Ch 46 "အမှား"
သူမသည် လူဝင်စားခြင်းကို မခံချင်ဘဲ လူ့ဘုံတွင် ဆက်နေရန် ဆန္ဒရှိသည်။
--ဒီအကြံက နည်းနည်းတော့နုံလွန်းခဲ့သည်။
အချိန်သည် သူမ၏ ကျန်ရှိနေသော ခံစားချက်များကို ဖျောက်ဖျက်ခဲ့ပြီး နောက်ပိုင်းတွင် သူမနှင့် နျဲ့ရှီရင်ဆိုင်ရချိန်တွင် အရမ်း ကြောက်စရာကောင်းသည်ဟုမခံစားရတော့ချေ။
များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူတို့သည် စိတ်အေးသော မကောင်းဆိုးဝါးများ ဖြစ်လာကြလိမ့်မည်။
ရှဲ့ယင်းသည် သိမ်မွေ့သော သဘောသဘာဝဖြင့် မွေးဖွားလာခဲ့ပြီး သူမ၏ နှလုံးသားထဲက ဝမ်းနည်းမှုကို မထိန်းနိုင်ကာ သူမ၏ အသွေးအသားများကို ခံစားချက်များ ဝါးမျိုသွားခဲ့သည်။
ထာဝရတည်ရှိခြင်းသည် ကောင်းသောအရာမဟုတ်ခဲ့ပေ။ ၎င်းသည် အာရုံကြောများကို ညှဉ်းပန်းနှိပ်စက်ပြီး လူများကို နာကျင်မှုမရှိစေဘဲ ရှင်လျက်သေစေနိုင်သည်။ သူတို့သည် အကြောက်တရားဟူသည်ကို တဖြည်းဖြည်း မေ့သွားခဲ့ကာ ဖုံးကွယ်ထားသည့် မျက်နှာဖုံးများသာ ကျန်ရစ်ခဲ့တော့သည်။
အချိန်အတန်ကြာပြီးနောက် သူမသည်လည်း အရာအားလုံးကို လျစ်လျူရှုမိလာလိမ့်မည်သာ။
ဖန်ချန်းကလည်း ကမ္ဘာပေါ်တွင် အိပ်မက်ဆိုးများက ပျောက်ကွယ်သွားသင့်ပြီး မသေနိုင်မှုသည် ရွံစရာကောင်းသည့် အရာတစ်ခုဖြစ်ကြောင်းလည်း ပြောလာခဲ့သည်။ သူမည်မျှကြာအောင် ထိန်းထားနိုင်မည်ဆိုတာမသိပေ။ စကားလုံးများက အပြောင်အပြက်သဘောပြောလိုက်ပေမယ့် သူ့ပတ်ဝန်းကျင်က လူများကမူမပျော်မရွှင်ဖြစ်လာကြကာ သူ့ခေါင်းကိုရိုက်လာခဲ့သည်။
ဖန်ချန်းက နျဲ့ရှီကို ချက်ချင်းကြည့်ကာ သူ့လက်တစ်ဝက်ကို နျဲ့ရှီပခုံးပေါ်တင်လိုက်ပြီး ခေါင်းကို မြှောက်၍ သိသိကြီးနှင့်မေးလိုက်သည်။
"ဟေး မင်းငါ့ကို ဘာလို့ရိုက်တာလဲ"
သူ၏ မျက်လုံးများထဲတွင် ချောင်ယန်ထက်ပင် ငယ်ရွယ်နုပျိုမှုများကရှိနေခဲ့သည်။
ရှဲ့ယင်းသည် တောက်ပသော ရာသီဥတု... သန့်ရှင်းလတ်ဆတ်သော ပန်းရနံ့များနှင့်အတူ ကမ္ဘာပေါ်ရှိ နေရောင်ခြည်လှလှကို တွေးမိလိုက်သည်။ ဖန်ချန်းသည် ထိုလှပသော အရာများအားလုံး၏ ပေါင်းစပ်မှုဖြစ်သည်ဟု သူမ ခံစားမိခဲ့သည်။ သူ၏ ရံဖန်ရံခါ ဉာဏ်နီဥာဏ်များသည် အားမာန်များ ပြည့်နှက်နေသော်လည်း တစ်ခါတစ်ရံတွင် သူပြောသော စကားအချို့သည် အေးစက်နေလေသည်။ ပူပြင်းသော အပူချိန်မှာတောင် တဖြည်းဖြည်း အရောင်ဖျော့လာခဲ့သည့် မျက်လုံးများထဲမှ အပြုံးသည် ရှဲ့ယင်းအားလွတ်နေသော အခွံကို ကြည့်နေရသလိုမျိုး ခံစားရစေသည်။
နျဲ့ရှီသည် ဖန်ချန်း၏နဖူးပေါ်မှ ဆံနွယ်များကို လက်ဖြင့်အသာသပ်တင်လိုက်ပြီး ခေါင်းကိုငုံ့ကာ သဘာဝကျကျ နမ်းလိုက်သည်။
