Chapter 39.3
Viewers 7k

Chapter -39.3

(ဗိုလ်ချုပ်ကြီး စီဆဲလ်က သူ့ကို လှည့်စားနေတာလား!!)

ဂိတ်ဝတွင် ဝိုင်းရံထားသော လူတစ်စုရှိနေသော်လည်း သူတို့သည် သာမန် သတင်းထောက်များဖြစ်ကာ ပြသနာလည်း မရှာကြည္ဘဲ ဘေးတွင်ရပ်ကာ စောင့်နေသည်မှာ လုံခြုံသည်ဟု ထင်ရလေသည်။

"ဗိုလ်ချုပ် ကျောင်း!"

တစ်စုံတစ်ယောက်သည် ကျောင်းမြန် ကိုတွေ့လိုက်ချိန်တွင် လေထုသည် ချက်ချင်းအသက်ဝင်လာသည်။

"ဗိုလ်ချုပ်ကျောင်း! ဗိုလ်ချုပ်ကျောင်း..! ကျွန်တော်တို့ မေးချင်တာလေးတွေရှိလို့ရောက်နေတာပါ....အခု စက်ရုံကလည်း ဖွင့်ပြီဆိုတော့ ပြည်သူတွေက စိုးရိမ်ပြီးစောင့်နေကြပါပြီ..အဲ့ဒါကြောင့် ဒီအင်တာဗျူးကို တိုက်ရိုက် ထုတ်လွှင့်ပြီး ရိုက်ကူးလို့ရနိုင်မလား"

"ဗိုလ်ချုပ်ကျောင်း...! စက်ရုံမှာလုပ်နေတဲ့ သိပ္ပံသုတေသနပရောဂျက်တွေအကြောင်း နည်းနည်းပြောပြပေးနိုင်မလား"

မင်ရန်က သက်ပြင်းချလိုက်ပြီး ကံကောင်းစွာဖြင့် သူတို့အား ဒုက္ခပေးနိုင်မည့် နေရာသို့ ရောက်မလာခဲ့ပေ။

စက်ရုံမဖွင့်မီအချိန်အတော်ကြာကတည်းက လူတိုင်းသည် ထိုသို့သောအင်တာဗျူးများအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

အထူးသဖြင့် Black Phoenix ကဲ့သို့သော အခြားဘာသာရေးအဖွဲ့အစည်းအချို့ရှိသည့်အခါတွင် ပြည်ထောင်စုအစိုးရ၏စီမံကိန်းများကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ပါ။

ကျောင်းမြန်သည် ဤစက်ရုံနှင့်ပတ်သက်၍ ပြင်ပကမ္ဘာ၏တုံ့ပြန်မှု ပိုမိုပြင်းထန်လာမည်ကို အမှန်တကယ်ပင် စိုးရိမ်နေပါသည်။

မင်ရန်သည် အပြင်ဘက်မှ အင်တာဗျူးများကိုဖြေရန် မင်းသားအယ်လန်ကို ခေါ်ဖို့ အသင့်ပြင်ထားပြီးပြီ ဖြစ်သည်။

ကျောင်းမြန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

"အားလုံးမလောကြပါနဲ့...စက်ရုံက ဒီနေ့မှစဖွင့်တာမို့လို့ စက်ရုံရဲ့ လည်ပတ်မှုအကြောင်းတွေနဲ့ လူတိုင်းရဲ့မေးခွန်းတွေကိုဖြေပေးဖို့ တာဝန်ခံဖြစ်တဲ့ တော်ဝင်မင်းသား အယ်လန်က ထွက်လာပါလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် ကျောင်းမြန်သည် ထွက်သွားရန် ပြင်ဆင်ခဲ့သည်။ 

"ဗိုလ်ချုပ်ကျောင်း! ဗိုလ်ချုပ်ကျောင်း...!"

