ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ဘူး - အခန်း ၆၀
[ကားလ်တွန်က ငါတို့စံအိမ်ကို လာခဲ့တယ်။သူက လေဒီလူနာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးခဲ့ပေမယ့် မှားယွင်းစွပ်စွဲခံရတယ်တဲ့။ ဒါပေါ့ ငါတော့ လေဒီဘက်က အကြောင်းပြချက်ရှိလို့ ဒီလိုလုပ်တာလို့ ထင်တယ်။
ငါ့မိဘတွေကလည်း ဒီလိုပဲထင်ကြတယ်။ သူတို့က နင့်ဆီလာလည်ချင်နေတယ်။ ဇာတ်လမ်းတစ်ခုလုံးကို နားထောင်ပြီး ကိစ္စတွေကို နှစ်ဖက်သားရင်းနှီးပြေလည်အောင် ဖြေရှင်းချင်တယ်တဲ့။အဲ့ဒါကြောင့် နင်ရဲ့ထင်မြင်ချက်ကို မေးဖို့စာရေးလိုက်တာပါ။
နင်သဘောမကျရင် စာတစ်စောင် ပြန်ရေးပေးလိုက်လို့ ရပါတယ်]
စာကို သုံးခါဖတ်ပြီး လူနာသည် နဖူးကို ပွတ်သပ်လိုက်သည်။ ထိုစာသည် ကားလ်တွန်၏ဇာတ်ရှုပ်ကိုဗဟိုပြုထားပြီး ဒါက ဆင်ခြေတစ်ခုအဖြစ် အခိုင်အမာပြောနေပေမယ့် တကယ်တော့ သူတို့က သူမမျက်နှာကို မြင်ချင်ကြရုံသာဖြစ်သည်။
'ပါတီပွဲမှာ ထုတ်ပြောပြီးထဲစ ဒီလိုဖြစ်လာမယ်လို့ မသိရင်မှ ထူးဆန်းနေအုံးမယ်...'
ဒါပေမယ့် လူချင်းတွေ့ကြမယ်လို့ပြောတာကတော့....။ လူချင်းတွေ့ဆုံခြင်းသည် ခြားနားသော ကိစ္စတစ်ခုဖြစ်သည်။
သူတို့နှစ်ယောက်က ဟန်ဆောင်မဟုတ်ဘဲ တကယ့်ချစ်သူတွေဖြစ်ခဲ့ရင်တောင်မှ မိဘတွေနဲ့ တွေ့ဖို့က နည်းနည်းတော့ ကို့ရို့ကားယားဆန်လှသည်။
"နောက်ဆုံးပါတီကြောင့် သခင်လေးအန်းသန့်စ်နဲ့ သခင်မလေးတို့ရဲ့ ဆက်ဆံရေးအကြောင်း သူတို့သိသွားပုံပဲ"
လူနာ၏ ခံစားချက်ကို မသိဘဲ လော်ရာသည် အော်လာ၍ မလိုအပ်ဘဲ စိတ်လှုပ်ရှားနေခဲ့သည်။
"အတော်ပဲ တစ်ခါထဲ သခင်မလေးက ဘယ်လောက်ကောင်းတဲ့လူဖြစ်ကြောင်း သူတို့ကိုပြလိုက်လေ"
"ငါ အဲ့ဒါကို လုပ်ဖို့လိုလို့လား"
လူနာ၏ အေးစက်သော တုံ့ပြန်မှုကြောင့် လော်ရာသည် လေးနက်စွာ ပြန်ဖြေလိုက်သည်။
"ဒါပေါ့ သခင်မလေးရဲ့! နောက်ကျဖြစ်လာမယ့် အိမ်ထောင်ရေးကို တွေးပြီး အမြင်ကောင်းလေးတွေ ချန်ထားခဲ့ဖို့လိုတာပေါ့။ အခုထဲစ စပြင်ဆင်ရမယ်။အဲ့ဒါမရှိရင်တောင်မှ သခင်မလေးလောက်ကောင်းတဲ့လူကို ဘယ်သူမှ ငြင်းမှာမဟုတ်ဘူးဆို သေချာပေမယ့်လို့ပေါ့!"
