Chapter 72
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၇၂)

ဆိုဗက်စ်စတာမှာ မှင်တက်နေပုံ ရသည်။

၎င်းမှာ ရယ်ချင်စရာကောင်းလှသည်။

အစကတည်းက နိုင်ငံရေးကိစ္စများတွင် စိတ်ဝင်စားမှု မရှိသူ ကျွန်မက သူ့ဆီ ရုတ်တရက် ရောက်လာခဲ့ပြီး ဤမေးခွန်းကို ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်သည်။

ဘာကြောင့်လဲ။

ဆိုဗက်စ်စတာက အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ကျွန်မကို ကြည့်လာသည်။

"မင်း ဘာကြောင့် ဒီလို မေးရတာလဲ။"

"ဘာကြောင့်လဲ ဆိုတော့ ..."

ကျွန်မ ကြိုတင်ပြင်ဆင်ထားသော အဖြေကို ပေးလိုက်သည်။

"စောစောက ဒုတိယမင်းသားနဲ့ ကျွန်မ တွေ့ခဲ့တယ်လေ။"

"အိမ်ရှေ့စံမင်းသားနန်းတော်မှာလား။"

"အင်း၊သူတို့နှစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြတာ။"

အတိအကျ ပြောရလျှင် အပြန်အလှန် ဆိုသည်ထက် ကယ်လီယန်ကသာ တစ်ဖက်သတ် ရှုံးနိမ့်နေရခြင်း ဖြစ်သည်။

"ဟား"

ဒါပေါ့ ၊သူ ဒီအခြေအနေကို မျှော်လင့်ထားလို့လား။

ဆိုဗက်စ်စတာ နှာမှုတ်လိုက်သည်။

"လာဂိုက စကားကြမ်းကြမ်းတွေ ပြောနေကျပဲ။တိုက်ခိုက်တယ်ဆိုတာ မင်း ဘာကို ဆိုလိုတာလဲ။"

အမ်း

ဆိုဗက်စ်စတာက ဒုတိယမင်းသားကို နာမည်အတိုင်း ခေါ်လိုက်သည်။သူတို့ အမှန်ပင် ရင်းနှီးနေသည်။

ကျွန်မ စိတ်ထဲတွင် လက်ခုပ်တီးလိုက်ပြီး ပါးစပ်ကို ပိတ်ထားလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ မင်း သူနဲ့ဘာကြောင့် တွေ့ခဲ့တာလဲ။"

"ကျွန်မတို့ နောက်လဲ ထပ်တွေ့ဦးမယ်လို့ သူက ကျွန်မကို ပြောသွားတယ်။"

"အမှန်ပဲ"

"ဒါပေမဲ့ သူက ဒီစကားကို အိမ်ရှေ့စံအရှင့်သား ရှေ့မှာ ပြောသွားတယ်လေ။ဘာတွေ ဖြစ်မယ်လို့ ရှင် ထင်လဲ။"

"အရှုပ်အထွေးတွေ ဖြစ်သွားမှာပေါ့။"

"မှန်တယ်။"

ကျွန်မ ပြန်ဖြေလျှင် ဆိုဗက်စ်စတာက မေးသည်။

"မင်း ဘာပြောခဲ့လဲ။"

ထိုအခိုက်အတန့်၌ ကျွန်မ ဘယ်လောက်အထိ ပြောပြသင့်သည်ကို စဥ်းစားနေမိသည်။

ကယ်လီယန်၏ ဩဇာအာဏာအတွက် ကျွန်မ လိမ်သင့်၊မလိမ်သင့် စဥ်းစားနေရ၏။

ကျွန်မ မေးလိုသော မေးခွန်းများကို မေး၍ အဖြေပြန်ရနိုင်ရန်အတွက် ရိုးသားလိုက်သည်က ပို၍ ကောင်းသည်ဟု ထင်သည်။

"ကောင်းပြီ၊ရှင် ထင်ထားတဲ့အတိုင်းပဲ။"

ထို့ကြောင့် ကျွန်မ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"မင်းရဲ့ခင်ပွန်းက ဒုတိယမင်းသားကို ထောက်ပံ့ပေးနေလို့ ငါ ခက်ခဲနေရတယ်။ငါ ဘာလုပ်ရမလဲ ...ဘလာ ဘလာ။ကလေးတစ်ယောက်နဲ့ ရန်ဖြစ်နေရတာလားလို့တောင် ကျွန်မ တွေးမိတယ်။"

