Chapter 182
Viewers 49k

💘Chapter 182 

မိတ်ဆွေများ၏ စေတနာ




သူ ဤအကြံရလာခြင်းမှာ တစ်ယောက်ယောက်က သူ့ကိုလုပ်ခိုင်း၍လည်းမဟုတ်။ တစ်နေရာရာမှ သင်ခဲ့ခြင်းလည်း မဟုတ်ပေ။ ဤအကြံက ချန်လီ၏နှလုံးသားထဲမှ အလိုအလျောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 


သေးငယ်ပြီး မထင်မရှားလေးဖြစ်နေလျှင်တောင်မှ သူဝေ့ချန်အတွက် တစ်ခုခုလုပ်ပေးချင်သည်။ 


ရုတ်တရက် ဝေ့ချန်၏ နှလုံးသားထဲတွင် တစ်ခုခုတင်းကြပ်လာပြီး ပြင်းထန်စွာ ခုန်လှုပ်နေလေသည်။ ထို့အပြင် ထူးဆန်းသည့် ခံစားချက်တစ်ခုက အာရုံကြောများတွင် ပျံ့နှံ့လာပြီး သူ့နှာခေါင်းတွင် ချဥ်တူးတူးလေး ဖြစ်လာစေသည်။ 


“လီလီ” ဝေ့ချန်က ချန်လီ၏အမည်ကို အသံခပ်နိမ့်နိမ့်ဖြင့် ခေါ်လိုက်သည်။ ချန်လီ ခေါင်းလှည့်လာသည့်အခါ ဝေ့ချန်က ချန်လီ၏ နှုတ်ခမ်းများကို ထွေးငုံလိုက်ပြီး လျှာလေးကိုရှာဖွေကာ သူ့လျှာနှင့် ရစ်ပတ်လိုက်သည်။ 


ဝေ့ချန်က ယခင်ဘဝတွင်ရော ယခုဘဝတွင်ပါ ချန်လီ၏ နှလုံးသားတစ်လုံးပြည့်နေသည့် အချစ်များကို ပိုင်ဆိုင်ထားရသောကြောင့် အလွန်ကံကောင်းလေသည်။ 


ဤပြင်းပြသည့်အခိုက်အတန့်က ခံစားချက်တစ်စုံတစ်ရာမပါဝင်ဘဲ အလိုဆန္ဒကြောင့် ဖြစ်လာခြင်းဖြစ်၏။


ပြီးသွားသည့်အချိန်တွင် ချန်လီ၏အသက်ရှူသံက အနည်းငယ် မောဟိုက်နေသည်။ သူက စကားတစ်ခွန်းမဆိုဘဲ ဝေ့ချန်ကို မှီနေလိုက်၏။


တိတ်ဆိတ်သည့်နေရာလေးတွင် တစ်ယောက်ချင်းစီ၏နှလုံးသားများက တူညီစွာ ခုန်လှုပ်နေပြီး သာယာငြိမ့်ငြောင်းသည့် သီချင်းတစ်ပုဒ်ကို သီကြူးနေလသည်။


အချိန်များကုန်လွန်သွားပြီး နှစ်ရက်ကုန်သွားခဲ့သည်။ 


ထိုနစ်ရက်အတွင်းတွင် ဝေ့ချန်နှင့် မစ္စတာမော်ရေးတို့က Wရှေးဟောင်းမြို့တစ်ခုလုံးကို သေချာလည်ပတ်ခဲ့ကြ၏။ မစ္စတာမော်ရေးက ဝေ့ချန်အား သူ၏လမ်းပြအနေနှင့် ခေါ်သွားသော်လည်း အချိန်အများစုကို စီးပွားရေးအကြောင်းများဆွေးနွေးရင်းနှင့်သာ ကုန်ဆုံးခဲ့ကြသည်။ သူတို့၏ အတွေးအမြင်များက အံ့ဩစရာကောင်းအောင် တူညီကြ၏။ စကားဝိုင်းတစ်ခုချင်းစီတိုင်းက မစ္စတာမော်ရေး၏ ဝေ့ချန်အပေါ် နားလည်မှုကို ပြန်လည်ဆန်းသစ်သွားစေသည်။ 