အိမ်ထောင်ရေးလား.... သူမက အန်းသန့်စ်ကို လက်ထပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။
အဲ့ဒါက အန်းသန့်စ် မဟုတ်ရင်တောင်မှ လူနာတွင် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပေ။ ဖယ်ဆန်ကြောင့် ယောက်ျားများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် ကောင်းကျိုးမရှိမှန်းသိသည်။ တစ်ယောက်တည်း နေတာက ပိုကောင်းပေသည်။
သေချာတာပေါ့ တစ်သက်လုံး တစ်ယောက်တည်းနေတာက နည်းနည်းတော့ အထီးကျန်နေနိုင်ပေမယ့် အခု သူမမှာ အစေခံတွေ အများကြီးရှိနေပြီဖြစ်သည်။
'ဘာပဲဖြစ်ဖြစ် အဲဒါက အခု အရေးမကြီးဘူး။'
ဗင်းဆင့်ဇနီးမောင်နှံ၏ လာရောက်ရန် တောင်းဆိုမှုသည် ကားလ်တွန် ကိစ္စနှင့် ဆက်စပ်နေသည်။
သူက ဘယ်လိုတောင် ပါးစပ်ဖွင့်ဖို့ သတ္တိရှိနေတာလဲ။
ယခုကိစ္စသည် ရိုယာမှ ထိုအချိန်၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို အခြေခံ၍ စာချုပ်ဖျက်သိမ်းရန် တောင်းဆိုသည့် စာရွက်စာတမ်းတစ်ခု ပေးပို့ပြီးနောက်တွင် ဖြစ်လာခဲ့သည်။
'အခု တွေကြတာ ကောင်းတာလည်းဖြစ်နိုင်ပါတယ်လေ'
သက်တောင့်သက်သာမဖြစ်လှပေမယ့်လို့ ရှင်းပြချက်တော့လိုအပ်သည်။ သူမသာ ပါးစပ်ပိတ်ထားမယ်ဆိုရင် အဲ့တစ်ယောက်က မားကွစ်မြို့စားဇနီးမောင်နှံ နောက်မှာကွယ်ပြီး ဒုက္ခဖြစ်စေနိုင်သော လှည့်ကွက်များကို ဖန်တီးလိမ့်မည်ဖြစ်သည်။
'တွေ့ပြီး ရှင်းလိုက်တာက ပိုကောင်းတယ်။ ငါအခုချိန်ထိ တိတ်ဆိတ်နေခဲ့လို့ပဲ ကောလဟာလအမျိုးမျိုးတွေ ရှိခဲ့တာ။ အန်းသန့်စ်အကြောင်းဘက် ရောက်သွားရင်တော့ ဒီတိုင်း သူနှင့် ပေါ့ပေါ့ပါးပါး တွေ့ဆုံတာဆိုပြီးပဲ ပြောလိုက်တော့မယ်'
ဆုံးဖြတ်ချက်ချပြီးနောက် လူနာသည် လော်ရာကို တောင်းဆိုလိုက်သည်။
"လော်ရာ၊ ဘောပင်နဲ့ စာရွက်အချို့ယူလာခဲ့ပေး"
"အိုး သခင်မလေး စာပြန်ပို့မလို့လား။သူတို့ကို တွေ့တော့မှာလား"
လူနာ၏ အတွင်းစိတ်ကို မသိသော လော်ရာက မျက်တောင် တဖျပ်ဖျပ်ခပ်ကာ မေးလိုက်သည်။ လူနာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ငါ ဒီတစ်ခါတော့ သေချာလုပ်ရမယ်"
ငါ ခဏပဲတွေ့ပြီး လမ်းခွဲလိုက်မယ်။ ဖယ်ဆန်ပဲဖြစ်ဖြစ် အန်းသန့်စ်ပဲဖြစ်ဖြစ် ငါ ဘာမှယူမှာမဟုတ်ဘူး။
ငါ့ကို တစ်ခုခုပေးချင်ရင် ပိုက်ဆံသာပေးကြစမ်းပါ။ အရူးတွေပဲ မပေးဘဲနဲ့။
"ငါ့ကို စာရွက်တွေ အများကြီးပေး။ ငါ သခင်လေးဆီက်ုလည်း ပို့ရမယ်"
"ဟုတ်ကဲ့ပါ! သခင်မလေး!"
