Chapter -36.2
(တဖြေးဖြေး ပြန်ရှင်းပြီ)
ရုတ်တရက် အမှောင်ထဲသို့ ရောက်သွားသောကြောင့် ကျောင်းမြန်၏မျက်လုံးများသည် အချိန်တစ်ခုလောက်ထိ မမြင်ရတော့ပေ။
ဆေးရုံ၏ လျှပ်စစ်ဓာတ်အားကို အလွယ်တကူ ဖြတ်တောက်၍ မရပေ။
ကျောင်းမြန်သည် ခေါင်းကိုလှည့်ကာ စစ်ဆေးလိုက်ချိန်တွင် အခန်းထဲတွင် လည်ပတ်နေဆဲဖြစ်သည့် လေအေးပေးစက်များနှင့် ရောဂါရှာဖွေပေးသည့် စက်များက လည်ပတ်နေဆဲဖြစ်သည်။
ဒါဆို...မီးကို တမင်ဖြတ်လိုက်တာပဲ....။
"ဘာတွေဖြစ်နေတာလဲ..."
အယ်လန် ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကုရှင်းချီ ၏ ကုသရေး စက်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းတွင် ဖြစ်ပျက်သွားပြီး မီးကလည်း ပြတ်သွားသောကြောင့် ကျောင်းမြန်၏မျက်လုံးများသည် အမှောင်ထဲတွင် အသားမကျသေးခင်မှာပင် ဓါးရှည်များကို ကိုင်ဆောင်ထားသည့် ပုံရိပ်များက ပေါ်လာကာ ကျောင်းမြန် နှင့် အယ်လန်တို့ကို တိုက်ခိုက်လေသည်။
“ကျူးကျော်သူတွေ..ရှိတယ်…”
ကျူးကျော်သူ အရေအတွက်သည် များသောကြောင့် သူတို့ မည်သို့ထိုးဖောက်ဝင်ရောက်လာသည်ကို သူမသိပေ။
ကံကောင်းသည်မှာ အမှတ်၁၂ တပ်ဖွဲ့သည် အပြင်ဘက်ရှိ ကုမိသားစု စစ်တပ်နှင့် တိုက်ခိုက်နေကြသော်လည်း ဆေးရုံကို စောင့်ကြပ်ရန် ကျန်ခဲ့သည့်အဖွဲ့သည် ကျူးကျော်သူများရောက်လာသည်နှင့် ခုခံကာကွယ်ရန် ချက်ချင်းရောက်လာခဲ့သည်။
ကုသရေးစက်ကို ဖွင့်ရန်ကြိုးစားနေသည့် ယောက်ျားအား ကျောင်းမြန်နှင့် အတူ အဖွဲ့ခေါင်းဆောင်က တိုက်ခိုက်ခဲ့ပြီး ထိုလူအားမြင်လိုက်ချိန်တွင် အဖွဲ့ခေါင်းဆောင်က "ပင်လယ်ဓါးပြပဲ" ဟုပြောလိုက်သည်။
ကျောင်းမြန် အံ့အားသင့်သွားသည်။
ပင်လယ်ဓားပြလား.....
"အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန် ကာကွယ်ရေးစနစ် ကျိုးပေါက်သွားလို့ သူတို့ ခိုးဝင်လာတာနေမယ်..."
အမှတ် ၁၂ တပ်ဖွဲ့မှ လူတိုင်းသည် ရဲရင့်ပြီး ကောင်းမွန်သော လက်ရွေးစင် စစ်သားများဖြစ်သည့်အလျောက် ယခု ကျူးကျော်လာသည့် ပင်လယ်ဓါးပြ အရေအတွက်သည် အရင်က သူတို့၏ပုံမှန်ကျူးကျော် တိုက်ခိုက်မှုထက် အင်အားနည်းသောကြောင့် သူတို့အား ရင်ဆိုင်နိုင်လေသည်။
ဤကျူးကျော်သူများ၏ ရည်ရွယ်ချက်မှာ ကုရှင်းချီ ဖြစ်ပုံရပြီး ပထမဆေးကုခန်းရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးသွားကြသည်။
ကျောင်းမြန်သည် ကုရှင်းချီ၏ ကုသရေးစက်ဘေးတွင် စောင့်ကာ ရောက်လာသမျှ လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် တိုက်ထုတ်လိုက်သည်။
အယ်လန်သည် ကျောင်းမြန်၏ ကာကွယ်ပေးမှုကို လွယ်ကူစေရန် သေနတ်တစ်လက်ဖြင့် ကျောင်းမြန်၏ဘေးတွင် ရပ်နေခဲ့သည်။
သူသည် ထိုသေနတ်အား မည်သို့ အသုံးပြုရမယ်ကို ကောင်းစွာ သိနေလေသည်။
အယ်လန်သည် အမှန်တွင် တိုက်ပွဲ အတွေ့အကြုံ မရှိသောကြောင့် မကျွမ်းကျင်နေသော်လည်း စစ်သင်တန်းကျောင်းကို တက်ရောက်ခဲ့သောကြောင့် အခြေခံတိုက်ခိုက်မှုနှင့် လက်ဖြောင့်သည့် စွမ်းရည်တော့ ရှိနေဆဲဖြစ်သည်။
ဘန်းးးးး!
