ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 104
"ဟေး"
နောက်ဆုံးတွင် လူနာသည် ထပ်သည်းမခံနိုင်တော့ဘဲ အန်းသန့်စ်ကို ခေါ်လိုက်သည်။ပါစတာ ရှာနေသော အန်းသန့်စ်က ခေါင်းကို အနည်းငယ်လှည့်ပြီး သူမကိုကြည့်လာခဲ့သည်။
"ဘာလို့လဲ"
"လက်စွပ်က-"
လူနာသည် သူမ စာကြောင်းကို အဆုံးမသတ်ရသေးမီတွင် အန်းသန့်စ်က သူမမေးမည့်အရာကို မှန်းဆထားသလိုမျိုး ကြားဖြတ်ပြောလာခဲ့သည်။
"အိုး မင်းကွတ်ကီး မကြိုက်လို့လား"
"ဟင့်အင်း အဲဒါမဟုတ်ဘူး…"
"မင်း အဲ့ဒါ မကြိုက်ရင် ကိုယ် မင်းကို တခြားတစ်ခုပေးမယ်လေ။ ကိုယ့်မှာ စီးပွားရေးပါတနာတစ်ယောက်ဆီက ရတဲ့ တန်ဖိုးကြီးမုန့်ရှိတယ်"
"မဟုတ်ဘူး ဒီတိုင်း အဆင်ပြေပါတယ်"
အခုအချိန်က အဆာပြေစားရမယ့်အချိန်မဟုတ်သေးဘူး။
သူမ ထပ်ပြောဖို့ ကြိုးစားသော်လည်း အန်းသန့်စ်က သူမ၏တုံ့ပြန်မှုကိုတောင် မစောင့်ဘဲ တကယ့်ဈေးကြီးပုံရသော မုန့်တစ်မျိုးကို ထုတ်ယူလိုက်၏။
"ပန် ကခဏလောက်ကြာအုံးမှာ။ဧည့်ခန်းထဲမှာ သွားစောင့်ပါလားး။ မီးဖိုချောင်က ကျဉ်းတော့ ကိုယ် နည်းနည်း မသက်မသာခံစားရပြီး အမှားလုပ်မိသွားနိုင်တယ်"
ဘယ်သူက ပြောရမယ့်စကားလဲ။
တကယ်တမ်းတွင် လူနာကသာ မသက်မသာခံစားနေရသူဖြစ်သည်။ လက်စွပ်ကိစ္စ၊ ဟင်းချက်တာ နဲ့ အခြားကိစ္စများကြားထဲ သူမခေါင်းကြီး ပေါက်ကွဲထွင်တော့မလို ခံစားနေရသည်။
သူမ လက်စွပ် အကြောင်းအရာကို ထပ်အစမဖော်နိုင်မီတွင် အန်းသန့်စ်က သူမက်ု မီးဖိုချောင်မှ တွန်းထုတ်ခဲ့သည်။
"မင်း ကွတ်ကီးကို မကြိုက်ဘူးမလား။ဒါဆို ဧည့်ခန်းမှာပဲ စောင့်ပြီး အနားယူနေလေ။မဟုတ်လည်း စံအိမ်တဝိုက်ကို လွတ်လွတ်လပ်လပ် ပတ်ကြည့်လို့ရတယ်"
"ရှင် ခေါင်းစဉ်ပြောင်းဖို့လုပ်နေတာလား"
"ဘယ်သူက ဘာကိုပြောင်းရမှာလဲ။မင်းက ကိုယ် ဟင်းချက်နေတာကို နှောင့်ယှက်နေလို့လေ။မင်း မနက်ကတည်းက အလုပ်ရှုပ်နေတာကို ဗိုက်မဆာဘူးလား။ ကွတ်ကီးနည်းနည်းစားထားလိုက်"
သူ့စကားများတွင် အနှောက်အယှက်ဖြစ်မှုနှင့် စိုးရိမ်ပူပန်မှု ရောထွေးနေခဲ့သည်။ သူမ တစ်ခါတည်း အဓိကအချက်ကို ဖြောင့်ဖြောင့်တန်းတန်း သွားချင်မိသည်။သူ၏ အဆုံးမရှိသော မပြတ်မသား တုံ့ပြန်မှုများကြောင့် သူမ လျစ်လျူရှုခံရသလို ခံစားခဲ့ရသည်။
