Chapter 89
Viewers 14k

🌌Extra 5

စိတ်​ဝေဒနာရှင်ကို ရှာဖွေခြင်း



လူတစ်ယောက်က တံစက်မြိတ်အောက်တွင် ရှိနေစဉ် သူတို့ခေါင်းများကို ငုံ့ထားရ၏။ 


လင်းက တံစက်မြိတ်အစွန်းကိုကျော်၍ အဝတ်စများစွာနှင့် ရေပုံးတစ်ပုံးကို သယ်လာသည်။ သူက ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်မဖြစ်စေဘဲ မှန်မှန်လျှောက်လှမ်းခဲ့သည်။


"အခန်းထဲ သန့်ရှင်းရေးလုပ်မလို့လား..."


---


လွန်ခဲ့သော နာရီဝက်ခန့်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမျိုးသားဇာ့ဂ်က လင်းအား မေး၏။

"မင်း ဘာဆက်လုပ်မလဲ..."


အမျိုးသားဇာ့ဂ်က ပျော့ပျောင်းသော ဆုံလည်ကုလားထိုင်ပေါ်တွင် ခြေထောက်နှစ်ဖက်ကို ထပ်ထားပြီး သူ့နှာခေါင်းမှ နှာမှုတ်သံ ထွက်နေ၏။

"ကိုယ်က မင်းကိုများ ကြင်နာနေမိလို့လား...မင်း ဒီမှာ အလကားနေဖို့ မျှော်လင့်နေတာလား..." 


လင်းက ပြော၏။

"ဒါပေမယ့်..."


၎င်းက သူ မျှော်လင့်ထားသည်နှင့် လုံးဝခြားနား၏။


လင်း ယခင်က မရေမတွက်နိုင်သော စိတ်ဆင်းရဲစရာများကို မြင်တွေ့ခဲ့ရပြီး အပျော်တတ်ဆုံး အမျိုးသားဇာ့ဂ်အများစုတွင် ဆင်တူမှုများ ရှိကြကာ ကံဆိုးသူများ အသီးသီးတွင် လည်း မတူညီမှုများ ရှိကြ၏။ သို့သော် အမျိုးသမီးဇာ့ဂ်အားလုံး စိုးရွံ့သော အရာတစ်ခုရှိသည်။


- အစေခံဖြစ်ခြင်း။


အစေခံဖြစ်လာလျှင် မထင်မှတ်ထားသော ကံကြမ္မာဆိုးများနှင့် ရင်ဆိုင်ရလိမ့်မည်။


အတောင်ပံများကို တဖြည်းဖြည်း ဖြတ်ပစ်ခြင်း၊ ဂလင်းများ ဆုတ်ဖြဲခြင်း သို့မဟုတ် ခြေလက်အင်္ဂါများ ပြတ်တောက်ကာ မြေကြီးပေါ်တွင် တွားသွားခြင်းများ ဖြစ်နိုင်သည်။


အသက်မရှင်နိုင်သလို မသေနိုင်ပေ။


လင်းက သူကြောက်ရွံ့နေမိမည်ဟု ထင်ခဲ့သော်လည်း လုမော့၏ ဘဝင်ခိုက်နေသော မျက်နှာကို မြင်လိုက်ရသောအချိန်တွင် သူ၏ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့က သူ့စိတ်ထဲရှိ ဒေါသများကို မလွှမ်းမိုးနိုင်ခဲ့ပေ။

( E tranမှာကိုက ရှုပ်အောင်ရေးထားလို့ပါ - ကြောက်နေပေမယ့် လုမော့မျက်နှာကြီးကို မြင်လိုက်ရတဲ့အချိန် ကြောက်တဲ့ခံစားချက်အစား ဒေါသထွက်တာက ပိုများသွားတယ်လို့ ပြောချင်တာပါ )


ဆော့ကစားခြင်း၏ အဓိပ္ပာယ်မဲ့မှု၊ လုမော့အပေါ် မယုံကြည်မှုများနှင့် ဤအမျိုးသားဇာ့ဂ်က သူ့စိတ်တွင်းရှိ အပြင်းထန်ဆုံးသော အချက်ကို မည်သို့ ထိရမည်ကို အမြဲသိနေသည်။


ဗုန်း…


၎င်းက အမှန်ကို ထူးဆန်း၏။ နှစ်ပေါင်းများစွာ သူလှည့်လည်သွားလာခဲ့၍ ခံနိုင်ရည်တိုးပွားလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရူးသွပ်သော ဒေါသက သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကိုသာ စားသုံးပြီး အကျိုးအမြတ်ကို မပေးချေ။ အေးအေးဆေးဆေး ပုန်းလျှိုးကွယ်လျှိုးနေမှသာလျှင် ရှင်သန်ရန် အခွင့်အလမ်းများကို သူ ရှာဖွေနိုင်မည်ဖြစ်သည်။


