ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၇
တစ်ဖန် လူနာသည် ဂါဝန်အသစ်ချုပ်ရန်အတွက် အလုပ်များနေခဲ့ပြီး သူမ မသိမီခင်မှာပင် နှစ်သစ်ပါတီနေ့က ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမသည် အန်းသန့်စ်ထံ နှစ်သစ်ပါတီတက်မလားဟု စာတစ်စောင်ပေးပို့ခဲ့သော်လည်း အကြောင်းပြန်လာခဲ့ခြင်းမရှိပေ။
နှစ်သစ်ကူးညကစပြီး သူ့ကိုမတွေ့ရသည်မှု ဆယ်ရက်ကျော်သွားပြီဖြစ်သည်။သူမ သူ့ကို ထွက်သွားဖို့ တိုက်တွန်းက တစ်စက်မှမလှုပ်ခဲ့သော်လည်း ယခုတော့ သူမဘက်က လှမ်းခေါ်တာတောင် အစအနလေးပင် မတွေ့ရသေးချေ။
'ကြိုက်ကြိုက် မကြိုက်ကြိုက် အဆင်ပြေတယ်။ တစ်ခုခုတော့ ပြန်တုံ့ပြန်စမ်းပါ။ မွေးနေ့တုန်းက အဖြစ်ပျက်ကြောင့်တော့ မဟုတ်လောက်ပါဘူးနော်...'
သူ့လက်ကို ဆုပ်ကိုင်ပြီး သီချင်းဆိုခဲ့သော ရှက်စရာကောင်းသည့် နေ့ကိုပြန်သတိရမိသွားသည်။ အရက်မူးနေသောသူမနှင့်မတူဘဲ အန်းသန့်စ်သည် တည်ငြိမ်နေကာ စကားများ ခဏတာ ပျောက်ဆုံးသွားခဲ့ပုံရသည်။
'အနည်းဆုံးတော့ တစ်ခုခုပြောသင့်တယ်မလား။အခုတော့ ဘာလို့အဆက်အသွယ်မလုပ်တာလဲ သိချင်နေရပြီလေ'
လူနာ အနည်းငယ်ဝမ်းနည်းနေမိသည်။
အရွယ်ရောက်ခြင်းအခမ်းအနားပါတီနဲ့ မတူဘဲ နှစ်သစ်ပါတီသည် နေ့လယ်ခင်း၌ စတင်ခဲ့သည်။
ထို့ကြောင့် အရုဏ်တက်ချိန်တွင် ထရပြီး မိတ်ကပ်လိမ်း၊ အဝတ်အစားပြင်ဆင်ခဲ့ရတာကြောင့် လူနာသည် မထွက်ခွာမီအထိပင် သူမ၏ ပင်ပန်းနွမ်းနယ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"အာ သခင်မလေး! ဒီလိုမျိုးဆက်လှဲနေအုံးမယ်ဆိုရင် သခင်မလေး ဂါဝန် ပျက်စီးကုန်လိမ့်မယ်နော်!"
