Chapter 73
Viewers 9k

ဇာတ်လိုက်လား?ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၃


သေချာစွာပင် ၎င်းက အလွန်တိုတောင်းသည့် အခိုက်အတန့်ဖြစ်တာကြောင့် အိမ်ရှေ့မင်းသားက သူမကို ပြုံးပြလိုက်မှန်းတောင် လူနာ မသိလိုက်ပေ။ သူမက အစကထဲက စိတ်မဝင်စားခဲ့တာဖြစ်သည်။

ထို့ကြောင့် အိမ်ရှေ့မင်းသားကို မရည်ရွယ်ဘဲ လျစ်လျူရှုလိုက်မိပြီး လူနာသည် မားကွစ်မိသားစုဘက်သို့ ပြန်လာခဲ့လိုက်သည်။ သဘာဝအတိုင်းပင် သူမ၏ခြေလှမ်းတိုင်းကို လူတိုင်းကကြည့်လာခဲ့ကြသည် ။

အများစုမှာ အားကျခြင်း၊ မနာလိုခြင်း သို့မဟုတ် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသော်လည်း မြို့စားကြီးရိုဒရီယန်မိသားစု သို့မဟုတ် မားကွစ်ဂရန်းဒါမိသားစုတို့ကတော့ ဒေါသကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူမ ထိုင်ခုံသို့ပြန်ရောက်ချိန်တွင် လူနာသည် သူမကိုမျက်နှာမူနေသော အန်းသန့်စ်အနီးကပ်၍ မေးလိုက်သည်-

"ကျွန်မနာမည်ကို ခေါ်ခံရဖို့အတွက် ရှင် တကယ်ပဲဘာပြောခဲ့တာလဲ"

"မင်းကဘရွှေတွေရှာတွေ့ပြီးတာနဲ့ 'ဒီလှပတဲ့ရွှေတွေကို တော်ဝင်မိသားစုအတွက် သုံးရမယ်' လို့ အော်ပြောခဲ့တယ်ဆိုပြီး.."

"ကျွန်မလဘယ်တုန်းက...! ရှင် ဘာလို့ ဒီလို အလိမ်အညာမျိုးပြောရတာလဲ!"

သူမသည် အန်းသန့်စ်၏လက်မောင်းကို ဒေါသတကြီးဖြင့်ရိုက်လိုက်သော်လည်း သူမ၏အသံမှာတော့ ပုရွက်ဆိတ်လောက်တောင်မကျယ်နေပေ။ ကျယ်လောင်စွာ အော်ပြောလိုက်ချင်သော်လည်း အခမ်းအနားမပြီးသေးသောကြောင့် မလုပ်နိုင်နေပေ။

"ပြီးတော့ ရှင် ကျွန်မကို ကြိုပြောထားသင့်တယ်လေ...! အဲ့ဒါက အံ့သြစရာပဲ!"

"ကိုယ့်ကြောင့်ပဲ မင်းနာမည်ခေါ်ခံရတာလို့တော့ ပြောလို့မရဘူး။အင်ပါယာမှာ ရွှေတွင်းအနည်းငယ်ရှိတဲ့အထဲ မင်းက တစ်ခုပိုင်ဆိုင်တဲ့ မြို့စားအနွယ်ဝင်မို့လို့ မင်းက နာမည် အခေါ်ခံရဖို့ ထိုက်တန်တယ်"

ရွှေတွင်းပိုင်ဆိုင်သော မိသားစုက နှစ်သစ်ပါတီမှာ လောကဝတ်ပြုခွင့်ရတာ မထူးဆန်းပေ။ ဒါပေါ့ မမျှော်လင့်ထားတာက ဘယ်ရွန်မြို့စားမဟုတ်ဘဲ လူနာဖြစ်နေတာကိုပင်။

