Chapter 203
Viewers 49k

💘Chapter 203 

ဝင်ခွင့်စာ




"ကိုယ့်ကြောင့်နိုးသွားတာလား"


ဝေ့ချန်၏မျက်လုံးများက အမုန်းတရားများဖြင့်ပြည့်နေပေမဲ့ ချန်လီကိုမြင်လိုက်ချိန်မှာ သူ့လေသံကချက်ချင်းနူးညံ့မှုအတိပြီးသွားခဲ့၏။

  

ချန်လီက ခေါင်းခါကာ ဝေ့ချန်၏နံဘေးကိုလျှောက်လာပြီး ဝေ့ချန်၏မျက်ဝန်းများကိုသူ့လက်များဖြင့်အုပ်ကာ ခပ်တိုးတိုး ဆိုလေသည်။


"အားချန် ငါမင်းရဲ့လက်ရှိမျက်လုံးတွေကိုမကြိုက်ဘူး"


အနှီမျက်ဝန်းနီနီများက အမုန်းတရားများဖြင့်ပြည့်နေသည်။ဤသည်ကဘာခံစားချက်မျိုးလဲဆိုသည်ကိုချန်လီမသိပါချေ။သို့ပေမဲ့ ဝေ့ချန်သူ့ကိုယခုလိုမျိုးကြည့်နေချိန်မှာ ဝေ့ချန်သေချာပေါက်အဆင်မပြေဖြစ်နေသည်ကို သူသိသည်။  

ဝေ့ချန်က သူ့မျက်လုံးများကိုမှိတ်ကာ ချန်လီကို ရင်ခွင်ထဲထည့်၍ ဖက်လိုက်သည်။ချန်လီမကြိုက်ရသည့်နောက်ကွယ်ကအဓိပ္ပါယ်ကို သူသိသည်။ချန်လီက သူ့ကိုကြောက်၍မဟုတ်ပါဘဲ သူ့ကိုစိတ်ပူ၍သာဖြစ်လေသည်။

  

"လီလီ"

"လီလီ"

"လီလီ"

  

ဝေ့ချန်က သူ့ခေါင်းကိုချန်လီ၏လည်တိုင်မှာအပ်ထားရင်း ချန်လီ၏နာမည်ကို အကြိမ်ကြိမ်ခေါ်နေခဲ့သည်။သူ့လေသံက အင်မတန့်အင်မတန်ကိုတိုးဖွနေပြီး စကားလုံးတိုင်းကတုန်ယင်နေခဲ့သည်။ချန်လီ၏လက်ကို ဆုပ်ကိုင်ထားသည့် သူ့လက်က ပိုပို၍တင်းကြပ်လာကာ ချန်လီကို သူ့ကိုယ်ထဲသို့ ဆွဲသွင်းချင်နေသည့်အတိုင်းပါပင်။

  

အကြင်သူက သူ၏လီလီ၊သူ၏လီလီက သူ့ရင်ခွင်ထဲမှာ ရှိနေသေးသည်။ကလေးဘဝတုန်းက ပြန်ပေးဆွဲသမားများ၏ဓားချက်အောက်မှာ အသက်ပျောက်မသွားခဲ့သလို အတိတ်ဘဝတုန်းက ချန်ချင်း၏လက်ထဲမှာလည်း ရက်ရက်စက်စက်သေမသွားခဲ့ပေ။

  

လီလီအသက်ရှင်နေသည်၊သူ့လိုပဲအသက်ရှင်နေသည်။

  

ချန်လီက ဝေ့ချန်ဘာကြောင့် ယနေ့ ဤကဲ့သို့ဖြစ်နေသည်ကိုမသိပေ။သို့ပေမဲ့သူမမေးပါဘဲ လက်ဆန့်၍ပဲ ဝေ့ချန်ကိုဖက်လိုက်ပြီး ဝေ့ချန်ကို သူ၏တည်ရှိမှုကို ခံစားခိုင်းခဲ့လေသည်။

  

ညကများစွာနက်လာပြီး အပြင်ဘက်မှာ မိုးဖွဲများကကျနေဆဲဖြစ်ကာ ညတခွင်ကို အလွန်အမင်းမှုန်ရီဝေမှိုင်းစေခဲ့လေသည်။

  

ချန်လီက နောက်ဆုံးမှာ ဝေ့ချန်၏ရင်ခွင်ထဲမှာအိပ်ပျော်သွား၏။ထိုအချိန်မှာ ဝေ့ချန်၏နှလုံးသားထဲကခံစားချက်များအားလုံးက အပြည့်အဝဖုံးကွယ်ခြင်းခံလိုက်ရပြီဖြစ်ကာ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှာ မြုပ်နှံထားခဲ့ပြီးလေပြီ။ 