"ဒီဂါဝန်က လှဲတာနဲ့ ပျက်စီးသွားတဲ့ ဂါဝန်လား။ ဒါမှမဟုတ် အလှဆင်ပစ္စည်းတစ်ခုခုက ပျက်စီးလွယ်လို့လား"
ယခုပွဲသည် သူမ၏ သာလွန်မှုများကို ကြွားလုံးထုတ်ပြရန် အသင့်တော်ဆုံးအချိန်ဖြစ်နေတာကြောင့် အသေးငယ်ဆုံးလှုပ်ရှားမှုလေးကိုတောင်မှ သတိထားနေရသည်။
သူမသည် ယောက်ျားလေးဝတ်စုံကို ၀တ်ဆင်ချင်သော်လည်း ထိုသို့ပြုလုပ်ပါက ပွဲတို့ဝင်ရောက်ရန် ငြင်းပယ်ခံရနိုင်ရုံတင်မက ရူးသွပ်နေသည်ဟူသော ကောလာဟလများပါ မလွဲမသွေ ပျံ့နှံ့သွားမှာဖြစ်သည်။
'အနာဂတ်ကျ ငါ့စံအိမ်မှာ ပါတီပွဲတစ်ခု ကျင်းပခွင့်ရရင် လူတိုင်းကို ယောက်ျားလေးဝတ်စုံ၀တ်ဖို့ တောင်းဆိုရမယ်။ သူတို့တွေက ဘောင်းဘီတွေက ဘယ်လောက် သက်တောင့်သက်သာရှိလဲဆိုတာ မသိကြဘူး။သူတို့ အံ့သြသွားကြမှာပဲ'
မကြိုက်နိုင်ကြချေ များသော်လည်း ထို၀တ်စုံများကို အများပိုင်နေရာများတွင် ၀တ်ဆင်နိုင်ရင် ပိုကောင်းလိမ့်မည်။
သူမ ထိုသို့တွေးနေချိန်မှာပဲ လော်ရာက လူနာကို အမြန်သွားရန်ဆော်ဩလာခဲ့သည်။
"သခင်မလေး ကျေးဇူးပြုပြီးထပါတော့။ သွားဖို့အချိန် ရောက်နေပြီ!"
"ကောင်းပြီ"
လူနာသည် ဆိုဖာပေါ်ကနေထပြီး မှန်ထဲတွင် သူမကိုယ်သူမ နောက်ဆုံးအကြိမ် စစ်ကြည့်လိုက်သည်။ သူမ၏ ဆူထော်နေခြင်းကလွဲပြီးဂါဝန်မှာ သူ့ဟာနှင့်သူ အရမ်းလှနေသည်။
ဆောင်းရာသီပုံစံဖြစ်သောကြောင့် အရာအားလုံးသည် အဖြူရောင်ဖြစ်နေသည်။ အလွန်ဖြူစုတ်နေပုံပေါက်ခြင်းမှ ရှောင်ရှားရန် သဲစေ့အရွယ်ရှိသော နီလာသေးသေးလေးများနှင့် စိန်များကို ထည့်ချုပ်ထားသည်။
မည်မျှပင်သေးငယ်ပါစေ သူတို့၏ အရေအတွက်မှာ အလွန်များပြားပြီး ချဲ့ကားခြင်းမရှိဘဲ ပေါကြွယ်ဝစွာသုံးခဲ့သည်ဟုပြောနိုင်သည် ။
'အရွယ်ရောက်ခြင်းပါတီပွဲက ဂါဝန်နဲ့ ဒီဂါဝန်.... ငါ ဒါတွေကို အချိန်အကြာကြီး ဝတ်ရမယ်'
လူနာက သူမစိတ်ထဲကို ပြင်ဆင်ပြီး ရထားပေါ်တက်ခါနီးအချိန်မှာပဲ
"အာ! သခင်မလေး! ကျွန်မ တစ်ခုခုမေ့သွားလို့!"
