Chapter 36.3
(တဖြေးဖြေး ပြန်ရှင်းပြီ)
ဒီအရှုပ်အထွေးတွေပြီးသွားရင်တော့ သတင်းကောင်းလေး ကြားရနိုင်လောက်မလား...။
ကုရှင်းချီသည် အယ်လန်ကို တိတ်ဆိတ်စွာ ကြည့်သည်။
ထိုအချိန်တွင် အယ်လန်၏ မျက်လုံးများ နီရဲနေပြီး သူ၏ပခုံးနှင့် ခါးတွင် ဒဏ်ရာများ ရှိနေလေသည်။
ကုရှင်းချီက ခဏလောက် စဉ်းစားပြီး......
"မင်းသား အယ်လန်....."
အယ်လန်က ငြီးတွားလိုက်ရင်း ပြောလေသည်-
"မင်းအခုပုံစံက အရမ်းဆိုးနေပြီ...စကားထပ်မပြောနဲ့....ဗိုလ်ချုပ်ကျောင်းကို မင်းကိုဆေးပြန်ထည့်ခိုင်းလိုက်ပါ...."
ကုရှင်းချီက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဖြေရှင်းချက်ပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် ကုရှင်းချီ၏လက်ထောက်သည် ကုသရေးစက်တွင် လဲလျောင်းနေသည်မှာ အရေးကြီးဆုံးအချက်ဖြစ်သည်။
စီဆဲလ်သည် ကုရှင်းချီကို အရင်စစ်ဆေးခိုင်းပြီး ဒဏ်ရာက နာနေလား...ကုရှင်းချီနိုးလာသော်လည်း အကာအကွယ်မရှိဘဲ ဒဏ်ရာက ပိုးဝင်နေမလား ...မဟုတ်လျှင် အကာအကွယ်မရှိလျှင် ထိခိုက်မိပြီး ပိုဆိုးလာနိုင်မည့် အခြေအနေ အားလုံးကို စစ်ဆေးခဲ့သည်။
အယ်လန်သည် ကုရှင်းချီကို ကူညီခဲ့ပြီး အစောင့်အား ကျောင်းမြန် နှင့်အတူ အခြား အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။
တပ်သား၏ အခြေအနေမှာ တည်ငြိမ်သွားသော်လည်း သူ မနိုးသေးပေ။
ကုရှင်းချီ၏ ဒဏ်ရာက အခြေအနေ ပိုကောင်းလာပြီး တဖြည်းဖြည်း သက်သာလာသည်။
ကုရှင်းချီ ၏ ဆေးနှင့် ပတ်တီးများကို ဂရုတစိုက် ပြန်ပြင် စည်းပေးနေစဉ် ကျောင်းမြန် က ပြောလိုက်သည်။
"ဗိုလ်မှုးကု အခုလို ပြန်ထလာနိုင်တာ အံ့သြစရာပဲ..."
အနည်းဆုံး မနက်ဖြန်အထိ စောင့်ရမည်ဟု သူထင်ခဲ့သည်။
ကုရှင်းချီက ရိုးသားစွာပြောခဲ့သည်-
"တကယ်တော့ အပြင်က အသံတွေကို အမြဲလိုလို ဝါးတားတားကြားနေရတယ်....ကျွန်တော့် အသိစိတ်က အဲ့မှာပေမယ့် နိုးထလာလို့မရဘူး...."
ထိုအချိန်တွင် အယ်လန်၏ အသံကိုကြားလိုက်ရပြီး....
သူ့အတွက်ကတော့ ဘဝကို ကြမ်းတမ်းစွာဖြတ်သန်းနိုင်သော်လည်း အယ်လန့်အတွက်ကတော့ မတော်တဆ သေးသေးလေးတောင်ဖြစ်၍မရပါ။
"အိုး....မင်း သတိလစ်နေတဲ့အချိန် မင်းသားဆီက ခံစားချက်တွေကို ကြားနေခဲ့တာလား..."
စစ်ရေးကိစ္စများကို ဖြေရှင်းပြီး နောက်ဆက်တွဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စီဆဲလ်သည် အခန်းထဲသို့ဝင်လာပြီး ပြုံးကာမေးလိုက်သည်။
"သူငိုရတဲ့ အကြောင်းရင်းကိုသိလား..."
"စီဆဲလ် တော်တော့!"
