💘Chapter 177
ခမ်းနားသည့်ထောက်ပံ့မှု
ဝေ့ချန်တို့အား ချန်ခဲ့ပြီးနောက် ဝေ့ဟွားက စားသောက်ဆိုင်အရှေ့၌ပင် တက္ကစီငှား၍ အနီးနားရှိ အမြန်ရထားဘူတာရုံသို့ တန်းမောင်းခိုင်းလိုက်သည်။
ရထားဘူတာရုံသို့ ရောက်သောအခါ ကျသင့်ငွေကိုတောင်မမေးဘဲ ဝေ့ဟွားက အနီရောင် ဘဏ်စာရွက် နှစ်ရွက်ကို ထုတ်ပေးလိုက်ကာ လက်မှတ်ဖြတ်သည့်နေရာသို့ တန်းပြေးသွားတော့သည်။ တက္ကစီထဲတွင် နောက်ထွက်မည့် ရထားအတွက် လက်မှတ်ကြိုဖြတ်ထားခဲ့ပြီးဖြစ်သည်။ ထိုရထားက နောက်နာရီဝက် အတွင်းထွက်မည်ဖြစ်ပြီး မြို့တော်သို့ သုံးနာရီနှင့် ရောက်သွားလိမ့်မည်။ ၎င်းက မြို့တော်သို့ အချိန်တိုတိုနှင့် ရောက်ရန် ဝေ့ဟွားစဥ်းစားနိုင်သည့် အမြန်ဆုံးနည်းလမ်းဖြစ်၏။
ဆယ်မိနစ်ကြာပြီးနောက် လက်မှတ်စစ်ဆေးရေးစတင်လာ၏။ ဝေ့ဟွားက သူ့လက်မှတ်ကိုပင် မရသေးသော်လည်း လက်ထဲတွင် နိုင်ငံသားကတ်ကိုသာ ကိုင်ထားကာ သူ့အရှေ့ရှိ လူတန်းအရှည်ကြီးကို ကြည့်လိုက်သည်။ မျက်ခုံးများက စိတ်မရှည်မှုကြောင့် တွ့န်ချိုးသွားတော့သည်။
“ပီ” ဆိုသည့် အသံမြည်လာသည်။ စိတ်မရှည်မှုကြောင့် ဝေ့ဟွားက အာရုံခံကိရိယာအနားတွင် ရပ်နေမိသည်ထင်သည်။ အနီရောင် သတိပေးမီးရောင်လင်းလာ၏။ ဝေ့ဟွားက စိတ်ညစ်စွာဖြင့် အနောက်သို့ ပြန်ဆုတ်လိုက်ကာ နိုင်ငံသားကတ်ကို အာရုံခံကိရိယာအပေါ်သို့ နောက်တစ်ခါတင်လိုက်သည်။
ဒုတိယတစ်ကြိမ် “ပီ” ဟုမြည်လာပြီးနောက် အစိမ်းရောင်မီးလေးလင်းလာလေသည်။ အလိုအလျောက် ပွင့်သည့် ဂိတ်ကပွင့်သွားကာ ဝေ့ဟွားကို ဖြတ်သွားခွင့်ပြုလာသည်။
ဝေ့ဟွား ပလက်ဖောင်းပေါ်တွင် ရပ်နေချိန်၌ အမြန်ရထားထွက်ခွာရန် ဆယ့်ငါးမိနစ်လိုနေသေးသည်။ ရထားက ပလက်ဖောင်းသို့ပင် ရောက်မလာသေးချေ။
ဝေ့ဟွား နောက်တစ်ကြိမ် လက်ပတ်နာရီကို ကြည့်လိုက်သည်။ မျက်နှာတွင် ခံစားချက် တစ်စုံတစရာ ပြမနေသော်လည်း သူ့လက်ချောင်းက စိတ်ကျဥ်းကြပ်မှုများကြောင့် ဘောင်းဘီကို တဒေါက်ဒေါက် ခေါက်နေမိသည်။
နောက်ဆုံးတွင် အမြန်ရထားက ဘူတာရုံထဲသို့ ရောက်လာခဲ့သည်။ ဝေ့ဟွားက တွဲထဲသို့ တန်းမဝင်ဘဲ ခရီးသည်များ ဆင်းလာသည်ကို စိတ်ရှည်ရှည်နှင့် စောင့်နေလိုက်သည်။ ထိုသို့ လုပ်ပေးလိုက်ခြင်းက သူ့ကို မြို့တော်သို့ မြန်မြန်ရောက်နိုင်သည့်အလား စိတ်ရှည်နေလိုက်၏။