  

သူက သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေသည့်ချန်လီကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသယ်သွားကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ဝေ့ချန် သူ့လက်ကိုပြန်ရုပ်တော့မည့်အချိန်မှာချန်လီက သူ့လက်ကိုဖက်ထား၏။

  

"အားချန် ငါရှိတယ်နော်"

ချန်လီကအိပ်မက်ယောင်ရင်းရေရွတ်လိုက်ပေမဲ့ ထိုစကားများကဝေ့ချန်၏နားထဲကို တစ်လုံးမကျန်ရောက်သွားခဲ့သည်။

   

ဝေ့ချန်၏အမူအရာက အနှီစကားများကြောင့်နူးညံ့ပျော့ပြောင်းသွားရ၏။သူက အဝတ်အစားများဝတ်လျက်ပင်လှဲလျောင်းလိုက်ပြီး ချန်လီကိုသူ့ရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့သည်။

  

"ကိုယ်သိပါတယ်...မင်းရှိနေမှန်းကိုယ်သိပါတယ်လီလီရယ်"

ဝေ့ချန်က ချန်လီ၏ဦးထိပ်ကိုနမ်းရှိုက်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ 

  

ပြတင်းပေါက်အပြင်ဘက်ရှိ မိုးဖွဲများက နောက်ဆုံးမှာရပ်တန့်သွားခဲ့ပြီဖြစ်ကာ ညအမှောင်ကလုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သည်။

  

ညအမှောင်ပျောက်ကွယ်သွားသည်နှင့် မျှော်လင့်ထားသည့်အတိုင်း နေ့တာကရောက်ရှိလာခဲ့သည်။

  

ချန်လီနိုးလာချိန်မှာ ဝေ့ချန်ကမီးဖိုချောင်ထဲမှာမနက်စာပြင်နေပြီဖြစ်သည်။သူကိုယ်လက်သန့်စင်ပြီး အခန်းထဲကထွက်လာပြီးနောက် ဝေ့ချန်ကဧည့်ခန်ကိုသန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်သည်။မနေ့ညက ကြမ်းပြင်ပေါ်မှာပြန့်ကျဲ့နေသောစာရွက်စများက ပျောက်ကွယ်သွားပြီး တအိမ်လုံးရှင်းလင်းနေသည်။

  

ထိုအချိန်မှာဝေ့ချန်ကမနက်စာကိုစားပွဲပေါ်တင်ပြီးချန်လီကိုမနက်စာလာစားရန်ခေါ်လိုက်၏။မနက်စာကချန်လီကြိုက်သည့် ကြက်သွန်မြိတ်ဆီချက်ခေါက်ဆွဲနှင့်မှန်ရောင်ဟင်းရည်တစ်ခွက်ဖြစ်လေသည်။

  

နှစ်ယောက်သား ထမင်းစားစားပွဲမှာထိုင်လိုက်ကြပြီး ခေါက်ဆွဲစုပ်စားသံတစ်စွတ်စွတ်က တိတ်ဆိတ်နေသောထမင်းစားစားပွဲပေါ်မှာ ထွက်၍လာသည်။မည်သူမှစကားမပြောကြသော်လည်း ထမင်းစားပွဲက သဟဇာတဖြစ်ပြီးနွေးထွေးနေခဲ့သည်။

  

ယမန်နေ့ညအစောပိုင်းမှာဖြစ်ခဲ့သည်များက ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုပင်။ဝေ့ချန်ကထည့်ပြောမလာသလိုချန်လီကလည်းထုတ်မမေးခဲ့ပေ။

  

ယနေ့က တနင်္လါနေ့ဖြစ်ပြီး သူတို့နှစ်ဦး 

အလုပ်သွား/ကျောင်းသွားရမှာဖြစ်သည်။

  

ဝေ့ချန်က စက်ဘီးနင်းကာသူ့မြင်ကွင်းထဲမှာပျောက်ကွယ်သွားသည့်ချန်လီ၏ကျောပြင်ကိုကြည့်နေခဲ့သည်။



ထို့နောက်မှာ သူကားစက်နှိုးပြီး ကုမ္ပဏီကိုမောင်းလာခဲ့သည်။

  

မနေညကမိုးကြောင့် လမ်းများက မြေသင်းနံများဖြင့် ပြည့်နေသည်။သစ်ရွက်ဖျားများ၌ မနေ့ညက မြေပေါ်သို့ကျမသွားခဲ့သည့် မိုးစက်များက တွဲလွဲခိုနေဆဲဖြစ်သည်။မနက်ခင်း၏နေရောင်ခြည်နွေးနွေးအောက်မှာ ၎င်းတို့ကရောင်စုံအလင်းများအလင်းပြန်နေခဲ့သည်။