ဒီနေ့ မနက်စောစောတွင် ဝေ့ချန်နှင့် ချန်လီတို့ နိုးလာကြပြီး မနက်စာစားကာ Wရှေးဟောင်းမြို့ရှိ အနီးဆုံးနိုင်ငံတကာလေဆိပ်သို့ ဦးတည်လိုက်ကြသည်။ လေဆိပ်က ရှန်ဟိုင်းမြို့တွင်ရှိပြီး သူတို့က မစ္စတာမော်ရေးနှင့် ဟိုတယ်အောက်ထပ်တွင် ဆုံလိုက်ကြသည်။ 


မစ္စတာမော်ရေးက ဒီနေ့တွင် ယူအက်စ်သို့ပြန်ရန် စီစဥ်ထားခဲ့သည်။ ဝေ့ချန်က သူ့အား လေဆိပ်သို့ လိုက်ပို့ပြီး သူလည်း မြို့တော်သို့ လေယာဥ်နှင့်ပြန်ရန် စီစဥ်ထား၏။


ဟိုတယ်အောက်ထပ်တွင် ဝေ့ချန်နှင့်ချန်လီတို့က မစ္စတာမော်ရေး၏ သမီးဖြစ်သူ လီနာနှင့်လည်း တွေ့ဆုံသွားကြသည်။ 


လီနာက နတ်သမီးမျက်နှာလေးနှင့် နတ်ဆိုးဆန်ဆန် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့် တကယ်ကိုကျော့ရှင်းသော အလှလေးတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူမ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ဆွဲဆောင်မှုများ ထုတ်လွှင့်နေသည်။ လီနာက သူမ၏ ဆွဲဆောင်မှုများကို မည်သို့ချပြရမှန်းသေချာသိ၏။


သူမ ဝေ့ချန်ကိုမြင်လိုက်ချိန်တွင် သူ၏တည်ကြည်ပြီးချောမောသည့်မျက်နှာ၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ ဝေ့ချန် ချဥ်းကပ်လာသည့်အခါ ဝေ့ချန်နှင့် ချန်လီတို့ လက်ချင်းတွဲထားသည်ကို လျစ်လျူရှု၍ သူမက ပရောပရည်လုပ်သည့် အကြည့်တစ်ချက်လွှတ်လိုက်၏။


သို့သော်လည်း လီနာ၏ ဆွဲဆောင်မှုများက မျက်ကန်းများ အပေါ်တွင်သာ ကျရောက်ရန် ကံကြမ္မာဖြစ်နေလေသည်။ 


ဝေ့ချန်က အစမှအဆုံးအထိ သူမကို တစ်ချက်မှပင်ကြည့်မသွားချေ။ 


မစ္စတာမော်ရေးက သတိထားမိပြီး ရှက်ရွံ့သလို ခံစားရသောကြောင့် မျက်မှောင်ကြုတ်သွား၏။ စကားတစ်ခွန်းမပြောဘဲ သူက ချက်ချင်း လီနာကို ကားထဲသို့ တွန့်ထည့်လိုက်ရင်း ခက်ထန်သည့် အကြည့်တစ်ချက်ပေးလိုက်သည်။ 


“လီနာ…ကောင်းကောင်းမွန်မွန်နေစမ်း”


“ဒယ်ဒီ” လီနာက နှုတ်ခမ်းစူ၍ အထွန့်တက်လိုက်သည်။ မစ္စတာမော်ရေးက သူမကို အခန်းထဲတွင် နှစ်ရက်၊သုံးရက်လောက် ပိတ်ထားခဲ့သောကြောင့် သူမဘယ်မှမသွားနိုင်ဖြစ်ခဲ့ရသည်။ ယခု သူမထွက်လာသောအခါတွင်လည်း သူမအဖေက သူမကို ကားထဲသို့ တွန်းထည့်ပြန်သည်။ သူမ အတော်လေး ခံစားလိုက်ရ၏။


မစ္စတာမော်ရေးက လီနာကို ဂရုမစိုက်တော့ဘဲ အရှေ့ဘက်ခရီးသည်ထိုင်ခုံတွင်ထိုင်ရင်း သူ့လက်ထောက်ကို ရှန်ဟိုင်းနိုင်ငံတကာလေဆိပ်သို့ မောင်းခိုင်းလိုက်သည်။ ဖြစ်နိုင်ပါက သူလည်း ဝေ့ချန်ကို သူ့သားမက်ဖြစ်လာစေချင်သည်။ သို့သော်လည်း သူသမီး၏ ပရောပရည်နိုင်သည့် အကျင့်နှင့်ဆိုလျှင် ဝေ့ချန်အတွက် ပြဿနာမဖြစ်စေခြင်းကသာ ပိုကောင်းလိမ့်မည်။ ထို့အပြင် ဝေ့ချန်၌ ပါတနာလည်း ရှိနေပြီဖြစ်သောကြောင့် ထိုဆန္ဒက မဖြစ်မြောက်နိုင်တော့ပေ။ 


