ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၂
အန်းသန့်စ်က ၎င်းကို သတိထားမိပြီး လူနာကို သူ့မြင်ကွင်းထဲက ပိတ်ဆို့ခဲ့လိုက်သည်။ သူ့အပေါ်ထားသော ဖယ်ဆန်၏ မုန်းတီးမှုက ပိုကြီးလာမှန်းသိပေမယ့် အချိန်တိုင်း လူနာကို စူးစိုက်ကြည့်နေပုံကနေ ဖယ်ဆန်၏ ရွံရှာစရာကောင်းသော စွဲလမ်းမှုကို သူခံစားနိုင်ပေသည်။
"မားကွစ်ဒဲတာနဲလ်ဗင်းဆင့်"
ထို့နောက် မားကွစ်ဗင်းဆင့်မိသားစုအလှည့်ဖြစ်သည်။ မားကွစ်မြို့စားက အန်းသန့်စ်ကို ခဏလောက်ကြည့်ခဲ့သော်လည်း အန်းသန့်စ်သည် သူ့အား နှုတ်ဆက်မည်မဟုတ်ကြောင်း ညွှန်ပြပြီး သူ့အကြည့်ကို ရှောင်ရှားခဲ့သည်။
တစ်နေရာတည်းမှာရှိနေရတာနဲ့တင် လုံလောက်ပြီမို့ မားကွစ်မြို့စားက သူ့ကို မရေမရာဖယ်ထုတ်လိုက်ပြီး သူ့မိန်းမနှင့် ရို့စ်မယ်ရီတို့ဖြင့်သာ အင်ပါယာဧကရာဇ်ကို သွားနှုတ်ဆက်ခဲ့လိုက်သည်။
ဧကရာဇ်သည် မားကွစ်မြို့စားပြင်ဆင်လာခဲ့သော ရွှေရောင်ဂီတသေတ္တာကို သဘောကျနေခဲ့သည်။ဧကရာဇ်သည် အကြောင်းတစ်ခုခုကြောင့် မြို့စားကြီးကို ဝတ်ကျေတန်းကျေပြောဆိုခဲ့သည်နှင့် ကွဲပြားစွာပြောဆိုခဲ့သည်။
"စဉ်းစားကြည့်မှ ငါ မားကွစ်မြို့စားရဲ့အကြီးဆုံးသားနဲ့တွေ့ခဲ့တာသိပ်မကြာသေးဘူးပဲ"
"... အန်းသန့်စ်ကိုရည်ညွှန်းတာပါလား အရှင်"
"ဟုတ်တယ်။သူက တော်တော်တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ပြခဲ့တယ်။ အဲ့ဒါက မြင်မြင်ချင်း စာချုပ်ချုပ်ချင်လောက်အောင်ကို ဆွဲဆောင်နိုင်တယ်"
ဧကရာဇ်မင်းက ထိုအကြောင်းကို ပြန်တွေးရင်း ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။
"သူ့ကျေးဇူးကြောင့်ပဲ ငါ သဘောတူညီချက်ကောင်းတစ်ခုလုပ်ခဲ့နိုင်တာ။မျှော်လင့်ထားတာတွေနဲ့ ဆန့်ကျင်ဘက်ပဲ သူက တကယ့်ကို နှစ်လိုဖွယ်ကောင်းပြီး ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ပဲ။ပြီးတော့ သူက ဘယ်လိုစီးပွားရေးလုပ်ရမလဲဆိုတာလည်း သိတယ်"
"…"
မမျှော်လင့်ထားသော အန်းသန့်စ်အတွက် ချီးကျူးစကားများက မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကို အံ့သြသွားစေခဲ့သည်။ပြစ်တင်ရှုပ်ချသံများကို မကြာခဏကြားဖူးခဲ့ရသော်လည်း ချီးမွမ်းခြင်းကိုကြားရတာတော့ ပထမဆုံးဖြစ်သည်။
