Chapter 136
Viewers 11k

🥰 Chapter 136 ✅


မင်လျိုရီက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသော်လည်း ယောင်ကျိကျိုး၏ရှင်းပြချက်ကို စောင့်နေဆဲဖြစ်သည်။ သို့သော် အချိန်အတော်ကြာသည်အထိ ယောင်ကျိကျိုးက ရှင်းပြမည့်အရိပ်အယောင် မပေါ်လာပေ။


မင်လျိုရီမှာ အချိန်နှင့်အမျှပို၍ဝမ်းနည်းလာတော့သည်။ သူမက ဖုန်းကိုထုတ်၍ ယိုလင်လင်ကို မက်ဆေ့ချ်ပို့လိုက်သည်။ 


[လင်လင်...ငါ့ယောက်ျားမှာ အငယ်အနှောင်းရှိနေတယ်... ငါဘာလုပ်သင့်လဲ]


ယိုလင်လင်က မက်ဆေ့ချ်ကိုမြင်သောအခါ အံ့ဩသွားပြီး ချက်ချင်းစာပြန်လာသည်။ 


[ဘာ...မဖြစ်နိုင်ဘူးလေ...နင်မှားများမှားသလား]


မင်လျိုရီက အတိအကျ စာပြန်လိုက်သည်။ 


[မမှားနိုင်ဘူး... သူ့မျက်နှာပေါ်မှာ နှုတ်ခမ်းနီရာရှိနေတယ်]


ယိုလင်လင်က သူ့ညီအစ်မ သေချာနေသည်ကို တွေ့သောအခါ ဒေါသထွက်လာတော့သည်။


[မကောင်းတဲ့အကောင်ကတော့...ငါသူ့ကို ခွင့်မလွတ်နိုင်ဘူး... တစ်ခါတည်းဆိုရင်တောင်မှ တော်တော်များနေပြီ... ငါ့ကိုစောင့်နေ...ငါနင့်ကိုလာခေါ်မယ်... ဒီည ငါ့အိမ်မှာလာနေလိုက်]


...


သူတို့ ဗီလာသို့ပြန်ရောက်လာချိန်တွင် မင်လျိုရီက ပထမဆုံးအကြိမ်အဖြစ် ယောင်ကျိကျိုးကို လျစ်လျူရှုနေလိုက်သည်။ သူမက ချက်ချင်းကားထဲမှထွက်၍ ဗီလာထဲသို့လျင်မြန်စွာဝင်သွားတော့သည်။ 


ရှောင်ဖန်း ချက်ချင်း ‌ပြောလိုက်သည်။


"မဒမ်...အရင်စားလိုက်ပါလား”


မင်လျိုရီအော်လိုက်၏။


"မစားချင်ဘူး”


ထို့နောက် သူမက အပေါ်ထပ်သို့လျင်မြန်စွာ တက်သွားတော့သည်။ 


ရှောင်ဖန်းက တံခါးဝတွင်ရပ်နေကာ သခင်လေးအလာကို စောင့်နေလိုက်သည်။ သူဝင်လာလာချင်း ရှောင်ဖန်းက သူ့မျက်နှာပေါ်မှ နှုတ်ခမ်းနီရာကို တွေ့လိုက်သည်။ ဗီလာသို့ပြန်ရောက်လာချိန်တွင် ဖြစ်နေသည့် မဒမ်၏အပြုအမူကို သူမပြန်တွေးရင်း ရှောင်ဖန်း ဘာမှမပြောရဲတော့ပေ။


ယောင်ကျိကျိုးက စားပွဲသို့လျှောက်သွားလိုက်သည်။ မင်လျိုရီက ထိုနေရာတွင် ရှိမနေပေ။သူမေးလိုက်၏။ 


“ငါ့မိန်းမဘယ်သွားလဲ”


“မဒမ်က မစားချင်ဘူးလို့ ပြောပါတယ်”


ရှောင်ဖန်းက အနည်းငယ် ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။


"သူမ အပေါ်ထပ်ကို တက်သွားပါတယ်”


ရှောင်ဖန်း စကားပြောအပြီးချိန်တွင် ယိုလင်လင်က တံခါးဝသို့ရောက်လာကာ ကြုံးဝါးတော့သည်။


"မကောင်းတဲ့အကောင်...ထွက်လာခဲ့စမ်း... ငါတို့လျိုရီအပေါ် ဘယ်လိုတောင် ဖောက်ပြန်ရဲတာလဲ... ကျွန်မ ရှင့်ရဲ့အိမ်ကို တစ်စစီဖျက်ဆီးပစ်မယ်”


