Chapter 48.2 The End
Viewers 4k

Ch 48.2 ပြီးဆုံးခြင်း


တောင်တက်လမ်းသည် ရွှံ့များပိုထူထပ်လာပြီး ကောင်းကင်ကပိုလင်းလာကာ မိုးရေများကပိုးချည်မျှင်များကဲ့သို့ကျဆင်းနေခဲ့သည်။ ကားတစ်စီးက တောင်ကြားဖြတ်သန်းနေခဲ့ပြီး မိုးစက်များကိုဖြတ်၍ ထူထပ်သောတိမ်များနှင့် မြူမှုန်များကြားထဲ ပျော်ဝင်သွားခဲ့သည်။

ကားထဲရှိ လေထုက အေးခဲနေခဲ့သည်။

ဝမ်ဟွေ့ဝမ်သည် အလွန်အေးလာသဖြင့် တခိုက်ခိုက်တုန်နေကာ တစ်ကိုယ်လုံး ယားယံလာခဲ့သည်။ သူမက မနေနိုင်တော့ဘဲထပ်မေးလိုက်သည်။

"ဘာလို့ သူ့ကိုတွန်းချလိုက်တာလဲ..."

"မင်း စောက်ပါးစပ်ကို ပိတ်ထားလို့ရမလား!" 

ကျန်းရွေ့သည် အသက်ရှုသွင်းလိုက်ကာ စတီယာရင်ကို ကိုင်ထားသည့် သူ့လက်များက သိသိသာသာ တုန်နေခဲ့သည်။

"ဒါပေမယ့် သူ..."

ဝမ်ဟွေ့ဝမ်က နှုတ်ခမ်းကို ကိုက်လိုက်သည် သွေးအရသာက သူမလျှာဖျားထဲတိုးဝင်လာခဲ့သော်လည်း နာကျင်မှုကိုပင်မခံစားနိုင်တော့ချေ။

 "သူသေသွားမှာလား"

"သူသေရင်ရော ဘာဖြစ်လို့လဲ... အရင်က လူတွေကို သူသတ်လိုက်တာပဲမဟုတ်ဘူးလား"

ကျန်းရွေ့သည်အော်လိုက်ပြီး သူ့မျက်နှာက ဖျော့တော့လာခဲ့သည်။ ဒါကို သူ မပြောသင့်ပေ...

ဝမ်ဟွေ့ဝမ်သည် ပို၍ပင် တုန်လှုပ်သွားခဲ့ပြီး မျက်ရည်များ ကျလာတော့သည်။

" ဒီကိစ္စကို မပြောဖို့ သဘောမတူဘူးလို့ပြောတာမဟုတ်..."

"အဲ့တာတွေအားလုံးက မင်းကြောင့်ပဲလေ!" 

ကျန်းရွေ့က ခေါင်းကို လှည့်လိုက်ပြီး သူမကို စူးစူးရဲရဲစိုက်ကြည့်လာခဲ့သည်။

"မင်းပဲ တစ်လျှောက်လုံး သေတယ် သေတယ် သေတယ် သေတယ်တွေပဲ ပြောနေတာလေ...ငါက ဘာတတ်နိုင်မှာလဲ"

သူသည် စီးကရက်ဘူးကို ကိုင်လိုက်ပြီး ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။ ပါးစပ်ထဲထည့်ခိုက်၍ အကြိမ်ပေါင်းများစွာ မီးညှိလိုက်ရပြီး စိတ်ရှုပ်သွားခဲ့သည်။

(စီးကရက်ဗူးသည် အစကအလွတ်ဖြစ်နေခဲ့သည်)

ဝမ်ဟွေ့ဝမ်သည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး စီးကရက်ဘူးမှ စီးကရက်တစ်လိပ်ကို ဆွဲထုတ်ကာ မီးညှိလိုက်၍ ရှုက်လိုက်သည်။ ဘယ်သူကမှ စကားမပြောခဲ့ကြပေ။ ခဏအကြာတွင် ဝမ်ဟွေ့ဝမ်သည် စီးကရက်တစ်ဝက်လောက်သောက်ခဲ့ပြီး တွန့်ချိုးမှုန်မှိုင်းနေသောအနေအထားမှ တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။

သူမ မသိစိတ်ကနေထုတ်ပြောမိလိုက်သည်။

"အဲဒီနေ့ကလည်း မိုးရွာနေခဲ့တယ်..."