သူ့ကို စံအိမ်ဆီခဏလောက်တော့ မလာနဲ့လို့ ပြောရမယ်။ မားကွစ်ဇနီးမောင်နှံနဲ့ မလိုအပ်ဘဲ ဆုံလိုက်မိရင် ငါ အရူးဒရာမာအပိုင်း 3 ကို ဆက်ရိုက်နေရလိမ့်မယ်။
လူနာသည် နောက်ဆုံးတွင် အေးချမ်းခြင်းအရသာကို ပြန်လည်ရရှိခဲ့ပြီး ၎င်းကို တန်ဖိုးထားမိသည်။
* * *
မားကွစ်ဇနီးမောင်နှံနှင့် တွေ့ဆုံရမည့်နေ့ နီးကပ်လာသည်နှင့်အမျှ အသစ်ခန့်အပ်ထားသော အစေခံများအားလုံးကလည်း အိမ်ကြီးဆီ ပြောင်းရွှေ့နေထိုင်လာကြတာကြောင့် အိမ်ကြီးသည် တဖြည်းဖြည်း အသက်ဝင်သော အသွင်အပြင်ကို ပြန်လည်ရရှိလာခဲ့သည်။
စံအိမ်ကြီးနှင့် လိုက်လျောညီထွေမဖြစ်သေးသော အစေခံတ်ချို့က ရံဖန်ရံခါ အမှားများလုပ်မိခဲ့ကြသော်လည်း စံအိမ်ကြီးပိုင်ရှင် သခင်မလေးလူနာ လူတိုင်းကို အပြစ်မပေးဘဲ သံသယများပျောက်စေခဲ့သည်။ ဒါကြောင့် နေ့တိုင်းက အေးချမသောဘဝဖြစ်နေခဲ့သည်။
"သခင်မလေး… ကျွန်မ တကယ်မလုပ်နိုင်ဘူး"
သူတို့ထဲတွင် လော်ရာတစ်ယောက်ပဲ ဝမ်းနည်းနေတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိမ်တော်ထိန်း အလုပ်ဖြုတ်ခံလိုက်ရတာကြောင့် သူမအား ခေတ္တအိမ်တော်ထိန်းအဖြစ် ခန့်အပ်နေသောကြောင့်ဖြစ်သည်။
ဒါပေါ့ အဲ့ဒါက အိမ်တော်ထိန်းဟုဆိုသော်လည်း တကယ်တမ်းတွင် ငွေရေးကြေးရေးနဲ့ပတ်သက်သော ကိစ္စမှန်သမျှကို ရိုယာကပဲ ကိုင်တွယ်ဖြေရှင်းပေးရတာဖြစ်သည်။
လော်ရာသည် လက်တွေ့ကျသောအလုပ်ဖြစ်သည့် အစေခံများထံမှ အစီရင်ခံစာများ လက်ခံခြင်း သို့မဟုတ် ညွှန်ကြားချက်များပေးခြင်းကဲ့သို့ ကိုသာ ကိုင်တွယ်ဆောင်ရွက်ရသည်။ သူမအတွက် တစ်ယောက်ယောက်ကို ဘာလုပ်ရမလဲ ပြောဆိုရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ဝန်ပိစေပေသည်။
"ဒါဆို နင် မလုပ်ရင် ငါလုပ်ရမှာလား"
လူနာက စာရွက်စာတမ်း အစုံကို လက်ညှိုးထိုးပြပြီး မေးလိုက်တာကြောင့် လော်ရာသည် နှုတ်ခမ်း စူသွားခဲ့သည်။
သူမ မကြိုက်သော်လည်း လူနာကို စိတ်အနှောက်အယှက် မပေးနိုင်တာကြောင့် ဘာမှထပ်ပြောစရာမရှိတော့ပေ။
"အမ်မာလည်း ကောင်းကောင်းလုပ်မေတာပဲ။ ငါက နင့်ကို အိမ်တော်ထိန်းနေရာ မဆုံးဖြတ်ရသေးခင်အထိပဲ လုပ်ပေးဖို့ ပြောနေတာ"
