Chapter 34.3
Viewers 7k

Chapter-34.3

(ဖက်ဒရေးရှင်းမှ မေးခွန်းများ)

ကျောင်းမြန်သည် ဒဏ်ရာများကို သန့်စင်နေဆဲဖြစ်သော လူနာသုံးဦးလုံးကို တစ်ချက်ကြည့်လိုက်ကာ အချိန်ကို ပထမဆုံးတွက်လိုက်ပြီးနောက် စိတ်ရှည်စွာရှင်းပြလေသည် - 
"ဟောင်လုလုရဲ့ အရွက်တွေက အဆိပ်ရှိတယ်ဆိုပေမယ့် သူရဲ့အမြစ်နဲ့ ပင်စည်ဖျားက လူတွေအတွက်ဆေးဖက်ဝင်လို့ အသုံးပြုလို့ရတယ်..."

"အပင်တွေက လူတွေကို မကယ်တင်ပေးနိုင်ဘူး ဆေးအဖြစ်လည်းသုံးလို့မရဘူး အရင် ရှေး ကမ္ဘာမြေပေါ်က အပင်တွေဆိုရင် ဖြစ်နိုင်ပေမယ့် အခုအပင်တွေက မကယ်ပေးနိုင်ဘူး ...ဗိုလ်ချုပ်ကျောင်းကို ဘယ်က ကျွမ်းကျင်သူက ပြောလိုက်လဲတော့မသိဘူး...."

ကျောင်းမြန်က ခဏရပ်သွားသည်။

သူ့တွင် မည်သည့်အရာများကိုမဆို ထိုးထွင်းမြင်နိုင်သော စွမ်းရည်ရှိလေသည်။

၎င်းသည် သက်ရှိသတ္တဝါဖြစ်သမျှ ၎င်းကိုဖောက်ထွင်း၍ မြင်နိုင်ပြီး သူ့အတွက်မူ အပင်များ၏ဖွဲ့စည်းပုံသည် လူသားထက် ပို၍ရှင်းလင်းသောကြောင့် ၄င်းတို့အား ပို၍ အလွယ်တကူ မြင်ရလေသည်။

ဤသည်မှာ ကျောင်းမြန်၏ မွေးရာပါစွမ်းရည်ဖြစ်သောကြောင့် သူဘာကြောင့် ယခုလို လုပ်နိုင်သည်ကို သူမသိသော်လည်း အခြားသူများက သူ့လို မလုပ်နိုင်ပေ။

"ကျွန်တော်....." 

ကျောင်းမြန်က အနည်းငယ်မျက်မှောင်ကြုတ်ကာ မည်သို့ရှင်းပြရမည်အား စဥ်းစားနေလေသည်။

"ကျောင်းမြန် ပြောတာ တကယ်အဆင်ပြေတယ်"

စီဆဲလ်သည် ကျောင်းမြန်၏ ဘေးတွင်ရပ်ကာ သူ၏ဝှက်ဖဲအား ထုတ်သုံးကာ ပြောလိုက်သည်။
"ကျုပ် စမ်းကြည့်ပြီးပြီ...အရင်က အန်ဒါ့ဆီက အဆိပ်မိတုန်းက ကျောင်းမြန်ဆီက ဆေးတွေနဲ့ပဲ အရှင်းပျောက်သွားခဲ့တာ.." 

“ဒါက…” 

စီနီယာဆရာဝန်ဖြစ်သည့် ဖိုဒ့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်-
"အရင် ကြယ်ခတ်ကတည်းက အပင်ကုထုံးကို ဘယ်သူမှမသုံးကြတော့ဘူး..တော်တော်များများက စမ်းသပ်ဖူးပေမယ့် အခုထိ ဘယ်သူမှမအောင်မြင်ကြသေးဘူး...ဒါက အန္တရာယ်များလွန်းတယ်" 

ကျန်စစ်သားနှစ်ဦးကို ကုသပေးနေသည့် သူနာပြုများသည် ကျောင်းမြန်က မိုက်မဲစွာပြောနေခြင်းဖြစ်သည်ဟု ခံစားနေကြသည်။ 

ထိုစဥ် သူနာပြုငယ်တစ်ဦးမှ ထူးဆန်းသောအကြည့်ဖြင့်ကြည့်ကာ တိုက်ရိုက်ပြောခဲ့သည်- "ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်ရှေ့မှာ လုပ်ပြဖို့ဆိုတာ ဖို့မဖြစ်နိုင်ပါဘူး..."

ကျောင်းမြန်က ခေါင်းကိုငုံ့ထားရင်း မေးလိုက်သည်-
"ဒါဆို သူတို့ ဒဏ်ရာကိုချုပ်ထားရင် သုံးယောက်လုံးအသက်ကို ကယ်နိုင်မယ်လို့ မစ္စတာ ဖို့ဒ့် ထင်လား.." 

