Chapter 47
Viewers 4k

Ch 47 စတင်ခြင်း


မီးခိုးရောင်နံနက်ခင်းတစ်ခု၌ ဖန်ချန်းနှင့် နျဲ့ရှီတို့သည် လီလီပန်းစည်းကြီးကို လက်ထဲတွင် ကိုင်ဆောင်ကာ မိဘမဲ့ဂေဟာဒါရိုက်တာအဖွားထံ အစောကြီးသွားလည်ရန် ပြင်ဆင်ခဲ့ကြသည်။

ဖန်ချန်းသည် ပန်း၏အနံ့စူးစူးကြောင့်အဆက်မပြတ် နှာချေနေသည်မို့ ပန်းစည်းကို သူ့ပေါင်တွင်ပေါ်တင်ထားကာ ခရီးသည်ထိုင်ခုံပေါ်တွင် မှီနေခဲ့သည်။ နျဲ့ရှီသည် ကားတံခါးကိုဖွင့်၍ အထဲသို့ဝင်လာခဲ့ပြီး ထိုင်ခုံခါးပတ်ကို ပတ်ကာ ကားကိုစတင်မောင်းခဲ့လိုက်သည်။

ကားသည် မြို့ထဲမှ ထွက်လာခဲ့ပြီးနောက် မိုး တဖွဲဖွဲ ရွာလာခဲ့သည်။ကား wiper သည် ကားမှန်ပေါ်တွင် အဆတ်မပြတ်လှုပ်ရှားနေခဲ့ရသည်။ ဖန်ချန်းက ခေါင်းကို လှည့်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ မိုးရွာပြီး မြူများအံု့ဆိုင်းထူထပ်နေသောကြောင့်ဘာမှသဲသဲကွဲကွဲ မမြင်ရပေ။ ကားပေါ်ရှိ အဆင်မပြေသောလေထုကို သက်သာစေရန် သီချင်းတစ်ပုဒ်လောက် ဖွင့်သင့်ပေသည်။ သို့ပေမယ့် နှစ်ယောက်လုံး မလှုပ်ခဲ့ကြပေ။ ဖန်ချန်း၏လက်ချောင်းများက ပန်းစည်း‌ေပါ်ပါ်ထုပ်ပိုးထားသည့် ပလပ်စတစ်အပေါ် ပွတ်သပ်လိုက်ပြီး ထောင့်စွန်းများကို ခြစ်လိုက်သည်။ လက်ချောင်းထိပ်တွင် အဖြူရောင်အမှတ်အသားတစ်ခု ပေါ်လာခဲ့ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သူ တစ်ခုခုကို ပြောလိုက်ချင်သည်။ သူသည် စကားအများဆုံးပြောလေ့ရှိသူဖြစ်ခဲ့ဖူးပြီး နျဲ့ရှီက သူဘာပြောပြော ဂရုတစိုက်နားထောင်ခဲ့သည်။

အချိန်အတော်ကြာပြီးသည်အထိ ကားပေါ်၌ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ရှိ‌ေနသေးသည်။

ကားသည် တောင်ပေါ်သို့ တဖြေးဖြေး မောင်းနှင်လာကာ ဘေးနှစ်ဖက်‌တွင်သစ်ပင်များထူထပ်နေသည့်နေရာများကိုဖြတ်‌လာရပြီး မညီမညာ ကျောက်တုံးများပေါ်၌ ရံဖန်ရံခါ မောင်းနေခဲ့ရသည်။

တောင်ပေါ်လမ်းသည် ရွှံ့များထူထပ်လှကာ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး ဘယ်သူမှမရှိနေပေ။

သူနှင့် နျဲ့ရှီတို့သာ ရှိခဲ့ကြသည်။

လေထုအခြေအနေကပိုတောင် ရှက်စရာဖြစ်လာခဲ့သည်။

"ဒါဆို...ဘယ်ကိုသွားကြဖို့ ဆုံးဖြတ်ပြီးပြီလဲ”

နျဲ့ရှီက ရုတ်တရက် မေးလာခဲ့သည်။ဖန်ချန်းသည် အနည်းငယ် အံ့အားသင့်သွားရပြီး ခဏကြာသည်အထိ ပြန်မဖြေနိုင်ခဲ့ပေ။

"ခရီးသွားဖို့ကို..."

ထို့နောက် နျဲ့ရှီကထပ်ပေါင်းဆိုလာခဲ့ပြန်သည်။

သူ မဖြေမိသေးပေ။ နျဲ့ရှီသည် ဖန်ချန်းက သူ့စကားသူပြန်ရုတ်သွားတာလို့ တွေးမိလိုက်ပြီး ချက်ချင်းပင် စိုးရိမ်တကြီးပြောလာခဲ့သည်။

"မင်း ကတိပေးထားတယ်..."

