Chapter 81
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈၁)

ဘာဖြစ်တာလဲ။

ဒါက ဘယ်လို သတင်းမျိုးလဲ။

အိုဖီလီယာသည် စိတ်ရှုပ်သွားရသည်ကို ဖုံးကွယ်မထားနိုင်တော့ပေ။သူမ လျင်မြန်စွာဖြင့် သတင်းစာပါ အကြောင်းအရာများကို ကြည့်လိုက်သည်။

[အိမ်ရှေ့စံမင်းသားက နောက်ထပ် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို ထိခဲ့၊ဒါက အဆင်ပြေပါ့မလား]

၎င်းမှာ တမင်တကာ ဆွပေးနေသော ခေါင်းစီးစာသားတစ်ခု ဖြစ်၏။

[အိမ်ရှေ့စံမင်းသားမှာ ကောင့်မြို့စားကတော် ဖလဲရ်နှင့် အချစ်ဇာတ်လမ်း ရှိနေသည်ဟု သတင်းထွက်နေသူ ဖြစ်သည်။

ထို့အပြင် ထပ်၍ သူက မြို့စားကြီးကတော်အိုဖီလီယာနှင့်လည်း ပတ်သက်နေသေး၏။]

ဒါက ဘာကို ဆိုလိုတာလဲ။

အိုဖီလီယာမှာ မှင်တက်နေမိသည့် အနေအထား ဖြစ်နေသည်။

[အိမ်ရှေ့စံမင်းသား၏နန်းတော်သို့ မြို့စားကြီးကတော် အိုဖီလီယာ၏သွားရောက်လည်ပတ်မှုမှာ ပို၍ အကြိမ်ရေများလာရပြီး သူတို့နှစ်ဦးကြားတွင် တစ်မျိုးတစ်ဖုံ ထူးဆန်းစွာ ပလဲပနံသင့်နေကြပေ၏။]

ဘုရားရေ

သူမ တော်ဝင်နန်းတော်သို့ မကြာခဏ သွားမိခြင်းက ပြဿနာဖြစ်သွားရပုံပင်။

အိုဖီလီယာ မျက်မှောင်ကြုတ်လိုက်မိသည်။

[ထိုသို့ ဖြစ်လာသည်ကို ကြည့်ခြင်းဖြင့် အိမ်ရှေ့စံမင်းသား၏ အမျိုးသမီးများနှင့် ပတ်သက်နှီးနွယ်မှုအပေါ် နက်နက်နဲနဲ လေ့လာရန်နှင့် ဤသို့ စောင့်စည်းထိန်းသိမ်းမှု မရှိသောလုပ်ရပ်များတွင် ပါဝင်ပတ်သက်နေသည့် အိမ်ရှေ့စံမင်းသားအား ပြစ်တင်ဝေဖန်ရှုတ်ချရန် လိုအပ်လာရပြီ ဖြစ်သည်။]

ပြစ်တင်ရှုတ်ချသည် အထိ

ကယ်လီယန်ကို လူတကာက အမှန်ပင် မုန်းတီးသွားနိုင်သည်ဟူသော အတွေးဖြင့် အိုဖီလီယာမှာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

ကျန်သောအကြောင်းအရာများမှာ အိုဖီလီယာက အိမ်ရှေ့စံမင်းသား နန်းတော်သို့ ဘယ်လောက်အထိ မကြာခဏ သွားရောက်လည်ပတ်ကြောင်း၊သူတို့ မည်မျှ ရင်းနှီးလာကြောင်းနှင့် အိမ်ရှေ့စံမင်းသားက အိုဖီလီယာ၏ပြောင်းလဲလာမှုအပေါ် မည်သို့ ရှုမြင်ကြောင်း စသည့် စကားလုံးများ ပါဝင်လေသည်။

"ဟူး ..."

