Chapter 103
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 103


* * *

ရထားထဲသို့ တွန်းချခံလုနီးပါးဖြစ်ခဲ့သော လူနာသည် သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အန်းသန့်စ်ကို စိုက်ကြည့်လိုက်သည်။

လက်မှုပညာရှင်ကိုတွေ့ဖို့ ဒီလောက် အဝေးကြီးတောင် လာခဲ့တာကို အနည်းဆုံး မပြန်ခင် စကားလေးဘာလေးပြောသွားသင့်တာပေါ့။

လူနာသည် မကူညီနိုင်ဘဲ သူဘာလို့ ရုတ်တရက်ပြန်ဖို့ အကြံပြုတာလဲကို မေးခွန်းထုတ်မိခဲ့၏။

'ရှင် ဒီကို ချစ်သူတွေပဲဝတ်ကြမယ့် ဝယ်သူစိတ်ကြိုက် စုံတွဲလက်စွပ်ယူဖို့သက်သက်လာခဲ့တာတော့ မဟုတ်ဘူးမလား'

ဟေး ကျွန်မတို့က စုံတွဲလက်စွပ်တွေဝတ်ရအောင် ဘယ်လိုဆက်ဆံရေးမျိုးမို့လို့လဲ။ ကျွန်မတို့က ဒီတိုင်း ဖယ်ဆန်လို့ခေါ်တဲ့ မကောင်းဆိုးဝါးကောင်ကို အနိုင်ယူဖို့ မဟာမိတ်ဖွဲ့ထားကြတာမဟုတ်ဘူးလား။

အိုး အခု ကျွန်မတို့ ရန်သူကိုဆွဲဖြဲလိုက်နိုင်ပြီဆိုတော့ မိုင်းနှစ်ခုကို အလုပ်တွဲလုပ်တဲ့ စီးပွားရေးပါတနာတွေမလား။ ဒါပေါ့ ကျွန်မတို့က ရင်းနှီးပြီး ရိုးရှင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် ပိုတယ်ဆိုပေမယ့်လို့ပေါ့။

မည်သို့ပင်ဆိုစေကာမူ ဤလမ်းတောက်လျှောက်ကို လာခဲ့ ပြီးမြောက်ခဲ့သည့်အရာများမှာ အဆင်တန်ဆာအချို့ကို အလျှင်အမြန်ကြည့်ရှုခြင်းနှင့် လက်ဆောင်အဖြစ် လက်စွပ်တစ်ကွင်းကို ရရှိခြင်းသာဖြစ်သည်။

ထို့အပြင် လက်စွပ်ကို သူမ တစ်ယောက်တည်းသာ လက်ခံခဲ့ရပါက ပုံမှန်အတိုင်း ဖြစ်သော်လည်း အန်းသန့်စ်၏လက်ချောင်းပေါ်တွင်လည်း အလားတူပုံစံ လက်စွပ်တစ်ကွင်းရှိနေသည်။

သူက လက်ဝတ်ရတနာများကို ၀တ်လေ့ရှိသူမဟုတ်ပေ။ မနှစ်ကနေ အခုချိန်ထိ သူ ရိုးရိုးရှင်းရှင်း ရင်ထိုးဝတ်တာတောင် မမြင်ခဲ့ရပေ။

ထိုသို့သောလူမျိုးက ညဈေးမှ ပန်းပွင့်လက်စွပ်ကိုဝယ်ခဲ့ပြီး ယခုလည်း သူမနှင့်အတူ စုံတွဲ လက်စွပ်ကို ဝတ်ခဲ့သည်။

'ကျွန်မတို့ ဘယ်လောက်ပဲရင်းနီးနေပါစေ စုံတွဲလက်စွပ်ဝတ်တာကြီးကျ မများလွန်းဘူးလား'

အန်းသန့်စ်က သူမှာခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပေမယ့်လည်း ဘယ်သူပဲကြည့်ကြည့် သူမှာခဲ့မှန်း ရှင်းနေပေသည်။

'ဘာလဲ ဘာလဲ မဟုတ်မှ ရှင် ဈေးကြီးတဲ့ နောက်ပြောင်မှုမျိုးလုပ်နေတာလား။ရှင်နောက်ကျမှ ရုတ်တရက် ရယ်ပြီး (အခုမှ သဘောပေါက်တာလား) ဆိုပြီး ကျွန်မကို လှောင်ပြောင်ဖို့ ကြိုးစားနေတာလား'