နောက်ခန်းတွင် လက်သည်းပြင်နေသည့် သူ့သမီးကို နောက်ကြည့်မှန်မှကြည့်ရင်း သူမ၏ စည်းကမ်းချို့တဲ့မှုကြောင့် မစ္စတာမော်ရေး စိတ်ညစ်ညူးလာရသည်။ 


ကားက အမြန်လမ်းမကြီးကိုဝင်ပြီး ချောမွေ့စွာနှင့် ရှန်ဟိုင်းနိုင်ငံတကာလေဆိပ်သို့ ရောက်လာခဲ့သည်။ 


မစ္စတာမော်ရေးကို နှုတ်ဆက်ပြီးနောက် ဝေ့ချန်က ချန်လီပြင်ဆင်ထားသည့် မင်ပန်းချီကားကို ပေးလိုက်သည်။


မစ္စတာမော်ရေးက ပန်းချီကားကို တန်ဖိုးရှိသည့် ရတနာသဖွယ် လက်ခံလိုက်လေသည်။ သူက ပန်းချီကားပေါ်ရှိ မင်ရာများကိုကြည့်ရင်း ပျော်ရွှင်မှုများ အကန့်အသတ်မရှိ တိုးလာတော့သည်။ သို့သော်လည်း ဝေ့ချန်ကို ပြန်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများတွင် အံ့ဩခြင်းများဖြင့် ပြည့်နေသည်။ 


“ဝေ့ချန်…ဒါကဘာများလဲ”


ချန်လီရဲ့ ပန်းချီကားကို အပေးအယူလုပ်တဲ့ စားပွဲပေါ်ကို မတင်ဖို့ သဘောတူထားတာမဟုတ်ဘူးလား…။ ထို့အပြင် ယခု စာချူပ်ချုပ်ပြီးသွားပြီဖြစ်ပြီး ဤလက်ဆောင်က ဝေ့ချန်အတွက် အရေးပါသည့်ပုံလည်း မပေါ်ချေ။ 


“ဒါက ကျွန်တော်နဲ့လီလီရဲ့ နှုတ်ဆက်လက်ဆောင်ပါ…မစ္စတာမော်ရေး…မကြာခင် တရုတ်နိုင်ငံကို ထပ်လာဖို့ မျှော်လင့်ပါတယ်” 


ဝေ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုကဲ့သို့ လက်ဆောင်ပေးခြင်းက ခင်မင်ရင်းနှီးမှု၏ သင်္ကေတတစ်ခုဖြစ်သည်။ 


လွန်ခဲ့သည့်နှစ်ရက်တွင် ဝေ့ချန်နှင့် မစ္စတာမော်ရေးတို့က ရင်းနှီးသည့် မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် နှုတ်ဆက်ခွဲခွာရာတွင် လက်ဆောင်ပေးခြင်းက ပုံမှန်သာဖြစ်သည်။ 


မစ္စတာမော်ရေးက ဝေ့ချန်၏ ရည်ရွယ်ချက်များကို နားလည်လိုက်ပြီး ပန်းချီကားကိုလက်ခံလိုက်က ပျော်ရွှင်စွာ ရယ်မော၍ပြောလာလေသည်။


 “မိတ်ဆွေအစစ်တွေနဲ့ တွေ့ဖို့က ခက်တယ်လို့ ပြောကြပေမယ့် တရုတ်နိုင်ငံမှာ တစ်ယောက်တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး…ဝေ့ချန်…တစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုဆက်သွယ်ဖို့ မတွန့်ဆုတ်နဲ့…ဖင်ဂယ်လ်မော်ရေးက မင်းကိုကူညီဖို့ အရာအားလုံး လုပ်ပေးမယ်”


“ကျေးဇူးတင်ပါတယ်…မစ္စတာမော်ရေး” ဝေ့ချန် တုံ့ပြန်လိုက်သည်။ သူ့မျက်နှာတွင် ပြုံးရယ်နေမှုများမရှိသော်လည်း မျက်လုံးများကတော့ ယခင်ကလို မအေးစက်တော့ပေ။ 