  

ဘီးများက စိုစွတ်နေသောလမ်းတလျှောက်လှိမ့်သွားပြီး သန့်ရှင်းသောနေရာအရောက်မှာ လိမ်ယှက်နေသောဘီးရာနှစ်ခုကို ချန်ထားခဲ့လေသည်။


 

ချန်လီက သူ့စက်ဘီးကို Qတက္ကသိုလ်သုခုမအနုပညာအကယ်ဒမီဆီနင်းသွားခဲ့သည်။လမ်းမှာတစ်စုံတစ်ယောက်ကချန်လီကိုနှုတ်ဆက်လိုက်သည်။ထိုသူမှာချန်လီ၏အတန်းဖော်ဖြစ်လေသည်။

  

ယနေ့မနက်ခင်း၏ပထမအချိန်နှင့်ဒုတိယအချိန်မှာ အတန်းမရှိသဖြင့်ချန်လီက ကျူးကောယွီ၏စတူဒီယိုဆီသို့သွားခဲ့သည်။

  

ကျူးကောယွီက ချန်လီကို စတူဒီယိုမှာစောင့်နေသည်။ချန်လီဝင်လာသည်ကိုမြင်သောအခါ သူကအပြုံးတစ်ပွင့်နှင့်ချန်လီကိုနှုတ်ဆက်လိုက်သည်။ပျော်စရာတစ်ခုခုကိုကြုံတွေ့ခဲ့ရ၍ဖြစ်မည်။ကျူးကောယွီက မျက်လုံးများ မှေးကျဥ်းနေအောင်ပြုံးနေခဲ့သည်။

  

ကျူးကောယွီက ချန်လီကိုသတင်းကောင်းပြောလိုက်၏။

"ရှောင်လီ...မင်းအတွက်သတင်းကောင်းတစ်ခုရှိတယ်...မနေ့ညက ငါတို့ကောလိပ်ရဲ့ဌာနမှုးက မင်းကို ကျောင်းသားအဆင့်အတန်းပေးပြီးQတက္ကသိုလ်ရဲ့ကျောင်းသားအဖြစ်စာရင်းသွင်းပေးမယ်လို့ ငါ့ကိုအကြောင်းကြားလာတယ်"

  

ဟုတ်သည်၊ချန်လီက စာရင်းသွင်းခံလိုက်ရပြီဖြစ်ကာ Qတက္ကသိုလ်သုခုမအနုပညာအကယ်ဒမီ၏တရားဝင်ကျောင်းသားတစ်ယောက်ဖြစ်သွားပြီဖြစ်သည်။သူက ဧည့်ကျောင်းသားတစ်ယောက်မဟုတ်တော့ဘဲ့ Qတက္ကသိုလ်၏တရားဝင်ကျောင်းသားတစ်ယောက်ဖြစ်သွားလေပြီ။

  

သို့ပေမဲ့ ယင်းက ကျူးကောယွီစီစဥ်ခြင်းမဟုတ်ပါဘဲ Qတက္ကသိုလ်၏ခေါင်းဆောင်ပိုင်းက စီစဥ်ခြင်းဖြစ်လေသည်။

  

လူတော်များက ဘယ်နေရာရောက်ရောက်တောက်ပနေလိမ့်မည်ပင်။ချန်လီ၏ထူးချွန်မှုက အားလုံးအတွက်သိသာထင်ရှားလေသည်။ရက်အနည်းငယ်ခန့်အစည်းအဝေးများထိုင်းပြီးသေသေချာချာစဥ်းစားပြီးနောက်မှာ ကျောင်း၏ခေါင်းဆောင်ပိုင်းက ချန်လီက သေချာပေါက် အနာဂတ်မှာ ကျောင်းဆီသို့ ဂုဏ်သရေများစွာထပ်၍ယူဆောင်လာလိမ့်မည်ဟုဆုံးဖြတ်ခဲ့ကြသည်။ချန်လီ၏အောင်မြင်မှုက အချိန်တစ်ခုသာလိုအပ်လေသည်။


ထို့ကြောင့် အနှီဂုဏ်သရေကို အရင်းအမြစ်တစ်ခုပေးပြီး Qတက္ကသိုလ်သုခုမအနုပညာအကယ်ဒမီ၏ဂုဏ်ကို ပို၍ အသရေတင့်လာစေရန် ကျောင်း၏ခေါင်းဆောင်ပိုင်းကချန်လီကိုကျောင်းသားအဆင့်အတန်းပေးပြီး Qတက္ကသိုလ်၏တရားဝင်ကျောင်းသားအဖြစ်သတ်မှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

  .