ထိုအချိန်တွင် နျဲ့ရှီသည် ပျက်စီးလွယ်သော ရတနာလေးကို ကိုင်ဆောင်ထားရသကဲ့သို့ အနူးညံ့ဆုံးဖြစ်နေခဲ့ပြီး သူ့ကို ချစ်ခင်ကြင်နာမြတ်နိုးမှုအပြည့်ဖြင့် နမ်းခဲ့ခြင်းဖြစ်သည်။
ဖန်ချန်း၏ တင်းမာနေသောပခုံးများ ရုတ်တရက် ပြေလျော့သွားပြီး သူ့လက်များသည် နျဲ့ရှီ၏ ပုခုံးပေါ်မှကျသွားခဲ့တော့သည်။ ရှဲ့ယင်းသည် သူ့မျက်လုံးများထဲ တမင်ချဲ့ကားသည့်အပြုံးမျိုးမဟုတ်ဘဲ ပိုမိုနူးညံ့သော ခံစားချက်မျိုးကိုရခဲ့ပေသည်။
ရှဲ့ယင်းသည် ဖော်မပြနိုင်သော ခွေးအစာတစ်လုတ်အပြည့်သိပ်ထည့်ခံခဲ့ရလေသည်။ သူမသည် ခေါင်းငုံ့လိုက်ပြီး အနီရောင်တောက်တောက်ခြယ်ထားသော လက်သည်းများကို ကြည့်လိုက်တော့သည်။
ချောင်ယန်က တံခါးကိုဖွင့်လိုက်ပြီး ဒီထူးဆန်းသောမြင်ကွင်းကို မြင်လိုက်ရရာ ချက်ချင်းအမြင်ကပ်သွားပြီး တံခါးကို ပြင်းပြင်းထန်ထန်ပြန်ပိတ်ခဲ့လိုက်သည်။ သူ့ကိုဘယ်သူမှ ဂရုမစိုက်ကြောင်းကိုသိလိုက်ရပြီးနောင်စက္ကန့်အနည်းငယ်အကြာတွင်ု တံခါးအထဲကိုအော်ပြောခဲ့လေသည်။
"မင်းတိူ့ ဘာလုပ်နေကြတာလဲ!!!"
ဗီရိုပေါ်တွင် အိပ်နေသော ကြောင်သည် နိုးလာပြီး အပျင်းကြောဆွဲကာ ပျင်းရိသော အော်သံကို ထုတ်လိုက်သည်။
"မြောင်"
တကယ့်ကို အေးချမ်းသာယာသည့် နေ့လေးတစ်နေ့ပင်....
သူတို့အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကျေနပ်မှုကို ဘယ်သောအခါမှ မသိကြရသည့်အတွက်တော့ သနားစရာပင်။
အဆုံးမရှိသော ဗလာဖြစ်မှု နှင့် အထီးကျန်ခြင်းနောက်တွင် သူတို့၏ လောဘအတွက် အဖိုးအခကို ပေးချေရပေတော့မည်။
ထိုနေ့တွင် မိုးချုပ်ပြီးနောက်တွင် မိုးပြန်ရွာလာခဲ့သည်ကို ရှဲ့ယင်း သတိရမိခဲ့သည်။
သူတို့သည် မစ်ရှင်အသစ်တစ်ခုကို လက်ခံရရှိခဲ့သော်လည်း သေဆုံးသူ၏ အချက်အလက်များကို သူတို့ထံ ပေးပို့ခြင်းမရှိခဲ့သေးပေ။
အထပ်မြင့် အဆောက်အအုံ အတုအယောင်များ သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး အတွင်းဆုံး တစ်ခုတည်းကိုသာ "သက်ရှိလူသားများ" နေထိုင်နေသည့်ဟန်ဖြစ်လာခဲ့သည်။
မစ်ရှင်စတင်နေပြီဖြစ်ကာ မည်သူကမျှ မလွတ်မြောက်နိုင်ပေ။
ထိုနေ့တွင်အထူးတလည် မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းမညီညာသော လမ်းပေါ်တွင် ဗွက်အိုင်များ ဖြစ်ပေါ်နေခဲ့သည်။ ရှဲ့ယင်းသည် အပြင်ဘက်တွင် စိတ်နတ်ဆိုးများ၏ အော်ဟစ်ညည်းညူသံများကို ကြားလိုက်ရခဲ့သည်။ သူမသည် မီးမဖွင့်ထားဘဲ ကော်ဖီစားပွဲပေါ်ခြေဖျားထောက်ထားကာ ဆိုဖာပေါ် မှီ၍ ငြိမ်သက်နေခဲ့သည်။
ရုတ်တရက်တံခါးခေါက်သံထွက်လာခဲ့သည်။
ဒီအချိန်မှာ ဘယ်သူက တံခါးကို လာခေါက်သည်လဲဆိုတာကို သူမ မတွေးနိုင်ခဲ့ပေ။သူမက များစွာတွေးတောလိုက်ရင်း တံခါးနားလျှောက်သွားခဲ့ကာ တုန်တုန်ယင်ယင်အသံနှင့်မေးလိုက်သည်။
"...ဘယ်သူလဲ"
"ငါပါ နျဲ့ရှီ"
