Chapter 39.2
Viewers 7k

Chapter -39.2

(ဗိုလ်ချုပ်ကြီး စီဆဲလ်က သူ့ကို လှည့်စားနေတာလား!!)

{ Ahhhhhhh awsl! zdsl ! ဗိုလ်ချုပ်ကျောင်းက သူ့ချစ်သူအတွက် အခွင့်အာဏာကို ကျိန်ဆိုတယ်....ဗိုလ်ချုပ်ကြီး စီဆဲလ်ကလည်း သူ့ချစ်သူကို ဆန်းပြားတဲ့ ပုံစံနဲ့ ကာကွယ်ပေးတယ်.... ဒါက ဘယ်လိုနတ်သမီးအချစ်မျိုးလဲ}

{ဗိုလ်ချုပ်ကျောင်းက အရမ်းချောတယ်ဟုတ်လား....ဗိုလ်ချုပ်ကျောင်းရဲ့ ပင်လယ်ထဲသို့ သွန်ချခြင်း သီချင်းကို နားထောင်ပြီးတဲ့အချိန်မှာ ဓားတောင်နဲ့ မီးပင်လယ်ကို တီးနေတာ မှားနေတယ်လို့ သိလိုက်ရတယ်....နှိုင်းယှဥ်ကြည့်နေစရာကိုမလိုဘူး....တာ့တာပါ}

{ ရစ်ငှက်မင်းသမီးလေးရဲ့ ကျင်းဝေ့ ပြန်လည်ပေါင်းစည်းခြင်းထက်ကို အပေါ်ထပ်က ပိုပြီးဝမ်းနည်းနေသလိုပဲ}

{Hahahahaha အပေါ်ထပ်ရေ..မင်းက ငါ့ကို ရယ်အောင်လုပ်နေတာလား....ဒါပေမယ့် ဗိုလ်ချုပ်ကျောင်းရဲ့ စန္ဒယားတီးတာ ကျွမ်းကျင်မှုက တကယ့်ကိုလှပပါတယ်.....ဗိုလ်ချုပ်ကျောင်းက ဘာမဆိုလုပ်နိုင်တယ်... ဒီလိုမျိုး ပြီးပြည့်စုံနေတဲ့လူ......ငါတော့ ဗိုလ်ချုပ်ကြီး စီဆဲလ်ကို မနာလိုဖြစ်မိတော့မယ်}

{မနာလိုမှု+1...ဗိုလ်ချုပ်ကျောင်းရဲ့ အလှကို စွဲလမ်းနေပြီ} 

{တကယ် ဂုဏ်ယူပါတယ်...မဟုတ်သေးဘူး.. ငါတို့ရဲ့ ဖက်ဒရယ်အမျိုးသမီးက မင်းတို့ ဖက်ဒရယ်ဗိုလ်ချုပ်ကြီးလိုပဲ ဘယ်သူကမှ ထိလို့ရ
နိုင်တဲ့အရာမဟုတ်ဘူး....အလွန်ခံ့ညားလွန်းတယ်....! ငါတို့အဖွဲ့ချုပ်က ဘယ်လောက် အင်အားကြီးတယ်ဆိုတာ တခြား အမျိုးသားတွေမြင်နိုင်ပါစေ...}

ကျောင်းမြန် သည် အထူးသဖြင့် နဂါးငွေ့တန်း ခင်ပွန်း၏ ခေါင်းစဉ်ကို မြင်လိုက်ရချိန် မျက်နှာနီရဲသွားလေသည်။

တကယ်က အဲလိုမဟုတ်ဘူး..

ကျောင်းမြန် က နားရွက်ကို လက်ဖြင့် ဆိတ်လိုက်သည်။

မင်ရန်သည် သူမဘေးတွင် တာမီနယ်အားကြည့်ကာရှက်နေသော ကျောင်းမြန်အား မြင်လိုက်ရချိန်တွင် မရယ်မိဘဲ မနေနိုင်တော့ပေ။

"ဗိုလ်ချုပ် ကျောင်း.. ဒီမှတ်ချက်တွေကို တစ်ချက်လောက်ကြည့်ပါဦး!" 

