ဇာတ်လိုက်လား?ငါ သူ့ကို မလိုချင်ဘူး
Chapter 78
* * *
"အလကားသက်သက် လာလိုက်ရလို့ တောင်းပန်ပါတယ်။ငါပြောသလိုပဲ အဲ့ဒါက ဘာမှမဟုတ်ဘူးရယ်။အဲ့ဒါက ငါ့ ရွှေတွင်းမှာ ရင်းနှီးမြုပ်နှံမယ့်အကြောင်းပဲ"
ရို့စ်မယ်ရီ၏အမူအရာက ဆက်ပြီး မကြည်မလင်ဖြစ်နေတာကြောင့် လူနာသည် သူမကို နှစ်သိမ့်ပေးခဲ့လိုက်သည်။
အဲ့ဒီအကြောင်းမဟုတ်ဘူး။ရင်းနှီးမြုပ်နှံဖို့ဆိုတာက အကြောင်းပြချက်သက်သက်ပဲ ကြည့်ရတာ အိမ်ရှေ့စံမင်းသားက လူနာကို စိတ်ဝင်စားနေတဲ့ပုံပဲ။
အကယ်လို့ ရွှေတွင်း ရင်းနှီးမြုပ်နှံမှုပဲဆိုရင်တောင် သူတို့သည် ဒီကိစ္စကြောင့် မကြာခဏနှင့် အချိန်အကြာကြီး တွေ့ဆုံရနိုင်သည်။ ဒီအချိန်ကြားထဲတွင် သူ လူနာကို ထိုးသုတ်သွားနိုင်ပေသည်။
လူနာသည် အိမ်ရှေ့မင်းသား၏ ပါးနပ်သော ရည်ရွယ်ချက်ကို သဘောမပေါက်ဘဲ သူ့ကိုမျက်နှာသာပေးနေပုံရတာကြောင့် ရို့စ်မယ်ရီသည် ပို၍ပင် စိတ်ဓာတ်ကျသွားခဲ့သည်။
သို့သော်လည်း တိကျသော အထောက်အထားမရှိတာကြောင့် သူ့ကို ပြစ်တင်ရန် နည်းလမ်းမရှိနေပေ။
" နောက်တစ်ခါကျရင် နင် ငါ့ကိုမနက်ပိုင်း လာခိုင်းလေဟုတ်ပြီလား။သူထပ်ပြီး မမျှော်လင့်ဘဲ ရောက်လာရင် ငါ့ကို သေချာပေါက်ပြောရမယ်နော်။ ညဘက်ဆိုရင်တောင် အဆင်ပြေတယ်။ နားလည်တယ်မလား"
ယခုတွင် ကလ်လီယွန်ကို တစ်ယောက်တည်းတွေ့ဖို့က အန္တရာယ်မရှိဘူးဆိုတာ သိတာကြောင့် ထိုသို့လုပ်ဖို့မလိုသော်လည်း ရို့စ်မယ်ရီက အရမ်းစိုးရိမ်နေပုံပေါ်နေတာကြောင့် လူနာလည်း သဘောတူလိုက်သည်။
"ဒါနဲ့ စကားမစပ် သခင်လေးနဲ့ အိမ်ရှေ့စံမင်းသားနဲ့က ဘယ်လိုလုပ်ပြီးသူငယ်ချင်းတွေဖြစ်နေကြတာလဲ။သူတို့ စကားဝိုင်းကိုနားထောင်ရသလောက် ငယ်ငယ်ထဲစ တစ်ယောက်ကိုတစ်ယောက် သိလာကြတဲ့ပုံပဲ"
သူတို့က သူငယ်ချင်းများမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သော အန်းသန့်စ်သည် မျက်ခုံးတွန့်ချိုးသွားသော်လည်း မကြာမီပဲ သူ၏စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ကို 'သူငယ်ချင်း' ဆိုပြီး မကြာခဏ ထည့်ပြောပုံထောက်ရင် သူမကို စောစောက မပြောခဲ့မိလို့ စိတ်မကောင်းဖြစ်နေပုံရသည်။
အတိုချုပ်ပြောရလျှင် အစောပိုင်းက အိမ်ရှေ့မင်းသားတည်ရှိမှုကြောင့် ထိုကိစ္စကို ဖယ်ရှားခံခဲ့ရသော်လည်း ယခုအခါတော့ သတိပေးချက်တစ်ခုလို ပိုထင်လာရသည်။