သို့သော် တစ်ရက်မပြည့်မီမှာပင် ဤအမျိုးသားဇာ့ဂ်က သူ့ကို အလွန်စိတ်ရှုပ်ထွေးစေ၏။


ယခု သူစိတ်ငြိမ်သွားပြီး အတိတ်တွင် "အစေခံ" ဟူသည့် စကားလုံးအပေါ် သူ့ကြောက်စိတ်ကိုပင် မမှတ်မိတော့ချေ။


ဤအမျိုးသားဇာ့ဂ်၏ လုပ်ရပ်ကို သူ ပိုသတိထားမိသည်။


လင်းက လုမော့၏နောက် မနီးမဝေးတွင် ရပ်နေပြီး ဆုံလည်ကုလားထိုင်နှင့် ယိမ်းနွဲ့နေသော ဆံပင်များကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်၏။

 "အခန်းကို သန့်ရှင်းရေးလုပ်ရုံပဲလား...မင်း ငါ့ကို ဒါလေးခိုင်းဖို့အတွက် ဒီလောက်အထိ ဒုက္ခခံထားတာလား..."


မဟုတ်ဘူး...ဒီအမျိုးသားဇာ့ဂ်မှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမယ်...


လင်းက သူ့နောက်ကျောကို အလိုလိုမတ်ထားပြီး လုမော့ မည်သည့်အချိန်တွင်မဆို ပစ်လွှတ်လာမည့် မည်သည့်တိုက်ခိုက်မှုကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။


"ခရက်..."


"ခရက်..."


ဆုံလည်ကုလားထိုင်က တဖြည်းဖြည်း ယိမ်းနွဲ့မှုရပ်တန့်သွားပြီး လုမော့၏ ခြေထောက်ထိပ်ဖျားကို ရွေ့လိုက်ရာ ကုလားထိုင်လည်း လှည့်သွား၏။


သူက ကုလားထိုင်ကို မှီ၍ သူ့လက်ထဲတွင် ကျောက်မျက်ရတနာအလှဆင်ပစ္စည်း သေးသေးလေးကို ကစားနေသည်။ သူ့မျက်လုံးစိမ်းစိမ်းများက လင်း၏ အမူအရာကို အလွန်စိတ်ဝင်တစား ကြည့်နေသည်။


လင်း "..."


သူ့ဦးရေပြားမှ ယားယံလာသော ခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားခဲ့ပြီး ကျောရိုးကို ဖြောင့်တန်းလိုက်၏။


ဤအမျိုးသားဇာ့ဂ် ဘယ်လိုပင် ကြံစည်နေပါစေ သူ တည်ငြိမ်နေရန် လို၏။ 


သူ အမျိုးသားဇာ့ဂ်ကို လှုပ်ရှားရန် နှိုးဆော်နိုင်ပြီး သူလုပ်ဆောင်မှုများလေလေ၊ အချက်အလက်များများ ထုတ်ဖော်နိုင်လေလေ ဖြစ်သည်။


ထိုနည်းအားဖြင့် သူ လွတ်မြောက်ရန် အခွင့်အလမ်းကို ရှာဖွေနိုင်သည်။


လုမော့လက်ချောင်းများကို ခေတ္တရပ်ပြီး နောက်ဆုံးတွင် အနည်းငယ်ထထိုင်လိုက်ရာ လင်း၏ နှလုံးသားက တင်းကြပ်လာ၏။


လာပါပြီ...


"ကိုယ် သိချင်နေတယ်...မင်းဘာကို မျှော်လင့်နေတာလဲ..."

အမျိုးသားဇာ့ဂ်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ငြီးငွေ့မှုအရိပ်အမြွက်နှင့် ပြည့်နှက်နေသော အပြုံးတစ်ခုဖော်ထုတ်လိုက်၏။

"အစေခံတစ်ယောက်ရဲ့ အထောက်အထားကို တွေးလိုက်တဲ့အခါ မင်းစိတ်ထဲမှာ ဘာဖြစ်လာလဲ..."


လင်း "..."