အဲဒီနေ့က မိုးလည်းရွာနေခဲ့သည်... သူမနှင့် ကျန်းရွေ့သည် ဝိုင်အချို့သောက်ခဲ့ပြီး ဆေးအချို့သုံးခဲ့ကြသည်။ မူလက သူတို့ ကားဒီတိုင်းမောင်းခဲ့ကြပေမယ့် အရမ်းပျော်နေသည့် ကျန်းရွေ့ကက ရုတ်တရက် ဆေးချဖို့ အကြံပြုလာခဲ့သည်။ သူမသည်လည်း ဆေးလိုက်ချခဲ့ပြီး သူမ၏အသိစိတ်သည် အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။ ဝမ်ဟွေ့ဝမ်သည် အလွန်စိတ်ခံစားချက်များမြင့်တက်ပြီး ခံစားလို့ကောင်းနေသဖြင့် အသိစိတ်ပင်ထိန်းမရခဲ့တော့ပေ။ သူမသည် ထိုလူ၏ ရင်ခွင်ထဲ၌ လဲကျသွားခဲ့ပြီး ဆက်လက်ရယ်မောနေခဲ့သည်။

ထို့နောင် သူတို့... ကားတစ်စီးကို တိုက်ခဲ့မိကြသည်။

သူတို့ နောက်နေ့မနက်နိုးလာကြပြီးနောက်တွင် နှစ်ယောက်လုံး စိတ်ရှုပ်သွားခဲ့ကြသည်။ ကျန်းရွေ့သည် တစ်စုံတစ်ဦးကို ရှာဖွေရန် သူ့အဆက်အသွယ်များကို အမြန်အသုံးပြုခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေ့တွင် မိုးရွာနေခဲ့ပြီး တောင်ပေါ်တွင် လူမရှိ.. သက်သေမရှိချေ။ထို့အပြင်သေဆုံးသွားသူနှစ်ဦးတွင် ဆွေမျိုးများမရှိကြသောကြောင့် ကိစ္စကို ကိုင်တွယ်ရတာ အလွန်လွယ်ကူခဲ့ပြီး မတော်တဆမှုတစ်ခုအဖြစ်သာ သဘာဝအတိုင်း သတ်မှတ်ခဲ့ကြသည်။

...သေဆုံးသူနှစ်ယောက်၏အမည်တွေက ဘာပါလိမ့်...

ဝမ်ဟွေ့ဝမ်သည် ရုတ်တရက် ဆတ်ခနဲတုန်သွားပြီး အနည်းငယ် အသိစိတ်ဝင်လာခဲ့သည်။သူမက ကားပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ကိုလှမ်းကြည့်လိုက်သည်။ တောင်တန်းများက သူမ၏အမြင်အာရုံထဲ အဆက်မပြတ် ဝင်လာခဲ့သည်။ စိုစွတ်သောလေများက သူမ၏ပါးစပ်နှင့်နှာခေါင်းတို့ထဲ စိမ့်ဝင်သွားခဲ့ပြီး ကျက်သီးများထလာစေခဲ့သည်။

မြင်ကွင်းက ထိုနေ့ကနှင့် အတူတူဖြစ်နေခဲ့သည်....

××××××××××

"မင်းရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမလား..."

နျဲ့ရှီသည် စိတ်ကောက်နေဆဲဖြစ်ပြီး ဖန်ချန်းကို သိပ်ဂရုမစိုက်ခဲ့ပေ။ ဖန်ချန်းသည် တမင်တကာ ဖြည်းညှင်းစွာ လျှောက်ခဲ့ပြီး လူသုံးယောက်နောက်မှလိုက်နေခဲ့သည်။

ကြောင်သည် ရပ်လိုက်ကာ ခေါင်းကို စောင်းလိုက်၍ "မြောင်" ဟု အသံပေးလိုက်သည်။သူကြည့်ရသည်မှာ လူသား၏ ပြောချင်သည့်အဓိပ္ပါယ်ကို နားမလည်နိုင်ပုံပေါ်နေသည်။

ဖန်ချန်းလည်း ရပ်တန့်ကာ ရယ်မောလိုက်သည်။

"ဒီမစ်ရှင် ပေါ်လာတာက တိုက်ဆိုင်မှုတစ်ခုလိုပဲ...ဒီမှာ ရှိနေကြသေးတဲ့ လူခြောက်ယောက်လုံးက ဒီနေရာမှာအတူတူ စုဝေးနေကြရတယ်လေ" 