ကျောင်းမြန်သည် သူ့ရှေ့မှ ပင်လယ်ဓားပြကို ကန်ထုတ်လိုက်ရာ ကန်လိုက်သည့် အရှိန်ကြောင့် ထိုသူအား အနောက်ဘက်သို့ လွင့်သွားစေကာ ပြုတ်ကျသွားလေသည်။
ဖြောင်း.....ဖြောင်း.....
"ငွေက အရမ်းတန်ဖိုးရှိတာပဲ"
ရုတ်တရက် ဒီနေရာတွင် လုံးဝမဖြစ်နိုင်သည့် ပြတ်သားသော လက်ခုပ်တီးသံ တစ်ချက်ကို ကြားလိုက်ရသည်။
ကျောင်းမြန်၏ လှုပ်ရှားမှုများ ချက်ချင်းရပ်သွားလေသည်။
သူလှည့်ကြည့်လိုက်ရာတွင် နှုတ်ခမ်းထောင့်တွင် နူးညံ့သည့် အပြုံးတစ်ပွင့် ရှိနေသည့် အနီရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
အနီရောင်သည် အမှောင်ထုနှင့် ဆန့်ကျင်စွာဖြင့် ထင်ရှားနေသည်။
အနီရောင်ဝတ်ထားသော သူမှာ ချင်းယင် ဖြစ်ပြီး သူ၏ဓါးကိုဆွဲထုတ်ကာ ကျောင်းမြန်အားပြောလိုက်သည်။
"မင်း ဘယ်လောက်တိုးတက်မှုရှိနေပြီလဲဆိုတာ ကြည့်ပါရစေ"
သူသည် ခြေထောက်ကို ဖော့ကာ ဓါးဖျားအား ကျောင်းမြန် ဘက်သို့ လွှဲလိုက်လေသည်။
ကျောင်းမြန်သည် ချင်းယင်၏ဓါးသွားအား မရှောင်လိုက်ဘဲ သူ့ကိုယ်သူကာကွယ်ရန် သူ၏ဓါးဖြင့် ကာလိုက်ရာ ဓါးနှစ်ချောင်း ထိခတ်မိသည့် အရှိန်ကြောင့် စူးရှသည့် အသံ ထွက်လာလေသည်။
ပုံရိပ် နှစ်ခုသည် အလွန်လျင်မြန်လွန်းသောကြောင့် အရိပ်များသာ မြင်ရပြီး တစ်ခဏအတွင်းတွင် တိုက်ကွက်ပေါင်း ရာကျော်သွားလေသည်။
ကျောင်းမြန်သည် ချင်းယင်၏ အတင်းအကျပ် တိုက်ပွဲထဲဆွဲခေါ်ခံလိုက်ရသောကြောင့် ကုရှင်းချီ၏ဘေးတွင် ကာကွယ်ပေးမည့်သူမရှိတော့ဘဲ အယ်လန် တစ်ယောက်တည်းသာ ကျန်ခဲ့သောကြောင့် အနည်းငယ် အခက်အခဲဖြစ်နေလေသည်။
ထို့နောက် အမှတ်၁၂ တပ်ဖွဲ့၏ အရေအတွက်သည်လည်း အရမ်း မများသောကြောင့် အခက်ကြုံနေရသည်။
"ဒိုင်း.........."