"နောက်ဆုံးတော့ ရှင်နဲ့ ဗိုလ်ချုပ်ကြီး တို့က ကောင်းမွန်ပြီး သာယာတဲ့ဆက်ဆံရေးရှိတယ်ဆိုတာ သိသွားကြပြီ...အဖွဲ့ချုပ်ကလည်း အေးချမ်းသွားလို့ အားလုံးကပျော်နေကြတယ်..."

မင်ရန်က ကျေနပ်စွာဖြင့် ပြုံးကာပြောလိုက်သည်။ 

ကျောင်းမြန် က ခေါင်းညိတ်သည်။

အိမ်ထောင်ရေး သစ်ပင်အောက်တွင် ရေးထားသည်မှာ သူနှင့် စီဆဲလ်၏ နာမည်သာမက ရေခဲမြစ်နှင့် အဖွဲ့ချုပ်ကိုပါ ကိုယ်စားပြုကြောင်း သူသိပြီးဖြစ်သည်။

သို့သော် အရာအားလုံးသည် သူထင်သလောက် မခက်ခဲလှပေ။

ဗိုလ်ချုပ်ကြီး၏ စံအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် ကျောင်းမြန်သည် လက်ဆေးလိုက်ကာ စွပ်ပြုတ်ကိုနွေးရန် မီးဖိုချောင်သို့ အရင်သွားလိုက်သည်။ သူအခန်းထဲသို့ဝင်လာချိန်တွင် စီဆဲလ်သည် သူ၏အိတ်ထဲတွင် ပစ္စည်းများ ထုပ်ပိုးထားသည်ကို တွေ့လိုက်ရသည်။

ဟင်.....

ကျောင်းမြန် က မျက်တောင်ခတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဗိုလ်ချုပ်ကြီး ဘယ်သွားမလို့လဲ" 

"အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်" 

စီဆဲလ် : "သုံးရက်"

"ဟုတ်ပါပြီ....အန္တရာယ်ကင်းပါစေ"

ကျောင်းမြန်သည် စွပ်ပြုတ်ပန်းကန်ကိုဖယ်လိုက်ပြီး အိပ်ရာ၏ တစ်ဖက်ခြမ်းတွင် အိပ်ရန်ပြင်လိုက်သည်။

ကျောင်းမြန်၏စိတ်ထဲတွင် မည်သည့်အတွေးများရှိနေမည်ကို သူမသိသော်လည်း သူကလုပ်ပြီးပြီဖြစ်သည်။

စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး ပြော၏။

"ကိုယ် ဒီညကတည်းက သွားမှာ..." 

"ဟင်" 

ကျောင်းမြန်လည်း အံ့ဩသွားပြီး.......

"အခုလား...." 

ညဉ့်သန်းခေါင်ကြီးလေ......။

"ဟုတ်တယ်"

စီဆဲလ်က ခရီးဆောင်အိတ်ကို ဆွဲထုတ်လိုက်ပြီးပြောလိုက်သည်။

"ကိုယ်သွားတော့မယ်..."

"ကောင်းပါပြီ" 

စီဆဲလ်ကို ကြည့်လိုက်ချိန်တွင် ကျောင်းမြန်သည် သူ့နှလုံးသားထဲတွင် ထူးဆန်းနေသလို ခံစားရသည်။

သူသည် စီဆဲလ်၏ ထူးဆန်းသော ခံစားချက်များကို ခံစားသိရှိခဲ့ပြီး ၎င်းသည် မည်သည့်အရာဖြစ်သည်ကို မပြောနိုင်သော်လည်း ၎င်းသည် သူ့ကို စိတ်ပူစေသည်။

စီဆဲလ်က တံခါးဘေး၌ ရပ်လိုက်ပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မှာလိုက်သည်။

"ကိုယ်သွားတဲ့အချိန်မှာ မင်းကိုယ်မင်းဂရုစိုက်..အစစအရာရာ သတိထားရမယ်... စက်ရုံမှာ အရမ်းအပင်ပန်းမခံနဲ့ မင်းလက်အောက်မှာ လူတွေအများကြီးရှိတယ်....မင်းသူတို့ကို *အဖြူရောင်လစာယူဖို့ ခွင့်မပြုရဘူး"
(*အလုပ်မလုပ်ဘဲ လစာယူတာကိုပြောတာ ထင်ပါတယ်)

"အိုကေ"

စီဆဲလ်က ထပ်ပြောလေသည်။
"ကိုယ်သွားပြီနော်..." 