ဒီလူ့ဘုံပေါ်တွင် သူတို့လေးယောက်သာရှိခဲ့သည်။ သူတို့သည် သူတို့၏ဧရိယာတစ်ဝိုက်အတွက်သာ တာဝန်ရှိပြီး ရံဖန်ရံခါ မစ်ရှင်များကို တင်ပြကြရသည်။ ဖန်ချန်းအား တခြား အိပ်မက်နတ်ဆိုးလူများနှင့် ကြုံတွေ့နိုင်စေရန် ဒီစုံတွဲကို ဒီမှာ စီစဉ်ဖြစ်သွားဖြစ်နိုင်သည်။

ကြောင်သည် သူ့ကိုယ်မှမိုးရေကိုခါလိုက်ပြီး နားရွက်ကို နောက်ခြေသည်းနဲ့ ကုတ်ကာ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။

"မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ" 

ဖန်ချန်းသည် ရုတ်တရက် အောက်ကိုငုံ့လိုက်၍ ကြောင်၏နားရွက်နား တစ်စုံတစ်ရာကို ရေရွတ်လိုက်ပြီး ကြောင်နားရွက်က လှုပ်ယမ်းသွားခဲ့သည်။ သူပြောပြီးသာ်နှင့် ရှေ့ကို အမြန်ပြေးသွားခဲ့သည်။ ထို့နောက်ခြေချော်သွားကာ ရွှံ့ထဲသို့ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။ သူ လဲကျသွားတော့မည့် အချိန်မှာပဲသူ့နောက်ရှိ အမြဲစောင့်ကြည့်နေသော နျဲ့ရှီက သူ့ကိုလှမ်းဖမ်းပေးခဲ့သည်။

ကြောင်က ရပ်လိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်ခဲ့ပြန်သည်။ ဒီတစ်ခါတွင်တော့ သူ့ခြေသည်းများကိုဖွက်ထားပြီး မျက်နှာကို ရိုက်သလိုမျိုးသာလုပ်ခဲ့သည်။

ဖန်ချန်းသည် ငြိမ်သက်သွားပြီး ခေါင်းကိုမော့ကာ နျဲ့ရှီကို ပြုံးပြလိုက်သည်။

နျဲ့ရှီက ချက်ချင်း ခေါင်းကို လွှဲလိုက်သည်။

"မင်...စိတ်ဆိုးနေသေးလားဟင်"

ဖန်ချန်းက နျဲ့ရှီလက်ဆွဲပြီး ပါးကိုခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

 "လာပါ.. စိတ်မဆိုးပါနဲ့တော့ ပြုံးပြပါအံုး"

"ငါ့မှာ ပြုံးပြတတ်တဲ့ အကျင့်မရှိဘူး"

 နျဲ့ရှီက တင်းမာစွာပြန်ပြောလာသည်။

ဖန်ချန်းသည် တစ်ခဏတာမျှကြောင်အသွားပြီး ရယ်မောလိုက်မိသည်။

ချောင်ယန်နှင့် ရှဲ့ယင်းတို့သည် ရှေ့မှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ တောင်များနှင့် သစ်တောများသည် တိတ်ဆိတ်နေခဲ့ပြီး မိုးစက်များက မြေပြင်ကို စိုစွတ်စေနေသည်။ လေထုထဲတွင် လတ်ဆတ်သော မြေသင်းနံ့ မြက်နံ့များဖြင့် ပြည့်နေသည်။ ဖန်ချန်းက အသက်ပြင်းပြင်းရှူရင်း နျဲ့ရှီ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။ 

"ငါမင်းကိုပြုံးဖို့အတွက် အတင်းမလုပ်ပါဘူး"

နျဲ့ရှီက ဖန်းချန်အား သူ့လက်ကိုကိုင်ခွင့်ပြုထားကာ ရှေ့သို့ ဆက်လျှောက်ခဲ့သည် ။

"မင်း ... လုပ်တယ်"

ဖန်ချန်းက ခေတ္တရပ်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် "အင်း.. တစ်ခါတလေတော့ ဟုတ်တယ်..." 