အဲ့တော့ သူက လူနာနာမည်ကို ရည်ရွယ်ချက်ကောင်းနှင့် ရောင်းခဲ့တာလား။

သူတို့ကြား ရွှေတွင်းအတွက် စာချုပ်ချုပ်ထားသည်မှာ မှန်သောကြောင့် အန်းသန့်စ်သည် သူမကို ဖြေသိမ့်ပေးဖို့ ကြိုးစားလာခဲ့သည်။

"အကောင်းဘက်ကတွေးလေ။စဉ်းစားကြည့် ဧကရာဇ်ကိုယ်တိုင် အသိအမှတ်ပြုထားသော ရွှေမို့လို့ အခုဆို တန်ဖိုးနှစ်ဆတောင်တိုးလာတော့မှာ"

"...တန်ဖိုး နှစ်ဆလား"

ကံကောင်းခြင်းများကသာ စောင့်ကြိုနေပြီး တန်ဖိုး နှစ်ဆတိုးလာမည်ဟု ပြောလာတာကြောင့် လူနာ၏ မကျေနပ်မှုများက ပျောက်သွားခဲ့ရသည်။သူမက သူ့ကိုဘာလို့ အခုမှပြောတာလဲလို့တောင် မေးနေပုံရသည်။

ငါ ဒီဇာတ်လမ်းကို စောစောထဲက စလိုက်သင့်တယ်။

ရယ်မောနေခဲ့သော အန်းသန့်စ်က ချဲ့ကားနည်းနည်းဖြင့် ပြောလာခဲ့သည်။

"ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ ဖြန့်ချင်ရင် အခုထက် စျေးသက်သက်သာသာနဲ့ ဖြန့်လို့ရတယ်။အဲ့ဒါက ဧကရာဇ်မင်းကြီးတိုင် မြတ်နိုးချီးမြှောက်ခြင်းခံရတဲ့ ရွှေတွေလေ။ အဲဒါသာမရှိရင် ကိုယ်တို့အသက်ရှင်ဖို့ခက်ခဲလောက်တယ်"

"အဲဒါက အဆင်ပြေပါ့မလား"

ဧကရာဇ်၏အမည်ကို သတ္တိရှိရှိအသုံးချမည့် ရည်ရွယ်ချက်ကိုကြားရချိန်တွင် လူနာသည် အနည်းငယ်စိုးရိမ်မှုကိုပြလာခဲ့သည်။ ၎င်းက အမှန်တကယ် အဆင်ပြေ မပြေ စစ်ဆေးခြင်းလောက်ပင်။

"အဲ့ဒါက ဖြစ်ပျက်ခဲ့တာတွေကိုပဲ ပြနါပြောတာဆိုတော့ ကိစ္စမရှိလောက်ဘူး။မဟုတ်လည်း အင်ပါယာထက် တခြားနိုင်ငံတွေမှာ ပိုစျေးကြီးတာလည်းဖြစ်နိုင်တယ်။ကိုယ် အဲ့ဘက်လမ်းကြောင်းကို စစ်ဆေးသင့်တယ်"

လူနာ၏စိုးရိမ်ပူပန်မှုများသည် မည်သည့်နည်းဖြင့်မဆို ငွေများများရှာပေးမည့် အာမခံချက်ကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။

ဧကရာဇ်ထံမှ ချီးမွမ်းခံရခြင်းမှာ သိပ်အရေးမကြီးတော့ပေ။ တစ်ချိန်က ဂုဏ်သတင်း ထိခိုက်ခဲ့ပြီး အစွန်းသို့ထိုးကျမှုကို ခံစားခဲ့ဖူးသူတစ်ဦးအနေဖြင့် ထိုအရာများသည် သူမအတွက် အစောကြီးထဲစ အရေးမကြီးနေခဲ့ပေ။

"နင်တို့ ဘာအကြောင်း ပြောနေကြတာလဲ"

ရို့စ်မယ်ရီသည် သူတို့နှစ်ယောက်၏ စကားအရှည်ကြီးကို ဆက်သည်းမခံနိုင်တော့ဘဲ ကြားဖြတ်ကာပြောလိုက်သည် ။ သူမသည် လူနာနှင့် စကားပြောချင်သော်လည်း အန်းသန့်စ် အနှောင့်အယှက်ဖြစ်စရာကောင်းအောင်ပင် စကားဝိုင်းကို တစ်ယောက်ထဲလွှမ်းထားခဲ့သည်။