သူက လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်းဘဝမျိုးကို ဖြတ်သန်းခဲ့တာလဲ။ ဒါမှမဟုတ် အန်းသန့်စ်က အစကတည်းက ပြဿနာမရှိတဲ့ ကလေးတစ်ယောက်များလား။
မေးခွန်းတစ်ခုက သူတို့စိတ်ထဲ ဝင်လာခဲ့သည်။
"အနာဂတ်မှာ မားကွစ်ဗင်းဆင့်မိသားစုက အင်ပါယာအတွက် အလုပ်လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။မင်းတို့ရဲ့ အမွေဆက်ခံသူက နာမည်ကောင်းရှိတယ်။ အဲ့ဒါကြောင့် ငါ့ မင်းတို့အပေါ် မျှော်လင့်ချက်ကြီးကြီးထားတယ်"
"အရှင့်ရဲ့မျှော်လင့်ချက်တွေကို ပြည့်မီအောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်"
ဧကရာဇ်သည် ဖယ်ဆန်ကိုပင်မဖော်ပြခဲ့ဘဲ ရို့စ်မယ်ရီကိုတော့မျှော်လင့်ထားသည်ဟုဖော်ပြလာခဲ့သည်။ဧကရာဇ်မင်းက ဗင်းဆင့်အိမ်တော်ကို မြင့်မြင့်မှန်းထားပြီးအာရုံစိုက်ကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
ထိုအရူးသွပ်ဆိုက်ကိုပတ်က ဒီလိုမျိုး ချီးမွမ်းခြင်းကို ခံရဖို့အတွက် ဘယ်လို သဘောတူညီချက်မျိုးကို ပေးခဲ့တာလဲ။
လူတိုင်း စတင်မှန်းဆလာကြပြီး အသက်ရှုအောင့်ထားလိုက်ကြသည်။သူတို့အထဲမှ အချို့သည် အန်းသန့်စ်ကိုပင် တစ်လျက်တစ်ချက်ကြည့်လာခဲ့သည်။
တစ်ချက်မျှမဖော်ပြခံရတာကြောင့် ဒေါသအမျက်ထွက်လာပြီး မြို့စားကြီးသည် အန်းသန့်စ် နှင့် လူနာအပေါ်ရန်ငြိုးထားနေဆဲဖြစ်သော ဖယ်ဆန်ကို စိုက်ကြည့်လိုက်သည်။
သူ၏ သနားစရာကောင်းသော အပြုအမူကို မြင်တော့ လူနာက သက်ပြင်းချလိုက်သည်။ထို့နောက် သူမ မြင်ကွင်းကို ပိတ်ဆို့ထားသော အန်းသန့်စ်ကိုမေးလိုက်သည်။
"ဒီတော့ အဲ့သဘောတူညီချက်ဆိုတာက ကျွန်မရွှေနဲ့ဆိုင်တာလား"
"ဟုတ်တယ် သူ အဲ့ဒါအရမ်းကြိုက်နေတာ"
"ဒါပေမယ့် အဲ့ဒါဆိုရင် သူက ကျွန်မရွှေတွေကိုပဲ ချီးမွမ်းသင့်တာမဟုတ်ဘူးလား။ ရှင့်ကို ချီးကျူးတာက မထူးဆန်းဘူးလား။ ဒီလိုချီးကျူးခံရအောင် ရှင်ဘာလုပ်ခဲ့တာလဲ"
"အဲ့ဒါက မင်းအတွက်က ဘာဖြစ်လို့လဲ"
အန်းသန့်စ်က ထိုစကားအပေါ် မျက်မှောင်ကြုတ်ပြီး တုံ့ပြန်လိုက်သည်။ ၎င်းက လူနာ၏ စောင်းပါးရိပ်ခြေပြောတာကို ချေပလိုက်ခြင်းဖြစ်သည်။
"သခင်လေးက သူငယ်ချင်းတစ်ယောက်မှ မရှိလောက်တဲ့အထိ အကျင့်ဆိုးတွေ ရှိတာပဲနော် ဟုတ်တယ်မလား"
"…"
ဒါကိုပဲ ထပ်တိုက်ခိုက်ပြန်ပြီ။
အန်းသန့်စ်သည် သူပြောခဲ့သော စကားများကိုပင် နောင်တရလာခဲ့သည်။
