Chapter 86
Viewers 9k

< ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ဘူး

အခန်း ၈၆ >


* * *


မြို့စားကြီး၏အိမ်တော်သို့အဆွဲခံခဲ့ရသော ဖယ်ဆန်သည် အခန်းထဲတွင် ခဏတာမျှ သော့ပိတ်ခံထားပြီး အပြင်မထွက်နိုင်ခဲ့ပေ။၎င်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကြောင့်ပါသော်လည်း မြို့စားကြီးဆီက အမျက်ဒေါသကြောင့်က ပိုပေသည်။


မြို့စားကြီးသည် ယခင်က တစ်ခါမှမမြင်ဖူးခဲ့သော အဆင့်အထိ ဒေါသချောင်းချောင်းထွက်ခဲ့သည်။


အကယ်၍ အတိတ်၌ သူ့အပေါ် မျှော်လင့်ချက် မထားခဲ့ပါက ကွဲပြားသွားနိုင်သည်။သို့သော် မျှော်လင့်ချက် အနည်းငယ်ကို ဆုပ်ကိုင်ထားခဲ့တာကြောင့် ယခုတော့ဖြင့် အလွန်ရယ်စရာကောင်းလောက်အောင်ပင် အပိုင်းပိုင်းကွဲသွားကာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။


ထိုအချက်ကြောင့်ပင် မြို့စားကြီးသည် များစွာ တွေးတောဆင်ခြင်ပြီးနောက် အခြားကလေးတစ်ဦးကို မွေးစားလိုက်တာက ပိုကောင်းသော အကြံဖြစ်နိုင်သည်ဟုပင် တွေးလိုက်မိပြီး စားပွဲကိုလှန်ကာ သူ့ဒေါသများကို ထုတ်ဖော်ခဲ့သည်။


- မွေးစားတာ၊ မွေးစားတာ!စဉ်းစားကြည့်မှ ငါက သွေးရင်းသားရင်းမဟုတ်တဲ့သူတစ်ယောက်ကိုခေါ်လာပြီး ငါ့ဆက်ခံသူအဖြစ် ထားဖို့ စဉ်းစားနေတာလား။


မြို့စားကြီးသည် အမှန်တကယ်ပင် ရူးသွပ်သွားတော့မည့်ပုံရနေသည်။ညတိုင်း သူ၏မြို့စားကြီးအိမ်တော်ပြိုလဲကျမည်ကို ကြောက်နေရကာ အိပ်မက်ဆိုးများက သူ့ကို ညှဉ်းပန်းနှိပ်စက်နေခဲ့ရသည်။


'ငါ ဒီလိုမျိုးတော့ ဘယ်လိုမှ လွှတ်မထားနိုင်ဘူး'


သူသည် မည်သည့်နည်းလမ်းကိုမဆို သူ့မိသားစု၏ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ရန်အတွက် မှီခိုအားထားရတော့မည်သာ။မိုက်မဲသော ဖယ်ဆန်ကို အစားထိုးဖို့အတွက် ဉာဏ်ရည်ထက်မြက်သော ဆက်ခံသူတစ်ယောက် လိုအပ်ပေသည်။


မြို့စားကြီးက နက်ရှိုင်းသော သက်ပြင်းကိုချလိုက်သည်။ပထမဆုံး ကိုင်တွယ်ဖြေရှင်းရမည့်အချက်မှာ မြို့စားကြီးမိသားစု ဆန့်ကျင်ရန် ကြံစည်ဝံ့သော မြို့စားများပင်ဖြစ်သည်။


* * *


မြို့စားကြီး၏အိပ်မက်ဆိုးများက အခြေအမြစ်မရှိတာ မဟုတ်ကြောင်း သက်သေပြသည့်အနေဖြင့် ဖယ်ဆန်နှင့်ပတ်သက်သော ကောလာဟလများမှာ တီးတိုးပြောဆိုမှုများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားခဲ့သည်။


အကယ်၍ သူထွက်မပြေးပါက ကောလဟာလများသည် ဒီလောက်အထိ ပျံ့နှံ့သွားမှာ မဟုတ်ပေ။သို့သော် ကံမကောင်းစွာဖြင့် မြို့စားကြီး၏အစေခံများသည် ထွက်ပြေးသွားသော ဖယ်ဆန်ကိုရှာဖွေရန်အတွက် မြို့တော်ကနေရာတိုင်းကို ရှာဖွေခဲ့သောကြောင့် ဖြစ်ပျက်ခဲ့သမျှအပေါ် လူတိုင်း၏အာရုံစူးစိုက်မှုများစုလာခဲ့သည်။