"ကလေးလား။"

စကားပြောနေရင်း ဆိုဗက်စ်စတာက အားရပါးရ ရယ်လိုက်လေသည်။

"ကောင်းပြီ။အိမ်ရှေ့စံမင်းသားမှာ နည်းနည်း ကလေးဆန်တဲ့ တစ်ဖက်ခြမ်း ရှိနေတာပေါ့။ဒီတော့ သူ ဘာပြောလဲ။"

"အရေးမပါတာတွေပါ။"

ကျွန်မ အတိအကျ မပြောချင်သော်လည်း ဆိုဗက်စ်စတာကို ပြောပြသည်က ပိုကောင်းမည်ဟု တွေးမိသဖြင့် အလိမ်အညာတစ်ချို့ ရော၍ ပြောလိုက်သည်။

"ကျွန်မက ဒုတိယမင်းသားကို မပံ့ပိုးပေးရဘူးတဲ့လေ။ဒါကြောင့် အရေးမပါတာတွေလို့ ရှင့်ကို ကျွန်မ ပြောခဲ့တာပေါ့။ဒါကြောင့် ကျွန်မ သိချင်နေရတာလေ။" 

တောက်ပနေသော မျက်လုံးများဖြင့် ကျွန်မ ရှေ့သို့ အနည်းငယ် ကိုင်း၍ ကြည့်လိုက်သည်။

"ရှင်က ဒုတိယမင်းသားကို ဘာကြောင့် ထောက်ပံ့ပေးနေရတာလဲ။"

ဆိုဗက်စ်စတာက ခေါင်းကို တစ်ဖက်စောင်း၍ ကျွန်မကို ကြည့်လေသည်။

သူက မေးစေ့ကို ကုတ်ခြစ်နေ၏။

ထိုသို့ မေးစေ့ကို ကုတ်ခြစ်ခြင်းသည် သူ မပြောချင်သည့် အကြောင်းအရာတစ်ခုကို ပြောရင် သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးတိုင်း ထွက်ပေါ်လာတတ်သော အလေ့အကျင့်တစ်ခု ဖြစ်သည်။ထို့ကြောင့် သူ ဆက်ပြောလာမည့် စကားကို ကျွန်မ တိတ်ဆိတ်စွာ စောင့်နေခဲ့သည်။

"ကိုယ့်မှာ မရှိတဲ့အရာက သူ့ဆီမှာ ရှိနေလို့ပဲ။"

အကြာကြီး တိတ်ဆိတ်နေပြီးမှ ဆိုဗက်စ်စတာက ပါးစပ်ကို ဖွင့်လာသည်။

"ဒီတော့ သူ ဧကရာဇ် ဖြစ်လာရင် ကိုယ့်ကို အဲ့ဒီအရာ ပေးမယ်လို့ သူက ဆုံးဖြတ်ထားတယ်လေ။"

"..."

"ဒါက အဖြေလား။"

ကျွန်မ နဖူးတွန့်လိုက်သည်။

"မလုံလောက်သေးဘူး"

ရှင်က ဒီလိုပြောရင် ကျွန်မက ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ။

၎င်းက မူလဇာတ်ကြောင်းထဲတွင် မပါဝင်သဖြင့် ကျွန်မ သေချာ လေ့လာနိုင်ခြင်း မရှိခဲ့ပေ။

ကျွန်မ ထိုသို့ ကွေ့ဝိုက်ပြောဆိုနေရသဖြင့် အနည်းငယ် ဝမ်းနည်းလာရပြီး နှုတ်ခမ်းစူထားလိုက်မိသည်။

"ကျွန်မ ထပ်မေးရင် ရှင် ဖြေပေးမှာလား။"

"မဖြေဘူး"

"အိုကေ၊ကျွန်မမှာ မာနရှိတယ် ဆိုတော့ ထပ်မမေးတော့ပါဘူး။"

ဆိုဗက်စ်စတာက ထပ်ရယ်ပြန်သည်။

ကျွန်မ သူ့ကို စိုက်ကြည့်ပြီး ပါးစပ်ဟလိုက်သည်။

"ဒီတော့ ကျွန်မ ..."