အယ်လန်က စူးစူးရဲရဲ စိုက်ကြည့်ရင်း သူ့လက်ထဲမှ သေနတ်ဖြင့် ပစ်လိုက်လေသည်။
သူ့မျက်လုံးထောင့်မှ သူ့ရင်ဘက်သို့ ဦးတည်လာသည့် ဓါးတစ်ချောင်းကို မြင်လိုက်ရသောကြောင့် သူ့လက်ထဲမှသေနတ်ကို ပစ်ချလိုက်ပြီး ခါးမှ ဓါးမြှောင်ကို ထုတ်ကာ လက်ဗလာဖြင့် တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် အယ်လန်သည် ဘယ်နှင့်ညာမှ လူနှစ်ယောက်၏တိုက်ခိုက်မှုကို ခံနေရပြီး ဤ လူသတ်သမားနှင့် တူသော ပင်လယ်ဓါးပြများကို ကြာကြာတိုက်ခိုက်နိုင်ရန် အယ်လန်အတွက် မလွယ်ကူပေ။
အယ်လန်၏ လက်မောင်းနှင့် ခါးတို့ကို ခုတ်မိသွားသော်လည်း သူသည် လျင်မြန်စွာ ရှောင်တိမ်းလိုက်သောကြောင့် ဒဏ်ရာမှာ သိပ်မနက်ပေ။
သူ့မျက်နှာသည် နာကျင်မှုကြောင့် ဖျော့တော့နေသော်လည်း အယ်လန်သည် ကုသခန်းမှ ထွက်ခွာရန် ခေါင်းမာကာ ဆက်စောင့်နေလေသည်။
ဘယ်အချိန်ကမှန်း မသိဘဲ ဘယ်ဘက်ခြမ်းမှ ဓါးကိုမြှောက်က ခုတ်ဖို့ လာသည့် လူတစ်ယောက်အား သူတွေ့လိုက်ချိန် ထိတ်လန့်သွားလေသည်။
အယ်လန်သည် အနည်းငယ် စိတ်ရှုပ်သွားပြီး သူသည် ဓါးမြှောင်ဖြင့် ညာဘက်မှလူကို တားဆီး ထားရသဖြင့် သူ၏ ဘယ်ဘက်တွင် အကာအကွယ်မဲ့နေသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။
"ဘန်း!"
သို့သော် ဤအခိုက်အတန့်တွင် အံ့အားသင့်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။
အယ်လန်၏ အနောက်ဘက်မှ ကုသရေး စက်၏ ဖန်အဖုံးအတွင်းမှ အက်ကွဲသံတစ်ခု ထွက်လာခဲ့သည်။
အယ်လန်သည် သူ့ပတ်ဝန်းကျင်တွင် ငွေရောင်အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရပြီး သူ လှည့်ကြည့်လိုက်ချိန်တွင် ကုရှင်းချီသည် လက်တစ်ဖက်တွင် အဖုံးကိုကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဓါးရှည်ကို ကိုင်ထားသည်ကို တွေ့ရလေသည်။
ကုရှင်းချီသည် ရှေ့သို့အနည်းငယ်ကိုင်းကာ အယ်လန့်ကို တိုက်ခိုက်ရန် ကြိုးစားနေသည့် ပင်လယ်ဓါးပြ၏ ရင်ဘတ်ထဲသို့ ဓါးကို တစ်ဆုံးထိုးလိုက်လေသည်။
ထိုအခါ ကုရှင်းချီသည် အယ်လန်၏ ညာဘက်ခြမ်းရှိ ပင်လယ်ဓါးပြ၏ လည်ပင်းကို ဖြတ်လိုက်သည်အား ခုတ်ဖြတ်လိုက်သည်ကို မည်သူမှ သတိမထားမိလိုက်ပေ။
သွေးများ ထွက်လာလေသည်...။
အယ်လန်သည် မျက်လုံးများ ပြူးကျယ်သွားကာ ကြောင်တောင်တောင် ဖြစ်နေလေသည်။
ညမိုးချုပ်တုန်းက ကုရှင်းချီ၏ တစ်ကိုယ်လုံးကို သန့်ရှင်းပေးကာ ဆေးများ ပြန်လိမ်းပေးထားပြီး ပတ်တီးဖြင့် စည်းပေးထားသည်။
ယခု ကုရှင်းချီ၏ လှုပ်ရှားမှုကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် ပတ်တီးများသည် သွေးများဖြင့် တဖြည်းဖြည်း နီရဲလာခဲ့သည်။
သို့သော် ကုရှင်းချီသည် ယခုအချိန်တွင် ကုသရေးစက်ပေါ်မှ ဒူးတစ်ဝက်ထောက်ထားသည့် အနေအထားတွင်ရှိနေပြီး သူ၏ မျက်နှာသည် ခွန်အားအပြည့်ရှိနေကာ မျက်လုံးများသည်လည်း အမှောင်ထဲတွင် တောက်ပနေလေသည်။ တစ်ကိုယ်လုံးမှ ကြွက်သားများသည် ရောင်ရမ်းနေပြီး အစိမ်းရောင်သွေးကြောများပင်ပေါ်နေပြီး လွတ်ထွက်သွားမည်ဆိုး၍ ကြိုးဖြင့် ချည်နှောင်ထားရသည့် သားရဲတစ်ကောင်ကဲ့သို့ မြင်နေရသည်။
ကုရှင်းချီသည် လေးလံသောအသက်ရူသံဖြင့် အယ်လန့်အား သူ့နောက်ရှိ ကုသရေးစက်ပေါ်သို့ မတင်လိုက်သည်။
"ကုရှင်းချီ ! မင်း...မင်း နေမကောင်းသေးဘူးလေ.."