အသက်ကြီးသော ဆရာဝန်က ခေါင်းမာသော်လည်း မတုံးပေ။ 

ယခုအချိန်တွင် ကျောင်းမြန်၏ နူးညင်သာသောအသံကို ကြားလိုက်ရသော်လည်း စီဆဲလ်၏ ရှေ့တွင် ထုတ်ပြ၍မရသည့် ကျောင်းမြန်၏ ထူးဆန်းသော စိတ်အခြေအနေနှင့် ဒေါသကို ခံစားမိလိုက်သောကြောင့် ပြန်ဖြေလိုက်သည်။

"မထင်ဘူး...အခွင့်အရေးမရှိတော့ဘူး...ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပေးထားပေမယ့် ကျန်တာက လူနာအပေါ်ပဲ မူတည်နေပြီ"

ကျောင်းမြန်က အယ်လန့်ကို တစ်ချက်ကြည့်ကာ 
"အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူးဆိုရင် ဘာလို့ဒါကို စမ်းကြည့်ဖို့ အခွင့်အရေးမပေးရတာလဲ" 

"ကျွန်တော်က ဆရာဝန်တစ်ယောက်ပါ၊ စစ်ဗိုလ်တစ်ယောက် မဟုတ်ပါဘူး...လူနာတစ်ယောက်အပေါ် တစ်ခါမှ မအောင်မြင်ဖူးတဲ့ ဘယ်အရာကိုမှ စမ်းကြည့်ဖို့ ခွင့်မပြုနိုင်ဘူး အဲ့ဒါက လူနာရဲ့ သေဆုံးနိုင်ခြေနဲ့ ဝေဒနာကိုပဲ တိုးလာစေလိမ့်မယ်"  

"အိုင်း.....အဲ့ဒါဆို အဲ့တုန်းက ကျုပ်ကျတော့ ဘာလို့မသေတာလဲ..."

စီဆဲလ်က လက်နှစ်ဖက်ကို ပိုက်ပြီးအေးစက်စွာပြောလိုက်သည်-
" ခင်ဗျားပြောသလိုပြောရရင် ကျုပ်ကတော့ မျှော်လင့်ချက် မဲ့နေတယ်ဆိုရင်တောင် ကျုပ်ကိုယ်ပေါ်က အဆိပ်ကိုတော့ ရအောင် ကုရမှာပဲ"

ဖိုဒ့်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ကျောင်းမြန်က သူ့ဘေးမှ ဒေါသထွက်နေသော သူနာပြုဆရာမလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ဆရာဝန်ကိုလည်း မျက်မှောင်ကြုတ်ကာ ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်တော် ဘာကိုမှ သက်သေပြဖို့ မကြိုးစားဘူး....စီဆဲလ်နဲ့ ဆုံတုန်းကလည်း အဲ့လိုပဲ ဘာမှမလုပ်ခဲ့ဘူး....ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက ပိုကောင်းချင် ကောင်းနိုင်တယ် ဒါပေမယ့် ခင်ဗျားက အရာရာကို ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် တစ်ဖက်လူကလည်း နှစ်သက်မှာ မဟုတ်ဘူး ကျွန်တော်လည်း အဲ့လိုအမူအရာမျိုးကို မလိုအပ်ဘူး..."

စီဆဲလ် မျက်ခုံးပင့်လိုက်သည်။

ကျောင်းမြန်က ထပ်ပြောလိုက်သည်။
“ရှင်းအောင်ထပ်ပြောလိုက်မယ် ၊ လူနာ သုံးယောက်က အခုလိုအခြေအနေမှာ ရောက်နေတယ်ဆိုတော့ ဇာစ့်အဆိပ်က ဒဏ်ရာကို ပိုပြီးမပျောက်စေဘူးဆိုတာ လူတိုင်းသိမှာပါ..."

ကျောင်းမြန်က အယ်လန့်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်-
"အရှင့်သား ဗိုလ်မူးကုက သေတော့မှာ..."

အယ်လန်က မျက်လုံးပြူးသွားသည်။
"သူက အခုလို ပုံစံအတိုင်း တဖြေးဖြေး သေသွားတာပဲဖြစ်ဖြစ် ၊ ကျွန်တော့ အပင်တွေကြောင့်သေသွားတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ပေါ့...အရင်ကတော့ စီဆဲလ်ကို ကုပေးဖူးတယ်..အဲ့ချိန်တုန်းက စီဆဲလ်က အပြင်ဘက်က လိမ်းစရာမလိုဘဲ သောက်ဆေးပဲသောက်ခဲ့ရတာ..အဲ့နည်းလိုမျိုး ဗိုလ်မှူး ကု ကို စမ်းကြည့်ချင်လား..."

ဖိုဒ့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒါပေမယ့် မင်းအပင်တွေကို မသုံးဘူးဆိုရင် ဗိုလ်မှူးကုအတွက် အခွင့်အရေးရှိနိုင်ပါတယ်"

ကျောင်းမြန် : "ဒါဆို ခင်ဗျားမှာ အခုလို ဒဏ်ရာရနေတဲ့ လူနာအတွက် အသက်ရှင်နိုင်မယ့် နည်းလမ်းရှိလား.."

ဖိုဒ့် က သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး စဥ်းစားကာ တစ်ယောက်ချင်းစီ၏ မျက်နှာအားမှတ်မိသည်အထိ လိုက်ကြည့်လိုက်နေစဥ် အယ်လန်က ခေါင်းမော့ပြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ငါ...ငါ..စမ်းကြည့်ချင်တယ်...."