ထို့ကြောင့် အန်းသန့်စ်လည်း လူနာ ဒေါသထပ်ထွက်လညမည်ကို ရှောင်ရှားရန်အတွက် အရာအားလုံးကို ရှင်းပြခဲ့လိုက်သည်။
"ကိုယ် ဆယ်နှစ်သားတုန်းက ကလ်လီယွန်နဲ့ တွေ့ခဲ့တာ။အဲ့တုန်းက ကိုယ် ဖယ်ဆန်ကို ရိုက်ခဲ့တဲ့အတွက် ကြီးမားတဲ့ ဖြေရှင်းချက်ပေးပါဆိုပြီး တောင်းဆိုခံခဲ့ရလို့ ဒေါသထွက်ထွက်နဲ့ အိမ်ကနေ ထွက်လာခဲ့လိုက်တာ"
ထိုသို့ အခြေအနေမျိုးတွင် စိတ်ထိခိုက်ကာ ဒေါသထွက်နေခဲ့သော အန်းသန့်စ်သည် သူနဲ့တွေ့ပြီး နှစ်သိမ့်မှုရခဲ့ပုံပေါ်သည်။သဘာဝအတိုင်းပင် လူနာသည် ကျန်ဇာတ်လမ်းကို ကြိုတွက်စမိလိုက်ပြီး နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီတုန်းက ကိုယ်က နန်းတော်အနားက တောအုပ်ထဲမှာရှိနေခဲ့တယ်။အဲ့မှာ ကလ်လီယွန်က ကိုယ့်ရဲ့ အသွင်အပြင်နဲ့ မျက်လုံးတွေကို ကြည့်ပြီး 'မင်းက ကောလဟာလတွေထဲက အရူးလား'ဆိုပြီးလာမေးခဲ့တာပဲ"
"အာ…"
လူနာ သက်ပြင်းချလိုက်မိသည်။ နှစ်သိမ့်မှုမယ့်အစား ဒဏ်ရာတည့်တည့်ကို ဆာူလာသိပ်တာပင်။ သို့တိုင် အမှန်တရားကို အတည်ပြုပြီးနောက် သူက နှစ်သိမ့်ပေးလာခဲ့လောက်မည်ဟု လူနာ တွေးလိုက်မိသည်။
သူမ ထိုသို့ မျှော်လင့်ရင်း ခေါင်းညိတ်ပြလိုက်ပြီး အန်းသန့်စ်က ဆက်ပြောလာခဲ့သည်။
"အဲ့ဒါနဲ့ ကိုယ်က သူ့ကို စိုက်ကြည့်တော့ သူက ကိုယ့်ကို 'မင်းက ရူးနေတယ်ဆိုတာ ငါသိသားပဲ' ဆိုပြီး စလှောင်တော့တာပဲ။ကိုယ် သူ့ကို ရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ့်နောက်ကို သုံးနာရီလောက်ကြာအောင် လိုက်နေခဲ့တာ သူက သီချင်းဆိုတောင်ဆိုခဲ့လိုက်သေးတယ်"
"…"
"အဲ့တုန်းက ကိုယ်လည်း တော်တော်စိတ်တိုနေတော့ ကိုယ့်ရဲ့ တိတ်တိတ်ဆိတ်ဆိတ်ဘဝထဲ မပြန်ခင် သူ့ကို အကြိမ်အနည်းငယ်လောက် ရိုက်နှက်ခဲ့လိုက်တယ်။ကိုယ့်ကို အိမ်ပြန်ရလောက်အောင် အထိ စိတ်အနှောက်အယှက်ပေးခဲ့တာကပဲ ကောင်းကွက်တစ်ခုလို့ ယူဆလို့ရတာ"
အန်းသန့်စ်က အကျယ်တဝင့်ပြောနေတာကြည့်ရသလောက် သူ့မှာမျိုသိပ်ထားရတာတွေ များနေပုံရသည်။
"နောက်တော့ ကိုယ် အိမ်ကထွက်ခဲ့တဲ့အချိန်တိုင်း ကိုယ်တို့တွေ့ခဲ့ပြီး သူက ကိုယ့်ကို အမြဲတမ်း စိတ်အနှောင့်အယှက် ပေးခဲ့တယ်။အဲ့ဒါက ကိုယ့်ရဲ့ အိမ်ပြေးဘဝကို တိုတိုလေးဖြစ်စေခဲ့တာပေါ့။ကိုယ် ဗင်းဆင့်နယ်မြေကို ပြောင်းမလာခင်အထိ နှစ်နှစ်ကျော်လောက် နှိပ်စက်ခံခဲ့ရတယ်"
