Chapter 60
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၆၀)


ကျွန်မမှာ စိတ်အခြေအနေကောင်းနေခဲ့သည်။


ဖလဲရ် ဖြစ်ဟန်တူသော တစ်စုံတစ်ယောက်က အဝေးမှ လမ်းလျှောက်လာသည်ကို မြင်လျှင် ကျွန်မ နဖူးတွန့်လိုက်မိသည်။ဖလဲရ် တစ်ယောက်တည်း မဟုတ်ပေ။သူမ၏ ဘေးတွင် မြို့စားမင်းကြီးကတော် ပါလာခဲ့သည်။


သူမတို့က ကယ်လီယန်ကို တွေ့ဖို့ လာခဲ့တာလား။


အကယ်၍ ထိုသို့ ဖြစ်ပါက သူမတို့သည် ကယ်လီယန်နှင့် ကြိုတင်ချိန်းဆိုထားခြင်း မရှိဘဲ ရောက်ရှိလာသည်ဟု ဆိုလို၏။ကယ်လီယန်သာ ဖလဲရ်လာမည်ကို သိနေပါက ကျွန်မကို အစကတည်းက တွေ့ဆုံခွင့်ပေးမည် မဟုတ်ပေ။


ကောင်းပြီ၊သူမက မြို့စားမင်းကြီးကတော်နဲ့ အတူလာတယ်။ဒီတော့ လာရောက်တွေ့ဆုံမှုရဲ့ အရေးကြီးတဲ့ အချက်က ဘာဖြစ်မလဲ။


ကျွန်မဆီသို့ စူပုတ်နေသော မျက်နှာထားဖြင့် ဦးတည်လျှောက်လှမ်းလာပါသော မြို့စားမင်းကြီးကတော်ကို မြင်လျှင် ကျွန်မ ခေါင်းခါလိုက်မိသည်။


"ဟယ်လို၊ မြို့စားမင်းကြီးကတော်ရှင့်။"


"ရှင် ကျွန်မကို ဟယ်လိုလို့ ပြောဖို့ မလိုဘူး။"


ဆန်စေ့နှင့် တူသော မြို့စားမင်းကြီးကတော်က မျက်လုံးပြူး၍ ကျွန်မကို ကြည့်သည်။


"ရှင် ဒီကို ဘာလာလုပ်တာလဲ။"


ကျွန်မ ပခုံးတွန့်လိုက်မိသည်။


"ကျွန်မက အိမ်ရှေ့စံမင်းသားရဲ့ နန်းတော်ကို ဘာကြောင့် လာခဲ့တာပါလိမ့်။ဟုတ်ပြီ၊ ကျွန်မက အရှင့်သားကို လာတွေ့တာလေ။"


"ရှင်က အရှင့်သားကို လာတွေ့တယ်၊ဘာကြောင့်များလဲ။"


မြို့စားမင်းကြီးကတော်က ရယ်ချင်နေသော မျက်နှာထားဖြင့် ကျွန်မကို ကြည့်လေသည်။ကယ်လီယန်က ကျွန်မအပေါ် မုန်းတီးသည်ဟူ လူတိုင်း သိနေကြသဖြင့် ထိုသို့ တုံ့ပြန်ပုံက သဘာဝကျပါသည်။


ကျွန်မ ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။


"ကျွန်မ အရှင့်သားဆီ လာတွေ့ရတဲ့ အကြောင်းပြချက်ကို ရှင်တို့ဆီ ရှင်းပြဖို့ လိုပါသလား။"


မြို့စားမင်းကြီးကတော် ပါးစပ်မဟသေးခင် ကျွန်မ ဆက်ပြောလိုက်သည်။


"အရှင့်သားက ကျွန်မတို့နှစ်ယောက်ကြားက ကိစ္စအကြောင်း အပြင်ထုတ်ပြောတာကို သေချာပေါက် မုန်းတီးပါလိမ့်မယ်။"


"ဒီလို မောက်မာတဲ့ ..."