"အမ်မာက အမြဲတော်တယ်"
"မဟုတ်ဘူး လော်ရာကမှ အမြဲတော်တာ"
အကယ်၍ အသစ်ခန့်ခဲ့သော အစေခံတွေထဲမှတစ်ဦးဦးက အိမ်တော်ထိန်းတစ်ဦး၏ အရည်အချင်းကို ပြသလာပါက သူမ၏ ယာယီရာထူးကနေ ထုတ်ခံရမည်ဟု ကြိုတင်ပြောထားတာဖြစ်သည်။
ဒါပါ့ ဘယ်သူမှ မပေါ်လာရင် လော်ရာကပဲ အိမ်တော်ထိန်းအဖြစ် ဆက်ရှိနေမယ့်အကြောင်းကိုတော့ မပြောလိုက်ချေ။
ဘာပဲဖြစ်ဖြစ် အချိန်တွေကြာလာသည်နဲ့အမျှ သူမ ဒီရာထူးနှင့်တဖြည်းဖြည်းရင်းနှီးလာလိမ့်မည်ဖြစ်သည်။ သူမ၏ စိတ်နေစိတ်ထားနဲ့လည်း ကိုက်ညီနိုင်သည်။ အိမ်တော်ထိန်း တစ်ယောက်၏ အရည်အချင်းက သူမခေါင်းပေါ်ကနေ ပေါက်ဖွားလာနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် အသစ်ခန့်ထားသော အစေခံများအားလုံးသည် ကြင်နာတတ်သောကြောင့် လော်ရာမှာ သိပ်အဆင်မပြေသည့်တိုင် သူတို့ သိပ်စိတ်မဝင်စားကြပေ။ ထို့အစား သူတို့သည် သိပ်မကောင်းသေးသော ညွှန်ကြားချက်များကို ကောင်းစွာလိုက်နာခဲ့ကြပြီး လူနာက လော်ရာအား အမြတ်နိုးဆုံးဖြစ်ကြောင်း သူတိုဘာသာ ပြန်သတိပေးခဲ့ကြသည်။
ရထားထိန်းအဖြစ် ငှားရမ်းခံခဲ့ရသော အန်နာသည် အန်းသန့်စ်၏ ရထားထိန်းထံမှ မြင်းများ ထိန်းကြောင်းနည်းကိုလည်း သင်ယူခဲ့သည်။ သူမအမေ၏ ဆေးအတွက် ကြိုပေးခဲ့တာကြောင့်ပင် သူမသည် အရာရာတိုင်းကို အရမ်းစိတ်အားထက်သန်နေခဲ့သည်။
'အရာရာက ချောချောမွေ့မွေ့သွားနေပြီဆိုတော့ ငါလည်းအပန်းဖြေပြီး ပျော်ရွှင်ရင်ကောင်းမလား...'
ဒါပေမယ့် သူမ မလုပ်နိုင်ရသော အကြောင်းရင်းမှာ မကြာခင် ရောက်ရှိလာမည့် ဧည့်သည်များကြောင့် ဖြစ်နိုင်သည်။
လူနာသည် မှန်ထဲတွင် သူမကိုယ်သူမ စစ်ဆေး၍ အစက်အပြောက် အမဲစက်များကို ရှာဖွေလိုက်သည်။ထို့နောက် ဆံပင် သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ဝတ်ဆုံနှင့်လိုက်ဖက်ရန် အလွန်အကျွံမထည်ဝါသော လက်ဝတ်ရတနာ အနည်းငယ်ကို ဝတ်ဆင်လိုက်သည်။
"သခင်မလေး! ဧည့်သည်တွေ ရောက်လာတဲ့ပုံပဲ။အဲ့ဒါက ရထားသံပဲ!"
အချိန်ရောက်လာပြီပဲ။ လော်ရာ၏ ကြေငြာသံက လူနာ၏ နှလုံးကို ပိုလို့တောင်လေးလံစေခဲ့သည်။
"သခင်မလေးစ။ ဧည့်သည်တွေ ရောက်နေကြပါပြီ"
နှစ်ခါအကြောင်းကြားစရာ မလိုပါဘူး..