"ကျန်းမာတဲ့လူအတွက် ဒီလိုမျိုး ရှာဖွေရေးပါတီ ရှိမှာမဟုတ်ဘူး။ဖြစ်နိုင်တာက သူက တစ်နေရာရာမှာ နေမကောင်းဖြစ်နေတာများလား"


"သူ နေမကောင်းဆိုတာ ဘယ်နေရာကို ဆိုလိုတာလဲ"


"ခေါင်းလေ ခေါင်း။ သူ အရင်က ရွှင်လန်းတက်ကြွတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပေမယ့် မနှစ်ကတည်းက ထူးထူးခြားခြား ပြုမူနေခဲ့တာ။ နှစ်သစ်ပါတီတုန်းကတောင် သူက လူနာပဲလ်ကို ထွက်မသွားနိုင်အောင် ဆွဲထားသေးတယ်တဲ့။ပြီးတော့ တရားရုံးမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းတွေတောင် ရှိသေးတယ်"


ဤကျိုးကြောင်းဆီလျော်သော ယူဆချက်ကို ကြားရသော မျိုးရိုးမြင့်များသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။သူတို့ထဲမှ တစ်ယောက်က နောက်ထပ် အကြောင်းအရာသစ်တစ်ခုကို ပစ်ချလာခဲ့သည်။


"ငါ့အထင် အဲ့ဒါ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အင်ပါယာနန်းတော်နဲ့ စာချုပ်ပျက်သွားခဲ့တာကြောင့်ပဲဖြစ်ရမယ်"


"ဘာကိုဆိုလိုတာလဲ"


"အိုး! ငါလည်းကြားလိုက်တယ်။ ဘုရားသခင် သခင်လေးရိုဒရီယန်က ဒီလို အဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တာလား။ သူက အင်ပါယာမိသားစုကို ဘယ်လိုလုပ်ပြီး လိမ်လည်နိုင်ရတာလဲ"


လူတိုင်းသည် ဖယ်ဆန်ကို နှိမ်ချဝေဖန်ရာတွင် ပါဝင်ခဲ့ကြပြီး ယင်းမှ အကျိုးအမြတ်ရရှိသူမှာ အန်းသန့်စ် ဖြစ်သည်။


အသေးစိတ်အချက်အလက်များပင်ထွက်လာပုံအရ ဒီကိစ္စကိုသိသော တစ်ဦးက ကောလာဟလ ဖြန့်ခဲ့တာ သေချာသည်။


* * *


ရုတ်ရုတ်သဲသဲ အခြေအနေကြားတွင် လူနာသည် သူမဆန့်ကျင်ဘက်ရှိ လက်ဖက်ရည် အေးအေးဆေးဆေးထိုင် သောက်နေသောလူကို မျက်နှာချင်းဆိုင်ကာ အနည်းငယ် တင်းမာသော မျက်နှာဖြင့် မေးလိုက်သည် ။


"အဲ့ဒါကို သခင်လေး ဖြန့်လိုက်တာမလား"


"မှန်တယ်"


ဘာပြန့်နေမှန်းကိုတောင် မမေးဘဲ အန်းသန့်စ်သည် တောက်ပသော အပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။


"ကိုယ် ဖြန့်လိုက်တာမှန်တာပဲ။ သူ့လုပ်ခဲ့တာကို ပြန်ပေးရုံပဲ"


ဘုရားရေ..အရမ်းရဲရင့်တာပဲ။


သူမက သူ့ကို ဒီလိုမျိုးလုပ်သည့်အတွက် အပြစ်တင်ချင်တာမျိုး မဟုတ်ပေ။အဲ့ဒါက ‌ဒီတိုင်း သူသည် မမျှော်လင့်ဘဲထိုးနှက်ခံရမှုကို အောင်ပွဲအဖြစ် ပြောင်းလဲလိုက်နိုင်ပုံက မှတ်သားစရာကောင်းနေသောကြောင့်ပင်။