"ဟုတ်ကဲ့" 

ကျောင်းမြန်က ပြုံးလိုက်ပြီး.......
"သွားပါ"

"အင်း"

စီဆဲလ်က လှည့်ထွက်သွားတော့သည်။

ကျောင်းမြန်သည် စီဆဲလ်ထွက်ခွာသွားသည်ကို ကြောင်အအဖြင့် ကြည့်နေလေသည်။

နောက်တစ်နေ့တွင် စက်ရုံသည် တရားဝင် စတင်လည်ပတ်ခဲ့သည်။

ကျောင်းမြန်သည် စက်ရုံ၏ "ဒါရိုက်တာ"ရာထူးကို ယူထားရသဖြင့် သုတေသီများအား ဆေးဖက်ဝင်အပင်များ စစ်ဆေးနည်း၊ သန့်စင်နည်း၊ အသုံးပြုနည်း စသည်နည်းလမ်းများကို သင်ကြားပေးခဲ့ပြီး ၎င်းတို့သည် အလုပ်များသောကြောင့် ခြေထောက်တွင် အတောင်ပံပေါက်လုမတတ်ပင်ဖြစ်နေလေသည်။

အယ်လန် သည် မူလက ဘေးနားတွင် လာဘ်ကောင်လေးအဖြစ်နေနေသော်လည်း လူတိုင်း ၏ အလုပ်များနေသောပုံစံကြောင့် သူ့နှလုံးသားလေး နာကျင်သွားကာ ကျောင်းမြန်ကို လက်ကမ်းပေးပြီး ထွက်သွားလေသည်။

စက်ရုံထဲရှိ အဖြူရောင်အင်္ကျီဝတ်ထားသော သုတေသီများသည် ရေခဲစက်များကို အတန်းလိုက်စီရင်း အလုပ်များနေလေသည်။ 

ယခု သုတေသန ပရောဂျက်များနှင့် ဓာတ်ခွဲခန်း၏ တပ်ဆင်ရေးနှင့် ထုတ်လုပ်ရေးအခန်းများကို ယခုအချိန်တွင် စတင်လည်ပတ်နေပြီဖြစ်သော်လည်း အဆိုပါသုတေသီများကို မရောက်လာမီကပင် သေချာလေ့ကျင့်သင်ကြား ပေးထားသော်လည်း စတင်ရန်ခက်ခဲနေသေးသောကြောင့် ယနေ့တွင် ကျောင်းမြန် သည် လူတိုင်းနှင့်ရင်းနှီးစေရန်အတွက်သာ အဓိကထားဖြစ်သည်။

ကျောင်းမြန်သည် လှည့်ကြည့်ကာ အယ်လန်၏ ပုခုံးကို ပုတ်ကာ ပြောလေသည်။ 

"ခင်ဗျား..အရင်ကြည့်ပါဦး"

"ကောင်းပြီ"

ကျောင်းမြန် သည် ပင်မဓာတ်ခွဲခန်းမှထွက်လာပြီးနောက် စက်ရုံထဲရှိ သူ့အခန်းသို့သွားခဲ့သည်။

စီဆဲလ်သည် မည်သို့စဥ်းစားပြီး ပြင်ဆင်ခဲ့မှန်းမသိသော်လည်း သူအနားယူမည့် အခန်းသည်အလွန်သက်တောင့်သက်သာရှိကာ အလွန် အသေးစိတ်ကျလေသည်။ ၎င်းသည် ရိုးရှင်းသော လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ဤအခန်းအောက်တွင် မြေအောက်ခန်းတစ်ခန်း ပါရှိသည်။ 

ကျောင်းမြန်၏ လက်ဗွေဖြင့်သာ တံခါးကို ဖွင့်နိုင်လေသည် ။

ထိုအချိန်တွင် ကျောင်းမြန်သည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် တံခါးဖွင့်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။

