဟာလေ။
၎င်းကိုကြားတော့ မိန်းမပျိုလေးများသည် လူနာက လက်စွပ်ကို ပေါ့ပေါ့တန်တန် မှတ်ယူနေမှန်း သဘောပေါက်သွားကြပြီး လေးနက်သောမျက်နှာများဖြင့် ပြန်ဖြေလာခဲ့ကြသည်။
"တခြား လက်စွပ်တွေ အကြောင်းတော့ ငါမသိပေမယ့် နင် လက်စွပ်ကို အဲ့လိုပဲတွေးလို့မရဘူးလေ"
"အမှန်ပဲ။ လက်စွပ်ဆိုတာက ပေါ့ပေါ့တန်တန် လက်ဆောင်ပေးရမယ့် အရာမဟုတ်ဘူး"
"ငါဆို စေ့စပ်တဲ့ အချိန်ကျမှ တစ်ကွင်း ရခဲ့တာ"
သူတို့သည် လက်စွပ်က အခြားအသုံးအဆောင်များနှင့်မတူသလို၊ လက်ဆောင်အဖြစ် လွယ်လွယ်ကူကူ မပေးကြောင်း ရှင်းပြခဲ့ကြသည်။
၎င်းကို သာမန်လူများ မသိနိုင်သော်လည်း မျိုးရိုးမြင့်များအတွက်တော့ ကွဲပြားသည်။အထူးသဖြင့် ဒီတိုင်းဝယ်ယူခဲ့တာမဟုတ်ဘဲ အတွေးများစွာဖြင့် ဝယ်သူစိတ်ကြိုက်ပြင်ဆင်ထားသောအရာဖြစ်နေသောအခါမျိုးတွင် ပေါ့ပေါ့တန်တန် မမှတ်ယူသင့်ချေ။
'...ဒါဆို ငါ အစောကြီးထဲက မှန်တယ်လို့ ဆိုလိုတာပေါ့'
ထိုမှသာ လူနာသည် သူမ အစောပိုင်းတုန်းက သံသယဝင်ခဲ့သည်မှာ အမှန်ဖြစ်လောက်သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။လူနာ အတွေးထဲ နစ်မြောသွားခဲ့၏။
လူနာသည် အန်းသန့်စ်၏ ဗလာကျင်းအခန်းထဲ၌ ဂရုတစိုက်ထားထားသော ညဈေးမှ ဝယ်လာသည့် ပန်းလက်စွပ်နှင့် လက်စွပ်က ထူးခြားတယ်လို့ပြောရင် သူမဘာလုပ်မှာလဲဆိုသည့် အန်းသန့်စ်၏မေးခွန်းကို ပြန်အမှတ်ရမိသွားသည်။
မှန်တယ်။သူက ညဈေးကနေ ဝယ်လာတဲ့ လက်စွပ်ကို သိသာတဲ့ အကြောင်းပြချက်မရှိဘဲနဲ့ သိမ်းဆည်းထားမှာ မဟုတ်ဘူး။
အန်းသန့်စ် နောက်ပြောင်ခဲ့ခြင်း သို့မဟုတ် ပေါ့ပေါ့တန်တန်ပြောခဲ့ခြင်းဖြစ်နိုင်သည်ဟု သူမထင်ခဲ့သော်လည်း ထိုသို့ဟုတ်ပုံမပေါ်ပေ။
သူက သူမကို ကြိုက်နေလောက်သည်ဟူသော ဖြစ်နိုင်ချေကို တွေးတောရင်း သူ၏ ထူးဆန်းခဲ့သော အပြုအမူများက အဓိပ္ပါယ်ရှိလာခဲ့သည်။
ဥပမာ သူမကို အကြောင်းပြချက်မရှိဘဲ လာတွေ့ပြီး လက်ဖက်ရည်သောက်ပြီးတာနဲ့ အမြန်ထွက်သွားတာ ဒါမှမဟုတ် သူက သေချာပေါက် ပင်ပန်းနေတာတောင်မှ သူမတက်ရောက်တဲ့ ပါတီတွေမှာ ပေါ်လာတတ်တာမျိုး။
ဒါမဟုတ် သူမအတွက် သူကိုယ်တိုင် ချက်ပြုတ်ပေးပြီး သူမကိုကူညီရန်အတွက် သူရဲ့အလုပ်များတဲ့ အချိန်ဇယားထဲကနေ အချိန်တွေဖဲ့ပေးတာ၊ ပြီးတော့ နောက်ထပ် တခြားအရာတွေအများကြီး...
