> ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး > အခန်း ၅၈
သို့သော်လည်း ရို့စ်မယ်ရီသည် အခြေအနေများကို သိပေသည်။ သူက လူနာ့ကို လှည့်စားခဲ့သည်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"မဟုတ်ဘူး! အဲဒါအမှန်ပါ! ကျွန်တော်က သခင်မ သက်တောင့်သက်သာမဖြစ်ဘူးဆိုပြီး တကယ်ထင်ခဲ့လို့ ဒီလိုလုပ်ခဲ့တာပါ! သူမက ကိစ္စတွေကို မသိရတာ မုန်းတယ် လို့ ပြောခဲ့တာမို့ ကျွန်တော်က သူမပြောသလို အားလုံးကို အစီရင်ခံပေးခဲ့ပေမယ့် သူမကတော့ ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာပါ"
ထိုကိစ္စအတွက် ကားလ်တွန်က ဆင်ခြေပေးခဲ့သော်လည်း ရို့စ်မယ်ရီ၏မျက်လုံးများမှာမူ အေးစက်နေခဲ့သည်။
"မဖြစ်နိုင်တာပဲ။နင်က သူမ သက်တောင့်သက်သာရှိလား မရှိဘူးလားတောင် မမေးဘဲ ကိုယ့်ဘာသာ ဝေဖန်ဆုံးဖြတ်ခဲ့တာလဲ။ အခုမှ ဘယ်သူ့ကိုလာပြီး အပြစ်တင်နေတာလဲ"
ကားလ်တွန်သည် ရို့စ်မယ်ရီ၏ ချေပချက်ကြောင့် ထိုအချိန်ကို ပြန်အမှတ်စဉ်းစားခဲ့လိုက်သည်။ ရို့စ်မယ်ရီ၏ ချေပချက်က သူ၏ စိတ်ခံစားချက်များပါဝင်သော ပြောဆိုချက်ထက် ပိုမို၍ပင် ယုံကြည်စရာကောင်းနေခဲ့သည်။
"နင် အလုပ်ထုတ်ခံရအောင် တကယ်ပဲ ဘာလုပ်ခဲ့တာလဲ။သူမက အိမ်ကိုစာချုပ်မချုပ်မခင် အိမ်ကြီးအကြောင်း ကောင်းကောင်းမသိခင်ကတောင် အိမ်ကြီးက အစေခံတွေအားလုံးနဲ့ စာချုပ်ဆက်ချုပ်ဖို့ တောင်းဆိုခဲ့တာ"
ဒါက အစေခံများအတွက် မျက်နှာသာပေးတာဖြစ်ပေမယ့် တကယ်မှာ လူနာသည် စံအိမ်အကြီးကြီးတွင် ပထမဆုံးအကြိမ်နေခြင်းဖြစ်တာကြောင့် အစေခံများကို ရုတ်တရက် အလုပ်မထုတ်နိုင်ခဲ့တာဖြစ်သည်။
ရို့စ်မယ်ရီ စိတ်ဆိုးကာခြေဆောင့်ပြီး ကားလ်တွန်ကို အပြစ်တင်ခဲ့လိုက်သည်။
ဤအချိန်တွင် အခြေအနေကို စောင့်ကြည့်နေခဲ့သော မားကွစ်မြို့စားက ကြားဝင်စွက်ဖက်လာခဲ့သည်။ သူသည် နောက်ဆုံးတော့ ထိတ်လန့်မှုထဲကနေ ပြန်ရုန်းထွက်လာနိုင်ပုံရသည်။
"တစ်ဖက်တည်းကြားရုံနဲ့ အကဲဖြတ်လိုက်တာက မမှန်ဘူး။ လေဒီပဲလ်နဲ့လည်း တွေ့ရမယ်ဆို ကောင်းလိမ့်မယ်"
သေချာတာသည်မှာ အဲ့ဒါက ကားလ်တွန်၏ပြဿနာကိုဖြေရှင်းဖို့မဟုတ်ပေ။ နောက်ဆုံးတွင် သူ့ကိစ္စက သိပ်အရေးမကြီးချေ။
ထို့ထက်ပိုစွာပင် မားကွစ်မြို့စားတို့ ဇနီးမောင်နှံသည် သူတို့၏ စွန့်ပစ်ထားသောသားအား ချိန်းတွေ့နေသောလူကို သိချင်ကြတာဖြစ်သည်။ ထို့ကြောင့် မားကွစ်မြို့စားကတော်ကလည်း သဘောတူခဲ့လိုက်သည်။