ယိုလင်လင်က မင်လျိုရီသို့ အကြိမ်အနည်းငယ်ရောက်ဖူးသောကြောင့် လုံခြုံရေးများက သူမမှာ မဒမ်၏အချစ်ဆုံးသူငယ်ချင်းဖြစ်ကြောင်းသိကြသည်။ မည်သူကမှ သူမကို မတားရဲကြပေ။


ယောင်ကျိကျိုးက ဆူညံသံများကြောင့် ဝှီးချဲဖြင့် ထွက်လာလိုက်သည်။ သူက အနောက်တိုင်းဝတ်စုံကို ဝတ်ထားဆဲဖြစ်သည်။ သူ့မျက်လုံးများကတော့ ‌အောက်သို့ငုံ့နေကာ ပြင်းထန်သည့်အငွေ့အသက်များကို ထုတ်လွှင့်နေသည်။


ယိုလင်လင်က တင်စီးနေသော်လည်း ယောင်ကျိကျိုးကို မြင်သည့်အချိန်တွင် ချက်ချင်း ငြိမ်ကုပ်သွားသည်။ 


ယိုလင်လင်က ယောင်ကျိကျိုး၏မျက်နှာကိုကြည့်လိုက်သည်။ သေချာတာကတော့ နှုတ်ခမ်းနီရာရှိနေသည်ပင်။ ယိုလင်လင်၏ဒေါသများ နောက်တစ်ကြိမ်ထကြွလာပြီး ကြုံးဝါးပြန်သည်။


"အတင့်ရဲနေတယ်ပေါ့လေ... ကျွန်မရှင့်ကို မှားပြီးအကဲဖြတ်ခဲ့တာပဲ... လျိုရီကတော့ ရှင့်ကိုအချိန်အကြာကြီး ပြုစုစောင့်ရှောက်လိုက်ရတာ... ရှင်ကတော့ နိုးလာတာဖြင့် မကြာသေးဘူး အပြင်မှာ ရမ်းကားနေပြီပေါ့လေ”


“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”


ယောင်ကျိုကျိုး ခေါင်းရှုပ်စွာဖြင့် မေးလိုက်သည်။ 


ယိုလင်လင်က ဖုန်းထုတ်၍ ‌ယောင်ကျိကျိုး၏မျက်နှာကို ဓာတ်ပုံရိုက်လိုက်သည်။ ဒါက သက်သေပင်။ သူမတွင် ပြောစရာများစွာ ရှိနေသော်လည်း အပြင်သို့ ထုတ်မပြောလိုက်ပေ။


ယိုလင်လင်က ဓာတ်ပုံရိုက်ပြီးနောက် အပေါ်ထပ်သို လျင်မြန်စွာ တက်သွားလိုက်သည်။ ယိုလင်လင် အော်လိုက်သည်။


"လျိုရီ...ငါနဲ့လိုက်ခဲ့”


မင်လျိုရီသည် အသံကြားသောကြောင့် အခန်းထဲမှ ထွက်လာသည်။ သူမက ယိုလင်လင်ကို ‌ပြေး၍ပွေ့ဖက်လိုက်သည်။ 


ယောင်ကျိကျိုး၏မျက်နှာက ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။ ယိုလင်လင်က မင်လျိုရီအား အောက်ထပ်သို့ခေါ်လာချိန်တွင် ယောင်ကျိကျိုး၏ တည်ငြိမ်နေသည့်မျက်နှာကိုတွေ့သောအခါ ပြောလိုက်သည်။


"ရှင်းပြချင်တာ တစ်ခုခုများရှိလား"


“ငါဘာမှမှားတာလုပ်မထားဘူးလေ”


ယောင်ကျိကျိုးက ပဟေဠိဖြစ်နေရင်း ပြောလိုက်သည်။ 


ယိုလင်လင်က မင်လျိုရီကိုခေါ်၍ထွက်သွားချင်နေပြီဖြစ်သည်။ ထိုအချိန်တွင် ယောင်ကျိကျိုး၏အမူအရာ ပြောင်းလဲသွားသည်။


"လျိုရီ...ထွက်သွားမလို့လား"


ယောင်ကျိကျိုးက ကြောက်ရွံ့စိတ်များဖြင့် မေးလိုက်သည်။ 


မင်လျိုရီက ရပ်လိုက်ပြီး ယောင်ကျိကျိုကို ကြည့်လိုက်သည်။ သူမကပြောလိုက်၏။


"ရှင် တခြားတစ်ယောက်‌ယောက်ကို တွေ့နေပြီပဲ... ကျွန်မကို မလိုတော့ဘူးလေ”