လော်ရာသည် တစ်ခုခု မေ့သွားသည်ဟု ဆိုကာ တစ်နေရာရာသို့ ကမန်းကတန်း ထွက်သွားပြီးနောက် ပြန်ပေါ်လာခဲ့သည်။
"သခင်မလေးရဲ့ ဆံပင်ပေါ်မှာ ရွှေမှုန်လေးတွေ ဖြူးရအုံးမယ်"
လူနာ၏ဆံပင်ပေါ်ဖြူးရန် ရွှေမှုန့်လေးများသွားယူပုံရသည်။
မလိုအပ်ဟုထင်ရသော်လည်း သူတို့သည် ရွှေတွင်းတစ်ခုပိုင်ဆိုင်ထားသောကြောင့် ၎င်းကို ကြွားလုံးထုတ်ရမည်ဖြစ်ကြောင်းပြောကာ သူမ၏ ထင်မြင်ချက်ကို မပြောင်းလဲခဲ့ပေ။
လော်ရာ့ကျေးဇူးကြောင့် လူနာ၏ ခေါင်းမှခြေဖျားထိ မတောက်ပသော နေရာတစ်ခုမျှ မရှိနေပေ။လူနာသည် သူမနဖူးကို ပွတ်သပ်ရင်း မှန်နှင့်မျက်နှာချင်းဆိုင်မိလိုက်ရာ မျက်စိကန်းလုမတတ် ဖြစ်သွားရသည် ။
"မှန်ရှိနေရင် ငါ့ကိုကြိုပြောလေ။ ငါ့မျက်လုံးတွေက အဖိုးတန်တယ်။ ဒီမှာ လေဆာကုထုံးတွေ မရှိဘူး"
"လာစီ...လေဆာ အမ် အဲ့ဒါဘာကြီးလဲ"
"အဲ့ဒါက မျက်စိအမြင်အာရုံချို့တဲ့သွားတာကို ပြန်ကောင်းလာစေဖို့ ကုသတဲ့ အဆင့်မြင့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်တွေပဲ။ တကယ်တော့ ငါလည်း သိပ်မသိဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက အမြင်အာရုံကို တိုးတက်အောင် ကူညီပေးတာပဲ"
"အဲ့လိုမျိုးရှိတာလား။ကျွန်မ နားမလည်ပေမယ့် သခင်မလေး ဘာမှစိတ်မပူနဲ့။ သခင်မလေးက အရမ်း အရမ်းလှတာပဲ။ တကယ်ကို သေချာဝတ်လေလေ ပိုတွေ့ရလေပဲ"
"ဘာတုန်း။နင်အဲ့ဒါကို ထပ်ပြောပြန်ပြီလား။ ငါက မိတ်ကပ်မလိမ်းရင် ကြည့်မကောင်းဘူးပေါ့"
သူမသည် နောက်ဆုံးတစ်ခေါက်တွင် ၎င်းကို ဟာသတစ်ခုဟု ထင်ခဲ့သော်လည်း လော်ရာက ထပ်ပြောလာသည်ကို မြင်လိုက်ရတာကြောင့် ကြည့်ရတာ အဲ့ဒါအမှန်ဖြစ်ပုံရသည်။
လူနာက စိတ်ဆိုးဟန်ဆောင်ပြီး မေးလိုက်ရာ လော်ရာက ဆောလျင်စွာ ငြင်းဆိုလိုက်သည်။
"အိုး! မဟုတ်ဘူး။အဲ့လို လုံးဝမဟုတ်ဘူး!"
ထို့နောက် လူနာက ဆက်လက်မေးမြန်းလာမှာကို စိုးရိမ်သဖြင့် လော်ရာသည် ခေါင်းစဉ် အမြန်ပြောင်းလိုက်သည်။
"ဒါနဲ့ ပြောရရင် စာတစ်စောင် ရောက်လာသေးတယ်။ သခင်မလေး အဝတ်လဲနေတုန်း အစေခံတစ်ယောက်က ယူလာပေးခဲ့တာ။အကုန်လုံးပြင်ဆင်ပြီးသွားရင် သခင်မလေးဆီ ယူလာပေးမလို့ပဲ။ အဲဒါက ပရီးစစ်ဆီကတဲ့။ သခင်မလေး သတ္တုတူးဖော်ဖို့ ပြောထားတဲ့ ကုမ္ပဏီမလား"
"ဟုတ်တယ်။ဒါဆို အခုယူလာပေးလို့ရမလား။ ငါ အင်ပါယာနန်းတော် သွားတဲ့လမ်းမှာ ဖတ်ကြည့်သင့်တယ်"
လော်ရာက ဒီစကားကို စောင့်နေသလိုပဲ စာကို လွှဲပေးလာခဲ့သည်။ လူနာသည် ခါတိုင်းကဲ့သို့ အပတ်စဉ် အစီရင်ခံစာဖြစ်မှာ သေချာသည်ဟုတွေးကာ လှည်းပေါ်တွင် ထိုင်ပြီးနောက် စာကိုဖောက်ဖတ်လိုက်သည်။
"…ဟင်!"