လက်မှတ်ဝယ်နောက်ကျသောကြောင့် ဝေ့ဟွားက ဒုတိယအဆင့်ထိုင်ခုံကိုသာရလိုက်သည်။ ထို့အပြင် ထိုင်ခုံက အလယ်(ဘီ) နေရာတွင်ဖြစ်သောကြောင့် ဘေးနှစ်ဖက်တွင် ခရီးသည်များရှိနေလေသည်။ သို့သော်လည်း ယခုအချိန်တွင် ဝေ့ဟွား ထိုကိစ္စကို စိတ်ပူပန်မနေပေ။ သူက ထိုင်ခုံကိုရှာလိုက်ပြီး ထိုင်လိုက်ကာ မျက်နှာကို ပွတ်လိုက်ရင်း ဖြေးဖြေးချင်း စိတ်ကိုတည်ငြိမ်အောင်ထုပ်လိုက်သည်။ ဘာလို့ အခုလိုတွေဖြစ်ရတာလဲ...။ သူ့အတွေးများက မနေ့ညဆီသို့ ပြန်ရောက်သွား၏။
ဝေ့ဟွားက လီနာဆီမှ ခပ်ခွာခွာနေခဲ့သည်ဟု ဆိုနိုင်သည်။ ယူအက်စ်တွင် နေခဲ့သည့်နှစ်များတွင် လီနာ၏ ထိတ်လန့်ဖွယ်ကောင်းသည့် ပုံစံအမျိုးမျိုးကို နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခဲ့ရသည်။
ထို့ကြောင့် Wရှေးဟောင်းမြို့ဟိုတယ်တွင် လီနာနှင့် တွေ့သောအခါ ဝေ့ဟွား ဆိုးရွားသည့် ခံစားချက်များရခဲ့သည်။ သူ သူမကို ရှောင်ခဲ့၏။ အချို့လူများက သူတို့နှင့် ရှင်းရှင်းလင်းလင်း မနေသရွေ့ လိုက်လံနှောင့်ယှက်ခြင်းများရပ်သွားလိမ့်မည်မဟုတ်ချေ။ လီနာက ထိုကဲ့သို့ လူမျိုးဖြစ်၏။ လီနာသာ သူပြောသည်ကို နားထောင်နိုင်ပါက လွန်ခဲ့သည့် နှစ်များကတည်းက သူ့ကို လိုက်ကပ်တွယ်နေလိမ့်မည်မဟုတ်ပေ။
ညနေစောင်းတွင် ဝေ့ဟွား၊ ကွက်ကီးနှင့် ဘီစကစ်လေးတို့က ညစာအတူစားခဲ့ကြသည်။ ဘီစကစ်လေးက တစ်နေ့လုံး ပင်ပန်းထားသောကြောင့်ဖြစ်နိုင်သည်။ စားနေရင်း တန်းလန်းနှင့်တင် အိပ်ပျော်သွားလေသည်။ သူ့ခေါင်းလေးက ဖြည်းဖြည်းချင်း ငိုက်ကျလာကာ နောက်ဆုံးတွင်ထိုင်ခုံပေါ်၌ ပဲ အိပ်ပျော်သွားလေသည်။
ကွက်ကီးက မကြည့်နိုင်တော့ဘဲ မြန်မြန်စားလိုက်ကာ ဘီစကစ်လေးကို ချီလိုက်သည်။ “ဘီစကစ်လေးကို အိပ်ရာဆီ ခေါ်လိုက်သွားဦးမယ်...စားနှင့်ဦး”
ဝေ့ဟွား ခေါင်းညိတ်လိုက်သည်။ ဘီစက်စလေးက ငိုက်မျဥ်းနေရင်းနှင့်ပင် ဝေ့ဟွားကို နှုတ်ဆက်သွားလိုက်သေးသည်။
ဝေ့ဟွားက ကွက်ကီး၊ ဘီစကစ်လေးနှင့် အပေါ်ထပ်သို့ လိုက်သွားချင်သော်လည်း ကွက်ကီး၏ တစ်ဝက်ကျန်နေသေးသည့် ပန်းကန်ကိုမြင်သောအခါ နည်းနည်းလောက်ထုပ်သွားပြီးမှ အပေါ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ဤ နှောင့်နှေးသွားမှုလေးက လီနာ့ကို ဝေ့ဟွားအား ဖမ်းမိသွားစေခဲ့သည်။
လီနာက ထိုစားသောက်ဆိုင်တွင်ပဲ မစ္စတာမော်ရေးနှင့် ညစာစားနေခဲ့ခြင်းဖြစ်သည်။ ဝေ့ဟွားထလိုက်ချိန်တွင် လီနာ သူ့ကို သတိထားမိသွားခဲ့သည်။