တကယ်တမ်း ထိုကဲ့သို့ကိစ္စများမှာ ကိုယ်စိတ်မဝင်စားသောသူတစ်ယောက်အတွက် လုပ်ပေးရလျှင် အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မည်ပင်။
"တကယ်လို့ နင်စေ့စပ်ဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ လက်စွပ်ကို မသိလိုက်ဘဲ လက်ခံခဲ့မိရင် ဘာဖြစ်မှာလဲ…"
လူနာ အတွေးထဲပျောက်နေတာကိုမြင်တော့ မိန်းမပျိုတစ်ဦးက လက်စွပ်၏ အဓိပ္ပါယ်ကို လူနာ နားလည်မှုလွဲကာ လက်ခံလိုက်တယ်ဟု သံသယဖြစ်သွားပြီး ဖြေညှင်းစွာရေရွတ်လိုက်သည်။
သူတို့သည် ထိုနှစ်ယောက်ကို ပါတီမှာ ရင်းရင်းနှီးနှီး ရှိနေတာကို မြင်ခဲ့ရပေမယ့် လူနာကြည့်ရတာ ထိုကဲ့သို့ ခံစားနေရပုံမပေါ်ချေ။
အခြေအနေကိုကြည့်ရင်း စောင့်ကြည့်နေခဲ့သော ရို့စ်မယ်ရီက လူနာ ကိုယ်စား စကားဝိုင်းထဲ ဝင်ရောက်လာခဲ့သည်။
"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ့အစ်ကိုနဲ့ လေဒီလူနာက ဘယ်လောက်ရင်းနှီးလိုက်လဲဆိုတာ နင်တို့မသိကြဘူးလား"
"အာ အိုး! ဟုတ်တယ်"
မိန်းမပျိုလေးများသည် သူတို့ နည်းနည်း ရိုင်းစိုင်းမိသွားကြောင်း သဘောပေါက်သွားကြပြီး အလျှင်အမြန်ပင် ခေါင်းစဉ်ကို ချောမွေ့စွာ ပြောင်းလိုက်ကြသည်။
"အိုး ဒါနဲ့ လက်ဝတ်ရတနာဆိုင်ဖွင့်မယ့် ရက်က ဘယ်နေ့လဲ"
"ငါလည်း သိချင်နေတာ။ ကျေးဇူးပြုပြီး ငါတို့ကို အသိပေးပါအုံး"
"ငါတို့ရော ဂျီဝဲလ်ကို ကိုယ်ရေးကိုယ်တာ ဝယ်သူစိတ်ကြိုက် တောင်းဆိုချက် လုပ်လို့ရလား"
"ဟုတ်တယ် သူ့ လက်ရာက အရမ်းကောင်းတာပဲ။ငါလည်း တောင်းဆိုချင်နေတာ"
တုန်လှုပ်ချောက်ချားပြီး အတွေးများထဲပိတ်မိနေခဲ့သော လူနာသည် မိန်းမပျိုလေးများ၏မေးခွန်းများကို အမြန်ပြန်ဖြေလိုက်သည်။
"အာ…အင်း ဖွင့်ဖို့သိပ်မလိုတော့ဘူး"
သူမ သေချာလုနီးပါးဖြစ်သော်လည်း ရေရေရာရာ အဖြေပေးမှာမဟုတ်လောက်သည့် အန်းသန့်စ်အကြောင်းကို တွေးလိုက်ရင်း သူမရှေ့က အလုပ်များကိုသာ ဦးစွာလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
* * *
"ဒီနေ့ အများကြီးပျော်ခဲ့ရပါတယ်။ငါတို့ ဖွင့်ပွဲကျရင်လည်း တွေ့ကြအုံးမှာမလား"
"ငါတို့ကို ဖိတ်ဖို့ မမေ့နဲ့နော်!"