"ကျွန်မလည်း အဲ့လိုထင်တယ်။ဒီကိစ္စမှာ အန်းသန့်စ်ပါ ပါနေတာဆိုတော့ ဒီဇာတ်လမ်းကို လူချင်းတွေ့ပြီး နားထောင်တာက ပိုကောင်းလိမ့်မယ်"
အခြခံအားဖြင့် သူတို့သည် အန်းသန့်စ်ရော လူနာ နှစ်ယောက်လုံးကိုတွေ့ချင်ခဲ့ကြသည်။ သို့သော် နှစ်ဦးစလုံးကို ဆက်သွယ်ဖို့ရာ နည်းလမ်းမရှိသဖြင့် မားကွစ်မြို့စားကတော်သည် ရို့စ်မယ်ရီကိုကြည့်ပြီး တွေ့ဆုံပွဲတစ်ခုစီစဉ်သင့်သည်ဟု အကြံပြုလိုက်သည်။
သို့သောိ ဒေါသထွက်နေဆဲဖြစ်သော ရို့စ်မယ်ရီက နှုတ်ခမ်းစူလိုက်ပြီး-
"အပြင်ထွက်ခွင့်တားမြစ်ချက်ကို ဘယ်တော့ ပြန်ရုတ်သိမ်းပေးမှာလဲ"
"အဲ့ဒါအတွက် အဖေတောင်းပန်ပါတယ်။ သမီးကို အရမ်းချုပ်ချယ်မိတာ အဖေ့အမှားပါ။ အထူးသဖြင့် သမီးက အရွယ်ရောက်နေပြီဆိုတော့ အဖေ လိုက်မချုပ်ချယ်သင့်တော့ဘူး"
အပြင်ထွက်ခွင့် တားမြစ်ချက်သည် မကြာခင် ရုတ်သိမ်းခံရတော့မည် ဖြစ်သည်။ အထူးသဖြင့် သူမအပေါ် ခက်ခက်ခဲခဲ လေ့လာမှုတွေပေးခဲ့မိပြီး သူတို့၏ တစ်ဦးတည်းကျန်သောသမီးလေးနှင့် ဝေးကွာမသွားချင်ကြပေ။
မားကွစ်မြို့စားက တောင်းပန်တာကြောင့် ရို့စ်မယ်ရီ၏ စိတ်မှာ အနည်းငယ်ပျော့ပျောင်းသွားခဲ့ရသည်။
"သမီး စဉ်းစားလိုက်ပါ့မယ်"
သို့တိုင် သူမက 'ဟုတ်ကဲ့' ဟု ရိုးရိုးရှင်းရှင်းပြောမယ့်အစား မရေရာသော နှုတ်ဆက်စကားဖြင့် ဧည့်ခံခန်းမှ ခပ်သုတ်သုတ်ထွက်သွားခဲ့သည်။
ကားလ်တွန်သည် လူနာနှင့်ချက်ချင်း တွေ့လိုနေသော မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကို နားမလည်သည့်တိုင်အောင် အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။သူက ထိုမိုက်မဲသော အိမ်ဦးစီးလူနာ၏ ဘဝင်မြင့်နေသော နှာခေါင်းကို ချေဖျက်နိုင်တော့မည်ဟု ယုံကြည်နေဆဲဖြစ်သည်။
* * *
ဤအတောအတွင်း ဆင်းရဲနေခဲ့သောကျေးဇူးကြောင့် အစေခံများနှင့် အိမ်တော်ထိန်းမရှိတာတောင်မှ ကြီးကြီးမားမား အဆင်မပြေတာမျိုးမဖြစ်ခဲ့ပေ။ စံအိမ်ကြီးသည် ကောင်းကောင်း သန့်ရှင်းရေးမလုပ်တာနဲ့ပင် ပြိုကျသွားမှာမဟုတ်ပေ။
တစ်ခုတည်းသော အဆင်မပြေတာမှာ လက်ကိုပတ်တီးနဲ့ ပတ်ထားရတာဖြစ်သည်။ လက်တစ်ဖက်တည်းသာပတ်ထားရသော်လည်း ညာဘက်လက်ဖြစ်နေသောကြောင့် အလွန်အဆင်မပြေနေပေ။
"အာ~ပါးစပ်ဟလိုက်"
ဆန့်ကျင်ဘက်၌ထိုင်နေသော အန်းသန့်စ်က ကွတ်ကီးကိုကိုင်ပြီး ပြောလာခဲ့သည်။
သူ့ကို တစ်ယောက်တည်းထားခဲ့ရုံနဲ့ လုံလောက်ပြီကို မျက်နှာကို အကြိမ်ကြိမ် ရိုက်လိုက်တော့ သူမ အခုလိုဖြစ်သွားရပြီ။