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးရှိနေတာကို သူမနားလည်သော်လည်း သူမက လူနာ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပေသည်။ပုံမှန်အားဖြင့် သူငယ်ချင်းအချင်းချင်း ခင်မင်ရင်းနှီးမှုသည် သမီးရည်းစားအချစ်ရေးထက် ပိုကြာတတ်သည်။

ထို့ကြောင့် သူမနှင့်သာ စကားများများပြောသင့်သည်ဟူသည့် ယုတ္တိကို ကိုင်ဆောင်ထားသော ရို့စ်မယ်ရီက အန်းသန့်စ် နှင့် လူနာအကြား ဝင်ရောက်ခဲ့လိုက်သည်။

"ကျေးဇူးပြုပြီး ပါတီကို နှလုံးသားထဲကျေနပ်ကြသည်အထိ ပျော်ရွှင်ကြပါ "

နှုတ်ခွန်းဆက်အခမ်းအနားပြီးသွားသည်နှင့် ဧကရာဇ်သည် ပါတီကိုပျော်မွေ့ရန် ညွှန်ကြားပြီးနောက် ပွဲခန်းမမှ ထွက်ခွာသွားချိန်တွင် လွတ်လပ်သွားပြီဖြစ်သော ရို့စ်မယ်ရီက အန်းသန့်စ်ကို တွန်းဖယ်ပြီး လူနာနှင့် လက်ချင်း ချိတ်ထားလိုက်သည်။

သေချာစွာပင် အန်းသန့်စ်သည် လွယ်လွယ်နှင့် တွန်းထုတ်ခံရမည့်လူမဟုတ်တာကြောင့် လူနာသည် ပြီးခဲ့သောတစ်ခေါက်ကလိုပဲ နှစ်ယောက်ကြားညပ်ခဲ့ရပြန်သည်။

အထူးသဖြင့် ဆိုင်ယာ နှင့် ဖလော်ရီတို့ထံမှ မနက်ထဲစ အနှောင့်အယှက်ပေးခံခဲ့ရကာ ဧကရာဇ်နှင့် စကားစမြည်ပြောခဲ့ရပြီးနောက်တွင် သူမ မောပန်းနွမ်းနယ်လာခဲ့တော့သည်။

ထိုမောင်နှမ‌နှစ်ယောက်က နောက်ထပ် ရန်ပွဲတစ်ခုစရန် အဆင်သင့်ဖြစ်နေပုံရသဖြင့် လူနာသည် သူတို့အား စိတ်ဖြေလျှော့ပြီး အိမ်ပြန်ကြရန် အကြံပြုလိုက်သည်-

"လေဒီလူနာပဲလ်"

တစ်စုံတစ်ယောက်က လူနာ၏ နာမည်ကို ခေါ်လာခဲ့သည်။

သူမ ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမနှင့် စကားစမြည်ပြောမည်ဟု မထင်ထားသော လူတစ်ယောက်က ထိုနေရာတွင် မျက်လုံးများ တောက်ပစွာဖြင့် ရပ်နေခဲ့သည်။

"အရှင့်သား..."

"မင်းမှာ အချိန်ရမယ်ဆိုရင် ကိုယ် မင်းနဲ့စကားစမြည်ပြောချင်မိတယ်။အဲ့ဒါအဆင်ပြေလားလို့ ကိုယ်သိချင်မိတယ်"

အိမ်ရှေ့မင်းသားက 'မြန်မြန်ဖြေပေ။ ငါက အိမ်ရှေ့မင်းသားမို့ မင်းငြင်းနိုင်မှာမဟုတ်ဘူး' လို့ အဓိပ္ပာယ်ရသော မျက်နှာဖြင့် ပြုံးနေကာ လူနာ၏ တုံ့ပြန်မှုကို စောင့်လာခဲ့သည်။