လူနာသည် သံသယစိတ်များဖြင့် သူမလက်နှင့် အန်းသန့်စ်လက်ပေါ်က လက်စွပ်ကို တစ်လှည့်စီကြည့်ကာ မေးခွန်းထုတ်တော့မည့်အချိန်တွင် အန်းသန့်စ်က တည်ငြိမ်စွာပြုံးပြီး အရင်ပြောလာခဲ့သည်။

"ကြည့်ရတာ ကိုယ်တို့ ချိန်းတွေ့နေကြတယ်ဆိုပြီး ကြားလို့ သူ ဒီလိုမျိုး တမင်ပြင်ဆင်ထားခဲ့တဲ့ပုံပဲ"

တကယ်တမ်းတွင် ၎င်းသည် ကြိုတင်မှာယူရသော လက်စွပ်ဖြစ်သောကြောင့် ထိုသို့ပြောရသည်မှာ အနည်းငယ် ကို့ရို့ကားယားဆန်သော်လည်း သူနှင့်သူမကြားရှိ ဆက်ဆံရေးက အလွန်မရေမရာဖြစ်လွန်းနေသည်။

အကယ်၍ သူသာ ဒီလိုဖြစ်လာမယ်မှန်းသိပါက သူတို့ ပထမဆုံးတွေ့ချိန်ထဲစ ဒီ့ထက်ပိုပြီး အလေးအနက်ထားခဲ့မှာဖြစ်သည်။

လူနာကို 'ကိုယ့်ကို စိတ်ဝင်စားနေတာမလား' 'ကိုယ်တို့ ချိန်းတွေကြမလား' 'မင်းကိုယ့်ကို ကောလဟာလပျောက်ဖို့ပဲသုံးပြီးစွန့်ပစ်လိုက်လေ' ဆိုပြီးရွှတ်နောက်နောက်ပြောခဲ့ခြင်းများက ဤအခြေအနေကို ဦးတည်သွားပုံရသည်။

"စဉ်းစားကြည့်မှ လေဒီက အသားပိုကြိုက်တာလား။မင်း အသီးအရွက်မကြိုက်တာကိုတော့ မှတ်မိပေမယ့် ဘယ်လိုအစားအစာမျိုးကို ကြိုက်လဲဆိုတာတော့ သေချာမသိသေးဘူး"

အန်းသန့်စ်သည် ခေါင်းစဉ်ကို ချောမွေ့စွာပြောင်းခဲ့ပြီး သူစိတ်ထဲက စားသောက်ဆိုင်က သင့်တော်လား မသင့်တော်လားဆိုတာပြောလာခဲ့သည်။

ဒါပေါ့ အန်းသန့်စ်ကသာ ထိုသို့ တွေးသောသူ တစ်ဦးဖြစ်သည်။အကယ်၍ သာမာန်သာဆိုပါက သူသည် လူနာကို ကျီစားပြီး စနောက်မှာဖြစ်သည်။

ထိုကျေးဇူးကြောင့် လူနာသည် အန်းသန့်စ် ယခင်က ယူလာခဲ့ဖူးသော ရွှေဝိုင်ခွက်ကို ပြန်အမှတ်ရသွားပြီး သူမအား အခြားထူးဆန်းတာတစ်ခုခု‌ ပြောလာအုံးမလား တွေးနေရင်း ယောင်ဝါးဝါးပြောလိုက်သည်။

"…ပန်"

"ပန်?"

အဲဒါက ဘာကြီးလဲ။ 

အန်းသန့်စ်သည် မရင်းနှီးသော အစားအစာနာမည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရသောကြောင့် အသေးစိတ်ရှင်းပြရန် တောင်းဆိုခဲ့သည်။

လူနာသည် ၎င်းက ဟိုးအရင်တုန်းက သူမကြိုက်ခဲ့သော အစားအစာတစ်မျိုးဖြစ်ပေမယ့် သူမပြန်လည်မွေးဖွားလာကတည်းက မတွေးခဲ့မိတာကြောင့် အနည်းငယ်ရှက်သွားပြီး ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

"အာ… အဲ့ဒါက အမ် ပေါင်မုန့်ကို ဖောက်ပြီး အထဲမှာ ပါစတာထည့်ထားတဲ့ အစားအစာမျိုးပဲ… အဲဒါက အင်ပါယာထဲမှာတောင် ရှိပါ့မလား”