သို့သော်လည်း မကြာခင်မှာပင် လူနာသည် နှုတ်ခမ်းကိုမဲ့လိုက်ပြီး သူ၏ မလိုလားအပ်သော မျက်နှာသာပေးမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ကျွန်မက လက်နှစ်ဖက်လုံး ဒဏ်ရာရနေတာမဟုတ်ဘူးနော် ဟုတ်ပြီလား။ ရှင့်ဘာသာပဲ များများစားပါ။ ဒါနဲ့ အင်ပါယာမိသားစုက ရွှေတွေကို ပြန်စစ်မယ်လို့ ပြောတယ်ဆို"
"ဟုတ်တယ်။ အဲ့လူတစ်ခုက ရွှေကို စွဲလမ်းနေကြတာလေ။ ကိုယ့်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်ရှိပြီးသား။သူတို့ကို အဲဒါတွေ ပြလိုက်ရုံပဲ"
လူနာထံ စာရွက်စာတမ်းများကို လွှဲပြောင်းပေးရင်း အန်းသန့်စ်သည် တော်ဝင်မိသားစုကို ပါးပါးလေး စော်ကားခဲ့လိုက်သည်။
"ပြီးတော့ နောက်ကျနေပေမယ့်လည်း ကိုယ့်မှာ မင်းအတွက်လက်ဆောင်တစ်ခုရှိတယ်"
လူနာ စာရွက်စာတမ်းများကို စစ်ကြည့်နေတုန်း အန်းသန့်စ့်က သေတ္တာတစ်ခုကို စားပွဲပေါ် တင်လိုက်သည်။
"လက်ဆောင်လား။အဲဒါဘာလဲ"
သူမလက်ကနာကျင်နေသဖြင့် ဖွင့်ပေးရန် လက်ဟန်ပြလိုက်တော့ အန်းသန့်စ်က သေတ္တာအဖုံးကိုဖွင့်ပေးလာခဲ့ပြီး အထဲကပစ္စည်းကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရွှေဖြင့်ပြုလုပ်ထားသော ဝိုင်ဖန်ခွက်ဖြစ်ပြီး အစက အိမ်ရှေ့မင်းသားအတွက် လက်ဆောင်ဆိုပြီး လိမ်ညာပြောဆိုခဲ့သောဟာဖြစ်သည်။
"ဒီဖန်ခွက်က ကျွန်မရွှေတွင်းက ရွှေနဲ့လုပ်ထားတာလား"
"စိတ်မပူပါနဲ့။ အဲဒါက ရွှေကို အလွဲသုံးစားလုပ်တာ မဟုတ်ပါဘူး။ကိုယ် တန်ဖိုးကို အတိအကျ မှတ်သားထားပြီးသားပါ"
သံသယသည် အလွန်တိုတောင်းသော်လည်း အန်းသန့်စ်သည် ၎င်းကို သတိပြုမိပြီး နားလည်မှုလွဲမှားခြင်းကို ရှင်းပစ်လိုက်သည်။
လူနာက ကို့ရို့ကားယားခံစားလိုက်ရပြီး ချောင်းတစ်ချက်ဆိုးကာ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"အဟမ်း။ရှင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ နောက်ကျ ဝိုင်သောက်ကြတာပေါ့။ကျွန်မတစ်ယောက်တည်း ဒီလိုလှပတဲ့ ခွက်နဲ့ သောက်ရမှာဆိုတော့ နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိတယ်"
"စိတ်မပူပါနဲ့။ ကိုယ့်မှာလည်း တစ်ခွက် ရှိတယ်"
အန်းသန့်စ်က တုံ့ပြန်ပြီး လူနာအား သူလက်ဆောင်ပေးခဲ့သော ခွက်နှင့် တစ်ပုံစံထဲတူညီသောခွက်ကို လူနာအား ပြလာခဲ့သည်။
ခဏလေး! အဲ့ဒါက ဘာလဲ။ စုံတွဲခွက်တွေလား!!