"ငါ့စကားငါ ပြန်ရုတ်သိမ်းဖို့ ရည်ရွယ်ချက် မရှိပါဘူး"

ဖန်ချန်းက သူ့ပေါင်ပေါ်ရှိ လီလီပန်းစည်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ သူ ပန်းစည်းကိုကားနောက်ခန်းမှာ ထားသင့်သော်လည်း အမှားလုပ်မိသွားခဲ့သည်။ သူက ခေါင်းကို မော့ကာ ပြုံးလိုက်သည်။

"ဘယ်သွားရမလဲကို ငါစဉ်းစားရအုံးမယ်"

နျဲ့ရှီ၏ပခုံးများက ဖြေလျှော့သွားပြီး သူ့ကို စိုးရိမ်တကြီးကြည့်လာခဲ့သည်။ ဖန်ချန်းက စတီယာရင်ကို ညွှန်ပြပြီးပြောလိုက်သည်။

"ကားမောင်းတာ အာရုံစိုက်"

"အိုခေ"

ဖန်ချန်း သူ့ထိုင်ခုံပေါ် နောက်ပြန်မှီထိုင်လိုက်ပြီး နျဲ့ရှီ၏ စတီယာရင်ဘီးပေါ်မှ လက်‌ေချာင်းအဆစ်များချာင်းအဆစ်များနှင့် အကြောထင်းထင်းလက်ကောက်ဝတ်မှတစ်ဆင့် အနက်ရောင် အင်္ကျီစအထိ ပြောင်ပြောင်တင်းတင်း စိုက်ကြည့်နေလိုက်သည်။ 

သူတို့..တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာပြီလဲ...ငယ်ငယ်ကစတွေ့ခဲ့ကြပြီး အခုချိန်ထိ...

နျဲ့ရှီသည် ရှေ့ကို စိုက်ကြည့်နေခဲ့တာကြောင့် ဖန်ချန်းသည် သူ့၏ ရှည်လျားသော အနက်ရောင် မျက်တောင်များနှင့် ဖြောင့်စင်းသောနှာတံကိုသာ မြင်နိုင်ခဲ့သည်။ ဖန်ချန်းဆက်ပြီး လှမ်းကြည့်နေခဲ့သည်။

သူတို့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ..

ဖန်ချန်းသည်ကြီးပြင်းလာသည်နှင့်အမျှ ရယ်မောမှုများတဖြည်းဖြည်းနှင့် လျော့ပါးလာခဲ့ပြီး ငယ်ငယ်ကသူလုပ်ခဲ့သလိုမျိုး ကလေးဆန်သည့် ဟာသများကိုလည်း မပြောတော့ပေ။ နျဲ့ရှီသည် တိတ်ဆိတ်နေမြဲဖြစ်ဖြစ်ပြီး သူလည်း အလားတူပင်။

တစ်ခါတရံ ဖန်ချန်း နျဲ့ရှီက သူ့ကို သဘောကျနေသေးလားလို့ တွေးမိခဲ့ပြီး တစ်ခါတရံတွင် နျဲ့ရှီက ပင်ပန်းငြီးငွေ့နေပေမယ့် ထုတ်ပြောဖို့ ပျင်းနေသည်လားဟုတွေးမိပြန်ခဲ့သည်။ ခြုံပြောရလျှင် သူတကယ်ကို အများကြီး ပြောင်းလဲသွားခဲ့သည်။စာမေးပွဲကျလို့ ထောင့်တစ်နေရာတွင်ပုန်းနေခဲ့တတ်ပြီး မျက်ရည်များကို‌ လျှို့ဝှက်စွာ သုတ်တတ်သော ကောင်လေးတစ်ယောက်ကနေ ကြီးပြင်းလာခဲ့ပြီး တခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာမှာ ချောမွေ့လာခဲ့၍ ပိုရင့်ကျက်လာခဲ့သည်။

နျဲ့ရှီသည် အချစ်ကိုထုတ်ဖော်ပြရာတွင် မတော်ပေ။ သူသည်ငယ်စဉ်ကတည်းက စကားများများပြောတတ်သူမဟုတ်တာကြောင့် ဖန်ချန်းသည် သူ့ဆီမှချစ်စကားများအား ကြားရခဲလေသည်။ သူတို့ဧ။်ဆက်ဆံရေးအစောပိုင်းကာလများတွင် ဖန်ချန်းက သူ့ကို တမင်တကာ ကျီစယ်ဟန်ဖြင့်ပြောခဲ့ဖူးသည်။