တံခါးအပြင်ဘက်မှ လူတစ်ယောက်၏ အသံထွက်လာခဲ့သည်။
ရှဲ့ယင်ူ၏အမူအရာမှာ ကြောက်ရွံ့ခြင်းမှ ချက်ချင်းပြောင်းလဲသွားပြီး တံခါးကိုဖွင့်လိုက်ကာမေးလိုက်သည်။
"ဘာဖြစ်လို့လဲ...ချောင်ယန် ဘာလုပ်ပြန်ပြီလဲ"
နျဲ့ရှီက သူမနဲ့အတူ ဟာသလုပ်ရန်ပင် စိတ်မ၀င်စားဘဲတင်းမာသောမျက်နှာဖြင့်မေးလာခဲ့သည်။
"ဖန်းချန် ဒီမှာရှိတာလား"
"ဟမ် သူဒီမှာ ရှိသင့်တာလား...သူက အောက်ထပ်မှာမဟုတ်ဘူးလား သူအဲ့မှာမရှ်ဘူးလား"
ရှဲ့ယင်းကမေးလိုက်သည်။
နျဲ့ရှီက ခေါင်းယမ်းပြလာကာ လှည့်ထွက်သွားခဲ့သည်။
ရှဲ့ယင်း သူ့လက်ကို အမြန်ဖမ်းဆုပ်ခဲ့လိုက်ပြီး နျဲ့ရှီက သူမကို တစ်ချက်ကြည့်လာသည်ကြောင့် သူမလက်ကို အမြန်ပြန်ရုတ်လိုက်သည်။
"ငါလည်း နင်နဲ့အတူလိုက်ခဲ့မယ်"
သူမသည် စိုးရိမ်ပူပန်မှုကိုခံစားလိုက်ရသည်။ အရင်ချိန်များတွင် လူလေးယောက်ကြား ခွဲဝေမှုက ရှင်းခဲ့သည်။ ရှဲ့ယင်းနှင့် ဖန်ချန်း တို့သည် လူသေများကို လမ်းညွှန်ရန် တာဝန်ရှိပြီး နျဲ့ရှီ နှင့် ချောင်ယန် တို့သည် စိတ်နတ်ဆိုးကို သတ်ဖြတ်ရန် အဓိက တာဝန်ရှိပေသည်။ထို့အပြင် သတင်းအချက်အလက်မှန်သမျှကို ဖန်ချန်းအား ဦးစွာ ပေးလေ့ရှိခဲ့သည်။
ဒါပေမယ့် အခုတော့ဖန်ချန်းက ရုတ်တရက် ပျောက်သွားခဲ့သည်။
သူမသည် နျဲ့ရှီနောက်သို့လိုက်လာကာ အဆောက်အအုံတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ဖန်ချန်း၏အရိပ်အယောင်ကိုပင် မမြင်ခဲ့ရပေ။ လမ်းတွင် ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်က ပထမထပ်၌ မူးလဲနေတာကြောင့် သူမပင်ကြောက်သွားခဲ့မိသည်။။
ရှဲ့ယင်းက မူးလဲနေသော မိန်းကလေးကို နေရာချပေးလိုက်ပြီး နျဲ့ရှီဘက်ကို လှည့်ကာမေးလိုက်သည်။
"အခုဒုက္ခပဲ...သူမနိုးလာတဲ့အခါ ငါတို့ ဘယ်လိုလုပ်ကြလဲ... ဖန်ချန်းက အရာအားလုံးကိုနေရာတကျဖြစ်အောင် ပြန် ပြင်ချင်လောက်မှာ"
နျဲ့ရှီက ခေါင်းကို တခြားဘက်လှည့်လိုက်သည်။
"မကြားချင်ယောင်ဆောင်တာ အသုံးမဝင်ဘူး"
ရှဲ့ယင်းက မတ်တပ်ထရပ်လိုက်သည်။ အပေါ်ထပ်မှ ပထမထပ်ကိုပင် ရောက်လာပြီဖြစ်ကာ သူမ ပိုပြီးစိတ်မသက်မသာဖြစ်လာခဲ့သည်။ထို့အပြင် ကြောင်ကလည်း သူတို့နောက်မှ မလိုက်မနေပေ။ သူ့အကြောင်းတွေးနေစဉ်မှာပင် ကျယ်လောင်သော ကြောင်အော်သံက သူမနားစည်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ကာ မိုးခြိမ်းသံများက လေထဲတွင် တဖျပ်ဖျပ်တောက်လာခဲ့၍ မှောင်မိုက်နေသော ညကောင်းကင်ထဲ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ရှဲ့ယင်းသည် နျဲ့ရှီကို မသိစိတ်အရ လှမ်းကြည့်သော်လည်း သူသည် မိုးရေထဲသို့ အပြေးအလွှားသွားနေခဲ့ပြီဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ?"