ကျူးကောယွီက သူ့ကိုဤသတင်းပြောလာချိန်မှာ ချန်လီတစ်ယောက် သူ့ရင်ထဲကခံစားချက်ကို မဖော်ပြတတ်အောင်ပင်ဖြစ်သွားခဲ့သည်။ကျူးကောယွီက သူ့ကိုကမ်းပေးလာသော ဝင်ခွင့်စာကို သူကြည့်လိုက်သည်။ဝင့်ကြွားထည်ဝါစွာရေးထားသည့် ထိုပေါ်ရှိ"ချန်လီ"ဟူသောစာလုံးနှစ်လုံးကိုမြင်လိုက်ရချိန်မှာ သူ့မျက်လုံးများက တစ်စုံတစ်ခုစီးကျလာတော့မည့်အတိုင်း ပူနွေးလာသည်ကို ချန်လီ အမှန်တကယ်ခံစားလိုက်ရလေသည်။

 

"ဒါက... ဝင်ခွင့်စာလား"

ဤစာက ပါးလွှာသောစာရွက်ပိုင်းလေးမျှသာဖြစ်ပြီး သူ့လက်ထဲမှာ အလေးချိန်များများစားစားပင်မစီးပါချေ။သို့ပေမဲ့ ဤစာရွက်ပိုင်းလေးက ပေါင်ထောင်နှင့်ချီ၍လေးသလို ချန်လီခံစားရပြီး သူ့ရင်ထဲတွင် လေးလံသောခံစားချက်တစ်ခုဖြင့်ပြည့်နေခဲ့၏။

  

ဤလေးလံသောခံစားချက်ကဘာကိုရည်ညွှန်းသည်ကို သူမသိသော်ငြား ရှင်းပြရခက်စွာပဲ သူဤခံစားချက်ကိုသဘောကျလေသည်။

  

"အမ်း ဟုတ်တယ် ဒါကဝင်ခွင့်စာ"

ကျူးကောယီီက ချန်လီ၏ အမူအရာကိုမြင်၏။ပုံမှန်တွင် အသက်မဲ့နေသောသူ၏မျက်နှာအစိတ်အပိုင်းများက ဤအခိုက်အတန့်တွင် ရုတ်တရတ် အသက်ဝင်လာသည်။ပျော်ရွှင်မှု၊ခံစားချက်နှင့် တာဝန်ယူမှုအရိပ်အယောင်တစ်ခုပင်ရှိနေသည်။

  

သိတတ်လိမ္မာလိုက်တဲ့ကလေး...ကျူးကောယွီ သူ့စိတ်ထဲမှာတွေးလိုက်သည်။ချန်လီအတွက်ဂုဏ်ယူနေသဖြင့် သူသည်လည်း ခံစားချက်များဖြင့်ပြည့်နေခဲ့၏။


ကျောင်း၏ ဤအခွင့်အရေးကို ချန်လီအားပေးရန်ဆန္ဒရှိမှုကြောင့် သူရင်ထဲထိသွားခဲ့ရသလို ချန်လီ၏ပြောင်းလဲမှုများနှင့်တိုးတက်မှုများကြောင့် သူ့မှာပို၍ပင်ရင်ထဲထိရှရသည်။

  

ယခုအချိန်မှာ ချန်လီကတာဝန်ယူမှုဆိုသည်ကဘာမှန်းမသိကောင်းမသိနိုင်ပေမဲ့ သူ့နှလုံးသားထဲမှာ ဤခံစားချက်က ရှိနေပြီဖြစ်၏။ထို့သို့ဖြစ်ရာ ထိုတာဝန်ယူလိုစိတ်က ချန်လီ၏နှလုံးသားထဲမှာအမြစ်တွယ်လာသည်နှင့် ချန်လီ၏စရိုက်ကလည်း သည်ထက်ပိုတိုးတက်လာပေလိမ့်မည်ပင်။

  

သူ၏အလုပ်သင်လေးက တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးတက်ကောင်းမွန်လာပြီး တစ်နေ့မှာ အတောက်ပဆုံးကြယ်လေးတစ်ပွင့်ဖြစ်လာမည်ဟုသူယုံကြည်သည်။

  