"မင်း ဘာမှ မပြောဘူးဆိုတာက ငါနဲ့ အတူမနေချင်လို့လား" 

ထိုအချိန်တွင် နျဲ့ရှီက သူ့လက်ကောက်ဝတ်ကို အပြင်းအထန် ဆုပ်ကိုင်လာခဲ့ပြီး မဟုတ်ဘူးဟု ဖြေ၍ မျက်လုံးမှိတ်ထားခဲ့ကာပြောလာခဲ့သည်။

"ငါ..ကစကားပြောတဲ့နေရာမှာသိပ်မတော်ဘူး... မင်းဘာကြားချင်လဲဆိုတာပြောပါ ငါပြောပေးမယ်" 

ဖန်ချန်းသည် အနည်းငယ်စိတ်မကောင်းဖြစ်သွားခဲ့ပြီး နျဲ့ရှီ၏ ထိတ်လန့်မှုကို မခံနိုင်တာကြောင့် ပြုံးပြီး ပြန်ပြောခဲ့သည်။

"ငါက ဒီတိုင်းနောက်လိုက်တာပါ... မင်းမလုပ်ချင်ရင်လည်း အဆင်ပြေပါတယ်"

နောက်ပိုင်းတွင် ဖန်ချန်းသည် ဒီအဖြစ်အပျက်ကို ဘယ်တော့မှ ထုတ်မပြောတော့ဘဲ နျဲ့ရှီကို အချစ်အကြောင်းပြောစေရန် အတင်းအကြပ်မလုပ်ခဲ့ပေ။ နျဲ့ရှီ နှုတ်ဆိတ်နေသည်ပင်ဖြစ်စေ ဖန်ချန်းသည် ပြုံးပြုံးရွှင်ရွှင်နှင့် စကားများစွာပြောပေလိမ့်မည်။ နျဲ့ရှီ ပြုံးသည်ကို သူမြင်ရတာနှင့်သူသည်လည်း နျဲ့ရှီနှင့်အတူ ရယ်လိမ့်မည်။ သို့သော်လည်း အချိန်များစွာပြောင်းလဲလာခဲ့ပြီးနော် အရာတော်တော်များများသည်လည်း ပျောက်ကွယ်သွားခဲ့ရပြီး ဖန်ချန်းသည် မသေချာမရေရာ ဖြစ်လာခဲ့တော့သည် ။ သူ့ကိုယ်သူပင် အပြုံးနှင့်မဖြည့်တင်းပြနိုင်တော့ပေ။ အရာများစွာက သူ့ထံရောက်လာခဲ့ပြီး သူ့အား ထိလွယ်ရှလွယ်နှင့် သံသယလွယ်သူဖြစ်လာစေခဲ့သည်။

သူသည် ဆယ်ကျော်သက်အရွယ်တုန်းကလို ယုံကြည်မှုမရှိတော့ဘဲ... သူသည် ဟာသတစ်ခုအနေနှင့် မမြင်တော့ဘဲအလေးအနက်ထားသင့်သည့်ကိစ္စရပ်လိုမျိုး လိုချင်သောအဖြေကိုရချင်ခဲ့သည်။

နျဲ့ရှီက သူ့ကို ချစ်နေတုန်းပဲဆိုတာ သေချာပေါက် သူသိသော်လည်း အချစ်များကက ဘဝဆိုသည်ထဲ အရည်ပျော်ဝင်သွားခဲ့ပြီး ထင်း၊ဆန်၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်နဲ့ လက်ဖက်ရည်တို့ကြား အရည်ပျော်သွားချိန်မှာတော့ သူအတိအကျပြောရဲသည့်သတ္တိများ ဆုံးရှုံးသွားခဲ့ရသည်။

ကားသည် ရှေ့သို့ ဆက်လက် မောင်းနှင်နေဆဲဖြစ်ပြီး ကြီးမားသော ကားစောင်းမျက်နှာပြင်က သူတို့ကိုဆောင့်တိုက်လာခဲ့သည်။ သူခန္ဓာကိုယ်ကိုလှည့်ခါနီးမှာပဲ အသိစိတ်ဝင်လာခဲ့သည်။ အရွက်‌ကြွေများပေါ် မိုးတဖွဲဖွဲကျနေသေးသည်။ ဖန်ချန်းသည် မှုန်ဝါးနေသော ကားပြတင်းပေါက်မှတဆင့် တောင်ပေါ်ရ‌ှိ လူရိပ်နှစ်ခုကိုသူတွေ့လိုက်ရသည်။ သူ့နားထဲတွင် အုန်းခနဲဖြစ်သွားခဲ့ကာ ဒရမ်စည်းချက်အချို့နှင့် ဟဲဗီးမက်တယ်တေးဂီတက ဝင်လာခဲ့သလိုပင်။ မှုန်ဝါးနေသောပုံရိပ်နှစ်ခုအပေါ် သူ့မျက်လုံးများက စိုက်ကြည့်နေဆဲပင်... ကားသည် ရုတ်တရက် ပြောင်းပြန်မှောက်သွား၍လိမ့်သွားခဲ့ပြီး သူ့ထိုင်ခုံဆီသို့ ဇောက်ထိုးပြန်ကျလာခဲ့သည်။ လီလီပန်းများသည် နံဘေးသို့ကျလာခဲ့ပြီး ပန်းပွင့်များမှ ပွင့်ဖက်များသည် နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။

