Chpter - 33
(အံ့သြစရာပဲ !! ခင်ပွန်းသည်တွေက အပျော်မယားကြောင့် တိုက်ခိုက်နေကြရပြီ!)
ဒါပေမယ့် ဒါက ရန်ဖြစ်ချင်ယောင်ဆောင်ပြီး ပရောပရည် လုပ်နေကြတာလား.....။
"ကျောင်းမြန် ကိုယ်တို့တကယ်တိုက်မယ်ဆိုရင် မင်းကိုယ့်ကို နိုင်မှာမဟုတ်ဘူးနော်..."
စီဆဲလ်က သူ့လည်ပင်းကို တစ်ချက်လိမ်ချိုးလိုက်ပြီး မေးလိုက်သည်။
"အခု ဒီကတ်အတွက်နဲ့ အိမ်ရှေ့မှာ အချင်းချင်း တိုက်ခိုက်ကြရမယ်ဆိုရင်တောင် အဆင်ပြေတယ်လား..."
စီဆဲလ်က ကျောင်းမြန်ကို နောက်ကြောင်းပြန်လှည့်ရန် ညှို့ဓါတ်ပြင်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ကျောင်းမြန်က ပြုံးလိုက်ရင်း
"ကျွန်တော်...ဗိုလ်ချုပ်ကို ပြန်မရိုက်နိုင်ဘူးဆိုတာလည်း မသေချာဘူးလေ...."
"မင်း....."
ကျောင်းမြန်က ကတ်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ကုတ်အင်္ကျီနှင့် အသာလေး ဖုံးထားလိုက်သည်။
ထို့နောက် ကျောင်းမြန်သည် သူ့ခြေထောက်များကိုကားလိုက်ပြီး မြေပြင်ပေါ်တွင် တည်ငြိမ်အောင်ရပ်လိုက်ပြီး လက်ကိုမြှောက်ကာ ပြောလိုက်သည်-
"ခင်ဗျား လိုချင်ရင် လာယူလေ"
"...... !"
ထို့နောက် ကျောင်းမြန်သည် စီဆဲလ်၏ တစ်ကိုယ်လုံးမှ တိုက်ခိုက်ရေးစွမ်းအင်များ ထွက်လာသည်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာလေသည်။
သူ တွေ့ခဲ့ဖူးသော သားရဲကျားသစ်နှင့်တူသည်။
ကျောင်းမြန် : "....."
အမှန်တွင် စီဆဲလ်သည် ထိုအချိန်တွင် တကယ် စိတ်လှုပ်ရှားနေခဲ့သည်။
ကျောင်းမြန်သည် သူရှေ့တွင် ထိုသို့ ဟန်ဆောင်နေသည်အား မြင်လိုက်ရချိန်တွင် သူ၏တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ အတွင်းစိတ်ထဲတွင် ကွယ်ဝှက်ထားသော လွှမ်းမိုးချုပ်ကိုင်လိုသည့် ပိုင်စိုးလိုစိတ်များမှာ ထွက်ပေါ်လာပြီး ထိန်းချုပ်နိုင်စွမ်းများ လွတ်ထွက်လုနီးဖြစ်နေခဲ့သည်။
စီဆဲလ်က သူ့အောက်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး မေးလိုက်သည်။
"မင်းက ကိုယ့်ကို ဆွပေးနေတာလား..."