ချောင်ယန်သည် ဒုတိယထပ်မှ ဆင်းလာခဲ့ပြီး လှေကားလက်ရန်းပေါ်တွင် လက်ကို တရွေ့ရွေ့ ပွတ်သပ်လိုက်သည်။
"အမ် ဖန်ချန်းကော ဘာလုပ်နေတာလဲ"
"ဘာမှ မဟုတ်ဘူး ဒီမှာကြည့်ရုံပဲကြည့်နေနဲ့ အမှားတစ်ခုမှ မလုပ်မိစေနဲ့... ငါတို့သွားပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်"
ရှဲ့ယင်းက ပြောပြီးသည်နှင့် မိုးရေထဲ ပြေးဝင်သွားခဲ့သည်။
ချောင်ယန်က ညည်းညူလိုက်ရင်း သူ့သွားများကို လျှာဖြင့်သပ်လိုက်ပြီး အမှောင်ထောင့်၌ ပေါ်လာသည့် စိတ်နတ်ဆိုးကို ကြည့်ကာ ခပ်ရွဲ့ရွဲ့ပြုံးပြလိုက်ပြီး "ကောင်းပြီလေ"
အေးစက်သောလေနှင့် မိုးသည် အရေပြားထဲသို့ စိမ့်ဝင်လာခဲ့သည်။ရှဲ့ယင်းသည် သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မျက်လုံးများရှေ့တွင် လေးလံစွာကျနေသည့် ဆံပင်များကို သပ်တင်လိုက်သည်။ ကြောင်က တစ်ကြိမ်ပြီး တစ်ကြိမ်အော်ဟစ်လာခဲ့ပြီး သူမသည်မိုးရေထဲတွင် ထိတ်လန့်တကြား လဲကျသွားကာ ဒူးနာသွားခဲ့သည်။ သူမသည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ အသံအရင်းမြစ်ဆီသို့ ဆက်ပြေးသွားခဲ့သည်။
ဘယ်သူကမှ နာကျင်မှုကို အမှန်တကယ် ခံနိုင်ရည်မရှိကြပေ...
သူမ ဖန်ချန်းကိုတွေ့ချိန်တွင် ဖန်ချန်းသည် မိုးရေထဲတွင် တိတ်တိတ်လေး ငိုနေခဲ့သည်။
ဖန်ချန်းငိုတာကိုအရင်က မမြင်ဖူးခဲ့တာမျိုး မဟုတ်ပေ။ ဖန်ချန်းသည် အရမ်းအငိုတော်ပေသည်။ သူ့အထောက်အထားကသံသယဝင်ခံရချိန်များတွင် အပြစ်မရှိဟန်ဆောင်ကာ သူ့မျက်ရည်များက စိတ်ပျက်လက်ပျက် အဆတ်မပြတ်ထွက်လာတတ်သည်။ အချိန်မရွေး နေရာမရွေး ငိုနိုင်ပေသည်။ သို့သော်လည်း ထိုအရာများသည် လိမ်ညာခြင်းဖြစ်သည်ကို ရှဲ့ယင်းသိပေသည်။ ဖန်ချန်းသည်ဘယ်သူမှ မမြင်နိုင်သည့် ထောင့်တစ်နေရာမှာပဲ သူ့မျက်ရည်များကို သန့်စင်အောင် သုတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြုံးနေသော မျက်နှာဖြင့် ပြန်တွေ့နိုင်ပေသည်။
နောက်တစ်ကြိမ် မိုးခြိမ်းသံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး သူမရှေ့ရှိအရာများကိုပိုင်းခြားမြင်လိုက်ရသည်။
-- စိတ်နတ်ဆိုးသည် လူကို ကိုက်စားနေခဲ့သည်။
စိတ်နတ်ဆိုးသည် လူဗိုက်ကိုဖွင့်ခဲ့၍ အရာအားလုံးကိုထုတ်ယူကာ ပါးစပ်ထဲထည့်နေခဲ့သည်။ ပတ်ပတ်လည်မှာလည်း ခြေလက်များက စုတ်ပြဲနေခဲ့သည်။
ရှဲ့ယင်းသည် အမျိုးသမီးတစ်ဦး၏ သွယ်လျသော ခြေထောက်များနှင့် အမျိုးသားတစ်ဦး၏ အနက်ရောင် သားရေဖိနပ်ကို မြင်လိုက်ရသည်။
စိတ်နတ်ဆိုးသည် လူတစ်ဦးထက်ပို၍ စားခဲ့ပေသည်။
"ဖန်ချန်း... နင်ဘာလုပ်နေတာလဲ"
ရှဲ့ယင်းက မတတ်နိုင်ဘဲ မေးလိုက်သည်။ သူမ လမ်းပင်မလျှောက်နိုင်တော့ပေ။ သူမသည် ဆိုးရွားစွာ လဲကျသွားပြီး ဒူးခေါင်းမှာလည်း သွေးများ စီးကျနေခဲ့ပြီဖြစ်သည်။