အယ်လန်က မတားရသေးခင်မှာပင် ကုရှင်းချီက ကုသရေးစက်ထဲမှ ခုန်ထွက်ပြီး သူတို့ကို တိုက်ခိုက်ရန် ကြိုးစားနေသည့် ပင်လယ်ဓါးပြများဆီသို့ ပြေးထွက်သွားသည်။
သူ့လက်ထဲရှိ ဓါးသည် အရင်လို ပေါ့ပါးသွက်လက်မနေသော်လည်း သန်မာပြီး အားကောင်းနေဆဲဖြစ်သည်။
အယ်လန်သည်လည်း ပင်လယ်ဓားပြတစ်ယောက်၏ သေနတ်ကို လျင်မြန်စွာ ကောက်လိုက်ပြီး ကူညီရန် ရှေ့သို့ တိုးလာခဲ့သည်။
တစ်ဖက်တွင်လည်း ကျောင်းမြန် နှင့် ချင်းယင်တို့ ၏ တိုက်ပွဲသည် ပြင်းထန်နေသည်။
သို့သော်လည်း ချင်းယင်၏ လှုပ်ရှားမှုသည် အလွန် လျှင်မြန်နေသောကြောင့် ကျောင်းမြန်မှာ အနည်းငယ် လွမ်းမိုးခံနေရသည်။
ချင်းယင်သည် ကျောင်းမြန်၏ ရင်ဘတ်သို့ ဓါးဖြင့် ထိုးရန် ရွယ်လိုက်သည်ကို ကျောင်းမြန်က မြင်လိုက်သောကြောင့် ချက်ချင်းခုခံရန် လက်ကိုမြှောက်လိုက်သော်လည်း ချင်းယင်က ဓါးကိုပြန်ရုတ်လိုက်ကာ မထိုးတော့ဘဲ ကျောင်းမြန်၏ ခြေထောက်ကို ဖြတ်ကန်လိုက်ကာ လှည့်ထွက်သွားသည်။
"ဟားဟားဟား......"
ကျောင်းမြန် ဟန်ချက်ပျက်သွားသည်ကို ကြည့်ကာ ချင်းယင်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
ချင်းယင်သည် တိုက်ခိုက်သည့် အချိန်တိုင်း ကျောင်းမြန်အား ပြုံးရွှင်စွာ အမြဲကြည့်လေ့ရှိသည်။ ကျောင်းမြန်က အားကုန်ထုတ်သုံးကာ တိုက်ခိုက်သော်လည်း သူက အေးအေးဆေးဆေးပင် တိုက်ခိုက်လေ့ရှိသည်။
ကြောင် က ကြွက် ကို ကစားနေသလိုပင်..။
တိုက်ခိုက်နေသည်မှာ အမှန်ဖြစ်နေသော်လည်း....ပြောရမည်ဆိုလျှင် တိုက်ခိုက်နေသည်နှင့်မတူဘဲ ကျောင်းမြန်နှင့် တွဲက နေသလိုဖြစ်နေသည်။
အရူးတစ်ယောက်နှင့် တူနေလေသည်။
"ချွင်...!"
ချင်းယင်သည် ကျောင်းမြန်၏လက်မောင်းမှ အားနည်းချက်တစ်ချို့ကို တွေ့လိုက်သောကြောင့် ဓါးဖြင့် လွှဲခုတ်လိုက်လေသည်။
"ကျောင်းမြန်.....ဒီလောက်နှစ်တွေကြာတာတောင် မင်း ငါ့ကို မနိုင်သေးဘူး...."
ချင်းယင် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"မင်းရဲ့ တိုက်ပွဲပုံစံတွေက မပြောင်းသေးဘူး"
ချင်းယင်သည် ထိုသို့ပြောကာ ကျောင်းမြန်အား ခြေထောက်ကိုဝိုက်ကာ ကန်ထုတ်လိုက်သည်။
ကျောင်းမြန်သည် ချင်းယင်၏ဓားဖျားက သူ့ဆီသို့ ထပ်ရောက်လာသည်ကိုမြင်လိုက်ရသဖြင့် မြေပြင်ပေါ်သို့ လှဲကာ ရှောင်လိုက်လေသည်။
"ချွမ်း......!"