ထို့နောက်တွင် ကျောင်းမြန် မတုံ့ပြန်နိုင်ခင်တွင် စီဆဲလ်က မြှားတစ်စင်းကဲ့သို့အရှိန်ဖြင့်ပြေးလာပြီး ကျောင်းမြန်၏လည်ပင်းအား လက်ဖြင့် ရိုက်ချလိုက်သည်။
ကျောင်းမြန်သည် ချက်ချင်းပင် သတိပြန်ဝင်လာကာ ဘေးသို့ ရှောင်တိမ်းလိုက်ကာ စီဆဲလ်၏ အောက်မှ မြေပြင်ဆီသို့ သူ၏ခြေထောက်များကို ပွတ်ဆွဲလိုက်သည်။
ထိုကဲ့သို့ ပွတ်ဆွဲလိုက်သော အရှိန်ကြောင့် မြေပြင်ပေါ်ရှိ နှင်းဆီပန်းပွင့်ဖတ်များသည် လေပေါ်သို့မြောက်တက်သွားပြီး သူတို့နှစ်ဦး၏ ဘေးတွင် ပြန့်ကျဲကာလွင့်ပျံ ကျလာလေသည်။ ထိုအချိန်တွင် အိမ်ထိန်းက ထွက်လာသောကြောင့် ယခုလိုလှပသော မြင်ကွင်းအား မြင်လိုက်ချိန်နှင့်တိုးသွားကာ ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေလေသည်။
သူတို့နှစ်ဦးသည် ရေတပ်ဗိုလ်ချုပ်ကြီး၏စံအိမ်ရှေ့ရှိ ခြံဝင်းငယ်တွင် တိုက်ခိုက်နေကြကာ မြေပြင်အနှံ့ရှိ နှင်းဆီပွင့်များပေါ်မှ ဖြတ်နင်းကာ လျှောက်သွားကြသည်။
အိမ်ထိန်းက အံ့ဩသွားသည်။
ဒီမှာဘာတွေဖြစ်နေတာလဲ.....။
ဒါက စုံတွဲတွေကြားက ခန့်မှန်းရခက်သော ရုပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတစ်ခုများလား.....။
စီဆဲလ်နှင့် ကျောင်းမြန်တို့၏ လှုပ်ရှားမှုတိုင်းသည် သေသပ်လှပြီး စိတ်ရင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။
သူတို့သည် စီးဆင်းနေသောရေအလျှင်ကဲသို့ ရှေ့တိုးနောက်ဆုတ်ဖြင့် တိုက်ကွက်ပေါင်းရာကျော် တိုက်ခိုက်ခဲ့ကြသော်လည်း သေစေနိုင်လောက်သည့်နေရာများအား မတိုက်ခိုက်ကြပေ။
"ဝိုး....."
ကျောင်းမြန်သည် စီဆဲလ်၏ အားနည်းချက်တစ်ခုအား ထောက်ပြလိုက်ပြီး စီဆဲလ်၏ခါးကိုထိုးနှက်ရန်အတွက် သူ၏ အားအင်အကုန်လုံးကိုထုတ်သုံးလိုက်ပြီး ရှေ့သို့ ကွေးချလိုက်သည်။
သို့သော် မိနစ်ပိုင်းမျှအကြာတွင် စီဆဲလ်သည် ကျောင်းမြန်၏ ခန္ဓါကိုယ်အပေါ်ပိုင်းကို အာရုံစိုက်ထားပြီး မြေပြင်တွင်ရပ်နေသော ခြေထောက်၏ အားလျော့နေမှုအား ရှာတွေ့ခဲ့ကာ ကျောင်းမြန်အား အောင်မြင်စွာ ထိုးနှက်နိုင်ခဲ့သည်။
ကျောင်းမြန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ....သူလှည့်စားခံလိုက်ရမှန်းသိသွားလေသည်။
"ဘန်း...!"
ကမ္ဘာကြီးက လှည့်ပတ်နေခဲ့သော်လည်း သူပြုတ်ကျသွားသောအခိုက်အတန့်တွင် စီဆဲလ်က ရှေ့သို့တိုးလာပြီး သူ့အားပွေ့ဖက်ထားခဲ့သည်။
သူတို့နှစ်ဦးသည် မြေပေါ်သို့ ပြုတ်ကျသွားကြပြီး စီဆဲလ်က ကျောင်းမြန်အား ပွေ့ဖက်ထားပြီး သူကြည့်လိုက်ချိန်တွင် ကျောင်းမြန်သည် သူ၏ပွေ့ဖက်မှုအတွင်းတွင် ကာကွယ်ပေးခံထားရပြီး သူ၏နောက်ကျောဘက်က မြေပေါ်သို့ ဦးစွာကျသွားလေသည်။
ကျောင်းမြန်သည် စီဆဲလ်ကို ရဲတင်းစွာကြည့်လိုက်ပြီး ဘာမှမတုံ့ပြန်ရသေးခင်တွင် စီဆဲလ်သည် သူတို့၏အနေအထားအား ချက်ချင်းပြန်ပြောင်းလိုက်ကာ ကျောင်းမြန်အား သူ့အောက်တွင် ချုပ်ထားလိုက်သည်။
"ကျောင်းမြန်....ကိုယ်နိုင်ပြီ"
စီဆဲလ်သည် ကျောင်းမြန်ကို ဖိထားရင်း သူ၏မေးစေ့ကို ကုတ်လိုက်ပြီး လှောင်ပြောင်ကာ ရယ်မောလိုက်သည်-
"မင်း ရှုံးသွားပြီ..."