အံ့ဩစရာပဲ ဘာတွေဖြစ်နေတာလဲ။

နေရာတိုင်းတွင် ဇာတ်ကောင်များ ထွက်ပေါ်လာပြီး မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်သလိုမျိုး မြင်ကွင်းကြောင့် လူနာသည် ခဏမျှ ပြောစရာစကားပျောက်ရှသွားခဲ့သည်။

"လေဒီလူနာက နေလို့မကောင်းဘူးဆိုလို့ ပြန်ကြတော့မလို့ပါ။အရှင့်သား အရေးမကြီးရင် နောက်မှမေးပေးပါ့မယ်"

ထိုအချိန်တွင် အန်းသန့်စ်သည် စကားမပြောနိုင်ဖြစ်နေသာ လူနာကိုယ်စား အိမ်ရှေ့မင်းသား၏ကမ်းလှမ်းချက်ကို ပယ်ချခဲ့လိုက်သည်။

သူ အိမ်ရှေ့မင်းသားကို ကြည့်ပုံက အတော်လေး ရန်လိုနေခဲ့သည်။ လူနာကိုစကားပြောလာသည့်အချက်အား သူမကြိုက်သလိုပင်။

သူက ဘယ်လောက်ပဲ အင်ပါယာ အရူးဆိုဆို အိမ်ရှေ့မင်းသားကို ဘယ်လိုလုပ် ဒီလိုမျိုးပြုမူနိုင်ရတာလဲ။

"တကယ်လား"

လူနာ၏ ထိတ်လန့်တုန်လှုပ်နေမှုကြားတွင် အိမ်ရှေ့မင်းသား၏အကြည့်များက သူမထံမှ အန်းသန့်စ် ဆီသို့ပြောင်းသွားခဲ့ပြီး လူနာကိုယ်စား သူ၏ကမ်းလှမ်းချက်ကို ငြင်းဝံ့သော အန်းသန့်စ်ကို မကြည်သလိုကြည့်လိုက်သည်။

ရုတ်တရက် လေထုက တင်းမာလာခဲ့သည်။ စကားစမြည်ပြောဆိုရန် အကြံပြုချက်မှသည် ရန်လိုမှုအဖြစ်သို့ ပြောင်းလဲသွားပုံက အံ့သြစရာကောင်းပေသည်။

အထူးသဖြင့် အန်းသန့်စ်ပြောခဲ့သည့် လူနာ နေလို့မကောင်းဘူးဆိုတာက လုံးဝမမှန်နေ‌ကာ မရေရာသော အခြေအနေတစ်ခုဖြစ်လာစေခဲ့သည်။မဆင်မခြင် ပြုမူပြီး လူတွေကို ဘာလို့ ဒီလောက် ဒုက္ခရောက်စေခဲ့ရတာလဲ!

လူနာသည် ဘာလုပ်ရမလဲကို စဉ်းစားလိုက်ပြီး ရုတ်တရက် 'အာ့!' ဟု အော်ကာ သူမခေါင်းကို ကိုင်လိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်။ကျွန်မရဲ့ ခေါင်းက အရမ်းကိုက်နေလို့ပါ…"

ထိုကျေးဇူးကြောင့်ပင် ရန်လိုသောမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည့် လူနှစ်ယောက်က လူနာကို လှည့်ကြည့်လာခဲ့ကြသည်။

သို့သော် သိသိသာသာ တုံ့ပြန်မှု မရှိခဲ့ပေ။ အဲ့ဒါက အားနည်းသေးသည်ဟုခံစားမိပြီး လူနာသည် မျက်လုံးများကို တင်းတင်းမှိတ်ပြီး မျက်မှောင်ကြုတ်ကာ ခေါင်းကိုကိုင်လိုက်သည်။

"အို… ခေါင်းအရမ်းနာတာပဲ…"

"…"