ရို့စ်မယ်ရီ နဲ့ လူနာတို့၏ အရိုက်ခံလိုက်ရသလိုပင် သူဘာမှ ပြန်မငြင်းနိုင်နေပေ။
"ကိုယ့်မှာ သူငယ်ချင်းမရှိတာတော့ အမှန်ဘဲ။ ဒါပေမယ့် အဲ့ဒါက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့်တော့ မဟုတ်ဘူး"
သူစရှင်းပြလာသည်နှင့်အမျှ လူနာ၏အမူအရာက အန်းသန့်စ်ထိုကဲ့သို့ဆင်ခြေများပေးနေခြင်းကို မြင်ရတာသနားစရာကောင်းနေသည့်အတိုင်း ကျွန်မစာနာပါတယ်ဟု ပြောနေသလိုမျိုးဖြစ်လာခဲ့သည်။
၎င်းက ပိုပြီးရှက်စရာကောင်းစေသောကြောင့် သူ့ပါးစပ်ကိုပဲ ပိတ်ထားလိုက်တော့သည်။ သူစကားပြောလေလေ ပိုနက်ရှိုင်းလာလေလေပင်။
ထိုအချိန်တွင် သူမ၏ထိုင်ခုံဆီသို့ ပြန်လာသော ရို့စ်မယ်ရီက အန်းသန့်စ်အင်္ကျီလက်စကို ဆွဲကိုင်လိုက်သည်။ သူမမျက်နှာပေါ်တွင် မေးခွန်းများနှင့် ပြည့်နှက်နေခဲ့သည်။
"ဘာဖြစ်သွားခဲ့တာလဲ။နင် တော်ဝင်မိသားစုနဲ့ စာချုပ်ချုပ်ခဲ့တာလား"
ရှင်းရှင်းလင်းလင်းမသိရသေးတာကြောင့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည်လည်း နားရွက်များထောင်ကာ နားထောင်လာကြသည်။
"အဲ့ဒါက မင်းကိစ္စမဟုတ်ဘူး"
တုံ့ပြန်မှုအနေဖြင့် သူသည် အခြားသူများကိုပင် မပြခဲ့သော အေးစက်စက် တုံ့ပြန်မှုကို ပြသလာခဲ့သည်။ လျှို့ဝှက်ချက်တောင်မဟုတ်သည့် အရာတစ်ခုအပေါ် ဘာလို့ဒီလောက်အေးစက်လွန်းစွာ တုန့်ပြန်ရတာလဲ။
လူနာက သက်ပြင်းချပြီး သူ့အစားပြန်ဖြေလိုက်သည်။
"အဲ့ဒါကရွှေကိစ္စပါ"
"လေဒီရဲ့ရွှေလား…"
"ဟုတ်တယ်...ကြည့်ရတာ သူတို့က ငါ့ရွှေတွေကို သယ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပုံပဲ"
အဖြေကိုကြားလိုက်သည်နှင့် ရို့စ်မယ်ရီ၏မျက်ခုံးများက နက်နဲစွာ တွန့်ချိုးသွားခဲ့သည်။
"ဘယ်လို။ ဒါဆို နင် ကောင်းကောင်းလုပ်လို့ ချီးကျူးခံရတာ မဟုတ်ဘဲနဲ့ တော်ဝင်မိသားစုက ရွှေကို ကြိုက်လို့ပေါ့ အဲ့လိုလား"
စကားလုံးများ နောက်ကွယ်ရှိ အဓိပ္ပါယ်က ပြောင်းသွားခဲ့သည်။ဒါက သူ့ကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
"မင်း ပစ္စည်းတွေက သူ့ဘာသာသူရောင်းထွက်လိမ့်မယ်လိုထင်နေတာလား"
"ပစ္စည်းကောင်းတွေဆို သူ့ဘာသာသူနေတာတောင်မှ ရောင်းထွက်သားပဲ"
"ရောင်းမထွက်ဘူး"
"ရောင်းထွက်တယ်"
"ရောင်းမထွက်ဘူး"
"ရောင်းထွက်တယ်!"