အိုဖီလီယာ သက်ပြင်းချလိုက်မိသည်။

သူမ ခေါင်းကိုက်လာရသည်။

သူမ၏ဂုဏ်သတင်းကို မြှင့်တင်နိုင်မည့် အရာအားလုံးကို ကြိုးစားနေခဲ့သော်လည်း ဤသို့ သတင်းတစ်ခု ထွက်ပေါ်လာသည်ကို မယုံနိုင်ခဲ့ပေ။

ယခု ဤသတင်းကို ဖတ်မိသူတိုင်းက အိုဖီလီယာနှင့် ကယ်လီယန်ကြားတွင် အချစ်ဇာတ်လမ်းတစ်ခုခု ရှိနေသည်ဟု သံသယဝင်သွားနိုင်လေသည်။

ထိုအခါ သူမ၏ နာမည်ဂုဏ်သတင်းမှာ အောက်ဆုံးအထိ ပြန်ပြီး ထိုးကျသွားရလိမ့်မည်။

အား ... ငါ့ခေါင်း

အိုဖီလီယာ ခေါင်းယမ်းလိုက်ပြီး နဖူးကို ဖိနှိပ်ထားရသည်။

"ဘယ်သူကများ ဒီလိုသတင်းကို ထုတ်ပြန်လိုက်ရတာလဲ။"

အိုဖီလီယာ၏အော်ဟစ်သံကြောင့် ဆိုဗက်စ်စတာမှာ နှုတ်ခမ်းကို မသိမသာ ကိုက်ထားလိုက်မိသည်။

ထို့နောက် သူ အိုဖီလီယာ၏မျက်ဝန်းများကို ကြည့်လိုက်သည်။

အိုဖီလီယာမှာ အမှန်တကယ်ပင် ဒေါသထွက်နေပုံ ရလေသည်။

သေစမ်းကွာ

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က နေးလ်ပြောခဲ့သည်ကို ပြန်စဥ်းစားရင်း ဆိုဗက်စ်စတာမှာ လူမမိအောင် သက်ပြင်းတိုးတိုးလေး ချလိုက်ရသည်။

<အိမ်ရှေ့စံမင်းသားက နောက်ထပ် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို ထိခဲ့> အဲ့လိုဆို အဆင်ပြေလား ခင်ဗျ။သခင်က သာ ဒီလိုမျိုး ခေါင်းစီးနဲ့သတင်းကို ထုတ်ဝေခဲ့မယ်ဆိုရင် အိမ်ရှေ့စံမင်းသားရဲ့ ဂုဏ်သတင်းကို ကျဆင်းသွားအောင် ကူညီပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။

မဒမ့်ရဲ့ ဂုဏ်သိက္ခာကျဆင်းသွားလေ၊သခင့်အတွက် ပိုကောင်းလေပါ။မဟုတ်ပါဘူးလား။

သူ ပြောသည်ကို အတိုင်းအတာတစ်ခုအထိ ဆိုဗက်စ်စတာ သဘောတူခဲ့သည်။

သို့သော် သတင်း ထုတ်ပြန်ရန် သူ မပြောခဲ့ပေ။

ထိုသတင်းကို မထုတ်ပြန်ရန် သူ့ကို သေသေချာချာ ပြောခဲ့ပါသည်။

အိုဖီလီယာမှာ သူမ၏နာမည်ကို မြှင့်တင်နိုင်ရန် ခက်ခဲစွာ ကြိုးပမ်းနေရသည်ဖြစ်ရာ သူကသာ သူမကို ဆန့်ကျင်သည့် ထိုသတင်းကို ထုတ်ပြန်လိုက်ပါက အကြီးအကျယ် ထိခိုက်သွားမည်မှာ သေချာ၏။

သူက ထိုသို့သာ။

[အိမ်ရှေ့စံမင်းသားက နောက်ထပ် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ကို ထိခဲ့၊ဒါက အဆင်ပြေပါ့မလား]