ထို့နောက် သူမ အေးခဲသွားတော့သည်။ သူမ ခဏလောက် တောင့်ခဲသွားတာကြောင့် လော်ရာက ပဟေဠိဖြစ်သလိုခံစားသွားရပြီး လူနာကို လှုပ်ခါကာ မေးလိုက်သည်။
"သခင်မလေး ဘာမှားနေလို့လဲ"
"ရွှေ…ရွှေရှာတွေ့ပြီ…"
လော်ရာသည် လူနာ၏ စကားများကြောင့် မျက်လုံးပြူးသွားခဲ့သည်။
"သခင်မလေး နောက်ဆုံးဝယ်ခဲ့တဲ့ တောင်ကနေလား"
"ဟုတ်တယ်…!"
အဲဒီတောင်ကနေ! ပထမဆုံး တောင်ကနေ လာတာ!
"အိုး ဘုရားရေ...! ဒါဆို အခု သခင်မလေးမှာ ရွှေတွင်းနှစ်တွင်းတောင်ရှိနေပြီပေါ့နော်!"
ဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ကြပေ။ လူနာသည် လော်ရာ၏လက်များကို ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားမှုများကို ခဏလောက် ငြိမ်သက်သွားအောင် လုပ်လိုက်ပြီး ကျန်အချက်အလက်များကို ဆက်ဖတ်ကြည့်လိုက်သည်။
"ကျွန်တော်တို့ ပိုပြီးတွေ့ရအုံးမယ်။ဒါပေမယ့် အခုအချိန်အထိ အလွန်သေးငယ်တဲ့ ပမာဏကိုပဲ ရှာတွေ့တာကြောင့် အမြတ်အစွန်းမရနိုင်လောက်ဘူး။ လေဒီ့ဘက်က ဘယ်လိုထင်ပါလဲ။ ကျွန်တော်တို့ ဆက်ပြီးတူးဖော်သင့်လား"
"သခင်မလေး အမြတ်အစွန်းကဘာလဲဟင်။ တူးဖော်ဖို့ ထိုက်တန်ရဲ့လားလို့ မေးနေတာလား"
"တွေ့ရတဲ့ရွှေပမာဏက တူးဖော်ရတဲ့ကုန်ကျစရိတ်နဲ့ မကာမိဘူးလို့ ဆိုလိုတာ။ လွယ်လွယ်ပြောရရင် ရွှေတစ်ရာကိုရင်းနှီးပြီး ရွှေကိုးဆယ်ပဲ ပြန်ရရှိသလိုမျိုး"
"အာ…!"
ထိုအကြောင်းကြောင့်ပင် ရွှေတွင်းအများစုကို ရပ်ဆိုင်းခဲ့ရသည်။ ရွှေကို ရှာတွေ့သော်လည်း အမြတ်အစွန်းကနည်းလွန်းသည်။
"ဒါဆို ပဲလ်နယ်မြေက ရွှေတွင်းကရော အမြတ်ရပါ့မလား"
"အဲ့ကလား...အဲ့ကဆို အမြတ်အစွန်းရမလား ပြောနေစရာတောင်မလိုဘူး ရွှေတွေက လောင်းချသလိုမျိုးထွက်နေတာလေ"
စာရေးသူက လူနာကို မည်မျှ မကြိုက်မှန်းကို နားလည်နိုင်သည့် များပြားလှသော အခြေအနေဖြစ်သည်။ တစ်စုံတစ်ယောက်က နည်းနည်းလေး တိုးတိုးတိတ်တိတ် လာခိုးသွားရင်တောင်မှ သိသာလောက်သည့်အတိုင်းအတာအထိ အမြတ်ထွက်ပေသည်။