“ဒယ်ဒီ...သမီးရဲ့ မင်းသားလေးကို တွေ့ပြီ” လီနာ၏ မျက်လုံးများက ဝေ့ဟွားကိုကြည့်ရင်း တောက်ပလာခဲ့သည်။ ထို့နောက် သူမလည်း ကျော့ရှင်းစွာနှင့် ထရပ်လိုက်သည်။
မစ္စတာမော်ရေးက မြတ်နိုးစွာဖြင့် ပြုံးလိုက်သည်။
“ဒယ်ဒီ့ကို တစ်ယောက်တည်းထားသွားပြီး သမီးရဲ့ မင်းသားလေးနဲ့ ညစာသွားစားလည်း ကိစ္စမရှိဘူးနော်”
လီနာက မစ္စတာမော်ရေး၏ ပါးပေါ်သို့ အနမ်းခြွေလိုက်ပြီးနောက် ဝိုင်ခွက်ကိုကိုင်ရင်း ဝေ့ဟွားရှိနေသည့် စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
သာယာချိုမြိန်သည့် “ထရီး”ဆိုသည့် အသံက ဝေ့ဟွား အနောက်မှ ထွက်ပေါ်လာကာ သူ့ကိုတောင့်ခဲသွားစေသည်။ မကြားသလို ဟန်ဆောင်ရင်း လှည့်ထွက်သွားတော့မည့်အချိန်တွင် လီနာက သူ့အရှေ့သို့ ရောက်လာလေသည်။
ဝေ့ဟွားက လီနာ၏ ခေါင်းမာမှုကို ကြောက်ရွံ့၏။ သူက လီနာကို ကသိကအောက်ဖြင့် ပြုံးပြရင်း ပြောလိုက်သည်။
“မစ္စမော်ရေး...ကျွန်တော်တောင်းပန်ပါတယ်...ဒါပေမယ့် ကျွန်တော် ကိစ္စတစ်ခု တက်ရောက်ဖို့ ရှိနေသေးလို့ပါ”
လီနာက ဝေ့ဟွား၏ တွန်းကန်နေမှုကို ခံစားမိပုံရသည်။ သူမက အနီရောင်နှုတ်ခမ်းများကို စုဝိုင်းလိုက်ကာ ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။
“ထရီး...ကျွန်မ အခုမှရှင့်ကိုတွေ့တာ...ရှင်က ကျွန်မကိုတောင် စကားမပြောချင်ဘူးပေါ့...ယူအက်စ်မှာ ကျွန်မရှင့်ကို ဘယ်လောက်လွမ်းနေလဲ ရှင်သိရဲ့လား” ပြောပြီးနောက် သူမက ဝေ့ဟွားအနားသို့ ချဥ်းကပ်လာလေသည်။
လီနာက တကယ်လှပပြီး သူမ၏ ချစ်စဖွယ်ကောင်းသည့် စူပုတ်ပုတ်ပုံစံလေးက စွဲမက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဝေ့ဟွားက သူမကို တွန်းကန်နေသောကြောင့် သူမ၏ ဆွဲဆောင်မှုများက သူ့အပေါ်တွင် အချည်းနှီးသာဖြစ်နေသည်။
“မစ္စမော်ရေး...ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်ထိန်းသိမ်းပါ...ကျွန်တော့်ရဲ့ ပါတနာ အထင်လွဲတာတွေ ဖြစ်လာမှာမျိုး ကျွန်တော်မလိုချင်ဘူး” ဝေ့ဟွားက အနောက်သို့ ဆုတ်၍ သူနှင့် လီနာကြားတွင် အကွာအဝေးတစ်ခုထားလိုက်ရင်း ပြောလိုက်သည်။
“ဒီမှာဘယ်လိုအထင်လွဲစရာတွေရှိနေလို့လဲကျွန်မမသိဘူး... ကျွန်မတို့က ဒီအတိုင်း အတန်းဖော် အချင်းချင်း တွေ့တာပဲလေ...မဟုတ်ဘူးလား...ထရီး...ရှင့်ရဲ့ပါတနာက တကယ်ကိုပိုင်ဆိုင်လိုစိတ်ကြီးမားပြီး သံသယများတာပဲ” လီနာက မျက်မှောင်ကြုတ်လိုက်ကာ ဝေ့ဟွား၏ ခြေထောက်နှင့် နီးကပ်သည်အထိကပ်၍ “ပါတနာ” ဆိုသည့် စကားလုံးကို ဖိပြောလိုက်သည်။
