Chapter 61
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၁) ယနေ့မှာ အမဲလိုက်ပြိုင်ပွဲ ကျင်းပရာနေ့ ဖြစ်သည်။ ထို့ကြောင့် ကျွန်မ မနက်အိပ်ရာ စောစောထပြီး အဆင်သင့်ပြင်ဆင်၍ ဆိုဗက်စ်စတာနှင့် ရထားလုံး အတူစီးရန် ထွက်လာခဲ့သည်။ပထမထပ်တွင် ဆိုဗက်စ်စတာ ရှိလိမ့်မည်ဟု ကျွန်မထင်ထားသော်လည်း သူက ရှိမနေပေ။ မဖြစ်နိုင်တာ၊သူ အရင် ထွက်သွားတာလား။ ဒီ ငတုံးကတော့လေ "သခင်က အပြင်မှာ စောင့်နေပါတယ်။" "သူ အပြင်မှာ စောင့်နေပါတယ်။" နေးလ်နှင့် ရစ်ဗက်၏စကားများကို ကျွန်မ 'အာ'ဟု တုံ့ပြန်လိုက်ပြီး မျက်နှာကို မော်လိုက်မိသည်။ "ငါက ငါ့ခင်ပွန်းရဲ့အကျင့်စရိုက်ကို အများကြီး လျှော့တွက်ထားမိတယ်လို့ ထင်တယ်။" "မဒမ် ဒီလို ရုတ်တရက်ကြီး ဘာလို့ ပြောရတာလဲ။" "ရုတ်တရက်ကြီး" "ဒီလိုပါပဲ" ကျွန်မ ပခုံးတွန့်ပြီး ရှေ့ကို ဆက်လျှောက်လိုက်သည်။ထိုအခါ နေးလ်က ပြေးလာပြီး တံခါးဖွင့်ပေး၏။တံခါးပွင့်သွားသည်နှင့် လေအေးများ တိုးဝင်လာခဲ့သည်။ လေထဲတွင် နှင်းမှုန်လေးများ ပါနေ၏။နှင်းမုန်တိုင်း ဖြစ်သည်။ ကျွန်မ အခန်းထဲတွင် ရှိနေစဥ်က နှင်းမကျသေးပေ။သို့သော် မြောက်ပိုင်းနယ်မြေ၏ ရာသီဥတုမှာ အမှန်တကယ်ပင် ခန့်မှန်းရ မလွယ်ပေ။ "ရာသီဥတု မကောင်းဘူးပဲ။" ကျွန်မ ညည်းတွားလိုက်လျှင် နေးလ်က ပြန်ဖြေသည်။ "တောင်ပိုင်းမှာ အဆင်ပြေပါလိမ့်မယ်။" ၎င်းမှာ သူတို့ မြောက်ပိုင်းနယ်မြေ နယ်နိနိတ်ကို ဖြတ်ကျော်ပြီးသည်နှင့် နှင်းမကျတော့ဟု ဆိုလို၏။ကျွန်မ သဘောတူစွာ ခေါင်းငြိမ့်ပြလိုက်ပြီး နေးလ်က ကျွန်မအပေါ် ထီးမိုးပေးသည်ကို စောင့်နေလိုက်သည်။မကြာခင် နေးလ်က ထီးကို ဖွင့်ဆောင်းပေးလိုက်ပြီး ကျွန်မတို့ ဘေးခြင်းယှဥ်၍ ရထားလုံးဆီသို့ လမ်းလျှောက်လာကြသည်။ "သခင်မြို့စားကြီးက ဒီနေ့ကို အများကြီး စောင့်မျှော်နေခဲ့တာပါ။" နေးလ်က ပြောသည်။ "ဒီနေ့ကိုလား၊ဘာလို့လဲ။" "သခင်က သူ့ရဲ့ အစစ်အမှန်ဘက်ခြမ်းကို အမဲလိုက်ပြိုင်ပွဲမှာ ပြသချင်လို့ ဖြစ်ပါလိမ့်မယ်။သူက ဒီလိုမျိုး ခပ်ဆင်ဆင်တူတဲ့ စကားကို