အယ်လန်က အမြီးကို နင်းခံလိုက်ရသည့် ကြောင်ကဲ့သို့ ခုန်တက်မလိုဖြစ်လာပြီး အော်လိုက်သည်-
"မင်း ပါးစပ်ပါတိုင်းလျှောက်မပြောလို့မရဘူးလား.....ငါဒီကို မလိုက်လာခင်က ကုရှင်းချီသေတော့မယ်လို့ မင်းမပြောခဲ့ဘူးလား.."
စီဆဲလ်က ဆက်ပြောလိုက်သည်။
"ဟုတ်တယ်လေ အစကတော့ အဲ့လိုပဲသိတာလေ.. ပြီးတော့ အခြေအနေက အရမ်းအန္တရာယ် များလာပြီးတော့ မင်းက သေတော့မယ်ဆိုတာလည်း ငါတို့သိရော ဘဲတစ်ကောင်လိုပဲ ငိုတော့တာ..."
"မင်း.....ပါးစပ်ပိတ်လိုက်တော့.."
အယ်လန်က ဒေါသအရမ်းထွက်ကာ အသံတွေပါ ပြောင်းသွားပြီး အော်ပြောလိုက်သည်-
"မင်းအရင်က ငါ့ကို မနာလို လို့ တုံပြန်တယ်ဆိုတာ ငါသိတယ်...အခုလို ငါ့ကို ညစ်ပတ်တဲ့ သွေးတွေနဲ့ လောင်းစရာမလိုဘူး...မင်းက တကယ် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး အရှက်မဲ့လိုက်တာ..."
ကုရှင်းချီက သူ့အထက်လူကြီးတစ်ယောက် ဆဲဆိုခံရတာ မြင်လိုက်ချိန်တွင် ကူပြောပေးလိုက်သည်-
"ဗိုလ်ချုပ်ကြီးက ဘယ်သူ့ကိုမှမလှည့်စားပါဘူး....ငါ...မင်းပြောနေတာရော..ငိုနေတာရော...ကြားခဲ့တာ.."
ကုရှင်းချီ၏ နားများသည် အနည်းငယ်နီရဲနေသေးသည် ။
အယ်လန် : "....."
အယ်လန်သည် စီဆဲလ်အား အလွန်ဖြောင့်သည်ဟု အမြဲထင်ခဲ့သော်လည်း တောင်တန်းတစ်ခုနောက်တွင် နောက်တစ်ခုရှိနေမည်အား မမျှော်လင့်ထားသော်လည်း နောက်ရှိနေသည့် တောင်တန်းသည် သူ့ရှေ့မှ လူဖြစ်နေလေသည်။
ဤလူသည် ယခုအချိန်တွင် စီဆဲလ်ပြောခဲ့သည့် singleဖြစ်ရတာ ထိုက်တန်သည့်လူ..သူ၏မိုက်မဲမှုကြောင့် တစ်ဘဝလုံး အထီးကျန်နေရမည့်သူဖြစ်သည်။
ကုရှင်းချီ သည် ယခုအချိန်တွင် ဒဏ်ရာအပြင်းအထန်မရနေခဲ့ပါက ပင်လယ်ဓားပြများကို အညှာအတာမဲ့ ကန်ထုတ်လိုက်သကဲ့သို့ သူသည် သူ့ရှေ့မှ လူကို ကန်ထုတ်ပစ်ရန် အရမ်းစိတ်အားထက်သန်နေလေသည်ည်။
မိုက်မဲလိုက်တာ....
ကုရှင်းချီ ဒဏ်ရာရာနေလျှင်ပင် အယ်လန်က စီဆဲလ်ကို အနိုင်မတိုက်နိုင်သလို ကုရှင်းချီကိုလည်း မနိုင်ပေ။
ခုနက ပေါက်ကွဲမှုကြောင့် ပြေးလွှားနေစဥ် သူ၏ခေါင်းပေါ်တွင် မီးခိုးမှုများရှိနေလေသည်။
အရမ်း...အရမ်း..တုံးတာပဲ..
စီဆဲလ်သည် ကုရှင်းချီအား သံက သံမဏိမဖြစ်လာနိုင်ဘူး ဆိုသည့် အကြည့်ဖြင့် စိတ်ပျက်စွာကြည့်လိုက်သည်။
"ရှင်းချီ...မင်းဘာလို့ ဒီလောက်ဖြောင့်နေရတာလဲ မင်းအဲ့လိုဆို ဘာမှရမှာ မဟုတ်ဘူးနော်.."