သူတော်တော်လေး အံ့သြသွားသလို လုမော့က ဘာကိုဆိုလိုသည်အား နားမလည်ချေ။


လုမော့၏ မေးခွန်းမှာ "တစ်ပေါင်းတစ် ညီမျှခြင်း နှစ်" ကို ဘာကြောင့်လဲဟု မေးသကဲ့သို့ ပင်ဖြစ်နေပြီး အဖြေမှာ သူမည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိသောကြောင့် မိမိကိုယ်ကို အလွန် သက်သေပြရန်မလိုသလိုပင်။ 


ခဏစဉ်းစားပြီးနောက် လင်းက သတိတကြီး ပြောလိုက်၏။

"အခန်းသန့်ရှင်းရေးက အစေခံတစ်ယောက်ရဲ့ တာဝန်ဖြစ်သင့်တယ်လို့ ငါထင်တယ်...အစေခံမှာ တခြားရည်ရွယ်ချက်တွေ ရှိသင့်တာက..."


သူ့အကြည့်များက လုမော့၏ မျက်လုံးများကို စူးစူးစိုက်စိုက်စိုက်ကြည့်နေပြီး အတွင်းစိတ်က အတွေးတချို့ကို ရှာတွေ့ရန် ကြိုးစားနေ၏။


အမှန်တွင် သူက လုမော့ကို အခြားအမျိုးသားဇာ့ဂ်များက အစေခံများအား ဆက်ဆံပုံကို ရည်ရွယ်ချက်ရှိရှိ သတိပေးနေခြင်းဖြစ်သည်။


မကောင်းသော အကြံအစည်များ ရှိခဲ့ပါက ချို့ယွင်းချက် တစ်စုံတစ်ရာ ရှိတတ်၏။


...............


သို့‌သော် သူ မမျှော်လင့်ထားသည်မှာ လုမော့၏ နက်ရှိုင်းသော အကြည့်နှင့် လှောင်ပြောင်ရိပ်သန်းနေသည့် မျက်လုံးများကို မြင်လိုက်ရခြင်းပင်။


"ဟန်ဆောင်တာကို ရပ်လိုက်တော့..."


လုမော့က ‘ငါ မင်းကို ထိုးဖောက်မြင်ရပြီးသား’ ဟူသည့်မျက်နှာထားဖြင့် သူ့လက်ကို အထင်အမြင်သေးစွာ ဝှေ့ယမ်းလိုက်၏။

“အားလုံးက ရှင်းရှင်းလေးပဲ...အမှန်တရားက တစ်ခုပဲရှိတယ်...”


"ကိုယ့်အတွက် အမျိုးသားဇာ့ဂ် မွေးပေးနိုင်မယ့် အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးစစ်သည်ကို ဖမ်းဖို့  အထူးတောင်းဆိုခဲ့တာ...ဒါပေမဲ့ က်ိုယ့်အခန်းထဲမှာ မင်းကို ဘာလို့ ရှာတွေ့တာလဲ..."


လုမော့က ပြောရင်း ယုံကြည်မှုအပြည့်နှင့် မျက်လုံးလေးမှိတ်ပြလိုက်၏။

“မင်းက ကိုယ့်လက်အောက်ငယ်သားတွေကို လာဘ်ထိုးပြီး အခန်းထဲကို ခိုးဝင်လာတာဖြစ်မယ်...”


လင်းက ဖြေလိုက်၏။

 "ဟမ်..."


သူ မတုံ့ပြန်မီတွင် လုမော့က ဆက်ပြော၏။

 ''မင်း ကိုယ့်ကို ကြိုက်တယ် ပြီးတော့ ဝတ္ထုထဲကလိုပဲ ကိုယ့်ကို ကိုက်တယ်လေ...အခုချိန်ကစပြီး ဒီကိုက်တဲ့ အမှတ်အသားကို မြင်တိုင်း မင်းကို သတိရနေမှာပါ..."


လင်း၏မျက်လုံးများက ပြူးကျယ်လာ၏။

 â€œá€™á€Ÿá€Żá€á€şá€˜á€°á€¸â€Śá€Ąá€˛á€’á€Ťá€™á€ťá€­á€Żá€¸á€™á€Ÿá€Żá€á€şá€˜á€°á€¸â€Śâ€


လုမော့က လင်းကို ရှင်းပြရန် အခွင့်အရေးမပေးချေ။

 "ဒါထက်..."


လုမော့ သူ့ကိုယ်သူ စိတ်ကျေနပ်သည့်အပြုံးလေးနှင့် ပြောလာသည်။

"ညဉ့်နက်သန်းခေါင်မှာလည်း ကိုယ့်ရနံ့တွေနဲ့ ဖုံးလွှမ်းထားတဲ့ စောင်ထဲမှာ မင်းကိုမင်း တင်းတင်းကြပ်ကြပ် တိတ်တိတ်လေး ရစ်ပတ်ထားလိုက်တယ်... အိုး ချစ်ရတဲ့ အစေခံလေး...မင်းတကယ် ရဲရင့်တယ်နော်...ကိုယ် တကယ်ကို မယုံနိုင်ဘူး...မင်းက အရမ်းတိတ်ဆိတ်နေပုံရပေမယ့် တကယ်တော့ မင်းအရမ်း ..."