ဝေ့ချန်မသိခဲ့သည်က မစ္စတာမော်ရေး၏ ယခုကတိက နောင်အနာဂတ်တွင် သူ့အတွက် ကြီးမားသည့် အကျိုးအမြတ်ဖြစ်လာမည်ကိုပင်။ 


ထိုအချိန်၌ မစ္စတာမော်ရေးက ယူအက်စ်ရှိ မော်ရေးမိသားစုတွင် ခေါင်းဆောင်ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ခုလုံး၏ ကံကြမ္မာကို ကိုင်တွယ်နိုင်သည့် အာဏာနှင့် ချမ်းသာကြယ်ဝမှုများကိုတောင် ကိုင်တွယ်ထားသည်ကိုပင်။ 


ယခင်ဘဝ၌ မစ္စတာမော်ရေးက ထိုနေရာသို့မရောက်ခဲ့ချေ။ ပြန်လည်မွေးဖွားလာသည့် ဝေ့ချန်တောင် မစ္စတာမော်ရေး၏ အနာဂတ်ကံကြမ္မာကို မသိခဲ့ပေ။


သို့သော်လည်း လွန်ခဲ့သည့်နှစ်ရက်က စကားဝိုင်းများက မစ္စတာမော်ရေး၏ အသိအမှတ်ပြုခြင်းကိုခံခဲ့ရပြီး သူ၏အတွေးအမြင်များလည်း ပြောင်းလဲသွားခဲ့သည်။ ထိုပြောင်းလဲမှုများက ယခုတွင် မသိသာသော်လည်း အချိန်ကျလာသည့်အခါ လိပ်ပြာအတောင်ပံခတ်သကဲ့သို့ မမြင်ရသည့်ပြောင်းလဲမှုများစွာကို ယူဆောင်လာနိုင်လိမ့်မည်။


သေချာသည်ကတော့ ၎င်းက နောက်ပိုင်းဇာတ်လမ်းဖြစ်သည်။ 


ယခုတွင်တော့ ဝေ့ချန်နှင့် ချန်လီတို့က မစ္စတာမော်ရေးကို လက်ပြနှုတ်ဆက်၍ သူလေယာဥ်ပေါ်သို့ တက်သွားသည်ကို ကြည့်နေလိုက်ကြသည်။ 


ထို့နောက် သူတို့လည်း ရှန်ဟိုင်းမှပေကျင်းသို့ ပျံသန်းမည့်လေယာဥ်ကို စောင့်နေလိုက်သည်။ 


နှစ်ရက်ခရီးအဖြစ်စီစဥ်ထားခဲ့သည်မှသည့် မစ္စတာမော်ရေးကြောင့် ခြောက်ရက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ လေယာဥ်ပေါ်သို့ တက်မှသာ မြို့တော်သို့ ပြန်ချင်စိတ်များကို ဝေ့ချန်ခံစားလာရသည်။


သို့သော်လည်း မစ္စတာမော်‌ရေးလိုက်ပါလာသည့် လေယာဥ်ပေါ်တွင် သူ့လက်ထောက်က ခေါင်းငုံ့ထား၍ တောင်းပန်လာသည်။ “ဘော့စ်...ကျွန်တော်တို့အပြစ်ပါ...မမလေးလီနာကို သေချာကြည့်မထားမိလိုက်ဘူး”


မစ္စတာမော်ရေးက နားထင်ကိုနှိပ်နယ်လိုက်ရင်း လက်ထောက်ကို လက်ခါပြ၍ ပြောလိုက်သည်။ 


“မင်းသွားလို့ရပြီ...သူ့ကို အလိုလိုက်ခဲ့မိတဲ့ ငါ့အပြစ်တွေပါပဲ” လီနာက ယူအက်စ်ကို ပြန်မသွားချင်ပေ။ ယခုမှ သူမကို တားလျှင်လည်း နောက်ရက်အနည်းငယ်နေလျှင် လေယာဥ်စီး၍ တရုတ်နိုင်ငံသို့ ပြန်ရောက်လာလိမ့်မည်။ တားဆီးရန်နည်းလမ်းမရှိချေ။ လီနာ့ကို တရုတ်နိုင်ငံတွင်ခဏလောက် လွှတ်ထားလိုက်မည်။ တစ်ယောက်ယောက်ကတော့ သူမကို အိမ်ပြန်ချင်အောင်လုပ်ကောင်းလုပ်နိုင်လိမ့်မည်။ 