သို့သော် သတင်းထောက်များက သူ့ကို ဝိုင်းရံထားကြပြီး တစ်ယောက်ကမေးလိုက်သည်။

"ဗိုလ်ချုပ်ကြီးစီဆဲလ် ဦးဆောင်တဲ့ ဒီခရီးစဉ်အကြောင်းကို မေးလို့ရမလား၊ ဗိုလ်ချုပ်ကျောင်း က ဘာလို့ မလိုက်သွားတာလဲ"

"နှစ်ယောက်ကြားက အချစ်ရေးမှာ အက်ကွဲကြောင်းတွေရှိနေတယ်ဆိုတဲ့ ကောလဟာလတွေက အမှန်ပဲလား"

"ဗိုလ်ချုပ်ကျောင်း....မေးခွင့်ပြုပါ..."

ကျောင်းမြန် အံ့ဩသွားသည်။

စီဆဲလ် မနေ့က အိမ်တော်မှာ မအိပ်တဲ့ သတင်းက ပျံ့သွားတာလား....။

ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ...

သတင်းထောက်တွေက သဘောပေါက်လွယ်ကြတာလား...။

"ကျုပ်တို့ ဆက်ဆံရေးက ကောင်းပါတယ်"

ကျောင်းမြန်က သာမန်မျှသာဖြေလိုက်သည်။

"ကျုပ် စက်ရုံမှာအလုပ်ရှုပ်နေတာမို့လို့ အခုချိန်မှာ မလိုက်သွားပါဘူး.."

"ဒါဆို ဗိုလ်ချုပ်ကျောင်းက မင်းသမီးအန်ဂျလာ နဲ့ ဗိုလ်ချုပ်ကြီး စီဆဲလ် ရဲ့ ခရီးစဉ်ကို ဘယ်လိုထင်ပါသလဲ"

"ဒီကိစ္စကို ဗိုလ်ချုပ်ကျောင်းက အရင်သိပြီးမှ ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ ဆွေးနွေးခဲ့တာလား.." 

"တော်ဝင်မင်းသမီး အန်ဂျလာကို ဘယ်လိုမြင်ပါသလဲ"

ကျောင်းမြန် နှင့် မင်ရန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ဘာလဲ.....

ယခုအချိန်တွင် ကြီးမားကျယ်ပြန့်သော ကြယ်စုများကြားတွင်..ကြီးမားသော ပင်မတိုက်ပွဲဝင်သင်္ဘောကြီးသည် နယ်စပ်သို့ ဦးတည်ကာ ဖြည်းညှင်းစွာ မောင်းနေလေသည်။

စီဆဲလ်သည် သူ့ခြေထောက်များကို ဆန့်ကာ သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းအောက်တွင်ခုလိုက်ပြီး စခရင်ပေါ်ရှိ အချက်အလက်များကို မော့ကြည့်နေလေသည်။

"ဗိုလ်ချုပ်ကြီး.."

အယ်ဗင်က စီဆဲလ်၏ဘေးသို့ အမြန်သွားပြီး ပြောလိုက်သည်။

"မကောင်းတော့ဘူး..."

စီဆဲလ်က သူ၏မျက်ခုံးများကိုပင့်ကာ အေးစက်စွာပြောလိုက်သည်။

"အန်ဂျလာ သင်္ဘောပေါ်ကနေ ခုန်ချတော့မှာလား ဒါမှမဟုတ် အစာအငတ်ခံနေတာလား...အရင်က ငါ့လူတွေက သူ့ကို အပေါက်ဖွင့်ပေးပြီး ဝင်ခွင့်ပြုလိုက်တာ...အခုတော့ ကျွေးရတာ သက်သာတာပေါ့...သူ့အတွက် အမဲသားတစ်ထုပ်ကို မင်းစားလို့ရသွားတာပေါ့..."

"အဲဒါမဟုတ်ပါဘူး!" 

အယ်ဗင်က စိုးရိမ်တကြီးဖြင့် ဆက်ပြောလေသည်။

"အန်ဂျလာ ကျွန်တော်တို့သင်္ဘောပေါ်ရောက်နေတယ်ဆိုတဲ့ သတင်းမဟုတ်ဘူး...!"