"ပူလောင် ပြင်းပြပြီး စိတ်အားထက်သန်တာပဲ..."


လင်း၏မျက်နှာ ချက်ချင်းနီရဲသွားကာ အားနည်းစွာဖြင့် ပြန်ချေပလိုက်၏။

"ဟင့်အင်း...အဲလိုမဟုတ်ပါဘူး... ငါ အရမ်းအေးနေလို့ပါ..."


အို ဘုရားသခင်...သူဘာလို့ ဒီကိစ္စကို ပြန်ဖော်တာလဲ...


ပိုဆိုးတာက အခု ငါ ချက်ချင်းပြန်သတိရလာတာက... တကယ်ကို အမျိုးသားဇာ့ဂ်ရဲ့ ရနံ့နဲ့ ဖုံးလွှမ်းထားတဲ့အမှတ်တရကိုပဲ...


အဓိပ္ပါယ်မရှိသော်လည်း ယခုချိန်တွင် အပြစ်ရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားလာရပေသည်။

 "ငါ အဲလို မရည်ရွယ်ပါဘူး..."


"အဆုံးသတ်ရမယ်ဆိုရင်..."

လုမော့ ပျင်းရိစွာဖြင့် သူ့မေးကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ပြီး ပြောလိုက်သည်။

"အရာရာတိုင်းကို မင်းက ကြိုးကိုင်ထားတာလေ..." 


လုမော့က စိတ်အားထက်သန်စွာ ကြည့်လိုက်၏။

"ချစ်ဖို့ကောင်းတဲ့ အစေခံလေး...မင်းက အမျိုးသမီးဇာ့ဂ်တွေရဲ့ အတွေးတွေကို နားလည်ပေမယ့်... ဝတ္ထုတွေ အများကြီးဖတ်တဲ့ပုံပဲ… အဲဒီထဲကဇာတ်ကွက်တွေအတိုင်း လိုက်လုပ်ပြီး ဇာတ်ရှိန်တက်စေမယ့် ပြဇာတ်တချို့ကို ဖန်တီးနိုင်မယ်လို့ မင်းထင်နေတာလား...ပြီးတော့ ကိုယ် မင်းကို ချစ်မိသွားမှာလား...“


"ဝန်ခံလိုက်စမ်းပါ..."

လုမော့က ဂုဏ်ယူစွာပြောခဲ့သည်။

" မင်း ကိုယ့်ကို ချစ်တယ်...ချစ်တယ်ဆိုပြီ...ဒီလို စက်ဆုပ်ဖွယ်နည်းလမ်းတွေသုံးပြီးတောင် ကိုယ့်ကို ပိုင်ဆိုင်ဖို့ စီမံခဲ့တယ်ဆိုတာ...မင်းက နိမ့်ကျတဲ့ အမျိုးသမီးဇာ့ဂ်ဆိုပေမယ့် ကိုယ် မင်းကို နမ်းခွင့် ပေးမယ်လေ..."


လုမော့က သူ့မျက်လုံးများကို ကျက်သရေရှိရှိ မှိတ်လိုက်သည်ကို ကြည့်ပြီး လင်းက သူ့စိတ်ထဲ တစ်ခုခုပြိုကွဲသွားသလို ခံစားလိုက်ရ၏။


အနီးနားရှိ မှန်မျက်နှာပြင်တွင် လင်း၏ နှင်းဆီရောင်ပါးပြင်များက ရောင်ပြန်ဟပ်နေပြီး သူ လုမော့ဆီသို့ ချီတုံချတုံ ခြေလှမ်းများဖြင့် လှမ်းလာကာ ခေါင်းငုံ့ထားလိုက်သည်။


အလွန်ချောမောသော အမျိုးသားဇာ့ဂ်က ထိုနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူဖြစ်ပြီး သူ့ကို ကြည့်သည့်သူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိ၏။ 


လင်းက သူ့လက်များကို လက်တင်ခုံပေါ်တင်ကာ ခေါင်းကို အနည်းငယ်ငုံ့ထားသည်။ 


အမျိုးသားဇာ့ဂ်၏ မျက်တောင်များက တုန်လှုပ်သွားသည်။


နောက်အခိုက်အတန့်တွင် လင်းက အသက်ပြင်းပြင်းရှူကာ ပေါ့ပါးသောအပြုံးကို ထုတ်ဖော်လိုက်သည်။


သူ့ကို နမ်းရမလား...


