👾Chapter 155
အပြိုင်ကမ္ဘာ-7
ဟယ့်ယွင်ထင်မှအပ စစ်တက္ကသိုလ်ရှိ လူအားလုံးသည် သူတို့၏အတန်းဖော်မှာ မင်းသားဖြစ်နေသည်ဟူသော အမှန်တရားမှ ရုန်းမထွက်နိုင်ကြသေးချေ။
ထို့နောက် သူတို့က သူရဲကောင်းအား ပြုံးလျက်ငုံ့ကြည့်လိုက်သည့် လူငယ်လေးကို တွေ့လိုက်ရ၏။
ဟယ့်ယွင်ထင်သည် ဒူးတစ်ဖက်ထောက်လျက်သား အနေအထားဖြင့် လင်းဟန်ထံမှ ဓားကိုယူလိုက်သည်။ သူ့မျက်ဝန်းထဲရှိ အံ့အားသင့်မှုသည် မြန်ဆန်လှသဖြင့် သာမန်မျက်ဝန်းဖြင့်ပင် မြင်နိုင်မည်မဟုတ်ပေ။
"မေမေရေ … ဘာတွေမြင်လိုက်ရတာလဲ … "
"ငါကန်းနေတာလား … ငါ အိပ်ငိုက်နေတာလား …
"ငါက မင်းသားနဲ့ သုတေသနတစ်ဖွဲ့ထဲကွ … ပျော်လိုက်တာ … "
"အား … ရှောင်လင်း … ရှောင်လင်း … "
"မင်းတို့ကို BE လို့ ဘယ်တော့မှ ထပ်မပြောတော့ဘူး … "
"မဟုတ်ဘူး … အခုအရေးကြီးတာ အဲဒါမဟုတ်ဘူး BE … "
"အရှင့်သား … အရှင့်သား … "
"အချောဆုံးမင်းသားဆိုတဲ့ မဲပေးမှုကို သတိရသေးလား … မင်းသားလေးရဲ့ သက်ပြည့်အခမ်းအနားပြီးရင် စီစဉ်သူတွေက သူ့ကို စာရင်းထဲထည့်တော့မှာ .. ငါတော့မဲသွားပေးတော့မယ် … "
"ဒီတော့ ဒါက သူ့ရဲ့ပုံရိပ်အမှန်ကို ဖုံးကွယ်ထားတဲ့ မင်းသားလေးဟာ သူရဲကောင်းနဲ့ လက်ထပ်သွားတဲ့ ဇာတ်လမ်းလား … "
"ငါအရမ်းပျော်တယ် … ရှောင်လင်းက မင်းသားလေးပဲ ...."
"ငါရောပဲ … "
"ဒါက ငါ့အိပ်မက်ထဲမှာ မြင်ချင်ခဲ့ရတဲ့ မြင်ကွင်းပဲ … သူ့ကို ကတိပေးလိုက်ပါ … "
"ငါ့ဘဝကြီးက တန်သွားပြီ … အား … ငါစခရင်ပေါ်မှာ အရူးလိုအော်နေမိပြီ … "
မှတ်ချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော ဖန်သားပြင်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ပရိတ်သတ်များနှင့် နန်းရင်ပြင်ရှိ ပရိတ်သတ်များသည် သူတို့ကြောင့် အလွန်ထိတ်လန့်သွားရ၏။
မည်သူကမှ လင်းဟန်အပေါ် အပြစ်မတင်ခဲ့ကြချေ။ အားလုံးက မင်းသားလေး ငယ်ရွယ်ကြောင်း သိရှိထားကြပြီး လင်းဟန်သည် မင်းသားအဖြစ် သင့်တော်ကြောင်းကိုလည်း ခံစားမိလာကြ၏။ ပန်းတစ်ပွင့်အား ဖန်လုံအိမ်ဖြင့် ပျိုးထောင်ခြင်းထက် နေရောင်ခြည်အောက်၌ ပျိုးထောင်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းသည် တစ်ကမ္ဘာလုံးတွင် တစ်ပွင့်ထဲသာရှိသည့် ပန်းဖြစ်နေ၍ပင်။