ငါ ရူးတော့မှာပဲ။

ဆိုဗက်စ်စတာ သက်ပြင်းချရင်း ပါးစပ်အတွင်းသားကို ကိုက်ထားလိုက်မိသည်။

သူ စံအိမ်တော်သို့ ပြန်ရောက်သည်နှင့် နေးလ်ကို အသိစိတ်ဝင်လာအောင် ဆုံးမရတော့မည်။

ဆိုဗက်စ်စတာက ထိုသို့ တွေး၍ အိုဖီလီယာကို ကြည့်လိုက်သည်။

သူမ အလွန် ဒေါသထွက်နေလိမ့်မည်ဟု သူ တွေးမိနေသောကြောင့် ဖြစ်၏။

"အဲ့ဒါ ရှင်ပဲ မဟုတ်လား။"

မျှော်လင့်ထားသည့်အတိုင်း အိုဖီလီယာက သူ့ကို သံသယဖြစ်နေသည်။

"ရှင် ဒီသတင်းကို သတင်းစာထဲ ထည့်လိုက်တာ မဟုတ်လား။"

"ဘာကြောင့် ကိုယ် လုပ်တာပါဆိုပြီး မင်းက ထင်နေရတာလဲ။"

"ရှင့်အမိန့် မပါဘဲနဲ့ ဘယ်သူကများ ဒီလိုသတင်းမျိုးကို ထုတ်ပြန်ရဲမှာ မို့လို့လဲ။"

"..."

သူမ ပြောနေသည်မှာ မှန်ပေ၏။

ထို့ကြောင့် သူ့အပေါ် နားလည်မှုလွဲသည်က သဘာဝကျ၏ဟု ဆိုဗက်စ်စတာ တွေးလိုက်မိသည်။ထိုနားလည်မှုလွဲခြင်းကြောင့် အိုဖီလီယာက သူ့အပေါ် မုန်းတီးသွားခဲ့လျှင်ပင် သူ့မှာ ပြောစရာ စကားမရှိဟုလည်း စဥ်းစားမိသည်။

သို့သော် သူ ဤသို့ အထင်လွဲ မခံချင်ခဲ့ပေ။

ထို့ကြောင့် ဆိုဗက်စ်စတာက ဆင်ခြေပေးသည့်အနေဖြင့် ပြောလိုက်သည်။

"ကိုယ် နေးလ်ကို ဒီလို မလုပ်ဖို့ ပြောခဲ့တယ်။"

"တကယ်လား"

"အင်း၊နေးလ်က ထင်ရာစိုင်းပြီး ဒီသတင်းကို ထုတ်ပြန်ဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်မယ်။"

ဆိုဗက်စ်စတာက ထိုသို့ ပြောလိုက်သည့်တိုင် အိုဖီလီယာက သူ့ကို မယုံကြည်လောက်ဟု ထင်ခဲ့သည်။ယခုမတိုင်ခင်အထိ သူ လုပ်ခဲ့သော ကိစ္စများ ရှိနေသောကြောင့် ဖြစ်၏။

သို့သော် 

"နေးလ်က ဒီလိုဆိုတာ ကျွန်မ မသိခဲ့ဘူး။သူက တကယ်ကို မကောင်းတဲ့လူပဲ။"

ချက်ချင်းပင် အိုဖီလီယာက သူ့စကားများကို ယုံကြည်ခဲ့သည်။

အံ့ဩလောက်စရာပင်။

ဆိုဗက်စ်စတာမှာ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားခဲ့သည်။

"မင်းက ကိုယ့်ကို ယုံလား။"

"အင်း"

အိုဖီလီယာက သူ့စကားများကို နားမလည်နိုင် ဖြစ်နေဟန်ဖြင့် ခေါင်းကို စောင်းငဲ့လိုက်သည်။

"ဒီတော့ ကျွန်မက ရှင့်ကို မယုံကြည်သင့်လို့လား။ရှင် လိမ်ပြောနေတာလား။"

"ကိုယ် မလိမ်ပါဘူး။အဲ့လိုမျိုး မဟုတ်ဘူး။"

ဆိုဗက်စ်စတာက လည်ကုပ်ကို လက်ဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။

"မင်းက ကိုယ့်အပေါ် နည်းနည်းတော့ သံသယဝင်သင့်တယ်လို့ တွေးမိရုံပါပဲ။"