ယခု မတိုင်ခင်က ကျွန်မ ဆိုဗက်စ်စတာအပေါ် သစ္စာဖောက်မိသည်ဟု ခံစားရဖြင့် အနည်းငယ် အပြစ်မကင်း ဖြစ်နေမိသေးသည်။

ထိုကြောင့် ယခု ကျွန်မ ရှင်းရှင်းလင်းလင်း ပြောရလိမ့်မည်။

"ကျွန်မက အိမ်ရှေ့စံအရှင့်သားကို ပံ့ပိုးရလိမ့်မယ်။"

ကျွန်မ ကယ်လီယန်ကို ပံ့ပိုးရလိမ့်မည်။ထိုသို့ ပြောထားမှသာ ဆိုဗက်စ်စတာ သိရှိသွားသော အချိန်၌ သစ္စာဖောက်ခံရသလို မခံစားရလောက်တော့ပေ။

၎င်းကို ဆိုဗက်စ်စတာလည်း သဘောကျလိမ့်မည်ဟု ကျွန်မ ထင်သည်။မည်သို့ပင်ဖြစ်စေ ၎င်းမှာ ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။

ထို့ကြောင့် ကျွန်မ ဤသို့ ပြောလိုက်သည်။

သို့သော်

"မင်းက တကယ်ကို ခန့်မှန်းလို့မရတာပဲ။"

ဆိုဗက်စ်စတာက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။

"အိမ်ရှေ့စံမင်းသား ငတုံးကို ပံ့ပိုးပေးဦးမယ်တဲ့။"

သူက ဆတ်ခနဲ ထလာပြီး ကျွန်မ အနားကို တိုး၍ စိုက်ကြည့်လာသည်။

"မင်းက အိမ်ရှေ့စံမင်းသားကို ဒီလောက်ထိ ကြိုက်လား။"

"ဘာ"

"မင်း သူ့ကို ကြိုက်လွန်းလို့ ရူးသွားတော့မှာလား။ဒီတော့ ကိုယ်က သူ့ကို ကူညီဖို့ အကောင်းဆုံး ဘာလုပ်ပေးသင့်လဲ။"

သူက အလွန်ပင် အဓိပ္ပါယ်မရှိသော တစ်စုံတစ်ရာကို ပြောလာချိန်တွင် ကျွန်မ ပါးစပ်တစ်ဝက် ဖွင့်လျက်သား ဖြစ်နေခဲ့သည်။

မဟုတ်ဘူး၊ဒါ အစထဲက နားလည်မှု လွဲနေတာပဲ။ငါ ဒီလို နားလည်မှုလွဲနေတာကို ဖြေရှင်းသင့်တယ်။

"ကျွန်မ ထပ်ပြောမယ်၊ကျွန်မ အရှင့်သားကို မကြိုက်ဘူး။"

ဆိုဗက်စ်စတာ၏မျက်လုံးများမှာ သံသယအရိပ်အယောင်များဖြင့် တောက်ပနေခဲ့သည်။ကျွန်မ အလျင်အမြန် ထပ်ထည့်ပြောလိုက်၏။

"လက်ရှိလုပ်နေတာက ရှင် ပြောထားတဲ့ 'ဖြားယောင်းတာ'ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လာမယ်လို့ ကျွန်မ မသိဘူး။"

ကျွန်မ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

"ရှင်က ဒါကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲ။ဒီလောက်မုန်းနေရတာက အကြောင်းရင်းတစ်ခုတော့ ရှိတယ်မဟုတ်လား။"

"အကြောင်းရင်းလား။"

ဆိုဗက်စ်စတာ မျက်နှာပျက်သွားသည်။

သူက ကျွန်မဆီ လျှောက်လာနေသည်ကို ရပ်တန့်လိုက်ပြီး ရွံ့တွန့်တွန့်အမူအရာဖြင့် သူ့မျက်နှာသူ လက်ဖဝါးဖြင့် ပွတ်လိုက်သည်။

"ကိုယ်မှာ ဘာအကြောင်းရင်းမှ မရှိဘူး။မဟုတ်သေးဘူး။ဘာမှ မရှိနိုင်ဘူး။"

ဆိုဗက်စ်စတာက သူ့ကိုယ်သူ အရိပ်အမြွက်ပေးနေသည့် အတိုင်း ခပ်အုပ်အုပ် ပြော၍ သွားကို ဂျိခနဲ မြည်အောင် အံကြိတ်လိုက်လေသည်။