အန်းသန့်စ်က အဓိပ္ပာယ်မရှိသော အဖြေများပေးလာသည်နှင့်အမျှ လူနာ၏ မျက်လုံးများက စူးရှလာခဲ့သည်။
"ကောင်းပြီ။ ရှင် ဒီလောက်စားစေချင်မှတော့ ကျွန်မ ကွတ်ကီးစားလိုက်ပါ့မယ်"
ထို့နောက် အံ့အားသင့်စရာကောင်းစွာပင် လူနာသည် သူ၏ပြောဆိုချက်ကို လက်ခံပြီး နောက်တစ်လှမ်းဆုတ်သွားခဲ့သည်။
သူမ ဘာစီစဉ်နေတာလဲ။
အန်းသန့်စ်သည် လူနာက ထိုကဲ့သို့ လွယ်လွယ်လက်လျော့မည့်သူမျိုးမဟုတ်မှန်း သိတာကြောင့် သူမကို မျက်ခုံးများတွန့်ချိုးပြီး သေချာစိုက်ကြည့်လိုက်သည်။
မျှော်လင့်ထားသလိုပင် လူနာသည် ကွတ်ကီးကို အလုပ်ကြီးကြီးကိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ဝါးလိုက်၏။
"…!?"
ထိုသို့ အပြုအမူက ထောင်ပေါင်းများစွာသော ချစ်ခြင်းမေတ္တာကိုတောင် ငြိမ်ကျသွားစေနိုင်သည်။ အန်းသန့်စ်က ခဏတာ ပြောစရာပျောက်ရှသွားပြီး လူနာကို တောင့်ခဲသော အမူအရာဖြင့် စိုက်ကြည့်နေမိခဲ့သည်။
ဒါပေါ့ အဲ့ဒါက သူ့နှစ်ထောင်ချီသော အချစ်များကို ငြိမ်ကျစေခဲ့တာတော့ မဟုတ်ပေမယ့် လူနာက သူမ၏သိချင်စိတ်ကို ဖြေရှင်းရန် ဤမျှလောက်အထိ လုပ်မယ်လို့ သူမမျှော်လင့်ခဲ့ဖူးချေ။။
လူနာက ကွတ်ကီးကို ပြင်းပြင်းထန်ထန် ဝါးပြီးနောက် အာခြောက်သွားသဖြင့် အအေးခံထားသော လက်ဖက်ရည်အနည်းငယ်ကို သောက်လိုက်သည် ။
သူမ ကိစ္စပြီးသည်နှင့် 'အခုလုံလောက်ပြီလား'မေးနေသလိုအမူအရာဖြင့် အလျင်စလို ပြောလာခဲ့သည် ။
"ကျွန်မ အခုကွတ်ကီးစားပြီးသွားပြီ။ ကျေနပ်သွားပြီးလား။အခု ကျွန်မအလှည့်ပဲ။ကဲ ပြော ဒီလက်စွပ်က ဘာအတွက်လဲ။ ပြီးတော့ ရှင့်အနားမှာ တစ်ယောက်ယောက်ရှိနေတာကို မကြိုက်ဘူးဆိုပြီး ဘာလို့ ကျွန်မကိုကျ နေခိုင်းတာလဲ။ရှင်က ကျွန်မအိမ်မှာ နေဖို့တောင် ကြိုးစားခဲ့သေးတယ်။ဘာကအမှန်လဲ"
"…"
လူနာသည် ပိုပြီး ဂရုတစိုက်မေးသင့်သော်လည်း ကသိကအောင် အခြေအနေကြီးကြောင့် သူမ အတော်လေး ရန်လိုသလိုဖြစ်သွားခဲ့သည်။
လူနာသည် ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသော အန်းသန့်စ်ကို တွေ့မှ သူမ အရမ်းရန်လိုမိသွားမှန်း သဘောပေါက်သွားပြီး လျှင်မြန်စွာ ထပ်ပြောလိုက်သည်။