"အဲ့ဒါကြောင့် နင် အမြဲတမ်း ဘယ်တော့မှ ပြန်မလာတော့သလိုမျိုး အိမ်ကထွက်ထွက်သွားခဲ့ပေမယ့် နေမဝင်ခင် ပြန်လာခဲ့တာပေါ့ ဟုတ်လား"
မသိထားသော အမှန်တရားကို သဘောပေါက်သွားခဲ့ပြီး ရို့စ်မယ်ရီသည် သက်ပြင်းချလိုက်မိသည်။ကလ်လီယွန်က သူမထင်ထားတာထက် ပို၍ပင် ထူးဆန်းနေသည်။ လူနာလည်း ခဏလောက် ဆွံ့အသွားခဲ့သည်။
ဒါပေါ့ အပြစ်ကင်းပြီး စိတ်အကောင်းတိုင်းရှိနေတဲ့သူက အန်းသန့်စ်နဲ့ ဘယ်လိုလုပ်ပြီး သူငယ်ချင်းဖြစ်ပါ့မလဲ။
"ကျွန်မတို့ တကယ်ပဲ သူနဲ့ စာချုပ်ချုပ်သင့်ရဲ့လားဟင်"
လူနာ၏စိုးရိမ်နေသောမေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် အန်းသန့်စ်က အဆင်ပြေကြောင်းပြန်ပြောခဲ့သည်။
"ဒီတိုင်းစာချုပ်ကိုသာ သေချာစစ်ဆေး"
ဒါပေါ့ ကလ်လီယွန်က ယုံကြည်လို့ရတဲ့သူမျိုးလို့ ဆိုလိုတာမဟုတ်ပေမယ့် အဓိပ္ပါယ်က စာချုပ်ကို ကောင်းကောင်းလုပ်ဆောင်ဖို့ပဲ။
အခြားမင်းသားများစွာရှိသော်လည်း အိမ်ရှေ့မင်းသားက သူ၏ရာထူးကို တည်မြဲစွာ ချုပ်ကိုင်ထားနိုင်သည်ကို တွေ့တာကြောင့် လွယ်လွယ်ကူကူ ချီးမွမ်းတာတော့မဟုတ်သော်လည်း ကလ်လီယွန်ကို အရည်အချင်းရှိသည်ဟု ယူဆခြင်းမှာ တရားမျှတပေသည်။
"အခု သိချင်စိတ်တွေကုန်သွားပြီလား။ လေဒီရဲ့ပြဿနာက ပြေလည်သွားပြီဆိုတော့ ကိုယ်ပြန်ဖို့ အချိန်တန်ပြီလို့ ထင်တယ်"
အန်းသန့်စ်က အချိန်ကို စစ်ဆေးပြီး မေးလာခဲ့သည်။သူ၏လေသံမှာ နောက်ထပ်မေးစရာများရှိပါက ဖြေကြားလိုသလို ကျေကျေနပ်နပ်ပုံစံဖြစ်နေသော်လည်း အန်းသန့်စ်သည် နှစ်ကုန်ကတည်းက အလုပ်ဆက်တိုက်များနေခဲ့သဖြင့် လူနာ ခေါင်းခါပြလိုက်သည်။
သူ့မှာ ကိုယ်တွယ်စရာတွေ အများကြီးရှိသော်လည်း သူမအိမ်ကို စောစောရောက်လာနိုင်ဖို့အတွက်နဲ့ အချိန်လုပ်ထားခဲ့တာကြောင့် သူမ ထပ်ပြီး သူ့အချိန်များကို မယူနိုင်တော့ပေ။
"ဟင့်အင်း မရှိတော့ဘူး။ရှင့်ရဲ့ အဖိုးတန်အချိန်တွေကို ခွဲပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