ထို့ကြောင့် လူနာသည် အသစ်ရှာတွေ့သော ရွှေတွင်းကို လက်မလျှော့ဘဲ ဆက်လက်တူးဖော်ရန် ဆုံးဖြတ်လိုက်သည်။
'တစ်နှစ်ကျော်လောက် တူးရရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး'
သာမန်မြို့စားအနွယ်ဝင်တစ်ဦးအတွက် အကျိုးအမြတ်မရှိဘဲ ရွှေလုပ်ငန်း၌ တစ်နှစ်ကျော်မြှုပ်နှံခြင်းက ၎င်းတို့၏ကြွယ်ဝမှုများကို အလဟသဖြစ်စေနိုင်သော်လည်း လူနာကတော့ မတူပေ။
သူမသည် ငွေကိုရေလိုထုတ်ယူနိုင်သော ရွှေတွင်းတစ်ခု ပိုင်ဆိုင်ထားသောကြောင့် ဖြုန်းတီးပစ်ရန် အရင်းအမြစ်များစွာရှိနေသည်။
"ဒါဆို ရွှေတွင်းနှစ်တွင်း ပိုင်ဆိုင်တာက အတည်ဖြစ်သွားပြီလား"
"အင်း...အခု လောလောဆယ်ပေါ့။ တစ်ခုကတော့ သိပ်မသေချာသေးဘူး"
"ဒါပေမယ့် အဲ့မှာရွှေတွေ့တာတော့ အမှန်ပဲမလား! အိုး ဘုရားရေ ရွှေတွင်းနှစ်တွင်းတောင်မှ!"
လူနာသည် အင်ပါယာတွင် အချမ်းသာဆုံးလူဖြစ်လာနိုင်သည်ဟု လော်ရာက ကောက်ချက်ချရင်း အလွန်ပျော်ရွှင်နေခဲ့သည်။
ပမာဏအနည်းငယ်မျှသာ တွေ့ရှိသေး အရှုံးပေးရန် လိုအပ်နိုင်သည့်အချက်ကိုတော့ မေ့ထားလိုက်ပြီဖြစ်သည်။ မိုင်းတွင်းများ၌ ရွှေပမာဏ အနည်းငယ်သာထွက်ခြင်းက အဆန်းမဟုတ်ပေ။
လော်ရာသည် အရာမရောက်သော မျှော်လင့်ချက်များဖြင့် တဖျပ်ဖျပ်ခတ်ဝံ့ကြွားနေချိန်မှာပင် ရထားသည် ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။
ရထားပေါ်မှဆင်းပြီးတော် လော်ရာသည် လှည့်ပတ်ကြည့်ရင်း သူမကိုယ်သူမ ရေရွတ်လိုက်သည်။
"အိုး ဘုရားရေ အင်ပါယာထဲက မြို့စားတွေ အများကြီးပါလား"
လူနာလည်း သဘောတူလိုက်သည်။ယနေ့သည် အင်ပါယာရှိ မြို့စားအနွယ်ဝင်များစုဝေးရာရက် ဖြစ်ကောင်းဖြစ်နိုင်သည်။
ရို့စ်မယ်ရီ၏ဆံပင်သည် ရွှေရောင်ဖြစ်သဖြင့် လူစည်ကားသောခန်းမထဲတွင် သူမကို ရှာရလွယ်ကူစေသောကြောင့် ကံကောင်းပေသည်။
"လေဒီလူနာ!"