ဓားရှည်သည် ကျောင်းမြန်၏ ငွေပြာရောင်ဆံပင်ထဲသို့ ထိုးစိုက်လိုက်ပြီး ကျောင်းမြန်၏ ဆံပင်ရှည်များသည် မြေပြင်ပေါ်တွင် ပြတ်ကာကျန်ခဲ့လေသည်။
ချင်းယင်သည် အနည်းငယ် ရယ်မောလိုက်သည်။
"ကျောင်းမြန်...!"
ဤအချိန်တွင် ကျောင်းမြန် ရင်းနှီးသောအသံကိုကြားလိုက်ရသည်။
ကျောင်းမြန်လည်း ကြားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်သော် သူ့နောက်ကျောဘက်မှ အေးစက်သွားသလို ခံစားလိုက်ရသည်။
ဝှစ်----
ချင်ယင်သည် ပြင်းထန်စွာ ဒေါသထွက်နေပြီး အရှိန်ဖြင့်လာသော စီဆဲလ်၏ ဓါးသွားကို လျင်မြန်စွာ ရှောင်လိုက်လေသည်။
သို့သော် ချင်းယင်၏ ရင်ဘတ်တွင် အလွန်သေးငယ်သော ပြတ်ရှဒဏ်ရာ တစ်ခု ရသွားလေသည်။
စီဆဲလ်သည် ချင်းယင်၏နောက်မှ ဓါးကိုပြန်ရုတ်လိုက်ပြီး သူ့ကို ထပ်မံကြိမ်းမောင်းလိုက်ပြီး ချင်းယင်ကလည်း အေးစက်စွာ တုံ့ပြန်ကာ နှစ်ယောက်သား လက်ရည်ချင်း ဖလှယ်ကြလေသည်။
စီဆဲလ်က ဒေါသမထွက်ဘဲမနေနိုင်ပေ။ ဆေးရုံအဆောင်ထဲတွင် တိုက်ခိုက်မှုဖြစ်နေကြောင်း သိလိုက်ရချိန်တွင် သူသည် အထဲသို့ ဝင်ချင်နေသော်လည်း မြေညီထပ်ရှိအခြေအနေများမှာ ထိန်းချုပ်ရန် မလွယ်ကူပေ။
လူအင်အား ထပ်လွှတ်ပေးရန် အကြောင်းကြားချင်သော်လည်း တာမီနယ်မှ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်နေလေသည်။
စီဆဲလ် က ဒေါသတကြီးဖြင့် ဖြစ်နေသည့် အခြေအနေအားမေးရန် မင်ရန်အားဆက်သွယ်ရာတွင် အတွင်းရေးမှူးအဖွဲ့မှ တစ်ယောက်က စနစ်များအား ဖြတ်တောက်သွားကြောင်းနှင့် သူမ စနစ်များအား ပြန်ကောင်းအောင် အစွမ်းကုန်ကြိုးစားနေကြောင်း မင်ရန်က ပြန်တင်ပြလာသည်။
စစ်ကူ ပို့ရန် မလွယ်ကူသောအခြေအနေတွင် လူကိုယ်တိုင် တက်လာသည့်အခါ ကျောင်းမြန်က လဲကျနေပြီး သူ့ဘေးနားတွင် သူ့အားဓါးဖြင့်ရွယ်ထားသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
"ဒါက အရမ်းကျော်ကြားတဲ့ ဖက်ဒရယ် ဗိုလ်ချုပ်ကြီးပေါ့...."
ချင်းယင်က ပြုံးပြီး စီဆဲလ်၏ ဓါးကို ကာလိုက်ပြီး မျက်ခုံးကိုပင့်ကာ ပြောလိုက်သည်။
"ကျောင်းမြန်ရဲ့.....အင်း...သူက ဘယ်သူနဲ့ လက်ထပ်လို့လဲ..."
စီဆဲလ်သည် မျက်ခုံးပင့်လိုက်သည်။
သို့သော် ချင်းယင်သည် စီဆဲလ်နှင့် ဆက်ပြီး အရှုပ်တွေလုပ်ရန် ရည်ရွယ်ချက်မရှိပေ။
ဆေးကုသခန်းရှိ မီးရောင်များ ပြန်လည်လင်းလာသည်ကိုတွေ့လိုက်ရပြီး စီဆဲလ်ကလည်း စစ်တပ်အား ဦးဆောင်ပြီးရောက်လာလေရာ ကျောင်းမြန်နှင့် ကုရှင်းချီ တို့ဆီ ဦးတည်ထားသည့် သူ၏ ရည်ရွယ်ချက်များ မအောင်မြင်သည်ကို သိလိုက်ရသဖြင့် သူ့လက်ထောက်အား တပ်ပြန်ဆုတ်ရန် လက်ပြလိုက်သည်။
ပင်လယ်ဓားပြများ ဆုတ်ခွာတော့မည့် အချိန်တွင် စီဆဲလ်က လှောင်ပြောင်လိုက်ပြီး ကျယ်လောင်စွာ အော်ကာ အမိန့်ပေးလိုက်သည်။
"ပင်မ တပ်ဖွဲ့ ငါ့အမိန့်ကိုနာခံ ....ပင်လယ်ဓါးပြ တစ်ယောက်ကိုမှ မလွတ်စေနဲ့...သူတို့ရဲ့ခေါင်းတွေရော....ရွှေအိတ်တွေရော...တစ်ခုမှ မလွတ်စေနဲ့...."