သို့သော် သူတို့နှစ်ဦးလုံးသည် ထိုစကားသံများကို မကြားနိုင်ကြချေ။
လင်းဟန်သည် အပြင်ပိုင်း၌ တည်ငြိမ်နေသော်လည်း တကယ်တမ်းတွင်မူ စိတ်လှုပ်ရှားနေ၏။ သူကဓားကို ကိုင်လျက် ချိုးဖြူများ ပျံသန်းသွားခြင်း၊ သံရှည်ဆွဲကာ ဓမ္မတေးသံ အဆုံးသတ်သွားခြင်း၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခြင်းနှင့် ဟယ့်ယွင်ထင် ခေါင်းပြန်မော့လာခြင်းတို့ကိုစောင့်နေခဲ့၏။
မူလက သူသည် သူ၏ ထွက်ပေါ်လာမှုကြောင့် ဟယ့်ယွင်ထင် မပျော်ရွှင်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် တစ်ဖက်လူ၏ အမူအရာကို တွေ့လိုက်ရသည့်နောက် သူ၏စိုးရိမ်မှုများ လွင့်ပါးသွားခဲ့၏။
သူ၏ မလျော်ကန်သော တောင်းဆိုမှုများကို မငြင်းဆန်ခဲ့သည့် ဟယ့်ယွင်ထင်သည် ဤတစ်ကြိမ်တွင်လည်း ထိုအတိုင်းပြုမူခဲ့သည်။
သူက တူညီသည့် စာကြောင်းကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ သို့သော် သူ့စကားသံ၌ အလိုလိုက်ခံရသော ကလေးတစ်ဦးကဲ့သို့ နူးညံ့ခြင်း၊ မျှော်လင့်ခြင်းများ ပြည့်နှက်နေ၏။
“ရလား …”
ခဏအကြာ၌ သူ့လက်ပေါ်ရှိ အလေးချိန်သည် လျော့ကျသွားလေသည်။
သူ့အရှေ့ရှိ အမျိုးသားသည် တုနှိုင်းမဲ့လှသည့် အမူအရာဖြင့် ဓားကို လင်းဟန်ထံမှ လွှဲပြောင်းယူလိုက်ရင်း သူ၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ သို့သော် သူ့အကြည့်ကမူ လင်းဟန်အပေါ်၌သာ ကျရောက်နေ၏။
ပုံမှန်အားဖြင့် တိတ်ဆိတ်လှသည့် ဗိုလ်မှူးသည် သူ့အား စိုက်ကြည့်နေသည်။
သူက မတ်တပ်ရပ်ကာ ဓားကိုကိုင်လျက် သူ၏ ကျိန်းကျိန်မှုအား ခန့်ညားသော အသံဖြင့် ရွတ်ဆိုလိုက်သည်။
ကျန်းကျိန်စာ၏ အဆုံးတွင် ဗိုလ်မှူးသည် နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
“ကျွန်ုပ်သည် ကျွန်ုပ်၏ သေတပန်သက်တဆုံးချစ်ရသူအား တိုင်တည်၍ ကျိန်ဆိုပါသည် …”
သူက လင်းဟန်သာ ကြားနိုင်မည့် အသံဖြင့်ဆို၏။
“အရှင့်သား …”
“ဂုဏ်ယူမိကြောင်းပါ …”
မင်းသားလေး၏ ဇစ်မြစ်ပေါ်ထွက်လာသည့်နောက် ကိစ္စများစွာ ပြောင်းလဲသွား၏။ သို့သော် သူ၏ အတန်းဖော်များသည် သူ့အပေါ် ဆက်ဆံပုံမှာ အရင်အတိုင်းသာဖြစ်သည်။ သူတို့က သူတို့နှစ်ဦး၏ ဖူးစာကိုသာ စနောက်ကြလေ့ရှိ၏။ လင်းဟန်သည် အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။