သူက လေးနက်ဟန်ဖြင့် "ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး"

"ငါတို့ကြားရှင်းရှင်းလင်းလင်းပြောစရာတွေရှိမယ်ထင်တယ်" 

လူနှစ်ယောက်က ဖြည်းညှင်းစွာ ရွေ့လျားသွားခဲ့ကြသည်။ ဖန်ချန်းကပြောလိုက်သည်။

"ငါမှတ်မိချင်ခဲ့တယ်..အဲဒီအမှတ်တရတွေက နာကျင်ပေမယ့်...ငါ့ကိုကာကွယ်ဖို့ မင်းကိုပြောခဲ့တယ်.. ဒါပေမယ့် ငါ့ကိုကလေးလိုဆက်ဆံဖို့တော့မပြောခဲ့ဘူးနော်"

နျဲ့ရှီသည် အကြာကြီးနေမှပြန်ပြောခဲ့လိုက်သည်။

 "တောင်းပန်ပါတယ်..."

"မင်း ဘာကို တောင်းပန်နေတာလဲ.. ငါကတောင်မှ မင်းကို ကျေးဇူးတင်ရအုံးမှာကို" 

ဖန်ချန်းသည် သူတို့နှစ်ယောက်လက်ကို ပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။ သူက နျဲ့ရှီ၏လက်ကိုဆွဲပြီး ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။

"မင်းငါ့ကို အမြဲတမ်း ကောင်းကောင်းကာကွယ်ပေးခဲ့တယ်"

 ဘဝက အရမ်းခက်ခဲသော်လည်း နေထိုင်ရတာထိုက်တန်ပေသည်...

"နျဲ့ရှီ..." 

ဖန်ချန်းသည် သူ့လည်ချောင်းထဲမှ ရှိုက်သံများကို မျိုချလိုက်ပြီးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူတို့ ဘယ်လောက်ပဲဒုက္ခရောက်နေပါစေ သူတို့ကြားရှိချစ်ခြင်းတရားသည် ဘယ်တော့မှ မသေခဲ့ပေ....

ဖန်ချန်းက နျဲ့ရှီကို မတွေ့ဆုံခဲ့မိပါက သူ့ဘဝလမ်းကြောင်း ဘယ်လိုပြောင်းသွားမလဲဆိုတာ တွေးပင်မတွေးကြည့်နိုင်ခဲ့ပေ...

ငယ်စဉ်ကလေးဘဝမှ အခုအချိန်အထိ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးရှိခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့ကြတာ ကြာလှပြီဖြစ်သည်။

ဖန်ချန်းသည် သူသာ နျဲ့ရှီ၏ မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားပါက သူဘဝကို မည်သို့ဦးဆောင်ရမည်ကို စိတ်ကူးမယဉ်နိုင်ပေ။

နျဲ့ရှီကပြောလာခဲ့သည်... 

"ငါမင်းရဲ့နောက်ကို အမြဲတမ်းလိုက်နေပြီးတော့ မင်းရဲ့ဘေးမှာပဲအမြဲတမ်းနေမှာ"

ဖန်ချန်းသည် ယခုအချိန်တွင် ငိုမိနေခဲ့ပြီး ရှက်စရာကောင်းသည်ဟု ခံစားမိလိုက်သည်။ နျဲ့ရှီ၏ရှေ့ဆို သူ့ခံစားချက်များကို ဘယ်လိုထိန်းရမယ်ဆိုတာ သူဘယ်တုန်းကမှ မသိခဲ့ပေ။ သူသည် ထိုခံစားချက်ရှိသော ဆယ်ကျော်သက်အဖြစ်သို့ ပြန်ရောက်လာခဲ့သည်။သို့တိုင်အောင် သူမျက်ရည်များကျနေတုန်းပင်...သူက ခဏမျှ ငြိမ်သက်သွားခဲ့ပြီး ပြန်ဖြေလိုရ်သည်။

"ကောင်းပြီ မင်းငါ့ကို အမြဲတမ်းလာကာကွယ်ပေး..." 