ထိုသို့ပြောလိုက်သည်ကို ကြားချိန်တွင် ကျောင်းမြန်က စီဆဲလ်အား ချက်ချင်းမော့ကြည့်လိုက်ကာ အံ့အားသင့်သွားလေသည်။
သူ့မှာဒီလိုပြောဖို့ အရည်အချင်းရှိလို့လား...။
သူ့စိတ်ထဲမှာ အရူးတစ်ယောက် တကယ်ရှိမနေတာ သေချာလား...။
အင်းပေါ့လေ...သူ့မှာ အဲ့လိုညွှန်ပြပေးဖို့ ချောမောတဲ့ ရုပ်ရည်လေးရှိနေတာပဲ....အိုး....ဘုရားသခင်။
"ဟ....."
ကုရှင်းချီက ဒေါသတကြီးဖြင့် ပြောလိုက်သည်- "ကျွန်တော် ပြောတာမှားလို့လား..."
"မင်းလုပ်ခဲ့တာပဲလေ"
စီဆဲလ်က ဆက်ပြောလိုက်သည်-
"မင်းကသာ ရှုပ်နေတာ...!"
"အင်း... ကျွန်တော်က ဗိုလ်ချုပ်ကြီးလောက် ဉာဏ်မကောင်းဘူးဆိုတော့....သူ့ကို စိတ်ဆိုးစေလိမ့်မယ်......"
ကုရှင်းချီက ပို၍ စိတ်ဆိုးသွားလေသည်။
ကျောင်းမြန် က သူတို့နှစ်ယောက်ကို ကြည့်ကာရုတ်တရက် စကားပြောရပ်သွားလေသည်။
ဒါက အဖွဲ့ချုပ်၏ အထက်အသိုင်းအဝိုင်းမှာ ဖြစ်နေကျ ကိစ္စလား...။
နောက်လူများအတွက် စိတ်ပူဘဲ မနေနိုင်ပေ။
"ကောင်းပါပြီ။"
ကျောင်းမြန်က ပတ်တီးကို စည်းလိုက်ပြီး ပြောလေသည်။
"အခု ငါ အကြံပြုချင်တာက ဆေးဝါးတွေ အဆိပ်ဖြေဆေးတွေက တဖြည်းဖြည်းနဲ့ သက်သာလာဖို့ဆို ဆေးကုခန်းမှာနားနေမှရမယ် ...ဗိုလ်မှူးရဲ့ လက်ရှိအခြေအနေက မကောင်းသေးဘူး..."
ကုရှင်းချီသည် ယခု ပင်လယ်ဓားပြများကို တိုက်ခိုက်နိုင်ဆဲဖြစ်သော်လည်း ၎င်းသည် အကန့်အသတ်ဖြင့်သာ ရပ်တည်နိုင်ပြီး ယခု စီဆဲလ်နှင့် အခြားလူများကို စိတ်မပူစေချင်သောကြောင့် ထိန်းထားခြင်းဖြစ်သည်။
"ဒါပေမယ့်..."
စီဆဲလ်က သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်သည်-
"မင်းက အနားယူဖို့ မလိုပေမယ့်...ငါတို့ အသက် သုံးဆယ်အရွယ် အဖိုးကြီးတွေကတော့ အနားယူမှရမယ်..."
ကုရှင်းချီသည် ငိုရမလား ရယ်ရမလား မသိသောကြောင့် နှစ်ယောက်စလုံးကို ဆေးကုခန်းမှ ပြန်ခိုင်းလိုက်ရသည်။
ဆေးကုသခန်းက ပြန်ပိတ်သွားချိန်တွင် အခန်းက တိတ်ဆိတ်သွားလေသည်။
ကျောင်းမြန် နှင့် စီဆဲလ် သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။
လမ်းသည် ယခင်က မဲမှောင်ကာ ရှုပ်ပွနေသော်လည်း ကုရှင်းချီ၏ နိုးထမှုသည် အလင်းတန်း တစ်ခုကဲ့သို့ လမ်းကို ရုတ်တရက်ရှင်းလင်းသွားစေသည်။
စီဆဲလ်က ရပ်ကာ ကျောင်းမြန်ကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ကာ တိုးတိုးလေးပြောလေသည်-
"ဒီတစ်ခါအတွက် ကျေးဇူးတင်ပါတယ်"
ကျောင်းမြန်က စီဆဲလ်၏လက်ကို အသာပုတ်လိုက်သည်။
သူ၏ လက်များ၊ နားရွက်များသည် စီဆဲလ် ၏ရင်ဘတ်နှင့် နီးကပ်နေပြီး၊ စီဆဲလ်၏ တည်ငြိမ်သော နှလုံးခုန်သံကို နားထောင်ရင်း သူ့ပါးပြင်များ အနည်းငယ် ပူလာသည်ဟု ခံစားလိုက်ရသည်။
"ကျွန်တော်လုပ်သင့်တာပါ......"