တခဏအတွင်း ကို့ရို့ကားယားဖြစ်မှုက ပေါ်လာခဲ့သည်။သူမ၏ ခေါင်းကိုက်ခြဟန်ဆောင်မှုကြောင့် တိတ်ဆိတ်မှုတစ်ခုက သူတို့ကြားပေါ်ပေါက်လာခဲ့သည်။

ကမ္ဘာပေါ်ရှိမည်သူမဆိုထက် လူနာကိုပိုချစ်သော ရို့စ်မယ်ရီပင်လျှင် သူမကို ခဏမျှဖယ်ခွာသွားခဲ့မိသည်။

လူနာသည်လည်း သူမ၏ ညံ့ဖျင်းသော အပြုအမူကို သဘောပေါက်မိသွားသဖြင့် မျက်လုံးများကို မဖွင့်ရဲတော့ပေ။

အိမ်ရှေ့မင်းသားက သူ့ကို လှည့်စားသည်ဟု စွပ်စွဲပြီး သူမကို ထောင်ထဲသို့ ခေါ်သွားမည်ကို စိုးရိမ်သဖြင့် မျက်လုံးများကိုသာ ပိုတင်းတင်းမှိတ်ထားလိုက်သည်။ ခေတ္တတိတ်ဆိတ်သွားပြီးနောက် အန်းသန့်စ်သည် သူ၏လက်ကို သူမပခုံးပေါ်သို့ ရစ်ပတ်လာခဲ့သည်။

"မြင်တဲ့အတိုင်းပဲ လေဒီက အရမ်းနေမကောင်းဖြစ်နေလို့ လောလောဆယ်တော့ ကျွန်တော်တို့ကို ခွင့်ပြုပါအုံး။အရေးကြီးကိစ္စ ဆွေးနွေးစရာရှိတယ်ဆိုရင်လည်း ကျေးဇူးပြုပြီး နောက်မှစီစဉ်လိုက်ပါ"

အန်းသန့်စ်သည် တုံ့ပြန်မှုကို ထပ်မစောင့်တော့ဘဲ လူနာကို တွဲထားကာ ခန်းမထဲမှ အမြန်ထွက်ခွာလာခဲ့သည်။

လူနာသည် ကြွက်တွင်း သို့မဟုတ် အပ်ပေါက်ထဲ ဝင်ပုန်းချင်နေသလို ခံစားနေရကာ အန်းသန့်စ်၏ရင်ဘတ်ထဲတွင်သာ သူမ၏မျက်နှာကို မြှုပ်ထားလိုက်တော့သည်။

* * *

"ရှင် ဘာလို့ ကျွန်မ နေမကောင်းဆိုပြီးလိမ်ရတာလဲ။ ကျွန်မမှာ ရှင်ပြောတာနဲ့ကိုက်အောင် ကြိုးစားခဲ့ရတာ အခုတော့ကြည့်အုံး!"

ရထားတံခါးပိတ်ပြီးသည်နှင့် လူနာ အော်ဟစ်လိုက်သည်။ ဧကရာဇ်နန်းတော်သည် အလွန်ကျယ်ပြောပြီး သူမ၏ရှက်ရွံ့ဖွယ်မျက်နှာကို ဖုံးကွယ်ထားရန် နေရာမရှိနေပေ။

ဧကရာဇ်မင်းထံ တိုင်ချက်မတင်မီအထိတော့ သူတို့အဆင်ပြေလောက်ပါရဲ့။ ရွှေကိုစျေးနှစ်ဆနဲ့ ရောင်းနိုင်လို့ ဝမ်းသာခဲ့ရသော မှတ်ဉာဏ်များတောင် ပျောက်သွားခဲ့ရသည်။

"ကျွန်မတို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ!"