ဝေ့ဟွားက လီနာ၏ စကားလုံးများကို သဘောမကျပေ။ သူ့မျက်ခုံးများ တွန့်ချိုးသွားကာ အသံကလည်း ပို၍ အေးစက်သွားတော့သည်။ “ကျွန်တော့်ပါတနာရဲ့ လေးစားယုံကြည်မှုကို ထိန်းသိမ်းဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်...မစ္စမော်ရေး နားလည်ပေးပါ”
လီနာ ခဏလောက် တွန့်ဆုတ်သွားပြီး သူမ၏ဟေဇယ်ရောင်မျက်လုံးများက စူးစမ်းနေပြီး စွဲမက်ဖွယ်ကောင်းသည့် အပြုံးတစ်ခု လှစ်ဟလာ၍ ပြောလိုက်သည်။ “အဲ့လိုဆိုမှတော့ ထရီး...ဒီဝိုင်ကိုတော့ သောက်သွားသင့်တယ်...ဝိုင်လေးတစ်ခွက်ကိုတော့ မကြောက်ဘူးမလား”
ဝေ့ဟွားက လီနာကို ခဏလောက် စူးစိုက်ကြည့်၍ သူမျက်နှာပေါ်မှ မူမမှန်မှုတစ်ခုခုကို စူးစမ်းကြည့်လိုက်သည်။ သို့သော်လည်း လီနာက ပြုံးနေကာ ဝေ့ဟွားကို တစ်စုံတစ်ရာဖမ်းဆုပ်၍ မရနိုင်ဖြစ်စေသည်။
“မသောက်ဘူးလား...ထရီး....ဘယ်အချိန်က ဒီလောက် ကြောက်တတ်သွားတာလဲ” လီနာက ရန်စသည့်နေရာတွင် ကျွမ်းကျွမ်းကျင်ကျင်နှင့် ဆက်ပြောလာလေသည်။
“ကောင်းပြီ...သောက်မယ်” ဝေ့ဟွားက လီနာလက်ထဲမှ ဝိုင်ခွက်ကိုယူ၍ တစ်ကျိုက်တည်းနှင့် သောက်ချလိုက်သည်။
ဤခွက်ကို မသောက်လျှင် လီနာက သူ့ကို သွားခွင့်ပေးလိမ့်မည်မဟုတ်မှန်း သူသိသည်။ ထို့အပြင် ဤကဲ့သို့ လူအများကြီးရှိသည့်နေရာတွင် လီနာက ပြင်းထန်သည့်လုပ်ရပ်များကိုလုပ်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ဝေ့ဟွားက သူနှင့်ပတ်သက်သည့် သူမ၏စိတ်ဓာတ်ခိုင်မာမှုများကို အထင်သေးမိသွားခဲ့သည်။
ဝိုင်က သူ့အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် တစ်ခုခုမှားနေပြီဟု ဝေ့ဟွားခံစားလိုက်ရသည်။ သူက လီနာကို အံ့ဩမှုများဖြင့် ကြည့်လိုက်၏။ လူများဝင်ထွက်နေကြသည့် ဟိုတယ်စားသောက်ဆိုင်တွင် လီနာက ဤကဲ့သို့ လုပ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ချေ။
လီနာက ဖြူစင်သည့် အပြုံးလေး ပြုံးပြလာ၏။ “ထရီး...နေလို့မကောင်းလို့လား...ကျွန်မရှင့်ကို အခန်းဆီ ခေါ်သွားပေးမယ်”
ဝေ့ဟွားက အတွင်းထဲမှ တောက်လောင်နေသည့် ခံစားချက်တစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသော်လည်း လီနာ၏ စကားလုံးများက သူ့ကို ဒေါသထွက်စေသည်။