အစေခံတစ်ဦးကလည်း လူနာအား ထိုအကြောင်းကို နောက်တစ်ကြိမ်အကြောင်းကြားခဲ့သည်။ ထို့ကြောင့် လူနာလည်း သက်ပြင်းအသာချကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ပထမထပ်သို့ ဆင်းလာချိန်တွင် အိမ်ကြီး၏ဝင်ပေါက်၌ ဆံပင်ရွှေရောင်နှင့် သုံးယောက်ကို တွေ့လိုက်ရသည်။ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော် နှစ်ဦးစလုံးက ရွှေရောင်ဆံပင်ရှိနေကာ ယခုမှ အန်းသန့်စ် နှင့် ရို့စ်မယ်ရီတို့ အဘယ်ကြောင့် ရွှေရောင်ဖြစ်နေရသည်ကို နားလည်သွားခဲ့သည်။
အဝင်ပေါက်သည် ရုတ်တရက် ရွှေရောင် ဆံပင်များဖြင့် တောက်ပသွားခဲ့သည်။ လူနာသည် ရို့စ်မယ်ရီ၏ ခေါ်သံကြောင့် ခေါင်းမမော့မီ သူမ၏ ကိုယ်ပိုင်အနက်ရောင်ဆံပင်ကို ငုံ့ကြည့်လိုက်မိသည်။
"လေဒီလူနာ အလုပ်များနေမှာကိုအနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"
"မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်။ အလုပ်များနေပေမယ့်လည်း ကျွန်မကိုတွေ့ဖို့ အချိန်ပေးလာခဲ့တဲ့အတွက် ကျွန်မကသာ ကျေးဇူးတင်ရမှာပါ"
လူနာသည် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မနာမည်က လူနာပဲလ် ပါ။ မြို့စားမင်းတို့ရဲ့ အဖိုးတန်အချိန်တွေကို ဒီကိုလာလည်ဖို့ အသုံးပြုခဲ့လို့ ကျေးဇူးတင်ပါတယ်"
ကွဲကွာနေသောသား၏ချစ်သူအဖြစ် သူမသည် အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့၏သဘောထားက သူမမျှော်လင့်ထားတာနှင့် လုံးဝကွဲပြားနေပြီး နောက်မှတုံ့ပြန်လာခဲ့ကြသည်။
"ဒီကို လာလည်ခွင့်ပြုပေးလို့ ကျေးဇူးတင်ပါတယ်"
"မင်းရဲ့ အဖိုးတန်အချိန်တွေကို အများကြီး မယူမိဖို့ ငါတို့သတိထားပါ့မယ်"
လူနာသည် သူမ၏ အံ့ဩမှုကို မျိုချခဲ့ပြီး မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကို ပုံမှန်အတိုင်း ဧည့်ခံလိုက်သည်။ သူမက သူတို့သည် မူလဇာတ်ကြောင်းရှိ ဖိုင်နယ်ဗီလိန်၏ မိဘများဖြစ်တာကြောင့် ရိုင်းစိုင်းနိုင်သည်ဟု သူမထင်ခဲ့မိသည်။
သို့သာ် ယခုတွင် ရို့စ်မယ်ရီ၊မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့က ဒီလောက် ကောင်းမွန်ပုံရနေတာကိုအန်းသန့်စ်က ဘာလို့ အဲ့လိုဖြစ်ခဲ့ရတာလဲ။ အဲ့ဒါက ဝမ်းနည်းစရာကောင်းပေသည်။
အန်းသန့်စ်အကြောင်း အလားတူ အတွေးအမြင်များ ရှိနေကြသူလေးဦးသည် မကြာမီမှာပဲ မှန်ဥယျာဉ်းသို့ သွားခဲ့ကြသည်။ ကြိုတင်အကြောင်းကြားထားသည့် ကျေးဇူးကြောင့် သူတို့အတွက် အားလုံးပြင်ဆင်ထားပြီးသားဖြစ်သည်။မားကွစ်မိသားစုသည် ထိုင်ပြီးသည်နှင့် တခဏချင်း ငြိမ်ကျသွားခဲ့သည်။
'ကသိကအောင်ဖြစ်လိုက်တာနော်...'
သူမသည် မြို့တော်ရှိ အကျော်ကြားဆုံး မုန့်ဆိုင်မှ မုန့်များကို ဝယ်ယူခဲ့သော်လည်း ဘာကိုမှ သေချာမမြည်းစမ်းနိုင်ခဲ့ပေ။
တစ်ခုခုသာ ပြောလိုက်ပါတော့!