"မုန့်ထဲမှာ ပါစတာထည့်ထားလား။ ဘယ်လိုပါစတာမျိုးလဲ"

"ဘာမဆိုရတယ်။ဒါပေမယ့် ပုံမှန်တော့ ခရင်မ်ပါစတာ ထည့်လေ့ရှိကြတယ်"

"တကယ်လား။ကိုယ် အဲဒါကို တစ်ခါမှ မကြားဖူးဘူး။ ကိုယ် အဲ့'ပန်' ကို ဘယ်မှာဝယ်ရမှန်းမသိဘူး"

အန်းသန့်စ်သည် ပန်ဆိုသောအရာကို အနည်းငယ်နားလည်ပြီးနောက် ရထားထိန်းနေရာနှင့် ဆက်ထားသော ပြတင်းပေါက်လေးကို ဖွင့်လိုက်သည်။

"ငါ့စံအိမ်ကိုမောင်း"

"ခဏလေး။ ကျွန်မတို့ စားသောက်ဆိုင်သွားမှာမဟုတ်ဘူးလား"

လူနာသည် သူ့စံအိမ်သို့ ပြန်မည့် ရုတ်တရတ် ဆုံးဖြတ်ချက်ကြောင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။

"ကိုယ်တော့ ဘယ်စားသောက်ဆိုင်မှ အဲ့ဒါကိုရောင်းမယ်မထင်ရဘူး"

"အဲ့ဒါကြောင့်နဲ့ ရှင် ဒီတိုင်း အိမ်ပြန်လိုက်ရလား။ ကျွန်မကရော"

သူတို့ တခြားဟာစားလိုက်လို့ရတယ်လေ ဘာလို့ ရုတ်တရက်ကြီး အိမ်ပြန်ရတာလဲ။

သူတို့ ဆေးရုံက ထွက်လာပြီးကတည်းက သူ့ရထားကို တောက်လျှောက်စီးခဲ့ရကာ သူ့တုံ့ပြန်ချက်များကြောင့် အံ့ဩတုန်လှုပ်ခဲ့ရပြီး သူက နောက်ထပ် ထိပ်လန့်စရာစကားကို ထပ်ပြောလာခဲ့သည်။

"ကိုယ် မင်းအတွက် လုပ်ပေးမယ်"

"ဟင်...ဘယ်လို။ ရှင်က ပန် လုပ်ပေးမလို့လား"

"အဲ့ဒါက ဘာလဲဆိုတာအကြမ်းဖျင်းသိထားပြီဆိုတော့ ကိုယ် လုပ်နိုင်မယ်လို့ထင်တယ်"

ဘယ်သူ။ ရှင်လား။မဟုတ်သေးဘူးသေချာပေါက်ဘယ်ဟုတ်မလဲ ရှင့်အိမ်က စားဖိုမှူးလား။

၎င်းက ရှင်းပြရတာ ကထိကထများနိုင်ပြီး သူမ ဒီတိုင်း အမ်မာကိုချက်ပေးဖို့တောင်းဆိုနိုင်ပေမယ့်လည်း ဒီကမ္ဘာမှုရှိတောင်မရှိတဲ့ဟင်းတစ်ခွက်ကို ချက်ကျွေးဖို့ ကမ်းလှမ်းတာက ငြင်းဖို့ ခက်လှသည်။

"ဒီတော့ အဲ့ဒါက အတိအကျ ဘယ်လို အစားစာမျိုးလဲ"

လူနာသည် မီနူးကိစ္စပြီးသွားပြီးနောက် အန်းသန့်စ်ကို လက်စွပ်အကြောင်း ထပ်မေးတော့မည်ဖြစ်သော်လည်း သူက ပန် အကြောင်းကို ထပ်မေးမြန်းလာခဲ့သည်။သူကြည့်ရတာ ဟင်းပွဲအကြောင်း တစ်ခါမှ မကြားဖူးခဲ့တာကြောင့် တကယ် သိချင်နေပုံရသည်။

"အင်း...ပေါက်မုန့်ကို အပေါက်ဖောက်ထားရမယ်။ အိုး!ပြီးတော့အဖုံးလည်း ရှိရတယ်။ အဖုံးက အရေးကြီးတယ်"