တခြားသူများမလာခင်တွင် ကျောင်းမြန်သည် မနက်ပိုင်းက ချထားသောပန်းအိုးများမှအပ မြေအောက်ခန်းထဲတွင် ဘာမှမရှိသေးပေ။ 

ကျောင်းမြန်သည် သူဝှက်ထားသော ဟောင်လုလု အပင်၏ မျိုးစေ့များကို ပန်းအိုးထဲသို့ ကြဲချလိုက်သည်။

ဟောင်လုလုသည် ဇာစ့်အဆိပ်ကို လုံး၀ သန့်စင်ပေးနိုင်သည့် တစ်ခုတည်းသောအပင်ဖြစ်ပြီး စီဆဲလ် အဆိပ်သင့်တုန်းကပင် ၄င်းကို အသုံးပြုခဲ့ပြီး စီဆဲလ်ကိုယ်တိုင်လည်း ဒါကို သိခဲ့ပြီးဖြစ်သည်။

အမှန်တွင် ကျောင်းမြန်သည် ကုရှင်းချီ၏ ယခင်ကုသရေးကုထုံးများတွင်လည်း ဟောင်လုလုကို တိတ်တဆိတ်ရောနှောထားပြီး သူသည် ၄င်းတို့ကို အမှုန့်ကြိတ်ပြီးရောနောထားသောကြောင့် သာမန်လူများက မည်သို ခွဲခြားရမှန်းမသိခြင်းဖြစ်သည်။

ကျောင်းမြန်သည် ဟောင်လုလုကို စိုက်ပျိုးမည့်အကြောင်းကို စက်ရုံရှိလူများအား အသိပေးရန် မဝံ့မရဲဖြစ်နေကာ စီဆဲလ်သည်ပင် ထိုကိစ္စအတွက် အစီအစဥ်များမရှိသေးသောကြောင့် သာမန်လူများအတွက် ထူးဆန်းနေပေလိမ့်မည်။ 

ထို့ပြင် ဟောင်လုလုသည် ကျော်ကြားသော မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး မရေမတွက်နိုင်သော ဘဝများနှင့် မိသားစုများကို ပျက်စီးစေသည့် အရာတစ်ခုဖြစ်သည်။

ကျောင်းမြန်သည် မျိုးစေ့များကို စိုက်လိုက်ပြီး ရေလောင်းလိုက်သည်။

ဤ ဟောင်လုလု အပင်သည် အလွန် သန်မာသောကြောင့် အထူးဂရုစိုက်ရန် မလိုအပ်ဘဲ စိုက်လိုက်သည့်အခါ သဘာဝအတိုင်း ရှင်သန်နေလိမ့်မည်ဖြစ်သည်။

"ဒီး....."

ကျောင်းမြန်သည် ပန်းအိုးရှေ့တွင် ထိုင်နေချိန်တွင် သူ၏တာမီနယ်မှ ဖုန်းသံကို ကြားလိုက်ရသည်။

"ဗိုလ်ချုပ်ကျောင်း..!"

ထိုသူမှာ မင်ရန် ဖြစ်သည်။

"ဗိုလ်ချုပ်ကျောင်း အခု စက်ရုံမှာလား...ကျွန်မမှာ ရှင်ကြည့်မှရမယ့်ဟာ တစ်ခုရှိနေလို့...ကျွန်မအခု စက်ရုံ အပြင်မှာရောက်နေပြီ..."
 
"ကောင်းပြီလေ ငါလာခဲ့မယ်..."