“မင်းကိုယ့်ကို မယုံသေးဘူးလား”


ယောင်ကျိကျိုး မေးလိုက်သည်။ 


ယိုလင်လင် မနေနိုင်ဘဲ ပြောလာသည်။


"အသုံးဝင်မယ့်စကား ဘာလို့တစ်ခွန်းမှဟမလာတာလဲ... အဓိပ္ပာယ်မရှိတာတွေ လုပ်မနေနဲ့... ရှင့်မျက်နှာပေါ်က နှုတ်ခမ်းနီရာက ရှင်းနေတာပဲ... ဘာပြောချင်သေးလဲ”


“တစ်ယောက်ယောက်ကို မစွပ်စွဲခင် သေချာစစ်ဆေးသင့်တာမဟုတ်ဘူးလား... လျိုရီ...သေချာကြည့်ပါဦး”


ယိုလင်လင်က စိတ်ဆိုးဆိုးဖြင့် ပြောလာသည်။ 


“အား...ကျွန်မက ဒေါသကြီးတယ်နော်... အဲ့ဒါက ရွံစရာကောင်းလို့ ကျွန်မပဲ လျိုရီအစားကြည့်ပေးမယ်” 


ကျောက်ချမ်းပြောစရာမဲ့သွားရသည်။ ရှိနေသည့်သူများထဲတွင် ကျောက်ချမ်းတစ်ယောက်သာ အမှန်တရားကိုသိနေပြီး သူတို့ဘာဖြစ်နေကြသည်ကို နားမလည်နိုင်ဖြစ်နေသည်။ တည်ငြိမ်သည့်ကျောက်ချမ်းက နောက်ဆုံးတွင် ဘာမှမပြောသင့်ဟု တွေးလိုက်သည်။ 


သို့သော်လည်း ထိုအခိုက်တန့်တွင် ကျောက်ချမ်းက ပြိုကွဲလုနီးဖြစ်နေသည့် မိသားစုကိုကယ်တင်ရန် သူကသာ အရေးကြီးသည့် အချိတ်အဆက်ဖြစ်ကြောင်း ယုံကြည်မိသည်။ 


ကျောက်ချမ်းက အရှေ့သို့တိုးလာပြီး ပြောလိုက်သည်။


"ဒီနှုတ်ခမ်းနီရာက မဒမ်ချန်ထားခဲ့တာပါ”


ယိုလင်လင် အံ့ဩသွားသည်။


"ကျောက်ချမ်း...ရှင့်ကို ရိုးသားပြီးတည်ကြည်တဲ့လူကို ကျွန်မအမြဲထင်ခဲ့တာ... အခုကြည့်လိုက်တော့ ရှင်လည်း ဒီမကောင်းတဲ့အကောင်နဲ့ မကွာဘူးပဲ... ရှင်က သူ့ကိုတောင် ကူညီလိုက်သေးတယ်... လျိုရီက သူ့ကိုနမ်းခဲ့လား မနမ်းခဲ့လားဆိုတာကို ဘာလို့မမှတ်မိရမှာလဲ”


ကျောက်ချမ်းတွင် ပြောစရာမရှိတော့ပေ။ ယောင်ကျိကျိုးနှင့် သူ့အားပြုစုသူတို့မှာ တစ်နေ့တွင် တစ်ယောက်ယောက်က သူတို့အား မကောင်းသည့်

အကောင်တွေဟု အခေါ်ခံရမည့်နေ့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ 


ယိုလင်လင်က ယောင်ကျိကျိုး၏မျက်နှာပေါ်မှ နှုတ်ခမ်းနီရာကို သေချာကြည့်လိုက်သည်။ ထို့နောက် မင်လျိုရီ၏ နှုတ်ခမ်းကိုကြည့်လိုက်သည်။ သူမ အတွေးထဲနစ်သွား၏...။


‘ဒီနှုတ်ခမ်းနီရာက တကယ်ပဲ မင်လျိုရီချန်ထားခဲ့တာနဲ့ တူသလိုလိုပဲ’


ယိုလင်လင်က မင်လျိုရီကိုဘေးဘက်သို့ ဆွဲခေါ်သွားပြီး အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။


"လျိုရီ...အဲ့ဒီနှုတ်ခမ်းနီရာက နင့်ဟာဖြစ်မယ့်ပုံပဲ...နင်ကတယ်ပဲ သူ့ကို မနမ်းခဲ့ဘူးလား”



🥰