"ကျွန်မ ဒေါသထွက်နေတာမဟုတ်ဘူးနော်။ကျွန်မက ဒီတိုင်း စပ်စုချင်ရုံပဲ။ဒီလိုစုံတွဲလက်စွပ် ဝတ်တာက နည်းနည်း ထူးဆန်းတယ်မလား။ ပုံမှန်ဆိုရင် စုံတွဲလက်စွပ်က ထူးခြားတဲ့ အချိန်တွေအတွက်ပဲလေ"
အထူးသဖြင့် အန်းသန့်စ်က သူမ လက်ချောင်းပေါ်တွင် လက်စွပ်ကို ကိုယ်တိုင်ကိုယ်ကျ ဝတ်ပေးခဲ့ခြင်းကအထူးဆန်းဆုံးဖြစ်သည်။ သူမ အခုမှတော့ နောက်ဆုတ်လို့မရတော့ပေ။
လူနာ၏အသေးစိတ်ရှင်းပြချက်များကို နားထောင်ရင်း အန်းသန့်စ်၏ အကြည့်များက တဖြည်းဖြည်းပျော့ပြောင်းလာခဲ့သည်။
သူမ၏ အဖြေရရန်ကြိုးစားရင်း ပွစိပွစိပြောနေခြင်းကို မြင်ရသည်မှာ သူ့အား သူ့ကိုယ်ပင် သိချင်စိတ်များကို မေးချင်လာစေခဲ့သည်။
"ကိုယ်က ထူးခြားတယ်လို့ပြောရင်ရော မင်းဘာလုပ်မှာလဲ"
"ဘယ်လို"
"အဲ့လက်စွပ်က ထူးခြားတယ်လို့ ကိုယ် ပြောမယ်ဆိုရင်ရော မင်းဘာလုပ်မှာလဲ"
လူနာ ဆွံ့အသွားခဲ့သည်။ သူမသည် ရဲရဲဝံ့ဝံ့မေးခဲ့မိသော်လည်း သူတကယ် အဖြေပေးလာပါက ဘာပြန်လုပ်ရမလဲကို မစဉ်းစားခဲ့မိချေ။
"…?"
ခဏလေး သူရုတ်တရက်ကြီး အတည်ပြုလိုက်တာလား။အကြောင်းချက်ပြပေးတာ ဘာညာမဟုတ်တော့ဘူးလား။
ထိုမထင်မှတ်ထားသော အဖြေက သူမကို အမှောင်ထဲ ကျသွားစေခဲ့သည်။၎င်းက သူမ၏အတိတ်နှင့် လက်ရှိဘ၀တွင် တစ်ခါမှမကြားဘူးခဲ့သော စကားများဖြစ်သောကြောင့် သူမ မကူညီနိုင်ဘဲ အံ့ဩတုန်လှုပ်မိသွားခဲ့သည်။
လူနာသည် တည်ငြိမ်မှုကို မရနိုင်တော့ဘဲ ပါးပြင်များ တစ်စစနီရဲလာပြီး စကားများထစ်အသွားခဲ့သည်။
"အာ အမ် ကျွန်မဆိုလိုတာက…"
သူမကိုကြည့်ရင်း အန်းသန့်စ်၏မျက်လုံးများတွင် ထူးခြားသောအမူအရာတစ်ခုပေါ်လာခဲ့သည်။သူက သူမ ဒေါသထွက်ပြီး သူ့ကို ပါးရိုက်လာဖို့တောင် မျှော်လင့်ခဲ့သော်လည်း သူမ၏ အံ့အားသင့်ပြီး ရှက်သွားသည့်တုံ့ပြန်မှုက သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သည်။
လူနာက သူ၏ မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် စိတ်ရှုပ်နေတာကို မြင်ရချိန်တွင် အန်းသန့်စ်၏ မျက်လုံးများထဲ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် အန်းသန့်စ်က လေးလေးနက်နက် ပြောတော့မလိုပင် ခပ်ဖွဖွ ပြုံးပြီး ပါးစပ်ကို ဖွင့်လိုက်သည်။
"ကိုယ့်မှာ လေဒီလူနာတစ်ယောက်ထဲပဲ ရှိတာ။အဲ့တော့ မင်းက ကိုယ့်အတွက် ထူးခြားတာ သဘာဝပဲ"
"…အာ?"