"တစ်ယောက်မှ မလွတ်စေရပါဘူး..."
စစ်တပ်မှ တစ်ညီတစ်ညာတည်း ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် စီဆဲလ်သည် သူ့လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး ချင်းယင်၏ လမ်းကို တားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"မင်း ငါ့ရဲ့ ကပ္ပတိန်ကို တိုက်ခိုက်ခဲ့ပြီး ငါ့အိမ်ထောင်ဖက်ကိုလည်း နာကျင်စေခဲ့တယ်...အဲ့ဒါ တောင် မင်းကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် မျက်နှာပြောင်တိုက်ရာမကျသွားဘူးလား.."
ချင်းယင်က ပြုံးလိုက်ပြီး တည်ငြိမ်စွာဖြင့် တိုက်ပွဲကို ရင်ဆိုင်လိုက်သည်။
"ဗိုလ်ချုပ်ကြီး.... ငါသွားလို့မရရင် မင်းလည်း သွားလို့မရဘူး.."
စီဆဲလ်သည် အံ့ဩသွားပြီး တစ်ခုခုကို သတိရသွားသကဲ့သို့ ကျောင်းမြန်ကို လိုက်ရှာရန် ချင်းယင်အား လွှတ်ပေးလိုက်ရသည်။
ချင်းယင်သည် အချိန်ကို တွက်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ခွန်အားရှိသမျှ ထုတ်သုံးကာ သူ့လက်ထဲမှ ဓါးကို စီဆဲလ်နှင့် သူ့ကြားတွင် အကွာအဝေးတစ်ခု ခြားစေရန် လွှဲခုန်လိုက်ကာ စီဆဲလ် အမှီမလိုက်နိုင်ခင်....
"ဒုန်း....ဒုန်း....."
"ဒုန်း...."
ဆေးကုသခန်းတွင် မီးများနှင့် ပြည့်နေလေသည်။
"ဒီက..ဆေးကုခန်း 1 မှာ မီးလောင်နေပါတယ်... သတိထားကြပါ....ဆေးကုခန်း 1 တွင် မီးလောင်နေပါတယ်.... မီးပျက်နေတဲ့အချိန်ကို ပင်လယ်ဓားပြတွေက အချိန်ကိုက်ဗုံးတစ်လုံး ထောင်ထားပြီးသားဖြစ်ပါလိမ့်မယ်.."
ထိုအချိန်တွင် အခန်းတစ်ခုလုံးသည် စစ်မြေပြင်ကဲ့သို့ ပေါက်ကွဲသွားပြီး ၎င်းတို့ရှေ့တွင် မီးခိုးငွေ့များ ရှိနေသဖြင့် ပင်လယ်ဓားပြများသည် ယင်းအခွင့်အရေးကို အသုံးချကာ လွတ်မြောက်သွားကြသည်။
ချင်းယင် ပြောသည့် အချိန်ကို စီဆဲလ်က ခန့်မှန်းနိုင်ခဲ့သော်လည်း သူအမိန့်ချလို့မပြီးခင်တွင် အခန်းက ပေါက်ကွဲသွားပြီးဖြစ်သည်။
စီဆဲလ်သည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ကျောင်းမြန်အား ပွေ့ဖက်ကာ နှစ်ယောက်သားသည် လွတ်နေသော တတိယ ကုသခန်းထဲသို့ လှိမ့်ဝင်သွားလေသည်။
ကုသမှုခန်း၏ အကာအကွယ်အလွှာသည် အလွန်ခိုင်ခံ့သောကြောင့် ပေါက်ကွဲမှုတွင် နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာမရရှိခဲ့ပါ။
ဒိုင်း! ဒိုင်း!