"မတွေ့ရတာပြီပဲ"
"တွေ့ရတာ ဝမ်းသာပါတယ်"
ရို့စ်မယ်ရီသည် အဖွဲ့ရှိအခြားအမျိုးသမီးများနှင့်အတူ ရှိနေခဲ့သည်။ နှစ်သစ်ပါတီပွဲဖြစ်တာကြောင့် မိသားစုများနှင့် အတူရှိနေမယ်ဟုထင်သာ်လည်း လူတိုင်းသည် မတွေ့ရတာကြာသော သူငယ်ချင်းများနှင့် အတူနေရခြင်းကို နှစ်သက်ကြသည်။
ရို့စ်မယ်ရီနှင့် မတူဘဲ မတွေ့ရတာကြာပြီဖြစ်သော အမျိုးသမီးများက လူနာကို ဘယ်လိုနေလဲ မေးမြန်းခဲ့ကြသည်။
"ဒီအတောအတွင် အဆင်ပြေရဲ့လား။အိုး ဒါနဲ့ နင့် ဂါဝန်လေးက အရမ်းလှတာပဲ။ ဘယ်ကရတာလဲ"
"ဟင်! အနီးကပ်ကြည့်မှ နင့်ဒီဇိုင်းက လေဒီရို့စ်မယ်ရီရဲ့ဟာနဲ့ တူတာပဲ။အတူတူ ချုပ်ခဲ့ကြတာလား"
"ဟယ် နင့်ဆံပင်ပေါ်မှာ ရွှေမှုန်လေးတွေပါလား။ ဘုရားရေ အရမ်းလှတာပဲ။ အဝေးကနေကြည့်တာတောင် တောက်ပနေတော့ နင်က နတ်သမီးလေးလား ဒါမှမဟုတ် တစ်ခုခုလားလို့ ငါထင်ခဲ့သေးတယ်"
"နောက်တစ်ခါကျ ငါလည်း နင့်လို ငါ့ဆံပင်မှာ ရွှေမှုန့်ဖြူးရမယ်။ အာ ငါ့ဆံပင်က အရောင်ဖျော့တော့ သိပ်မပေါ်လောက်ဘူးထင်တယ်"
လေဒီများသည် အချိန်အကြာကြီး မတွေ့ခဲ့ကြရသောကြောင့် လူနာကို ဝိုင်းထားကြပြီး ချစ်ခင်စိတ်၊ သိချင်စိတ်များ ရောနှောကာ အဆုံးမသတ်နိုင်သောစကားများပြောလာကြသဖြင့် လူနာသည် အနည်းငယ် စိတ်လှုပ်ရှားပြီး ရှက်ကိုးရှက်ကန်း တုံ့ပြန်ခဲ့သည်။
ရို့စ်မယ်ရီက ဒီမြင်ကွင်းကို သဘောကျစွာကြည့်ပြီး လော်ရာကို လှည့်ကြည့်လိုက်သည်။
"လော်ရာ။နင် ဒီနေ့ အရမ်းပျော်နေသလိုပဲ။ဘာလို့လဲ။ သတင်းကောင်းရှိတာလား"
ပုံမှန်အခြေအနေဆို သူမ ဂရုမစိုက်မိမှာမဟုတ်ပေမယ့် ဒီနေ့မှာတော့ လော်ရာ၏ပါးပြင်များက ပန်းရောင်သန်းကာ တောက်နေပြီး နှုတ်ခမ်းများ တွန့်ကွေးနေကာ အရမ်းကို ရွှင်လန်းနေပုံရသည်။
"အမှန်ပဲ!"