သူက ကုလားထိုင်လက်တန်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အားနှင့် လှည့်လိုက်မိသောအခါ ထိုင်ခုံက လျင်မြန်စွာ လည်သွားသည်။


လုမော့:"အယ်...အာ့...အာ...အာ..."


ကုလားထိုင် တဖြည်းဖြည်း ရပ်တန့်သွားစေရန် သုံးမိနစ်ပြည့်အောင် အချိန်ယူခဲ့ရသည်။


လုမော့က ကုလားထိုင်ကို ကိုင်ထားလျက် မူးဝေပြီး စိတ်ထဲဝေဝါးလာသည်။ ခဏအကြာ၌ လင်းကို အခန်းထဲရှိ မည်သည့်နေရာတွင်မှ မတွေ့ရတော့ဘဲ ကျယ်ကျယ်ဖွင့်ထားသော တံခါးကိုသာ တွေ့လိုက်ရ၏။


"ဟား ဟား...”

လုမော့က သူ့ကိုယ်သူ လက်မထောင်ပြရင်း တုန်လှုပ်သွား၏။


စနစ်- [ဒီပေါ့ပ်အပ်ကြော်ငြာလူက အရမ်းရယ်စရာကောင်းတယ်...လုမော့...မင်းက တကယ်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ...]


လုမော့:"..."


မလိုအပ်ဘဲ ချီးကျူးစရာ မလိုပေမဲ့ ကျေးဇူးတင်ပါတယ်…


—————


ရေသွားယူစဉ် လင်းက သူ့မျက်နှာကို ဆေးချလိုက်သော်လည်း ရေစက်များ အားလုံး စီးဆင်းသွားပြီးနောက်တွင်ပင် သူ့မျက်နှာပေါ်တွင် နွေးထွေးမှုတစ်ခု ရှိနေသေးသည်။


သူ့နှလုံးခုန်သံ မြန်လာသည်။


ဒီအမျိုးသားဇာ့ဂ်က အရှက်မရှိလွန်းတာကြောင့် ဖြစ်မယ်...

သူ ဒေါသတကြီး တွေးလိုက်မိသည်။ သို့သော် သူလမ်းလျှောက်လာစဥ် ပုံရိပ်အချို့က သူ့စိတ်ထဲ တိတ်တဆိတ် ပေါ်လာခဲ့သည်။


လုမော့ သူ့ဒဏ်ရာများကို တည်ငြိမ်စွာ ပတ်တီးပတ်ထားပြီး မျက်လွှာအနည်းငယ်ချထားကာ တင်းမာတောင့်တင်းနေသည့် လက်ဖျံကို ဖော်ထုတ်ရန် သူ့အင်္ကျီလက်များကို လိပ်တင်ထား၏။


သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ လုမော့၏ တွန့်ချိုးထားသော မျက်ခုံးမွှေးများကို မြင်ခဲ့ရပြီး သူ၏ ချောမောသောမျက်နှာက ရွှေရောင်မွန်းတည့်နေရောင်ခြည်ကြောင့် တောက်ပနေသည်။ မျက်လုံးတစ်ဖက်က နေရောင်အောက်တွင် လင်းလက်နေပြီး ကျန်တစ်ဖက်မှာ အနက်ရောင်ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလှ၏။


သူ့ကို စိတ်ကူးယဉ်နေသည်ကို သိလိုက်သည်နှင့် လင်းက ခေါင်းကို အားဖြင့်ယမ်းလိုက်ပြီး နောက်ဆုံးတွင် လုမော့ကို အတွေးထဲမှ ထုတ်လိုက်၏။

ဒါတွေအားလုံးက အသွင်အပြင်တွေပဲ...အလှည့်စား မခံနဲ့...


သူ ရေပုံးကို ခပ်သွက်သွက်ယူပြီး သန့်ရှင်းရေးလုပ်ရမည့် အခန်းထဲသို့ ဝင်လိုက်သည်။


သူ ဝင်သွားပြီးနောက်တွင် တံခါးကို ညင်သာစွာပိတ်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ရေပုံးကို မြေကြီးပေါ်၌ ချထားလိုက်၏။


ထို့နောက် အခန်းထောင့်တိုင်းကို အလျင်အမြန်စစ်ဆေးခဲ့ရာ ထောက်လှမ်းရေးကိရိယာများ မတွေ့ရှိခဲ့ချေ။