“ဘယ်လို…” 

သူစကားဆံုးအောင်မပြောရသေးမီမှာပဲ ကားကိုယ်ထည်သည် ထပ်မံအတိုက်ခံလိုက်ရသည်ည်။ဒုတိယအကြိမ်မြောက်အတိုက်ုက်ခံရပြီးနောက် ကားသည်ချောက်ကမ်းပါးစွန်းသို့ ရောက်သွားခဲ့ကာ အောက်ဘက်သို့ ကျဆင်းသွားခဲ့တော့သည်။ ဖန်ချန်းတွင် ဘာမှ စဉ်းစားဖို့ အချိန်မရှိခဲ့ပေ ။ ကျယ်လောင်သော ဂီတသံများက သူ့နားထဲ လွှမ်းသွားခဲ့သည်။ သူ့မျက်လုံးများထဲ အနီရောင် အပြာရောင် အလင်းတန်းများ ခဏလောက် ဝင်လာခဲ့ပြီးနောက် မှောက်ခုံလဲကျသေဆုံးသွားခဲ့တော့သည်..။

အပြင်ဘက်တွင် မိုးက တဖွဲဖွဲကျနေဆဲဖြစ်ပြီး ကားတစ်စီး၏မီးလုံးနှစ်လုံးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့သည်။ တောင်ပေါ်တွင် ပြိုင်ကားတစ်စီးက ရပ်တန့်သွားခဲ့သည်။

"ဘာဖြစ်တာလဲ...အရှေ့မှာ ဘာပိတ်နေလို့တာလဲ"

ကားထဲတွင် ထူးဆန်းသော မီးခိုးငွေ့များဖြင့် ပြည့်နှက်နေခဲ့ပြီး သီချင်းသံများက ဆူညံနေခဲ့သည်။ ကားမောင်းသည့် အမျိုးသားက အမျိုးသမီးတစ်ဦးကို သူ့လက်ထဲပွေ့ဖက်ထားကာ မူးနေခဲ့လေသည်။

“ရှင် ကားတစ်စီးကိုတိုက်မိလိုက်သလိုပဲ"

"ဟမ်.." 

ထိုလူက သူ့လက်ကို မြှောက်ကာ စီးကရက်တစ်လိပ်ကို ကိုင်လိုက်ပြီး ပြုံးလိုက်သည်။

"အဲ့ဒါက ကားတစ်ကားဆို ကိုယ်ဘာလို့မတွေ့ရတာလဲ"

သူကခေါင်းငုံ့ပြီး ရင်ခွင်ထဲရှိမိန်းမနှင့် စကားဖလှယ်လိုက်သည်။ ထို့နောက်စေးကပ်သော အနမ်းကိုဖလှယ်လိုက်ကြပြီး သူသည် ကားကို ဖြည်းညှင်းစွာ နောက်ပြန်လှည့်ကာမောင်းသွားခဲ့တော့သည်။

နံနက်စောစောတွင် ကောင်းကင်၌ အလင်းရောင်အနည်းငယ်ရှိနေခဲ့ပြီး တောင်ပေါ်တွင် တိမ်များ‌ေဝ့ဝဲပေါ်နေခဲ့သည်။

“ဒါ…” 

ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရသော တောင်ပေါ်၌ ရပ်နေသည့် စုံတွဲသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အမျိုးသမီး၏ မျက်လုံးများက သိသိသာသာ ရှောင်တိမ်းနေခဲ့ပြီး တုန်လှုပ်နေခဲ့သည်။

"ဘာတွေဖြစ်သွားတာလဲ"

"ငါတို့ ရဲခေါ်ကြမလား" 

အဘိုးကြီးလည်း တုန်လှုပ်ချောက်ချားစွာဖြင့် တောင်အောက်သို့ ငုံ့ကြည့်ကာပြောလိုက်သည်။

အဘွားအိုက သူ့ယောက်ျားကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာပြောလိုက်သည်။