သူတို့သည် တော်ဝင်မျိုးနွယ်ကို အမှန်တကယ် မစော်ကားခဲ့တာကြောင့် ထိုသို့ဖြစ်လာနိုင်ဖွယ်မရှိသော်လည်း လူနာသည် သူမ၏စိတ်ထဲ အကြီးအကျယ်ရှက်နေပြီး လွန်ကဲသောအခြေအနေများကိုသာ တွေးတောနိုင်ခဲ့သည်။

အန်းသန့်စ်သည် သူ့အပြုံးကို လက်ဖြင့် အမြန်ဖုံးကွယ်ပြီး သူ့ကိုယ်သူ စိတ်ထိန်းရန် ပြတင်းပေါက်ဘက်သို့ အမြန်စိုက်ကြည့်လိုက်သည်။

ယခုအခြေအနေကို တိတိကျကျပြောပြရင် လူနာမှာ မျက်ရည်များပင် ကျလာတော့မလို ထင်နေရသည်။အန်းသန့်စ်သည် ခဏအကြာတွင် အလွန်လေးနက်သော မျက်နှာဖြင့် လူနာကို စကားပြောလိုက်သည်။

"အဲဒါက ဖြစ်နိုင်ချေရှိတယ်။ကိုယ် မင်းရဲ့စံအိမ်ဆီ ဒီရက်အတွင်း ခဏခဏလာလည်ရတော့မယ်ထင်တယ်။ အဆိုးဆုံးအခြေအနေရောက်ရင် မင်းကိုခေါ်သွားပြီး ကိုယ်တို့အတူတူ ထွက်ပြေးနိုင်အောင်လို့"

"အဲဒါက ရှင့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ အကြံလား!"

သူမသည် ဖယ်ဆန် နှင့် ဆိုင်ယာကို တွန်းလှန်နိုင်ခဲ့ပြီး သူမ၏ ဓနဥစ္စာများ တိုးတက်စေနိုင်မည့် ရွှေတွင်းတစ်ခုကို ရှာတွေ့ခဲ့ချိန်တွင် မမျှော်လင့်ဘဲ အိမ်ရှေ့မင်းသားအပေါ် စော်ကားမိကာ ဆိုးရွားစွာ အဆုံးသတ်ရတော့မည်ဖြစ်သည်။

"အခု ကျွန်မ ဘာလုပ်သင့်လဲ"

လူနာသည် အမှန်တကယ်ပင် စိုးရိမ်နေခဲ့ပြီး အန်းသန့်စ်အား မကြာသေးမီကအခြေအနေကို ပြန်လည်အမှတ်ရစေခဲ့သည်။

သူနောက်ဆုံးမြင်ခဲ့ရသော အိမ်ရှေ့မင်းသား၏အမူအရာမှာ ဒေါသထွက်နေတာမဟုတ်ခဲ့ပေ။ ထိုအစား သူက ရယ်မောချင်သည်ကို ထိန်းထားနေပုံရသည်။

၎င်းကိုရှင်းပြခြင်းဖြင့် လူနာ၏စိုးရိမ်မှုများကို သက်သာစေနိုင်သော်လည်း အခုချက်ချင်း သူမကိုပြောပြရန် အရမ်းအရေးကြီးသောကိစ္စမဟုတ်ပေ။ လူနာ၏ လက်ရှိအခြေအနေက ရယ်စရာကောင်းပြီး ချစ်ဖို့ကောင်းလွန်းနေသောကြောင့် သူမကို နည်းနည်းထပ်ပြီးနောက်ပြောင်ချင်လာခဲ့သည်။

တစ်ဖန် အန်းသန့်စ်က လေးနက်သောမျက်နှာဖြင့် လူနာကို ပြောလိုက်သည်။

"အရမ်းကြီးလည်း မစိုးရိမ်နေပါနဲ့။တကယ်လို့လိုအပ်လာရင် ကိုယ် အစောင့်တွေအားလုံး ဖြိုခွင်းရမယ်ဆိုတောင်ဖြိုခွင်းပြီး မင်းကို ရအောင်ကယ်ပါ့မယ်"

သို့သော် ၎င်းက လူနာကို လုံးဝမကူညီနိုင်ခဲ့ပေ။ သူမက ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ထိုသို့သောအကူအညီမျိုး မလိုဘူးဟု ပြောလာခဲ့သည်။

TK Team