သူတို့သည် အရောင် အနံ့ အရသာ မသိသော မုန့်များကို ခဏတာမျှ တိတ်ဆိတ်စွာ စားခဲ့ကြပြီး လူနာကို သတိမထားမိဟန်ဆောင်နေသော မားကွစ်မြို့စားကတော်မှ ဦးစွာစကားစပြောလာခဲ့သည်။
"တစ်ယောက်..တည်းလား"
သူမက အန်းသန့်စ်ရော အနားမှာရှိလားဟု ဆိုလိုသော်လည်း အဓိပ္ပာယ်ကို နားမလည်လိုက်သော လူနာသည် ပြန်ဖြေခဲ့လိုက်သည်။
"ဟင်။ အာ ဟုတ်တယ်။ အဖေက ပဲလ်နယ်မြေမှာလေ"
နားလည်မှုလွဲနေသည့် စကားဝိုင်းတစ်ခုဖြစ်သော်လည်း အဖြေက ရှင်းသညါ။ အန်းသန့်စ် ဤနေရာတွင် မရှိနေပေ။
ဒီအခြေအနေမှာ အန်းသန့်စ် ဘယ်သွားတာလဲဟု ရုတ်တရက်မေးတာက ထူးဆန်းနိုင်သည်။ မားကွစ်မြို့စားကတော်သည် အဓိက မသက်ဆိုင်သော ခေါင်းစဉ်ကို မဖော်ပြမီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။
"အိုး! သိပါပြီ။ အမ်... ငါတို့ ဒီကိုလာရတဲ့ အကြောင်းက ကားလ်တွန် ငါတို့အိမ်ကို ရောက်လာခဲ့လို့ပါ။ သူက မတရား အလုပ်ထုတ်ခံရပြီးတော့ အန်းသန့်စ်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတယ်ဆိုပြီး ငါတို့ကို အကူအညီလာတောင်းခဲ့တယ်"
စာရွက်စာတမ်းတစ်စုံကို စားပွဲပေါ်တင်လိုက်သည်။ ၎င်းသည် ကားလ်တွန်၏ပြောကြားချက်များကို အကျဉ်းချုပ်ဖော်ပြသော စာရွက်စာတမ်းဖြစ်သည်။
လူနာ ဖြည်းဖြည်းချင်း ပြန်ကာဆင်ခြင်လိုက်သည်။ အချိန်အနည်းငယ်ကြာသော်လည်း မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် လူနာ၏တုံ့ပြန်မှုကို စိတ်ရှည်စွာစောင့်ဆိုင်းခဲ့ကြသည်။
"ကျွန်မ စိတ်မကောင်းပေမယ့် ဒါက အမှန်မဟုတ်ပါဘူး"
သူမ ဘယ်တုန်းကမှ စိတ်မလှုက်ရှားနေခဲ့သလိုမျိုး လူနာသည် အေးစက်သော မျက်နှာဖြင့် ပါးစပ်ကို ဖွင့်လိုက်သည်။
"ဘာကိုဆိုလိုတာလဲ"
"သူက ကျွန်မလိုဆင်းရဲတဲ့ မြို့စားအနွယ်ဝင်ကို ကောင်းကောင်း ဆက်ဆံဖို့ မလိုဘူးလို့ အခိုင်အမာပြောခဲ့ပြီးတော့ အစေခံတွေကို ကျွန်မကိုဆန့်ကျင်လာအောင် သွေးထိုး လှုံ့ဆော်ခဲ့ပါတယ်။ပြီးတော့ ကျွန်မစားဖိုမှူးကိုလည်း ဘာမချက်ခိုင်းဘဲနဲ့ တိတ်တဆိတ် ဖယ်ထုတ်ထားခဲ့ပါတယ်။ အဲ့ဒါအပြင်-"
သူမသည် အဖြစ်မှန်အားလုံးကို အေးဆေးစွာရှင်းပြပြီး လူမှားပြီး မဝေဖန်မိအောင် သတိထားပြောဆိုခဲ့သည်။
လူနာ၏ရှင်းပြချက်များက ရို့စ်မယ်ရီ၏ ခန့်မှန်းချက်နှင့်တိုက်ဆိုင်ခဲ့သည်။ ကားလ်တွန်သည် လူနာကို လိမ္မာပါးနပ်သော စကားလုံးများဖြင့် လှည့်စားခဲ့ပြီး အစေခံများကို သွေးထိုးလှုံ့ဆော်ခဲ့သည်။