ထိုအချစ်များသည် ဘဝထဲသို့ ပေါင်းစည်းလာခဲ့ပြီး နံနက်ခင်းနဖူးအပေါ် အနမ်းပေးခြင်း...အမှတ်မထင် ငေးကြည့်ခြင်း ရုပ်ရှင်အတူကြည့်ခြင်း သခွါးသီးထည့်ထားေသာထမင်းကြော်များအဖြစ်သို့ေပြာင်းလဲသွားခဲ့သည်။ ၎င်းသည် ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်နှင့် လက်ဖက်ရည်တို့ကြား အရည်ပျော်သွားခဲ့ပြီး လေကဲ့သို့ တူညီသောတည်ရှိမှုဖြစ်လာခဲ့သည်။

ထွက်သက်ဝင်သက်တိုင်း ကြီးထွားလာခဲ့သည်။

×××××××××

ကောင်းကင်သည် မှောင်စပြုလာပြီဖြစ်ကာ သူတို့သည် လက်ကိုင်ဖုန်းရှိ အနီစက်လေးနှင့် အလွန်နီးကပ်နေသော်လည်း ပန်းတိုင်ကို မရောက်နိုင်ကြသေးပေ။

စီးကရက်ဘူးအလွတ်သည် ကားပေါ်၌ ပြုတ်ကျနေကာ ပတ်ပတ်လည်တွင် စီးကရက်ဘူးများစွာ ပြန့်ကျဲနေခဲ့သည်။ စီးကရက်ကို ကိုင်ထားသည့် ကျန်းရွေ့၏လက်သည် ကားပြတင်းပေါက်မှ တွဲလောင်းကျနေခဲ့သည် သူက ကျိန်ဆဲလိုက်ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီးပြောလိုက်သည်။

"သောက်ကျိုးနည်း အဲဒီကိုရောက်ဖို့ ဘယ်လောက်ဝေးနေသေးတာလဲဟ"

ဝမ်ဟွေ့ဝမ်သည် ရှေ့သို့ လှမ်းကြည့်လိုက်ပြီး ကျန်းရွေ့သည် လမ်းကြောင်းပြဖုန်းကို ယူလိုက်သည်ကို တွေ့လိုက်ရသည်။ သူမသည် အိပ်မက်မက်နေသကဲ့သို့ ခေါင်းကိုမော့လိုက်ပြီး တုံ့ပြန်မှုမရှိနေသည့် ကျန်းရွေ့၏ နီရဲနေသော မျက်နှာကို မြင်လိုက်ရသည်။

"ဘာဖြစ်လို့လဲ.."

"ဒါက ကာတွန်းပုံပဲ!"

"ဘယ်လို.."

ကျန်းရွေ့က ဒေါသတကြီး ဖုန်းကိုနောက်ကိုပစ်ပေါက်လိုက်ပြီး ဖုန်းကကားပြတင်းပေါက်ကိုစောင့်သွားခဲ့သည်။ အမျိုးသမီးက “အာ..” ဟုဆိုပြီး ခဏလောက်ကြာမှ မျက်လုံးများ ပြန်ကြည်လင်လာခဲ့သည်။

"ချီးပဲ အဲ့ကောင်စုတ်က ငါတို့အပေါ်လှည့်စားသွားတာ! ဒါက ကာတွန်းပုံကြီး ကာတွန်းရုပ်ပုံတစ်ပုံပဲတစ်ခုပဲ အဲဒါက လမ်းကြောင်းပြတဲ့ဟာ မဟုတ်ဘူး"


လမ်းဆုံးနေရာ၌စောစီးစွာ စောင့်ဆိုင်းနေရသောချောင်ယန် : "ဒါက မလိုအပ်ဘူးမလား.. သူတို့ ဘယ်လိုပဲဖြစ်ဖြစ်မလွတ်မြောက်နိုင်တာကို"

ရှဲ့ယင်းက ဘာမှမပြောလိုက်ေပ။ ဒါက သူတို့ကို ပိုကြမ်းတမ်းစေလိမ့်မည်။ ဆိုးသည့်နေရာတွင် ဖန်ချန်းသည် ချောင်ယန်ထက်ပင် ပိုဆိုးသည်။

ကားပေါ်ရှိ လူနှစ်ယောက်က ကြောင်အနေကြတုန်းဖြစ်သည်။ ကျန်းရွေ့က တုန်တုန်ယင်ယင်ဖြင့် ကားကိုပြန်ဆုတ်လိုက်ပြီး "ပြန်သွားရမယ် ပြန်သွားရမယ်ပြန်သွား..."