အင်ပါယာရှိ လူများသည် မင်းသားလေး၏ ပုံရိပ်နှင့် အသန်မာဆုံး စစ်သည်တော်အား သူကောင်းပြုခဲ့ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။
သို့သော် လင်းဟန်ကမူ ဤနေ့ရက်များ၌ အနည်းငယ် ရှုပ်ထွေးနေလေသည်။
ဟယ့်ယွင်ထင်သည် ထိုနေ့ပြီးဆုံးစဉ်ကတည်းက လေ့ကျင့်ရေးဆင်းခဲ့၏။ လင်းဟန်သည်လည်း သူ့အား သူနှင့်အတူရှိနေပေးရန် မတောင်းဆိုခဲ့ချေ။
သူက အဖွဲ့ဖွဲ့ကာ ဆရာများနှင့် ဆက်သွယ်လျက် မက်ခါအသစ်အား သုတေသနလုပ်ခြင်းကို ချက်ချင်းစတင်ခဲ့သည်။
သူသည် မူလက သူ၏သူရဲကောင်းအား မည်သူမှ မသိထားသေးသည့် လျှို့ဝှက်ချက်တစ်ခုကို ပြောပြလိုခဲ့သည်။ သို့သော် ထိုစကားများအား အကြိမ်ကြိမ်ပြောရန် ကြိုးစားခဲ့သည့်တိုင် မအောင်မြင်ခဲ့ချေ။
တစ်ဖက်လူသည် သူ့အနီးတွင် အကြောင်းပြချက် အသစ်တစ်ခုဖြင့် ပေါ်လာခဲ့သည်။ ထိုသူက အတွေးများကို ရှင်းလင်းပြီးချိန်၌ ပို၍ပင် တိတ်ဆိတ်သွားခဲ့မည်ဟု လင်းဟန် မမျှော်လင့်ထားခဲ့ချေ။
လင်းဟန်က ဟယ့်ယွင်ထင်အတွက် သူသည် အခြားသူများနှင့်မတူကြောင်း သေချာသိရှိထား၏။ နွေရာသီ၏ ဆိုဒါအေး၊ သူ့လက်ဖဝါး၏ အနွေးဓာတ်၊ အေးစက်စက် အသွင်အောက်ရှိ ယုံကြည်ချက်ကင်းမဲ့သော အသံ၊ အရာအားလုံးက သူ့အား ထိုအချက်ကို ပြောပြနေကြသည်။
သူက တစ်ဖက်လူထံအား အရင်မေးသင့်သည်ဟု စဉ်းစားလိုက်မိသည်။ ထို့နောက် ထိုသူ့အား ထိကာ
ထိုသူ့နှလုံးသားထဲရှိ အသံကို နားထောင်နိုင်လိမ့်မည်။
၎င်းက သူ့အား လူလည်ကျမိသလို ခံစားရစေသည်။
အခက်အခဲများကို အမူအရာမပျက် ဖြေရှင်းတတ်သည့် ပါရမီရှင်လူငယ်လေးသည် ယခုအခါ ရှုပ်ထွေးနေပြီဖြစ်၏။
ဟယ့်ယွင်ထင်သည်လည်း ဤရက်များ၌ ရောက်မလာခဲ့ချေ။ လင်းဟန်သည် ပိတ်ရက်၌ မိခင်၏ အခန်းတံခါးကိုသာ သွားခေါက်ရတော့သည်။
ဧကရာဇ်သည် နှစ်တစ်နှစ်၏ အလုပ်အနားရဆုံး အချိန်ဟု သတ်မှတ်ကာ အပန်းဖြေခရီး ထွက်ရန်စီစဉ်နေခဲ့၏။ သူ၏ သားသည် လူထုအရှေ့တွင် ထွက်ပေါ်လာပြီဖြစ်သည်။ လင်းဟန်အား မည်သည့်တာဝန်မှ မပေးရသေးသည့်တိုင် ဝမ်ကျောက်သည် လွတ်လပ်သွားသလို ခံစားနေရဆဲပင်။
သူက အလွန်ပင်ပန်းသည်ဟု အကြောင်းပြကာ တိတ်တဆိတ် အစီအစဉ်ချနေလေသည်။