တစ်လျှောက်လုံး သူ့နောက်ကို မည်သူမှ မလိုက်ချေ။


လင်းက မြေပြင်ပေါ်တွင် ဒူးထောက်ကာ အနည်းငယ် တွေးနေပုံရ၏။


သူက သန့်ရှင်းရေးလုပ်သည်ကို အခွင့်ကောင်းယူပြီး  အခန်းထဲရှိ လုမော့၏ အချက်အလက်များကို သေချာစုံစမ်းရန် စီစဉ်ခဲ့၏။ သို့သော် တိုးတက်မှုများက ဤမျှချောချော မွေ့မွေ့ဖြစ်လာရန် မမျှော်လင့်ထားသောကြောင့် ဆက်လုပ်ရန် တုံ့ဆိုင်းနေခဲ့၏။


ဤနေရာက ဇာ့ဂ်အများအပြား၏ တိုလီမုတ်စအမျိုးမျိုးကို သိမ်းဆည်းထားသည့် ကျယ်ဝန်းသော သိုလှောင်ခန်းဖြစ်သည်။ အထဲတွင် အရေးကြီးသော လျှို့ဝှက်ချက်တစ်ခုခု ရှိကောင်းရှိနိုင်၏။


အခန်းထဲတွင် အထင်ရှားဆုံးအရာမှာ ဗီရိုအမြင့်တစ်ခုဖြစ်သည်။ သူဖွင့်ကြည့်လိုက်ရာ စစ်ယူနီဖောင်းများစွာ ပါရှိနေသည်ကို လင်းက သတိထားမိ၏။


၎င်းက အတုအပပစ္စည်းများနှင့်မတူဘဲ အရည်အသွေးကောင်းမွန်ပြီး အသွင်အပြင်ဖြင့် အကဲဖြတ်မည်ဆိုလျှင် အဆိုပါအဝတ်အစားပိုင်ရှင်က စစ်တပ်တွင် ရာထူးကြီးသူဖြစ်ရမည်။


ဤအရာများက ထို အမျိုးသားဇာ့ဂ်၏ အဝတ်အစားများမဟုတ်ပေ။ သူ့အဆင့်က မြင့်မားသော်လည်း စစ်သည်ဇာ့ဂ်တစ်ဦး၏ အရိပ်အယောင်ကို မပိုင်ဆိုင်ထားပေ။ စစ်သည်ဇာ့ဂ်များက ရှားပါးပေသည်။


ထို့ကြောင့် ဤအိမ်ကြီးတွင် နောက်ထပ် အမျိုးသမီးဇာ့ဂ်တစ်ဦး ရှိမည်ဖြစ်သည်။


လင်း ဗီရိုကိုပိတ်လိုက်ပြီး အခန်းကို ရှာဖွေရာတွင် သူ၏ ထင်မြင်ယူဆချက်ကို အတည်ပြုနိုင်သည့် အခြားအရာများကို ရှာဖွေတွေ့ရှိခဲ့သည်။


သူ့ဘေးတွင် တံဆိပ်အမျိုးမျိုးနှင့် ပြည့်နေသည့် ဗီရိုတစ်ခုရှိသော်လည်း ပိုင်ရှင်က သူတို့ကို ပေါ့ပေါ့ဆဆ လွှင့်ပစ်လိုက်ပုံရပြီး ရှုပ်ပွနေပုံရ၏။


လင်းက သူတို့ကို ခွဲထုတ်ပြီး တစ်ခုပြီးတစ်ခု ခွဲခြားလိုက်၏။


ဒုတိယအံဆွဲတွင် ရာထူးတံဆိပ်များဖြင့် ပြည့်နေပြီး အားလုံးကတူညီနေ၍ လင်း အမှတ်ရမိသောပုံများနှင့် အနည်းငယ်ကွာခြားသည်။ သူတို့က မတူညီသောခေတ်မှ ဖြစ်ပုံရသည်။ 

ဒါတွေက ဗိုလ်မှူးတစ်ယောက်ရဲ့ တံဆိပ်တွေထင်တယ်…ဒါပေမယ့် ဘာလို့ ဒီလောက်တောင်များနေတာလဲ...


ပြောရမယ်ဆိုရင် ပခုံးက နှစ်ဖက်ပဲ ရှိတာလေ…


လင်း: “...”

သူ့လက်များ တုန်ခါသွားပြီး ထူးဆန်းသော အရိပ်အယောင်ကို ဖြစ်ပေါ်လာ၏။


ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့... သူတို့က ရာထူးတံဆိပ်တွေ ဆုံးရှုံးနေတာမို့များလား...ဒါကြောင့် အပိုအများကြီး ပြင်ထားတာလား...


မစ္စတာလိုက်ယင်လည်း ထိုနည်းလည်းကောင်းပင်။ လင်း သက်ပြင်းချလိုက်၏။ 

စစ်သည်အမျိုးသမီးဇာ့ဂ်တိုင်း တူညီတဲ့စိတ်ထား ရှိကြပါသလား...