"ဒါပေါ့"
အနည်းငယ် ကမောက်ကမဖြစ်သွားခဲ့သော်လည်း လူနာ၏ လက်ဝတ်ရတနာဆိုင်ကို စိတ်ဝင်စားနေဆဲဖြစ်သော မိန်းမပျိုလေးများသည် စံအိမ်မှ ထွက်ခွာသွားစဉ် သူမအား သူတို့ကို ဖိတ်ကြားရန် သတိထပ်ပေးခဲ့ကြသည်။
ထိုအချိန်အတွင်း လူနာသည် သူတို့နှစ်ဦး၏ဆက်ဆံရေးကို စိတ်ပူနေပုံရသော ရို့စ်မယ်ရီကို သတိပြုမိသွားပြီး သူမအား ခေါင်းညိတ်ပြကာ စိတ်ချစေခဲ့သည်။
"အိုး ငါအဆင်ပြေပါတယ်။ငါ ဒီတိုင်း စဉ်းစားစရာလေး တစ်ခုရှိနေလို့"
"ဒါဆို နင် တကယ်လက်စွပ်ရဲ့ အဓိပ္ပါယ်ကို မသိဘဲနဲ့ လက်ခံလိုက်မိတာလား။ အခု အဲ့ဒါက ငဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်သွားပြီလား"
ရို့စ်မယ်ရီသည် မျိုးရိုးမြင့် ဓလေ့ထုံးစံများနှင့် အကျွမ်းတဝင်မရှိသော လူနာကို နားလည်ပီုး အခြေအနေကို လျင်မြန်စွာ သိသွားခဲ့သည်။
ဒါပေမယ့် တကယ်ရော အားလုံးအဆင်ပြေရဲ့လား။အဓိပ္ပါယ်ကိုသိပြီးတာတောင်မှ လူနာကြည့်ရတာ ပျော်နေပုံမရဘူး။
ရို့စ်မယ်ရီသည် သူမ၏ ဗိုက်ထဲ တွင်းပေါက်တစ်ခုရှိလာသလို ခံစားလိုက်ရသည်။
ရို့စ်မယ်ရီသည် လူနာက ဝန်ထုပ်ဝန်ပိုးလိုခံစားရပြီး အန်းသန့်စ်နှင့် လမ်းခွဲမည်ကို စိုးရိမ်လာခဲ့သည်။
"ငါမေးချင်တာတစ်ခုရှိတယ်"
လူနာက သတိကြီးစွာဖြင့် ရို့စ်မယ်ရီကို မေးလိုက်သည်။
"အိုး ရတာပေါ့! မေးလေ"
ရို့စ်မယ်ရီက အံ့ဩမှုဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး လူနာ မေးလာမယ့် ဘာမေးခွန်းကိုမဆို ကောင်းမွန်စွာ ဖြေပေးမည်ဟု ပြောနေသလိုမျိုး ခေါင်းညိတ်ပြလာခဲ့သည်။
လူနာက ၎င်းကိုမြင်တော့ ခဏတာတုံ့ဆိုင်းသွားပြီး ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ဟလိုက်သည်။
"ငါ…အဲ့ဒါက ထူးဆန်းလောက်ပေမယ့် တစ်ယောက်ယောက်က ငါ့ကို သဘောကျနေတယ်ဆိုတာကို သေချာအောင် ဘယ်လိုလုပ်ရမလဲ။ငါပြောချင်တာက သူတို့ကို တိုက်ရိုက်မမေးဘဲနဲ့လေ"
"…ဟမ်"
သူမ ဘာတွေပြောနေတာလဲ...?
