< ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ဘူး
အခန်း ၈၇ >
* * *
စံအိမ်ကို မိတ်ဆက်ပေးမည်ဆိုသော စကားမှာ ဘယ်ရွန်မြို့စားအား သူ့ကို အထင်ကြီးစေရန် ပြောခဲ့သော အာလပစကားတစ်ခုမျှသာမဟုတ်ပေ။ အန်းသန့်စ်သည် ဘယ်ရွန်နှင့်အတူ အိမ်ကြီးတဝိုက်ကို အချိန်အတော်ကြာ လှည့်ပတ်ခဲ့သည်။
"သခင်ဘယ်ရွန်!"
"သခင်ဘယ်ရွန်!"
ထိုအချိန်တွင် ဘယ်ရွန်မြို့စား ပြန်ရောက်လာခြင်းကို နောက်ကျမှသိခဲ့ရသော လော်ရာနှင့် အမ်မာတို့က စံအိမ်ထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့ကြသည်။အမ်မာက အေပရွန်ဝတ်ထားတာကို ကြည့်ရသလောက် သူမသည် သူတို့အတွက် အစားအသောက်များ ပြင်ဆင်နေတာ ဖြစ်ရမည်။
"အမ်မာ! လော်ရာ! နေကောင်းကြရဲ့လား"
"ဟုတ်ကဲ့! သခင်ရော နေကောင်းရဲ့လား။အိုး ဘုရားရေ! သခင်က တော်တော်လေးကို ကြံ့ခိုင်လာတာပဲ။သခင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့တာပဲဖြစ်ရမယ်!"
"အာ ဟုတ်တယ် ငါ့မှာ…"
ကြိုးစား အားထုတ်ခဲ့သော်လည်း ဘယ်ရွန်မြို့စား၏မျက်နှာ ခဏတာ မဲနက်သွားသောကြောင့် ၎င်းမှာ သာယာဖွယ်ကောင်းသော လေ့ကျင့်ခန်း မဟုတ်လောက်ပေ။
"မတွေ့တာကြာပြီပဲ ဘယ်ရွန်မြို့စား"
လော်ရာနောက်မှ ရိုယာလည်း ပေါ်လာခဲ့သည်။
"ရိုယာ မဟုတ်လားကွ။မင်း ဒီအတောတွင်း အဆင်ပြေပြေရှိနေရဲ့လား"
ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရခြင်းက ဟက်ဟက်ပက်ပက် ရယ်မောနေသော ဘယ်ရွန်မြို့စားကို တောက်ပလာစေ၏။
"စကားမစပ် အခုက အချိန်ကောင်းပဲ။ကျွန်မ ဟင်းပွဲအသစ်ကို တီထွင်ထားတာ သခင် စမ်းကြည့်သင့်တယ်!"