မြို့စားမင်းကြီးကတော်က ကျွန်မကို လက်ညှိုးထိုးပြီး အော်ဟစ်ရန် ပြင်လေသည်။


အမ်း၊ထင်တဲ့အတိုင်းပဲ၊သူမက သွေးဆူလွယ်တဲ့ မိန်းမပါလား။


ကျွန်မက ကြားရနိုင်ချေရှိသည့် အော်ဟစ်သံကို ကြိုတင်မျှော်လင့်ပြီး နားကို ပိတ်ထားဖို့ ကြိုးစားလိုက်သည်။


သို့သော်လည်း


"မြို့စားမင်းကြီးကတော် ရှင့်"


ဖလဲရ်က မြို့စားမင်းကြီးကတော်ကို တားဆီးလိုက်သည်။ဖလဲရ်က မြို့စားမင်းကြီးကတော်၏ လက်မောင်းကို ကိုင်၍ ပွတ်သပ်လိုက်သည်။


"မစိုးရိမ်ပါနဲ့ရှင်၊အရှင့်သားနဲ့ ကျွန်မရဲ့ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ကျွန်မတို့ မေးရင် သူ သေချာပေါက် ပြောပြပါလိမ့်မယ် ရှင်။"


ထို့နောက် သူမက ကျွန်မကို ကြည့်လေသည်။


ထိုအကြည့်မှာ အောင်နိုင်မှု ရရှိကြောင်း ပါးနပ်စွာ ထုတ်ပြလာသည့် အကြည့်တစ်ချက် ဖြစ်သည်။ထို့ကြောင့် ကျွန်မ အနည်းငယ် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။


ထိုစကားများက ကျွန်မကို ကြည့်ပြီး ကျွန်မ နားထောင်ရန် တမင်တကာ ပြောနေသည့် စကားများ ဖြစ်လေသည်။


အကယ်၍ မူလ အိုဖီလီယာသာ ဖြစ်လျှင် သူမက ချက်ချင်း ဖလဲရ်၏ ဆံပင်ကို ဆောင့်ဆွဲပစ်လိမ့်မည်။


သို့သော် ကျွန်မကမူ ထိုသို့ မလုပ်ပေ။


"တကယ်လား၊ ကြည့်ကြသေးတာပေါ့ရှင်။"


ကျွန်မ လက်ပိုက်ပြီး ဖလဲရ်ကို ကြည့်လိုက်သည်။


"ကျွန်မကတော့ အဲ့လို ဖြစ်မယ် မထင်ဘူးရှင့်။"


"ဘုရားရေ၊ မြို့စားကြီးကတော်ရှင့်။"


ဖလဲရ်က နှုတ်ခမ်းတွန့်၍ ပြုံးပြီး ပြောလေသည်။


"အရှင့်သားက ကျွန်မကို အရာအားလုံး ပြောပြပါတယ်။"


"တကယ်လား"


ကျွန်မ ပြုံးပြီး သူမကို ကြည့်လိုက်သည်။


"ဒါဆိုလည်း တော်ဝင်ကပွဲမှာ အရှင့်သားနဲ့ အရင်ဆုံး တွဲကမဲ့သူက ကျွန်မဆိုတာကို ရှင့်ဆီ ပြောပြရတော့မှာပေါ့လေ။"


"ဘာ"


ဖလဲရ်၏မျက်လုံးများ တုန်လှုပ်သွားသည်။သူမ၏ မျက်နှာက ဤစကားကို မယုံကြည်နိုင်ကြောင်း ပြသနေသည်။


ကျွန်မ ပို၍ပင် နှုတ်ခမ်းတွန့်လိုက်မိသည်။


"ဒါကြောင့် ကျွန်မ တကယ်ပဲ စောင့်မျှော်နေမိတယ်။ရှင်လဲ ကျွန်မနဲ့အတူ စောင့်မျှော်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"