"ဘာအတွက်ရဲခေါ်မှာလဲ...ဒီအဓိပ္ပာယ်မရှိတဲ့ဟာတွေအတွက် စိတ်ပူမနေနဲ့ လာလာ မြန်မြန်ထွက်သွားကြရအောင် နောက်မှ မဆိုင်ဘဲအဖမ်းခံနေရမယ်" 

သူမက ဘောင်းဘီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ရှေ့ကို လှမ်းမျှော်ကြည့်လိုက်သည် ။

အဘိုးကြီးသည် စက္ကန့်အနည်းငယ်မျှ ရပ်သွားပြီးနောက် အောက်ကိုငုံ့ကြည့်ကာ အဘွားကြီးနောက်လိုက်သွားရင်း အော်ပြောလိုက်သည်။

"ဟေး...အဘွားကြီး... ငါ့ကို စောင့်အုံးလေ ဘာလို့ ဒီလောက်မြန်မြန်လမ်းလျှောက်နေတာလဲ!"

မိုးသည် တဖွဲဖွဲကျနေဆဲဖြစ်ကာ မြေကြီးပေါ်မှာ ရိုက်ခတ်နေဆဲဖြစ်ခဲ့သည်။

×××××××××××××

"ပြစ်ဒဏ်ကို လက်ခံရမယ်.. ဒီထဲပါဝင်ဖို့အတွက် အရာအားလုံးကို မေ့ထားရမယ်"

ပတ်ဝန်းကျင်သည် ဗလာဖြစ်နေခဲ့သည်။ ကြောင်သည် သူ့ကို မျက်နှာမူနေပြီး ခြေသည်းတွေကို လျက်နေခဲ့သည်။ ဖန်ချန်းသည် ထိုမိုးရွာသောနေ့...မငြိမ်သက်သောလေကြားရ‌ှိ သူ့သွေးခုန်နှုန်းများနှင့် နှင်းပွင့်များ ကို တွေးနေမိခဲ့ပြန်သည်။ သံချေးနံ့နှင့် ပန်းနံ့ရောစပ်ထားသော အနံ့များကသူ့နှာဖျားထက်ဝေ့ဝဲနေခဲ့သည်။

နျဲ့ရှီအား ထိုနေ့တွင် ဘယ်လောက်ကြာကြာ ရုန်းကန်ခဲ့ရသည်ကို သူ မမေးခဲ့ပေ။ချောက်ကမ်းပါးသည် လူနှစ်ဦးကို ချက်ချင်းမသတ်နိုင်ခဲ့ပေ။ ဖန်ချန်းသည် သွေးများစွာဆုံးရှံုးသွားသည့်တိုင်အောင် ဘယ်လောက်ကြာအောင်အထိ အသက်ဆက်ရှုသွင်းခဲ့လဲဆိုတာကို မမှတ်မိတော့ပေ။ အရာအားလုံးဆုံးရှုံးသွားပြီး အခွံလွတ်တစ်ခုသာကျန်ခဲ့ကာ သေခြင်းတရားသည် မျှော်လင့်ထားသလို မဖြစ်ခဲ့ချေ။ သူ့အသိစိတ်မသေဆုံးမီ နောက်ဆုံးအခိုက်အတန့်တွင် နျဲ့ရှီအား သူ့ကို စိတ်အေးချမ်းမှုပေးစေသည့် အချစ်စကားလုံးတစ်ရာကို သူမသေခင်အထိ ပြောပေးရန်တောင်းဆိုခဲ့လိမ့်မည်ဟု တွေးခဲ့သည်။

ဖန်ချန်းသည် ထိုအရာများကိုပြန်တွေးလိုက်ရင်း ပြုံးမိသွားကာ မျက်ရည်တွေ ပိုဝဲလာခဲ့ပြီး နျဲ့ရှီက သူ့ကို တိတ်တဆိတ် သုတ်ပေးလာခဲ့သည်။ ဖန်ချန်းသည် ကိစ္စမရှိပါဘူးနှင့်ဝမ်းမနည်းပါဘူးဟု ပြောချင်မိသော်လည်း ဒါကိုကြောင်ကို ပြဖို့အတွက် ဟန်ဆောင်ချင်းသက်သက်ပင်။ နျဲ့ရှီ၏ မျက်လုံးများကို သူတွေ့လိုက်သည်နှင့် သူဘာမှ ပြောစရာမလိုကြောင်း သူသိသည်။ နျဲ့ရှီက သူသည် ထိုလင်မယားနှစ်ယောက်ကို တမင်တကာ ဖြားယောင်းပြီးစိတ်နတ်ဆိုးများစားသောက်နေခြင်းကို ကြည့်နေခဲ့ခြင်းဖြစ်ကြောင်းသိလေသည်။