ဝင်ခွင့်စာကြောင့် ရှော့ရသွားပြီးနောက် ချန်လီ၏ရင်ထဲမှာပျော်ရွှင်မှုများဖြင့်ပြည့်နေသည်။ယခုအချိန်မှာ ထိုပျော်ရွှင်မှုကိုသူအရင်ဆုံးမျှဝေချင်သည့်သူက ဝေ့ချန်ဖြစ်လေသည်။

  

သူက ဝင်ခွင့်စာကို ဖုန်းနှင့်ဓာတ်ပုံရိုက်ပြီး ဝေ့ချန်ဆီပို့လိုက်သည်။ပြီးလျှင် သူကနေကာမျက်မှန်နှင့်ပါးစပ်မှာစီးကရက်ကိုခဲထားသည့်ဘဝင်ခိုက်နေဟန် အီမိုဂျီတစ်တန်းလိုက်ကြီးပါထပ်ပို့လိုက်သည်။


ဝေ့ချန်က ချန်လီအတွက် အထူးသီးသန့်အသိပေးချက်အသံတစ်ခုထားထားသည်။ချန်လီဆီက မက်ဆေ့ချ်ဝင်လာသည်နှင့် အထူးသီးသန့်အသိပေးချက်အသံက ထွက်ပေါ်လာသည်။ဝေ့ချန်က ဖိုင်တချို့ကို အမျိုးအစားခွဲနေပြီး အသံကိုကြားသည်နှင့်ချက်ချင်းဖုန်းကိုတန်းကောက်ကိုင်လိုက်သည်။

  

ချန်လီဆီကမက်ဆေ့ချ်ကိုမြင်လျှင် ဝေ့ချန်လည်းအံ့ဩသွားသည်။ဤအကြောင်းကို သူအခုထိမသိသေးပေ။Qတက္ကသိုလ်မှာ ချန်လီကို တရားဝင်ကျောင်းသားအနေဖြင့်စာရင်းသွင်းရန် အဆက်အသွယ်တစ်ခုရှာရန်ပင် စီစဥ်ထားခဲ့သည်။


  

သူ့စိတ်ကူးကိုအကောင်အထည်မဖော်ရသေးခင်မှာ ချန်လီက Qတက္ကသိုလ်ဆီက ဝင်ခွင့်စာကိုရပြီးနေပြီး Qတက္ကသိုလ်သုခုမအနုပညာအကယ်ဒမီ၏တရားဝင်ကျောင်းသာဖြစ်လာလိမ့်မည်ဟု ဝေ့ချန်မမျှော်လင့်ထားခဲ့ပေ။

  

ဝေ့ချန်က လက်မများတသီးကြီးပြန်ပို့လိုက်ပြီး အဆုံးမှာဝါကျတစ်ကြောင်းပါထည့်လိုက်သည်–

[အားချန်:ကိုယ့်ရဲ့လီလီကအတော်ဆုံး!]


ချန်လီ၏မက်ဆေ့ချ်ကို စာပြန်ရန် စက္ကန့်အနည်းငယ်သာကြာခဲ့ပြီး တစ်မိနစ်ပင်မပြည့်ခဲ့ပေ။ချန်လီတစ်ယောက်လက်ထဲကဖုန်းကိုမချရသေးခင်မှာဖြစ်လေသည်။


ဝေ့ချန်၏ပြန်စာကိုမြင်လျှင် ချန်လီ၏မျက်ခုံးများကွေးတက်သွားပြီး ယောင်ယောင်လေးပြုံးလိုက်သည်။သူ၏မျက်လုံးဝိုင်းကြီးများထဲမှာ အလင်းဖျော့ဖျော့တစ်ခုရှိနေသယောင်။သို့ပေမဲ့ ချန်လီကပြန်ပြီးစာမပြန်ခဲ့ပေ။ဝေ့ချန်ကအလုပ်လုပ်ရဦးမည်ဖြစ်သည်ကိုသူသိပြီး သူဝေ့ချန်ကိုမနှောက်ယှက်ချင်ပေ။

  

ချန်လီက ဖုန်းကိုသိမ်းပြီး ကျူးကောယွီကို ဦးညွတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်ဆရာ"

 

ကျူးကောယွီက ချန်လီကိုအမြန်ဆွဲမတ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။

"ငါ့ကိုကျေးဇူးမတင်ပါနဲ့...မင်းကဒါကို မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ရခဲ့တာပါ...ငါနည်းနည်းမှမကူညီခဲ့ရပါဘူးကွာ"