ဖလဲရ်က ပြန်မဖြေပေ။သူမအစား မြို့စားမင်းကြီးကတော်က အော်လိုက်သည်။


"အဓိပ္ပါယ်မရှိတာတွေ။"


မြို့စားမင်းကြီးကတော်က မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အသံကို မြှင့်၍ ပြောလေသည်။


"ဘာလို့ အရှင့်သားက ရှင့်လို မိန်းမယုတ်တစ်ယောက်နဲ့ အတူ တွဲကရမှာလဲ။အရှင့်သားက ဒီလို လုပ်မှာမဟုတ်ဘူး။"


"ရှင် မယုံဘူးဆိုရင် အရှင့်သားကို ဘာကြောင့် သွားမမေးရတာလဲ။"


ဒေါသတကြီး ဖြစ်နေသော သူမနှင့် မတူစွာ ကျွန်မက အတော်လေး တည်ငြိမ်နေပြီး ပြုံးရွှင်နေသည်။ထိုသို့ ဖြစ်နေခြင်းက သူမကို ပို၍ ဒေါသထွက်လာစေသည်။


ကျွန်မ အထင် မှန်ပါ၏။


"ရှင်က မကောင်းဆိုးရွားမပဲ။ဖလဲရ်မှာ နူးညံ့တဲ့ နှလုံးသား ရှိတာကို သိရဲ့သားနဲ့  စကားကောင်းကောင်း မပြောနိုင်အောင် ရှင် လုပ်နေတာပဲ။"


မြို့စားမင်းကြီးကတော်က ပို၍ ရိုင်းစိုင်းစွာ အော်ဟစ်လေသည်။


ကျွန်မ သူမကို ငုံ့ကြည့်ပြီး ပခုံးတွန့်ပြလိုက်သည်။


"ဒါဆို မြို့စားမင်းကြီးကတော်ကပဲ သူမရဲ့ကိုယ်စား မေးပေးလိုက်ပါလားရှင်။"


"ဒါ ...ဒါက ..."


မြို့စားမင်းကြီးကတော်က အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားလိုက်သည်။


သူမကိုယ်သူမ သိလေသည်။သူမက ကယ်လီယန်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို မေးမြန်းပိုင်ခွင့် မရှိပေ။


ဖလဲရ်သည်လည်း ထို့အတူပင် ဖြစ်သည်။


ဖလဲရ်က ကယ်လီယန်၏ကိုယ်ရေးကိုယ်တာ ကိစ္စကို မေးမြန်းလိုက်ခြင်းသည် သူမ တည်ဆောက်ထားရသည့် ပုံရိပ်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခု ဖြစ်သည်။ထို့ကြောင့် အစကတည်းက သူမမှာ ဘာစကားမှ ပြောမထွက်တော့ခြင်း ဖြစ်လေသည်။


ကယ်လီယန်က သူမကို ပြောလာသည်အထိ သူမ စောင့်ရပေလိမ့်မည်။


ကြည့်ကြသေးတာပေါ့။


ကယ်လီယန်က သူမကို ပြောမလားဆိုတာ။


ပြောမည် မဟုတ်ပေ။သူ ဘယ်တော့မှာ ထိုသို့ လုပ်မည် မဟုတ်ပါ။


ထို့ကြောင့် ကျွန်မ သူမတို့ကို တောက်ပစွာ ပြုံးပြလိုက်လေသည်။


"ကျွန်မ တော်ဝင်ကပွဲကြီးကို စောင့်မျှော်နေပါမယ်။"


ဟိုး ဟိုး


ကျွန်မ ပြုံး၍ သူမတို့ကို ဖြတ်ကျော်လာခဲ့သည်။


ကျွန်မ ဘာဆက်ဖြစ်မည်ကို မမြင်နိုင်သော်လည်း သူမတို့ကို စိတ်ဒုက္ခပေးလိုက်နိုင်သဖြင့် အားရကျေနပ်နေမိသည်။