စီဆဲလ် က သူ့ခေါင်းကို လှည့်ပြီး သံသယဖြင့် ကြည့်လိုက်သည်-

"ဒါဆို"

အယ်ဗင်သည် တာမီနယ်ကို ဖွင့်ကာ စီဆဲလ်အား ပြလိုက်လေသည်။

#ဗိုလ်ချုပ်ကြီး စီဆဲလ်က ဗိုလ်ချုပ်ကျောင်းကို ထားခဲ့ပြီး နယ်စပ်မှာ မင်းသမီး အန်ဂျလာနဲ့ စမ်းသပ်ကြည့်ဖို့ ထွက်သွားတာလား...။

#ဗိုလ်ချုပ်ကြီး စီဆဲလ်ကလမ်းချော်သွားသည်။

# နောက်ဆက်တွဲအနေဖြင့် ဆူပူမှုကို ဖြစ်စေတဲ့ အမျိုးသမီးလား...ဒါမှမဟုတ် ဒီလူကပဲ ပတ်ပြီးကစားချင်နေတာလား....။

{ဗိုလ်ချုပ်ကြီးက လမ်းမချော်နိုင်ဘူး၊ ဂလက်စီ ခင်ပွန်းများကို ထောက်ခံပါတယ်.. သူမက ဆူပူမှုကို ဖြစ်စေတဲ့ မင်းသမီးပဲဖြစ်ရမယ်}

{ဒါပေမယ့် မင်းသမီးနဲ့ ရေတပ်ဗိုလ်ချုပ်ကြီးတို့က အခု နယ်စပ်ကို ကျောက်တုံးနဲ့ တူ လိုမျိုး အတူတူသွားနေကြတဲ့အချိန်မှာ ဗိုလ်ချုပ်ကျောင်းက မလိုက်သွားဘူး....ငါထင်တာတော့..}

{ဟုတ်ပ! မင်းသမီးရဲ့အနောက်မှာ ဆာတန်ရှိနေတာဆိုတော့ ဆာတန်နဲ့ လက်ထပ်တာက ပိုပြီး အကျိုးရှိလို့လား..စွမ်းအားကြီးတဲ့ အမျိုးသားတွေမှာ တရားဝင်ဇနီးက သုံးယောက်..... မောင်းမမိဿံ လေးယောက်ရှိကြမှာလား...အိုး..ဘုရားရေ..အဲ့ဒါဆို အဖွဲ့ချုပ်မှာ အမျိုးသမီး ဘယ်နှစ်ယောက်ရှိလာမှာလဲ....ငါက ပထမဆုံးကန့်ကွက်သူလုပ်လို့ရလား...တစ်လင်တစ်မယားစနစ်ကိုပဲ ငါထောက်ခံတယ်}

စီဆဲလ် : "....."

စီဆဲလ်၏ပါးစပ်ထောင့်များက တွန့်သွားသည်-

"ငါက အရမ်း စွမ်းအားကြီးတာပဲ....အေးချမ်းနေတဲ့ အဖွဲ့ချုပ်က လူတွေရဲ့ ဘဝကို ထိုင်းမှိုင်းအောင်လို့ သူတို့ဦးနှောက်ထဲမှာ ဇာတ်လမ်းတစ်ပုဒ်ရသွားအောင်လို့ လုပ်ပေးနိုင်တာပဲ..."

အယ်ဗင်လည်း မရယ်နိုင်တော့ပေ။

{ကျောင်းမြန်....သူက အရမ်းတော်တာလား...ကြုံရာမေးတဲ့မေးခွန်းနှစ်ခုကို ပေါင်းဖြေလိုက်ပြီး သတင်းထောက်ကို ပြောစရာမရှိဘဲ ဖြစ်သွားစေတာပဲ....ငါတို့ညီအကို ကျောင်းက စကားများများပြောတဲ့လူတွေကို ပါးစပ်ပိတ်သွားအောင် လုပ်လိုက်နိုင်တာပဲ.....}