စီဆဲလ်က ရယ်မောလိုက်သည်။
စီဆဲလ် သည် အဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်ပြီး အမြဲတမ်း ရှေ့တန်းမှနေခဲ့သည်။ သူသည် ဒါကို ကျင့်သားရနေသော်လည်း အဖွဲ့ချုပ်၌ ပထမဆုံးအနေဖြင့် သူ့ဘေးတွင် တစ်စုံတစ်ယောက်ရှိနေသည့် ခံစားချက်ကို သိလိုက်ရသည်။
ကျောင်းမြန်သည် သူ၏လက်တွဲဖော်ဟု အမည်ခံထားသော်လည်း သူသည် လက်တွဲဖော်တစ်ဦးသာမဟုတ်၊ သူ၏လုပ်ဖော်ကိုင်ဖက်နှင့် ရဲဘော်ရဲဘက်-လက်နှစ်ဖက် သာဖြစ်သည်။
ကျောင်းမြန်သည် သူ့ရှေ့တွင် ဂုဏ်ယူဝံ့ကြွားစွာ လျှောက်သွားပြီး ကာကွယ်ပေးပါရန် သူ့နောက်တွင် အတင်းအကျပ်တောင်းဆိုနေမည် မဟုတ်ပေ။
ကျောင်းမြန်လုပ်ခဲ့သည်မှာ သူနှင့် ပုခုံးချင်းယှဉ် ရပ်ပြီး သူ့အတွက် ပြဿနာများကို ကူဖြေရှင်းရန်၊ ရှေ့ဆက်သွားချိန် သူ့နဲ့အတူလိုက်ရန် တစ်စုံတစ်ယောက်ရှိနေဖို့နှင့် သူပြန်သွားသည့်အခါ သူ့ကို အားကိုးစေဖို့ပင်ဖြစ်သည်။
စီဆဲလ်က အသက်ပြင်းပြင်းရှူလိုက်ရင်း ကျောင်းမြန်၏ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး နောက်တစ်ဖက်က ကျောင်းမြန်၏ မေးစေ့ကို ညင်သာစွာ ညှစ်လိုက်သည်။
ကျောင်းမြန် အံ့ဩသွားသည်။
အခန်းထဲတွင် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။
စီဆဲလ် သည် ခေါင်းကို အနည်းငယ်ငုံ့လိုက်သည်။
ကျောင်းမြန် သည် စီဆဲလ်၏ မျက်နှာကို သူ့ရှေ့တွင် ရှင်းလင်းစွာ မြင်လိုက်ရပြီး ထိတ်လန့်နေခဲ့ရာ သူတို့၏ အသက်ရှူသံများ တဖြည်းဖြည်း ပေါင်းစပ်သွားသည်......
ချပ်....
"ဗိုလ်ချုပ်ကြီး! ခေါ်တယ်ဆို...... အယ်?"
ထို့နောက်
မင်ရန်သည် စိတ်လှုပ်ရှားစွာဖြင့် တံခါးကိုတွန်းလိုက်ရာ စီဆဲလ်သည် ကျောင်းမြန်ကို ကိုင်ထားပြီး ခေါင်းငုံ့ကာ နမ်းဖို့လုပ်နေသည်ကို တွေ့လိုက်ရကာ သူမအံ့သြသွားသည်။
"ကျွန်မ....."
1၊ 1၊ 1၊ ငါဆိုလိုတာမဟုတ်ဘူး၊ အား...အား...!
လူနှစ်ယောက်သည် ချက်ချင်း အသိဝင်လာပြီး ကျောင်းမြန်က စီဆဲလ်အား တွန်းထုတ်လိုက်သည်။
ကျောင်းမြန်သည် စီဆဲလ်အား ရင်ဘက်မှ တွန်းထုတ်လိုက်ပြီး မင်ရန်အား မျက်နှာမပြရဲသောကြောင့် ခေါင်းကို လှည့်ထားလေသည်။
"ဘာပဲဖြစ်ဖြစ်ပါ...."