သူက အံဆွဲကို အားနည်းစွာ ပိတ်လိုက်ကာ နောက်တစ်ခုကို ဖွင့်လိုက်သည်နှင့် ချက်ခြင်းပင် ထိတ်လန့်တကြား မဖြစ်ဘဲမနေနိုင်ပေ။


ဘုရားရေ...


တတိယအံဆွဲတွင် ဓာတ်ပုံမျိုးစုံဖြင့် ပြည့်နေကာ တစ်ခုစီတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရိုက်နှက်ခံထားရသည့် ကြေကွဲဖွယ်အလောင်းများ၏ ပုံများဖြစ်သည်။


လင်း အံ့သြသွားသော်လည်း အံဆွဲကို ပိတ်ရန် တုံ့ဆိုင်းနေလေသည်။


အကြောင်းတစ်ခုခုကြောင့် ဤဓာတ်ပုံများက စွဲမက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားပုံရပြီး သူ့အား အဆက်မပြတ် ဆွဲငင်စေသည်။


အမြန်ကြည့်လိုက်မယ်…


သူ တစ်ကိုယ်လုံး တွန့်လိမ်ပြီး အဆစ်လွဲနေသော အမျိုးသမီးဇာ့ဂ်၏ ဓာတ်ပုံများထဲမှ တစ်ခုကို ကောက်ယူလိုက်ရာ နာကျင်နေသော အမူအရာဖြင့် ဖရိုဖရဲဖြစ်ကာ ကင်မရာကို တည့်တည့်ကြည့်နေသော မျက်လုံးများကို တွေ့လိုက်၏။


ဤဓာတ်ပုံကို မြင်သူတိုင်း ကြောက်ရွံ့ခြင်းကြောင့် တုန်လှုပ်ချောက်ချားသွားမည်ဖြစ်သည်။


ဓာတ်ပုံကို ကိုင်ရင်း လင်းတုန်လှုပ်သွားသော်လည်း သူ့ရင်ထဲမှ စိတ်လှုပ်ရှားသွားသည့် ခံစားချက် အရိပ်အယောင် တစ်စွန်းတစ်စကြောင့် ပို၍ ထိတ်လန့်သွားရသည်။


သူက အပူလောင်သွားသလိုပင် လျှပ်တပြက်ဖြင့် ဓာတ်ပုံကို အံဆွဲထဲ ပြန်ထည့်ပြီး ပိတ်လိုက်၏။


ငါ ဘာဖြစ်နေတာလဲ...


လင်းက အသက်ပြင်းပြင်းရှူပြီး သူ့အကြည့်က နောက်ဆုံးအံဆွဲဆီသို့ အလိုလို လှည့်သွားသည်။


“...”


သူ ဆယ်စက္ကန့်နီးပါး တုံ့ဆိုင်းသွားပြီးနောက် အံဆွဲကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။


ဤအံဆွဲထဲတွင် ဘာမှမရှိချေ။


လင်းက မျက်တောင်ခတ်လိုက်ပြီး အလိုလို လက်လှမ်းလိုက်ရာ ခိုင်မာသော အရာတစ်ခုကို ထိလိုက်မိသည်။ ခဏခံစားကြည့်ပြီးနောက် လင်းက ယန္တရားငယ်တစ်ခုကို ဖွင့်လိုက်ရာ ပစ္စည်းတစ်ခုက သူ့လက်ထဲသို့ ကျလာ၏။ 


ထုတ်ယူပြီး ကြည့်လိုက်ရာ အနက်ရောင် သတ္တုတုံးတစ်ခုဖြစ်နေ၏။


စိတ်ဝင်တစားနှင့် သူအနည်းငယ်ကစားကြည့်ပြီးနောက် သူ့လက်ချောင်းက နေရာတစ်ခုကို အမှတ်မထင် ထိမိသွားပြီး အလိုအလျောက် အသက်သွင်းလိုက်သံ "တင်း" ဟူ၍ ထွက်လာ၏။


လင်း၏ သတိရှိသောသဘာဝအရ ထိုပစ္စည်းကို ပစ်ထုတ်မိလိုက်သည်။ သတ္တုတုံးက မြေပြင်ပေါ်တွင် လှိမ့်သွားပြီး အကြည်တစ်ပိုင်းရှိသော မျက်နှာပြင်က လေထဲတွင် ဖျတ်ခနဲပေါ်လာသည်။


၎င်းက လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ရန် အသုံးပြုသည့် ကိရိယာတစ်ခု ဖြစ်နိုင်သည်။ လင်းက ဆက်ကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။


မသိသင့်တဲ့ လျှို့ဝှက်ချက်တွေကို သိရှိတာက ဆိုးရွားတဲ့ အကျိုးဆက်တွေကို မကြာခဏ ဖြစ်စေနိုင်တယ်လေ...