ဘဝကများစွာသော တိုက်ဆိုင်မှုများဖြင့် ပြည့်နေ၏။ လီနာက သူမအဖေလက်ထဲမှ လွတ်သွားသည်နှင့် ချက်ချင်း ရှန်ဟိုင်းမှပေကျင်းသည့်ပျံသန်းသည့် ဝေ့ချန်နှင့် လေယာဥ်တစ်ခုတည်း၏ လက်မှတ်ကိုဝယ်လိုက်သည်။ 


ထို့ကြောင့် ထိုအခိုက်အတန့်တွင် လီနာက သူ့အရှေ့တွင် ပေါ်လာသည်ကို ဝေ့ချန်မြင်သောအခါ မနေနိုင်ဘဲ စိတ်ညစ်သွားသည်။ 


“ရှင်က ဝေ့ချန်ဟုတ်တယ်မလား” လီနာက သူ၏နူးညံ့သည့်လက်လေးကို ဝေ့ချန်ထံ ဆန့်ပေးလာသည်။ သူမ၏အကြည့်များက ဝေ့ချန်အပေါ်တွင်ရှိနေဆဲဖြစ်၏။ 


“ကျွန်မက လီနာပါ” စောစောက ဟိုတယ်တွင် ရှိနေစဥ် လီနာနှင့် နီးနီးကပ်ကပ်ရှိနေချိန်၌ သူမ၏ရေမွှေးအနံ့က ဖျော့တော့သော်လည်း သတိထားမိစေသည်။ သို့သော်လည်း ယခုတွင်တော့ လီနာရောက်လာသည်နှင့် သူမ၏‌‌ရေမွှေးနံ့က သူတို့၏ အာရုံခံအကြောများကို တိုက်ခိုက်လာလေသည်။ 


ချန်လီ မနေနိုင်ဘဲ ကျယ်လောင်စွာနှာချေလိုက်ပြီး မျက်နှာကို ဝေ့ချန်၏ လည်ပင်းဆီသို့ မြှုပ်နှံထားလိုက်သည်။ ဝေ့ချန်၏ ရင်းနှီးပြီးစိတ်လုံခြုံမှုပေးသည့် ရနံ့လေးကို အားပြု၍ သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် သက်သာအောင် ပြုလုပ်နေလိုက်သည်။


“အားနာပေမယ့် အနောက်ကိုဆုတ်ပေးလို့ရမလား” ဝေ့ချန်က ချန်လီကိုထွေးပွေ့လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။


 “မင်းဆီက အနံ့တွေက ငါ့ကိုအန်စေချင်နေတယ်”


လီနာ၏အပြုံးမှာ တောင့်ခဲသွားရသည်။ ဝေ့ချန်ကဲ့သို့ ယဥ်ကျေးမှုမရှိသည့်လူမျိုးကို သူမ ပထမဆုံး ကြုံတွေ့ဖူးခြင်းဖြစ်သည်။ ဝေ့ဟွားက သူမကို အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့သော်လည်း အမြဲတမ်း ယဥ်ယဥ်ကျေးကျေးရှိသည်။ ယခု သူမအရှေ့ရှိလူကသာ ယဥ်ကျေးမှုမရှိဘဲ ချက်ချင်း ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ 


အန်ချင်တယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....။ သူမ ဒီနေ့စွတ်လာတဲ့ ရေမွှေးက နိုင်ငံတကာလူသိများတံဆိပ်ဖြစ်ပြီး အမွှေးရနံ့တင်မက တခြားသက်ရောက်မှုတွေပါ ရှိတဲ့ရေမွှေးပဲကို။ ဘယ်လိုလုပ်အန်ချင်ရတာလဲ...။


လီနာ၏ အမူအရာများက ရုတ်တရက် ဝမ်းနည်းနေသည့်ပုံစံပြောင်းသွားကာ သူ့စကားများကို မကြားသည့်အလား ဝေ့ချန်ကို သနားကမားပုံစံ‌လေးဖြင့် ကြည့်လာသည်။ 


လီနာထွက်မသွားသည်ကိုကြည့်ရင်း ဝေ့ချန် သူမကို လျစ်လျူရှုနေလိုက်သည်။ သူက ချန်လီကို ထွေးပွေ့ထားကာ ချန်လီ သက်တောင့်သက်သာရှိစေရန် ခန္ဓာကိုယ်ကိုအနေအထားပြင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်၍ တ‌ရေးအိပ်နေဟန်ဆောင်လိုက်သည်။ 