နောက်မှ ဖြေးဖြေးချင်းသွားတာလည်း ကောင်းပါတယ်...။
မင်ရန် : !! QAQ
မင်ရန်က ပြောလေသည်-
"ဆရာ့ ညွှန်ကြားချက်အတိုင်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်လိုက်ပါပြီ...လူထုရဲ့ တုံ့ပြန်မှုက အရမ်းကောင်းပါတယ်..."
"..."
စီဆဲလ်က သူ့သွားတွေကို အံကြိတ်ပြီး
"ဒါပဲလား....သူအတွက်ရော စတားကွန်ရက်မှာ ဘာမှမမြင်ရဘူးလား.."
"....နောက်ထပ်ရှိသေးပါတယ်"
မင်ရန်က သူမလက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလေသည်-
"ဆရာ လောဒ့်က အချက်ပြလိုက်တဲ့ နေရာကို ပိတ်ထားလိုက်ပြီလို့ပြောပါတယ်...အခု သူက သစ္စာဖောက်ကို ဖမ်းဆီးဖို့ တစ်ယောက်ကို ခေါ်သွားပါတယ်..."
"ကောင်းပြီ"
စီဆဲလ်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။
အခုပဲ ရုတ်ရုတ်သဲသဲ ဖြစ်မှု၏ ကြီးမားသော သဲလွန်စများ ကျန်နေသေးသည်။
ထို့အပြင် ဟောင်လုလုအပါအဝင် အခြားသူများကို ထိန်းချုပ်နိုင်သည့် ဆေးဖက်ဝင်အပင်များကို အသုံးပြုကာ စမ်းသပ်မှုများတွင် အသက်ပေါင်းများစွာ စတေးခဲ့ရသည့် အဖွဲ့အစည်းများစွာရှိနေသောကြောင့် လူအများ လက်ခံရန် ခက်ခဲနေလေသည်။
"အချိန်ယူပြီး လုပ်ပါ.."
စီဆဲလ်က ကျောင်းမြန်၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်-
"ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိုယ်တို့ ကျော်ဖြတ်နိုင်မှာပါ"
ကျောင်းမြန်က ပြုံးပြီး ခေါင်းညိတ်သည်။
စီဆဲလ် နှင့် ကျောင်းမြန် တို့သည် စိတ်အပန်းဖြေရန် ခုံတန်းလျားပေါ်တွင် အတူထိုင်ကာ ကုသခန်းအပြင်ဘက်တွင် စောင့်နေကြသည်။
ရက်အနည်းငယ်ကြာပြီးနောက်....
အယ်လန် က သူ့အဝတ်အစားလဲရန် ထွက်သွားလိုက်သည်။
သန့်ရှင်းသပ်ရပ်သောအဝတ်အစားကိုဝတ်ကာ ပြန်ရောက်လာချိန်တွင် ဆေးကုသရေးစက်ထဲတွင် အိပ်ပျော်နေပြီဖြစ်သော အမျိုးသားကိုကြည့်ကာ အထဲသို့ဝင်ကာ စောင့်ရန်ဆုံးဖြတ်လိုက်သည်။
စီဆဲလ်က သူ့ရှေ့က မှန်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မေးလိုက်၏။
"စကားမစပ်...မင်း နဲ့ ချင်းယင်..."
ဒီနာမည်ကိုကြားလိုက်သည်နှင့် ကျောင်းမြန်၏နှလုံးသားက အနည်းငယ် အေးစက်သွားသည်။
စီဆဲလ် : "ချင်းယင်ကို သိလား"
ကျောင်းမြန်က ပြုံးပြီးပြောလိုက်သည်-
"မသိဘူး"
"တကယ်လား?"
မင်ရန်စကားပြီးသည်နှင့် စာရွက်ကို အမြန်ယူကာ ပြေးထွက်သွားသည်။
ဗိုလ်ချုပ်ကြီး..ရဲ့ လူသတ်လိုစိတ်ကြီး က အရမ်းကြောက်ဖို့ကောင်းတာပဲ.....ဝူး...ဝူး....ဝူး....
မင်ရန် ထွက်သွားပြီးနောက် ကျောင်းမြန်က မေးလိုက်သည်။
"မင်ရန်က ဘာပြောသွားတာလဲ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကရော ဘာဖြစ်လို့လဲ.."