"အရှင့်သား....အရှင့်သားက အခုလိုအခြေအနေကိုနားမလည်ပါဘူး...လူ့အသက်က နောက်စရာမဟုတ်ပါဘူး အဲ့ဒါကြောင့် အရှင့်သားရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်လိုက်လို့မရပါဘူး..."

ဖိုဒ့်က ခေါင်းကိုခါယမ်းလိုက်သည်။

မင်းသား အယ်လန်သည် ပျားရည်အိုးထဲတွင် ကြီးပြင်းလာခဲ့မှန်း လူတိုင်းသိကြသည်။ ငယ်ငယ်ကတည်းက လူတိုင်း၏ကောင်းချီးပေးခံရသည်။ 

ကုရှင်းချီက သူ့ကို ကာကွယ်ပေးခဲ့ဖူးပေမယ့် အခု ကုရှင်းချီအား စီဆဲလ်နှင့် ကောင်စီမှလူကြီးများက ပြန်ကာကွယ်ပေးနေလေသည်။

"ဒါဆို ကျုပ်က ဘယ်လိုဆုံးဖြတ်ချက်မျိုး ချရမှာလဲ...ကုရှင်းချီရဲ့ အသက်ကို ခင်ဗျားထက် ကျုပ်က ပိုဂရုစိုက်တယ် အပြင်လူတစ်ယောက်ဖြစ်တဲ့ ခင်ဗျားက ဘာသိလို့လဲ... ကုရှင်းချီ အကြောင်းကို ခင်ဗျား ဘာမှမသိဘူး....!"

အယ်လန်သည် ဖိုဒ့်၏စကားကြောင့် ခုန်ကာ အော်ဟစ်လိုက်ပြီး နီရဲနေသောမျက်လုံးများဖြင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်-
"ကျုပ်က ကုရှင်းချီရဲ့ အသက်က ကစားဖို့ ဆုံးဖြတ်ချက်ချရမှာလား..."

ထိုကျယ်လောင်သော အော်သံကြောင့် ဖိုဒ့် သည် အေးခဲသွားခဲ့ပြီး အခြားဆရာဝန်များနှင့် သူနာပြုများလည်း ထိတ်လန့်သွားခဲ့သည်။

"စီဆဲလ် အရင်က မတော်တဆဖြစ်တုန်းကလည်း ခင်ဗျားတို့ သူ့ကိုကယ်ဖို့ နည်းလမ်းမရှိဘူးဆိုပြီး ပါးစပ်ပိတ်နေကြတယ် ...သူ့ဘာသာသူ ခုခံပါစေဆိုပြီး လွှတ်ထားကြတာကို ဗိုလ်ချုပ်ကျောင်းက ကယ်ပေးခဲ့တယ်..."

အယ်လန်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောလေသည်။
"အခု ဗိုလ်ချုပ်ကျောင်းက ကယ်ပေးမယ်လို့ပြောနေတာကို ခင်ဗျားမှာ ဘာအရည်အချင်းရှိလို့တားနေတာလဲ..."

ဖိုဒ့် သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီး ပြန်ပြောလေသည်။
"ကျွန်တော်တို့က ဆရာဝန်တွေပါဘဲ...ဘယ်ကမှန်းမသိတဲ့ လူက ကျွန်တော်တို့ တစ်ခါမှမစမ်းသပ်ဖူးတဲ့ ကုသနည်းကိုသုံးဖို့ပြောတာကို ကျွန်တော်တို့က မျက်စိစုံမှိတ်ပြီး အသုံးပြုခိုင်းရမှာလား...အခု ကျွန်တော်တို့ပြောနေတာ လူ့အသက်တစ်ချောင်းနော်..."

"ကောင်းပြီ၊ အဲ့ဒါဆို ခင်ဗျားက ဆရာဝန်ဆိုရင် စီဆဲလ်နဲ့ ကုရှင်းချီကို ဘာလို့ မကုပေးနိုင်ရတာလဲ!" 

"...."

အယ်လန်က တစ်ကိုယ်လုံး တုန်ရင်စွာဖြင့် တိတ်ဆိတ်နေသော ဆရာဝန်များကို စိုက်ကြည့်နေသည်။

"အယ်လန်..."

စီဆဲလ်သည် ရှေ့သို့ တိုးလာပြီး အယ်လန်၏ ပုခုံးကို အသာပုတ်လိုက်သည်။

အယ်လန်သည် စီဆဲလ်က သူ့ကို စိတ်တည်ငြိမ်စေရန် နှစ်သိမ့်ပေးနေသည်အား ခံစားလိုက်ရသည်။
"ရေတပ်ဗိုလ်ချုပ်ကျောင်း ပြောတဲ့အတိုင်း လုပ်ပါ။ မဟုတ်ရင်..." 

စီဆဲလ်က ပြုံးလိုက်ပြီး ခပ်တိုးတိုးပြောသည်
"ဒီနေ့သာ ရှင်းချီဆီမှာတစ်ခုခုဖြစ်သွားရင် ဒီက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ တစ်ယောက်မှ အလွတ်မပေးဘူး.."