"ရှင်ရူးနေတာလား။ ဒါကို တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ!"
"ဒါဆို တစ်ယောက်ယောက် မြင်သွားရင်ရော ဘာဖြစ်မှာမို့လို့လဲ။ အခုချိန်မှာ မတွေ့ဖူးတဲ့သူတွေကတောင် ကိုယ်တို့ ချိန်းတွေ့နေကြမှန်း သိထားကြပြီးသားနေမှာ"
ဒီလောက်အတိုင်းအတာအထိမဟုတ်သော်လည်း နောက်ဆုံးတစ်ခေါက်ကပါတီကြောင့် မသိခဲ့သော သူတော်တော်များများ အခုသိပြီးနေပြီဖြစ်သည်။
"ဟေး၊ကိုယ်တို့ အဲဒီနေ့က အချိန်ကောင်းလေး ရခဲ့တာပဲနော့်"
အထင်အမြင်လွဲမှားစေသော ပြောဆိုချက်နှင့် ခပ်ရွဲ့ရွဲ့ရယ်သံတို့ဖြင့် အန်းသန့်စ်သည် လူနာအား ရှက်သွေးဖြာလာစေခဲ့သည်။
"ရှင်..ရှင်ဘာတွေပြောနေတာလဲ! အဲ့ဒါက ရွံစရာကြီး!"
"ဟောလ် ကိုယ်က တကယ်ကောင်းတဲ့ ပါတီလို့ ဆိုလိုတာပါ။ဘာလို့လဲ။ မင်း ဘာတွေတွေးနေလို့ ဒီလောက်တောင်ရှက်သွားတာလဲ"
"…"
ခဏတာ တိတ်ဆိတ်သွားပေမယ့် ပြန်စလာခဲ့သည်။ လူနာသည် အခြေအနေ မည်သို့ပင်ရှိစေကာမူ စကားဝိုင်းကို ရှောင်ရှားလိုက်သည်။
"အဲ့အကြောင်းတော်ကြရအောင်။ ဘာပဲဖြစ်ဖြစ် စာရွက်စာတမ်းတွေက အဆင်ပြေတဲ့ပဲ။ ဒီတော့ ဒါကို သိမ်းကြရအောင်။ ကျွန်မ အပြင်သွားရအုံးမယ်"
"အစေခံတစ်ချို့ သွားရှာမလို့လား"
"ဟုတ်တယ်။ဒီတစ်ခါတော့ ကျွန်မကိုယ်တိုင် သွားကြည့်ရမယ်။ မှန်ကန်တဲ့ အစေခံတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်မ အခုမှ သိလာရတော့တယ်"
ထိုကိစ္စနှင့်ရင်းနှီးသွားပြီဖြစ်တာကြောင့် ဒီတစ်ခါတော့ သူမသည် သူမ သို့မဟုတ် သူမ၏မိသားစုဝင်များကို မထိခိုက်စေမည့် ကြင်နာသောသူများကိုသာ အလုပ်ခန့်ရန် စီစဉ်ထားသည်။
"ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"
စာရွက်စာတမ်းများကို ပြန်စီနေသော အန်းသန့်စ်က တုံ့ပြန်လာခဲ့သည်။
"ရှင် အလုပ်မရှုပ်နေဘူးလား။ အဆင်ပြေလို့လား"
ခဏတာလောက် သူမ စိတ်ပူသွားခဲ့သည်။ သူမ၏ အဖိုးတန်ရွှေတွင်းကို ဒီလူ့ဆီ အပ်ဖို့က လုံရောလုံခြုံပါ့မလား။