စလာပြန်ပါပြီ။ ဒီကလေးဆန်တဲ့ ရန်ပွဲကတော့။
ငယ်ငယ်ရွယ်ရွယ်နဲ့ ကွဲကွာခဲ့ကြတဲ့ မောင်နှမတွေ ဖြစ်တာကြောင့် ဖြစ်နိုင်သည်။ သူတို့မှာ တူညီသော ငြင်းခုံမှုများ ရှိနေဆဲပင်။
၎င်းသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ကြသော ရန်ပွဲမဟုတ်တာကြောင့် သူတို့ကိုကြည့်ရသည်မှာ သနားစရာကောင်းသလိုရယ်စရာလည်းကောင်းလှသည်။ ရုတ်တရက် နူးညံ့သော ရယ်မောသံကို ကြားလိုက်ရသည်။
ခေါင်းကို လှည့်ကြည့်လိုက်ရာ မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်ကိုတွေ့လိုက်ရသည်။ တော်ဝင်မိသားစုကို ဂုဏ်ပြုသည့် နေရာမှာ ရှိနေသေးကာ ၎င်းကို မဖော်ပြဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့် အန်းသန့်စ် နဲ့ ရို့စ်မယ်ရီ တို့၏ ကလေးဆန်သော အပြုအမူက သူတို့ကို မထိန်းနိုင်လဲ ရယ်မောစေခဲ့သည်။
'...သူတို့ကြည့်ရတာ တော်တော်ကောင်းတဲ့ မိသားစုလိုပဲ'
သူတို့က ဗီလိန်မိသားစုလို့တောင် မထင်ရပေ။
မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် သူနှင့်အတူ ခက်ခဲသောအချိန်ရှိခဲ့ကြသော်လည်းသူတို့နည်း သူတို့ဟန်နဲ့တော့ သာမန်ဆန်ပြီး လိုက်လျောညီထွေရှိသော မိသားစုတစ်ခုလို့ခံစားရဖြစ်သည်။
"မားကွစ် ဂရန်းဒါ"
သူမ အတွေးများထဲ ပျောက်ဆုံးနေချိန်တွင် မားကွစ်ဂရန်းဒါမိသားစု အမည်က ခေါ်ခံလိုက်ရသည်။တော်ဝင်မိသားစုကို နှုတ်ခွန်းဆက်ရမည်ဖြစ်သော်လည်း ဆိုင်ယာ၏ရုပ်သွင်ကိုတော့ မမြင်ရပေ။
"ဟမ့် ငါတို့တွေ့ရင် သူ့အပေါ် ဝိုင်လောင်းချဖို့ စီစဉ်နေတာကို"
တုံ့ပြန်မှုနေဖြင့် ရန်ဖြစ်နေတာရပ်လိုက်ပြီဖြစ်သော ရို့စ်မယ်ရီက တိတ်ဆိတ်စွာ ရေရွတ်လာခဲ့သည်။ အန်းသန့်စ်သည်လည်း မားကွစ်ဂရန်းဒါ မိသားစုကို လက်ပိုက်ကာ ကြည့်နေခဲ့သည်။
နှစ်ယောက်စလုံးက အတော်လေးကို မှုန်ကုပ်ကုပ်ဖြစ်နေကြသော်လည်း သူမကြောင့်ဆိုသောအတွေးက လူနာကို ပိုသက်သာမလာစေခဲ့ပေ။
"ဗိုင်းကောင့်ကာအင်းကေရော့စ်"
ထို့နောက် တစ်ခြားမြို့စားများကို ဆက်လက်ဖော်ပြခဲ့သည်။ နယ်မြေကြီးကြီးမားမားတွေ ပိုင်ဆိုင်ထားတာကြောင့် လူတော်တော်များပေသည်။
ဒါပေါ့ အဆင့်အတန်းနိမ့်သော မိသားစုများကတော့ ဧကရာဇ်ကို လောကဝတ်ပြုနိုင်ကြမည်မဟုတ်ပေ။ဥပမာအားဖြင့် ဘယ်ရွန်ပဲလ်ကဲ့သို့သော မိသားစုများသည် မှတ်သားဖွယ်ကောင်းသောအရာများမရှိဘဲ အစမှအဆုံး ကြည့်ရှုသူများသာဖြစ်ကြသည်။
နာမည်အခေါ်ခံရပြီး ဧကရာဇ်ကို လောကဝတ်ပြုနိုင်သည်က ဘုန်းတန်ခိုးတစ်ခုပင်ဖြစ်သည်။