{+1....သူက အရမ်းလှတာပဲ....အား...ဗိုလ်ချုပ်ကြီးစီဆဲလ်ကလှည့်စားတယ်လို့ပဲ ငါယုံနေမိတယ်.....သူတို့ရဲ့ခံစားချက်က သူများတွေထက်ပိုကောင်းတာပဲ }

{Hahahahaha ဗိုလ်ချုပ်ကျောင်း မာနကြီးတာ မင်းအခုမှသိတာလား...စီဆဲလ်က မင်းသမီး အန်ဂျလာကို ဘာလို့လက်ထပ်ရမှာလဲ...သူမက စီဆဲလ်အတွက် ဘယ်လောက် အာဏာနဲ့ ခွန်အားပေးနိုင်မှာလဲ.....စီဆဲလ်ကရော ဘာလို့လှည့်စားရမှာလဲ..ပြောရရင် မင်းသမီးက ငါ့လိုလှလို့လား....အလှလေးက ငါတစ်ယောက်တည်းရှိနေရင်ရပြီလေ....ဒါက အရမ်းလှပတဲ့ အချစ်တစ်ခုပဲမဟုတ်ဘူးလား ....သတင်းထောက်တွေဖိအားပေးခံနေတဲ့အချိန်မှာ..ငါကတော့ သေပါပြီ}

စခရင်ကို ကြည့်နေသော စီဆဲလ်ကလည်း ထိတ်လန့်သွားသည်။

တိုက်ပွဲများနှင့် စစ်မြေပြင်တွင် တွေ့ဆုံခြင်းမှလွဲ၍ ကျောင်းမြန်၏ ရိုးရှင်းသော ရန်လိုသည့်ပုံစံအား မြင်ရခဲသည်။

ကျောင်းမြန်သည် အမြဲတမ်း နူးညံ့သိမ်မွေ့သူဖြစ်လေရာ ထိုဗီဒီယိုထဲတွင် သူ့မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခုရှိနေဆဲဖြစ်ပြီး မေးလာသည့် မေးခွန်းများကို အလျင်စလိုမဖြေပေ။

မျက်လုံးများ.....

ထိုမျက်လုံးများတွင် သူ၏ လုပ်ပိုင်ခွင့်အား ကြေညာလိုက်သကဲသို့ စူးရှတောက်ပနေသောကြောင့် စီဆဲလ်၏ နှလုံးသားသည် မူးယစ်စွာလေသည်။

ကျောင်းမြန်သည် သူ့စိတ်ထဲရှိနေသည်ကိုဖြေနေသည်လား....သို့မဟုတ်...ဖက်ဒရေးရှင်းနှင့် ရေခဲမြစ်၏ ငြိမ်းချမ်းရေး နှင့်လူအများရှေ့တွင် ဖက်ဒရယ် ခင်ပွန်းများကြားရှိဆက်ဆံရေးကို မီဒီယာများအား သက်သေပြရုံသပ်သပ်လား ဆိုသည်အား စီဆဲလ်မသိတော့ပါ...။ 

မည်သို့ပင်ဆိုစေကာမူ စီဆဲလ်သည် ယခုအချိန်တွင် သူ၏နှလုံးသားရှိရာသို့ ကြောင်လက်သည်းဖြသ့် ညင်သာစွာအကုန်ခံလိုက်ရသလို ခံစားလိုက်ရပြီး ထိုခံစားချက်သည် သူ့အားနူးညံ့သွားစေသည်။

စီဆဲလ်သည် ခေါင်းကိုက်သလို ခံစားလိုက်ရပြီး သူ့ရင်ဘက်ကို ဖိကာ ပြောလေသည်။

"ငါ ဒီကောလဟာလတွေကို ချေပဖို့ နောက်မှ လိုင်းပေါ်တက်လိုက်မယ်..."

အယ်ဗင်က ခေါင်းငုံ့ပြီး ပြောလိုက်သည်။ 

"အတွင်းရေးမှူးရုံးရဲ့ စတူဒီယိုမှာလည်း ကြေညာချက်ထုတ်လိုက်ပါ့မယ်" 

"တင်းတောင်...!"