အမ်မာက ဘယ်ရွန်မြို့စား၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်သည်။ ရာသီဥတုသာယာသောကြောင့် အပြင်ကအဆောင်ငယ်လေးတွင် စားကြရန် တောက်ပသောအပြုံးဖြင့် အကြံဉာဏ်ပေးလာခဲ့သည်။
"ပြန်ရောက်တာနဲ့ အမ်မာရဲ့ လက်ရာကိုစားရတာလောက် ဘယ်ဟာမှ ပိုကြည်နူးဖို့ကောင်းတာ မရှိဘူး။ဒါဆို ငါတို့ အားလုံးအတူတူစားကြရအောင်"
အမ်မာ၏ လက်ရာကို မည်သူကမှ ငြင်းဆန်မှာ မဟုတ်ချေ။ အနည်းငယ်ဗိုက်ဆာနေသော လူနာသည် ဘယ်ရွန်မြို့စား၏ ဘေးနားဝင်ထိုင်နေသည်။
ရထားကို အချိန်အတော်ကြာအောင် မောင်းနှင်ခဲ့ရသော ဟင်နရီ နှင့် အတွင်းရေးမှူး တင် တို့လည်း ပါဝင်ခဲ့ကြသည်။ ရိုယာ နှင့် လော်ရာတို့သည် လူနာ၏ အနီးကပ်တွင် ထိုင်ခဲ့ကြ၏။
"ငါတို့အားလုံး ဒီလိုမျိုးစုကြတာက တော်တော်ကြာနေပြီပဲနော်"
လူနာက အနည်းငယ် ဆို့နင့်နေသော အသံဖြင့် ပြောလိုက်သည်။ လအနည်းငယ်မျှသာ ခွဲခဲ့ကြရသော်လည်း ရှုပ်ယှက်ခတ်သော အဖြစ်အပျက်များစွာကြောင့် အချိန်ပိုကြာနေသလို ခံစားခဲ့ရသည်။
"အမှန်ပဲ။ငါတို့အရင်က ဒီလိုမျိုး တစ်ခါမှ မခွဲဖူးတော့ နည်းနည်း အထီးကျန်ဆန်တယ်"
ဘယ်ရွန်မြို့စားသည်လည်း ထိုသို့ ခံစားရသည်။ အလုပ်များပြီး ပြည့်စုံသောနေ့ရက်များရှိနေသော်လည်း သူ့ဘဝတစ်ဝက်လုံးနီးပါး အချိန်အတူကုန်ဆုံးခဲ့သော လူနာနှင့် ခွဲနေရန်မှာ မလွယ်ကူလှပေ။
"အခု အလုပ်က လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဆိုတော့ ငါ ခဏခဏ သွားကြည့်မှရမယ်။ လူနာ သမီးလည်း အလုပ်များနေတယ်ဆိုပေမယ့် လာဖို့ အချိန်ရနိုင်အောင် ကြိုးစားပါအုံး။အဖေတို့အတွက် သခင်လေး စီစဉ်ပေးထားတဲ့ အိမ်ကြီးက ဘယ်တောင်ကြီးကျယ်ခမ်းနားလဲဆိုတာ သမီးကို ပြချင်မိတယ်။ ရွှေတွင်းကလည်း ကောင်းကောင်းအလုပ်လုပ်နေတယ်"
ဘယ်ရွန်သည် စကားပြောနေရင်း သူ့ဘေးတွင်ထိုင်နေသော အန်းသန့်စ်၏ပခုံးကို ပုတ်လိုက်သည်။ လူနာကလည်း လက်ခံရရှိထားသော အကူအညီကို အသိအမှတ်ပြုဟန် အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။
"သမီးး လုပ်ပါ့မယ်"
"ဒါနဲ့ သမီးပြောသလို ဒီနှင်းဆီစံအိမ်က တကယ့်ကို လှပတဲ့ နေရာပဲ။သမီးနဲ့သခင်လေးတို့ပဲ နေထိုင်ဖို့အတွက်တော့ တော်တော်လေးကျယ်တယ်။ဒါပေမယ့် စံအိမ်ကောင်းဆိုတာ ဒီလိုပဲဖြစ်နေသင့်တယ်မဟုတ်လား"
"…ဟင်"
ထိရှခံစားစေနိုင်သော စကားဝိုင်းအလယ်မှာ ရုတ်တရက်ကြီး ဒီမဆီမဆိုင်စကားက....