စီဆဲလ်က ပြောလေသည်။
" ကုရှင်းချီက နိုးနေပေမယ့် အခုအခြေအနေက သိပ်မကောင်းနေဘူး"
ယခု အမှတ် ၁၂ တပ်ဖွဲ့သည် ဆေးရုံရှိ ပင်လယ်ဓားပြများ၏ အကြွင်းအကျန်များကို ရှင်းလင်းလျက်ရှိသည်။
အောက်ထပ်မှလှုပ်ရှားမှုသည်လည်း အနည်းငယ်ရပ်တန့်သွားပြီး ပင်လယ်ဓားပြများ၏ကျူးကျော်မှုကို ကုကျင်းလန် သိပြီးနောက်တွင် ပြသနာထဲသို့ ထပ်မတိုးတော့ဘဲ အမြန်ပြန်ဆုတ်သွားသော်လည်း ဆေးရုံကို သူ့စစ်တပ်ဖြင့် ဝိုင်းထားဆဲဖြစ်သည်။
လက်နက်ချလိုက်သော်လည်း အညံ့မခံနိုင်သေးပါ။
လူကို ပြန်လုယူရမည်ဖြစ်သည်.....။
ဆန္ဒပြပွဲမရှိတော့သော်လည်း လူစုမခွဲသေးဘဲ ရှဖြေရှင်းချက်ရရန် မျှော်လင့်ကာ အောက်ထပ်တွင် ရပ်နေခဲ့ကြသည်။
စီဆဲလ်က အတွင်းရေးမှူးကို အကျိုးသက်ရောက်မှု နည်းသော ကြေညာချက်ထုတ်ပြန်ရန် တောင်းဆိုသည့်အတွက် သူသည် ရိုးရိုးရှင်းရှင်းဖြင့် "သက်သေအထောက်အထား" တစ်ခုကို ပို့ပေးခဲ့သည်။
"ကိုယ် ဗီဒီယိုအတိုလေး ပို့လိုက်တာ၊ အဲဒီမတိုင်ခင်မှာ ယာဉ်မတော်တဆမှုတွေ တားဆီးဖို့နဲ့ ဒီကိစ္စတွေမဖြစ်အောင် တားနိုင်ဖို့ ကုသခန်းထဲမှာ ကင်မရာတစ်ခု ထားခဲ့တယ်...အဲ့ဒီ့ ဗီဒီယိုအတိုလေးကို တင်ပေးလိုက်တာ.."
"အာ....ရှင်းချီနိုးလာပြီးတော့ မင်း သူ့အတွက် ဆေးစည်းပေးနေတဲ့ ဓာတ်ပုံလည်း ရှိသေးတယ်။"
ကျောင်းမြန် က ထိုသို့ကြားလိုက်ချိန်တွင် ကြယ်ကွန်ရက်ကို ဖွင့်လိုက်သည်။
[ဗီဒီယို] အံ့ဖွယ်အမှုများ ပြန်ပေါ်လာပြီ! ဗိုလ်မှူးကုက ကုသရေးစက်ထဲက ထွက်လာပြီး စစ်နတ်ဘုရား ရောင်ဝါကို ပြန်ထုတ်ပြလိုက်ပြီ။
[official Video]ဗိုလ်မှူးကု နေကောင်းပါတယ်
အောက်မှ မှတ်ချက်များသည်လည်း စည်စည်ကားကား ဖြစ်နေသည်။
{ငါပြောခဲ့တာ! ဗိုလ်ချုပ်ကျောင်းက ဗိုလ်မှူးကု ကို အန္တရာယ် မပေးဘူးလို့ပြောတာ မယုံကြဘူးမလား...ဓါတ်ပုံထဲမှာ ကြည့်လိုက်ဦး ဗိုလ်မှူးကု ကိုဆေးထည့်ပေးနေတာ သူ့အကြည့်တွေကဘယ်လောက်တောင် နူးညံ့လိုက်လဲ...ဗိုလ်မှူးကုကလည်း သူ့ကို ယုံကြည်ပါတယ်...}
{မှန်တာပေါ့...ဗီဒီယိုထဲမှာ ဗိုလ်ချုပ်ကျောင်းက တော်ဝင်မင်းသားနဲ့ ဗိုလ်မှူးကုကို ကာကွယ်ရင်း ဒဏ်ရာရသွားတာ... ဒီလို သေးသေးလေးက ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ...ပြီးတော့ ဗိုလ်မှူးကု ထွက်လာတဲ့အချိန်မှာ ငါ့နှလုံးသားလေး လန့်ပြီး ခုန်ထွက်ကျတော့မလို့....}
{ဗိုလ်ချုပ်ကျောင်းရဲ့ ဆေးက ကောင်းတယ်....ဒီလိုဆေးမျိုး အသုံးပြုနိုင်ဖို့ မမျှော်လင့်ဖူးဘူး... }
{ဗိုလ်မှူးကု နေကောင်းပါတယ်..စိတ်ချပါ...}