လူနာသည် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့လိုက်သည်။သူတို့ကြား တင်းမာသော အခိုက်အတန့်တွေ အများကြီးရှိသော်လည်း သူက အချိန်တိုင်း သူမကို ကူညီပေးခဲ့သည်။လူနာ၏ ရိုးသားမှုကို ခံစားမိကာ အန်းသန့်စ်၏ အမူအရာများက ပြေလျော့သွားခဲ့ရသည်။ကလ်လီယွန်အကြောင်း ပြောနေစဉ်တုန်းကထွက်ခဲ့သော ရွဲ့စောင်းစောင့် လေသံလည်း ပျောက်ကွယ်သွားခဲ့သည် ။
၎င်းကို သက်သေခံရင်း ရို့စ်မယ်ရီသည် နည်းနည်းတော့သက်သာရာရသွားခဲ့သည်။ ကလ်လီယွန်ကဲ့သို့ ပြိုင်ဘက်များ ပေါ်လာသော်လည်း သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်နေသေးပုံရသည်။
"စကားမစပ် နင်ဘာတွေ ဒီလောက်တောင် အလုပ်ရှုပ်နေတာလဲ။နင့် ဂိုဏ်းမှာ အလုပ်သမားတွေ အများကြီးရှိပေမယ့် နင်ကတော့ အမြဲတမ်း အချိန်မရသလိုခံစားနေရတယ်"
တကယ်တော့ လူနာလည်း သိချင်နေခဲ့တာဖြစ်သည်။ပြဿနာတစ်ခု ပေါ်ပေါက်ခဲ့ပြီး ကိုင်တွယ်နိုင်လိုက်ကြောင်း သူမ ကြားသိခဲ့ရသော်လည်း ဘာလို့ ခုထက်ထိတိုင် အလုပ်များနေသေးတာလဲဟု တွေးမိသည်။
၎င်းကို ကုတ်အင်္ကျီဝတ်လိုက်သော အန်းသန့်စ်က တစ်ခုခုကို စိတ်ထဲရောက်လာသလိုမျိုး တစ်ခစ်ခစ်ရယ်သွမ်းသွေးလာခဲ့သည်
"မင်းတို့ မကြာခင် သိလာရလိမ့်မယ်။ ဒီကိစ္စက လောလောဆယ်တော့ တင်းကြပ်တဲ့လျှို့ဝှက်ချက်တစ်ခုပဲ"
ချစ်သူတွေကြား လျှို့ဝှက်ချက်တဲ့လား။
၎င်းက စိတ်ပျက်စရာကောင်းသော ဇာတ်လမ်းဖြစ်တာကြောင့် ရို့စ်မယ်ရီသည် လူနာ၏ မျက်နှာထားကို စစ်ဆေးခဲ့လိုက်သည်။
သို့သော် လူနာကတော့ လုံးဝမပူပန်နေပေ။ လျှို့ဝှက်ထားရမည့် အခြေအနေတွင် ချစ်သူကိုသာမက မိသားစုနှင့် ကလေးများကိုပါ ပါးစပ်ပိတ်ပြီး ဘာမှမပြောထားရန် လိုအပ်သည်ဟု သူမ ထင်ခဲ့သည်။
"အိုး ကျွန်မက အဲ့ကိစ္စတွေပြီးသွားပြီလို့ ထင်ပေမယ့် ကြည့်ရတာ ဆက်ပြီးရှိနေသေးပုံပဲ ဟုတ်တယ်မလား။ အချိန်ကျလာရင်တော့ ရှင် ကျွန်မအသေးစိတ်ရှင်းပြပေးမယ်မလား"
လူနာက မစပ်စုချင်တာကြောင့် သူမအား နောက်မှပြောပြရန် သူ့ကိုတောင်းဆိုလိုက်သည်။အန်းသန့်စ်ကလည်း ထိုသို့ပြုလုပ်ရန်စီစဉ်ထားသည့်အတိုင်း ကျေနပ်စွာလက်ခံခဲ့သည်။
"ကိုယ်ပြောပါ့မယ်"
* * *
ကလ်လီယွန် စီစဉ်ထားခဲ့သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် စေ့စေ့စပ်စပ် လေ့လာပြီးနောက် လူနာသည် တရားဝင်စာချုပ် လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