လူနာက ထိုအကြောင်းကို မရေရာသော အတွေးများဖြင့် စတင်ရှင်းပြခဲ့သည်။ ၎င်းက ဟိုးပဝေဋသီက မှတ်ဉာဏ်ဖြစ်သည့်အတွက် သူမ၏ ရှင်းပြချက်များမှာလည်း အတော်လေး မရေမရာ ဖြစ်နေခဲ့သည်။

"ဒါဆို ပေါင်မုန့်က အရမ်းမပျော့‌သင့်ဘူးထင်တယ်"

"ကျွန်မလည်း အဲ့လိုတော့ထင်ပေမယ့် အတွင်းပိုင်းကတော့ ပျော့ရမယ်။အဲ့ဒါကို ကျွန်မ အကြိုက်ဆုံးပဲ"

"ဒါဆို ပါစတာအထူကရော ဘယ်လောက်လဲ။ကိုယ် ဘယ်ပါစတာမျိုးကို သုံးသင့်လဲ"

ထို့နောက် အန်းသန့်စ်က ပါဝင်ပစ္စည်းများအကြောင်းကို အသေးစိတ်မေးခဲ့သည်။

သူ အဲ့လောက်ထိ အရမ်းသိချင်နေတာလား။သူမ စံအိမ်သို့ရောက်ချိန် စားဖိုမှူးကိုပါ ထပ်ရှင်းပြရမည်ဖြစ်သော်လည်း အန်းသန့်စ်က အလေးအနက်ထားမေးနေတာကြောင့် သူမလည်း မတတ်နိုင်ဘဲ ဖြေရတော့သည်။

"ဘာမဆိုရတယ်။ ဒါပေမယ့် ဆော့စ် အရမ်းများပြီး ခေါက်ဆွဲသားကပါးနေရင် ပါမုန့်က ပွသွားနိုင်တယ်။အဲ့တော့ အလယ်အလတ်ပမာဏက အကောင်းဆုံးပဲ"

"တကယ်လား။ဒါဆို-"

အန်းသန့်စ်သည် ၎င်းကို ကိုယ်တိုင်မပြုလုပ်ရမှာမဟုတ်သော်လည်း မေးခွန်းများက အဆတ်မပြတ်ကျလာခဲ့သည်။

"အိုး အဲဒါက-"

ထိုကြောင့် လူနာသည် သူမ သိသမျှအားလုံးကို အကောင်းဆုံး ရှင်းပြခဲ့သည်။

သေချာစွာပင် အန်းသန့်စ်က ပန် အတွက် ပါဝင်ပစ္စည်းများနှင့် ဟင်းချက်နည်းများဆက်တိုက်မေးမြန့်ခဲ့ရာ လူနာမှာ စံအိမ်သို့ရောက်လာသည်အထိ အာပေါက်အောင်ပြောခဲ့ရတော့သည်။

* * *

"ကျေးဇူးပြုပြီး သတိထားထွက်ပါ.."

အန်းသန့်စ်၏မေးခွန်းအားလုံးကို စေ့စေ့စပ်စပ်ဖြေခဲ့ရသော လူနာသည် သူ့လက်ကိုကိုင်ပြီး ရထားပေါ်မှဆင်းလာချိန်တွင် အနည်းငယ်ပင်ပန်းပုံပေါ်နေသည်။

သူမသည် ရာနှင့်ချီသော အစေခံများပါရှိပြီး အလွန်ဇိမ်ကျမည့် စံအိမ်ကြီးကို မျှော်လင့်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် အိမ်ကြီးမှာ အလွန်သေးငယ်သည်။

"စံအိမ်က ကောင်းပြီး ချစ်ဖို့ကောင်းသားပဲ"

၎င်းက ကြည့်ရမထိုက်တန်ဘူးလို့တော့ မဆိုချေ။စံအိမ်မှာ သေးငယ်သော်လည်း ကောင်းစွာထိန်းသိမ်းထားပြီး လှပသောအိမ်ကြီးပင်ဖြစ်သည်။

"အဲ့ဒါက အိပ်ဖို့နေရာပဲမို့ ကိုယ် တမင်တကာ ပိုသေးတဲ့နေရာကို ရွေးလိုက်တာ"

တကယ်တမ်းတွင် သူသည် အိမ်မှာ မရှိသလောက်ရှားတာကြောင့် ကြီးမားသော စံအိမ်မျိုးမှာ နေရန် မလိုအပ်ပေ။