ပြောခဲ့ပေမဲ့ ဒါက အရမ်းထူးဆန်းတော့ ကျွန်တော် တကယ်ပဲ နားမထောင်နေခဲ့ပါဘူး။" မဖြစ်နိုင်တာပဲ။ မကြာခင် အမဲလိုက်ပြိုင်ပွဲ ကျင်းပတော့မှာ၊အဲ့ဒီအခါကျရင် ကိုယ့်ရဲ့အရည်အချင်းကို သက်သေပြပေးမယ်။ သူက ဒါကို အခုထိ မှတ်မိနေသေးတာလား။ဒါကို သူက နေးလ်ဆီ ပြောခဲ့တာပေါ့။ ထိုနေ့က ကျွန်မ ဆိုဗက်စ်စတာအပေါ် အများကြီး လျစ်လျူရှုခဲ့မိသည်ဟု ထင်ပါသည်။ကျွန်မ ထိုသို့ ပြောလိုက်ချိန်တွင် သူ့မာနကို ထိခိုက်သွားစေသည်မှာ သိသာ၏။ ဘာပဲဖြစ်ဖြစ် သူက ကလေးလေးလိုပဲ။ ကျွန်မ စုတ်သပ်ပြီး ခေါင်းယမ်းမိလိုက်သည်။ "တော်တယ်၊ထူးဆန်းတဲ့စကားတွေဆို ပြန်ဖြေတာမျိုး မလုပ်နဲ့။" "ကျွန်တော် သဘောတူပါတယ်။" နေးလ်က ပြုံးလိုက်ပြီး ရထားလုံး၏ဘေးဘီဝဲယာကို ကြည့်လိုက်သည်။" "သခင်က ဘယ်နေရာမှာပါလိမ့်။" ဤနေရာတွင် ကျွန်မကို စောင့်ဆိုင်းနေသော ဆိုဗက်စ်စတာ မရှိပေ။ သူ ဘယ်ကို ထပ်သွားနေပြန်ပြီလဲ။တစ်ယောက်ထဲ မြင်းစီးပြီးတော့ မသွားလောက်ဘူး မဟုတ်လား။ "ဒီမှာ အရမ်းအေးတာကြောင့် မဒမ် ရထားလုံးထဲ အရင်ဆုံး ဝင်ထိုင်နေလိုက်ပါ။ကျွန်တော့ သခင့်ကို ရှာကြည့်လိုက်ပါမယ်။" "အိုကေ" နေးလ်က ရထားလုံးတံခါးကို ဖွင့်ပေးလာရာ ကျွန်မ အထဲဝင်ထိုင်လိုက်ပြီး ဂါဝန်ကို နေရာတကျ ပြုပြင်လိုက်သည်။ပြီးနောက် ပြတင်းပေါက်ကိုဖွင့်၍ အပြင်ကို ကြည့်နေမိသည်။ အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲ ကျနေ၏။စံအိမ်တော်ကြီးကို နှင်းလွှာကြားမှ မှုန်ဝါးဝါးသာ မြင်ရသည်။ ကျွန်မ ရထားလုံးကို မောင်းနှင်ခိုင်းရမလားဟု စဥ်းစားနေရင်း ဆိုဗက်စ်စတာက ဘယ်နေရာ ရောက်နေမည်ကို သိချင်နေခဲ့သည်။ သူ တကယ်ပဲ တစ်ယောက်ထဲတော့ မသွားလောက်ပါဘူးနော်။ကျွန်မ ပြတင်းပေါက်ဘောင်ပေါ်သို့ မေးတင်ထားရင်း စိတ်တိုတိုဖြင့် အပြင်ဘက်သို့ ကြည့်နေမိသည်။ ထို့နောက် "သခင်၊ဘယ်တွေ ရောက်နေတာလဲဗျာ။" နေးလ်၏ ညည်းညူသံကို ကြားရပြီးနောက် မြင်းခွာသံများကို တဖြည်းဖြည်း ကြားရလေသည်။ အသံကြားရာဘက်သို့ ကျွန်မ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ၌ မြင်းစီးလာသော ဆိုဗက်စ်စတာကို ကျွန်မ မြင်ရလေသည်။ "ငါ လမ်းအခြေအနေသိချင်လို့ နည်းနည်းပါးပါး လျှောက်ကြည့်နေတာ။" သူက ပေါ့ပေါ့ပါးပါး ပြောရင်း မြင်းဇက်ကြိုးများကို နေးလ်ဆီ ပေးလိုက်သည်။ "အိုဖီလီယာရော" "မဒမ် ရထားလုံးထဲ ရောက်နှင့်နေပါပြီ။" ဆိုဗက်စ်စတာက သူ့ခေါင်းကို ရထားလုံး ရှိရာဘက်သို့ လှည့်လိုက်သည်။သူ ထိုသို့ လုပ်လိုက်သည်နှင့် ကျွန်မနှင့် သူ မျက်လုံးချင်း ဆုံမိသွားလေသည်။ သူ၏ မည်းမှောင်နေသော ဆံပင်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေလေသည်။မျက်လုံးများထဲတွင် ကောင်းကင်ပြာကြီး ရှိနေသကဲ့သို့ ပြာလွင်တောက်ပနေလေသည်။ အနက်နှင့် အပြာ၎င်းတို့မှာ အလွန်ခြားနားသော အရောင်နှစ်မျိုး ဖြစ်သည်။သို့သော် ဆိုဗက်စ်စတာအတွက်မူ အခြားသူများထက် ပို၍ လိုက်ဖက်တင့်တယ်နေလေသည်။ သူက ကျွန်မရှိရာသို့ လက်ကို ဆန့်လိုက်သည်။ "မင်းက ကိုယ့်ကို ဒီလိုပုံစံလေးနဲ့ စောင့်နေခဲ့တာလား။" သူက ပြုံးရင်း ကျွန်မ၏ပါးပြင်ကို ထိတွေ့လိုက်သည်။ "မင်းက အရမ်း ချစ်ဖို့ကောင်းတယ်။" ကျွန်မ ထိုသို့ ကြားလိုက်ရလျှင် မျက်နှာထက်တွင် ပူလောင်လာသည်ကို ခံစားရသည်။သူ့လက်ချောင်းထိပ်လေးများဖြင့် ထိတွေ့ခံလိုက်ရသော ပါးပြင်က အထူးသဖြင့် ပူလောင်နေ၏။ အားရှ်၊တကယ်ပါပဲ။ ကျွန်မ အလျင်အမြန် ခေါင်းကို တခြားဘက်သို့ လှည့်ပစ်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရသည်။ချွေးစေးများ ထွက်နေသော လက်ဖဝါးများကို ဂါဝန်ပေါ်သို့ ပွတ်သုတ်ပစ်ရ၏။ ရထားလုံးတံခါး ပွင့်လာပြီး ဆိုဗက်စ်စတာက အထဲသို့ ဝင်လာခဲ့သည်။ သူက ကုတ်အင်္ကျီနှင့် ဆံပင်ပေါ်တွင် တင်နေသော နှင်းများကို သုတ်ပစ်ရင်း ပြောလာသည်။ "လမ်းက အဆင်ပြေတယ်။နှင်းကျနေပေမဲ့ ကိုယ်တို့ သွားလို့ မရလောက်တဲ့အထိ မဟုတ်ပါဘူး။" ဆိုဗက်စ်စတာ စကားပြောပြီးချိန်တွင် မြင်းများ၏အော်မြည်သံကို ကြားလိုက်ရပြီး ရထားလုံးက စတင်ထွက်ခွာတော့သည်။ ကျွန်မ ပါးစပ်ပိတ်ထားပြီး တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက နဖူးတွန့်လိုက်လေသည်။ "မင်းက ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။" "ကျွန်မလား" "အင်း" "ကျွန်မ ဘယ်လိုပုံစံ ဖြစ်နေလို့လဲ။" "မင်းရဲ့ပါးလေးတွေ နီရဲနေတယ်။" သူက ကျွန်မဆီသို့ လက်လှမ်းလိုက်၏။ "မင်း ဖျားနေတာလား။" ပြီးနောက် သူက စိုးရိမ်နေသော အမူအရာဖြင့် ကျွန်မ၏နဖူးပေါ်သို့ လက်တင်၍ စမ်းသပ်ကြည့်လေသည်။သူ့ကို ကြည့်နေရင်းဖြင့် ကျွန်မ၏မျက်နှာက ပို၍ ပူလောင်လာရ၏။၎င်းကို ဆိုဗက်စ်စတာကလည်း ခံစားလိုက်မိပုံရသည်။ "ပိုပြီး ပူလာသလိုပဲ။အဆင်ပြေရဲ့လား။" "ကျ...ကျွန်မ အဆင်ပြေပါတယ်။ဒီတော့ ရှင့်လက်ကို ဖယ်ပေးလို့ ရမလား။" ကျွန်မ အနောက်ဖက်သို့ ဆုတ်လိုက်ပြီး သူ ထိတွေ့နေသည်ကို ရှောင်ဖယ်လိုက်မိသည်။ဆိုဗက်စ်စတာက လေထဲတွင် တန်းလန်းဖြစ်နေသာ သူ့လက်ကို ကြည့်လိုက်ပြီး မျက်နှာထက်တွင် သဘောမကျသော အမူအရာဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ "ကိုယ်တို့က အတူတူတောင် အိပ်ထားပြီးပြီလေ၊ဒါတောင် မင်းက ကိုယ် ထိတွေ့တာကို မလိုချင်သေးဘူး။ဒါတော့ အရမ်းများသွားပြီ။" ကျွန်မ မျက်လုံးများ ပြူးကျယ်၍ အော်မိလိုက်သည်။ "လူတွေ နားလည်မှုလွဲမဲ့ ကိစ္စတွေကို မပြောပါနဲ့လား။ကျွန်မတို့က ဒီအတိုင်း အိပ်ခဲ့ရုံပဲလေ။" "ဒါကြောင့်ပဲ ကိုယ်တို့ အတူတူ အိပ်ခဲ့တယ်လို့ ပြောနေတာပေါ့။ကိုယ်ကတော့ မှားနေတယ်လို့ မထင်ဘူး။" မှန်တော့ မှန်ပါသည်၊သို့သော်လည်း ...။ ကျွန်မ ခေါင်းခါလိုက်မိသည်။ "အရှင့်သား ရှေ့မှာ ရှင် ဒီလိုမျိုး ပြောခဲ့ရင် ကျွန်မ တကယ် စိတ်ဆိုးမှာပဲ။" သူ ထိုသို့ ပြော၍ မရပေ။ မနေ့က ကျွန်မ ကယ်လီယန်ကို နှစ်သက်သဘောကျသည်ဟု ပြောခဲ့သည်။ ဒါပေမဲ့ ကျွန်မက ဆိုဗက်စ်စတာနှင့် အတူအိပ်ခဲ့သည်ဟူ၍ ပေါ်သွားပါက မည်သို့ဖြစ်မည်နည်း။ ကျွန်မ၏နှလုံးသားက အတုအယောင်တစ်ခုဟု သူ ထင်သွားပြီး အရင်ထက် ပို၍ သံသယဖြစ်သွားကာ ခပ်ခွာခွာနေလာလိမ့်မည်။ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာကို ဤသို့ ပြောလိုက်ရလေသည်။ "..." ဆိုဗက်စ်စတာ၏မျက်နှာအမူအရာမှာ ထူးဆန်းစွာ ပြောင်းလဲသွား၏။ ယခု မတိုင်ခင်က သူ အနည်းငယ် ပြုံးရယ်နေခဲ့ပြီး ယခု၌ လုံးဝ မပြုံးတော့ချေ။ထို့အပြင် ဒေါသထွက်နေသကဲ့သို့ မျက်နှာထားက ခက်ထန်လာ၏။ "ရှင် ဘာဖြစ်နေတာလဲ။" ကျွန်မ ဂရုတစိုက် မေးလိုက်လျှင် ဆိုဗက်စ်စတာက ပြန်ဖြေသည်။ "ကိုယ် ခံစားချက် မကောင်းလို့။" ရုတ်တရက်ကြီးလား။ ကျွန်မ ပြောစရာ စကားမရှိ၍ အလဟဿ ရယ်လိုက်ရသည်။ "ရှင်က ဒီရာသီဥတုလိုမျိုး တကယ်ကို ကြိုတင်ခန့်မှန်းလို့ မရတဲ့ လူပါလား။" "ဒါက ချီးကျူးတာလား။" "ချီးကျူးတာနဲ့များ တူနေလို့လား။" "မတူဘူး။" ကျစ် ဆိုဗက်စ်စတာက စုတ်သပ်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်  တံတောင်ဖြင့် ထောက်၍ လက်ဖဝါးထဲသို့ ခေါင်းတင်ကာ ကျွန်မကို မသိမသာ ကြည့်နေလေသည်။ "မင်းက အိမ်ရှေ့စံမင်းသားကို လက်ကိုင်ပဝါ ပေးမှာလား။" "ဒါပေါ့" "သူ လက်ခံမယ်လို့ ကိုယ် မထင်ဘူး။" "ကျွန်မ သိတယ်။" ကယ်လီယန်က ၎င်းကို လက်ခံလိမ့်မည် မဟုတ်ပေ။လက်ကိုင်ပဝါကို တစစီ ဆွဲဖြဲ၍ အမှိုက်ပုံးထဲ ထည့်သည့် လုပ်ရပ်မျိုး မလုပ်ရန် တစ်ခုသာ ကျွန်မ မျှော်လင့်သည်။ "ဒါပေမဲ့ ကျွန်မမှာ ပေးရတဲ့ ရည်ရွယ်ချက် ရှိတယ်လေ။ကျွန််မက အိမ်ရှေ့စံမင်းသားကို သဘောကျပါတယ်လို့ ယုံကြည်လာအောင် လုပ်ဖို့လိုတယ်။" ဆိုဗက်စ်စတာ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ "အာ ၊ထင်တဲ့အတိုင်းပဲ၊ ကိုယ် ခံစားချက် သိပ်မကောင်းဘူး။" သူက ပါးစောင်ကို လျှာဖြင့် ထိုးလိုက်ရင်း နဖူးကို တွန့်လိုက်သည်။ကျွန်မကို မျက်လုံးများ မှေးစင်း၍ ကြည့်နေလေသည်။ "ကိုယ်က အမဲလိုက်ပြီးတော့ မင်းကို တစ်ခုမှ မပေးမိမှာ ကြောက်တယ်။" "ကျွန်မကိုလား။" "အင်း" "ဒါဆို ရှင် ဘယ်သူ့ကို ပေးမှာလဲ။" "ကိုယ် မသိဘူး။" ဆိုဗက်စ်စတာက ထိုသို့ ပြောပြီး မျက်နှာကို တစ်ဖက်လှည့်သွားသည်။ ဒီလို ကိုးရို့ကားယားနဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးက ဘာများပါလိမ့်။ ကျွန်မ ရယ်ချင်စိတ်ကို ချုပ်တီး၍ ပြောလိုက်သည်။ "ရှင်က တစ်ခါတစ်လေ ကလေးလေးနဲ့ တူတယ်ဆိုတာ ရှင် သိလား။" "ဘာ" ဆိုဗက်စ်စတာက ရယ်ချင်နေသော မျက်နှာဖြင့် ကျွန်မကို တစ်ချက်ကြည့်လာသည်။ "တခြားသူတစ်ယောက်သာ ဒီလို ပြောလာရင် ကိုယ်ဘာလုပ်မိမလဲ မသိဘူး။" ရှင် ဘာလုပ်ဖြစ်မှာလဲ။ ရိုက်တာ မဟုတ်ရင် သတ်တာပဲ နေမှာပေါ့။ မူလဇာတ်ကြောင်းမှ ဆိုဗက်စ်စတာ၏ ဇာတ်ကောင်စရိုက်ကို ကျွန်မ သိထားသည်ဖြစ်ရာ ယခု၌ ဆိုဗက်စ်စတာက မည်မျှ နူးညံ့ကြင်နာနေသည်ကို လူတိုင်းထက် ကျွန််မက ပိုသိသည်။ ထို့ကြောင့် ယခု ကျွန်မ အနည်းငယ် မြောက်ကြွမြောက်ကြွ ဖြစ်နေရသည်။ ဆိုဗက်စ်စတာက ကျွန်မကို ကြည့်နေသောကြောင့် ဖြစ်၏။ "ပြောတဲ့သူက ကျွန်မ ဖြစ်နေသို့သာ ရှင်က ဒီတိုင်း လျှောချပေးလိုက်တာ မဟုတ်လား။အိုကေလေ။အခုကစပြီး ကျွန်မ အရင်ကထက် စနောက်တော့မယ်။" ကျွန်မ ထိုသို့ ပြောလိုက်ပြီး ဆိုဗက်စ်စတာကို မသိမသာ တစ်ချက် ခိုးကြည့်လိုက်မိသည်။သူက သဘောမကျသည့်ပုံစံ မပေါ်ပေ။ထို့ထက် သူ့စိတ်အခြေအနေက ပိုကောင်းသွားပုံ ရလေသည်။ "မင်းက တကယ်ကို ပျော်တတ်တယ်။" ဆိုဗက်စ်စတာက ကျွန်မ၏ နဖူးကို ထိရိုက်ပြီး ပြောလာသည်။ "ဒါကြောင့် ကိုယ်တို့ စကားပြောတဲ့အခါ ကိုယ်ရဲ့ခံစားချက် ကောင်းလာရတာပဲ။" သူ ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက အလျင်အမြန် မှေးမှိန်သွား၏။ချက်ချင်းဆိုသလို လေးနက်သော မျက်နှာထားအဖြစ် ပြောင်းလဲသွားပြီး စကားတစ်လုံးစီကို အားမာန်အပြည့်ဖြင့် ပြောလေသည်။ "ဒီတော့ အခုကစပြီး အိမ်ရှေ့စံမင်းသားရဲ့အကြောင်းကို မပြောနဲ့တော့။" "..." "မင်း နားလည်လား။" ဒါပေမဲ့ ဘာလို့လဲ။ ကယ်လီယန်ကို မြူဆွယ်ဖို့ ပြောတဲ့သူက သူပဲ မဟုတ်လား။ သူက ငကြောင်ပဲ။ ထိုသို့ ပြောလိုက်ချင်သော်လည်း ကျွန်မက တော်ရုံတန်ရုံသာ သိသည့် လူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် တည်ငြိမ်စွာဖြင့် "အင်း" ဟု ဖြေလိုက်မိ၏။မကြာခင် ကျွန်မတို့သည် နယ်နိမိတ်ကို ဖြတ်ကျော်လာပြီး ဘီလူးများ ကျက်စားရာ တောအုပ်သို့ ရောက်ရှိလာလေသည်။ TK Team ++++++++