“ကျုပ်အနားက ထွက်သွား” ထိုအချိန်တွင် ဝေ့ဟွားက သူ၏လူကြီးလူကောင်းဆန်သည့် အမူအရာများကို ထိန်းမထားနိုင်တော့သည်။ သူက လီနာကို လက်တစ်ဖက်တည်းနှင့် တွန့်ထုတ်လိုက်တော့သည်။ ထိုလှုပ်ရှားမှုက စားသောက်ဆိုင်ထဲမှ အခြားလူများ၏ အာရုံကို ဆွဲဆောင်လိုက်လေသည်။ ဝေ့ဟွားက သူတို့ကို စိတ်ထဲတွင် မထားပေ။ သူ့ကိုယ်က ပြင်းထန်စွာ တောက်လောင်နေသည့် မီးတောက်၏ ဝါးမျိုခြင်းကို ခံနေရကာ ခွန်အားများမှာ ချက်ချင်း ကုန်ဆုံးလာခဲ့သည်။ သူက ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားပြီး မျက်လုံးများကနီရဲနေကာ လီနာအား ရန်သူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်နေ၏။
“ထရီး...ကျွန်မရှင့်ကို အခန်းဆီပြန်ပို့ပေးပါရစေ” သို့သော်လည်း လီနာ ခေါင်းမာကာ ဝေ့ဟွားအား အခန်းသို့ ပြန်လိုက်ပို့ရန် ကြိုးစားနေဆဲဖြစ်သည်။
မစ္စတာမော်ရေးက အခြေအနေကို သတိထားမိပြီး ရောက်လာခဲ့သည်။ သူက သူ့သမီးနှင့် ဤလူငယ်လေးကြားမှ အငွေ့အသက်များကို စူးစမ်းကြည့်လိုက်သည်။ ပြဿနာကို သတိထားရန် အချိန်အများကြီး မယူလိုက်ရပေ။ ဤလူငယ်လေးက သူ့သမီးကို ငြင်းဆန်နေသည့်ပုံပင်။
“လီနာ”
လီနာက နောက်တစ်ခါ ချဥ်းကပ်သွားပြီး ထိုလူငယ်လေးကို ကူရန်ပြင်လိုက်သော်လည်း သူ၏ တွန်းထုတ်ခြင်းခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ မစ္စတာမော်ရေးမနေနိုင်တော့ဘဲ အရှေ့သို့ တိုးလာလိုက်သည်။
“ဒယ်ဒီ” လီနာက မစ္စတာမော်ရေးကို ထိတ်လန့်စွာကြည့်လိုက်သော်လည်း ခေါင်းမာစွာနှင့် ပြောလိုက်သည်။
“သမီးရဲ့မင်းသားလေး မူးနေတယ်...သမီး သူ့ကို ကူပေးချင်တယ်”
မစ္စတာမော်ရေးက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမယ့် သူ့ကို ကြည့်ရတာ ကူညီစေချင်တဲ့ပုံမရဘူး”
“သူက မူးနေတာလေ...ဟုတ်တယ်မလား” လီနာက သူမကိုယ်သူမ ကာကွယ်လိုက်သည်။ သူမ မျက်လုံးထဲတွင်တော့ ဝေ့ဟွားက သူမလက်ထဲတွင် ရောက်နေသည့် အသားတစ်တုံးလေးဖြစ်ကာ အလွတ်မခံနိုင်ချေ။
ဝေ့ဟွားက သူ့ကိုယ်ထဲမှ တောက်လောင်နေသည့် မီးတောက်ကို ဖိနှိပ်ရန် ကိုယ့်ကိုကိုယ် ထိန်းချုပ်မှုများက တတ်နိုင်သမျှ ထိန်းနေရသည်။ မျက်လုံးများက သွေးချင်းနီနေကာ လက်မှ သွေးကြောများကလည်း ထောင်ထနေပြီး ပေါက်ကွဲထွက်မလို ဖြစ်နေတော့သည်။
မစ္စတာမော်ရေးက တစ်ခုခုမူမမှန်ကြောင်း သတိထားမိသွားသည်။ သူက လီနာနှင့် ဝေ့ဟွားကြားသို့ ဝင်လိုက်ပြီး စိုးရိမ်မှုများဖြင့် မေးလိုက်သည်။
“ဒီမှာ...အဆင်ပြေရဲ့လား...လူနာတင်ယာဥ်ခေါ်ပေးရမလား”