ဖလဲရ်က ငါ့ကို ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေမှာပါလိမ့်။


*


ကျစ်


ဆိုဗက်စ်စတာမှာ ဖောင်တိန်ကို လက်က ချလိုက်ရသည်။


ညစာစားချိန် ရောက်ခါနီးနေပြီ ဖြစ်သည်။သို့သော် အိုဖီလီယာက ပြန်မလာသေးပေ။


ဒီလောက်အထိ နောက်ကျအောင် သူမက ကယ်လီယန်ကို ဘာအကြောင်းတွေ ပြောနေခဲ့တာ ဖြစ်မလဲ။


ဆိုဗက်စ်စတာ စိတ်လှုပ်ရှားနေမိသည်။ထို့နောက် သူ ဘာကြောင့် ဤသို့ စိတ်လှုပ်ရှားနေရသည်ကို သူ သိချင်နေမိ၏။


ဘာကြောင့်လဲ။


သူက ဘာကြောင့် အိုဖီလီယာကို စိတ်ပူပန်နေရတာလဲ။


သူ အကြောင်းပြချက်ကို မသိခဲ့ပေ။


စိတ်တိုဖို့ ကောင်းလိုက်တာ။


သူက ဆံပင်ကို ဆွဲဖွလိုက်ပြီး ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်ထားလိုက်မိသည်။ဆိုဗက်စ်စတာမှာ အကြောင်းနှင့် အကျိုးကို ရှင်းလင်းလိုသော လူတစ်ယောက်ဖြစ်သည်။


ရလဒ်တစ်ခု ရှိလျှင် ဖြစ်လာစေသည့် အကြောင်းအရင်းက ရှိရမည် ဖြစ်၏။သူ့အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေရသော ရလဒ်တစ်ခု ရှိနေသည့်တိုင် ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို ရှာမတွေ့ပေ။


ထို့ကြောင့် ပို၍ စိတ်ပျက်လာရသည်။


ဟူး


ဆိုဗက်စ်စတာက အသက်ပြင်းပြင်း ရှူထုတ်၍ ရှေ့သို့ ဝဲကျနေဆံပင်များကို ဖယ်ထုတ်လိုက်သည်။


"အိမ်ရှေ့စံမင်းသား နန်းတော်ကို လူတစ်ယောက် လွှတ်လိုက်။အိုဖီလီယာကို ပြန်ခေါ်လာခဲ့ချေ။"


"ခင်ဗျာ"


သူနှင့် မျက်နှာချင်းဆိုင်တွင် အလုပ်လုပ်နေသော နေးလ်က ချက်ချင်းဆိုသလို ခေါင်းထောင်ကြည့်လာသည်။ 


"ဒါပေမဲ့ မဒမ်က အစောကြီးထဲက ပြန်ရောက်နေပါပြီ ခင်ဗျ။"


"ဘာ"


ဆိုဗက်စ်စတာက အံ့ဩသွားပြီး ပြန်မေးလိုက်လေသည်။


အိုဖီလီယာ ပြန်ရောက်နေသည်ကို သူ လုံးဝ မသိသောကြောင့် ဖြစ်သည်။


"မင်း ငါ့ကို ဘာကြောင့် မပြောရတာလဲ။"


ဆိုဗက်စ်စတာက ထေ့ငေါ့၍ မေးလေသည်။နေးလ်က ကိုးရို့ကားရား ဖြစ်နေသော မျက်နှာထားဖြင့် ပြန်ဖြေ၏။


"သခင် ဘယ်တုန်းကမှ မမေးဖူးလို့ပါ။"


နေးလ် ထိုသို့ ပြောသည်က သဘာဝကျပေသည်။ဆိုဗက်စ်စတာသည် အိုဖီလီယာ ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကို အမြဲတမ်း စိတ်ဝင်စားမှု မရှိတတ်ပေ။