ရို့စ်မယ်ရီက သူမ၏ တောက်ပသော မျက်လုံးများကို တဖျတ်ဖျတ်ခတ်လိုက်သည်။ ၎င်းက သူမ နားမလည်နိုင်သော မေးခွန်းတစ်ခုပင်။
"အာ...အမ် တစ်ယောက်ယောက်က ငါ့ကို ကြိုက်နေတယ်လို့ထင်ပေမယ့် အဲဒါက အစစ်ဟုတ်လား မဟုတ်လား မသိလို့"
"…ဘယ်လို?!"
ရို့စ်မယ်ရီသည် သူမနှင့် အန်းသန့်စ်က တွဲနေကြသည့်ဆက်ဆံရေးရှိမှန်းသိတာကြောင့် ၎င်းမှာ တစ်ချိန်လုံး အတုဖြစ်နေတာဟု တွေးရသည်မှာ အဓိပ္ပာယ်မဲ့လှသည်။
ရို့စ်မယ်ရီသည် မေးခွန်းကြောင့် ရှော့ရစရာ ဗုံးတစ်ခုမိလိုက်သလို ရှုပ်ထွေးသွားကာ ခဏလောက် မျက်တောင် တဖျတ်ဖျတ်ခတ်နေပြီးမှ သူမ၏ပါးစပ်ကို ဂရုတစိုက်ဖွင့်လိုက်သည်။
"ဘယ်သူ.. ဘယ်သူ.. ဘယ်သူလဲ အဲ့ဒါက ဘယ်သူလဲ..."
လူနာကိုကြိုက်နေတဲ့ အဲ့အရူးက ဘယ်သူလဲ။သူ့ကို ဒီကိုယူလာစမ်းပါ ငါသူ့ကို ပါးပါးလှီးပစ်လိုက်မယ်။ မဟုတ်လည်း သူ့နာမည်ကိုသာ ပြောလိုက်။ ငါ သူ့ကို သေချာသင်္ဂြိုဟ်ပေးလိုက်မယ်။
သို့သော် နာမည်ပြောလို့ရမည်ဆိုရင် လူနာ ပြောပြီးသားဖြစ်နေမှာပင်။
လူနာသည် ယခုအချိန်တွင် ၎င်းက မှန်းဆချက်မျှသာဖြစ်ကြောင်း ညွှန်ပြသလိုမျိုး ခေါင်းယမ်းပြလာပြီး အံ့သြနေသော ရို့စ်မယ်ရီက ထပ်မေးလိုက်သည်။
"ဒါဆို နင်အတည်ပြုပြီးရင် ဘာလုပ်မှာလဲ..."
"ငါ တကယ်မသိဘူး...ဒါပေမယ့် အရင်ရှာတွေ့တာက ပိုကောင်းမယ်လို့ထင်တယ်"
သူမ ဘာလို့ ဒီလောက် မရှင်းမလင်း ဖြစ်နေရတာလဲ။သူမမှာလည်း ခံစားချက်တွေရှိနေတာလား။
ရို့စ်မယ်ရီသည် စိတ်ပျက်လက်ပျက်ဖြင့် သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။
သူမမှာ ခံစားချက်လုံးဝမရှိဘူးဆိုရင် စိစစ်နေစရာ မလိုနေပေ။အတည်ပြုချင်နေတာ စိုးရိမ်စရာအချို့ဖြစ်သည်။
ဒါဆို အဲဒီလူက နင့်ကို တကယ်ကြိုက်နေတာဆိုရင် နင် အန်းသန့်စ် ကိုထားခဲ့တော့မှာလား။ အဲ့လိုလား။
သို့သော် သူမ မမေးလိုက်နိုင်ပေ။ အန်းသန့်စ်က လူနာကို အရူးအမူးကြိုက်နေသည်မှာ ထင်ရှားလှသည်။
အိုး ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်သင့်လဲ။ငါ ဘာလုပ်သင့်လဲ!