ဝေ့ဟွားက ခေါင်းခါ၍ ဘွင်းဘွင်းရှင်းရှင်းသာ ထုတ်ပြောလိုက်သည်။
“ခင်ဗျားရဲ့သမီးကို ဂရုစိုက်တာကသာ ကျုပ်အတွက် အကောင်းဆုံးလုပ်ပေးနိုင်တာပဲ” တုန်ယင်နေသည့် လက်ဖြင့် သူက အိတ်ထဲမှ ဖုန်းကိုထုတ်၍ ကွက်ကီး၏ နံပါတ်ကို ခေါ်လိုက်သည်။
ဖုန်းက ခဏလောက် မြည်နေပြီးမှ ဖြေလာခဲ့သည်။ ကွက်ကီးက ဘီစကစ်လေးကို သိပ်ရင်းနှင့် အလုပ်ရှုပ်နေလေသည်။
“ဟယ်လို...ဘာလဲ...မြန်မြန်ပြော” ကွက်ကီးက စိတ်မရှည်မှုများကို လွှတ်ထုတ်လိုက်သည်။
“ရှောင်ချီချီ...” ဝေ့ဟွား၏အသံက တစ်ခုခုနှင့် ရုန်းကန်နေရသကဲ့သို့ ခပ်နိမ့်နိမ့်နှင့် အက်ရှနေသည်။
ဝေ့ဟွား၏အသံမှ တစ်ခုခုမှားနေကြောင်း ကွက်ကီးသတိထားမိလိုက်သည်။ စိုးရိမ်မှုများ ကြီးစိုးသွား၍ ခံစားချက်များ ရောပြွမ်းဝင်ရောက်လာခဲ့သည်။
“ဝေ့ဟွား...ဘာဖြစ်လို့လဲ...မင်းဘယ်မှာလဲ”
“ကိုယ်...စားသောက်ဆိုင်မှာပဲ...ကိုယ့်ကို....လာခေါ်ပေးပါလား” ဝေ့ဟွား၏ စကားလုံးများက ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ အသိစိတ်များက ဝေဝါးလာတော့သည်။
ကွက်ကီးက တစ်စက္ကန့်ပင် အချိန်မဖြုန်းချင်တော့ပေ။ သူက အခန်းသော့ကိုယူ၍ အမြန်ပြေးထွက်လာခဲ့လိုက်သည်။
ကွက်ကီးစားသောက်ဆိုင်သို့ ရောက်လာသည့်အချိန်တွင် လူအုပ်ကြီးကိုတွေ့လိုက်ရသည်။ လူများကို တိုးဝှေ့သွားရင်း ဝေဟွားက မျက်နှာနီရဲနေပြီး ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဖုန်းချလိုက်သည်မှ စားသောက်ဆိုင်သို့ရောက်လာရန် လေးမိနစ်လောက်သာ အချိန်ပေးရသော်လည်း ကွက်ကီး မောပန်းနေပြီဖြစ်သည်။
သို့သော်လည်း သူ အသက်သေချာရှူရန် အချိန်မရှိချေ။ သူက လျင်မြန်စွာနှင့် ဝေ့ဟွားဆီသို့ သွားလိုက်သည်။ ဝေ့ဟွား၏ အသားကိုထိလိုက်သည်နှင့် ထုတ်လွှတ်နေသည့် အပူငွေ့များကို သူခံစားရနိုင်သည်။
“ဝေ့ဟွား…ဘာဖြစ်လို့လဲ” ကွက်ကီးက စိုးရိမ်တကြီးနှင့် မေးလိုက်သောကြောင့် အသံက အလျင်လိုနေသည်။
“ရှောင်ချီချီ…ရောက်လာပြီလား” ဝေ့ဟွား၏ တောင့်တင်းနေသည့် အမူအရာက ကွက်ကီးကို မြင်ပြီးနောက် ပြေလျော့သွားတော့သည်။ သူက ကိုယ်ကိုယိမ်းကာ ထရန်ပြင်လိုက်၏။
ကွက်ကီးက ဝေ့ဟွားကို ကူညီပေးရန် တုံ့ဆိုင်းမှုမရှိဘဲ အမြန်လာလိုက်သည်။ “မင်းကို ဆေးရုံဆီခေါ်သွားပေးမယ်”
“မလိုဘူး” ဝေ့ဟွားကချက်ချင်း ငြင်းဆန်လိုက်ကာ ကွက်ကီး၏နားထဲသို့ တီးတိုးပြောလိုက်သည်။ “ကိုယ် ဆေးခတ်ခံထားရတယ်…အခန်းကိုပြန်ပြီး ရေအေးချိုးဖို့ ကိုယ့်ကိုကူပေးရင်ရပြီ”