သူသည် ပုပ်ပွယိုယွင်းလာသည်မှာ ကြာခဲ့ပြီဖြစ်သည်။

စိတ်ပျက်အားငယ်သောခံစားချက်သည် သူ့ပါးစပ်နှင့်နှာခေါင်းထဲ ပျံ့နှံ့သွားပြန်သည်။ ဖန်ချန်း၏ လက်များ ထုံကျင်လာခဲ့ပြီး ဦးရေပြားက တဆတ်ဆတ်တုန်နေခဲ့သည်။ သူ့မှာ အမုန်းတရားများမရှိတော့ဘူးဟု သူထင်ခဲ့သညမ။ နှစ်များစွာကြာပြီးနောက် ရာဇ၀တ်မှုများနှင့် သေဒဏ်ပေးမှုများကို မြင်တွေ့ပြီးနောက်တွင် ခံစားချက်များထုံကျင်သွားသည်ဟု သူထင်ခဲ့မိသည်။

ဒါပေမယ့် ဘာလို့လဲ...

သူတို့ကိုသတ်ခဲ့သည့်လူများက ကောင်းကောင်းအသက်ရှင်နေခဲ့ပြီး အချိန်တန်သည်အထိ ကမ္ဘာမြေကြီးပေါ်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည်။

ဖန်ချန်းသည်လှောင်အိမ်ထဲတွင် ပိတ်မိနေကြောင်းသိခဲ့သော်လည်း သူ့ကိုယ်သူ ဂရုမစိုက်ရန် အတင်းအကြပ် တွန်းအားပေးခဲ့သည်။ ယခုတွင် သံကြိုးကို လက်ဖြင့် ချိုးဖျက်ခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သူ မထိန်းထားနိုင်တော့ပေ...

ကြောင်ထံမှ ကလေးအသံကထပ်ထွက်လာခဲ့သည်။

“သေရမှာကြောက်နေတာလား”

ချောင်ယန်သည် အခြေအနေကို နားမလည်သလို ရှဲ့ယင်းသည်လည်း ထိုအကြောင်းကို အနည်းငယ်မျှပင် မသိနေပေ။ ထိုစကားကိုကြားသောအခါ နှစ်ယောက်လုံးသည် ဖန်ချန်းကိုကြည့်လိုက်ကြသည်။ ရှဲ့ယင်းသည် ပို၍ပင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူတို့သည် တစ်ကြိမ်မျှ မသေနိုင်ခဲ့ပေ... သူတို့ပြန်သေသွားပါက အိမ်နက်နတ်ဆိုးများကမျိုးသုဉ်းလိမ့်မည်ဖြစ်သည်။

ဖန်ချန်းက တုန်လှုပ်သွားသော်လည်း သူ့အသံကို အနည်းငယ် ကျယ်လိုက်ပြီးပြောလိုက်သည်။

"မင်းချုပ်နှောင်တာကို ငါပိုကြောက်တယ်"

ကြောင်: "..."

"မင်းပြန်မှတ်မိလာလိမ့်မယ်" 

ဘာမှဖြစ်မလာသလိုပဲ ကြောင်က ခေါင်းညိတ်ပြပြီး ဖန်ချန်းကို မျက်တောင်မခတ် ကြည့်လာခဲ့သည်။

"မင်းဘယ်လိုသေခဲ့လဲဆိုတာကို တွေးမိလာပြီးရင် အရာအားလုံးကို ပြန်မှတ်မိလာလိမ့်မယ်"

ရှဲ့ယင်းသည်မျက်လုံးများကိုမှိတ်ထားလိုက်သည်။ 

ဒါက ပြန်ပြန်ရသေခြင်းနဲ့ ဘယ်နားကွာသွားလို့လဲ။

ချောင်ယန်ကနားမလည်စွာဖြင့်ပြောလိုက်သည်။

"ဒါက ဒီလောက်ရိုးရှင်းတာလား"

ကြောင်မှအသံသည် ကလေးတစ်ယောက်လို ရယ်မြူးရိပ်များဖြင့် ပြည့်နှက်ကာ ပြန်ဖြေလာခဲ့သည်-

"ဒါက ရိုးရှင်းပါတယ်"

ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲလာသည်နှင့်အမျှ အဖြူရောင်များက တဖြည်းဖြည်း မှိန်ဖျော့လာကာ အဆောက်အဦးဆီသို့ ပြန်ရောက်သွားကြသည်။ ကွာခြားချက်မှာ မြေပြင်ပေါ်တွင် အညိုရောင် သွေးအစွန်းမထင်းများမရှိနေသလို ကွယ်လွန်သူ ကျန်ရစ်ခဲ့သော အနက်ရောင် သားရေဖိနပ်လည်း မရှိနေတော့ပေ။