"တကယ်လား။ ဘာဖြစ်ခဲ့တာလဲ"
"အဲဒါ စောစောက ရထားပေါ်မှာ ကျွန်မကြားခဲ့ရတဲ့ဟာကြောင့်ပဲ"
လူနာသည် ဤစကားဝိုင်းကို ကြားပါက အတည်မပြုရသေးသောကြောင့် အချိန်မတန်ခင် ထုတ်မပြောသေးရန် ပြောလိမ့်မည်ဖြစ်သော်လည်း လူနာမှာ အခြားအမျိုးသမီးများကို နှုတ်ဆက်ရင်း အလုပ်များနေသောကြောင့် မကြားမိလိုက်ပေ။
"ဘယ်လို…! လေဒီလူနာက ရွှေတွင်းနောက်တစ်ခု ရှာတွေ့တာလား…"
နောက်ဆုံးတော့ အမှန်တရားကို သိသွားခဲ့သည့် ရို့စ်မယ်ရီသည် မကူညီနိုငိဘဲ အော်ပြောလိုက်မိသည်။ ထိုကျေးဇူးကြောင့် အဖွဲ့ဝင်အမျိုးသမီးများသာမက ဘေးနားကဖြတ်သွားသော မြို့စားအနွယ်ဝင်များကပါ သူတို့ကိုအာရုံစိုက်လာခဲ့ကြသည်။
"ဘာကိုဆိုလိုတာလဲ"
"ရွှေတွင်းလား။နောက်ထပ်ရှာတွေ့တာလား"
ထို့ကြောင့်ပင် သူမ၏နဖူးကို ရုတ်ချည်းဖိလိုက်ရသော လူနာသည် ရယ်မောကာ ပါးစပ်ကိုဖွင့်လိုက်သည်။
"ငါတို့ နေရာရွေ့ပြီး စကားပြောကြမလား။ ရထားဥဩဆွဲပေးတဲ့ လေဒီရို့စ်မယ်ရီရဲ့ ကျေးဇူးကြောင့် ငါ မထင်မှတ်ပဲ အာရုံစိုက်စရာ ဗဟိုချက်ဖြစ်နေပြီ"
'ရထားဥဩ' ဟူသော ဝေါဟာရကို သူတို့ နားမလည်နိုင်ကြသော်လည်း အဓိပ္ပါယ်ကို ဖမ်းမိနိုင်ကြသည်။ မိန်းမပျိုလေးများက သဘောတူပြီး ခြေထောက်ကို ဖြည်းညှင်းသွာ ရွှေ့လိုက်ကြသည်။
"ရွှေတွင်းတစ်ခု ရှာတွေ့တာကတော့ အမှန်ပဲ။ ဒါပေမယ့် ပမာဏက အရမ်းနည်းသေးတော့ သေချာသိဖို့ နောက်ထပ်ထပ်တူးဖို့ လိုသေးတယ်"
"အဲ့လိုဆိုရင်တောင်မှ တွေ့ခဲ့မှန်း အတည်ပြုပြီးပြီမလား"
"ဟုတ်တယ်။ဘာပဲဖြစ်ဖြစ် ရွှေတွင်းက ရွှေတွင်းဖြစ်နေဆဲပဲ။အဲ့ဒါက ကောင်းကင်နဲ့ မြေကြီးလိုပဲ!"
"အမှန်ပဲ"
"အိုး ဘုရားရေ! ဒါဆို လေဒီလူနာက ရွှေတွင်းနှစ်ခု ပိုင်တာပေါ့နော်"
"ငါ ဒီလိုမျိုးအရင်က တစ်ခါမှ မကြားဖူးဘူး!"
ကံမကောင်းစွာပဲ အဲဒါက ရွှေတွင်းအစစ်အမှန်ဖြစ်ကြောင်း သိလာချိန်တွင် မိန်းမပျိုလေးများက စိတ်လှုပ်ရှားပြီး အသံကျယ်လာပြန်တော့သည်။
ထို့အတွက်ကြောင့် လူနာသည် နောက်ထပ်ရွှေတွင်းကို ထပ်ရှာတွေ့ကြောင်း ဘေးကမသက်ဆိုင်သူများပင် သိလာခဲ့ကြသည်။
သူမက စင်မြင့်တစ်ခုပေါ်တက်ကာ ကျွန်မရွှေတွင်းထပ်ရှာတွေ့ပါတယ်လို့ ကြေငြာလိုက်သလိုပင်ဖြစ်နေသည်။ ထို့ကြောင့် လူနာသည် မိန်းမပျိုများအား ခန်းမထဲသို့ အမြန်ဝင်ရန် တိုက်တွန်းလိုက်သည်။
"နင့် ဆံပင်ကို ဘာဖြန်းထားတာလဲ။ အဲ့ဒါက တောက်ပနေတော့ ရှာရလွယ်ပေမယ့် အရမ်း မျက်စိဖမ်းစားတာပဲ"
TK Team