ဖန်ချန်းသည် တစ်စုံတစ်ခုကို ညည်းညူလိုက်ရင်း သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူ့ကိုယ်သူ ငိုနေမှန်း မသိသလို ခေါင်းကို မြှောက်လိုက်ပြီး မိုးရေများနှင့် ရောပြီး ကြွေကျစေလိုက်သည်။
“တောင်းပန်ပါတယ်…တောင်းပန်ပါတယ်…”
သူသည် ကလေးဘဝတုန်းကလိုပင် ခိုကိုးရာမဲ့ဖြစ်နေကာ သူ့မျက်လုံးများက ဘယ်ကိုကြည့်ရမလဲမသိဖြစ်နေပြီး သူ့လေသံက ရှုပ်ထွေးနေခဲ့၍ “တောင်းပန်ပါတယ်” ကိုပဲ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
နျဲ့ရှီ လှုပ်ရှားလာခဲ့သည်။ ထိုမှပင် ရှဲ့ယင်းသည် သူမဝေးသောနေရာတွင် ရပ်နေခဲ့မှန်း သိခဲ့ရသည်။ နျဲ့ရှီက ဖန်ချန်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသည်ကို သူမကြည့်လိုက်သည်။နျဲ့ရှီသည် သူ့ဆီသို့ လက်ကို ဆန့်တန်းကာ မျက်ရည်စများရှိနေသော ဖန်ချန်း၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖုံးအုပ်ခဲ့လိုက်သည်။
ရှဲ့ယင်းသည် ဖန်ချန်း၏ အမြဲတက်ကြွနုပျိုနေသော ရောင်ဝါကို အမြဲအားကျခဲ့သော်လည်း ဖန်ချန်းသည် အသက်ဆယ့်ခုနစ်နှစ်အရွယ် အိပ်မက်ထဲတွင် ပိတ်မိနေမှန်း ကိုတော့သူမ မသိခဲ့ပေ။
ထိုအချိန်တုန်းက ဘဝက နည်းနည်းခက်ခဲခဲ့ပေမယ့်လို့ သူတို့တွင် အရာအားလုံးရှိခဲ့သည်။ သူတို့တွင် အနာဂတ်အတွက် လှပသော စိတ်ကူးစိတ်သန်းများ... အခက်အခဲများကို တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားနိုင်သော စိတ်အားထက်သန်မှုများ... အရေးအကြီးဆုံးကတော့ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ရှိခဲ့ကြသည်
ဖန်ချန်းသည် ဆက်၍ တောင်းပန်နေခဲ့သည်။ ပထမတော့ ရှဲ့ယင်းက သူ့ကိုယ်သူ အပြစ်တင်နေသည်ဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် လူနှစ်ယောက်ကိုစိတ်နတ်ဆိုးက စားသောက်နေသည်ကိုသည ကြည့်ခဲ့လိုက်ပြီး များမကြာမီမှာပင် ထိုသို့မဟုတ်ကြောင်း သူမ သိလိုက်ရသည်။ သူသည် နျဲ့ရှီ၏ အင်္ကျီအစကိုဆွဲကိုင်ကာ အောက်သို့ လျှောချလိုက်သည်။ သူ့အသံက ဝမ်းနည်းကြေကွဲနေပုံဖြင့် အထပ်ထပ်အခါခါ ပြောနေခဲ့သည်။စိတ်အတွင်းထဲတွင် အမုန်းတရားများကို မြည်းစမ်းရင်း နောက်ဆုံးမှာတော့ ငိုရှိုက်သံအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဖန်ချန်း...ဖန်ချန်း"
နျဲ့ရှီက သူ့နာမည်ကို ခေါ်လိုက်ပြီး သူ့မျက်လုံးများက ကျိုးပဲ့နေသော အလောင်းများနှင့် မျက်နှာချင်းဆိုင်ရှိ စုတ်ပြတ်နေသော မျက်နှာများကိုပဲ စိုက်ကြည့်နေခဲ့သည်။ သူက ဖန်ချန်း၏မျက်နှာကို ကိုင်ထားရင်း ခေါင်းကို ခါယမ်းပြကာပြောလိုက်သည်။
"ကိစ္စမရှိဘူး"
သူတို့ဘာလို့ ဒီလောက်နာကျင်နေရတာလဲ...