"ဒါပေမယ့် ကျွန်မမှာ မေးခွန်းတစ်ခုရှိတယ်။ ပေးပို့ရမယ့်ရက်ကို ဖျက်ပြီး အင်ပါယာကနေ ထွက်သွားခဲ့တဲ့ မြို့စားတွေက ဘယ်လိုဖြစ်သွားမှာလဲ"


"အာ အဲဒါလား"


အကြောင်းတစ်ချို့ကြောင့် အန်းသန့်စ်သည် အလွန်မထီမဲမြင်ပြုသော အမူအရာကိုလုပ်လာခဲ့သည်။အဲ့လိုမျက်နှာမျိုးဆိုတော့ သူဘာတွေလုပ်ခဲ့တာလဲ။ လူနာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။


"ဘာပဲဖြစ်ဖြစ် လေဒီက သိချင်လောက်မယ်ထင်လို့ ကိုယ်ပြောပြတော့မလို့ပဲ။ ဒီမနက်တင်ပဲ ဘယ်အချိန်ပြောရမလဲ စဉ်းစားနေခဲ့တာ။ကြည့်ရတာ အခုက အချိန်ကောင်းပဲ"


* * *

အင်ပါယာမှ ထွက်ခွာသွားခဲ့ကြသော မြို့စားများသည် မြို့တော်သို့ ပြန်ရောက်လာခဲ့ကြပြီး ခဏအကြာတွင် သူတို့သည် မိုးကြိုးပစ်ချခံလိုက်ရဟန်ဖြင့် စာရွက်စာတမ်းများကို လက်ထဲတွင် ကိုင်ထားကြကာ အန်းသန့်စ်ထံသို့ ရောက်လာခဲ့ကြသည်။


"သ-သ-သခင်လေး! ဒီဟာကို ငါတို့ဘာလုပ်သင့်လဲ!"


အန်းသန့်စ်သည် လေလာလှုပ်ရွက်များကဲ့သို့ တုန်ယင်နေသော လက်ထဲမှ စာတမ်းကိုယူကာ ဖတ်ကြည့်လိုက်သည်။


"ပျက်စီးမှုအတွက် တောင်းထားတာပဲ...ဟမ်း"


၎င်းက ပေးပို့ရန်နောက်ဆုံးရက်ကို လွဲချော်ခဲ့သည့်အတွက် မြို့စားကြီးအိမ်တော်မှ မြို့စားများထံ ပေးပို့ထားသော နစ်နာကြေးတောင်းခံလွှာဖြစ်သည်။


အန်းသန့်စ်က တွန့်ဆုတ်နေသောပုံမပေါ်တာကြောင့် ဘာရွန်ကောလ်တန်သည် အဓိပ္ပာယ်မရှိသော အပြုံးကို ဆွဲထုတ်ပြီး မေးလိုက်သည်။


"အဲ့ဒါ...အဲ့ဒါက ကိစ္စမရှိဘူးမလား။ငါတို့ အဲ့ဒါကို ငါတို့ လျစ်လျူရှုထားလို့ရတယ်မလား။သခင်လေး ပြောခဲ့တဲ့အတိုင်း စာချုပ်ထဲမှာ ပေးပို့ရမယ့်နောက်ဆုံးရက်ကို လွတ်သွားတာနဲ့ ပတ်သက်ပြီး အချက်မရှိနေဘူးလေ"


သူတို့သည် အန်းသန့်စ်၏ စကားများကို အားကိုးကာ ပေးပို့ဖို့ နှောင့်နှေးခဲ့တာဖြစ်သည်။ယခုတွင် ဗိုင်းကောင့်ဂါမေသည်လည်း တူညီသော စာရွက်များကို ကိုင်ထားပြီး အန်းသန့်စ်၏ တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သည်။


ပြဿနာကို သူတို့ကိုယ်တိုင်မဖြေရှင်းနိုင်ဘဲ အရွယ်မရောက်သေးသော ကလေးများကဲ့သို့ အခြားသူများထံမှ အကြံဉာဏ်ရယူနေဆဲဖြစ်သောကြောင့် သူတို့သည် ထိုကဲ့သို့သော အခြေအနေမျိုးမှာ ပြီးဆုံးသွားတာ အံ့သြစရာမရှိပေ။


မည်သည့် စဉ်းစားဉာဏ်ရှိသူမဆို လျော်ကြေးပါပေးဆောင်ပြီး အတိုးနှုန်းမြင့်မြင့်ဖြင့် ကမ်းလှမ်းလာသောာ စာချုပ်ကို အနည်းနဲ့အများတော့ သံသယဖြစ်မိမှာဖြစ်သည်။