အန်းသန့်စ်က တံခါးကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပြီး လူနာကို အထဲဝင်ဖို့ခေါ်လိုက်ချိန်တွင် အစေခံတစ်ဦးက အပြင်သွားတော့မလိုမျိုး ကုတ်အင်္ကျီကို ဝတ်ကာ တံခါးဆီ ချည်းကပ်လာသည်ကို တွေ့လိုက်ရသည်။

"သခင်လေး အစောကြီးပြန်လာတာပဲ။ကျွန်တော် အခုပဲ ပြန်တော့မလို့"

"ကောင်းပြီ"

သို့သော် လူနာ ထိုစကားဝိုင်းကိုကြားပြီးနောက်တွင် ထိုအစေခံသည် အပြင်သွားမှာမဟုတ်ဘဲ အလုပ်ဆင်းပြီး အိမ်ပြန်တာဖြစ်ကြောင်း သိလိုက်ရသည်။

"ဒါဆို ပြန်မသွားခင် ကောင်းကောင်းအနားယူပါ သခင်လေး"

လူနာသည် ဦးညွှတ်နေသော အစေခံကို နှုတ်ဆက်လိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် အန်းသန့်စ်ကို လှည့်ကြည့်လိုက်သည်။

"အခြားအစေခံတွေရော ဘယ်မှာလဲ"

"မရှိဘူး"

"ရှင် ဆိုလိုတာက သူတို့အားလုံး ပြန်သွားကြပြီလား။ အစားအသောက်အတွက်ကကော။ စားဖိုမှူးတော့ရှိတယ်မလား"

"ဒီမှာ ဘယ်သူမှ မရှိဘူး။ကိုယ်က လူတွေအနားမှာ နေရတာ သက်တောင့်သက်သာမရှိလို့ လူတိုင်း ကိုယ်ပြန်မလာခင်မှာ အလုပ်ဆင်းပြီးအိမ်ပြန်ကြတယ်"

"…?"

ဘာ။ ဒါဆို ဘယ်သူက ပန် လုပ်ပေးမှာလဲ။

အန်းသန့်စ်က လူနာ၏ စိတ်ရှုပ်ထွေးမှုကို ကြည့်ပြီး ရယ်ကာ ပါးစပ်ဖွင့်လိုက်သည်။

"ကိုယ်က ပုံမှန်ဆို ပြင်ဆင်ပြီးသား အစားအစာတွေ စားပေမယ့် ဒီနေ့ မင်း အထူးတောင်းဆိုတာဆိုတော့ ကိုယ်ချက်ကျွေးမယ်။အဲ့ဒါက အချိန်နည်းနည်းယူရလောက်တော့ ကိုယ် မင်းကို ပေါ့ပေါ့ပါးပါးအစားအသောက်တွေ အရင်‌ပြင်ပေးမယ်။ပြီးတော့မင်း စံအိမ်ပတ်ကြည့်ချင်ပတ်ကြည့်လေ ဒါမှမဟုတ် အနားယူလို့လည်းရတယ်"

ထို့နောက် သူက မီးဖိုချောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

'...ဒါက မယုံနိုင်စရာပဲ။ တကယ်ကြီးလား'

သူဘာလို့ အဲ့လိုလုပ်နေတာလဲ။ဒါမှမဟုတ် သူက သူမဟုတ်ဘဲ သူနဲ့တူတဲ့ တခြားတစ်ယောက်များလား။

ထိုကိစ္စကြောင့် ထိတ်လန့်နေသော လူနာသည် သူ့နောက်သို့ လိုက်သွားခဲ့သည်။ထို့နောက် အန်းသန့်စ်သည် ပေါ့ပါးသော ပန်ကိတ် လက်ဖက်ရည်များကို သူ့လက်ဖြင့် ကိုယ်တိုင် ပြင်ဆင်နေတာကို တွေ့လိုက်ရသည်။

ဘာလို့ မားကွစ်မြို့စားမိသားစုရဲ့ သားအကြီးဆုံး၊ မားချက်စ်ဂိုဏ်းခေါင်းဆောင်က ရုတ်တရက်ကြီး လက်ဖက်ရည်ပြင်ဆင် ပန်ကိတ်တွေ မုန့်တွေလုပ်နေရတာလဲ။သူမတောင် တစ်ခါမှမလုပ်ဖူးတာကို။