ဖြစ်ချင်တော့ ဗိုလ်ချုပ်ကြီးစီဆဲလ်ကလည်း ဗိုလ်ချုပ်ကြီး စီဆဲလ် အလျောက် ပါဝါကြီးမားသည်။
ကျောင်းမြန်နှင့် ပတ်သက်သည့် မှတ်ချက်များသည် တစ်ရာ့ရှစ်ဆယ် ဒီဂရီသို့ ပြောင်းသွားလေသည်။
သံသယများစွာရှိနေဆဲဖြစ်သော်လည်း တရားဝင်ညီလာခံမတိုင်မီ မငြိမ်မသက်ဖြစ်မနေခြင်းသည် အလွန်ကောင်းမွန်သော အခြေအနေတစ်ခုအဖြစ် ဖော်ပြနိုင်သည်။
{ဓာတ်ပုံနဲ့ ဗီဒီယိုက ပြင်ထားတာရော မဖြစ်နိုင်ဘူးလား }
{ဒါက မှားနေတာရော မဖြစ်နိုင်ဘူးလား...မြက်ကလေးနည်းနည်းလောက်က လူကို ကုပေးနိုင်တယ်လို့ မထင်ဘူးနော်...ဒါက ဆရာဝန်တွေရဲ့ ကြိုးစားမှုလည်းဖြစ်နိုင်တာပဲ ...ဒါမှမဟုတ် ကုသခင်လေးက သူ့ကိုယ်သူ တိုက်ပွဲဝင်နေတာလား...}
{ဟုတ်တယ်... သဘောတူတယ်...ဒါကပူးပေါင်းကြံစည်မှုပဲ ဖြစ်ရမယ်.. စစ်သားက ဆေးဖက်ဝင်အပင်တွေသုံးလို့ သေသွားတာကို မမြင်ကြဘူးလား...ဗိုလ်ချုပ်ကျောင်း က ရုပ်ကလေးချောနေတာနဲ့ အကုန်လုံးကို မျက်စိမှိတ်ပြီး နားမထောင်နိုင်ဘူးလေ...}
{ကုကျင်းလန် က အဲဒါကို သဘောမတူသေးဘူး!}
{သူတို့က အပြင်မှာ ရှိနေတုန်းပဲ။ ဗိုလ်မှူးကု ကလည်း မထွက်လာသေးဘူး..သူအဆိပ်ခတ်ခံလိုက်ရပြီလား...ပြန်တွေးလိုက်ရင် ကျောင်းမြန်က ဘယ်လိုနှလုံးသားမျိုးရှိနေတာလဲ...ငါတို့ အဖွဲ့ချုပ် ပြိုကွဲအောင်လုပ်ဖို့ ရေခဲမြစ်က လွှတ်လိုက်တဲ့ ဝါရင့်သူလျှိုတော့ မဟုတ်ဘူးမလား}
{ငါ ...လုံးဝ လက်မခံဘူး....အပင်ကုထုံး....ဒါက ငါ့ကိုယ်ပေါ် အဆိပ်လောင်းထည့်ဖို့ ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ....ဗိုလ်မှူးကုက ဆေးထည့်ဖို့ သူ့ခန္ဓါကိုယ်ကို လှဲချလိုက်တဲ့ အချိန်မှာ ငါ ဗီဒီယိုကို ဆက်မကြည့်နိုင်တော့လို့ ပိတ်လိုက်ရတယ်...}
*****
ကျောင်းမြန် ဂရုတစိုက်လိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် စီဆဲလ်က ပြုံးလိုက်ပြီး ပြောလေသည်။
"အဲဒီကန့်ကွက်မှုတွေကို မင်း အာရုံစိုက်နေစရာမလိုဘူး၊ ရှင်းချီ သူ့ကိုယ်တိုင် ဖြေရှင်းဖို့သာစောင့်နေရုံပဲ"
ကျောင်းမြန် ၏ မေးရိုး ပြုတ်ကျသွားသည်။
သို့သော် လူများသည် အပင်ကုထုံးနှင့် ပတ်သက်၍ အထိမခံနိုင်သည်ကို စတားကွန်ရက်မှ မှတ်ချက်များကို ကြည့်၍ သိနိုင်သည်။
ဤ အရာသည် သူတို့အတွက် အဆိပ်ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်သည်။
Chapter -36.3
(တဖြေးဖြေးနဲ့ ပြန်ဖြေရှင်းပြီ)
ကျောင်းမြန်က ပြောလိုက်သည်။
"သူက ပင်လယ်ဓါးပြတွေရဲ့ ခေါင်းဆောင်...ပြီးတော့ ကျွန်တော်က ရေခဲမြစ်အင်ပါယာရဲ့ဗိုလ်ချုပ်လေ.."