စီဆဲလ်၏ နှုတ်ခမ်းထောင့်က ကွေးကာ အနည်းငယ် ပြုံးနေသော်လည်း သူ၏အသံသည် အရင်ကထက် ပို၍အေးစက်လာသည်။

ကျောင်းမြန် က သူနာပြုများကို ပြောလိုက်သည်-
"ဆေးဖက်ဝင်အပင်တွေ စိမ်ဖို့ပြင်ထား!"

စီဆဲလ်၏ ဆိုလိုရင်းမှာ သိသာထင်ရှားနေပြီး နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။

သူနာပြုများသည် သေတ္တာကို အပြေးအလွှားဖွင့်လိုက်ကြပြီး အရွက်များကို ယူကာ ရေနွေနွေးတွင် စိမ်လိုက်ကြသည်။ 

ကျောင်းမြန် သည် စီဆဲလ်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီးနောက် သူနာပြုများအား ကြိုတင်ကာကွယ်မှုများနှင့် မှန်ကန်သည့် နည်းလမ်းများကို စတင်ညွှန်ကြားခဲ့သည်။

စီဆဲလ်က ပြောလိုက်သည်-
"လူအိုကြီးဖိုဒ့် ကျောင်းမြန် အခုလုပ်နေတဲ့ ကိစ္စတွေအားလုံးအတွက် ကျုပ်အာမခံတယ်.." 

ကျောင်းမြန်သည် ပင်မတိုက်ပွဲဝင်သင်္ဘောသည် မြို့တော်သို့ ဆိုက်ရောက်ချိန် လူနာအား ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့သည့်အခါတွင် ဆရာဝန်တစ်ဦး၏ ပံ့ပိုးကူညီမှု လိုအပ်ပြီး အတားအဆီးများလည်း ပိုမိုရှိလာနိုင်မည်ဖြစ်သည်။

ဖိုဒ့်အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

စီဆဲလ် က ထပ်ပြောလိုက်သည်။
"ရှင်းချီရဲ့ အသက်ကို ကျုပ်ကစားနေတာ မဟုတ်မှန်း ခင်ဗျားသိပါတယ်...ပြီးတော့ ကျုပ်လက်အောက်က စစ်သားတွေအပေါ်ထားတဲ့ သဘောထားကိုလည်း ခင်ဗျားသိမှာပါ...ကျုပ် ကျောင်းမြန်ကို စမ်းကြည့်စေချင်တယ်..ပထမအချက်က ကျုပ်ကိုယ်တိုင်ခံစားခဲ့ရတာ....ပြီးတော့ ဒုတိယအချက်က ကျောင်းမြန်က..အခု မျှော်လင့်ချက်တွေအများကြီးကို ထမ်းထားရပေမယ့်...သူ ကျရှုံးသွားရင်တောင် ရလဒ်က အတူတူပဲမို့လို့...စမ်းကြည့်ပါရစေ....ခင်ဗျားလည်း သေချာစဥ်းစားရင် နားလည်မှာပါ.." 

“….....” 

ဖို့ဒ်က သက်ပြင်းချလိုက်သည်။

သာမန်လူများအတွက်...ဤအရာသည် ကိုးကွယ်ယုံကြည်မှု နှင့် မူးယစ်ဆေးဝါး နှင့် တူညီသည် ။

ကျောင်းမြန်သည် လူများကို ဦးဆောင်ကာ လူနာများကို ကယ်ဆယ်နေခဲ့ပြီး အယ်လန်က စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေခဲ့သည်။

ဖိုဒ့်က ထိုဖြစ်စဥ်အား တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။
"ကျုပ်က လက်ခံတယ်ဆိုရင်တောင် တခြားလူတွေက လက်ခံမှာမဟုတ်ဘူး သူတို့အသိစိတ်ထဲမှာ အပင်တွေကို မှားပြီးစားမိရင် သေလိမ့်မယ်ပဲ သိထားကြတာ ..ပြီးတော့ ဖက်ဒရယ်ပြည်သူတွေ ရာနဲ့ချီပြီး မူးယစ်ဆေးဝါးဒဏ်ကိုခံခဲ့ကြရတာ.....မူးယစ်ဆေးဝါးနဲ့ ပင်လယ်ဓါးပြတွေကြောင့် လူတွေဘယ်လောက်ထိသတ်ဖြတ်ခံရပြီး.မိသားစုတွေကွဲကွာခဲ့ရလည်း ဆိုတာ သိမယ်ထင်ပါတယ်..."

စီဆဲလ်က စိတ်တိုသွားပြီး အော်ပြောလိုက်သည်-
"ဒါတွေ ကျုပ် ဂရုမစိုက်ဘူး ကျောင်းမြန်တစ်ခုခု အဆင်မပြေမှာကိုပဲ ကျုပ်စဥ်းစားတယ်..ခေါင်းထဲထည့်တယ်...ကျုပ်စိတ်ထဲမှာရှိနေတာတွေကို အကုန်လုံးကို ပြောပြဖို့ကြောက်နေရမှာလား ....ကျုပ်..စီဆဲလ် ဆိုတဲ့ နာမည်က မလုံလောက်သေးဘူးလား...."