အိုဖီလီယာ အပြင်သွားသည်၊အိမ်ပြန်လာသည်ကို များများစားစား အာရုံမထားတတ်သူက ဆိုဗက်စ်စတာ ဖြစ်သည်။


အခု သူက ဘာလို့ ဒီလို လုပ်နေရတာလဲ။


နေးလ်မှာ မှင်တက်မိနေလေသည်။


"သခင် ဘယ်တုန်းကမှ မသိချင်ဖူးပါဘူး။ရုတ်တရက်ကြီး ဘာကြောင့်များပါလဲ။ဒီနေ့ ထူးထူးခြားခြား တစ်ခုခုများ ရှိနေတာပါလား။"


နေးလ်၏မေးခွန်းကြောင့် ဆိုဗက်စ်စတာက ခေါင်းကို အနောက်ဖက်သို့ မှီထားရင်း မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားမိသည်။


သူလည်းဘဲ အဖြေကို သိချင်နေပါသည်။


ဘယ်အရာက သူ့ကို ဤမျှ စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း၊အိုဖီလီယာ ရှိမနေခြင်းက သူ့ကို ဘာကြောင့် ဒီလောက်အထိ စိတ်ညစ်စေကြောင်း သူ ပြောလိုက်ချင်ပါသည်။


သို့သော် သူ ထိုသို့ လုပ်၍မရပေ။


ထို့ကြောင့် သူ့ကိုယ်သူ ပို၍ ဒေါသဖြစ်လာရသည်။


"မဟုတ်ဘူး၊အဲ့လိုမျိုး မဟုတ်ပါဘူး။"


ဆိုဗက်စ်စတာက ဒေါသကို ဖိနှိပ်လိုက်ပြီး ထရပ်လိုက်သည်။


"အခု ငါ အိုဖီလီယာကို သွားတွေ့မလို့။"


ဆိုဗက်စ်စတာ ထရပ်လိုက်သည်ကို မြင်လျှင် နေးလ်က ကြောင်အစွာ ကြည့်နေမိသည်။


"ဒါဆို အလုပ်ကရော ခင်ဗျာ။"


ဆိုဗက်စ်စတာက အလုပ်စားပွဲကို မေးငေါ့ပြလိုက်သည်။


"မင်း လုပ်လိုက်၊ ငါ့ကို မပြောပြလို့ အပြစ်ပေးတဲ့အနေနဲ့။"


"သခင်က အရမ်းလွန်တာပဲ ဗျာ။"


နေးလ်က အော်ဟစ်လိုက်သော်လည်း ဆိုဗက်စ်စတာက လျစ်လျူရှုလိုက်သည်။


ထို့နောက် ချက်ချင်းဆိုသလို ရုံးခန်းထဲမှ အမြန်အဆန် ထွက်သွားလေသည်။


*


ဆိုဗက်စ်စတာက တံခါးမဖွင့်ခင် အရင်ဆုံး တံခါးခေါက်သင့်သည်ဟု ဆုံးဖြတ်လိုက်သည်။


ဒေါက် ဒေါက်


တံခါးခေါက်လိုက်သည်နှင့် အိုဖီလီယာက ဝင်လာဖို့ ပြောသည်ကို ကြားလိုက်ရ၏။


ထိုအခါ သူ့နှလုံးသား အခုန်မြန်လာသည်ကို ခံစားရသည်။ 


၎င်းက ထူးဆန်းသော ခံစားချက်တစ်ခုပင်။


ဘာကြောင့်လဲ။


တကယ်ပါပဲ၊ငါ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ။


ဆိုဗက်စ်စတာမှာ အချိန်အနည်းငယ် ကြာသည်အထိ သက်ပြင်းချနေမိလေသည်။


သူ အခန်းထဲ ဝင်ပြီး အိုဖီလီယာနှင့် တွေ့သင့်သည်ဟု စဥ်းစားလိုက်သည် အထိပင်။


သူ တံခါးကို ဖွင့်လိုက်သည်။


ဆိုဖာပေါ်တွင် ထိုင်နေရင်း ခေါင်းငုံ့၍ တစ်စုံတစ်ခုကို ဟိုလိုလို သည်လိုလို လုပ်နေသော အိုဖီလီယာကို ချက်ချင်းပင် မြင်လိုက်ရ၏။