ကျူးကောယွီ၏သူနည်းနည်းမှမကူညီခဲ့ရဘူးဆိုသည့်စကားက သဘာဝအတိုင်း ကိုယ့်ကိုကိုယ်နှိမ့်ချထားခဲ့ခြင်းဖြစ်လေသည်။လျှောက်လွှာတင်ခဲ့သူမှာ ကျူးကောယွီဖြစ်သည်။ကျောင်း၏ခေါင်းဆောင်ပိုင်းက ချန်လီကိုအထူးတလည်လက်ခံသင့်လက်မခံသင့်ဆုံးဖြတ်ရန် အစည်းအဝေးထိုင်ကြသည့်အခါ ကျူးကောယွီကပဲ ဟိုဟိုသည်သည်ပြေးလွှားပြီး အချက်အလက်များရယူကာ ချန်လီအတွက်အဆက်အသွယ်များအသုံးပြုပေးခဲ့ခြင်းဖြစ်လေသည်။

  

နောက်ဆုံးမှာ ချန်လီကလုံလောက်အောင်ထူးချွန်သည့်အတွက်ကျောင်း၏ခေါင်းဆောင်ပိုင်းကချန်လီကိုလက်ခံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ကျူးကောယွီသာ နောက်ကွယ်ကတွန်းပေးသူအဖြစ်နှင့်ရှိမနေလျှင် ဤအရာအားလုံးက ဤမျှစောစောဖြစ်လာမှာမဟုတ်ပေ။

  

ထို့အပြင် ချန်လီ၏လက်ရှိအောင်မြင်မှုများကလည်း ကျူးကောယွီ၏ပံပိုးပေးမှုများကြောင့်ဖြစ်လေသည်။ချန်လီကို သူ့အလုပ်သင်အနေဖြင့်လက်ခံရန် သူက*လျှိုပေ၏ သက်ကယ်မိုးအိမ်လေးကိုသုံးခေါက်သွားလည်သည့်စိတ်ထားမျိုးကိုပြခဲ့ရုံသာမက သူ့ဂုဏ်သိက္ခာကိုပင်ဂရုမစိုက်ဘဲ ချန်လီကိုအဖော်ပြုပေးခဲ့သည်။

 

နောက်ပိုင်းမှာ သူကချန်လီအတွက် လမ်းများတစ်လမ်းပြီးတစ်လမ်းဖောက်ပေးခဲ့ပြီး ချန်လီကိုဘာဒုက္ခမှမခံစားစေခဲ့ပေ။


ထို့မျှသာမက ချန်လီ၏အခြေအနေတိုးတက်လာသည်က ကျူးကောယွီ၏ပံ့ပိုးကူးညီမှုများကြောင့်လည်းပါသည်။ချန်လီကို သူကတန်ဖိုးရှိသောသူတစ်ယောက်ဖြစ်ကြောင်းသိလာစေပြီး အမှိုက်တစ်စ၊အရူးတစ်ယောက်ဟူသည့်အမြင်ထဲမှာ ကိုယ့်ကိုကိုယ် ကန့်သတ်မထားတော့အောင်လုပ်ပေးခဲ့သူမှာကျူးကောယွီပဲဖြစ်လေသည်။

  

ထို့ကြောင့်ကျူးကောယွီက ချန်လီ၏ဦးညွတ်မှုနှင့်ကျေးဇူးတင်မှုတို့နှင့်ထိုက်တန်ပေသည်။ချန်လီပင်လျှင် သူ၏ကျေးဇူးတင်းစကားနှင့်ဦးညွတ်မှုက သူ၏ကျူးကောယွီအပေါ်ကျေးဇူးတင်မှုကိုဖော်ပြရန်မလုံလောက်ဟုခံစားရသည်။

  

တစ်နည်းအားဖြင့်ဆိုရသော် ကျူးကောယွီက ချန်လီ၏နှလုံးသားထဲမှာ ဆရာတစ်ယောက်ထက်ပိုလေသည်။ချန်လီ၏ကျူးကောယွီအပေါ်ခံစားချက်များက ဆရာတပည့်ကြားကဆက်ဆံရေးကိုဖြတ်ကျော်ကာ မိသားစုနှင့်ဆင်ဆင်တူသည့် ချစ်ခြင်းမေတ္တာအဖြစ်သို့တဖြည်းဖြည်းကူးပြောင်းနေခဲ့သည်။

  

သူ့ကို ရင်ထဲအသည်းထဲကနေလှိုက်လှိုက်လှဲလှဲကာကွယ်ပေး၊လမ်းညွှန်ပေးသော ဆရာတစ်ယောက်ဖြစ်သည့်ကျူးကောယွီနှင့်ဆုံခဲ့ရသည်က ကံကောင်းသည်ဟုချန်လီခံစားရသည်။

  