သူ ဘာဖြစ်နေတာလဲ။

သူ ရူးသွားပြီလား။

ကျွန်မ အနည်းငယ် မျက်မှောင်ကြုတ်ရင်း သူ့ကို ကြည့်လိုက်သည်။

ထို့နောက် ဆိုဗက်စ်စတာက ပါးစပ်ကို ဖွင့်လိုက်ပြန်သည်။

"ပြီးတော့ မင်းက အိမ်ရှေ့စံမင်းသားကို မကြိုက်ဘူးဆိုတာ ကိုယ် မယုံဘူး။"

"ဘာ ... ဘာကြောင့်လဲ။"

"သုံးနှစ်တောင် ရှိပြီ ၊မင်း အိမ်ရှေ့စံမင်းသားနောက်ကို သုံးနှစ်ကြာအောင် လိုက်နေခဲ့တာလေ။အခုမှ မဟုတ်ဘူးတဲ့လား၊လိမ်ဖို့ကို တွေးမနေစမ်းနဲ့။"

နင်က တကယ်ကို အံ့ဩစရာပါပဲ၊အိုဖီလီယာရေ။

သုံးနှစ်ကြာပြီးနောက်မှ ထိုသို့ မဟုတ်ပါဟု ပြောသည်ကို ဆိုဗက်စ်စတာက ယုံကြည်လိမ့်မည် မဟုတ်ပေ။

ကျွန်မ လက်ခံစွာဖြင့် ခေါင်းငြိမ့်လိုက်ရသည်။

"မင်းက အိမ်ရှေ့စံမင်းသားကို ပံ့ပိုးသည် ဖြစ်စေ၊မပံ့ပိုးသည် ဖြစ်စေ ၊ အင်း ...ကိုယ့်အတွက် အရေးမပါဘူး။ဒါပေမဲ့ တစ်ခုတော့ သိထားလိုက်။"

ဆိုဗက်စ်စတာက ကျွန်မအနား တိုးကပ်လိုက်ပြီး သူ့လက်များကို ကျွန်မပခုံးအနောက်ရှိ ဆိုဖာနောက်မှီပေါ်သို့ တင်ထားလိုက်သည်။သူက ကျွန်မကို သူ့လက်မောင်းများကြားတွင် ချုပ်နှောင်ထားပြီး ငုံ့ကြည့်လိုက်သည်။

"ကိုယ်က ဒုတိယမင်းသားကို ဧကရာဇ်ဖြစ်အောင် လုပ်ပေးမှာ။"

သူ၏မျက်ဝန်းပြာများတွင် စိတ်ဆန္ဒပြင်းပြနေခဲ့သည်။

ထိုစိတ်ဆန္ဒများ၏အဓိပ္ပါယ်ကို ကျွန်မ မသိပေ။

သို့သော် တစ်ခုတော့ သေချာသည်။

"ဒါကို အနှောင့်အယှက်မပေးနဲ့။"

ဆိုဗက်စ်စတာက အစစ်အမှန် ဗီလိန်တစ်ယောက်ပင်။

မူလဇာတ်ကြောင်း၏ အဆုံးသတ်တွင် ဒုတိယမင်းသားနှင့် ဆိုဗက်စ်စတာ ဘာဖြစ်သွားမည်ကို ကောင်းကောင်းကြီး သိနေခဲ့သော ကျွန်မမှာ ကိုယ့်ဘာသာ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရ၏။

ဒါက တကယ်ပဲ အဆင်ပြေနိုင်ပါ့မလား။

*
ရေချိုးဇလုံထဲတွင် ရေစိမ်နေရင်း ကျွန်မ တွေးနေမိသည်။

မူလဇာတ်ကြောင်းတွင် ဒုတိယမင်းသား သေဆုံးခဲ့သည်။

သူ ကျူးလွန်ခဲ့သော ပြစ်မှုများစွာအတွက် သေဒဏ် ချမှတ်ခံလိုက်ရပြီး ခေါင်းဖြတ်စက်၏ ဓါးသွားအောက်တွင် ဇီဝိန်ချုပ်ငြိမ်းသွားရ၏။

ဆိုဗက်စ်စတာကတော့ ...