"မင်း ဘယ်အချိန်ထဲက ပြန်ရောက်နေတာလဲ။"


သူက ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး မေးလိုက်သည်။


"ညနေခင်း လမထွက်ခင် ကတည်းကလေ။"


"မင်း ပြန်ရောက်နေပြီဆိုတာကို ကိုယ့်ဆီ ဘာဖြစ်လို့ မပြောရတာလဲ။"


"ဘာ"


ထိုသို့ မေးလိုက်လျှင် အိုဖီလီယာက ခေါင်းမော့လာခဲ့သည်။


"ရှင် ကျွန်မ ဘယ်သွားတယ်၊ဘာလုပ်တယ် ဆိုတာကို ဘယ်အချိန်ကတည်းက သိချင်သွားရပြန်တာလဲ။"


နေးလ် ပြောသည်နှင့် အတူတူပင်။ဆိုဗက်စ်စတာ တုံ့ပြန်လိုက်သည်။


"ဒီနေ့က စပြီးတော့ပဲ။ကိုယ် သိချင်သွားပြီ။ဒီတော့ အခုကနေစပြီး ကိုယ့်ကို ပြောပြရမယ်။"


"စိတ်ညစ်စရာ ကောင်းလိုက်တာနော်။"


အိုဖီလီယာ နှုတ်ခမ်းဆူလိုက်လေသည်။


"ကျွန်မ ဘယ်နေရာသွားတယ်၊ဘယ်အချိန် ပြန်လာတယ်ဆိုတာကို ရှင့်ဆီ ပြောပြပါမယ်။ဒါဆို ရှင်လဲ အတူတူ လိုက်လုပ်သင့်တာပေါ့။"


"ကိုယ် ဒါကို စဥ်းစားလိုက်မယ်။"


အလွန်ကောင်းမွန်သော အဖြေတစ်ခု မဟုတ်ချေ။


ဆိုဗက်စ်စတာက မနှစ်မြို့သော အမူအရာဖြင့် အိုဖီလီယာကို ငုံ့ကြည့်လိုက်သည်။


"မင်း ဘာတွေ လုပ်နေတာလဲ။"


"ရှင် သဘောကျမဲ့ တစ်ခုခုပေါ့။ကျွန်မက ကြိုးစားပမ်းစား လုပ်နေရတာ။ဒါပေမဲ့ ကျွန်မ ပြန်ရောက်ရောက်ချင်း ရှင့်ဆီက ဒီလို အမိန့်ပေးခံရတာကို ယုံတောင် မယုံနိုင်ဘူး။ဒါကြောင့် ကျွန်မ ခံစားချက် မကောင်းတော့ဘူး။"


"ကိုယ် အမိန့်ပေးနေတာ မဟုတ်ပါဘူး၊ ဒီအတိုင်း မေးတာပါ။ဒါနဲ့ မင်း ဘာတွေ လုပ်နေတာလဲလို့။"


ထိုအခါမှ အိုဖီလီယာက သူမ၏လက်များဖြင့် ဟိုလုပ်သည်လုပ် လုပ်နေသည်ကို ရပ်တန့်လိုက်သည်။


ပြီးနောက် သူမက ဆိုဗက်စ်စတာကို တစ်စုံတစ်ခု ထုတ်ပြလေသည်။


"ရော့"


သူမက ထိုအရာကို ဆိုဗက်စ်စတာဆီသို့ ကမ်းပေးလာ၏။၎င်းကို သူကြည့်လိုက်ချိန်၌ ...