လင်းက ဖန်သားပြင်ပေါ်ရှိ စကားလုံးများကို စိုက်ကြည့်၍ မျက်လုံးပြူးကာ ပါးစပ်ကို လက်ဖြင့် ဖြည်းညှင်းစွာ အုပ်လိုက်သည်။


စခရင်ပေါ်ရှိ မှတ်တမ်းတင်ထားသော အကြောင်းအရာများက ရိုးရှင်းသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုစကားလုံးများ၏ ပိုင်ရှင်က မည်မျှကြောက်စရာကောင်းသည်ကို နားလည်ရန် လုံလောက်၏။


[လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့... လုမော့...လုမော့...]


[ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်... ငါ့အပိုင်...ငါ့အပိုင်...]


..................


အသံသွင်းမှုက အဆုံးမရှိဟု ထင်ရပြီး အဆက်မပြတ် ရွေ့လျားနေသည်။


ရိုးရိုးစနစ်ဖောင့်နှင့် ဆန့်ကျင်ဘက်ဖြစ်သော စကားလုံးများ၏ ရူးသွပ်မှုက ပို၍ပင် ကြောက်စရာကောင်းလာသည်။


လင်းက နံရံကို မှီ၍ ဖန်သားပြင်၏ အပြာရောင်အလင်းတန်းကြောင့် သူ့မျက်နှာပေါ် အံ့အားသင့်ပုံပေါ်လာ၏။


အချိန်အတော်ကြာပြီးနောက် သူ့လက်ကို ဖြည်းညှင်းစွာ နှိမ့်လိုက်ပြီး ညည်းညူလိုက်၏။


"အဲဒါ... လုံးဝ ရူးသွပ်နေတာပဲ..."


လင်းက လုမော့ကို တစ်ခဏတာခန့် စိတ်မဆိုးနိုင်တော့ချေ။


လုမော့က စိတ်ဝေဒနာရှင်တစ်ဦး၏ ပစ်မှတ်ထားခံနေရသည်။ ဤစိတ်ဝေဒနာရှင်က လုမော့၏ ဘေးတွင်ပင် ပုန်းအောင်းနေခဲ့သည်။


အိုး... ဘယ်လောက်တောင် သနားစရာကောင်းလိုက်တာလဲ...


လင်းက မျက်လုံးများကို မှိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

တကယ်လို့... ငါ လုမော့ အတွက် ဒီစိတ်ဝေဒနာရှင်ရဲ့ ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ခဲ့မယ်ဆိုရင် လုမော့က ငါ့ကို လွှတ်ပေးမှာလား...


သို့သော် သူ သေသေချာချာ သတိထားရမည်။ လင်းက ဤကိစ္စနောက်ကွယ်တွင် ရှိနေကြောင်းကို သိလိုက်သည်နှင့် စိတ်ဖောက်ပြန်နေသော ဤလူက သူ့ကို ကမ္ဘာဆုံးတိုင် လိုက်ဖမ်းရန် ရည်ရွယ်မည်ဖြစ်ပြီး သူ့ကို အသေအချာ သတ်ပစ်လိမ့်မည်။


စိတ်အေးအေးထား...သတိထားရမယ်...တိကျတဲ့ဖြေရှင်းနည်းတွေကို စဉ်းစားရမယ်လေ...

လင်းက ပစ္စည်းကို ကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။


ဤအရာတွင် ထူးခြားသော အမှတ်အသားမရှိ၊ အရိပ်အမြွက်မျှပင် မရှိသည့်အပြင် အခြားသူများကို ပြသပါက လင်းကိုယ်တိုင် တီထွင်ခဲ့သည်ဟုပင် ပြောလိမ့်သည်။


ပြီးတော့ လုမော့က ငါ သူ့အတွက် ခံစားချက်တွေရှိပြီး ပုံဖော်ဖို့အတွက် စိတ်ဝေဒနာရှင်ကို လုပ်ကြံဖန်တီးခဲ့တာလို့  သေချာပေါက်ထင်မှာ...


လင်း နံရံကို ပြင်းပြင်းထန်ထန် ထုလိုက်ပြီး သူ့မျက်နှာပေါ်တွင် ပူပန်မှုအရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာပြန်သည်။


သူ့ခြေထောက်များကို ကွေးလိုက်ပြီး မျက်နှာကို ဒူးများကြား မြှုပ်နှံလိုက်ကာ ဘာဆက်လုပ်ရမည်အား တွေးနေမိသည်။



🌌🌌🌌