လင်းဟန် အခန်းတွင်းသို့ ဝင်လိုက်ချိန်၌ ဆိုဖာပေါ်တွင် မသင့်လျော်သည့် အပြုအမူဖြင့် ဆိုဖာတွင် မှီထိုင်နေသော ဧကရာဇ်ကို တွေ့လိုက်ရသည်။ ထိုသူက အလင်းဖန်သားပြင်ကို ကြည့်ကာ ပြောနေ၏။
“ဒီကြယ်က အလုပ်မဖြစ်ဘူး …” ဝမ်ကျောက်ကော သည် နေရာတစ်နေရာသို့ ညွှန်ပြကာ အထင်သေးဟန်ဖြင့် ဆိုသည်။
“အဲဒီ့မျက်နှာပြင်မှာ သွားစရာက တစ်ခုထဲပဲရှိတယ် … ကိုယ်မသွားဘူး …”
သူ့နံဘေးရှိ အမျိုးသမီးက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“ဘာလို့ ကတ်သတ်နေတာလဲ … သူတို့မှာ အရမ်းလှတဲ့ ကြယ်စုဝေးရေတံခွန်ရှိတယ်တဲ့ …”
ဝမ်ကျောက်ကောက မကျေမချမ်း ပြောလာသည်။
“သူတို့က နှစ်တိုင်း ပဏ္ဏာတွေဆက်သပါတယ် … ဒါပေမယ့် အရင်တစ်ခါက သူတို့ဝန်ကြီးရဲ့သားက မင်းသားကရုပ်ဆိုးလွန်းလို့ ကိုယ်က ရှက်ပြီး လူတွေဆီ ထုတ်မပြတာလို့ ပြောခဲ့တယ်လေ …”
အမျိုးသမီးက ဘီးကိုချကာ ပြောလိုက်သည်။
“ဒါဆိုမသွားဘူး … ကြည့်ကောင်းတာ တစ်နေရာထဲရှိတာမှ မဟုတ်တာ … တခြားနေရာတွေ ထပ်ကြည့်ကြမယ် ..”
“ဆယ်လ် ကြယ် ဆိုရင်ရော ဘယ်လိုလဲ …” ဝမ်ကျောက်သည် နောက်ထပ်နေရာတစ်ခုကို ညွှန်ပြလိုက်၏။
သူက တစ်ဖက်လူ မည်သို့မှ မပြောခင် ထပ်ပြောလိုက်ပြန်သည်။
“ထားလိုက်တော့ … လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြည့်အကောင်းဆုံး မင်းသားဆိုတဲ့ မဲပေးစနစ်ရှိခဲ့တယ်လို့ ကိုယ်ကြားခဲ့တယ် … အဲဒီ့ကြယ်က လူတော်တော်များများက သူတို့နဲ့ ရင်းနှီးတဲ့ မင်းသားကိုပဲ မဲပေးခဲ့တယ်လေ … ဒီလိုမဲပေးလို့ရရိုးလား … မတရားလိုက်တာ …”
“မေ့လိုက်တော့ … ကျွန်မလည်း မသွားချင်ဘူး …” အမျိုးသမီးသည် ကိုယ်ကိုကိုင်းလျက် တစ်ဖက်လူ၏လက်တွင်းရှိ ဖန်သားပြင်ကို ကြည့်လိုက်သည်။
“ဒီလိုသာဆို ကျွန်မလည်း ကြယ်ခွဲတွေကို မဲပေးဖို့ ပြောလိုက်ရမလား … ဒီတိုင်းဆို ဟန်ဟန်က ပထမနေရာက ကျမှာမဟုတ်တော့ဘူး …”
ဝမ်ကျောက်ကောက အလေးအနက် ခေါင်းညိတ်လိုက်သည်။
လင်းဟန်သည် သေးငယ်သည့် ကိစ္စရပ်လေးများအပေါ် မကျေမချမ်း ဖြစ်နေသူ နှစ်ဦးကိုကြည့်ကာ ရယ်ချင်လာ၏။
အမျိုးသမီးက သူ့အား တွေ့လိုက်သည်နှင့် ဆိုဖာပေါ်မှထကာ မုန့်ဖုတ်ခန်းတွင်းသို့ ဝင်သွားလေသည်။
“ဟန်ဟန် ပြန်လာပြီလား …”
“ကိုယ် ရုတ်တရက် မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စလေးကို သတိရသွားလို့ … ပြန်ခဲ့မယ်နော် …”