"လက်ကိုင်ပဝါလား"


ထိုအရာက အရှုပ်အထွေးတစ်ခု ဖြစ်နေသည့်တိုင် ပန်းထိုးထားသော လက်ကိုင်ပဝါတစ်ထည်သာ ဖြစ်သည်။


ဆိုဗက်စ်စတာ၏မျက်လုံးများ ဝိုင်းစက်သွားလေသည်။


"ကျွန်မလဲ အကောင်းဆုံး ကြိုးစားထားတာပဲ။ဒါကြောင့် ကျွန်မကို မရယ်ပါနဲ့။"


ဆိုဗက်စ်စတာမှာ လက်ကိုင်ပဝါကို ဆုပ်ကိုင်ထားမိသည်။


သူ ခဏကြာသည်အထိ စကားမပြောနိုင်ပေ။သူ ရလိမ့်မည်ဟု ဘယ်တော့မှ ထင်မှတ်မထားခဲ့သော လက်ဆောင်တစ်ခု ဖြစ်သောကြောင့် ဖြစ်လေ၏။


"မင်း ...အသစ်တစ်ခု ထပ်လုပ်ခဲ့တာလား။"


"အင်း"


"ဒီနေ့လား"


"အင်း"


"ကိုယ့်ကို ပေးဖို့လေ"


"ဟုတ်တယ်"


ဆိုဗက်စ်စတာက ပါးစပ်ကို ပိတ်ထားပြီး တံတွေးမြိုချလိုက်မိသည်။ချွေးအေးများ သူ၏လည်ကုပ်မှ စီးကျလာ၏။သူနှလုံးသားကလည်း တဒိန်းဒိန်းနှင့် စတင် ခုန်ပေါက်လာလေသည်။


သူ ရီဝေဝေဖြစ်သလို ခံစားနေရသဖြင့် မျက်လုံးများကို ညင်သာစွာ ပိတ်ပြီးမှ ပြန်ဖွင့်လိုက်ရသည်။


သူ စိတ်ရှုပ်ထွေးနေပြီး ခေါင်းထဲတွင် ကိုက်ခဲနေ၏။


"ရှင် ဘာကြောင့် ဒီလိုပုံစံ ဖြစ်နေရတာလဲ။"


အိုဖီလီယာက ဆိုဗက်စ်စတာကို ကြည့်ရင်း ခေါင်းကို စောင်းငဲ့လိုက်သည်။


"ရှင် နေမကောင်းဘူးလား။"


"..."


ဆိုဗက်စ်စတာ ခေါင်းယမ်းပြလိုက်သည်။


"ကိုယ်က ဘယ်လိုအမူအရာ လုပ်ပြရမလဲ ဆိုတာကို မသိလို့ပါ။"


ယခု သူ အသိစိတ် ပြန်ဝင်လာချိန်တွင် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏လက်ကိုင်ပဝါကို ခေါက်လိုက်သည်။


"ကိုယ် ပျော်တယ်။"


ပြီးနောက် သူက သူ့လက်ကို အိုဖီလီယာ၏ ခေါင်းပေါ်သို့ တင်လိုက်သည်။


"အိုဖီလီယာ၊ ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်။"


သူက သူမ၏ဆံနွယ်များကို ပွတ်သပ်ပေးလိုက်သည်။သူမ၏ဆံနွယ်လေးများက သူ့လက်ချောင်းများဆီ ရစ်ပတ်နေသည့် ခံစားချက်ကို သူ သဘောကျသည်။


မဟုတ်ဘူး။အိုဖီလီယာနဲ့ ဒီလိုမျိုး ရှိနေရတာကို သဘောကျတာပဲ ဖြစ်လိမ့်မယ်။


ထိုခံစားချက်ကို ဘယ်အရာက ဖြစ်ပေါ်လာစေမှန်း ဆိုဗက်စ်စတာ ရေးတေးတေး ခန့်မှန်းမိပါသည်။


TK Team
++++++++