"အို့....ဟုတ်လား...မင်းတို့နှစ်ယောက် တိုက်ခိုက်ကြတုန်းက လှုပ်ရှားမှုတွေက ရင်းနှီးနေကြတယ်လို့ ခံစားရလို့"
စီဆဲလ်က ပုခုံးကိုတွန့်လိုက်ပြီး နောက်ထပ် ထပ်မမေးတော့ပေ။
ကျွတ်...ကျွတ်....
ကျောင်းမြန်....ဒီလူက လျှို့ဝှက်ချက်တွေအရမ်းများတာပဲ...။
စီဆဲလ်သည် ကျောင်းမြန်ကိုကြည့်ကာ နှုတ်ခမ်းထောင့်လေး အနည်းငယ်ကြွတက်လာသည်။
"ကျောင်းမြန်...."
စီဆဲလ်က ခဏရပ်ကာ မေးစေ့ကို ထိလိုက်ပြီး
"အာ့မြန်....မြန်မြန်.."
ကျောင်းမြန် မျက်လုံးပြူးသွားသည်။
"ဗိုလ်ချုပ်ကြီး.."
စီဆဲလ်က မျက်တောင်ခတ်လိုက်ပြီး ပြောလေသည်။
"ကိုယ်တို့ ပထမဆုံး စတွေ့တုန်းက မင်းပြောခဲ့တာလေ မင်းနာမည်က ကျောင်းမြန်...ရေခဲမြစ်အင်ပါယာရဲ့ ဗိုလ်ချုပ် ဆိုပြီးတော့ အခုအဲ့ဒါက အရမ်းကြာနေပြီဆိုတော့.....ခေါ်ရတာ ငြီးငွေ့လာပြီ...ကိုယ်တို့ နာမည်ပြောင်းခေါ်ရအောင်..."
ကျောင်းမြန်၏ နားအဖျားလေးများသည် အနည်းငယ် နီရဲသွားကာ တိုးတိုးလေးပြန်ပြောလေသည်။
"ဘာပဲဖြစ်ဖြစ်ရပါတယ်...."
"ဒီလို....ပေါ့ပျက်ပျက်လုပ်လို့ရမလား.."
စီဆဲလ်က ကျောင်းမြန်၏ဘေးမှ နံရံကိုမှီကာ ကျောင်းမြန်၏ခါးကို သူ၏လက်တစ်ဖက်ဖြင့် ဖက်ထားရင်း..
"မင်း ကိုယ့်ကို အကြံမပေးရင်...ကိုယ် မင်းကိုခေါ်ဖို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်လိုက်မယ်"
စီဆဲလ်သည် ခေါင်းကိုငုံ့ကာ ကျောင်းမြန်၏ နား နားကပ်၍ တိုးတိုးလေးပြောလေသည် -
"မြန်မြန်..."
နွေးထွေးသော အသက်ရှုသံခပ်ဖွဖွက နားရွက်ဖျားသို့ ထိခတ်သွားပြီး ကျောင်းမြန်၏ တစ်ကိုယ်လုံး တုန်သွားလေသည်။
"ကျွန်တော့်ကို အာ့မြန် လို့ပဲခေါ်ပါ...!"
ကျောင်းမြန်က မတ်တပ်ရပ်လိုက်ပြီး...
'မြန်မြန်တဲ့ ဘယ်လို ကြက်သီးထစရာ နာမည်မျိုးလဲ...'
"ကောင်းပြီလေ...အာ့မြန်.."
စီဆဲလ်လည်း ပြုံးလိုက်သည်။
"အနာဂတ်မှာ ကိုယ့်ကို ဗိုလ်ချုပ်ကြီးလို့ မခေါ်နဲ့တော့....စီဆဲလ် လို့ပဲခေါ်...."
ကျောင်းမြန်က မျက်မှောင်ကြုတ်ပြီး စီဆဲလ်ကို ကြည့်လိုက်သည်။
ဒီလူက တစ်နည်းနည်းနဲ့ ပြောင်းလဲသွားတယ်လို့ အမြဲတမ်း ခံစားနေရသလိုပဲ.....။