ချန်လီ အတန်းချိန်နှစ်ချိန်လုံး စတူဒီယိုထဲမှာပန်းချီဆွဲနေခဲ့သည်။အတန်းစခါနီးမှာ သူစုတ်တံကိုအမြန်ချပြီး ပစ္စည်းများသိမ်းကာ အတန်းဆီသို့လျှောက်လာခဲ့သည်။

  

အတန်းထဲဝင်လာချိန်မှာ ခေါင်းငုံ့ပြီး သူ့ခြေချောင်းများကိုပဲသူကြည့်မနေတော့ပါချေ။သူ့အတန်းဖော်များနှင့်မျက်လုံးချင်းဆုံသည့်အခါ ချန်လီက သူတို့ကို ခေါင်းညိတ်ပြလိမ့်မည်ဖြစ်သည်။ဤအတန်းဖော်များနှင့် ထိတွေ့ဆက်ဆံရသည်ကို ချန်လီကျင့်သားမရသေးသော်လည်း သူတို့၏ချဥ်းကပ်လာမှုကို သူမငြင်းဆန်တော့ပါချေ။

 

ချန်လီခေါင်းညိတ်ပြသည်ကိုခံရသည့်အတန်းဖော်များမှာအပျော်လွန်ကုန်ကြသည်။သို့ပေမဲ့ အနည်းဆုံး သူတို့က ၎င်းကိုမဖော်ပြကြပါချေ။သူတို့က သူတို့၏စိတ်လှုပ်ရှားမှုကိုဖိနှိပ်ပြီး ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ကြသည်။ထို့နောက်မှာ မနေနိုင်ဘဲ ဖုန်းကိုယ်စီထုတ်ကာ အတန်းGpထဲမှာကြွားကြလေသည်။


[အားးး အတန်းဖော်ချန်လီက အခုလေးတင် ငါ့ကိုခေါင်းညိတ်ပြပြီး မင်္ဂလာပါလို့ပြောတယ်!!]

 

[ဟုတ်တယ်ဟုတ်တယ်...သူငါ့ကိုလည်း ခေါင်းညိတ်ပြပြီး မင်္ဂလာပါလို့ပြောတယ်!!!]


[ဖာ့ခ် မင်းတို့က ဘာလို့ဒီလောက်ကံကောင်းရတာလဲ...ငါလည်းအတန်းဖော်ချန်လီက ခေါင်းညိတ်ပြပြီးမင်္ဂလာပါလို့ပြောတာခံချင်တယ်လေ ဝူးဝူး!...]


အတန်းGpက အသက်ဝင်တက်ကြွနေပြီး အတန်းခေါင်းဆောင်က သူ့အတန်းဖော်များနှင့်စကားပြောနေသည်။ရုတ်တရတ်သူ Gpထဲကိုဝင်ရန်လျှောက်ထားမှုတစ်ခုကိုရရှိလိုက်သည်။


 

သူ၎င်းကိုနှိပ်လိုက်ပြီးနောကိ ကြက်သေသေသွားသည်။သူ့ဖုန်းပင်လက်ထဲလွတ်ကျသွားလုနီးပါးဖြစ်၏။

  

လျှောက်ထားမှု၏မှတ်ချက်ကော်လံမှာယခုလိုပြောထားသည်:[ငါ ချန်လီပါ]

အတန်းခေါင်းဆောင်က ၎င်းကိုအမြန်စခရင်ရှော့ရိုက်ပြီး အတန်းGpထဲပို့လိုက်သည်။  


[ပုံ]

[လူတိုင်း ငါဘာမြင်ခဲ့လဲကြည့်ကြပါဦး...ချန်လီကတကယ်ကြီး Gpထဲဝင်ဖို့ လျှောက်ထားလာတယ်!!!]


အတန်းခေါင်းဆောင်၏မက်ဆေ့ချ်အပြီးမှာ အောက်ကလူများက သူတို့၏ရှော့ရမှုကို ပုံစံဖွဲ့ချီတက်ဖော်ပြနေကြသည့်အတိုင်း အာမေဋိတ်အမှတ်အသား[!]တသီတတန်းကြီးကိုပို့လာကြသည်။ဘယ်လိုလုပ် ချန်လီကGpထဲဝင်မှာလဲ...ဒါကအတုပဲဖြစ်ရမယ်...အတု....