လူနာသည် သူမ မကြားသင့်သောအရာတစ်ခုကို ကြားလိုက်ရသလိုမျိုး မျက်မှောင်ကြုတ်ပြီး သူမအဖေကို ဆူလိုက်သည်။
"အဖေ ဘာအကြောင်းပြောနေတာလဲ!သမီးက အိမ်ထောင်မပြုရသေးဘဲ ဘာလို့ သခင်လေးနဲ့အတူ ဒီမှာနေရမှာလဲ။ဒါက ဘယ်လိုကောလဟာလလဲ"
"မဟုတ်ဘူး၊ မဟုတ်ဘူး။အဖေဆိုလိုတာက အနာဂတ်မှာ ဒီလိုဖြစ်နိုင်ခြေရှိတယ်လို့ပါ"
ဘယ်ရွန်မြို့စားသည် သူ့ခံစားချက်အမှန်ကို မရည်ရွယ်ဘဲ ထုတ်ပြောမိသွားတာကြောင့် အလျင်စလို ရှင်းပြလိုက်သည်။
ဒီလိုဖြစ်လာဖို့ကို သူမျှော်လင့်ထားပေမယ့်လို့ အရမ်းကြီး တွေးမိသွားတာကြောင့် သူ့ပါးစပ်ကနေ ချော်ထွက်သွားတာဖြစ်သည်။
"ကောလဟာလတွေက မင်းကိုပူပန်နေစေတယ်ဆိုရင် မင်းနဲ့ကိုယ်တို့ တကယ်လက်ထပ်လိုက်ကြမယ်ဆို ပိုမကောင်းဘူးလား"
အန်းသန့်စ်က အခွင့်အရေးကို ဆုပ်ကိုင်ကာ စကားဝိုင်းထဲ ဝင်ရောက်ခဲ့သည်။
ဒါပေါ့ ဒီလိုစကားဝိုင်းမှာ သူပါဝင်လာရမှာ အသေချာပဲ။
လူနာ မျက်လုံးတွေကို တင်းတင်းမှိတ်ပြီး သွားများကို တင်းတင်းကြိတ်ကာ ငြင်းလိုက်သည်။
"ရှင်က အရမ်းစိတ်လောတာပဲ။ရှင် ဒီလိုစကားမျိုးပြောရအောင် ကျွန်မတို့ ချိန်းတွေ့တာက ဘယ်လောက်ကြာပြီမို့လို့လဲ"
"ချိန်မတွေ့ခင် လက်ထပ်သွားတဲ့ သူတွေလည်းရှိတာပဲလေ။ကိုယ်တို့ကို စဉ်းစားကြည့်။ကိုယ်တို့ တွဲနေတာ တော်တော်ကြာပြီမလား"
"အဲဒါက ရှားတယ်လေ။အဲဒီလူတွေက သူတို့လုပ်ချင်လို့ လုပ်တာ။အဲ့လိုဆိုရင်တောင်မှ ကျွန်မမှာ လက်ထပ်ဖို့ အစီအစဉ်မရှိ-"
အစီအစဥ် မရှိဘူးလား...
လူနာက ထိုစကားများကို အကုန်ပြောပစ်ခါနီးမှာပဲ သူမ၏ပါးစပ်ကို ရုတ်တရက်ပိတ်လိုက်တော့သည်။
သူမ သိဖို့အတွက် ခေါင်းလှည့်နေစရာတောင် မလိုလောက်ဘူး။လူတိုင်း၏ အကြည့်များက သူမအပေါ် စူးစိုက်ကျလာခဲ့ကြသည်။
ဒါက စတာသက်သက်ဆိုတာ သိလျက်နဲ့ ဘာလို့ သူမကပဲ ထပ်ခါထပ်ခါ ဒီအကွက်ထဲကျခဲ့ရတာလဲ။
လူနာက အန်းသန့်စ်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ထို့နောက် တင်းတင်းစေ့ထားသော ပါးစပ်ကိုဖွင့်ကာ သူမပြောခဲ့တာကို ပြီးအောင်ဆက်ပြောလိုက်သည်။
"....မရှ်ိသေးဘူးလို့ပြောတာ"