"ပေးသွင်းရမယ့်သတ်မှတ်ရက်ကို ဖောက်တာက ပြဿနာမဟုတ်ပေမယ့် အဲ့ဒါက ပျက်စီးမှုကို ဖြစ်စေတသာယ်ဆိုတဲ့အချက်ကြောင့် ခင်ဗျားတို့ဘက်က သူတို့ တောင်းဆိုတဲ့ ပမာဏကို ပြန်ဆပ်ဖို့ လိုတယ်"


"…?!"


"…ဟုတ်လား!"


သူဘာပြောလိုက်တာလဲ။


မြို့စားများသည် သူတို့ သွေးလေးခြောက်ခြားပြီးကြားလိုက်ရသလိုမျိုး တုံ့ပြန်လာခဲ့ကြသည်။


"မင်း ဘာတွေပြောနေတာလဲ။မင်းပဲ စာချုပ်မှာ အဲ့လိုအချက်မရှိလို့ အဆင်ပြေလောက်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"


စာချုပ်မှာ အချက်မရှိတာနဲ့ပင် ပျက်စီးမှုက ပျောက်သွားမှာမို့လိုလား။သူတို့ ဘာလို့များ ဒီလောက်တောင် အဝေးမှုန်နေကြတာလဲ။


ဒီလို ဦးနှောက်တွေ့ စီးပွားရေးကို ဘယ်လိုစီမံခန့်ခွဲပုံလဲဆိုတာက သိချင်စရာပင်။အန်းသန့်စ်က သူတို့ကို ပျက်ရယ်ပြုလိုက်သည်။


"အဲဒါကတော့ ပျက်စီးမှု မရှိတဲ့အချိန်အတွက်ပဲလေ။ ပျက်စီးမှုရှိရင်တော့ လျော်ကြေးငွေ ပေးဆောင်ဖို့ လိုအပ်တယ်။ခင်ဗျားတို့ဘဲ စာချုပ်ကို ရပ်နိုင်ဖို့ဆို ဘာမဆိုလုပ်မယ်ဆိုပြီးဖြစ်ခဲ့ကြတာမဟုတ်ဘူးလား။အခုမှလာပြီး ထူးဆန်းတဲ့အရာလို လာငြင်းခုံနေတာလား"


အန်းသန့်စ်က သူတို့ကြား စည်းတားလိုက်ပြီး အကူအညီပေးရန်ငြင်းဆိုလာသောကြောင့် မြို့စားများ အံ့အားသင့်သွားခဲ့ကြသည်။


သူတို့သည် စာချုပ်ပါအချက်တစ်ခုကြောင့် အလှည့်စားခံခဲ့ရသည်နှင့်အမျှ လက်စားချေခြင်းမှာလည်း စာချုပ်ပါအချက်တစ်ခုမှတစ်ဆင့် ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ ဒါက အပြာရောင်ထဲက ကျည်ဆန်တစ်ခုပါ။၎င်းက ရုတ်တရက်ဖြစ်လာသော အရာတစ်ခုပင်။


နောက်ကြောင်းပြန်ရလျှင် အန်းသန့်စ်သည်ကိစ္စရပ်တစ်ခုလုံးကိုရှင်းလင်းပေးမည်ဟုကတိမပြုဘဲ 'စာချုပ်ရပ်စဲခြင်း' ကိုသာ ကူညီမည်ဟုကမ်းလှမ်းခဲ့တာဖြစ်သည်။


သူတို့သည် အစထဲစ ဒါတစ်ခုတည်းနှင့် လုံလောက်ပါတယ်ဟု အကူအညီတောင်းခဲ့တာဖြစ်သည်။


သူတို့ ဒီလို မိုက်မဲသော လုပ်ရပ်များကို ဘယ်နှစ်ကြိမ် ထပ်လုပ်ကြအုံးမှာလဲ။ ထိုအချိန်က သူတို့သည် ၎င်းမှာ ရှင်းရှင်းလင်းလင်း ဖြေရှင်းချက်တစ်ခုဟု ထင်ခဲ့သော်လည်း လွန်မှသိလာရသည်မှာ ၎င်းထက် ပိုမိုက်မဲသောအရာ မရှိတော့ဘူးဆိုတာပင်။


"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ...!"