ဖိုဒ့်က ခေါင်းကိုယမ်းပြီး ပြန်ပြောလိုက်သည်- "ဟုတ်ပြီ၊ ကျုပ် မာရှယ့်ဆီကို စာတစ်ခေါက်ရေးပြီး တင်ပြလိုက်ပါ့မယ်..မြို့တော်ကို ပြန်ရောက်တဲ့ အခါကျရင် ဆေးရုံကလူတွေနဲ့ ပူးပေါင်းနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်..."

"ကျေးဇူးတင်ပါတယ်" 

စီဆဲလ်က ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်-
"ဒီကိစ္စ ကျောင်းမြန်ကို မပြောပါနဲ့..."

ဖိုဒ့်က ခေတ္တရပ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ 

စီဆဲလ်က ကျောင်းမြန်ကို တကယ် ဂရုစိုက်တာပဲ.....။
 
အခြားတစ်ဖက်တွင်လည်း ဆေးဖက်ဝင်အပင်များ အဆင်သင့်ဖြစ်သည့်အခါ ကျောင်းမြန်က ၄င်းတို့ကိုယူကာ လူနာများအား တစ်ခုပြီးတစ်ခုလိမ်းပေးလိုက်သည်။ 

ဆေးဖက်ဝင်အပင်များသည် ပထမလိမ်းစဥ်အချိန်တွင် ယားယံတတ်သည်။ ကျောင်းမြန်သည် ကုရှင်းချီ၏ ဒဏ်ရာပေါ်သို့ အပင်များကို လိမွးပေးလိုက်ပြီးနောက် ကုရှင်းချီ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်ခုံးများက တွန့်ချိုးသွားကာ လက်ဖဝါးများက အသည်းအသန် ဖြန့်လိုက်သည်ကို တွေ့ရလေသည်။

ကုရှင်းချီ၏ ပုံစံကို ကြည့်နေရင်း အယ်လန်က သူ၏နာကျင်မှုများ သက်သာစေလိုသဖြင့် သွေးများဖြင့် ရွှဲနေသော လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

အေးစက်နေတာပဲ.....။

အယ်လန်က ကုရှင်းချီ၏ လက်များကို ကိုင်ထားရင်း သူ့လည်ပင်းကြားထဲတွင် လက်များကို ညှပ်ထားလိုက်ရင်း ခေါင်းကို ငုံ့လိုက်ရာ သူ၏ပုခုံးများ လှုပ်သွားလေသည်။

သို့သော် ကျောင်းမြန်က အယ်လန် လုံးဝ မငိုသည်ကို သတိထားမိလိုက်သည်။

ဖြစ်စဥ် အစမှ အဆုံးထိ အယ်လန် လုံးဝ မငိုခဲ့ပေ။

ကျောင်းမြန်က သက်ပြင်းချလိုက်ပြီး လူနာသုံးယောက်၏ ဒဏ်ရာများကို ပို၍အာရုံစိုက်လိုက်သည်။

အယ်လန်သည် တစ်ညလုံး ကုတင်စွန်းနားတွင် သာ ထိုင်နေခဲ့သည်။

ထိုအချိန်အတွင်း ကျောင်းမြန်က သူနာပြုများကို ဆေးဖက်ဝင်အပင်များအား မကြာခဏလဲပေးရန် တောင်းဆိုခဲ့ပြီး ဆရာဝန်ကလည်း ဒဏ်ရာပိုဆိုးမသွားကြောင်း သေချာစေရန် စစ်ဆေးခဲ့သည်။

သို့သော် ဒဏ်ရာက ပိုမဆိုးသွားသော်လည်း အကယ်၍ စစ်သားတစ်ဦးက အခြေအနေမထိန်းနိုင်ပါက ဆရာဝန်ဖြစ်နေသော်လည်း သေမသွားနိုင်စေရန် အတတ်နိုင်ဆုံးတော့ ကုသပေးရပေလိမ့်မည်။  

"တီ...တီ....တီ."

စစ်သားတစ်ဦးက ရုတ်တရက် တုန်ခါလာပြီး သူ့ကို တပ်ပေးထားသည့် ပြွန်ကပါ ပြုတ်ကျသွားလေသည်။ 

ထိုစစ်သားက မျက်လုံးကြီးပြူးပြီး ပါးစပ်ကိုဖွင့်လျက် ပါးစပ်ထဲမှ အမြှုပ်များ တစီစီ ထကာ တစ်ချက်လှုပ်သွားပြီး အသက်ရှူရပ်သွားလေသည်။ 

"တီ......"

လူတိုင်း အံ့ဩသွားကြသည်။

အသက်ရှုသံသည် ရုတ်တရက် ရပ်တန့် သွားရုံသာမက အသက်ငွေ့ငွေ့လေးပင် မရှိတော့ပေ။

ယခု ရှေးဦးသူနာပြုစုနည်းဖြင့်ပင် ကယ်၍မရတော့ပါ...။

"သေချာသွားပြီ...သေချာသွားပြီ!" 