အဖြူအမည်းကြောင်သည် ခပ်ပြင်းပြင်းအော်သံပေးလာခဲ့သည်။ရှဲ့ယင်းသည် ရုတ်တရက် အန်ချင်သလို ခံစားရပြီး ပြင်းထန်သော နှိုးဆော်မှုကြောင့် သူမ မအီမသာ ဖြစ်လာခဲ့ရသည်။ ခဏလောက်ကြာတော့ နျဲ့ရှီလက်ဖဝါးများဖြင့် အုပ်ထားသည့် ဖန်ချန်း၏ မျက်လုံးများကို သူမမြင်လိုက်ရသည်။ အရင်ချိန်များ၌နေရောင်ခြည်များဖြင့် ပြည့်နေသော ထိုမျက်လုံးများတွင် နွေးထွေးမှု မရှိနေခဲ့ပေ။ ပြင်းထန်သော မနာခံမှု ခံစားချက်တစ်ခုက သူမအပေါ် လွှမ်းခြုံသွားခဲ့ သူမ ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့ပြန်သည်။
ဖန်ချန်းက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပင်!
ဒီမျက်ရည်များ၌ သရုပ်ဆောင်မှု မည်မျှပါဝင်ခဲ့ဆိုတာ သူမခဲ့၍ အေးစက်နေသောအခြေအနေအတွက် ရင်တထိတ်ထိတ် ခုန်နေခဲ့သည်။
ထိုလူနှစ်ယောက်လုံး စားနေသည့် စိတ်နတ်ဆိုးက ရပ်တန့်သွားခဲ့ပြီး ၎င်းတို့၏ဝမ်းဗိုက်သည် လူ့အသွေးအသားများဖြင့် ပြည့်နှက်နေခဲ့သည်။သူတို့သည် အစာချေနိုင်စွမ်းမရှိသော်လည်း လူသားများကို စားသုံးချင်နေဆဲဖြစ်သည်။ စိတ်နတ်ဆိုးက သူ့လက်ပေါ်ရှိ သွေးများကို စုပ်ယူလိုက်ပြီး ကျေနပ်စွာ အော်ဟစ်လိုက်သည်။ထို့နောက် ပါးလွှာပြီး ပြတ်သားသော အသံက သူ၏ ဦးရေပြားကို ဖောက်ထုတ်လိုက်လေတော့သည်။
ဖန်ချန်းသည် နျဲ့ရှီ၏ ပခုံးပေါ် ခေါင်းကိုတင်ထားခဲ့ပြီး သူ့အမူအရာများကို လုံးဝကို ဖုံးကွယ်ထားခဲ့သည်။ နျဲ့ရှီ၏အဝတ်အစားများကို သူ့လက်ချောင်းများဖြင့် တင်းတင်းကြပ်ကြပ်ဆွဲထားကာ သူ့ခံစားချက်များကို ထုတ်ဖော်ပြသနေခဲ့သည်။
ရှဲ့ယင်းသည် သူမတွင် ကြောက်ရွံ့နိုင်စွမ်းပင်မရှိတော့ဟု ထင်ခဲ့သည်။ သူမကို ဤနေရာမှလူသေများ၏ အပြစ်များက ကြာရှည်စွာ မျိုချခဲ့ပြီး ဘာမှမထူးခြားသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာဖို့ ဆွဲထုတ်ခံခဲ့ရသည်။ ယခုမူ သူမရှေ့ရှိ လူနှစ်ယောက်သည် ခန္ဓာကိုယ်မှ အတွင်းအင်္ဂါများအထိ ရွှံ့များကဲ့သို့ ပုပ်ပွသွားခဲ့သည်ကို သူမမျက်လုံးဖြင့် မြင်ခဲ့လိုက်ရသည်။ တစ်စုံတစ်ခုက သူမခန္ဓာကိုယ်ထဲက ထွက်လာပြီး အော်ဟစ်လာတော့မလိုမျိုးခံစားခဲ့ရသည်။
ဖန်ချန်းပြောခဲ့သည့်စကားများ သူမ အနည်းငယ် နားလည်လာခဲ့သည်။
သူတို့သည် ထိုစိတ်နတ်ဆိုးများနှင့် မကွာခြားလှပေ။
သူတို့သည်လည်းပုပ်နေခဲ့သည်။
ဖန်ချန်းသည် ထိုညတွင် လွတ်မြောက်နိုင်ခဲ့သည်။သူသည် မော်နီတာမှပေးသောသတိပေးချက်ကို လျစ်လျူရှုခဲ့သည်။ လူသေနှစ်ဦးသည် သူ၏မျက်စိအောက်မှာပဲ စားသောက်ခံခဲ့ရသည်။သူတို့သည် ဖန်ချန်းကိုပင် အကူအညီတောင်းခဲ့ကြသေးသည်။