ကျောင်းမြန်တက်လာသည့်အချိန်တွင် မင်ရန်က လူများကို သေတ္တာကြီးသုံးလုံး သယ်ခိုင်းလာသည်ကို တွေ့လိုက်ရသည်။

သေတ္တာကို ချလိုက်ပြီးချိန်တွင် ဧည့်ခန်း၏ ထောင်းတစ်နေရာကို ထိုအရာများက နေရာယူကာ သိမ်းပိုက်သွားလေသည်။

"အဲဒါဘာတွေလဲ" 

ကျောင်းမြန်က သေတ္တာများကို ကြည့်လိုက်ချိန်တွင် အရာအားလုံးသည် ပန်းများဖြစ်နေသည်။

"ဒါက လူမျိုးစု၊ ဂြိုဟ်တွေနဲ့ မိသားစုဝင်တွေဆီက စက်ရုံဖွင့်ပွဲမှာ ကံကောင်းအောင်ပို့ပေးလိုက်တဲ့ လက်ဆောင်ပါ..."

မင်ရန် က ပြုံးပြီးပြော၏။

"ကျွန်မ မနေ့က ပွဲကနေ သူတို့အကုန်လုံးကို ယူလာတာ..."

ကျောင်းမြန်က ဒါတွေကို လိုအပ်လိမ့်မည်ဟု မင်ရန်က ထင်ခဲ့လေသည်။

သူသည် ယခုအချိန်တွင် အဖွဲ့ချုပ်၏ 'အမျိုးသမီး' ဖြစ်နေပြီ ဖြစ်သောကြောင့် အဖွဲ့ချုပ်၏ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးကိစ္စများကို နားလည်သင့်နေပြီဖြစ်သည်။ထိုပန်းများတွင်ပါသော ကတ်များသည် အနာဂတ်တွင် အဆက်အသွယ် အခွင့်ရေးကောင်းများနှင့် ကောင်းချီးများကို ရရှိနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုပင်ဖြစ်သည်။

မာရှယ်၏ ဇနီးသည်လည်း ဤကဲ့သို့ လေ့လာခဲ့ခြင်းဖြစ်သည်။

"ဗိုလ်ချုပ်ကျောင်း ဒီကတ်တွေကို ကြည့်ရင် သိနိုင်ပါတယ်...ပြီးတော့ ဒီပန်းတွေကို အလှဆင်တဲ့နေရာမှာ သုံးလည်းရတယ်လေ...."

မင်ရန်က ပန်းများကိုကြည့်လိုက်ချိန် မျက်လုံးများက တောက်ပလာပြီး ထိုသို့ပြောလေသည်။

"ဒါတွေက အရမ်းလှတာပဲ.....ဒီပန်းတွေက အရမ်း အာဏာရှိတဲ့ သူတွေပဲဝယ်လို့ရတာတဲ့....တစ်ချို့ပန်းတွေဆို အရမ်းစျေးကြီးလို့ သန်းကို ဆယ်ဂဏန်းကနေစပြီး ရောင်းကြတာဆိုပဲ....ကျွန်မကတော့ လွှတ်ပစ်ရမှာတောင် နှမြောတယ်..."

ကျောင်းမြန်က ပြုံးကာ ပြောလိုက်သည်။
"ဒီထဲက မင်းကြိုက်တာရှိလား...ရှိရင် ယူသွားလေ.."

သူက ကတ်များကိုသာ လိုလေသည်။

ကျောင်းမြန်သည်လည်း ထိုပန်းများကို အလွန်နှစ်သက်ကာ အလှဆင်ရန် သင့်တော်သော်လည်း အရမ်းများလွန်းနေသဖြင့် အတွင်းရေးမှူးများကို ခွဲဝေပေးလိုက်လျှင်လည်း ပြသနာမရှိပေ။

"ဟင်.....ကျွန်မကလေ.." 

မင်ရန်သည် ပန်းစည်းများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

ကျောင်းမြန်က တမင်လှမ်းစလိုက်သည်။
"အင်းလေ ယူသွားပြီး အယ်ဗင့်ကိုပေးလိုက်လေ.."

"......" 