ဒါကြောင့် ကြာတော့ တဖြေးဖြေး ပျင်းလာခဲ့သည်။ လက်ဆောင်ပစ္စည်းများဖလှယ်ခြင်းနှင့် စကားစမြည်ပြောဆိုခြင်းစသော မြင်ကွင်းများက လုံးဝကို ငြီးငွေ့ဖွယ်ကောင်းလှသည်။
ထို့ကြောင့် လူနာသည် အိပ်မပျော်သွားအောင်ကြိုးစာရင်း မျက်နှာကျက်အလှဆင်မှုများကို ရေတွက်ရန် ကြိုးစားစဉ်တွင် မထင်မှတ်ထားသော နာမည်တစ်ခုက သူမကို နှိုးကြားသွားစေခဲ့သည်။
"ဘယ်ရွန်ပဲလ်မိသားစု က လေဒီလူနာ"
ဘာဖြစ်တာလဲ။
ခေါ်စရာအကြောင်းမရှိသော သူမနာမည်ကိုကြားလိုက်ရတာကြောင့် လူနာသည် အေးခဲသွားပြီး မျက်နှာကျက်ကိုမော့ကြည့်လိုက်သည်။
ဘွဲ့မရှိသူတစ်ဦး၏ အမည်ကို ခေါ်ဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
"အိုး ဘုရားရေ... လေဒီလူနာ နင်မြန်မြန်သွားသင့်တယ်!"
ရို့စ်မယ်ရီက လူနာ၏ ပခုံးကို ခါယမ်းလာခဲ့သည်။ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကလည်း လူနာကို ယအမြန်တွန်းပို့ခဲ့ကြသည်။
ထိုသို့နှင့် စိတ်ရှုပ်နေသော လူနာသည် ဘုမသိဘမသိဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
ထုံးစံအတိုင်းပင် ခန်းမထဲရှိ မျက်လုံးများအားလုံးက သူမကို စိုက်ကြည့်လာခဲ့ကြသည်။အများစုကတော့ သူမကို ဘာကြောင့် ခေါ်တာလဲဟု သိချင်နေခဲ့ကြသည်။
'ဘုရားရေ ဘာတွေဖြစ်နေတာလဲ...'
လူနာတွင်လည်း အလားတူမေးခွန်းတစ်ခုရှိနေခဲ့သည်။
ဧကရာဇ်မင်းနှင့် မျက်နှာချင်းဆိုင်ရဖို့... ၎င်းက သူမ အထူးလိုလားသော အရာမဟုတ်သော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ဂုဏ်ကျက်သရေရှိစေသော အကြောင်းပင်ဖြစ်သည်။ သားစဉ်မြေးဆက်အထိ ဂုဏ်ယူဝံ့ကြွားစွာ ဂျာနယ်တွင် ရေးထိုးဖို့ရာကောင်းပေသည်။
လူနာသည် ခြောက်သွေ့နေသောလည်ချောင်းကို စိတ်လှုပ်ရှားစွာ မျိုချလိုက်ပြီးနောက် ဖြည်းညှင်းစွာဖြင့် ရှေ့သို့ တိုးလာခဲ့လိုက်သည်။ ရာနှင့်ချီသော မျက်လုံးများက သူမကို စိုက်ကြည့်နေကြမယ်မှန်း သိတာကြောင့် အတတ်နိုင်ဆုံးပြေပြစ်လှပစွာ လျှောက်လှမ်းရန် ကြိုးစားခဲ့လိုက်သည်။
"မင်းရဲ့နာမည်ကို ငါထည့်ထားခဲ့ပေမယ့် ဒီလိုမျိုးတွေ့ဖို့ မမျှော်လင့်ထားဘူး"
ဧကရာဇ်မင်းရှေ့သို့ ရောက်ရောက်ချင်းပင် သူက လူနာကို အလွန်နွေးထွေးစွာဖြင့် ဝမ်းသာအားရကြိုဆိုခဲ့သည်။
အမှားအယွင်းများ ရှိတာလားဟု သူမ တွေးခဲ့မိသော်လည်း ကြည့်ရတာ မဟုတ်သည့်ပုံပင်။