သို့သော်အချိန်က အရမ်းနှောင်းသွားပြီဖြစ်သည်။ သူပြောနေသည့်အချိန်မှာပင် ကောင်းကင်ကြီးက လုံးဝကို ဗလာဖြစ်သွားကာ မှောင်မဲသွားခဲ့သည်။

မိုးက တဖွဲဖွဲကျနေဆဲဖြစ်ပြီး ဝမ်ဟွေ့ဝမ်သည် ရှေ့ကို ဗလာဖြစ်စွာစိုက်ကြည့်နေခဲ့ပြီး ဖန်ချန်း၏အသံက သူမနားထဲပြန်ကြားယောင်လာခဲ့သည်။

--"မင်းတို့က အမြဲတမ်းထွက်ပြေးနေခဲ့တာပဲ"

သူမအဆုတ်ထဲမှ အောက်ဆီဂျင်များက တဖြည်းဖြည်းချင်း ဖယ်ထုတ်ခံလိုက်ရသလိုခံစားလိုက်ရသည်။ သူမ လည်ပင်းကို တစ်ယောက်ယောက်ကဆွဲညှစ်လာခဲ့သလိုမျိုး အသက်ပြင်းပြင်းရှူနေရကာ ခေါင်းက မူးဝေလာခဲ့သည်။ ကျန်းရွေ့သည်လည်း ကားစတီယာတိုင်ကိုဆက်လက်ဆုပ်ကိုင်ထားရင်း ဆေးလိပ်သောက်ရန် နောက်ထပ် ဆေးလိပ်တစ်လိပ်ကို ရှာဖွေလိုက်သော်လည်း မြေပြင်ပေါ်ကျနေသည့် သေတ္တာအလွတ်ကိုသာ တွေ့လိုက်ရသည်။

ဝမ်ဟွေ့ဝမ်သည် ပုရွက်ဆိတ်များက သူမ၏အရိုးများကို အရေပြားအောက်၌ကိုက်ဖြတ်နေသလိုမျိုးခံစားလိုက်ရသည်။

ကျန်းရွေ့က ရုတ်တရက် ရပ်သွားခဲ့သည်။ သူမသည် သူ့ကိုသံသယစိတ်ဖြင့် ကြည့်လိုက်မိသည်။ ကျန်းရွေ့သည် နောက်ကြည့်မှန်ကိုကြည့်ကာ ကြောက်မက်ဖွယ်အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး ပါးစပ်ကို ကျယ်ကျယ်ဖွင့်လာခဲ့သည်။ ဝမ်ဟွေ့ဝမ်သည် ရုတ်တရက် တင်းမာလာပြီး မလှုပ်ရှားရဲတော့ပေ။

ကျန်းရွေ့၏ မျက်လုံးများထဲ၌ ရွှံ့ပေနေသောလူပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူသည် နောက်ထိုင်ခုံမှာ ထိုင်နေကာ ရွှံ့များက ကားကြမ်းပြင်ပေါ်တဖွဲဖွဲကျနေခဲ့သည်။ ကျန်းရွေ့သည် သူခြေဖဝါးများက ပျော့ပျောင်းလာပြီး ရွှံ့များနစ်လာသလိုခံစားလိုက်ရသည်...ရုတ်တရက် နောက်ကသူက သူ့ဆီလက်လှမ်းလာခဲ့သည်...

ကျန်းရွေ့ကအော်ဟစ်လိုက်ပြီး ကားတံခါးကိုဖွင့်၍ လှိမ့်ဆင်းသွားကာ ရွှံ့ထဲသို့ပြုတ်ကျသွားခဲ့သည်။

ဝမ်ဟွေ့ဝမ်သည် သေမတက်ကြောက်မိသွားသော်လည်း သူမနံဘေးရှိ ကားတံခါးက ဖွင့်လို့မရသည်ကို တွေ့လိုက်ရသည်။ ကျန်းရွေ့ကက သူမကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူမ လည်း စိတ်ပျက်လက်ပျက်ဖြင့် နောက်ကိုကြည့်လိုက်မိသည် - ဘာမှမရှိနေပေ....

ကားပေါ်မှာ ဘာမှမရှိနေခဲ့ပေ...