"ဒါဆို အနာဂတ်ကျရင်တော့ အခွင့်အရေး ရှိတယ်လို့ ပြောနေတာလား"
"ကျွန်မတို့ သိရပါလိမ့်မယ်။အဲ့ဒါက တစ်နှစ်၊နှစ်နှစ်လောက် ချိန်းတွေ့ပြီးမှ ဖြည်းဖြည်းချင်း စဉ်းစားရမယ့် ကိစ္စပဲဟာ"
အန်းသန့်စ်သည် လူနာ၏ ရှက်ရွံ့နေသော တုံ့ပြန်ချက်က အလွန်ချစ်စဖွယ်ကောင်းလှသဖြင့် ရွှင်မြူးစွာရယ်မောလိုက်သည်။
သူလည်းပဲ ထိုနှစ်နှစ်တာကာလသည် လူလွတ်ဖြစ်တာနှင့်ပတ်သက်ပြီး အဆက်မပြတ်ညည်းညူခြင်းများအပေါ် ခံနိုင်ရည်ရှိသောကာလ ဖြစ်မည်ဟု ထင်သည်။
အဖြစ်မှန်က ထိုသို့မဟုတ်သော်လည်း အပျော်သဘောဆောင်သော သူတို့စုံတွဲကို မြင်တိုင်း လူတိုင်းသည် သူတို့နှစ်ဦးအား ရိုမန့်တစ်ဆန်သောအချစ်ရေး ရှိနေကြတယ်လို့ပဲ အထင်လွဲခဲ့ကြသည်။
ထို့နောက် အမ်မာ ပြင်ဆင်ထားသော အစားအစာကို မြည်းစမ်းကြည့်ကြရင်း တစ်ယောက်နဲ့တစ်ယောက် သာကြောင်းမာကြောင်းများ မေးမြန်းခဲ့ကြ၏။ထို့နောက် လာလည်ပတ်သူတစ်ဦး တိုးလာခဲ့သည်။ ရို့စ်မယ်ရီကလွဲ တစ်ခြားသူမဟုတ်ပေ။သူမက တာဝန်များပြီးသည်နဲ့ လူနာကို ပြုံးရွှင်စွာ လာရှာခဲ့သည်။
"လေဒီ... လူနာ"
ရို့စ်မယ်ရီသည် မရင်းနှီးသောမျက်နှာကိုမြင်လိုက်ရတာကြောင့် မျက်တောင်များ တဖျတ်ဖျတ်ခတ်လိုက်သည်။ထို့ကြောင့် လူနာက ဘယ်ရွန်မြို့စားကို သူမအားမိတ်ဆက်ပေးခဲ့လိုက်သည်။
"အာ.. သူက ငါ့အဖေလေ။သူ ဒီနေ့စောစောလေးကပဲ ပဲလ်နယ်မြေကနေ ပ့န်ရောက်လာတာ"
"…အမ်!"
လေဒီလူနာရဲ့အဖေလား။
ရို့စ်မယ်ရီက အံ့အားသင့်စွာဖြင့် ဒူးညွှတ်နှုတ်ဆက်လိုက်သည် ။
"နှုတ်ဆက်တာနောက်ကျသွားလို့ တောင်းပန်ပါတယ်။ သမီးနာမည်က ရို့စ်မယ်ရီဗင်းဆင့်ပါ"
သူမက အလွန်ယဉ်ကျေးပြီး သိမ်မွေ့သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားခဲ့သည်။ထိုသူက လူနာ၏ဖခင်မှလွဲအခြားသူမဟုတ်သောကြောင့် အမှားတစ်ခုမှ မလုပ်မိအောင်ဂရုစိုက်ခဲ့သည်။
"အဖေ ရို့စ်မယ်ရီက သမီးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလေ။သမီးတို့က လက်ဖက်ရည်သောက်ဖို့ မကြာခဏ ဆုံကြပြီး ပါတီပွဲတွေလည်း အတူတူ တက်ကြသေးတယ်"
"ဒါဆို သမီးက ငါတို့ လူနာရဲ့ သူငယ်ချင်းကောင်းပဲ။တွေ့ရတာဝမ်းသာပါတယ်"