"... တွေ့ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ် အရှင်မင်းကြီး"
လူနာသည် ယဉ်ကျေးစွာ နှုတ်ခွန်းဆက်ပြီးနောက် ယခုအချိန်တွင်း သူမစိတ်ထဲတွင် ရှိနေသည်ကို ဖော်ပြခဲ့လိုက်သည်။
"အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်သရဖို့ မမျှော်လင့်ထားခဲ့တာကြောင့် ကျွန်မလက်ဆောင်တော့ မပြင်ဆင်နိုင်ခဲ့ပါဘူး"
လူတိုင်းက လက်ဆောင်များ ပြင်ဆင်ထားခဲ့ကြသော်လည်း လူနာမှာတော့ မရှိခဲ့ပေ။
ထိုအပေါ် ဧကရာဇ်က ရယ်မောပြီး ပြန်တုံ့ပြန်လာခဲ့သည်။
"မဟုတ်ဘူး။ မင်းငါ့ကို လက်ဆောင်ပေးမယ်လို့ ကတိပေးထားပြီးသား မဟုတ်ဘူးလား"
သူမ မပေးခဲ့ပါဘူး။လူနာသည် ဧကရာဇ်မင်းက လူမှားတာများလားဟုတွေးတောနေစဉ်တွင် သူကထပ်ပြောလာခဲ့သည်။
"မင်းပိုင်တဲ့ရွှေက အရမ်းလှပတယ်လို့ ငါကြားတယ်။ အင်ပါယာမိသားစုနဲ့ အရောင်းအဝယ်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"အာ…ကျေးဇူးတင်ပါတယ်"
သူမသည် ရွှေကို အလကားမပေးဘဲ ပိုက်ဆံနဲ့ရောင်းခဲ့တာဖြစ်သည်။ ဒါကြောင့် သူက ဘာလို့ သူမကို ကျေးဇူးတင်ရတာလဲဟု တွေးမိသွားခဲ့သည်။
"မင်း ရွှေတွင်းကို ရှာတွေ့ပြီးတာနဲ့ တော်ဝင်မိသားစုကို ပေးရမယ်။ရွှေက တော်ဝင်မိသားစုနဲ့ လိုက်ဖက်တာမို့လို့ သူတို့ကိုပေးသွင်းတာက သင့်လျော်တယ်ဆိုပြီး ပြောခဲ့တယ်လို့ ငါကြားခဲ့ရတယ်"
မည်သို့ပင်ဖြစ်စေ သူ၏ဆက်ပြောလာသောစကားများကြောင့် လူနာသည် ဧကရာဇ်မင်းက သူမအား အဘယ်ကြောင့် နှစ်သက်သဘောကျရသည်ကို သဘောပေါက်သွားခဲ့သည်။
'အန်းသန့်စ်က ငါ့နာမည်ကို ရောင်းခဲ့တာပဲ'
ရွှေကိုရောင်းဖို့အတွက် အန်းသန့်စ်သည် မြှောက်ပင့်ခဲ့ပြီး သူမနာမည်အစားထိုးပြောခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။
"မင်းရဲ့ ရွှေတွင်းအပေါ် ကောင်းချီးမင်္ဂလာတွေ ဆက်ပြီး ကျရောက်ပါစေလို့ ငါ ဆုတောင်းတယ်။ ဒါမှလည်း လှပတဲ့ရွှေတွေကို ဆက်ပြီးမြင်နိုင်မှာ"
"အရှင်မင်းကြီးရဲ့ ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်"
ထိုကဲ့သို့ပြန်ဖြေပြီးနောက် လူနာသည် ပထမဆုံးနှုတ်ဆက်သည့်အချိန်ကဲ့သို့ပင် ယဉ်ကျေးစွာ ဦးညွှတ်လိုက်၍ သူမထိုင်ခုံဆီသို့ ပြန်သွားတော့မည်ဖြစ်သည်။
သူမသည် ဧကရာဇ်အနီးရှိ အရွယ်ရောက်ခြင်း အခမ်းအနားပါတီတုန်းကနှင့် ကွဲပြားနေသော အိမ်ရှေ့စံမင်းသားနှင့် ခဏတာ မျက်လုံးချင်းဆုံသွားခဲ့သည်။သူက အနည်းစိတ်ဝင်စားနေသည့်ပုံဖြင့် လူနာကို ခပ်တိုတို ပြုံးပြလာခဲ့သည်။
TK Team