အရာအားလုံးက အရင်ကအတိုင်းပြန်ဖြစ်သွားခဲ့သည်။

ကောင်းကင်သည် မီးခိုးပြာရောင် ဖြစ်နေပြီး ကြောင်သည် နိမ့်ပါးသော နံရံတစ်ခုပေါ် ခုန်တက်သွားခဲ့သည်-

"မိုးလင်းပြီးတာနဲ့ ထုံးစံအတိုင်း မစ်ရှင် စတင်မယ်"

 ထိုသို့ပြောပြီးနောက် နံရံတစ်ဖက်သို့ ပျောက်ကွယ်သွားခဲ့သည်။

အချိန်အတော်ကြာ ထိန်းထားခဲ့သော ဖန်ချန်း၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပြိုကျသွားခဲ့ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ သက်ပြင်းကို ချလိုက်သည်။

ချောင်ယန်သည်ရှေ့သို့ တစ်လှမ်းတိုးခဲ့လိုက်သော်လည်း ရှဲ့ယင်းကြောင့် ရပ်တန့်သွားခဲ့ရသည်။ အမျိုးသမီးက တိတ်တိတ်နေရန် အချက်ပြပြီး ခေါင်းယမ်းပြလိုက်သည်။

ခဏအကြာတွင် ဖန်ချန်းက သူ့ခေါင်းကို မော့လိုက်ပြီး "တောင်းပန်ပါတယ် ငါစိတ်လွတ်သွားခဲ့တယ်..."

နျဲ့ရှီသည် အပြုံးတစ်ခုကိုနှုတ်ခမ်းထောင့်တွင်တင်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ဖန်ချန်းသည် သူပြောချင်သည်များကို ခဏမျှမေ့သွားခဲ့ရသည်။

"တော်တယ်" 

နျဲ့ရှီက ပြောလိုက်သည်...

ဖန်ချန်း: "..."

ဖန်ချန်းသည် နဖူးကိုကိုင်လိုက်ပြီးပြောလိုက်သည်။

"မင်းက ငါ့ကိုတုန်နေအောင်အလိုလိုက်နေတာပဲ"

"ဒါပေါ့.." နျဲ့ရှီက တုံ့ပြန်လိုက်သည်။

"ငါသေရင်သေရလိမ့်မယ်... ငါသေချာမသိဘူး.. ငါဒါကိုလုပ်တုန်းက မင်းအကြောင်းကို မတွေးခဲ့မိဘူး...မင်း စိတ်မဆိုးဘူးလား"

နျဲ့ရှီက ဘာမှမပြောပေ...

ဖန်ချန်းက မြေကြီးကို လက်တစ်ဖက်နှင့် ထောက်လိုက်ပြီး သူ့လက်ချောင်းများကို အနည်းငယ် ကောက်ကွေးလိုက်သည်။

"သူတို့တွေ အစားခံနေရတာကို မြင်လိုက်ရတာနဲ့ သူတို့အဲ့လိုသေတာကောင်းတယ်လို့တွေးမိခဲ့သည်"

"မဟုတ်ဘူး..."

ဖန်ချန်းက "ဘာလို့လဲ"

"မင်း လိမ်လိုက်လို့" နျဲ့ရှီသည် ခြေထောက်တစ်ဖက်ကို မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်သည်။

ဖန်ချန်၏ မျက်နှာပေါ်မှအပြုံးများသည် အေးခဲသွားခဲ့သည်။

နျဲ့ရှီထံမှ ၎င်းကို သူမဖုံးကွယ်နိုင်ခဲ့ပေ...

"မှန်တယ်... ငါ့ဒေါသကို ဖြေဖို့အတွက် သူတို့သေတာကို တစ်ကြိမ်ထက်မကငါကြည့်မှရမယ်" 

သူ့မျက်လုံးတစ်ဝိုက်သည် စိုစွတ်လာခဲ့ပြီး သူ့လည်ချောင်းက မသက်မသာဖြစ်လာခဲ့သည်။ ဖန်ချန်းသည် ဒီကမ္ဘာကို လာဖို့ ရွေးချယ်ခဲ့ချိန်ကနေ အခုအချိန်အထိ ပြုံးနေခဲ့သည်။ သူသည် ငယ်စဉ်ကပင် လှောင်အိမ်ထဲတွင် ပိတ်မိနေခဲ့ပြီး မထွက်နိုင်ခဲ့သော်လည် ယခုတွင် သူ့လက်ဖြင့် ချိုးခဲ့ပေသည်။

"မကြောက်ပါနဲ့..." 