ရို့စ်မယ်ရီသည် စိတ်ရှုပ်ထွေးနေရင်းမှ ရုတ်တရက် အကြံတစ်ခုရသွားပြီး လူနာ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"သူတို့ရဲ့ ခံစားချက်ကို စမ်းသပ်ကြည့်လိုက်ပေါ့"
"...ခံစားချက်လား"
"ဟုတ်တယ်။သူတို့က နင့်ကို တကယ်ကြိုက်တယ်ဆိုရင် နင် ဘာပဲတောင်းဆို တောင်းဆို ငြင်းမှာမဟုတ်ဘူး"
တစ်ယောက်ယောက်က ကိုယ့်ကို ဘယ်လောက်ပဲ ကြိုက်နေကြိုက်နေ သူတို့က အရမ်းမောက်မာလွန်းနေပါက ကြိုက်နေသူကို အဝေးတွန်းထုတ်မိနိုင်သည်။
အဲ့လိုလား။
လူနာက ၎င်းကို လုံးဝယုံကြည်ခြင်းမရှိသော်လည်း ရို့စ်မယ်ရီ၏ အကြံပြုချက်မှာ အနည်းငယ်ဖြစ်နိုင်ချေရှိသည်ဟု ခံစားမိသည်။
မသိမသာ သွယ်ဝိုက်မေးတာမျိုးက အဓိပ္ပာယ်ရှိတယ်လို့ သူမထင်မိသည်။
"...ဒါဆို ငါ ဘယ်လိုလုပ်သင့်လဲ"
သူမ အချိန်နှင့်အမျှသူမတည်ဆောက်ခဲ့သော ယုံကြည်မှု ကျေးဇူးကြောင့် လူနာသည် ရို့စ်မယ်ရီ၏ စကားအပေါ် အလွယ်တကူ ယိမ်းယိုင်လာခဲ့သည်။
ရို့စ်မယ်ရီသည် တစ်စုံတစ်ဦးကို စမ်းသပ်ရန်အတွက် သူမ သိထားသော စိတ်အနှောက်အယှက်ဖြစ်စရာအရာများ အားလုံးကို စာရင်းပြုစုပေးခဲ့သည်။
"ပထမဆုံး အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေကို လုပ်ရမယ်။သူတို့သာ တကယ်ဂရုမစိုက်ဘူးဆိုရင် သူတို့လုပ်မှာ မဟုတ်ဘူး"
ထိုညနေတွင် အန်းသန့်စ်သည် လူနာထံမှစာတစ်စောင်လက်ခံရရှိခဲ့၏။
"ဘယ်သူလေဒီလူနာက စာပို့ခဲ့တာလား"
သူမက ဘာလို့ တိကျတဲ့အကြောင်းပြချက်မရှိဘဲ စာတစ်စောင်ပို့ရမှာလဲ။
လက်စွပ် သို့မဟုတ် သူမ၏ လက်ဖမိုး နမ်းခြင်းအကြောင်း ဖြစ်နိုင်သည်။
သို့သော် ၎င်းမှာ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး ထိုအချိန်တုန်းက သူမသည် သူ့အကြောင်းပြချက်များကို ယုံကြည်ခဲ့ပေသည်။
ဒါဆို ဘာဖြစ်နိုင်မလဲ။
'စီးပွားရေးနဲ့ပတ်သက်တာ မဟုတ်ရင်တော့ ကောင်းမှာပဲ'
အန်းသန့်စ်သည် သူမ ဘာပြောလေမလဲဆိုတာကို မကြောက်သော်လည်း လူနာက သူ့ကို အကြောင်းပြချက်မရှိဘဲ စာပို့သည်အထိ နီးစပ်နေပြီဟုခံစားရဖို့ မျှော်လင့်မိသည်။
ထိုအတွေးဖြင့် အန်းသန့်စ်သည် စာကိုဖွင့်လိုက်ကာ မမျှော်လင့်ထားသော အကြောင်းအရာကို ဖတ်ပြီးနောက်တွင် အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။ ထို့နောက် တိုးဖွဖွ ရယ်မောလိုက်မိပြီး စာကိုယူလာပေးခဲ့သော ဝန်ထမ်းကို ညွှန်ကြားလိုက်သည်။
"မနက်ဖြန်အတွက် ငါ့အချိန်ဇယားကို ရှင်းပေးထားလိုက်"
TK Team (chapter 106)