ပေါက်ကွဲမှုများသည် ဆက်လက်ဖြစ်ပွားခဲ့သည်။
လေထုထဲတွင် ယမ်းမှုန့်အနံ့များသာ ရနေပြီး ကုရှင်းချီသည် ထိုအချိန်တွင် ကုသခန်းရှေ့တွင် ရှိနေဆဲဖြစ်ကာ အယ်လန်နှင့်အတူ ကုသခန်းအတွင်းတွင် ဝင်ပုန်းနေခဲ့ရသည်။
ကုရှင်းချီသည် ဒဏ်ရာရနေဆဲဖြစ်ရာ လျင်မြန်စွာ မလှုပ်ရှားနိုင်သောကြောင့် စီဆဲလ်ကဲ့သို့ ကြိုတင် မပြင်ဆင်နိုင်ခဲ့သဖြင့် သူ၏နောက်ကျောတွင် ဒဏ်ရာထပ်ရသွားကာ ကံကောင်းသည်မှာ မစိုးရိမ်ရပေ။
လူတိုင်းသည် ခဏလောက် ပုန်းနေခဲ့ရသည်။
ပြင်းထန်စွာ ပေါက်ကွဲမှုပြီးနောက်တွင် အခန်းတွင်းသို့ မီးညွှန့်များ ကျလာလေသည်။
"ဒီနေရာက ကြာကြာနေလို့မဖြစ်ဘူး.."
ကျောင်းမြန်က ပြောလိုက်သည်-
"မြန်မြန်ထွက်ဖို့လုပ်တော့ မဟုတ်ရင် ပိတ်မိနေလိမ့်မယ်.."
"ဟမ်"
စီဆဲလ်က ခလုတ်တချို့ကို နှိပ်လိုက်ပြီး ကုသမှုအခန်းမှ သူတို့နှစ်ယောက်ကို ရေများဖြင့် စိုစွတ်အောင် ဖြန်းပေးလိုက်သည်။
ကျောင်းမြန်လည်း သူ့အင်္ကျီကို ချွတ်ကာ သူတို့ နှစ်ယောက်ပေါ်ကို ခြုံလိုက်လေသည်။
ထို့နောက် စီဆဲလ်သည် ဖန်အဖုံးကိုဖွင့်ကာ နှစ်ယောက်သား တစ်ယောက်တစ်ဖက် ကိုင်ကာ အခန်းတွင်းမှ ပြေးထွက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ပင်မတပ်သည် အထူးတပ်ဖွဲ့ဖြစ်ရာ နေရာအနှံ့တွင် တပ်လှန့်ထားသဖြင့် သေဆုံးသူမရှိဘဲ ဒဏ်ရာရသူများသာ ရှိလေသည်။
ပင်လယ်ဓါးပြများမှာလည်း သူတို့လူများရှိနေသဖြင့် ဗုံးများအား အများကြီးမသုံးထားခဲ့ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ထွက်ပြေးမည့် အချိန်အတွက်သာ ချိန်ထားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရသော ပင်လယ်ဓားပြများသည် မလွတ်မြောက်နိုင်ခဲ့သော်လည်း ချင်းယင်နှင့် လူအနည်းငယ်သည် မီးခိုးငွေ့များ၏အကူအညီဖြင့် လွတ်မြောက်နိုင်ခဲ့ပြီး သူတို့၏ မာရှယ်ကို ကာကွယ်ရန်အတွက် ကားကို စွန့်ပစ်ခဲ့ကြသည်။
ပါးလွှာသောမျဉ်းပေါ်တွင် ရှိနေသည့် အံ့အားသင့်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
အယ်လန်နှင့် ကုရှင်းချီ တို့လည်း ထွက်လာလေသည်။
ကုရှင်းချီ ၏ ခန္ဓာကိုယ်သည် သွေးများနှင့် ဒဏ်ရာသစ်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏ စိတ်ဓာတ်မှာ မပျော့ညံ့ပေ။
ယခင်ပြင်ပမှ မငြိမ်မသက်မှုများနှင့် ကြုံတွေ့ခဲ့သည့် ဗဟိုမီးသတ်ဌာနသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး လေယာဉ်သည် လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း စက်ပစ္စည်းများမှာ ဆုံးရှုံးမှု ပြင်းထန်နေဆဲဖြစ်သည်။
"ဗိုလ်ချုပ်ကြီး.....!"
ကုရှင်းချီသည် အယ်လန်က ကူတွဲပေးထားသောကြောင့် မတ်တတ်ရပ်ရန်ကြိုးစားလိုက်ပြီး စီဆဲလ်၏ရှေ့တွင် အလေးပြုကာ...
"ဗိုလ်ချုပ်ကြီးကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်...!"
"မရှုပ်ဘူး.....အလုပ်မရှုပ်ပါဘူး.."
စီဆဲလ်က ပြုံးလိုက်ပြီး စွေကြည့်ကာ ပြော၏။
"ဒါက ပင်လယ်ဓားပြ ကျူးကျော်မှုပဲ မလား....ဒါပေမယ့်.. ဖယ်ဒရယ်ပြည်သူအားလုံးက ငါတို့ကို ဆန့်ကျင်အောင် ကုမိသားစုက စစ်တပ်တွေ လွှတ်လိုက်တာလား..."