ဒါက သူမ မတော်မတရားအလုပ်ထုတ်သည်ဟူသော စွပ်စွဲချက်အတွက် လုံလောက်သော အကြောင်းပြချက်ဖြစ်သည်။
"ဒီတော့ သခင်လေးကလည်း အပြစ်မရှိပါဘူး။ ကားလ်တွန်က ကျွန်မကို ပြန်တိုက်ခိုက်မလို့လုပ်ခဲ့တာကြောင့်ပါ။ သခင်လေးအန်းသန့်စ်က သူ့ကို ကန်ခဲ့ပေမယ့် သူမကန်ရင်တောင်မှ ကျွန်မက သူ့ကို ကန်တော့မှာပါ"
အန်းသန့်စ်၏ဇာတ်လမ်းဖြင့် လူနာသည်သူမ၏ရှင်းပြချက်ကိုအဆုံးသတ်ခဲ့သည်။
အဲဒီနောက်မှာတော့ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံလိုက်ကြသည်။ သူတို့ ပါးစပ်များက တင်းတင်းစေ့ထားကြပြီး အမူအရာများမှာ အလွန်လျှို့ဝှက်ဆန်းကြယ် နေကြသည်။
သူတို့တောင်မှ အရှုံးပေးခဲ့ရတဲ့ သူတို့သား၊ ပြေလည်မှုအတွက် အကျွမ်းကျင်ဆုံး ရှေ့နေကိုတောင် ငှားပေးခဲ့ရတဲ့ သူတို့သားအတွက် သူမက အေးအေးဆေးဆေး ခုခံကာကွယ်ပေးခဲ့တယ်တဲ့လား!
သူတို့သည် ဒီအကြောင်းကို အလွန်ရည်ရွယ်ချက်ရှိရှိ ဖော်ပြခဲ့ကြသော်လည်း အစပိုင်းတွင် မားကွစ်မိသားစုမှာ အန်းသန့်စ်နှင့်ပတ်သက်ပြီး ဝေဖန်ပြီးသားဖြစ်သည်။
အန်းသန့်စ်က ဒီတစ်ကြိမ်မှာလည်း ဒေါသပြေပျောက်ရန် လူကိုရိုက်ခဲ့ပြန်ပြီဟု တွေးခဲ့ပြီး ရှေ့နေမှတစ်ဆင့် အကြမ်းဖျင်းကိုင်တွယ်ရန်တောင် စီစဉ်ခဲ့ကြသည်။
"…ဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထို့ကြောင့် မားကွစ်မြို့စားသည် လူနာ အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။ အမှန်တရားက ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့၏ မိုက်မဲသော သားကို ယုံကြည်ရုံနဲ့တင် အလွန်ကျေးဇူးတင်နေပြီဖြစ်သည်။
ရုတ်တရက်ပင် ကျေးဇူးတင်လာသောကြောင့် လူနာ အံ့သြသွားပြီး ရို့စ်မယ်ရီကို ကြည့်လိုက်သည်။ တစ်ဖက်တွင် လျင်မြန်သောဉာဏ်ရှိသော ရို့စ်မယ်ရီက နှုတ်ခမ်းများကို တင်းကြပ်လိုက်သည်။
'ငါ သူတို့ကို ဒီကို အလကားခေါ်ခဲ့မိတာလား။သူတို့ကို စာနဲ့ပဲဆက်သွယ်ဖို့ ထားခဲ့လိုက်သင့်တာကို'
သူမမိဘတွေက လူနာကို သဘောကျကြပုံပေါ်လို့ ဝမ်းသာမိသော်လည်း နည်းနည်း အိုဗာဖြစ်နေသည်။အစ်ကိုဖြစ်သူက သူမ၏ အဖိုးတန်သူငယ်ချင်းကို အဝေးခေါ်သွားမည့် ကြောက်ရွံ့မှုတစ်ခုက ရို့စ်မယ်ရီကို လွှမ်းမိုးသွားခဲ့သည်။ ပြီးတော့ အဲဒါကို တက်တက်ကြွကြွ ပံ့ပိုးပေးမယ့်သူတွေက သူမမိဘတွေ ဖြစ်နိုင်သည်။
TK Team