တစ်ဖန် မြို့စားများသည် အန်းသန့်စ်ထံမှ အဖြေကို ရှာခဲ့ကြပြန်သည်။ သူတို့သည် သူ၏နည်းဗျူဟာထဲတွင် ပိတ်မိခဲ့ကြပြီး သူတို့ကိုယ်တိုင်တောင် ဖြေရှင်းချက်မရှာနိုင်တော့သည့် ရုပ်သေးရုပ်များ ဖြစ်လာခဲ့ကြသည်။


"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ငါတို့ကိုကူညီပေးပါ...!တောင်းဆိုထားတဲ့ ပမာဏက အရမ်းကြီးလွန်းတယ် ငါတို့ ပြန်မဆပ်နိုင်ဘူး...!"


ပျက်စီးမှုများအတွက် နစ်နာကြေးတောင်းဆိုခံရသည်။အကယ်၍ သူတို့သိပါက အစထဲစ လျော်ကြေးပေးဆောင်ပြီး စာချုပ်ကို တင့်တယ်စွာ ရပ်စဲလိုက်တာက ပိုကောင်းမည်ဖြစ်သည်။


ဖယ်ဆန်မဟုတ်ဘဲ မြို့စားကြီး၏အမည်ဖြင့် ပေါ်လာခဲ့သော လျော်ကြေးတောင်းဆိုချက်က ကရုဏာအရိပ်အယောင်မရှိ ချို့ယွင်းချက်တစ်ခုမျှရှိမနေချေ။


တစ်ဖန် အန်းသန့်စ်သည် သူ့ထံ အကူအညီတောင်းရန် ရောက်လာခဲ့ကြပြန်သော မြို့စားများကို ပျက်ရယ်ပြုခဲ့လိုက်သည်။မျှော်လင့်ထားသလိုပင် ဖြစ်သော်လည်း သူတို့သည် အလွန်မိုက်မဲသော ရွေးချယ်မှုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ကြသည်။


"ဒါဆို စာချုပ်ပါ အကြောင်းအရာတွေကို ဖော်ထုတ်ဖို့ ခြိမ်းခြောက်လိုက်။ လူထုအမြင်ကို အသုံးချလိုက်"


* * *


လူနာက အဲ့တာဘာလဲလို့ မျက်လုံးများနှင့် မေးလာတာကြောင့် ရို့စ်မယ်ရီလည်း ညင်သာစွာ ပြုံးပြီး ဖြေလိုက်သည်။


"အဲ့ဒါကို နိုင်ငံခြားသားဧည့်သည်တစ်ယောက်က ပေးခဲ့တာ။ စိတ်ကို ကြည်လင်စေတဲ့အကျိုးသက်ရောက်မှုရှိတယ်တဲ့။ အဲ့ဒါကြောင့် သူမက လေဒီလူနာ ကို ပေးလိုက်ရင် ကောင်းမယ်ထင်တယ်လို့စဉ်းစားခဲ့တာ"


"အိုး ဘုရားရေ ဒီလောက် အဖိုးတန်တဲ့ လက်ဖက်ရည်ကိုလေ.."


အဖိုးတန်လား မတန်လား မသေချာသော်လည်း နိုင်ငံခြားသားဧည့်သည်က မားကွစ်မြို့စားကတော်ကိုပေးခဲ့တာလို့ဆိုထဲစ အရည်အသွေးမြင့်လောက်မည်။


တစ်စုံတစ်ရာကို ပြန်မပေးနိုင်သောအခါတွင် တစ်စုံတစ်ရာကို လက်ခံရန်အတွက် အနည်းငယ် ချီတုံချတုံ ခံစားနေရသည်။ ရို့စ်မယ်ရီက တကယ်အဆင်ပြေကြောင်း သေချာသလိုမျိုး တောက်ပစွာ ပြုံးပြလိုက်သည်။


"ဟုတ်တယ်။လေဒီ့က ငါနဲ့ ငါ့အစ်ကို နှစ်ယောက်စလုံးအပေါ်မှာ ကျေးဇူးရှိတယ်လေ။ ပြီးတော့ ငါ့အမေကလည်း လေဒီလူနာကို သဘောအရမ်းကျနေတာ"