ကျောင်းမြန်က ပြန်ပြောလိုက်သည်။
"ကျွန်တော် မတော်တဆဖြစ်သွားလို့....ထပ်ပြိုင်ကြမယ်..."
"ရှုံးတာက ရှုံးသွားတာပဲလေ ...မင်းက ထပ်ပြိုင်ချင်သေးလို့လား....အခုကလည်း လိပ်ပြာတောင်ပံခတ်သံကြောင့် ရှုံးသွားတာ လို့ပြောမလို့လား"
စီဆဲလ်က မျက်ခုံးကိုပင့်ကာ ပြုံးလိုက်ပြီး
"ရှုံးသွားရင် ကတိတည်ရမယ်လေ.."
ထို့နောက် စီဆဲလ်သည် သူ၏ ညာဘက်လက်ကို ကျောင်းမြန်၏ အင်္ကျီရှေ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည် ။
ကျောင်းမြန်၏ ခြေထောက်များကို စီဆဲလ်၏ ဒူးဖြင့် ဖိချထားပြီး ကျောင်းမြန်၏လက်နှစ်ဖက်လုံးကို သူ၏ဘယ်ဘက်လက်ဖြင့် ခေါင်းအထက်တွင် ချုပ်နှောင်ထားသည်။
"စီဆဲလ်....!"
"နောက်ဆုံးတော့ အရှုံးကို ဝန်ခံဖို့ အသင့်ပဲလား"
စီဆဲလ်က သူ့နှုတ်ခမ်းကို သပ်လိုက်ကာ မေး၏။
" အဲ့ဒါ ဘယ်မှာလဲ....ကိုယ် ရှာတာမတွေ့ဘူး"
အိတ်ကပ်သည် အထိမခံနိုင်သည့် နေရာတွင် ရှိနေသောကြောင့် စီဆဲလ်သည် ကျောင်းမြန်၏ ရင်ဘတ်ကို တမင်တကာ ပွတ်သပ်နေလိုက်သည်။
"ခင်ဗျား.....အဲ့ဒါကို ယူသွားလိုက်ပါတော့..."
ကျောင်းမြန်၏ နှုတ်ခမ်း နှင့် နားရွက်များက ရွေ့လျားနေပြီး သာမန်အချိန်တွင် ကြည်လင်လှပသောမျက်လုံးများက ယခုအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့် အရိပ်များစွန်းထင်းနေလေသည်။
ကျောင်းမြန် အမှန်တကယ်စိတ်ညစ်နေသည်ကိုမြင်လိုက်ရသောအချိန်မှ စီဆဲလ်က လက်ခံကာ ကတ်ကို ထုတ်လိုက်တော့သည်။
"ကိုယ် ရပြီ"
စီဆဲလ်က စာအားဖွင့်ဖတ်လိုက်သည်နှင့် သူ၏အမူအယာမှာတည်ငြိမ်သွားတော့သည်။
"ဪ... ဒါက အချစ်ကဗျာလား....မင်းကို ဘယ်သူပေးတာလဲ..."
စီဆဲလ် ၏ အသံမှာ ပေါ့ပေါ့ပါးပါးဖြစ်နေပုံရသော်လည်း အမှန်တကယ်တွင် သူ ၏ နှလုံးသားထဲတွင် ဒေါသများနှင့် ပြည့်နှက်နေပြီးဖြစ်သည် ။
အရှက်မဲ့ပြီး အနှစ်သာရမရှိတဲ့ အချစ်ကဗျာပဲ....
နေဝင်ချိန်မြို့တော်သည် ကျောင်းမြန် ကြီးပြင်းလာ ခဲ့သောနေရာဖြစ်ပြီး အခြားနေရာများမှလည်း ကျောင်းမြန်အား သိနေပုံရသည် ။
ဒါပေမဲ့..
ကူးပါးပင်လယ်သည် ပင်လယ်ဓားပြနယ်မြေရှိနေရာဖြစ်သည်။ထိုသူက ဘာလို့ ပင်လယ်ဓါးပြနေရာကို ညွှန်းနေရတာလဲ.....။
စီဆဲလ်သည် သူ ၏ မျက်လုံးများကိုအနည်းငယ် မှေးကျဥ်းလိုက်ပြီး..