ဝမ်ကျောက်ကောသည် သူမ၏ ဦးတည်ရာအား တွေ့လိုက်သည်နှင့် တစ်ဖက်လူ၏ အချိုမုန့်များကို သတိရသွား၏။ အချက်ပေးသံများက သူ့နှလုံးသားထဲတွင် မြည်ဟည်းလာကြသည်။ သူက ချက်ချင်းထပြေးတော့၏။ သူက မသွားခင် လင်းဟန်၏ ဦးခေါင်းကို ပုတ်ပေးလိုက်သည်။
“သား မစိုးရိမ်နဲ့ … အဖေက သားကို ပထမနေရာက မကျစေရဘူး …”
တစ်ဖက်လူ ထွက်လာချိန်တွင် တော်ဝင်ဧကရာဇ်သည် လွတ်မြောက်သွားပြီဖြစ်သည်။ အမျိုးသမီးသည် လက်တွင်းရှိ မုန့်ပန်းကန်ကို ငုံ့ကြည့်ကာ ပြုံးလိုက်၏။
“သူဒီလောက်ကြောက်စရာ လိုလို့လား … ဒါက ဒီလောက်ဆိုးလို့လား …”
ကြည့်ရမဆိုးပေမယ့် အချိုးအစားက တစ်ခါမှ မမှန်ဘူးလေ …
လင်းဟန် စိတ်တွင်းမှ ဖခင်အား ကာကွယ်လိုက်သည်။
ဝမ်ကျောက်ကောသည် ခဏသာ ထွက်သွားခြင်းဖြစ်ပြီး မကြာခင် ပြန်လာမည်ဖြစ်ကြောင်း လင်းဟန်သိသည်။ သူ၏ မိခင်သည်လည်း အမှန်တကယ်စိတ်ဆိုးနေခြင်း မဟုတ်ကြောင်း လင်းဟန်သိ၏။
တစ်ဖက်လူသည် လင်းဟန်အား သူမ ပြုလုပ်ထားသည့် အချိုမုန့်များကို မကျွေးခဲ့ချေ။ သူမသည် ဝမ်ကျောက်ကောကြည့်နေခဲ့သည့် အလင်းဖန်သားပြင်အား ကောက်ယူကာ ကြည့်လိုက်သည်။
“ဟန်ဟန် … တကယ်ပဲ မေမေတို့နဲ့ မလိုက်ချင်တာလား …” ဆယ်မိနစ်အကြာ၌ သူမသည် နေရာအချို့ကို ရွေးချယ်ပြီးသွား၏။ သူမက နောက်လှည့်ကြည့်ကာ မေးလိုက်သည်။
လတ်တလောတွင် လင်းဟန်သည် သုတေသနအဖွဲ့နှင့်အတူ အချိန်ကုန်နေကြောင်း သူမ သိထား၏။ ပိတ်ရက်များ၌ပင် လင်းဟန်သည် အိမ်သို့ ပြန်မလာခဲ့ချေ။ သူက ပုံကြမ်းများ၊ စက်ပစ္စည်းများ အရာအားလုံးကို လွဲချော်မှု မရှိရလေအောင် ဂရုတစိုက် စစ်ဆေးနေတတ်သည်။
သူက ခေါင်းယမ်းလိုက်သည်။
“ဟင့်အင်း … ကျွန်တော် ဆရာနဲ့ချိန်းထားတယ် …”
ဤတစ်ကြိမ်၌ ဝမ်ကျောက်သည် သူ၏ သီးသန့်မက်ခါကို ထုတ်ကာ ဇနီးသည်နှင့် အားလပ်ရက်ခရီး ထွက်ခွာမည်ဖြစ်၏။ လင်းဟန်သည် သိတတ်စွာဖြင့် သူတို့အား မနှောင့်ယှက်ရန် ဆုံးဖြတ်ခဲ့သည်။
“ကောင်းပြီလေ …” တစ်ဖက်လူက အတင်းတိုက်တွန်းခြင်း မပြုခဲ့ချေ။ “သားကိုယ်သား ဂရုစိုက်ဦးနော် …”
“မေမေ …”
လင်းဟန်သည် ခဏတာ တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။ “ကျွန်တော် …”