မိုးက တဖြေးဖြေး လျော့လာခဲ့ပြီး ကောင်းကင်သည် အပြာနုရောင် ထွက်လာခဲ့သည်။ ငိုသံများနှင့်အတူ စိတ်နတ်ဆိုးများသည်လေထဲ လွင့်စင်သွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် တဖြည်းဖြည်း မှိန်သွားခဲ့သည်။ တောင်များ၊ အထပ်မြင့် အဆောက်အအုံများ၊ စိမ်းလန်းသောသစ်ပင်များနှင့် မီးခိုးရောင်ကောင်းကင်ကြီး တစ်ခုလုံးသည်အရောင်မရှိသော အဖြူရောင်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဖန်ချန်း မင်းအောက်ဆုံးလိုင်းကို ကျော်သွားခဲ့ပြီ"
ကြောင်က စကားမပြောနေဘဲ လက်သည်းများကို လျက်နေပေမယ့်လည်း အသံကထွက်လာခဲ့သည်။ အသံသည် မပြောင်းလဲသေးကာ လိင်ခွဲခြား၍မရသေးသော ကလေးအသံကဲ့သို့ တမင်နှိမ့်ချသော အသံဖြစ်သည်။
ချောင်ယန်သည် အဝေးမှ လူ ၃ ဦးထံ ချဉ်းကပ်လာခဲ့ပြီး ကြောင်စကားပြောနေသံကိုကြားခဲ့လိုက်သည်
"ဒါဆို ဒါကစကားပြောနိုင်တာလား... ဘယ်လောက်တောင် ရွံစရာကောင်းလိုက်လဲ"
"မဟုတ်ဘူး"
နျဲ့ရှီက တိုတိုတုတ်တုတ် ပြန်ဖြေခဲ့သည်။
"အဲဒါဆိုဘာလဲ"
ရှဲ့ယင်း : "အဲ့တာက စောင့်ကြည့်သူပဲ"
"ဟင်" ချောင်ယန်သည် လှည့်ပတ်မကြည့်ဘဲမနေနိုင်ခဲ့ပေ..
"အဲ့ဒါကမဟုတ်မှ..."
"အဲ့ဒါက မျက်လုံးကနေတစ်ဆင့်ကြည့်နေတာ"
ရှဲ့ယင်းသည် ခေါင်းကို ငုံ့ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်များကပွင့်လာကာ ခေါင်းပေါ်ရှိ ဆံပင်များ ထောင်လာသလိုခံစားနေရသည်။
ကြောင်က ကြားခံနယ်တစ်ခုသာသာပင်...
ချောင်ယန်က ကျစ်ခနဲလုပ်လိုက်ပြီး သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
"ဒါက တကယ် ရွံစရာကောင်းတာပဲ"
ဖန်ချန်းသည် သူ့မျက်နှာကို မပြလာသေးပေ။ ကြောင်သည် ၎င်း၏လက်ကို ပြန်ချလိုက်ကာ ကြေးဝါရောင်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။ ၎င်း၏ ပါးစပ်သည် ရုပ်သေးရုပ်ကဲ့သို့ "w" အဖြစ် ကွေးသွားခဲ့သည်။
"ပြစ်ဒဏ်ကို လက်ခံရမယ်"
ဒီတစ်ခါတော့ အသံက နည်းနည်းပိုကျယ်လာခဲ့သည်။
"ဒါကလူတွေအားလုံးကို စုဖို့ လိုအပ်လို့လား"
ချောင်ယန်ကခေါင်းစောင်းကာမေးလိုက်သည်။
"ဒါဟာ ဒီတိုင်းတစ်ယောက်တည်း ချုပ်နှောင်ထားရုံပဲ မဟုတ်ဘူးလား"
သူသည် ယခင်က အမှားတစ်ခုလုပ်ခဲ့ဖူးပြီး စိတ်နတ်ဆိုးက လူသေကိုသတ်နေသည်ကို မတော်တဆ ဖြစ်စေခဲ့သည်။ ထို့နောက် လှောင်အိမ်ထဲသော့ခတ်ခံခဲ့ရကာ ပြန်ထွက်လာပြီးနောက်တွင် ပိုရိုးသားလာခဲ့သည်။
သံလှောင်အိမ်ထဲတွင် ပတ်ဝန်းကျင်သည် မှောင်မိုက်နေခဲ့ပြီး ထိုကာလအတွင်းစိတ်နတ်ဆိုးများစွာက ဝင်လာခဲ့သည်။