"ကျွန်မက ရှင့်အပေါ် ဘာလို့ သံသယဖြစ်နေရမှာလဲ။ရှင် မလုပ်ဖူးလို့ ပြောတယ်လေ။"

အိုဖီလီယာက အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေသည်။

ဆိုဗက်စ်စတာ၏မျက်လုံးများ ပိုပြူးကျယ်လာရ၏။

အိုဖီလီယာ ထိုသို့ ပြောလာမည်ဟု သူ မသိခဲ့ပေ။

ပြောဖူးသလို သူ လုပ်ထားမိသည့်ကိစ္စက အများကြီး ရှိနေခဲ့သည်။

ထို့ကြောင့် အိုဖီလီယာက သူ့ကို မယုံကြည်ရန် ဆုံးဖြတ်ထားလိမ့်မည်ဟူ၍။

သို့သော် အိုဖီလီယာက ...

သူမက သူ့အပေါ် ယုံကြည်ပုံ ရသည်။

ဆိုဗက်စ်စတာသည် သူ့ကိုယ်သူ သတိမထားမိဘဲ ရင်ဘတ်ပေါ် လက်တင်ထားမိသည်။

"ဒီတော့ ...မင်း ကိုယ့်ကို ယုံကြည်လား။"

အိုဖီလီယာ ခေါင်းကို စောင်းလိုက်မိသည်။

သူမက ဆိုဗက်စ်စတာကို ယုံလား။

မဖြစ်နိုင်တာ

အစကတည်းက အိုဖီလီယာတွင် ဆိုဗက်စ်စတာအပေါ် ယုံကြည်မှု မရှိခဲ့ပေ။ထို့ကြောင့် ယုံကြည်စရာ ဘာအကြောင်းမှ မရှိပါ။

သို့သော် သူက ဤသို့တုန်လှုပ်နေသော မျက်နှာဖြင့် ပြောလာသဖြင့် သူမမှာ ယုံကြည်ပါသည်ဟု ပြောရတော့မလို ခံစားလာရ၏။

အိုဖီလီယာ ခေါင်းခါလိုက်သည်။

"ကောင်းပြီ၊တစ်နည်းနည်းနဲ့တော့ ကျွန်မ ရှင့်ကို ယုံကြည်တယ်လို့ ပြောရမယ်။"

ဆိုဗက်စ်စတာ၏ မျက်ဝန်းများမှာ နူးညံ့သိမ်မွေ့စွာ လှုပ်ခတ်သွားရ၏။

ဆိုဗက်စ်စတာကို ခံစားသွားရအောင် လုပ်နိုင်ခဲ့သည်ဟူသော အတွေးဖြင့် အိုဖီလီယာ ပျော်ရွှင်သွားရသည်။

သူမက နှုတ်ခမ်းများကို အဝိုင်းလေးတစ်ခုသဖွယ် ဆူလိုက်သည်။

"ပြီးတော့ ရှင် ဒီလိုမျိုး သတင်းကို ထည့်ခိုင်းတယ်ဆိုလဲ ကျွန်မ အလွန်အကျွံ ဒေါသထွက်မှာ မဟုတ်ပါဘူး။ကောင်းပြီ၊ ရှင်က ကျွန်မအပေါ် အခွင့်အရေး ယူဖို့ ကြိုးစားနေတာဆိုတာ သိပါတယ်။အတိုင်းအတာ တစ်ခုအထိပေါ့။"

အိုဖီလီယာက ဆက်ပြောသည်။

"ဒါ့အပြင် ဒီနေ့ ရှင် ကျွန်မကို ကူညီပေးသေးတယ်။ဒီတော့ ဒါက စမ် စမ် (쌤쌤) ပေါ့။

[ကိုရီးယား slang တစ်ခုပါ။ 쌤쌤 - အတူတူပဲ၊ကျေသွားပြီနော်၊ဘဲစားဘဲချေပဲ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။]

"စမ် ဆိုတာက ဘာကြီးလဲ။"

"ဒီလိုပဲ တစ်ခုခုပေါ့။"