ကျေးဇူးရှိသာမျှသာမဟုတ်ဘဲ သူ့သားကို ဆုံးမပေးတာကြောင့်လည်းပါပေသည်။


ဒါပေါ့ ဒါက အန်းသန့်စ် ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက်ကြောင့်ပဲ ဒါပေမယ့် တခြားသူတွေအမြင်မှာတော့ သူမက ပြုပြင်ပေးလိုက်သလိုဖြစ်သွားခဲ့သည်။


"မားကွစ်မြို့စားကတော်က ပေးခဲ့တာလား"


အနီးကပ်စောင့်ကြည့်နေခဲ့သော ဘယ်ရွန်မြို့စားက စကားဝိုင်းကို ဖြတ်ပြောလာခဲ့သည်။ ရို့စ်မယ်ရီသည်လည်း မားကွစ်မြို့စားကတော် နှင့် အပြန်အလှန်သဘောတူညီချက်အချို့ပြုလုပ်ထားသောကြောင့် ထုတ်ပြောရန် တွန့်တိုမနေပေ။


ထိုအပေါ် နာခံမှုဖြင့် ဟုတ်ပါတယ်ဟု ဖြေတော့မည့် ရို့စ်မယ်ရီသည် ခဏရပ်လိုက်မိသည်။ ရုတ်တရက်ပင် တော်တော် ယုံနိုင်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုက သူမ စိတ်ထဲ ရောက်လာသည်။


"ဟုတ်တယ်။ အမေက အမှန်တော့ ထမင်းဖိတ်ကျွေးချင်နေပေမယ့်...ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာစိုးလို့ အဲ့အစား လက်ဖက်ခြောက်ကို ပို့ပေးခဲ့တာ။ အာ! စကားမစပ် အစ်ကိုက ဘယ်ရွန်မြို့စားအပေါ်၏ ကျေးဇူးကြွေးရှိတယ်ထားတယ်‌ဆိုတော့ တစ်ချိန်ချိန်လောက်တော့ တွေ့ချင်တယ်လို့ ပြောခဲ့တယ်"


အဲ့ဒါက မိသားစုများကြား ကိစ္စရပ်များကို တတ်နိုင်သမျှ အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် နည်းလမ်းတစ်ခုဖြစ်သည်။


အကြောင်းပြချက်မရှိဘဲ လူနာ နှင့် အန်းသန့်စ် ဒီ့ထက်ပိုနီးကပ်လာရန် စောင့်ဖို့က မဖြစ်နိုင်ပေ။ အထူးသဖြင့် ကြောက်မက်ဖွယ်ရန်ဘက်ဖြစ်သော အိမ်ရှေ့စံမင်းသားပါ ပေါ်လာသောကြောင့် အခြေအနေမှာ အလွန်အန္တရာယ်များလာသည်။


"အဲ့ဒါအမှန်ပဲလား"


မဟုတ်ဘူး အဲဒါက လိမ်လိုက်တာ....


"ဟုတ်တယ်ရယ်။အချိန် အဆင်ပြေရင် နောက်ကျ မားကွစ်အိမ်တော်ကို လာလည်ဖို့ စိတ်ကူးရှိလား။အဖေရော အမေရောက အရမ်းပျော်ကြမှာ သေချာတယ်"


လူနာ နှင့် မိသားစု ဖြစ်လိုသော အတွေးထဲ လုံးလုံးကျသွားသော ရို့စ်မယ်ရီသည် မျက်တောင်တစ်ချက်မခတ်ဘဲ ဆက်ပြီးပလီပလာပြောခဲ့လိုက်သည်။


ထို့ကြောင့် လူနာသည် တစ်စုံတစ်ခု မှားနေသလိုမျိုး ခံစားလာရကာ ဖျောင်းဖျရန် ကြိုးစားလိုက်ချိန်တွင် ဘယ်ရွန်ကပြောလာခဲ့သည်။


"အဲ့လိုဆိုမှတော့ ဒါပေါ့ လာလည်သင့်တယ်။ ငါ့မှာ အချိန်တွေအများကြီးရှိနေတာ။ပြီးတော့ သခင်လေးဆီက အကူအညီတွေအများကြီး ယူခဲ့ရလို့ မှန်မှန်ကန်ကန် လာပြီး ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ်"