ချောင်ယန် ပြန်ထွက်လာသောအခါတွင် သူသည် စားခံရပြီးသည်နှင့် အကြိမ် မေ့သွားခဲ့သည်ဟု ဆိုခဲ့သည်။ ထိုအကောင်များသည် သူ့အသွေးအသားမှ အရိုးများအထိ ကိုက်ဖြတ်စားသောက်ဖို့ ဝင်လာခဲ့ကြ၏။ သူ့လက်ချောင်းများ ချက်ချင်း ကျိုးသွားကာ မျက်လုံးများ ချက်ချင်း ချေမွခံလိုက်ရသည်... နောက်ဆုံးတွင် သူ့ ခေါင်းက ဆွဲဖြတ်ခံလိုက်သည်။
"ဘာလို့ ဆံပင်စားတာလဲ! ချောင်းဆိုးပြီး သေမှာ မကြောက်ကြဘူးလား" ဟုပင် မေးခဲ့သေးသည်။
ရှဲ့ယင်းသည် သူ၏ နောက်ကျောဘက်ရှိ တုန်ရီနေသော လက်များကို ကြည့်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ဒါပေမယ့် ချောင်ယန်က ဒါကို မဆိုလိုခဲ့ပေ။
ရှဲ့ယင်းသည် အစမှအဆုံးထိ ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသော ဖန်ချန်းကို ကြည့်လိုက်သည်။
"မင်း အရာရာကို မေ့သွားရပြီး ဒီထဲစိတ်တပိုင်းအဖြစ်ပါဝင်ဖို့ လိုအပ်တယ်"
ဖန်ချန်းသည် တခဏမျှ လှုပ်ခါသွားပြီး သူ၏ နီရဲနေသော ပယင်းရောင် မျက်လုံးတစ်စုံကို ဖော်ထုတ်ရန် ခေါင်းကို မြှောက်လိုက်ကာ ပါးစပ်ထောင့်များကို လှုပ်ယမ်း၍ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်-
"ချုပ်နှောင်တာထက်စာရင် ပိုကောင်းမယ့်ပုံပဲ.... မင်း ကျေနပ်ရဲ့လား"
သူသည် ကြောင်၏ဦးတည်ရာဆီသို့ လျှောက်သွားချင်သော်လည်း နျဲ့ရှီက သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ဖန်ချန်းသည် စောနကစိတ်ပိုင်းဆိုင်ရာ ကြေကွဲခဲ့သူက သူမဟုတ်သကဲ့သို့ မျက်တောင်ခတ်ကာ "ငါ အဆင်ပြေပါတယ်" ဟု တိုးတိုးလေးပြောခဲ့သည်။
သူက နျဲ့ရှီကို တွန်းထုတ်ချင်သည်။
ဖန်ချန်းအား ရုတ်တရက် ပျောက်ကွယ်သွားမည်ကို ကြောက်သကဲ့သို့ နျဲ့ရှီသည်တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ မလှုပ်မရှားခဲ့ပေ။ အရင်ကလိုပဲ ပါးစပ်နဲ့ စကားပြောပြီး သူ့ကို မျက်လုံးများနှင့် ကြည့်နေသော်လည်း နှလုံးသားကမူ ဘယ်ကို သွားရမလဲ မသိနေချေ။
ဖန်ချန်းသည် အချိန်အတော်ကြာအောင် ရပ်တံ့လိုက်ပြီး ခေါင်းငုံ့ကာပြောလိုက်သည်။
"တောင်းပန်ပါတယ်"
သူ့အသံထဲက တုန်လှုပ်မှုကို ထိန်းထားသည့်အရိပ်အယောင်ကိုတွေ့လိုက်ရပြီး ဤတစ်ကြိမ်မှာ အမှန်ဖြစ်ကြောင်း ရှဲ့ယင်းသိလိုက်ရသည်။ သူသည် ကြေးဝါရောင်မျက်လုံးများနှင့်ကြောင်ကို ပြန်ကြည့်လိုက်ပြီးမေးလိုက်သည်။
"ဘာလို့လဲ?"
၎င်းသည် ငယ်စဉ်မှစ ကြီးသည်အထိ မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးသော မေးခွန်းဖြစ်ပြီး မည်သည့်အခါမျှ အဖြေမရှိခဲ့သော မေးခွန်းဖြစ်ပေသည်။
ဘယ်လောက် မတရားလိုက်လဲ....
“လူဆိုးတွေက အသက်ရှည်တတ်ကြတယ်"