အယ်ဗင်သည် တာမီနယ်ကို ကြည့်လိုက်ချိန်တွင် ထိတ်လန့်သွားသည်။

"ဘာဖြစ်ပြန်ပြီလဲ"

"ဟုတ်.....သတင်းအသစ်တွေတက်လာပါတယ်"

အယ်ဗင်သည် တာမီနယ်အား စီဆဲလ်သို့ပေးလိုက်လေသည်။

#ဗိုလ်ချုပ်ကျောင်းသည် အရှုပ်တော်ပုံအား အပြုသဘောဖြင့် တုံ့ပြန်ခဲ့သည်။

#ဗိုလ်ချုပ်ကျောင်းတွင် မင်းသမီးအတွက် K.O စကားလုံးနှစ်လုံးရှိသည်။

#ဂလက်စီ၏ ခင်ပွန်းများ

ရှာဖွေမှုအများဆုံး ခေါင်းစဥ်တစ်ခုတွင် ဗီဒီယိုတစ်ခုတွဲတင်ထားရာ ထိုဗီဒီယိုကိုနှိပ်လိုက်စဥ်တွင် ကျောင်းမြန်အား သတင်းထောက်များမှ ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။

"ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ မင်းသမီး အန်ဂျလာတို့ရဲ့ ခရီးစဥ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကျောင်းရဲ့အမြင်လေးပြောပေးပါ..."

"အဖွဲ့ချုပ်ရဲ့အကျိုးအတွက် ဗိုလ်ချုပ်ကြီး စီဆဲလ်က ဆာတန်မင်းသမီးနဲ့ လက်ထပ်မှာလား..ဒီအပေါ်မှာ ခင်ဗျားရဲ့ ထင်မြင်ချက်လေးကိုပြောပေးပါ..." 

"ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်က လှည့်စားနေတာလားဆိုတာ မေးလို့ရမလား"

သတင်းထောက်များသည် သတင်းကြီးကြီးမားမားရရှိရန် သို့မဟုတ် တစ်ခုခုများ တူး၍ရနိုင်မည်လား ဟူရ၍ မေးခွန်းများက ပို၍ပြင်းထန်လာပါသည်။

သူ့ကို တရဆက်မေးနေသော မေးခွန်းများကို ရင်ဆိုင်နေရင်း ကျောင်းမြန်က ခေတ္တရပ်သွားသည်ကို တွေ့လိုက်ရသည်။

"မင်းတို့ရဲ့ စိုးရိမ်မှုအတွက်တော့ ကျေးဇူးတင်ပါတယ်....ဒါပေမယ့်... ကျုပ်နည်းနည်း ရှုပ်နေသေးလို့.."

"......!"

ကျောင်းမြန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

"စီဆဲလ်က မင်းသမီး အန်ဂျလာကို ဘာလို့လက်ထပ်ရမှာလဲ"

သတင်းထောက် : "....."

ကျောင်းမြန်၏ မျက်လုံးများသည်ရှုပ်ထွေးနေသော်လည်း ထိုအရာများသည် တခဏသာဖြစ်သော်လည်း အတွင်း၌ ဖုံးကွယ်ထားသည်မှာ အထင်သေးမှုနှင့် မာနကြီးမှုသာဖြစ်သည်။

ပြီးတော့ သတင်းထောက်များသည် သူ့မျက်လုံးထဲရှိ အဓိပ္ပါယ်ကို ဖတ်နိုင်လေသည်။

"ဘာလို့ မင်းသမီး အန်ဂျလာကို လက်ထပ်ရမှာလဲ......မင်းသမီးက စီဆဲလ်ကို ပေးနိုင်တဲ့အရာကို ကျုပ်က မပေးနိုင်လို့လား.....ဆာတန်က ရေခဲမြစ်တစ်ခုလုံးနဲ့ ယှဥ်နိုင်လို့လား...."

"ပြီးတော့...." 