ဘယ်ရွန်မြို့စားသည် ရို့စ်မယ်ရီ၏အကြံပြုချက်ကို အလွန်နှစ်သက်လက်ခံခဲ့သည်။


"အဖေ ဘာလို့ မားကွစ်မြို့စား နဲ့မားကွစ်မြို့စားကတော် ကိုတွေ့မှာလဲ"


လူနာသည် ဘယ်ရွန်မြို့စား၏လက်ကိုဆွဲကိုင်လိုက်ပြီး တွေ့စရာမလိုသောလူများ ဘာလို့များ တွေ့ချင်နေကြသည်ကို နားမလည်နိုင်ပေ။


ဒါပေါ့ အဲ့ဒါက လူနာ၏ အတွေးသက်သက်ပင်။အချိန်စောနေသော်လည်း၊ ရို့စ်မယ်ရီက စေ့စပ်ကြောင်းလမ်းဖို့ တွေ့ဆုံပွဲတစ်ခုကို အဆိုပြုနေတာဖြစ်ကြောင်း ရိုယာ လျင်မြန်စွာ ရိပ်မိသွားခဲ့သည်။


"စဉ်းစားကြည့်မှ ဗင်းဆင့်နဲ့ ပဲလ် နယ်မြေတွေက တစ်ခုနဲ့ တစ်ခု ကပ်လျက်ရှိကြတာမလား။ ဒီအချိန်မှာ အပြန်အလှန် ဆက်ဆံတာက ကောင်းလိမ့်မယ်။ ပဲလ်နယ်မြေကို ပြန်လည်တည်ဆောက်ဖို့အတွက်ဆို ဗင်းဆင့်မိသားစု အကူအညီကို လိုအပ်မှာပဲ"


"အမှန်ပဲ! ငါတို့ ပဲလ်နယ်မြေမှာက မိုင်းတွင်းပဲရှိတော့ ငါတို့ နည်းလမ်းပေါင်းစုံကနေ အကြံဉာဏ်တွေ လိုအပ်လာမှာ အဲ့တော့ ဒါက အခွင့်ကောင်းပဲ"


နယ်မြေကိုဖော်ပြခြင်းနှင့် အကြံဉာဏ်များအကြောင်းပြောတာကြောင့် ဘယ်ရွန်မြို့စားက မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့နှင့်တွေ့ဆုံသင့်သော အကြောင်းရင်းမှာ အတော်လေးကို ဖြစ်နိုင်ချေရှိသည်။


အထူးသဖြင့် သူတို့သည် နယ်မြေများကပ်လျက် ရှိနေသောကြောင့် အမှန်တကယ် အပြန်အလှန် ဆက်ဆံရေးရှိရန် လိုအပ်သည်။


"မဟုတ်ဘူး၊ အဲ့ဒါမှန်ပေမယ့်…"


လူနာသည် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကိုမတွေ့ဆုံဖို့ အကြောင်းပြချက်ရှာရန် ဘယ်ရွန်၏လက်ကို ကိုင်ထားဆဲဖြစ်သည်။ အန်းသန့်စ်က သူ့ကို ကူညီနေမှန်းကို နားမလည်ဘဲ ရယ်စရာကောင်းသော လုပ်ရပ်တစ်ခုလို့ ထင်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။


ရို့စ်မယ်ရီက အရူးမလေးလိုပဲ တစ်ခစ်ခစ်ဖြင့် တိုးတိုးလေးရယ်မောပြီး ထိုင်ခုံမှ ထရပ်ကာ ပြောလိုက်သည် ။


"အခု လာရင်းကိစ္စကပြီးသွားပြီဆိုတော့ ပြန်တော့မယ်နော်။ ငါ့မိဘတွေလည်း သဘောကျမှာ သေချာတယ်"


သို့သော် လူနာ၏ တုံ့ပြန်မှုက ရှင်းရှင်းလင်းလင်း မရှိပေ။


သူမ အဖေက ဘာလို့ တခြားသူနဲ့ အိမ်ကို လှည့်ပတ်ကြည့်ပြီး သူ့သမီးကိုတော့ နောက်မှာချန်ထားခဲ့တာလဲ ဆိုတာကထူးဆန်းသည်။ ထို့အပြင် အန်းသန့်စ်ကလည်း ဘာလို့ ဒီလိုမျိုး အလွန်အကျွံလုပ်နေရတာလဲ။ အမှန်တကယ်ပင် သိချင်စရာကောင်းသော ကိစ္စဖြစ်သည်။


TK Team (Chapter 86)