နောက်တစ်ကြိမ်ပြန်တွေ့ရပါက ရို့စ်မယ်ရီကိုခေါ်ရမလားဟု သူမတွေးခဲ့သော်လည်း ကံအားလျော်စွာပင် စာချုပ်လုပ်ငန်းစဥ်မှာ ရှေ့နေများနှင့်သာ ပြီးသွားခဲ့သည်။
- စာချုပ်ကို အနည်းဆုံး အကြိမ် သုံးဆယ်လောက်ဖတ်။စာချုပ်နဲ့ လှည့်စားတတ်တဲ့သူတွေရှိလို့ အဲ့ဒါကို တတ်နိုင်သမျှ အသံထွက်ဖတ်ပါ
အန်းသန့်စ်၏ အကြံဉာဏ်ကလည်း မေ့လျော့ခံရခြင်းမရှိခဲ့ပေ။သူက အလွန်လေးနက်ပြီး အတည်ပေါက်ဖြစ်သောလေသံဖြင့် ပြောခဲ့တာဖြစ်သောကြောင့် လူနာသည် စာချုပ်ကို အသေအချာအပြန်ပြန်အလှန်လှန်စစ်ဆေးခဲ့သည်။
ဒါပေါ့ တစ်ဖက်လူက တစ်ခြားလူမဟုတ်ဘဲ အိမ်ရှေ့မင်းသားကလွဲပြီး ဘာမှထူးထူးခြားခြား အချက်များမရှိနေခဲ့ပေ။သူ့အတွက် အခြားသူများကို လှည့်ဖြားပြီး အားမစိုက်ဘဲငွေရှာရန် အကြောင်းပြချက်ရှိမနေပေ။
"လေဒီလူနာ အိမ်ရှေ့စံမင်းသားက မင်းရဲ့ရွှေတွင်းမှာ ရင်းနှီးမြုပ်နှံတာကို ကြေညာခဲ့တဲ့ပုံပဲ"
ရိုယာက လူနာကို သူစာရင်းသွင်းထားတဲ့ သတင်းစာတစ်စောင် ကမ်းပေးလိုက်သည်။အိမ်ရှေ့မင်းသားက လူနာ ၏ရွှေတွင်းတွင် ရင်းနှီးမြုပ်နှံပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနေသည် ဆိုတာက သူမမျက်လုံးများကို ဖမ်းစားသွားခဲ့သည်။
၎င်းတွင် လူနာကလည်း အင်ပါယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူနှင့်အတူ ကြိုးစားလုပ်ဆောင်နေကြောင်းကို မီးမောင်းထိုးပြထားခဲ့သည်။ သူမ၏အကူအညီက အလွန်အရေးပါပုံရသည်။
"အဲ့ဒါက မြန်သားပဲနော်။စာချုပ်ချုပ်ပြီးတာက ဘယ်လောက်မှကြာသေးဘူး"
"ဒီကျေးဇူးကြောင့်နဲ့ လေဒီလူနာရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို လူသိများလာကြလိမ့်မယ်။လေဒီက အင်ပါယာမှာ အကြင်နာတတ်ဆုံးသူတောင် ဖြစ်လာနိုင်တယ် ဟားဟား"
ရိုယာက ဟက်ဟက်ပက်ပက် ရယ်မောနေသော်လည်း လူနာကတော့ ကို့ရို့ကားယား ခံစားရပေသည်။၎င်းက သူမ စေတနာရှိစွာဖြင့် လက်ခံခဲ့သည့် မွန်မြတ်သော လုပ်ရပ်မဟုတ်တာကြောင့် ချီးမွမ်းခံရတာက ရှက်စရာပင်။
ပြန်တွေးကြည့်မှ ဒီအခြေအနေမှာ သူမ တင်၏ လုပ်ဖော်ကိုင်ဖက်များကို မိုင်းတွင်း၌ အလုပ်ခန့်ခဲ့တုန်းကနှင့် အလားတူကြောင်း သတိရမိသွားသည် ။
'ဒီအချိန်မှာ ငါ တကယ် တစ်ခုခုကောင်းတာလုပ်လိုက်သင့်လား...'