ဘယ်ရွန်မြို့စားသည် ဖယ်ဆန်မှလွဲ လူနာ၏သူငယ်ချင်းနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သောကြောင့် သူမကို ယဉ်ကျေးစွာနှုတ်ဆက်ခဲ့လိုက်သည်။ဒီအတောအတွင်းမှာ လူနာက ဒီလိုလူကောင်းတစ်ယောက်နဲ့ တွေ့ခဲ့သည့်အတွင် သူအရမ်းပျော်ပေသည်။
ဒါပေမယ့် တစ်ခုခုကတော့ ထူးဆန်းနေတယ်။ မဟုတ်ဘူး...မျက်နှာပေါက်က နည်းနည်းရင်းနှီးနေသလိုပဲ။
ဘယ်ရွန်၏အကြည့်များက သတိမထားမိဘဲ အန်းသန့်စ်ဆီသို့ ရွေ့လျားသွားပြီး ရို့စ်မယ်ရီဆီသို့ပြန်ရွေ့သွားကာ ထို့နောက် အန်းသန့်စ်ကို တစ်ဖန် ရို့စ်မယ်ရီကို တစ်လှည့် ကြည့်ခဲ့သည်။
"အာ...သူက သမီးအကိုကြီးပါ"
အဲ့ဒါကြောင့် ရို့စ်မယ်ရီလည်း အနည်းငယ် ကို့ရို့ကားယားနိုင်သော အပြုံးဖြင့် ဘယ်ရွန်ကို ရှင်းပြခဲ့လိုက်သည်။သူမက သူဘာလို့ အကြည့်တွေဟ်ုပြောင်း ဒီပြောင်းလုပ်နေတာလဲဟု မေးချင်သော်လည်း သူက လူနာအဖေပင်။
ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ ဒေါသထွက်တာက အဓိပ္ပါယ်မရှိပေ။
"အိုး! အဓိပ္ပာယ်ရှိသားပဲ။အဲ့တာကြောင့် ဒီလိုချောမောလှပတဲ့ အသွင်အပြင်တွေက အရမ်းဆင်တူတာပဲလို့ ထင်နေတာ"
"ကျေးဇူးတင်ပါတယ်…"
သူမအား အန်းသန့်စ်နှင့်တူသည်ဟုပြောလာသောကြောင့် မျက်နှာပေါ်က အပြုံးမပျောက်အောင် မနဲထိန်းသိမ်းခဲ့လိုက်ရသည်။ ပုံမှန်သူမသာဆိုရင်တော့ ဒါက မတွေးဝံ့စရာပင်။
"သက်တောင့်သက်သာပြောပါ"
"အဲဒါက အဆင်ပြေပါ့မလား မသိဘူး"
"ဒါပေါ့ အဆင်ပြေတာပေါ့။ပြီးတော့ ဘယ်ရွန်မြို့စားမှာလည်း အရမ်းကောင်းတဲ့ ထင်မြင်ချက်ရှိတယ်။ လေဒီလူနာက ဘယ်ရွန်မြို့စားနဲ့ ဆင်တယ်နော်။ ကောင်းမွန်တဲ့ မျက်လုံးပုံစံနဲ့ နီညိုရောင်ဆံပင်တွေ"
ထိုသို့ဖြင့် ဘယ်ရွန်၏အသွင်အပြင်ကိုပင် ချီးကျူးလာခဲ့သည်။
တကယ်တော့ လူနာက ဘယ်ရွန်နဲ့ သိပ်မတူပေမယ့်လည်း သူ့၏ လှပပြီး ထက်မြက်သော သမီးလေးနဲ့ ဆင်တူတယ်လို့ ပြောခံရတာနဲ့ ပတ်သက်ပြီး ခံစားရဆိုးတာမျိုး လုံးဝမရှိနိုင်ပေ။
"သူ ရူးသွားတာလား"