"ကိုယ်က ရင်းနှီးတဲ့ဆက်ဆံရေးကို ပြချင်လို့ ကြိုးစားလုပ်ခဲ့ပေမယ့် မင်းက ဒီလိုမျိုး စိတ်ရှုပ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ကိုယ်ရဲ့တည်ရှိမှုက မင်းအတွက် အရေးမပါဘူးလို့ထင်တာလား"
အန်းသန့်စ်က လက်ကျန်ကွတ်ကီးကို ပါးစပ်ထဲထည့်ရင်း အေးအေးဆေးဆေး မေးလာသည်နှင့်အမျှ လူနာသည် ခဏလောက် မျက်တောင်တဖျတ်ဖျတ် ခတ်မိသွားခဲ့သည်။
ဒီတော့ သူပြောတဲ့ 'ထူးခြားတယ်' ဆိုတာက သူငယ်ချင်းဆက်ဆံရေးလို တစ်ခုခုကို ဆိုလိုတာလား။
တကယ်ကြီးလား။သူမကပဲ အတွေးလွန်နေသလား။ဒါမှမဟုတ် သူက သူမကို ထပ်စနေတာလား။
လူနာက ထိုမေးခွန်းများကို တိတ်တဆိတ်မေးနေချိန် အန်းသန့်စ်သည် သူမကို နားလည်သလိုမျိုး ခိုင်မာသောအကြည့်ကိုပေးခဲ့သည်။
သူပြောတာက မမှားနေပေ။ အန်းသန့်စ် အတွက် လူနာ တစ်ယောက်ပဲရှိတာကြောင့် သူမက တကယ်ကို သု့အတွက် ထူးခြားသည်။ သူတို့၏ နက်နဲသော ဆက်ဆံရေးကိုပြဖို့ စုံတွဲလက်စွပ်ဝတ်တာက မှန်ကန်ပေသည်။
"ဘာ-ဘာကြီးလဲ။တကယ်ပြောနေတာလား! ရှင် ကျွန်မကို လာနောက်နေတာပဲ!"
လူနာသည် သူ၏ မရေရာသော အဖြေကြောင့် အနည်းငယ် စိတ်ဆိုးသွားပြီး အန်းသန့်စ်ကို ကြိမ်းမောင်းလိုက်သည်။
"လာနောက်နေတာ ရပ်လိုက်တော့! ကျွန်မ ဘယ်လိုတောင် ဖြေဖို့ခက်နေလဲဆိုတာ ရှင်သိရဲ့လား"
ထို့နောက် လူနာသည် တင်းမာမှုမှ သက်သာရာရသွားသကဲ့သို့ သူမ၏ နီမြန်းနေသော ပါးပြင်ကိုကိုင်ကာ စားဖို့ကိုပဲ စောင့်နေတော့မည်ဟု ပြောပြီး မီးဖိုချောင်ထဲမှ အမြန်ပျောက်ကွယ်သွားခဲ့သည်။
"နောက်နေတာ...မဟုတ်ပါဘူး"
အနည်းငယ် နှေးကွေးသော တုံ့ပြန်မှုတစ်ခုက မီးဖိုချောင်ထဲ ရစ်ပတ်သွားခဲ့၏။
'သူမ ဒါကို တုံ့ပြန်ခဲ့တာလား'
လူနာ၏ ပင်ကိုယ်စရိုက်အရ သူမ ၎င်းကို တကယ် မကြိုက်ပါက အဓိပ္ပာယ်မရှိသော စကားများကို ရပ်တန့်ရန် ချက်ချင်း ပြောခဲ့လိမ့်မည်ဖြစ်သည်။
သို့သော် သူမက ထိုကဲ့သို့တုံ့ပြန်မှုကို ပြရမည့်အစား စကားများထစ်အကာ အနည်းငယ် ရှက်သွေးဖြာသွားခဲ့သည်။
အန်းသန့်စ်သည် ပြုံးနေတာကနေ မထိန်းထားနိုင်တော့ချေ။
'ဒီလောက်ဆို လုံလောက်ပြီထင်တယ်...'
မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။အစ၌ သူမ ခံစားချက်များကို သိသိ မသိသိ အရေးမကြီးခဲ့ပေ။ယခုမူ သူမ နှလုံးသားထဲ တစ်ချက်ကြည့်လိုက်မိပြီး တစ်ဖြေးဖြေး လောဘကြီးလာခဲ့သည်။
သူဘာဆက်လုပ်သင့်လဲ။ သူမကို အချိန်တိုင်း ပေါ့ပေါ့ပါးပါးသာ ပြောခဲ့ပြီး သူ ရုတ်တရက်ကြီး အလေးအနက်သွားလုပ်ပါက သူမသည် စောနကလိုပင် ထွက်ပြေးသွားလောက်သည်။
အန်းသန့်စ်သည် ထိုအကြောင်း စဉ်းစားနေရင်း 'ပန်' လုပ်ရန် ပါဝင်ပစ္စည်းများကို စတင်ရှာဖွေခဲ့သည်။
စဉ်းစားစရာတွေ အများကြီးရှိပေမယ့်လည်း အရင်ဆုံး လူနာအတွက် အစားအသောက်ပြင်ဆင်ပေးရမည်။
* * *
လူနာသည် သူ 'မဟုတ်ဘူး' လို့ပြောတာကို ကြားခဲ့ပေမယ့်လည်း နီမြန်းနေဆဲဖြစ်သော ပါးပြင်များဖြင့် စံအိမ်တဝိုက်ကို လှည့်ပတ်ခဲ့ပြီး မကြာသေးမီက အဖြစ်အပျက်များကို ပြန်တွေးမိခဲ့သည်။
ဒီကမ္ဘာပေါ်မှာ ဘယ်သူက ဒီလောက်လေးလေးနက်နက် နောက်ပြောင်တတ်လို့လဲ။ ပြီးတော့ ဒီလို ထိတ်လန့်စရာကောင်းတဲ့စနောက်မှုမျိုးလိုလေ။
သူမ နှလုံးက ပေါက်ထွက်တော့မလိုပင် ထင်နေရသည်။အကယ်၍ လူတွေကို ထိပ်လန့်အံ့ဩအောင်လုပ်နိုင်တာက ပြိုင်ပွဲတစ်ခုသာဆိုရင် သူ ပထမနေရာကို သေချာပေါက် ဆွတ်ခူးနိုင်လောက်သည်ဟု တွေးမိခဲ့သည်။ထိုသို့ဖြင့် လူနာသည် ဒုတိယထပ်ရှိ နောက်ဆုံးခန်းသို့ ရောက်လာခဲ့သည်။
ပထမထပ်ရှိ အခန်းတိုင်းကို စူးစမ်းကြည့်ပြီးနောက် သူမသည် သဘာဝအတိုင်း ထိုတံခါးကိုတွန်းဖွင့်ကာ အထဲသို့ လှမ်းကြည့်လိုက်သည်။
'ဒါက ဘာအခန်းကြီးလဲ...ဘာလို့ဒီလောက်အုံ့မှိုင်းနေရတာလဲ'
အခန်းထဲတွင် ပရိဘောဂအနည်းအကျဉ်းသာရှိသဖြင့် လူမနေပုံရသည်။
သို့သော်လည်း တစ်စုံတစ်ယောက်သည် ထိုနေရာမှာ နေသလို ခံစားနေရသောကြောင့် လူနာသည် အန်းသန့်စ်၏အခန်းဖြစ်နိုင်မလားဟု တွေးတောလိုက်ပြီး သတိကြီးကြီးထားကာ အထဲလှမ်းဝင်ခဲ့လိုက်သည်။
'တကယ်ကို... သူက ခန့်မှန်းလို့ မရတာ အံ့သြစရာမရှိဘူးပဲ'