မင်ရန်၏မျက်နှာသည် ချက်ချင်းနီရဲသွားပြီး ကျောင်းမြန်ကိုမကြည့်တော့ဘဲ ခေါင်းကိုလှည့်ကာ သူမအကြိုက်ဆုံးပန်းကို ရွေးရန်အတွက် ငုတ်တုတ်ထိုင်ချလိုက်သည်။

မင်ရန်သည် မနေ့က အယ်ဗင်၏ကိစ္စကြောင့် ဝမ်းနည်းနေသေးသော်လည်း ယခုအချိန်တွင်သူမ စိတ်သက်သာရာ ရသွားပြီဖြစ်သည်။ 

မနေ့ညက မင်ရန်သည် သူမ၏စိုးရိမ်မှုများကို စီဆဲလ်ကို သတင်းပို့ပြီးဖြစ်ရာ စီဆဲလ်က စိတ်မပူရန်၊ စိတ်ကို အရမ်းထိန်းချုပ်မထားရန်နှင့် အခြားဖြစ်နိုင်ခြေများရှိသေးကြောင်း ပြောပြခဲ့သည်။ သေချာသုံးသပ်ကြည့်မည်ဆိုလျှင် စီဆဲလ်သည် ဤ ခရီးစဥ်တွင် အယ်ဗင့်အားစောင့်ကြည့် အသုံးသပ်ရန် ခေါ်သွားခြင်း ဖြစ်နိုင်လိမ့်မည်။

စီဆဲလ်သည် အမြင်အားမယုံကြည်သင့်ဘဲ နှလုံးသားသည် ဘယ်တော့မှ လှည့်စားမည်မဟုတ်ကြောင်းကိုလည်း ပြောပြခဲ့သည်။

ကျောင်းမြန်သည် မင်ရန်အတွက် ရွေးချယ်ရခက်နေသည်ကို မြင်လိုက်ရသောကြောင့် ကူရွေးပေးရန်အတွက် ထိုင်ချလိုက်ကာ အချိန်အတော်ကြာမှ သင့်တော်မည့် ပန်းတစ်ပွင့်စီကို ယူကာ သူမအား ပြုံးပြပြီး အကြံပေးလိုက်သည်။

"ဒီဟာဆို အယ်ဗင်ကြိုက်လိမ့်မယ်ထင်တယ်..."

ကျောင်းမြန်သည် မင်ရန့်ကို ပန်းစည်းတစ်စည်း အမြန်စည်းပေးလိုက်သည်။

ကျောင်းမြန် စီစဉ်ပေးသော ပန်းများသည် အလွန်သင့်လျော်ပြီး လှပသည်။

"ဗိုလ်ချုပ်က ပန်းစည်းတွေပါ စည်းတတ်လိမ့်မယ်လို့ မထင်ထားဘူးကို...!"

"ကျွန်တော်က အယ်ဗင် ဘာကြိုက်လောက်မလဲဆိုတာကို ခန့်မှန်းလိုက်တာပါ..."

ကျောင်းမြန်သည် ပြုံးလိုက်ပြီး သူသည် သာမန်လူများထက် ပို၍ ဆတ်ဆတ်ထိမခံဘဲ သူနှင့် ထိတွေ့ဆက်ဆံသူများအား ခပ်မြန်မြန်နားလည် သဘောပေါက်လွယ်ကြောင်း ပြောပြလိုက်သည်။

မင်ရန်သည် ကျောင်းမြန်ပေးလာသော ပန်းစည်းလေးကို ယူကာပြောလိုက်သည်။

"သူက အခု ဗိုလ်ချုပ်ကြီးနဲ့ အလုပ်ကိစ္စခရီးအတူထွက်သွားရတာ နှမြောစရာပဲ...နှစ်ရက်တောင်ကြာမှာဆိုတော့ ဒီပန်းလေးက အဲ့အချိန်ထိ အသက်ရှင်ပါ့ဦးမလား..."

မင်ရန်သည် ဤအဖိုးတန်ပန်းများကို အဲ့အချိန်ထိအသက်ရှင်အောင် ပြုစုနိုင်ပါ့မလားဟု သံသယဖြစ်နေသည်။

"ဒီအလုပ်ကိစ္စအတွက် အယ်ဗင်က သူနဲ့လိုက်သွားတာလား" 

ကျောင်းမြန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဟုတ်တယ်၊ မနေ့က သူတို့နှစ်ယောက်လုံး လေယာဥ်ထဲမှာပဲ အတူအိပ်ခဲ့ကြတာ...မနက်ကျတော့ အကောက်ခွန်ရုံး ဖွင့်တာနဲ့ ထွက်သွားကြတာ.."