"ကျောင်းမြန်...မင်းကို ဘယ်သူပေးတာလဲ.."
ကျောင်းမြန်က ခေါင်းငုံ့လိုက်ပြီး ဘာမှပြန်မဖြေခဲ့ပေ။
စီဆဲလ်က ထပ်ပြောလိုက်သည်-
"ဘာလဲ...မင်းက ကိုယ့်ကို ထပ်ပြီးတိုက်ခိုက်စေချင်တာလား.....ညှင်းပန်းနှိပ်စက်ပြီး မေးမြန်းခံချင်တာလား..."
ကျောင်းမြန်လည်း ထိတ်လန့်သွားပြီး မသိစိတ်မှ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည် ။
ကျောင်းမြန်သည် အလွန်ပြင်းထန်သော စိတ်ဓါတ်ရှိသော်လည်း သူ၏ခွန်အားသည် စီဆဲလ်ထက် နိမ့်ကျနေသည်ကို သူ့နှလုံးသားထဲတွင် သိနေပြီးဖြစ်သည်။
စီဆဲလ်၏ စွမ်းအားသည် အလွန်သန်မာပြီး အင်အားကြီးမားလှသည်။ ခွန်အားအရာတွင် ဇာစ့်တို့နှင့်ပင် ယှဥ်နိုင်သော မန်တစ့် စစ်သည်များပင်လျှင် စီဆဲလ်အား ယှဥ်နိုင်လိမ့်မည် မဟုတ်ဟု ကျောင်းမြန်ထင်မိသည်။
အရင်တုန်းက သူတို့နှစ်ယောက်သည် ဘေးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြသောကြောင့် သူ၏ခွန်အား အစစ်အမှန်ကို ဘယ်တုန်းကမှမခံစားခဲ့ရသော်လည်း ယခု တိုက်ပွဲအပြီး ကျောင်းမြန်သည် သံသယစိတ်များဖြင့် အတွေးများက ဖရိုဖရဲဖြစ်နေလေသည်။
ဒါက သာမန်လူတစ်ယောက်မှာရှိသင့်သည့် ခွန်အားမျိုးမဟုတ်ပေ...။
အရမ်းကို မထူးဆန်းနေဘူးလား....။
"ကျောင်းမြန်.....!"
ကျောင်းမြန်က သူ့အား လျစ်လျူရှုထားသည်ကို မြင်လိုက်ရချိန်တွင် စီဆဲလ်က သူ့ကို အေးစက်စွာကြည့်လိုက်ပြီး ပြောလေသည်-
"ကိုယ် မင်းကို စကားပြောနေတယ်လေ..."
"အာ.."
ကျောင်းမြန်က လက်ရှိအချိန်သို့ ပြန်ရောက်လာပြီး ခေါင်းကို့မော့ကာ
"ကျွန်တော် တောင်းပန်ပါတယ်..."
"ဒါဆို ဘယ်သူလဲ.....အတိတ်က ကိစ္စမို့လို့ ကိုယ်မသိဘူးဆိုပြီး အရူးမလုပ်နဲ့နော်..."
"အင်း..."
ကျောင်းမြန်က အိမ်ထိန်းကို လှည့်ကြည့်လိုက်ပြီး ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
ခရက်ရှ်....
"စီဆဲလ်....!"
အိမ်ထိန်းလည်း လန့်သွားလေသည်......။
စီဆဲလ်သည် ကျောင်းမြန်ကို သူ၏ပုခုံးပေါ်သို့ သယ်လိုက်ပြီး သူနှင့်အတူ အိမ်ထဲသို့ ခေါ်ဆောင်သွားလေသည်။
ကျောင်းမြန်၏ ဝမ်းဗိုက်သည် စီဆဲလ်၏ ပုခုံးပေါ်တွင်ရှိနေပြီး သူ၏မျက်နှာသည် ပေါက်ထွက်တော့မတတ် နီရဲနေပြီး စီဆဲလ်၏ ကျောကုန်းအား လက်ဖြင့် အဆက်မပြတ် ထုရိုက်နေခဲ့သည်။
"ကျနော့်ကို ချပေး.... "
"စီဆဲလ်...!"