ဝမ်ဟွေ့ဝမ်သည် တုန်တုန်ယင်ယင်ဖြင့် အပြင်ကို ပြန်ကြည့်လိုက်သည်။

ပုပ်ပွနေသလိုမျိုးဖြင့် ယင်ကောင်တလောင်းလောင်းဖြင့် လူတစ်ယောက်၏ ပုံရိပ်သည် ရွံ့ထဲမှ တဖြည်းဖြည်းထလာခဲ့သည်။ သူမသည် ယာဉ်မောင်းထိုင်ခုံသို့ အမြန်ကူးထိုင်လိုက်ပြီး တံခါးကိုပိတ်ကာ ကားကိုစတင်လိုက်၍ နောက်ပြန်ဆုတ်လိုက်သည်။

သူမသာ သေချာပိုကြည့်လိုက်ခဲ့ပါက ခန္ဓာကိုယ်ပေါ်မှ အသားစများအဆက်မပြတ်ကျနေသည့် ပုပ်နေသောမကောင်းဆိုးဝါးသည် သူမဆီ ခုန်ဝင်လာဖို့နေနေသာသာ သူလည်းပဲ ကြောက်လန့်တကြား နောက်ပြန်ပြေးနေတာကို တွေ့ရလိမ့်မည်ဖြစ်သည်။

သို့ပေမယ့် သူမတွင် စဉ်းစားဖို့ အချိန်မရှိတာကြောင့် ကားကို နောက်ပြန်ဆုတ်လိုက်ပြီး ပုပ်ပွနေသော အလောင်းကောင်လိုလူကို ပြေးတိုက်လိုက်သည်။အော်ဟစ်သံများက အဆုံးမရှိ ထွက်လာခဲ့သည်။ ပုပ်နေသောလူက မသေသေးပေ။ သူမသည် ရှေ့ဆက်တိုးရန် ရုန်းကန်လိုက်ရသည်။ ဝမ်ဟွေ့ဝမ်သည် ကားကို နောက်တစ်ကြိမ် နောက်ပြန်ဆုတ်လိုက်ကာ သူ့ကိုထပ်တိုက်လိုက်ပြန်သည်။ သူမသည် သဲသဲမဲမဲ မိုးသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်အထိ အကြိမ်ကြိမ် အလှည့်ကျ တိုက်နေခဲ့သည် ။ ထို့နောက် ဝမ်ဟွေ့ဝမ် ပြုံးလိုက်မိသည်။ သူမသည်မကောင်းဆိုးဝါးကို အသေသတ်ပစ်နိုင်ခဲ့ကာ အနိုင်ရသွားချေပြီ။

သူမ အနည်းငယ် စိတ်တည်ငြိမ်သွားပြီးနောက်ရုတ်တရက် သတိရသွားမိသည်... ကျန်းရွေ့ရော ဘယ်မှာလဲ...

ဝမ်ဟွေ့ဝမ်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ကားနောက်ခန်းတွင် တစ်ယောက်ယောက်ကလက်နှစ်ဖက်ကို ပိုက်ကာ ထိုင်နေခဲ့သည်။ သူက ခေါင်းကိုစောင်းလိုက်ပြီး ပြုံးကာ "အခုရော ထွက်ပြေးချင်သေးလား"

ဝမ်ဟွေ့ဝမ်သည် အော်ဟစ်လိုက်ပြီး ကားထဲမှ ပြေးထွက်လာခဲ့လိုက်သည်။ထို့နောက် သူမအကြိမ်ကြိမ်တိုက်ခဲ့သော လူပုံသဏ္ဍာန်မဟုတ်နေသည့် ပုပ်ပွပွ အလောင်းကောင်သည် အားနည်းစွာဖြင့် ဒူးထောက်ထိုင်နေခဲ့သည်။

အစက..မူလအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေမယ့်...အခုတော့မြင်လိုက်ရသည်...အဲ့တာက ကျန်းရွေ့ပင်!!

တစ်ခုခုတော့မှားနေချေပြီ.... ပတ်ဝန်းကျင်က လှုပ်လာခဲ့ပြီးပြောင်းလဲလာခဲ့သည်။

ဝမ်ဟွေ့ဝမ်သည် ဆံပင်များကို တင်းတင်းဆွဲလိုက်ပြီး ဦးရေပြားကနေ သွေးများ စီးကျလာခဲ့သည်။

သူတို့ကသာ သွေးလေခြောက်ခြားဖြစ်ခဲ့ကြသည့်သူများပင်!