ကွက်ကီး၏ မျက်နှာက ချက်ချင်း နီရဲသွားသော်လည်း တိုးတိတ်စွာဖြင့် တုံ့ပြန်လိုက်နိုင်သည်။ “ကောင်းပြီ”
ကွက်ကီးက ဝေ့ဟွားကို တွဲ၍ ထိပ်ဆုံးအထပ်သို့ ခေါ်သွားပေးလိုက်သည်။ သို့သော်လည်း လီနာက ဝေ့ဟွားကို ထွက်သွားခွင့်မပြုပေ။ သူက သူတို့သွားသည့်လမ်းတွင် ဝင်တား၍ ပြောလာသည်။
“နင် သူ့ကို ခေါ်သွားလို့မရဘူး…သူက ငါ့အတွက်ပဲ”
မစ္စတာမော်ရေးက ပြဿနာမဖြစ်စေချင်သောကြောင့် လီနာကို အနောက်သို့ ပြန်ဆွဲလိုက်သည်။
“ဒယ်ဒီ” လီနာက ဒေါသဖြင့် ခြေထောက်ဆောင့်ရင်း မှန်ကန်နေသည့် အသံဖြင့် ပြောလာသည်။
“သူဘယ်သူလဲ သမီးတို့မသိဘူးလေ…သူက ထရီးကိုခေါ်သွားတော့မှာ…ထရီး တစ်ခုခုဖြစ်သွားခဲ့ရင်ရော”
ကွက်ကီးက သူ့ထက် ခေါင်းတစ်လုံးပိုမြင့်သည့်ဝေ့ဟွားကို တွဲထားရင်း လီနာ၏ စကားများကို ကြားလိုက်သည်။ အကြောင်းအရာအချို့ကြောင့် သူက အခြေအနေကို မှားယွင်းကောက်ယူမိကာ အမေရိကန်အဂ်လိပ်ကျွမ်းကျွမ်းကျင်ကျင်နှင့် လီနာကိုပြောလိုက်၏။
“ငါက သူ့ပါတနာပဲ…စိတ်ပူဖို့ မလိုဘူး” တစ်နည်းဆိုရလျှင် “ဒါက ငါ့ရဲ့ ပါတနာကိစ္စ…မင်းအကြောင်းမပါဘူး” ဟုပြောလိုက်သလိုပင်။
ပြောပြီးနောက် ကွက်ကီးက ဝေ့ဟွားကို တွဲ၍ စားသောက်ဆိုင်ထဲမှ ထွက်သွားလိုက်သည်။
ဝေ့ဟွား၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများက ဆေးကြောင့် ယိုင်နဲ့နေပြီဖြစ်သော်လည်း ကွက်ကီး၏ စကားများက တစ်လုံချင်းစီ ရှင်းရှင်းလင်းလင်းနှင့် သူ့နားထဲသို့ ရောက်လာခဲ့သည်။
ဆေးကြောင့် အခုန်မြန်နေသည့် သူ့နှလုံးသားမှာ ပို၍ အခုန်မြန်လာတော့သည်။ ကွက်ကီးက သူ့ကို ခေါ်ထုတ်သွားရန် ကြိုးစားနေသည်ကို နားလည်သော်လည်း ထိုစကားလုံးများက သူနှလုံးသားကို ခုန်လှုပ်စေသည်။
ကွက်ကီးက သူ့ကိုတွဲရင်း ဓာတ်လှေကားထဲသို့ ဝင်သွားသည့်အခါ ဝေ့ဟွားက ရူးမိုက်စွာဖြင့် ပြုံးလာခဲ့သည်။
“ဘာလို့ အရူးတစ်ယောက်လို ပြုံးနေတာလဲ” ကွက်ကီးက တံတောင်ဖြင့် ဝေ့ဟွားကိုထိုးလိုက်ရင်း ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ဝေ့ဟွားက ပြန်မဖြေဘဲ ရူးမိုက်စွာပြုံးနေဆဲပင်။
“တကယ်ပါပဲ” ကွက်ကီးက အသက်ရှူသံလေးးနှင့် တီးတိုးပြောလိုက်သော်လည်း တာဝန်ကျေပွန်စွာဖြင့် ဝေ့ဟွားအား သူတို့၏ ထိပ်ဆုံးအထပ်ဆီသို့ ပို့ပေးနေဆဲဖြစ်သည်။