"မင်းကတော်တော်ဆိုးတာပဲ...တိုင်းပြည်ရဲ့အဓိက ဗိုလ်ချုပ်ကြီးရဲ့ ဇနီးက အပြင်လူတစ်ယောက်စီက အချစ်ကဗျာတွေလက်ခံနေ တယ်ဆိုတော့ အရမ်းစိတ်ကြီးဝင်ရာကျမနေဘူးလား"
စီဆဲလ်သည် ကျောင်းမြန်၏ခြေထောက်များကို လက်တစ်ဖက်ဖြင့်ဖိချုပ်ထားပြီး ကျန်တစ်ဖက်ဖြင့်သူ့အားထိန်းကိုင်လိုက်ကာ ကျောင်းမြန်၏ နောင်တတရားကင်းမဲ့နေပုံကို လျစ်လျူရှုလိုက်ပြီး အိမ်ထဲသို့ဝင်လိုက်လေသည်။
အိမ်ထိန်းက ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်ပြီး သူတို့နှစ်ယောက် စားရန်အတွက် မီးဖိုချောင်ထဲ ဝင်သွားသည် ။
"ခင်ဗျား ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ....!"
ကျောင်းမြန်က အရမ်းကို အကူအညီမဲ့နေသလိုခံစားနေရပြီး စီဆဲလ်ကိုလည်း တကယ်ထိခိုက်အောင်မလုပ်ရဲသဖြင့် အခန်းထဲသို့ အလွယ်တကူ သယ်သွားခြင်းခံပြီး ဆိုဖာပေါ်သို့ ပစ်ချခံလိုက်ရသည် ။
ထို့နောက်တွင် စီဆဲလ်က ကိုယ်ကို ကိုင်းလိုက်ကာ ပြော၏။
"မင်းဘာမှမပြောရင် မင်းထုတ်ပြောလာအောင် စစ်မေးလို့ရတယ် ဟုတ်ပြီလား..."
ကျောင်းမြန်သည် စီဆဲလ်၏ ရင်ဘတ်အား လက်နှစ်ဖက်ဖြင့် တွန်းလိုက်ပြီး ပြောလိုက်သည်-
"စီဆဲလ်...ဒါက ခင်ဗျား အရမ်းဂရုစိုက်စရာမလိုဘူးလေ...ဟုတ်တယ်မလား.."
"ဂရုစိုက်စရာ မလိုဘူး...ကိုယ်က ဂရုစိုက်စရာမလိုဘူးပေါ့လေ..."
စီဆဲလ်က သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ကာပြော၏။
"ကိုယ်နဲ့လက်ထပ်ထားတဲ့သူက ကိုယ့်နောက်ကွယ်မှာ နောက်လူဆီက အချစ်ကဗျာတွေယူပြီး သိမ်းထားနေတာကို ကိုယ့်ခေါင်းပေါ်က အစိမ်းရောင်က ခေါင်းလျှော်လို့မပြောင်မှာတောင် စိတ်ပူနေမိတယ်...အဲ့ဒါကို ပြောပါဦး..ကိုယ်က ဂရုစိုက်စရာမလိုဘူးလား...."
ကျောင်းမြန်က ပြန်ပြောလိုက်သည်။
"ဒါပေမယ့်...ကျနော်တို့ က စာချုပ်အရ လက်ထပ်ထားတာလေ...."
......
စီဆဲလ် : "...."
ကြောက်စရာအကောင်းဆုံးစကားကဲ့သို့ပင် လေထုကိုတောင် ရုတ်တရက် တိတ်ဆိတ်သွားစေသည်။
စီဆဲလ်ကိုလည်း ငြိမ်သက်စေခဲ့သည် ။
နှစ်ယောက်စလုံးသည် ယခုကဲ့သို ငြိမ်နေကြပြီး တစ်ယောက်က ဆိုဖာပေါ်မှာ ထိုင်နေပြီး တစ်ယောက်ကို တစ်ယောက် ပွင့်လင်းစွာ ကြည့်နေကြသည်။
ဟုတ်ပါသည်......
စီဆဲလ်ကသာ မှားယွင်းနေခြင်းဖြစ်သည် ။
သူဘာလို့ ဒီလောက် ဂရုစိုက်နေရတာလဲ ။
ဘာလို့ ဒီလောက်ထိ ဒေါသထွက်နေတာလဲ။
_________________________________________