သူနာပြုတစ်ဦးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်-
"နင်တို့ မြန်မြန် ဗိုလ်မှူးနဲ့ စစ်သားတွေမှာကပ်ထားတဲ့ အရွက်တွေကို ဖယ်လိုက်ကြတော့ ...ဒါက အန္တရာယ်ရှိတယ်...အန္တရာယ်ရှိနေပြီ..."

အခန်းသည် ရုတ်တရက် အနည်းငယ် ဖရိုဖရဲဖြစ်သွားပြီး အခြားသူနာပြုဆရာမကလည်း ထိတ်လန့်သွားကာ ရှင်းချီကိုထိရန် သူမ၏လက်ကို လှမ်းလိုက်သည်။

"ဘန်း...!"

စီဆဲလ်သည် ရှေ့သို လျင်မြန်စွာတိုးလာပြီး ထိသူနာပြုအား ညှာတာမှုကင်းမဲ့စွာဖြင့် တွန်းထုတ်လိုက်ပြီး ခါးမှ ပစ္စတိုကို ထုတ်ကာ အော်ဟစ်နေသော သူနာပြုအားချိန်ထားပြီး အော်ပြောလိုက်သည်။

"အားလုံး စိတ်အေးအေးထားကြစမ်း..."
 
"...."

အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။

စီဆဲလ်က ကျယ်လောင်စွာဖြင့် ထပ်ပြောလိုက်သည်-
"ငါ အခု အကောင်းဆုံးနဲ့ အတော်ဆုံး ဆေးအဖွဲ့ကိုခေါ်လာတယ်ထင်တာ လူနာသေသွားလို့ အလန့်တကြားအော်တတ်တဲ့ သူနာပြုတွေပါလာမယ်လို့ မထင်ထားမိဘူး...ဘာဖြစ်တာလဲ ...မင်းတို့ဆေးရုံမှာရော လူမသေဖူးဘူးလား....အဲ့အချိန်ကျရင်လည်း မင်းအခုလို အလန့်တကြားအော်နေမှာပဲ...ဟုတ်တယ်မလား.."


ဖိုဒ့် က ခဏရပ်တန့်သွားပြီး တိုးတိုးလေးပြန်ပြောလိုက်၏။
"တောင်းပန်ပါတယ် အခုမှလေ့ကျင့်ခါစရှိသေးလို့ပါ...ကျုပ်တို့က မစ်ရှင်တစ်ခုထွက်တိုင်း လူသစ်တစ်ယောက် မဟုတ် နှစ်ယောက်လောက်ခေါ်လာတတ်လို့ပါ...ဗိုလ်ချုပ်ကြီးကိုရယ်စရာဖြစ်သွားစေမိပြီ..."

ဖိုဒ့်လည်း ရှက်သွားပြီး သူနာပြုအား အပြင်းအထန် စိုက်ကြည့်ကာ မျက်နှာ သွားသစ်ပြီး စိတ်ငြိမ်ငြိမ်ထားရန် မှာလိုက်သည်။

"ဟုတ်ကဲ့ တောင်းပန်ပါတယ်..." 
သူနာပြုက မော်နီတာစခရင်ကို ကြည့်ကာ ငိုမဲ့မဲ့ မျက်နှာထားဖြင့် ထွက်ခွာသွားသည်။

ဖိုဒ့်က ခေါင်းကိုခါယမ်းပြီး သူ့ဘေးနားက ဆရာဝန်ကို မေးလိုက်သည်။
"သူမက ဘယ်ဌာနကလဲ.."

"ကျွန်တော်လည်း မသိဘူး...မျက်နှာစိမ်းပဲ.."

ထို့နောက် အားလုံး ငြိမ်သက်သွားကြသည်။

ဖိုဒ့်၏ ဦးဆောင်မှုဖြင့် သေဆုံးသွားသော စစ်သား၏ အလောင်းကို သယ်ဆောင်သွားခဲ့ကြသည်။

ထိုစစ်သားအား ပိတ်စအဖြူဖြင့် လွှမ်းလိုက်သည်ကို တွေ့လိုက်ရချိန်တွင် အယ်လန်က သူ၏အောက်နှုတ်ခမ်းကို ဖိကိုက်ထားပြီး မျက်လုံးကို မှိတ်ကာ ကုရှင်းချီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ 

ကျောင်းမြန်သည် ဘေးနားတွင်ရပ်ကာ အေးစက်နေသော လက်များကို ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ကာ တည်ငြိမ်အေးဆေးစွာပြောလေသည်။

"အခုဖြစ်တာ ဆေးပင်တွေကြောင့်မဟုတ်ဘူး...ကယ်ဆယ်ရေးအဖွဲ့ကို မစောင့်နိုင်တော့တဲ့ စစ်သားနှစ်ယောက်လိုပဲ သူလည်း သူ့ခန္ဓါကိုယ်ကို မထိန်းထားနိုင်တော့တာ လူတိုင်းမှာကန့်သတ်ချက်ဆိုတာရှိတယ်..အဲ့ဒါရဲ့ ဂိတ်ဆုံးကိုရောက်သွားရင် ဘယ်လိုဆေးဖက်ဝင်အရွက် ဖြစ်ဖြစ် မကယ်နိုင်တော့ဘူး..."