ဘယ်ရွန်ထံမှ မျက်နှာသာရရှိရန် မလိုအပ်သော ချီးကျူးစကားများကိုပင် ဖန်တီးခဲ့သည့် အန်းသန့်စ်က သူမ ဘာလို့ ဒီလိုဖြစ်သွားတာလဲ နားမလည်ဘဲ အာမေဠိတ်သံပြုလိုက်သည်။
ပြင်ပလူများအတွက် အန်းသန့်စ်က လက်ရှိရို့စ်မယ်ရီနှင့် အလွန်ဆင်တူသည်ဟု ထင်သော်လည်း ကိုယ်တိုင်မှန်ကန်စွာမမြင်နိုင်သော အန်းသန့်စ်ကမူ သူမည်သို့ ပုံရှိနေမှန်းကို သဘောမပေါက်ခဲ့ပေ။
"အာ စကားမစပ်! ပြီးတော့ ဒီဟာက ငါ့အမေ နင့်ကို ပေးခိုင်းလိုက်တဲ့ လက်ဖက်ခြောက်ပဲ။ အမှန်တော့ အလုပ်ပြီးလို့ လာတာထက် ဒါလေးပို့ပေးဖို့ လာခဲ့တာ"
တော်တော်မွှေးတဲ့ ထူးခြားတဲ့လက်ဖက်ခြောက်ပဲ။
လူနာက အဲ့တာဘာလဲလို့ မျက်လုံးများနှင့် မေးလာတာကြောင့် ရို့စ်မယ်ရီလည်း ညင်သာစွာ ပြုံးပြီး ဖြေလိုက်သည်။
"အဲ့ဒါကို နိုင်ငံခြားသားဧည့်သည်တစ်ယောက်က ပေးခဲ့တာ။ စိတ်ကို ကြည်လင်စေတဲ့အကျိုးသက်ရောက်မှုရှိတယ်တဲ့။ အဲ့ဒါကြောင့် သူမက လေဒီလူနာ ကို ပေးလိုက်ရင် ကောင်းမယ်ထင်တယ်လို့စဉ်းစားခဲ့တာ"
"အိုး ဘုရားရေ ဒီလောက် အဖိုးတန်တဲ့ လက်ဖက်ရည်ကိုလေ.."
အဖိုးတန်လား မတန်လား မသေချာသော်လည်း နိုင်ငံခြားသားဧည့်သည်က မားကွစ်မြို့စားကတော်ကိုပေးခဲ့တာလို့ဆိုထဲစ အရည်အသွေးမြင့်လောက်မည်။
တစ်စုံတစ်ရာကို ပြန်မပေးနိုင်သောအခါတွင် တစ်စုံတစ်ရာကို လက်ခံရန်အတွက် အနည်းငယ် ချီတုံချတုံ ခံစားနေရသည်။ ရို့စ်မယ်ရီက တကယ်အဆင်ပြေကြောင်း သေချာသလိုမျိုး တောက်ပစွာ ပြုံးပြလိုက်သည်။
"ဟုတ်တယ်။လေဒီ့က ငါနဲ့ ငါ့အစ်ကို နှစ်ယောက်စလုံးအပေါ်မှာ ကျေးဇူးရှိတယ်လေ။ ပြီးတော့ ငါ့အမေကလည်း လေဒီလူနာကို သဘောအရမ်းကျနေတာ"
ကျေးဇူးရှိသာမျှသာမဟုတ်ဘဲ သူ့သားကို ဆုံးမပေးတာကြောင့်လည်းပါပေသည်။
ဒါပေါ့ ဒါက အန်းသန့်စ် ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက်ကြောင့်ပဲ ဒါပေမယ့် တခြားသူတွေအမြင်မှာတော့ သူမက ပြုပြင်ပေးလိုက်သလိုဖြစ်သွားခဲ့သည်။
"မားကွစ်မြို့စားကတော်က ပေးခဲ့တာလား"
အနီးကပ်စောင့်ကြည့်နေခဲ့သော ဘယ်ရွန်မြို့စားက စကားဝိုင်းကို ဖြတ်ပြောလာခဲ့သည်။ ရို့စ်မယ်ရီသည်လည်း မားကွစ်မြို့စားကတော် နှင့် အပြန်အလှန်သဘောတူညီချက်အချို့ပြုလုပ်ထားသောကြောင့် ထုတ်ပြောရန် တွန့်တိုမနေပေ။