မျိုးရိုးမြင့် ဒါမှမဟုတ် ဂိုဏ်းချုပ်ဖြစ်ရတာက သူ ဘဝဆိုပေမယ့် သူက တကယ်တော့ ချက်ပြုတ်ရတာကို နှစ်သက်တဲ့ဝါသနာရှိတာလား။

အဲ့ဒါက သူ့မျက်နှာနဲ့မလိုက်ဖက်ဘူး...မဟုတ်သေးဘူး အန်းသန့်စ်လို ပန်းလေးလို တောက်ပတဲ့အမျိုးသားက လက်ဖက်ရည်နဲ့ ကွတ်ကီးတွေ ပြင်ဆင်နေတာကို မြင်တာက တစ်နည်းနည်းနဲ့ လိုက်ဖက်နေပုံပေါ်ပေမယ့် သူရဲ့ ပုံမှန်ပင်ကိုယ်စရိုက်အရဆိုရင် ဒါက တွေးကြည့်လို့တောင်မရတဲ့ဟာပဲ။

"နေပါဦး။ရှင့်မှာ စားဖိုမှူးဖြစ်ချင်တဲ့ အိပ်မက်ရှိတာလား..."

"မဟုတ်တာ"

"ဒါဆို သခင်လေးက ဘာလို့ အစားအစာတွေကို ကိုယ်တိုင် ချက်နေတာလဲ..."

မြင်းကို ထိန်းဖို့အပြင်ထွက်သွားတဲ့ ရထားထိန်းကို သွားချက်ခိုင်းတာကမှ ပိုလက်တွေ့ကျအုံးမယ်။

အန်းသန့်စ်က လူနာကို ခဏလောက် ပဟေဠိဖြစ်သလို အမူအရာဖြင့် စိုက်ကြည့်ပြီး လျှင်မြန်စွာပြုံးကာ ပြန်ဖြေလိုက်သည်။

"ဒီဟာကို ရောင်းတဲ့ စားသောက်ဆိုင်တွေ မရှိဘူးလေ။ပြီးတော့ လေဒီက စားချင်တယ်ဆိုပြီး ပြောခဲ့လို့"

"ဒါဆိုလည်း ရှင် ဘာလို့ ဒီတိုင်း စောစောက အလုပ်ဆင်းသွားတဲ့ အစေခံကို မခိုင်းလိုက်လဲ"

ထို့နောက် အန်းသန့်စ်သည် သူအနားယူချင်ချိန်၌ အနီးတွင်လူများရှိနေခြင်းက အဆင်မပြေကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် သူတစ်ယောက်တည်း အချိန်အတော်ကြာအောင် ဟင်းမျိုးစုံချက်ခဲ့တာကြောင့် တော်တော် အရသာရှိမှာသေချာသည်။

ဒါဆို သူမကရော။ဘာလို့ သူမကို သူ့အိမ်မှာ၊သူ့ဘေးမှာ ရှိနေဖို့ စိတ်အားထက်သန်နေရတာလဲ။သူမ အကြောင်းအရင်းကိုမတွေးတောနိုင်ခင်မှာတင် အခွင့်အရေးရတိုင်း သူမထံ လာရောက်လည်ပတ်သော အန်းသန့်စ်ကို ပြန်သတိရမိသွားသည်။

"ဒါလေး အရင်စားထားလိုက်"

ထိုအချိန်အတွင်း အန်းသန့်စ်သည် လူနာ အနီးတွင် လက်ဖက်ရည်နှင့်မုန့်များကို ချပေးလာခဲ့သည်။

လူနာသည် တစ်ချိန်တည်းမှာပင် မီးဖိုချောင်မီးဖြင့် ရောင်ပြန်ဟပ်ကာ လင်းထိန်နေသော လက်စွပ်ကို သတိပြုမိသွားသည်။ထို့နောက် အလားတူ ပုံစံရှိသော လက်စွပ်က သူမလက်ပေါ်မှာ တောက်ပနေခဲ့သည်။

လူနာသည် ပန် သို့မဟုတ် တစ်ခုခုလုပ်ရန် ကြိုးစားချင်နေပုံရကာ ပါဝင်ပစ္စည်းများကို စတင်ရှာဖွေနေသော အန်းသန့်စ်ကို နားလည်ရခက်စွာ စိုက်ကြည့်လိုက်တော့သည်။

TK Team (Chapter 103)