"....."

ကျောင်းမြန် ခဏကြောင်အသွားသည်။

ဘာဖြစ်တယ်......!

ကျောင်းမြန်က သံသယဖြစ်စွာဖြင့် ထပ်မေးလိုက်သည်-

"စီဆဲလ်က မနေ့က လေယာဥ်ပေါ်မှာ အိပ်တာလား..."

"ဟုတ်တယ်လေ...လေယာဉ်ထဲမှာ အခန်းတွေရှိတယ်" 

မင်ရန်က ပခုံးတွန့်လိုက်သည်။

ကျောင်းမြန် အံ့အားသင့်သွားသည်။ 

"ဒါဆို သူ့အိမ်မှာ ဘာလို့ မအိပ်ဘဲနဲ့ ယာဥ်ပျံပေါ်မှာ အိပ်တာလဲ..."

"......."

"အာ"

မင်ရန်သည် ကျောင်းမြန်ကို အံ့သြစွာကြည့်လိုက်သည်။

အိုး......ဘာလို့လဲ...!

တစ်ခုခု မှားနေတာလား.....။

မင်ရန်သည် စီဆဲလ်နောက်မှ အမြဲတမ်း မျက်စိစုံမှိတ်ပြီး ပြောသမျှနားထောင်ကာ တစ်ခါမှမေးခွန်းမထုတ်ခဲ့သောကြောင့် စီဆဲလ် လေယာဥ်ပေါ်မှာအိပ်သည်အား လူတိုင်းအိပ်နေကြဖြစ်သောကြောင့် ပုံမှန်ဖြစ်စဥ်ဟုသာ ယူဆခဲ့လေသည်။နား

သို့သော် ယခု ကျောင်းမြန်၏မေးခွန်းကို ရင်ဆိုင်နေရချိန်တွင်.......

ကောင်းပြီ.......

တကယ်ပါပဲ......!

ဘာလို့လဲ.....!

မင်ရန်က သတိကြီးစွာဖြင့် မေးလိုက်သည်-

"ရှင်တို့ ရန်ဖြစ်ထားကြတာလား..."

ကျောင်းမြန်က ခေါင်းငုံ့ကာ တွေးလိုက်သည်။

သူတို့ကြားတွင် ဘာပြသနာမှ မရှိခဲ့သလို နောက်ဆုံး ဆုံခဲ့သည့် အချိန်ကလည်း လေထုက ကောင်းနေဆဲဖြစ်သည်။

"မဟုတ်ပါဘူး"

"အာ...ကျွန်မတို့ မသိတဲ့ အကြောင်းရှိသေးတာလည်း ဖြစ်နိုင်ပါတယ်.."

မင်ရန်လည်း အများကြီးမတွေးတော့ဘဲ ပန်းများကို ကိုင်ထားရင်း ပြုံးလိုက်သည်။

"သူ အယ်ဗင်နဲ့ တခြားလူတွေကို အတူခေါ်သွားတာ တစ်ခုခုပြောစရာရှိလို့နေမှာ ..."

ကျောင်းမြန် က ပြုံးရုံပဲ ပြုံးနေတော့သည်။

မင်ရန်က အပြင်ထွက်ခါနီးတွင် အပြင်ဘက်မှ သူမနှင့်အတူပါလာသော အစောင့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံခဲ့ရသည်။

"ဘာဖြစ်လို့လဲ"

"အခု စက်ရုံအပြင်ဘက်မှာ ဗိုလ်ချုပ်ကျောင်းကို အင်တာဗျူးချင်လို့ဆိုပြီး...သတင်းထောက်တွေရောက်နေကြတယ်...."

မင်ရန် နှင့် ကျောင်းမြန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဘာရယ်....!

"အပြင်ထွက်ကြည့်ရအောင်။" 

ကျောင်းမြန်သည် အင်တာဗျူးဖြေရသည်ကို မကြိုက်သော်လည်း မင်ရန် တစ်ယောက်တည်းအား အပြင်ထွက်ပြီး ရင်ဆိုင်ခွင့်မပြုနိုင်ပေ။