အခန်းမှာ အနည်းဆုံး ပန်းအိုးတစ်လုံး၊ သို့မဟုတ် ပန်းချီကားတစ်ချပ်၊အိပ်ယာခင်းအချို့ သို့မဟုတ် အရောင်ဖျော့ဖျော့တစ်ချို့ လိုအပ်နေသည်။မှုန်မှိုင်းမှိုင်းအခန်းက သူမကို စိတ်ဓာတ်ကျသလို ခံစားရလာစေခဲ့ချိန်တွင် အခန်းထဲရှိတစ်ခုခုကို သူမ သတိပြုမိသွားခဲ့သည်။
'ဒါက…'
၎င်းက ညဈေး၌ သူဝယ်ခဲ့သော ပန်းလက်စွပ်ဖြစ်သည်။ သူ ရခဲ့သော လက်စွပ်က သူနဲ့မက်ုက်သဖြင့် လည်ဆွဲနှင့်တွဲထားရသည်။
၎င်းက စျေးမကြီးသော်လည်း အန်းသန့်စ်သည် အဖိုးတန်ပစ္စည်းတစ်ခုကဲ့သို့ ဂရုတစိုက်သိမ်းထားခဲ့သည်။
'သူက ဘာလို့..'
လူနာသည် စောဏက အခြေအနေကို ပြန်သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
- "ကိုယ်က ထူးခြားတယ်လို့ပြောရင်ရော မင်းဘာလုပ်မှာလဲ"
အန်းသန့်စ်၏ လေးနက်သော မျက်နှာကို သူမ ပြန်မြင်ယောင်လာခဲ့သည်။
သေချာဂရုတစိုက်ထားထားသော လက်စွပ်ကိုကြည့်ရုံနှင့် ၎င်း၏ထူးခြားသောအရေးပါမှုကို သံသယဝင်စရာမလိုနေပေ။
'…အာ ငါ မမေးခဲ့သင့်ဘူး''
ရှင်းလင်းသော အဖြေရမည့်အစား သူမပဲ အနောက်ခံခဲ့လိုက်ရသည်။အန်းသန့်စ်က ငြင်းခဲ့တာတောင် သူမက ဘာလို့ ထူးခြားတာတစ်ခုခုရှိသလိုမျိုး ခံစားနေရသေးတာလဲ။
သူက ဝါသနာတစ်ခုအနေနှင့် လက်စွပ်များ စုဆောင်းတာ ဖြစ်နိုင်သည်။ လူနာသည် အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်ဖြင့် သူမကိုယ်သူမ ဦးနှောက်ဆေးရန် ကြိုးစားလိုက်ပြီး အပြင်ဘက်တွင် ထိုင်ရန် အန်းသန့်စ်၏အခန်းမှ ထွက်လာခဲ့လိုက်သည်။
အနည်းငယ်အေးစက်သော ညလေညင်းက သူမ၏ နီရဲနေသောမျက်နှာကို အေးမြသွားစေခဲ့သည်။သူမ အစကတည်းက ခေါင်းအေးအေးထားခဲ့သင့်သည်။
သူမသည် ညလေအေးကို ခံစားပြီး အေးချမ်းသောအချိန်ရှိနေချိန်တွင် အန်းသန့်စ်က ရောက်လာခဲ့ပြီး အစားအစာ အဆင်သင့်ဖြစ်ပြီဟု ပြောလာခဲ့သည်။
လူနာသည် သိပ်မမျှော်လင့်ထားဘဲ လိုက်လာခဲ့ပြီး အန်းသန့်စ်လုပ်ထားသော ပန် ကို တွေ့လိုက်ရချိန် သူမ ခဏလောက် ပြောစရာ စကားလုံးများ ပျောက်ရှသွားခဲ့၏။
TK Team (chapter 104)