 

အတန်းထဲကအတန်းဖော်များက မနေနိုင်ဘဲ ချန်လီကိုတစ်ပြိုင်နက်လှည့်ကြည့်မိလိုက်ကြသည်။ချန်လီကလည်း သတိမပြုမိဘဲမနေနိုင်ခဲ့ပါချေ။သူကမော့ကြည့်လာပြီး သူ၏အူကြောင်ကြောင်ဖြစ်နေသောမျက်လုံးများက ထိုမျက်လုံးများနှင့်ဆုံသွားသည်။

  

"ကျောင်းသားချန်လီ...အခုလေးတင်က 

Gpထဲဝင်ဖို့လျှောက်ထားမှုပို့လိုက်လား"

အတန်းခေါင်းဆောင်ကမနေနိုင်ဘဲမေူလိုက်၏။ချန်လီကခေါင်းညိတ်ပြလိုက်ပေမဲ့သူ့မျက်လုံးများကရှုပ်ထွေးနေဆဲဖြစ်သည်။သူGpထဲဝင်တာတစ်ခုခုမှားလို့လား...


ချန်လီဆီကအတည်ပြုချက်ကိုရပြီးနောက် စာသင်ခန်းကရုတ်ချည်းပေါက်ကွဲသွားခဲ့သည်။

 

"အတန်းခေါင်းဆောင် မြန်မြန် လက်ခံလိုက်...မြန်မြန်"

  

"Admin... adminဘယ်မှာလဲ...ချန်လီကို Gpထဲဝင်ခွင့်ပြုလိုက်"

  

အတန်းထဲကဆူညံသံများက သူတို့၏ဖုန်းမျက်နှာပြင်ပေါ်မှာ "လီအဖွဲ့ထဲဝင်လာပါပြီ၊ကျေးဇူးပြုပြီး သူ့ကို နှုတ်ခွန်းဆက်စကားဆိုလိုက်ပါ]ဟူသည့်စာသားပေါ်လာခါမှ ရပ်တန့်သွားခဲ့သည်။လူတိုင်းက သူတို့၏ဖုန်းများကို ထုတ်လိုက်ကြသည်။

  

ငါက Gpထဲမှာ ချန်လီကိုပထမဆုံးစကားပြောတဲ့သူဖြစ်ရမယ်...


*

ET/N–လျှိုပေ၏သုံးကြိမ်လည်ပတ်မှု

ပထမအကြိမ်လည်ပတ်မှု–ကျူးကောလျန်၏အကူအညီကိုရှာဖွေခြင်း


ဒုတိယအကြိမ်လည်ပတ်မှု–စည်းရုံးသွေးဆောင်ခြင်းနှင့်ဇွဲကောင်းခြင်း


တတိယအကြိမ်လည်ပတ်မှု–အောင်မြင်စွာခေါ်ယူနိုင်ခြင်း


လျှိုပေက အရှေ့ဟန်မင်းဆက်နှောင်းပိုင်းနှင့်သုံးပြည်ထောင်ခေတ်မှာ ထင်ရှားသောစစ်နယ်ရှင်တစ်ယောက်ဖြစ်သည်။"မက်မွန်ဥယျာဥ်သစ္စာ"နှင့်"လူစွမ်းကောင်းသုံးယောက်၏သက်ကယ်မိုးအိမ်လေး"

တို့နှင့်ပတ်သတ်ပြီးနာမည်ကြီးသည်။


လျှိုပေနှင့်သူ၏ကျမ်းသစ္စာပြုထားသည့်ညီအစ်ကိုများဖြစ်သော ကွမ်ယွီနှငွကျန်းဖေးတို့က မက်မွန်ဥယျာဥ်တစ်ခုထဲမှာ သွေးသောက်ညီအစ်ကိုများအဖြစ်ကျမ်းသစ္စာပြုပြီး သက်ကယ်အိမ်လေးတစ်လုံး ဆောက်ကာ စည်းလုံးညီညွတ်စွာနေထိုင်ရင်း နိုင်ငံကိုအလုပ်အကျွေးပြုရန်ကြိုးစားခဲ့ကြသည်။


လျှိုပေ၏သက်ကယ်မိုးအိမ်လေးဆီ လည်ပတ်မှုများက နောင်မှာလျှိုပေ၏တန်ခိုးအာဏာရှာဖွေမှုနှင့်ရှုဟန်ပြည်နယ်တည်ဆောက်မှုတွင် အဓိကသေ့ာချက်ဖြစ်လာမည့် ထူးချွန်သောဗျူဟာမှူးတစ်ယောက်၊အကြံပေးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် ကျူးကောလျန်ဆီ သူသုံးကြိမ်သွားရောက်လည်ပတ်ခဲ့သည့်အခြေအနေများနှင့်ဆက်နွယ်နေသည်။ကျူးကောလျန်က သက်ကယ်မိုးအိမ်နားမှာနေခြင်းဖြစ်သည်။



<< >>


💘