သူမသည် မရည်ရွယ်ဘဲ ကောင်းမွန်သောပုံရိပ်တစ်ခုကိုတည်ဆောက်မိသောကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မိခဲ့သည်။ရိုယာက လူနာ၏ အတွေးများကို ဖတ်လိုက်သလိုမျိုး တစ်ခုခု အကြံပြုခဲ့လိုက်သည်။
"ပရဟိတလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံရင်ရော ဘယ်လိုလဲ။အင်ပါယာက ပရဟိတလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံရင်ခဲ့တဲ့ပမာဏနဲ့ ညီမျှတဲ့အခွန်လျော့ပေးတယ်။ လေဒီ့ရဲ့ပုံရိပ်ကို ခိုင်မာစေဖို့အတွက် ဒီအခွင့်အရေးကို အသုံးချတာက မဆိုးဘူးလို့ ထင်တယ်"
အဲ့လိုလား။
ရိုယာ၏ အဆိုပြုချက်သည် ဆွဲဆောင်မှုရှိလှသည်။သူမ၏ ပုံရိပ်ကို မြှင့်တင်ပေးပြီး အခွန်နုတ်ယူနိုင်သည်ဆိုတာက သူမကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူမ၏စိတ်ထဲတွင် ပရဟိတနှင့် ဆိုင်သော တစ်ခုခုရှိနေခဲ့သည်။
"အခမဲ့ဆေးရုံဆိုရင်ရော ဘယ်လိုလဲ။ ကျွန်မ ဘဏ္ဍာရေးနဲ့ တတ်နိုင်ရဲ့လား"
၎င်းက တကယ်ပင် ဆေးရုံဖြစ်သည်။သူမ ငယ်စဉ်တုန်းက မိခင်၏ ကုသ၍မရနိုင်သော ရောဂါကြောင့် ဖခင်ဖြစ်သူသည် ဆေးဝါးစရိတ်များအတွက် ရုန်းကန်ခဲ့ရသည်။
သူမ၏မိခင်က မြို့စားအနွယ်ဝင်ဖြစ်တာကြောင့် ကုသမှုကို ခံယူနိုင်ခဲ့သော်လည်း သာမန်လူများတွင်တော့ အသေးအမွှားဝေဒနာများကြောင့်ပင် အသက်ဆုံးရှူံးသွားခဲ့ရသော ဇာတ်လမ်းမျိုးရှိမည်ဟု သူမယုံကြည်ခဲ့သည်။
"အိုး…! တည်ငြိမ်ပြီး စေတနာရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ အရမ်းကောင်းတဲ့ အကြံပဲ။ကျွန်တော်တို့ အဲဒါကို အသေးစိတ်ကြည့်ဖို့တော့ လိုတယ်။ဒါပေမယ့် လေဒီရဲ့ ကြွယ်ဝချမ်းသာမှုအရတော့ လေဒီလူနာ ဒါက သေချာပေါက် ပြဿနာရှိမှာမဟုတ်လောက်ဘူး"
ရိုယာသည် အချက်အလက်များကိုချက်ချင်းစုဆောင်းရန် လူနာ၏ ခွင့်ပြုချက်ကို တောင်းပြီး မှန်ဥယျာ်အိမ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
အချိန်တိုင်း စိတ်ကောင်းစေတနာရှိသလို အထင်မှားခံခဲ့ရသော လူနာသည် အဓိပ္ပါယ်ရှိသော တစ်ခုခုကို အမှန်တကယ်လုပ်ရတော့မည်ဟူသော စိတ်ကူးဖြင့် စိတ်လှုပ်ရှားစပြုလာခဲ့သည်။
ထိုအချိန်တွင် ရထားတစ်စီးသည် စံအိမ်အနားသို့ ချဉ်းကပ်လာခဲ့သည်။မြင်းခွာသံကြားရုံနဲ့တင် ရို့စ်မယ်ရီ၏ရထားဖြစ်ကြောင်း ဖော်ထုတ်ရန် လုံလောက်နေပြီဖြစ်သည်။
'အခုက အားလပ်ရက်မဟုတ်သေးဘူးလေ။ဘာအကြောင်းရှိလို့ပါလိမ့်။ဒီနေ့ သူမ တာဝန်တွေ စောစောပြီးသွားလို့များလား'
၎င်းအတွက် အနည်းငယ် စောနေသေးပေသည်။လူနာသည် ၎င်းက ထူးဆန်းမှန်းကိုရှာတွေ့ပြီး ဝင်ပေါက်ဆီ လျှောက်သွားလိုက်သည်။
ရုတ်တရက် ရထားပေါ်မှ အမြန်ဆင်းလာခဲ့သော ရို့စ်မယ်ရီက လူနာကို ချက်ချင်းမေးလာခဲ့သည်။
"လေဒီလူနာ!နင် သတင်းကြားပြီးပြီလား။ နင်ကြား...နင်ကြားပြီးပြီလား"
ဘာသတင်းက သူမကို ဒီလောက်စိတ်လှုပ်ရှားစေခဲ့မှန်းမသိစွာဖြင့် လူနာသည် သတင်းအကြောင်း မေးလိုက်သည်။
"ငါ့ အကြောင်းလား"
"မဟုတ်ဘူး! ဒါမဟုတ်ဘဲနဲ့ ငါ့အစ်ကိုနဲ့ သခင်လေး ရိုဒရီယန်တို့ရဲ့ သတင်းကိုပြောတာ!"
TK Team (chapter 78)