"ကိစ္စမရှိပါဘူး။ ကိုယ်က အရူးတစ်ယောက်လို တစ်လလောက် အလုပ်လုပ်နေခဲ့တာ အခုနှစ်ရက် သုံးရက်လောက် အနားယူတာက အဆင်ပြေပါတယ်။ ဒါ့ပြင် မင်းမှာ ရထားမောင်းတဲ့သူလည်း မရှိဘူးမလား"
မြင်းလှည်းထိန်း အပါအဝင် အားလုံးကို အလုပ်ထုတ်လိုက်တာကြောင့် အခု ဘယ်သူမှကို မရှိတော့ပေ။
ယခင်က မြင်းလှည်းထိန်းဖြစ်သော ဟင်နရီသည်လည်း ဘယ်ရွန်မြို့စားနှင့်အတူ ပဲလ်နယ်မြေသို့ ထွက်ခွာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် အန်းသန့်စ်ပြောသည့်အတိုင်း အမှန်ပင် ရထားကို မောင်းမည့်သူမရှိနေချေ။
သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်မည်ဆိုပါက သူမ မြင်းစီး သို့မဟုတ် လမ်းလျှောက်ရမည်ဖြစ်သည်။ ထို့ကြောင့် လူနာသည် စောနက သူ့ကမ်းလှမ်းချက်ကို ငြင်းခဲ့တာ သူမ မဟုတ်သလိုမျိုး နူးညံ့စွာ ပြုံးလိုက်သည်။
"ကျွန်မက ရှင် အလုပ်များနေမှာစိုးလို့ပါ။ အလုပ်ရှုပ်နေတဲ့သူကို မဆွဲထားသင့်ဘူးမလား။အဲ့ဒါကြောင့် စစ်ဆေးကြည့်တာရယ်။ ဒါဆို ရှင့်ရဲ့စဉ်းစားမှုအတွက်ကျေးဇူးတင်ပါတယ်နော်!"
သူမ၏ အပြောင်းအလဲမြန်သော သဘောထားကြောင့် အန်းသန့်စ်သည် ခပ်ဟဟ ရယ်မောလိုက်မိသည်။
သူမသည် နာကျင်စေမည့်စကားများပြောတတ်သော်လည်း တကယ်နာကျင်စေဖို့မရည်ရွယ်တာကို သူသိပေသည်။ ပြီးတော့ အဲ့ဒါက အရမ်းချစ်ဖို့ကောင်းလှသည်။
အန်းသန့်စ်၏ကျေးဇူးကြောင့် လူနာ ရထားထိန်းတစ်ဦးကို ဘေးကင်းစွာတွေ့ရှိခဲ့သည်။သူမက အန်းသန့်စ်နှင့်မျက်နှာချင်းဆိုင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ပြီး မျက်မှောင်ကုတ်လိုက်သည်။
"ရှင် ကိုယ်တိုင် မောင်းမှာလို့ ပြောခဲ့တာမဟုတ်ဘူးလား"
"ကိုယ်လား...ကိုယ့်အတွက် ရထားမောင်းဖို့က လိုအပ်လို့လား"
ရထားကို မောင်းနှင်နေသည်က အန်းသန့်စ်၏ မြင်းလှည်းထိန်းဖြစ်သည်။ဒါဆိုရင် အန်းသန့်စ်က သူမနှင့် အတူလိုက်လာဖို့ ဘာမှမလိုအပ်နေပေ။ သူမကို ဒီတိုင်း မြင်းလှည်းထိန်း ခဏလောက် ငှားပေးလိုက်ရုံနဲ့တင်ရနေပြီဖြစ်သည်။
"အာ... အရင်တစ်ခေါက်က အရူးလုပ်ခံခဲ့ရတာတောင် ထပ်ယုံမိပြန်ပြီ..."