အယ်လန်က ပြန်ပြောလိုက်သည်။
"ကုရှင်းချီက သာမန်လူမဟုတ်ဘူး အဲ့ဒါကြောင့် သူကျိန်းသေပေါက် တောင့်ခံနိုင်မှာ..."

ယခုအချိန်တွင် ဆေးအဖွဲ့သည် ကျောင်းမြန်ကို အလွန်စိတ်မကျေမနပ်ဖြစ်နေကြပြီး သူ၏အရင်က စကားများအတွက် ယုံကြည်မှု မရှိတော့သော်လည်း အယ်လန်က ကျောင်းမြန်ကို ယုံကြည်နေဆဲဖြစ်ပြီး စီဆဲလ်ကလည်း လက်ထဲတွင် သေနတ်ကိုကိုင်ထားပြီး နံရံကို မှီနေလေသည်။

အခန်းတွင်းရှိ လေထုသည် အနည်းငယ် တင်းမာနေသည်။

ခဏအကြာတွင် စီဆဲလ်၏ တာမီနယ်မှ အသံထွက်လာလေသည်။ 

"ဗိုလ်ချုပ်ကြီး.."

ထိုသူမှာ ကက်စပါ ဖြစ်သည်။

ကတ်စပါ၏ အစီရင်ခံစာကို ကြားပြီးနောက် စီဆဲလ်သည် မျက်မှောင်ကြုတ်လိုက်သည်။

{ဗိုလ်ချုပ်ကျောင်းက အပင်တွေသုံးပြီး လူနာတွေကို ကုပေးနေတယ်ဆိုတဲ့ အကြောင်းကို ဖော်ထုတ်ခံလိုက်ရတယ်...အခု လေဆိပ်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဖြေရှင်းချက်တောင်းဖို့ဆိုပြီး ပိတ်ထားကြတယ်..အဲ့ဒါကြောင့် ဗိုလ်ချုပ်ကြီး သတိထားမှရမယ်..} 

ပေါက်ကြားသွားတယ်.....

စီဆဲလ်သည် စတားကွန်ရက်မှ အကောင့်ထဲသို့ဝင်ရန် တာမီနယ်ကိုဖွင့်လိုက်တော့သည်။

[အထူးသတင်း..!] ရေတပ်ဗိုလ်ချုပ်ကျောင်းက ဗိုလ်မှူးကုကို ဆေးဖက်ဝင်အပင်များနှင့် ကုပေးခြင်း.. 

[ ထိတ်လန့်စရာ..!!] ဗိုလ်ချုပ်ကျောင်းက ဆေးဖက်ဝင်အပင်တွေဆိုပြီး စစ်သားတွေကို အဆိပ်ခတ်နေတာလား...

ဟုတ်တယ်၊ ဒါက အဓိက အကြောင်းအရင်းပဲ...

စီဆဲလ်သည် အပေါ်သို့ အနည်းငယ် ဆွဲလိုက်သည့်အချိန်တွင် အကောင့်တစ်ခုမှ ဗီဒီယိုတစ်ခု တင်ထားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ဗီဒီယိုထဲတွင် ကျောင်းမြန်နှင့် ဖိုဒ့်တို့သည် ဆေးဖက်ဝင်အပင်များက လူနာများကို ကုပေး၍ရပြီး ကယ်တင်နိုင်ကြောင်း ငြင်းခုန်နေကြပြီး နောက်မိနစ်အနည်းငယ်အကြာတွင် စစ်သားတစ်ဦးက အဆိပ်မိသည့်ပုံစံမျိုးဖြင့် အသက်ဆုံးရှုံးသွားသည့် လက္ခဏာများကို ပြသခဲ့သည်။ 

ဗီဒီယိုကို တင်လိုက်ပြီး တစ်မိနစ်အတွင်းမှာပင် စတားကွန်ရက်ပေါ်သို့ ဗုံးတစ်လုံးပစ်ချလိုက်သကဲ့သို့ လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။

{အဲဒါကို မင်းမြင်လိုက်လား....မြင်လိုက်လား ! ဗွီဒီယိုထဲမှာ သွေးထွက်အလွန်ဆုံးက ဗိုလ်မှူးကုပဲ....သူ့ပေါ်မှာလည်း ဆေးဖက်ဝင်အပင်တွေရှိနေသေးတယ်နော်....} 

{ဒါဆို သူတစ်ခုခု ဖြစ်သွားနိုင်လား....သူဒုက္ခရောက်မှာတော့ မဟုတ်ဘူးမလား...အဖွဲချုပ်မှာ ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ ဗိုလ်မှူးကုတို့က တစ်ခုခုဖြစ်လို့မရဘူး....အဲ့လိုဖြစ်သွားရင် အဖွဲ့ချုပ်က ပြိုလဲသွားလိမ့်မယ်....}

{ဗိုလ်ချုပ်ကျောင်းက အခုဘာဖြစ်သွားတာလဲ....သူက ရေခဲမြစ်က တိတ်တိတ်လေးလွှတ်ထားတဲ့ သူလျှိုများလား ...သူကအခု ဗိုလ်မှူးကု ကို ဒုက္ခပေးဖို့ ကြိုးစားနေတာလား....}