ဆိုဗက်စ်စတာက ထိုစကားကို တွေးတောနေစဥ် အိုဖီလီယာက လက်ပိုက်၍ ပြောသည်။

"ဘာပဲဖြစ်ဖြစ်ပါ၊ကျွန်မတို့ ပြန်ရောက်ရင် နေးလ်ကို ဆုံးမပေးသင့်တယ်။ရှင် ဒီကိစ္စကို ဒီလိုမျိုးနဲ့ ရပ်မသွားလောက်ဘူးမလား။"

"အင်း"

ဆိုဗက်စ်စတာ ခေါင်းငြိမ့်၍ အိုဖီလီယာကို ကြည့်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်နေသော အိုဖီလီယာမှာ အလွန် စိတ်ညစ်နေပုံ မရပေ။

စောစောက သူမ ဒေါသထွက်နေခဲ့သော်လည်း ယခု စိတ်ပြေသွားပြီဟု ဆိုလို၏။

ထို့ကြောင့် ဆိုဗက်စ်စတာမှာ စိတ်သက်သာရာရသွားပြီး တစ်ဖက်တွင်လည်း အိုဖီလီယာ၏သူ့အပေါ် ယုံကြည်ပေးမှုကြောင့် တုန်လှုပ်သွားမိသည်။

သူ ပိုသိလာလေ၊သူမအပေါ် မနှစ်သက်ပဲ မနေနိုင်တော့လေ ဖြစ်လာသည်ဟု တွေးနေမိ၏။

အန္တရာယ်ရှိသည်။
*
စံအိမ်တော်သို့ ပြန်ရောက်သည်နှင့် ကျွန်မ နေးလ်ကို အလျင်အမြန် လိုက်ရှာမိတော့သည်။

မတိုင်ခင်က ကျွန်မ ပြောခဲ့သလို ကျွန်မတွင် နေးလ်ကို ဖိအားပေးရန် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေခဲ့၏။

"နေးလ် ဘယ်မှာလဲ။"

ရစ်ဗက်က ပြန်ဖြေသည်။

"သူက ရုံးခန်းထဲမှာ ရှိနေမလားဘဲ ဗျ။"

"အိုကေ၊ကျေးဇူး"

ရစ်ဗက်၏စကားကြောင့် ကျွန်မ ရုံးခန်းရှိရာသို့ ခြေဦးလှည့်လိုက်မိသည်။ 

"အာ၊ ဒါပေမဲ့ မဒမ်..."

သို့သော် ရစ်ဗက်က ကျွန်မကို တားဆီးလိုက်သည်။

"မဒမ် အခု ရုံးခန်းထဲကို သွားလို့ မရပါဘူး ခင်ဗျာ။"

ရစ်ဗက်က ပြောရင်း ကျွန်မ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲထားလေသည်။

ငါက ဘာကြောင့် သွားလို့ မရတာလဲ။

ကျွန်မ ခေါင်းကို စောင်းလိုက်မိသည်။

"ဘာလို့လဲ"

"ပန်းချီခန်းထဲမှာ လူတစ်ယောက် ရောက်နေပါတယ် ခင်ဗျ။"

"ဘယ်သူလဲ"

"ကျွန်တော်လဲ မသိပါဘူး။"

"မသိတဲ့ လူတစ်ယောက်ကို အထဲပေးဝင်ခဲ့တာလား။"

"လက်ထောက်က သူ့ကို ခေါ်လာပေးတာပါ။ဒီတော့ အရင်ဆုံး သွားတွေ့လိုက်ပါဦး မဒမ်။"

နင်က ငါ့ကို သွားတွေ့စေချင်တာလား။

ဧည့်သည်က ဘယ်သူဆိုတာ မသိဘဲနဲ့ ငါက သူ့ကို သွားကြည့်ဖို့ ဘာကြောင့် လိုအပ်ရပြန်တာလဲ။

နေးလ်က ရစ်ဗက်ကို မှားယွင်း၍ သင်ကြားထားပုံ ရသည်။

ပထမဆုံး ရစ်ဗက်၏ဦးစားပေးကိစ္စမှာ အပြုအမူများကို သေချာသင်ယူရလိမ့်မည်။

ကျွန်မ ထိုသို့ တွေးရင်း ပန်းချီခန်းရှိရာသို့ ဦးတည်လာခဲ့သည်။

လမ်းထဲတွင် အိုင်ရင်းနှင့် တွေ့သည်။

"အာ ၊မဒမ် ပြန်လာပါပြီလား။"