အရင်တစ်ခေါက် ဆိုင်ယာကို ချက်လက်မှတ်များ သွားပေးတုန်းက သူမ တစ်ခါအရူးလုပ်ခံခဲ့ရသည်။
ထိုအချိန်တွင် အန်းသန့်စ်သည် မားချက်စ်ဂိုဏ်းကသူတွေက သူခိုင်းတာကိုသာနားထောင်သည်ဟု လိမ်ညာပြောဆိုခဲ့သောကြောင့် သူမမှာ သူ့ကိုအတူခေါ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။
ဒီနေ့လည်း မြင်းလှည်းမောင်းသမားတစ်ယောက်အနေနဲ့ သူမကို လိုက်ပို့ပေးမယ်ဟု ပြောခဲ့လို့ သူမ သဘောတူလိုက်ရသော်လည်း တကယ့်တကယ်မှာ ရထားကို သူ့၏ ရထားထိန်းက မောင်းနှင်ပေးနေတာဖြစ်သည်။
"အဲလောက် စိတ်ဆိုးမနေပါနဲ့။ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ ပထမဆုံး အစေခံတွေ ရှာပြီးအလုပ်ခန့်တာဆိုတော့ ကိုယ်ပါအတူပါတာက ပိုမကောင်းဘူးလား"
အန်းသန့်စ်သည် လှည့်စားခဲ့သည်ဟူသော စွပ်စွဲချက်ကို မငြင်းဆိုဘဲ လူနာကို စိတ်တည်ငြိမ်အောင် သူ့အားသာချက်ဖြင့်ဆွဲဆောင်နေလေသည်။
သူက ဒီလိုလူပဲ။ အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်အောင်အရင်လုပ်ခဲ့ပြီး ကူညီပြန်တယ်။ ဒေါသတောင် ထွက်ဖို့နေရာမရှိတော့ဘူး။
"ရှင် ဘာလို့ ကျွန်မနောက်ကိုလျှောက်လိုက်ပြီး ရှင့်အချိန်တွေကိုဖြုန်းနေတာလဲ။ကျွန်မက ရှင့်ကို ပိုက်ဆံပေးထားတာလည်း မဟုတ်ဘဲနဲ့"
အဲ့ဒါက အချစ်တစ်ခု ပေါက်ဖွားအောင်လုပ်နေတာ မဟုတ်သလို ခိုင်မာသော ဆက်ဆံရေးဖန်တီးနေတာလည်းမဟုတ်ပေ။
"အဲဒါက…"
ထိုမေးခွန်းကို တုံ့ပြန်ဖို့အတွက်မူ ကိစ္စတိုင်းကို အမြဲတမ်း ချောမွေ့စွာ ကိုင်တွယ်တတ်သော အန်းသန့်စ်သည် လူနာကို ခဏလောက် စိုက်ကြည့်ပြီး နှုတ်ဆိတ်နေခဲ့သည်။
သူအဲဒါကို မတွေးခဲ့မိသလို မသိဘူး။ သူလည်း ဘာကြောင့် လူနာနောက်ကို လိုက်ချင်နေမှန်း မသိဘူး။
လူနာ ပြောခဲ့သလိုပင် ဒါက သူ့အချိန်များကို ဖြုန်းတီးခြင်းသက်သက်သာဖြစ်သည်။ ထိုအချိန်တွင် အိပ်စက်ခြင်း၊ အလုပ် သို့မဟုတ် အခြားအရာများကို လုပ်ဆောင်ခြင်းက ဘဝအတွက် ပိုအကျိုးရှိစေမှာဖြစ်သည်။
"ထားတော့ အဲ့ဒါအဆင်ပြေပါတယ်။ ဒီတိုင်း အကူအညီမရတဲ့သူသာ မဖြစ်စေနဲ့"
အန်းသန့်စ်က စကားမပြောလာတော့တာကြောင့် လူနာသည် သူစိတ်တိုင်းကျသာ လုပ်ချင်သလိုလုပ်တော့ဟုပြောသလိုမျိုး ခေါင်းကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်တော့သည်။
လူနာကို ဗြောင်ကျကျ ငေးကြည့်နေခဲ့သော အန်းသန့်စ်သည်လည်း သူမနောက်မှလိုက်ကာ ပြတင်းပေါက်အပြင်ဘက် ရှုခင်းဆီသို့ လှည့်မျှော်ကြည့်လိုက်သည်။
မထင်မှတ်ဘဲ ထွက်ပေါ်လာသော အကြောင်းအရာတစ်ခုက သူ့မျက်ခုံးကို အနည်းငယ် ပင့်တက်သွားစေခဲ့သည်။
TK Team