ကျောင်းမြန်သည် သူ၏ လေထဲတွင်လွင့်နေသော ဆံပင်တစ်မျှင်ကို ဖယ်လိုက်ပြီး ခေါင်းကို ငုံ့ကာ မေးလိုက်သည်။

"စီဆဲလ်က ဘာလို့လှည့်စားရမှာလဲ"

သတင်းထောက်: "...." 

အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်...... :)

ဤဗီဒီယိုကို ထုတ်လွှင့်ပြီးသည်နှင့် လှည့်စားသည် မလှည့်စားသည် စသည့်အကြောင်းကို မည်သူမှ ဆက်မပြောကြသည့်အပြင် မင်းသမီးအန်ဂျလာ ကိုလည်း လူတိုင်း၏စိတ်ထဲတွင် မေ့လျော့သွားကြပြီး သူတို့၏စိတ်ထဲတွင် ဂလက်စီ ခင်ပွန်းများ၏ လှပသော ချစ်ခြင်းမတ္တော အကြောင်းများသာရှိနေတော့သည်။

ကုရှင်းချီ၏ အရေးကြီးကိစ္စကြောင့် ကျောင်းမြန်သည် စီဆဲလ်နှင့် တစ်ပတ်လုံးအပြင်ထွက်နေရသောကြောင့် ရှောင်လဲ့အားမတွေ့ဖြစ်သည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် သူခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသော ယုံကြည်မှုများ ပျက်စီးသွားမည်လား ဆိုတာ သူမသိချေ။

သိုသော် ရှောင်လဲ့က သူ့အား မမေ့လောက်ပါဘူးနော်.....။

ကျောင်းမြန်သည် ပန်းစည်းကိုယူကာ မီးဖိုချောင်သို့သွားလိုက်ပြီး ရှောင်လဲ့ကို ရှာရန်အတွက် ကွတ်ကီးလေးများပြင်ကာ ယူလာလေသည်။

"ဗိုလ်ချုပ်ကျောင်း" 

အိမ်ထိန်းက ကျောင်းမြန်ကို တွေ့လိုက်ချိန်တွင် နှုတ်ဆက်လိုက်သည်။

ကျောင်းမြန်သည် သူ့ရှေ့တွင် မျက်နှာငယ်လေးဖြင့် စားစရာဗန်းကို ကိုင်ထားသည့် အဘိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

အိမ်ထိန်းသည် သက်ပြင်းချလိုက်ပြီး ပြောလေသည်။

"သခင်ငယ်လေးကဘာဖြစ်တာလဲမသိဘူး....ရှေ့နှစ်ရက်က ထမင်းမစားဘူးဆိုပြီး ရုတ်တရက်ပြသနာရှာခဲ့တာ...."
 
မနေ့က အိမ်ထိန်သည် သူ့အား ယာဂုအနည်းငယ်ကို ချော့တလှည့် ခြောက်တလှည့်ဖြင့် ကျွေးရလေသည်။ 

ကျောင်းမြန်က အံ့ဩသွားသည်။

"တခြား အကြံမရှိတော့ဘူးလား..."

အိမ်ထိန်းက ခေါင်းခါပြလိုက်ပြီး သူသာသိနေလျှင် ဤမျှခက်ခဲကာ ကူကယ်ရာမဲ့နေမည်မဟုတ်ပေ။

ကျောင်းမြန်သည် ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုလည်း ကလေးတွေကြိုက်လောက်မယ့် အချိုပွဲသွားလုပ်လိုက်မယ်...ပြီးရင် သူ့ကိုနည်းနည်းစားမလားလို့ ချော့ကျွေးကြည့်တာပေါ့....."
 
ကျောင်းမြန်သည် သူလုပ်မည်ဟု ပြောပြီးချိန်တွင် အချိန်မဆွဲတော့ဘဲ အင်္ကျီလက်များကို ခေါက်တင်ကာ ဗီဒိုထဲမှ ကုန်ကြမ်းများကိုထုတ်လိုက်သည်။