ပထမတန်းစားအခန်းထဲတွင် ထိုင်ခုံအနည်းငယ်သာရှိနေသော်လည်း အခြားခရီးသည်များ ရှိနေသေးသည်။ လီနာက ရပ်မြဲအတိုင်းရပ်နေသည်ကိုမြင်သောအခါ မနေနိုင်ဘဲ အတင်းအဖျင်းများ စပြောကြ‌တော့သည်။ 


လီနာက သူတို့ပြောနေသည်များကို နားမလည်သော်လည်း သူမတွင် မာနတော့ရှိသေးသည်။ သူမက ခြေဆောင့်လိုက်ပြီး သူမ၏ထိုင်ခုံသို့ ပြန်သွားလိုက်၏။


သူမထိုင်ခုံဘေးတွင်ထိုင်သည့် အရပ်ရှည်ရှည်ထွားထွားနိုင်ငံခြားသားတစ်ဦးက သူမနှင့် စကားစရန် ကြိုးစားလာလေသည်။ စကားပြောကြရင်းနှင့် သူတို့က တစ်နိုင်ငံသားတည်းဖြစ်ကြောင်း သိလိုက်ရသည်။


ထိုအကြောင်းကိုပြောနေရင်း လီနာက သူ့ကို ခေါင်းမှခြေအဆုံးကြည့်လိုက်၏။ သူ၏ကိုယ်ထည်ကရော၊ အပြုအမူများရောက သူမ၏အကြိုက်များနှင့် ကိုက်ညီသည်။ သူမက ဝေ့ချန်နှင့်တွေ့ကြုံခဲ့ရသည့် ကသိကအောက်ဖြစ်မှုများကို မေ့လျော့သွားကာ သူမဘေးတွင်ထိုင်နေသည့် နိုင်ငံခြားသားနှင့် ပရောပရည် စလုပ်လိုက်သည်။ 


သူမနှင့်တစ်နိုင်ငံတည်းသားလူက သူမ၏ဆွဲဆောင်မှုများတွင် စိတ်ဝင်စားနေကြောင်းမြင်ရသည့်အခါ လီနာ ထပ်မစောင့်နိုင်တော့ချေ။ သူမက နှုတ်ခမ်းနီနီကို လျှာဖြင့်သပ်လိုက်ရင်း လေယာဥ်ဆိုက်သည်ကိုပင် မစောင့်တော့ဘဲ ထိုလူအား သန့်စင်ခန်းထဲသို့ ခေါ်သွားတော့သည်။ 


သူမက မစ္စတာမော်ရေး၏ ချုပ်နှောင်ခြင်းခံထားရသောကြောင့် ယခုက တင်းမာနေသည်များကို ပြေလျှော့ရမည်အချိန်ဖြစ်သည်။ 


ထိုလူကတော့ လီနာ၏ ရဲတင်းမှုကြောင့် အံ့ဩသွားရသည်။ သူတို့နိုင်ငံမှ ဤမိန်းမလှလေးက ဆွဲဆောင်ရန် လွယ်ကူလိမ့်မည်ဟု သူထင်မထားခဲ့ချေ။ သူတို့၏ စကားဝိုင်းက အနည်းငယ် ကြာဦးမည်ဟု ထင်ခဲ့တာဖြစ်သည်။ 


ဝေ့ချန်အတွက်ကတော့ လီနာဖြစ်ပျက်နေသည်များကို အာရုံမစိုက်ချေ။ ချန်လီက အိပ်ပျော်သွားပြီဖြစ်ပြီး ဝေ့ချန်က လေယာဥ်မယ်လေးကို စောင်တောင်း၍ ချန်လီကိုခြုံပေးလိုက်သည်။ မထိန်းချုပ်နိုင်တော့ဘဲ သူ ချန်လီ၏ နှုတ်ခမ်းများကို နမ်းလိုက်သေး၏။ အိပ်နေရင်းနှင့် ချန်လီက အရသာရှိသည့်တစ်ခုခုကို စားနေသကဲ့သို့ နှုတ်ခမ်းကို လျှာဖြင့် သပ်လာလေသည်။ ဝေ့ချန်၏ အကြည့်များက ချက်ချင်း နူးညံ့သွားရတော့၏။




💘