သူက ငါ့လက်ထဲမှာ သေရလိမ့်မယ်။

ကျွန်မ၏လက်ကို ငုံ့ကြည့်ရင်း ညည်းတွားလိုက်မိသည်။

ကျွန်မ ဆိုဗက်စ်စတာကို သတ်ပစ်မည် မဟုတ်ပေ။

သို့သော်လည်း သူ မသေသွားနိုင်ဟု အာမခံ၍လည်း မရပါ။

ထို့ကြောင့် မူလဇာတ်လမ်း၏ဗီလိန် ဆိုဗက်စ်စတာက ဘေးကင်းလုံခြုံစွာ အသက်ရှင်သန်နိုင်ဖို့ အာမခံချက် မရှိပေ။

ကယ်လီယန်သာ ဧကရာဇ် ဖြစ်လာပါက ဒုတိယမင်းသားကို ရှင်းထုတ်ပြီးသည်နှင့် ဆိုဗက်စ်စတာကို ရှင်းပစ်ရန် ကြိုးစားလာလိမ့်မည်။

ဘုရားရေ

ဆိုဗက်စ်စတာက သေရမှာပေါ့။

ကျွန်မ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။

ငါ ဘာကြောင့် ဒီအကြောင်းကို အခု တွေးမိရတာလဲ။

ကျွန်မ အသက်ဆက်ရှင်နိုင်ရန် အတွက်သာ တွေးတောနေသဖြင့် ဆိုဗက်စ်စတာအကြောင်းကို မစဥ်းစားမိခဲ့ပေ။

တုံးအလိုက်တာ။

ဆိုဗက်စ်စတာက သေရမှာပေါ့။

ဒါပေါ့။သူ မသေခင် ငါ သူ့ကို ကွာရှင်းပြီး စံအိမ်တော်ကနေ ထွက်သွားရမယ်။ဒါမှ ငါ မထိခိုက်မှာ။

သို့သော် သူ သေသွားမည်ဆိုသည်ကို သိရက်နှင့် ကျွန်မ သူ့ကို ဒီအတိုင်း လွှတ်ထားပေးလို့ မရပေ။

ငါ ဘာလုပ်သင့်လဲ။

အမှန်တော့ အဖြေမှာ ရိုးရှင်းပါ၏။

ဆိုဗက်စ်စတာက ဒုတိယမင်းသားကို မပံ့ပိုးပေးတော့မှသာ ဖြစ်လိမ့်မည်။

သို့သော် ...

ကိုယ့်မှာ မရှိတဲ့အရာက သူ့ဆီမှာ ရှိနေလို့ပဲ။

ဒီတော့ သူ ဧကရာဇ် ဖြစ်လာရင် ကိုယ့်ကို အဲ့ဒီအရာ ပေးမယ်လို့ သူက ဆုံးဖြတ်ထားတယ်လေ။

ဆိုဗက်စ်စတာက ဒုတိယမင်းသားအား ပံ့ပိုးမှုကို လက်လျှော့လိုက်ရန် ရည်ရွယ်ချက် မရှိလောက်ပေ။

'ကိုယ့်မှာ မရှိတဲ့အရာ'ဆိုတာက ဘာကြီးများ ဖြစ်နေမလဲ။

ဘာမို့လို့ စိတ်မသက်မသာ ဖြစ်စရာ ဒုတိယမင်းသားနောက်ကို ရှင်က ဘာကြောင့် လိုက်နေရတာလဲ။

သို့သော် ဆိုဗက်စ်စတာက ကျွန်မ မေးလျှင်တောင် ပြောပြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကျွန်မ လုပ်နိုင်သည်က ...

ငါ ဒုတိယမင်းသားကို မေးသင့်တယ်။

ကျွန်မ သူနှင့် မကြာခင် ထပ်တွေ့ရမည်ဟု ထင်သည်။ကြောက်စရာကောင်းသော်လည်း ကျွန်မ ဆိုဗက်စ်စတာကို ကာကွယ်ပေးရန် လုပ်နိုင်သည်က ဘာတစ်ခုမှ မရှိပေ။ဆိုဗက်စ်စတာက ကျွန်မ၏ အားထုတ်မှုကို အသိအမှတ်ပြုသင့်သည်။

ဒါပေမဲ့...

ရုတ်တရက် ကျွန်မ သိချင်လာ၏။

ကျွန်မ အဘယ်ကြောင့် ဆိုဗက်စ်စတာကို မသေစေချင်ရပါသနည်း။

အမှန်တွင် ကျွန်မတို့ ကွာရှင်းပြီးလျှင် ကျွန်မက ထိုကိစ္စများတွင် ပါဝင်ပတ်သက်စရာ မရှိတော့သဖြင့် သူ သေသလား၊ရှင်သလားကို ကျွန်မ သိမည် မဟုတ်ပေ။


TK Team
++++++++