ပုပ်ပွနေသော အလောင်းကောင်သည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်ကာ သူမဆီသို့ တရွေ့ရွေ့လာခဲ့သည်။

ဝမ်ဟွေ့ဝမ်သည် သူမတော့ သေပြီဖြစ်ကြောင်း သိလိုက်ရကာ စိတ်ပျက်လက်ပျက် မျက်လုံးမှိတ်ထားလိုက်သည်။

ထိုအချိန်တွင် ယာဉ်မောင်းထိုင်ခုံ၌ မည်သူမျှမရှိနေသည့် ကားသည် ဖြည်းညှင်းစွာ စတင်ရွေ့လျားလာခဲ့ကာ ပုပ်ပွနေသော အလောင်းကောင်နှင့် အမျိုးသမီးကို ကြိတ်ချေသွားခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ဦးခေါင်းခွံများကွဲအက်သွားပြီး ပတ်ဝန်းကျင်က အသံများက ရပ်တန့်သွားတော့သည်။

တဖြေးဖြေးမိုးစဲသွားခဲ့ပြီး ကောင်းကင်တွင် အလင်းရောင်ဖျော့ဖျော့တောက်လာခဲ့ပြီး စိမ်းစိုနေသော သစ်ရွက်ခြောက်များဆီက ရေစက်လေးတွေ စီးကျလာခဲ့သည်။

ရုတ်တရတ် တောက်ပသောအလင်းတန်းတစ်ခုက လေထဲ၌ ပျံ့လွင့်လာချိန်တွင် ချောင်ယန်၏ လက်ဖဝါးက စိတ်နတ်ဆိုး ခန္ဓာကိုယ်ထဲကို တစ်ဝက်လောက် ရောက်နေပြီဖြစ်သည်။

နျဲ့ရှီက သူ့သေနတ်ကို ဖယ်လိုက်ပြီး ချောင်ယန်အနားမှဖြတ်သွားကာပြောလိုက်သည်။

“ထွက်သွားစမ်း” 

တခြားလူများကလည်း သူ့ဘေနားမှဖြတ်သွားကြပြီးချောင်ယန်ကပြောလိုက်သည်။

"မသွားဘူး"

ရှဲ့ယင်းက အသက်ရှူသွင်းလိုက်ပြီး ချောင်ယန်ပုခုံးကို ဖြတ်ရိုက်လိုက်ကာပြောလိုက်သည်။

"နင် သူ့ကို သွားမစဘဲမနေနိုင်ဘူးလား... နျဲ့ရှီက နင့်ကို ရှစ်ပိုင်းပိုင်းလိုက်တဲ့အခါကြမှ ဘာပြောနိုင်မလဲ ကြည့်ကြသေးတာပေါ့"

မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် သနားစရာလူသားများသည် တဖြည်းဖြည်း ကွယ်ပျောက်လာပြီး တိမ်မည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤအရာများသည် လူ့ခန္ဓာကိုယ်တွင် ကျန်ရှိနေသော စိတ်နတ်ဆိုးများပင် ဖြစ်သည်။

ဖန်ချန်းသည် ကားပေါ်မှ ဆင်းလာခဲ့ပြီး အပြင်ဘက်တွင် ထိုင်နေခဲ့သော ကြောင်လေးအား အပြစ်ကင်းစွာ မျက်တောင်ခတ်ပြလိုက်သည်။

"ဒီတစ်ခါတော့ ငါ့လုပ်တာမဟုတ်ဘူးနော်.. ကားက သူ့ဘာသာ ရွေ့သွားတာ!"

ကောင်းကင်သည် တဖြည်းဖြည်း တောက်ပလာပြီး နံနက်ခင်း နေရောင်သည် မိုးကုတ်စက်ဝိုင်းသို့ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ဖန်ချန်းသည် နောက်ပြန်လှည့်ကြည့်ကာ ပူနွေးသောအနီရောင်တောက်တောက် နေရောင်ကိုကြည့်လိုက်၍ နွေးထွေးအေးမြသောနေရောင်ခြည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူက လှည့်၍ လမ်းလျှောက်နေသော လူသုံးယောက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီးပြောလိုက်သည်။

"ဟေးးသွားကြရအောင်.. ကြိုပြီး ပြင်ဆင်ထားကြမယ် နောက်ထပ်လူတသုတ် လာတော့မယ်...အဲ့တာက လာနေပြီ..."

မြို့တော်သည် ယခင်ကဲ့သို့ ပျားပန်းခတ်ကာယောက်ယက်ခတ်လှုပ်ရှားနေသည့်ဆီသို့ ပြန်ဖြစ်ခဲ့ပြီး လူ့ဘုံသည် ထိုနေရာတွင် ရှိမြဲဖြစ်နေတော့သည်။

ပြီးပါပြီ