ဗိုလ်မှူးကု အသတ်ခံရမည်ကို ပြည်သူအားလုံး စိုးရိမ်နေကြလေသည်။ 

{မဖြစ်နိုင်ဘူး! ဗိုလ်ချုပ်ကျောင်းရဲ့ အရင်က ပုံစံကိုကြည့်ပါဦး...သူက ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့လည်း ဆက်ဆံရေး အရမ်းကောင်းတယ်လေ..ပြီးတော့ သူက အရမ်းတော်တာကို....ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်တယ်....တကယ်ဆို အဲ့အပင်တွေက တကယ်အလုပ်ဖြစ်လားဆိုတာ ဘယ်သူမှမသိဘူးလေ}

{နင်တို့ cp ဖန်တွေက ခေါင်းထဲမှာ ရေတွေနဲ့ပြည့်နေတာလား...ဗိုလ်မှူးကု က အခုသေတော့မယ်...အဖွဲ့ချုပ်က အခု ချိန်ခွင်ပေါ်မှာရောက်နေတာ....cpက ဘယ်လောက်ပဲချစ်ဖို့ကောင်းနေပါစေ အခုက cp ဖန် လုပ်နေရမယ့်အချိန်မဟုတ်ဘူး ...နင်တို့သေသွားလိမ့်မယ်} 

{ အပေါ်ထပ်က လူကတော့ သေတော့မယ်....cp ဖန်တွေကိုပြောနေတာလား....ဗိုလ်ချုပ်ကျောင်းက အရင်က ကောင်းကောင်းလုပ်ပြခဲ့တာပဲ..ပြီးတော့ ဗိုလ်ချုပ်ကြီး စီဆဲလ်နဲ့ မင်းသား အယ်လန်တို့နဲ့လည်း ဆက်ဆံရေးကောင်းတယ် ...အခု ဗီဒီယို  ထဲမှာလည်း သူတို့နစ်ယောက်လုံးက ဗိုလ်ချုပ်ကျောင်းကို သိသိသာသာထောက်ခံနေတာကို တွေ့ရမှာပဲ...}

{ဒါက ပိုပြီးတောင် ကြောက်စရာကောင်းတာ မဟုတ်ဘူးလား..အရင်က လုပ်ရပ်တွေက ဗိုလ်ချုပ်ကြီးကို ဖြားယောင်းပြီး ယုံကြည်မှုရအောင်လုပ်ဖို့ မဟုတ်ဘူးလား..အခုသူက အဖွဲ့ချုပ်ရဲ့ အရေးပါတဲ့ လူတစ်ယောက်ကို ထိခိုက်အောင်လုပ်နေပြီ.....နောက်ဆို အဖွဲ့ချုပ်ရဲ့ မင်းသား ၊ ဗိုလ်ချုပ်ကြီးးနဲ့ တခြား ဗိုလ်ချုပ်တွေကို သူလိုသလို သတ်ပစ်လို့ရနေပြီလေ}

{ကြောက်စရာကောင်းတယ် ဟုတ်လား အခုအခြေအနေက ဘာမှန်းသေချာမသိတော့ ဗိုလ်ချုပ်ကျောင်းကို ဝိုင်းပြီးပြောနေကြတယ်ပေါ့ .....ဗိုလ်ချုပ်ကျောင်းရဲ့ အကျင့်ကို ငါတို့အားလုံး သေချာသိနေတာပဲမဟုတ်ဘူးလား...!!}

{ အခုထိ အခြေအနေက ရှင်းရှင်းလင်းလင်း မသိရသေးဘူးလား ဗိုလ်ချုပ်ကျောင်းက ဗိုလ်မှူးကုရဲ့ ဒဏ်ရာကို အဆိပ်ရှိတဲ့အပင်သုံးထားပြီးပြီ....ငါသူ့ကို သတ်ပစ်ချင်လာပြီနော်...}

စတားကွန်ရက်တွင် သဘောထားကွဲလွဲမှုများ ရှိနေပြီး တစ်ချို့က ကျောင်းမြန်ကိုထောက်ခံကြသော်လည်း ဆန့်ကျင်သူများက ပိုများနေလေသည်။

ဒါမှမဟုတ်....သူ့ကို ကြောက်နေကြသည်။

ကျောင်းမြန်သည် ထိုအဆင့်မြင့်အရာရှိများမှတစ်ဆင့် အပင်ကုထုံးကို ဖြန့်လိုက်မည်မည်ကို ကြောက်ရွံ့နေကြပြီး ဗိုလ်မှူးကုနှင့် အခြားသူများ အဆိပ်ခတ်ခံရမည်ကို စိုးရိမ်နေကြသည်။

ထိုအခိုက်အတန့်တွင် စီဆဲလ်သည် ပြဿနာအသစ်တစ်ခုကို သိလိုက်ရသည်။

ဤသည်မှာ ကျောင်းမြန်၏ အရင်က ကိုယ်ရေးအချက်အလက်ဖြစ်သည်။

________