ထိုအပေါ် နာခံမှုဖြင့် ဟုတ်ပါတယ်ဟု ဖြေတော့မည့် ရို့စ်မယ်ရီသည် ခဏရပ်လိုက်မိသည်။ ရုတ်တရက်ပင် တော်တော် ယုံနိုင်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုက သူမ စိတ်ထဲ ရောက်လာသည်။
"ဟုတ်တယ်။ အမေက အမှန်တော့ ထမင်းဖိတ်ကျွေးချင်နေပေမယ့်...ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာစိုးလို့ အဲ့အစား လက်ဖက်ခြောက်ကို ပို့ပေးခဲ့တာ။ အာ! စကားမစပ် အစ်ကိုက ဘယ်ရွန်မြို့စားအပေါ်၏ ကျေးဇူးကြွေးရှိတယ်ထားတယ်ဆိုတော့ တစ်ချိန်ချိန်လောက်တော့ တွေ့ချင်တယ်လို့ ပြောခဲ့တယ်"
အဲ့ဒါက မိသားစုများကြား ကိစ္စရပ်များကို တတ်နိုင်သမျှ အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် နည်းလမ်းတစ်ခုဖြစ်သည်။
အကြောင်းပြချက်မရှိဘဲ လူနာ နှင့် အန်းသန့်စ် ဒီ့ထက်ပိုနီးကပ်လာရန် စောင့်ဖို့က မဖြစ်နိုင်ပေ။ အထူးသဖြင့် ကြောက်မက်ဖွယ်ရန်ဘက်ဖြစ်သော အိမ်ရှေ့စံမင်းသားပါ ပေါ်လာသောကြောင့် အခြေအနေမှာ အလွန်အန္တရာယ်များလာသည်။
"အဲ့ဒါအမှန်ပဲလား"
မဟုတ်ဘူး အဲဒါက လိမ်လိုက်တာ....
"ဟုတ်တယ်ရယ်။အချိန် အဆင်ပြေရင် နောက်ကျ မားကွစ်အိမ်တော်ကို လာလည်ဖို့ စိတ်ကူးရှိလား။အဖေရော အမေရောက အရမ်းပျော်ကြမှာ သေချာတယ်"
လူနာ နှင့် မိသားစု ဖြစ်လိုသော အတွေးထဲ လုံးလုံးကျသွားသော ရို့စ်မယ်ရီသည် မျက်တောင်တစ်ချက်မခတ်ဘဲ ဆက်ပြီးပလီပလာပြောခဲ့လိုက်သည်။
ထို့ကြောင့် လူနာသည် တစ်စုံတစ်ခု မှားနေသလိုမျိုး ခံစားလာရကာ ဖျောင်းဖျရန် ကြိုးစားလိုက်ချိန်တွင် ဘယ်ရွန်ကပြောလာခဲ့သည်။
"အဲ့လိုဆိုမှတော့ ဒါပေါ့ လာလည်သင့်တယ်။ ငါ့မှာ အချိန်တွေအများကြီးရှိနေတာ။ပြီးတော့ သခင်လေးဆီက အကူအညီတွေအများကြီး ယူခဲ့ရလို့ မှန်မှန်ကန်ကန် လာပြီး ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ်"
ဘယ်ရွန်မြို့စားသည် ရို့စ်မယ်ရီ၏အကြံပြုချက်ကို အလွန်နှစ်သက်လက်ခံခဲ့သည်။
"အဖေ ဘာလို့ မားကွစ်မြို့စား နဲ့မားကွစ်မြို့စားကတော် ကိုတွေ့မှာလဲ"