ကုရှင်းချီ : "....."
ကုရှင်းချီ၏ တင်းမာသော မျက်နှာသွင်ပြင်မှာ ညှိုးငယ်သွားပြီး သူ့မျက်လုံးများသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေကာ ပြောလိုက်သည်-
"ဒါ ကျွန်တော့်အမှားပါ....တောင်းပန်ပါတယ် ..ကျွန်တော် ပြစ်ဒဏ်ခံယူဖို့ ဆန္ဒရှိပါတယ်"
စီဆဲလ်သည် သူ့နှာခေါင်းကို ထိလိုက်သည်။
ထို့ကြောင့် လေးနက်မှုရှိသော လူများကို စ ရသည်မှာ ပျော်စရာမကောင်းဘဲ အပြစ်ရှိသလိုပင် ခံစားရလေသည်။
ကျောင်းမြန်က ပြုံးရုံမှလွဲ၍ မတတ်နိုင်တော့ပေ။
ကုရှင်းချီသည် ကျောင်းမြန်ကို သတိပြုမိလိုက်ပြီး ကျောင်းမြန် ကို လေးလေးနက်နက် ဦးညွှတ်ရန် ခေါင်းကို ချက်ချင်းလှည့်လိုက်သည်။
"အဲဒီတုန်းက ကျွန်တော့်ကို ကယ်ဖို့ လက်မလျှော့ခဲ့တဲ့ ဗိုလ်ချုပ်ကျောင်းကို ကျေးဇူးတင်ပါတယ်...သေတမ်းစာ ချန်ခဲ့ရမှာတောင် မကြောက်တဲ့ ကျွန်တော့် ဘဝက ခင်ဗျားအပိုင်ပါပဲ.....ဒီတစ်သက်လုံး ကျေးဇူးမမေ့ပါဘူး...."
ကျောင်းမြန်က ထိုလူအား လျင်မြန်စွာ ထူပေးလိုက်ပြီး....
"ဒါက....ငါ့ တာဝန်ပါ..ရပါတယ်"
"ကောင်းပြီ"
စီဆဲလ်က ဝမ်းသာအားရရယ်မောလိုက်ရင်းသက်ပြင်းဖွဖွ ချကာ ကုရှင်းချီ ကို ပွေ့ဖက်လိုက်သည်။
"နိုးလာတာကောင်းတယ်...လုံခြုံတယ်ဆို ပိုကောင်းတယ်...အဲ့ဒါအရေးကြီးဆုံးပဲ..."
စီဆဲလ်က ကုရှင်းချီ၏ ဒဏ်ရာမရှိသော ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ညီအကို....မင်း ပြည်သူတွေကို စိုးရိမ်အောင် 'အိပ်စက်နေတဲ့ အလှလေး' လုပ်နေတာကနေ နောက်ဆုံးတော့နိုးလာပြီပဲ...အခု မင်း မနိုးတော့ရင် တစ်ယောက်ယောက်က အဖွဲ့ချုပ်ကို ဖြုတ်ချမှာကို ငါကြောက်နေတာ..."
ဟူး....စရတာ ပျော်စရာမကောင်းလိုက်တာ.....။
ကုရှင်းချီ၏ မျက်နှာသည် ဖြူတစ်လှည့် နီတစ်လှည့်ဖြစ်လာသည်။
"မင်းသာ မနိုးလာရင် အယ်လန်ရဲ့ ဖောက်လွဲဖောက်ပြန်တတ်တဲ့ အာဏာရှင်စိတ်နဲ့ဆို ငါ့လိုချောမောတဲ့ စစ်ဗိုလ်ချုပ်ကြီးက စိတ်ရှုပ်ရလိမ့်မယ်..."
"မပြောပါနဲ့တော့....."
ကုရှင်းချီက လည်ပင်းကို ပွတ်ကာ စီဆဲလ်ကို ကြည့်လိုက်သည်။
"ဟားဟားဟား..."
စီဆဲလ်သည် ယခုအချိန်တွင် စိတ်ကြည်နေလေသည်။
မြေညီထပ်က ရှုပ်ပွနေသော်လည်း...
အရာအားလုံး ပြီးသွားပြီဖြစ်သည်....။
ကုရှင်းချီကလည်း နေကောင်းနေပြီဖြစ်သည်။ ကျောင်းမြန်၏ဆေးကြောင့် ပြန်ကောင်းသွားကြောင်းလည်း အတည်ပြုပြီးပြီဖြစ်သည်။