“အသံတိုး…ဘီစကစ်လေး အိပ်နေပြီ” အခန်းထဲသို့ ဝင်လာသည့်အခါ ကွက်ကီးက ဝေ့ဟွားကို သတိပေးလိုက်သည်။
ဝေ့ဟွားက ပြန်ဖြေမလာပေ။ အောက်ဖက်မှ ဖုဖောင်းနေသည့်အရာက အနောက်မှသည် ကွက်ကီးကို ပွတ်တိုက်နေ၏။ ၎င်းက ကွက်ကီးက ရှက်သွေးဖြာသွားစေသည်။ သူက လျင်မြန်စွာဖြင့် ဝေ့ဟွားကို ရေချိုးခန်းဆီသို့ ခေါ်သွားလိုက်သည်။
ရေချိုးခန်းထဲသို့ ရောက်သွားသည့်အခါ ကွက်ကီးက ရေပန်းကို ဖွင့်လိုက်သည်။ အေးစက်နေသည့် ရေများက ကျဆင်းလာကာ ဝေ့ဟွားကို စိတ်ဝိညာဥ်ထဲအထိ အေးသွားစေသည်။ ဒါပေမယ့် ဒီရေအေးလေးက သူ့ကိုယ်တွင်းက မီးတောက်ကို ဘယ်လို ငြိမ်းသတ်ပေးနိုင်ပါ့မလဲ…။ သူက ကွက်ကီး၏ တည်ရှိမှုကိုပင် သတိမထားမိတော့ဘဲ ချက်ချင်း ဘောင်းဘီကိုချွတ်၍ ဖြေလျှော့လိုက်သည်။
“ရှောင်ချီချီ…ရှောင်ချီချီ…” ဝေ့ဟွား၏စိတ်ထဲတွင် ကွက်ကီး၏ ပုံရိပ်များဖြင့်ပြည့်နေတော့သည်။ သူတို့ ကိုယ်လက်စပ်ယှက်နေသည့် အတွေးများက မသိစိတ်အရပေါ်လာကာ ကွက်ကီးအမည်ကို ခေါ်စေသည်။
ကွက်ကီးက ဘေးဘက်တွင် ရပ်နေရင်း သွေးထဲမှ အလိုဆန္ဒများကို ခံစားရလာကာ ဝေ့ဟွားဆီမှ အကြည့်မခွာနိုင်ဘဲရှိနေသည်။
ဝေ့ဟွား၏ နာကျင်နေသည့် အမူအရာကို မြင်နေရခြင်းက သူ့နှလုံးသားကို နာကျင်စေသည်။
အကြောင်းအရာအချို့ကြောင့် သူ အပြည့်အဝနားမလည်နိုင်သော်လည်း ပြင်းထန်နေသည့် လေထုကြောင့်သော်လည်းကောင်း ဝေ့ဟွားနာကျင်နေသည်ကို မမြင်ချင်၍သော်လည်းကောင်း ကွက်ကီးက ထင်မှတ်မထားသည့် အပြုအမူကို လုပ်လိုက်တော့သည်။ သူက ခြေဖျားထောက်၍ သူနှုတ်ခမ်းများနှင့် ဝေ့ဟွား၏ နှုတ်ခမ်းများကို ဖိကပ်လိုက်တော့သည်။
ဝေ့ဟွားက တွန့်ဆုတ်နေပြီး ကွက်ကီးကို တွန်းထုတ်ရန်ပြင်လိုက်သော်လည်း သူလက်က ကွက်ကီး၏ အသားကို ထိလိုက်သည်နှင့် အရာအားလုံးက အထိန်းအကွပ်မဲ့သွားတော့သည်။
ဒီအတိုင်းပဲဆက်သွားရအောင်...သူ့ကိုယ်သူတစ်ခါလောက်တော့ ခွင့်ပြုပေးလိုက်မယ်...နောက်ကျ ကွက်ကီးကို ဘယ်လိုမျက်နှာချင်းဆိုင်မလဲဆိုတာကိုတော့ မနက်ဖြန်မှ စဥ်းစားရအောင်...။
ထိုအချိန်တွင် ဖိနှိပ်ထားသည့် အပူငွေ့များအားလုံးက ပေါက်ထွက်လာတော့သည်။ ဝေ့ဟွားက ကွက်ကီး၏ ခေါင်းကိုကိုင်၍ အနမ်းကိုနက်ရှိုင်းလိုက်တော့သည်။
ကျိုးကြောင်းဆင်ခြင်နိုင်မှုဆိုသည့် ကြိုးမျှင်လေးက လုံးဝ ပြတ်တောက်သွားလေသည်။
ရေနွေးငွေ့များက ရေချိုးခန်းထဲတွင် ပျံ့နှံ့လာပြီး ညက မှုန်မှိုင်းကာ တောက်လောင်နေသည့် ညအဖြစ် ပြောင်းလဲသွားလေတော့သည်။
💘