လူနာသည် ဘယ်ရွန်မြို့စား၏လက်ကိုဆွဲကိုင်လိုက်ပြီး တွေ့စရာမလိုသောလူများ ဘာလို့များ တွေ့ချင်နေကြသည်ကို နားမလည်နိုင်ပေ။
ဒါပေါ့ အဲ့ဒါက လူနာ၏ အတွေးသက်သက်ပင်။အချိန်စောနေသော်လည်း၊ ရို့စ်မယ်ရီက စေ့စပ်ကြောင်းလမ်းဖို့ တွေ့ဆုံပွဲတစ်ခုကို အဆိုပြုနေတာဖြစ်ကြောင်း ရိုယာ လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။
"စဉ်းစားကြည့်မှ ဗင်းဆင့်နဲ့ ပဲလ် နယ်မြေတွေက တစ်ခုနဲ့ တစ်ခု ကပ်လျက်ရှိကြတာမလား။ ဒီအချိန်မှာ အပြန်အလှန် ဆက်ဆံတာက ကောင်းလိမ့်မယ်။ ပဲလ်နယ်မြေကို ပြန်လည်တည်ဆောက်ဖို့အတွက်ဆို ဗင်းဆင့်မိသားစု အကူအညီကို လိုအပ်မှာပဲ"
"အမှန်ပဲ! ငါတို့ ပဲလ်နယ်မြေမှာက မိုင်းတွင်းပဲရှိတော့ ငါတို့ နည်းလမ်းပေါင်းစုံကနေ အကြံဉာဏ်တွေ လိုအပ်လာမှာ အဲ့တော့ ဒါက အခွင့်ကောင်းပဲ"
နယ်မြေကိုဖော်ပြခြင်းနှင့် အကြံဉာဏ်များအကြောင်းပြောတာကြောင့် ဘယ်ရွန်မြို့စားက မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့နှင့်တွေ့ဆုံသင့်သော အကြောင်းရင်းမှာ အတော်လေးကို ဖြစ်နိုင်ချေရှိသည်။
အထူးသဖြင့် သူတို့သည် နယ်မြေများကပ်လျက် ရှိနေသောကြောင့် အမှန်တကယ် အပြန်အလှန် ဆက်ဆံရေးရှိရန် လိုအပ်သည်။
"မဟုတ်ဘူး၊ အဲ့ဒါမှန်ပေမယ့်…"
လူနာသည် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကိုမတွေ့ဆုံဖို့ အကြောင်းပြချက်ရှာရန် ဘယ်ရွန်၏လက်ကို ကိုင်ထားဆဲဖြစ်သည်။ အန်းသန့်စ်က သူ့ကို ကူညီနေမှန်းကို နားမလည်ဘဲ ရယ်စရာကောင်းသော လုပ်ရပ်တစ်ခုလို့ ထင်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ရို့စ်မယ်ရီက အရူးမလေးလိုပဲ တစ်ခစ်ခစ်ဖြင့် တိုးတိုးလေးရယ်မောပြီး ထိုင်ခုံမှ ထရပ်ကာ ပြောလိုက်သည် ။
"အခု လာရင်းကိစ္စကပြီးသွားပြီဆိုတော့ ပြန်တော့မယ်နော်။ ငါ့မိဘတွေလည်း သဘောကျမှာ သေချာတယ်"
အကယ်၍ သူမ ခပ်ကြာကြာဆက်နေပါက လူနာ နှင့် အန်းသန့်စ်တို့ထံမှ ဖမ်းမိသွားမည်ကို စိုးရိမ်တာကြောင့် သတိရှိရှိဖြင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
TK Team ( Chapter 87)