နျဲ့ရှီက သူ့ညာလက်ကို ဆန့်တန်းလိုက်ပြီး ဖန်ချန်းမျက်နှာကိုပွတ်သပ်လိုက်သည်။

ဖန်ချန်းသည် သူ့မျက်လုံးများကို လက်ဖြင့် ကာထားလိုက်သည်။

သူသည် အိပ်မက်ဆိုးကိုပြန်ခံစားရမည်ကို ကြောက်၍ ဒါတေွအားလုံးနောက်တစ်ကြိမ် ထပ်ကြုံရမည်ကို ကြောက်သည်။ သေရမှာကိုလည်း ကြောက်သည်။

ဒါပေမယ့် မေ့ရမည်ကို ပို၍ကြောက်ပေသည်။

သူ့၏ အဖိုးတန် အမှတ်တရများ အားလုံးက သူ့ရှေ့ကလူနဲ့ ပတ်သက်ခဲ့သော်လည်း အခုတော့ နျဲ့ရှီကို မေ့လာတော့မည်ဖြစ်သည်။

"အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့..." 

နျဲ့ရှီက သူ့လက်ကိုဆွဲဖယ်လိုက်ပြီး သူ့ရှေ့မှာ ဆုပ်ထားတဲ့ လက်သီးတစ်ခြမ်းကို မြှောက်ပြလိုက်သည်။

"ငါ...မင်းနောက်ကို အမြဲလိုက်နေမှာပါ..."

"ဒီစကားက အချစ်စကားနဲ့တူတယ်" 

ဖန်ချန်းက စိတ်အေးလက်အေးပုံ ဟန်ဆောင်ပြီး "မအီမသာဖြစ်ဖို့ကောင်းတယ် ရှီရှီလေးရဲ့" ဟုပြောလိုက်သည်။

"ဒါက..."

ဖန်ချန်းသည် မြေပြင်ပေါ်တွင် လက်နှစ်ဖက်ချကာ ထိုင်ချလိုက်ပြီး ဓားမြှောင်ကို နင်းရှီအား ပေးလိုက်သည်။ 

"ငါ့လက်နက်လေးကို မင်းအတွက်ထားခဲ့လိုက်မယ် ငါ့အတွက် လုံခြုံအောင်သိမ်းထားပေးထား"

နျဲ့ရှီသည် တုံ့ဆိုင်းသွားသော်လည်း ယူလိုက်သည်။

ဖန်ချန်းသည် ခေါင်းကို လက်နှစ်ဖက်ပေါ်တင်ကာ ကလေးဆန်သော အပြုံးကို ပြသလိုက်သည်။ သာမန်လူများထက် အနည်းငယ် ပေါ့ပါးသော မျက်လုံးများသည် တောက်ပနေခဲ့ပြီး မြူခိုးများ ရောင်ပြန်ဟပ်နေခဲ့သည်- 

"ကောင်းပြီလေ ဒါဆို မင်းငါ့ကို ကာကွယ်ပေးရမယ်" 

သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး သူသည် နျဲ့ရှီ၏ လက်သီးကို ထိလိုက်သည်။

"ကောင်းပြီ"

အဲ့တာက သူတို့ငယ်ဘဝကိုပြန်ရောင်သွားသည်နှင့်တူလှသည်။သူတို့သည် ဆယ်ကျော်သက်များသာရှိနေကြသေးပြီး တိုက်ပွဲတွင် အောင်ပွဲဆင်နွဲရန် လက်သီးများကအားမန်အပြည့်ဖြစ်‌ေနခဲ့သည်။

မနက်ခင်းအလင်းရောင်က ပေါ်လာကာ နေ့သစ်တစ်ခုက စတင်လာတော့မည်ဖြစ်သည်။

ချောင်ယန်: "ဒီမှာ လူတစ်ယောက်လုံးကိုသေပြီထင်နေလားမသိဘူး"

ရှဲ့ယင်း : "ပါးစပ်ပိတ်ထား တက်နင်းမခံချင်ရင် တိတ်တိတ်လေးနေ"

ဒီလိုနဲ့ပဲ....သာမန်နေ့တစ်နေ့ကစတင်ခဲ့ကာ ဖန်ချန်းသည် မနက်က ဘာစားခဲ့လဲဆိုတာတောင် မမှတ်မိတော့ပေ။

အရင်တုန်းကလိုပဲ သူ စောစောထကာ အစာစားပြီး အလုပ်သွားခဲ့သည်။သူ့ အိမ်နီးနားချင်းက တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။ နှစ်ယောက်သား နှုတ်ဆက်လိုက်ကြပြီး ဓာတ်လှေကားပေါ် အတူတူတက်ခဲ့ကြသည်...

နေ့သစ်တစ်ခုကစတင်လာခဲ့သည်။