"အင်း၊ဒါပေမဲ့ ဘယ်သူ ရောက်နေတာလဲ။"

"ရောက်နေတာတော့ အမှန်ပါ၊ဒါပေမဲ့ ဘယ်သူဆိုတာ ကျွန်မလဲ မသိပါဘူး။အဲ့ဒီလူက ခေါင်းဆောင်းပါတဲ့ ဝတ်ရုံကို ဝတ်ထားပါတယ်။"

"ဒီလိုလား"

အိုင်ရင်း ပြောပြသည်ကို နားထောင်ရင်း ရစ်ဗက်က မသိပါဟု ပြောရသည့်အကြောင်းကို ကျွန်မ သဘောပေါက်သွားခဲ့သည်။

ရစ်ဗက်အပေါ် အနိုင်ကျင့်ရန် တွေးမိသည့်အတွက် အားနာမိသွားရ၏။

နောက်ပိုင်းတွင် သူ့အပေါ် ပိုကောင်းပေးရမည်။

"ဆိုဗက်စ်စတာရော၊သူ ပန်းချီခန်းကို သွားတာလား။"

ကျွန်မတို့သည် စံအိမ်တော်၏တံခါးအဝတွင် လမ်းခွဲလာကြသည် ဖြစ်၍ ဆိုဗက်စ်စတာ ဘယ်သွားသည်ကို ကျွန်မ မသိပေ။

ထို့ကြောင့် ကျွန်မ မေးကြည့်လိုက်ရသည်။

"ကျွန်မလဲ မသိပါဘူး၊စောစောကတော့ သခင် ရုံးခန်းဘက်သွားတာကိုတော့ မြင်လိုက်မိပါတယ်။"

အိုင်ရင်းက သူမလည်း မသိဟု ပြောလာသည်။

အင်း

ငါ ဘာလုပ်သင့်လဲ။

ဆိုဗက်စ်စတာကို သွားရှာပြီးမှ ပန်းချီခန်းကို အတူတူ သွားသင့်လား။

ဒါပေမဲ့ ဘယ်သူလဲဆိုတာ ငါ သိချင်နေပြီ။

သိချင်စိတ် ပြင်းပြနေသဖြင့် ကျွန်မဘာသာ တစ်ယောက်တည်း အရင်သွားနှင့်ရန် ဆုံးဖြတ်လိုက်သည်။

"နင် ဆိုဗက်စ်စတာကို တွေ့ရင် ပန်းချီခန်းကို လိုက်လာခဲ့ဖို့ ပြောပေးပါ။"

"ကျွန်မ နားလည်ပါပြီ။"

အိုင်ရင်း၏ကျယ်လောင်သော ပြန်ဖြေသံကို ထားလိုက်ပြီး ပန်းချီခန်း ရှိရာသို့ ကျွန်မ လျှောက်လာလိုက်သည်။

ဒေါက် ဒေါက်

ကျွန်မ တံခါးခေါက်လိုက်သည်။

အထဲတွင် တစ်ယောက်ယောက် ရှိနေသည်ကို ခံစားရ၏။

ဝင်လာရန် ပြောသည့် အသံကို မကြားရသော်လည်း ကျွန်မမှာ အိမ်တော်သခင်မဖြစ်၍ ဝင်ခွင့်တောင်းနေရန် မလိုပေ။

"ကျွန်မ ဝင်လာပြီ။"

ကျွန်မ စကားအနည်းအကျဥ်းပြောပြီးနောက် တံခါးကို ဖွင့်လိုက်သည်။

တံခါး ဖွင့်ပြီးပြီးချင်း မြင်လိုက်ရသည်မှာ ...


TK Team
++++++++