သူက မည်သို့စမေးရမည်မသိ ဖြစ်နေ၏။ သူက သူ၏မိခင်သည် ဖခင်နှင့် မည်သို့ အတူတူရှိခဲ့ပုံကို သိချင်မိသည်။ စိတ်ဖတ်မိခြင်းသည် လူလည်ကျခြင်းဟုတ်မဟုတ် သိချင်ခဲ့သည်။ ထို့နောက် အဆိုပါ စွမ်းရည်အား ထုတ်ဖော်လိုက်သည့်အခါ ဆက်ဆံရေးသည် မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း သိချင်နေ၏။
သို့သော် ဟယ့်ယွင်ထင်၏ အမူအကျင့်သည် ဝမ်ကျောက်ကောနှင့် မတူချေ။ ထို့ကြောင့် သူမ၏ အဖြေများသည် သူ့အတွက် အလုပ်မဖြစ်နိုင်ချေ။
လင်းဟန်သည် မျက်မှောင်ကြုတ်လိုက်၏။ သူက မည်သို့မှ ထုတ်မပြောနိုင်သည့်အလျောက် သူ၏ လက်ကို သူမ၏ လက်ပေါ်တင်ကာ စိတ်တွင်းမှ ပြောလိုက်တော့သည်။
“သူရဲကောင်းကို ချစ်မိသွားတာက ပုံမှန်ပဲလား …”
သူက ဝေဝေဝါးဝါး ပြောလိုက်၏။
ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမယ်မှန်း မသိတော့ဘူး …
အမျိုးသမီး၏ လက်ဖဝါးထက်ရှိ အနွေးဓာတ်သည် လင်းဟန်အား စိတ်တည်ငြိမ်လာစေ၏။
မကြာခင်မှာပင် လက်တစ်ဖက်သည် သူ၏ လက်ပေါ်သို့ ခပ်ဖွဖွ ပုတ်ပေးလာသည်။
“သားဖေဖေကလည်း အဲဒီ့တုန်းက လူကြောက်ပါပဲ …”
အမျိုးသမီးသည် မရိုးဖြောင့်သည့် မျက်ဝန်းကလေးများဖြင့် ဆိုသည်။
“မေမေ သူ့ကို သုံးလလောက် စောင့်လိုက်ရတယ် …”
“သူတို့က မတူဘူးဆိုပေမယ့် ဟန်ဟန် ကြောက်နေဖို့ မလိုပါဘူး …”
“သားရဲ့ သူရဲကောင်းက သားကိုချစ်မချစ် မသိချင်ဘူးလား …”
“ပြီးတော့ …”
သူမသည် မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလိုက်၏။
“မေမေလည်း စိတ်ဖတ်ခဲ့တယ် .. ဒါကိုထည့်တွက်လို့ မရဘူးမလား …”
လင်းဟန်သည် သူမအား အကြောင်သားကြည့်လိုက်၏။
“ဒီစွမ်းရည်ကို မေမေတို့က တောင်းဆိုခဲ့တာမှ မဟုတ်တာ … ပြီးတော့ ဟန်ဟန်က တခြားလူဘာတွေးနေလဲဆိုတာ အမြဲသိချင်နေတာမျိုး မဟုတ်ဘူးမလား …”
အဲဒီ့လိုဆိုပေမယ့် …
“ဒါ့ကြောင့် လူလည်ကျတယ်ပြောလို့မရဘူး …”
လင်းဟန်သည် မိခင်၏ နှစ်သိမ့်စကားကို ကြားလိုက်ရသည်။ သူမသည် သူ၏ စိုးရိမ်မှုအား ဖြေဖျောက်ပေးနေခြင်းပင်။
“သား သိချင်တာကိုသာ မေးလိုက်ပါ … သူ့ခံစားချက်ကို မသိချင်ရင် လက်အိတ်ဝတ်ထားလိုက် …”
“နောင်တမရဘူးဆိုရင်ပေါ့ …”
သူမစကာဆုံးသည်နှင့် ဝမ်ကျောက်ကောသည် ပြန်လာခဲ့သည်။ သူက မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နောက်ဆုံးစကားတစ်ခွန်းဖြင့် နားလည်သွားကာ အားတက်သရော ဝင်ပြောတော့၏။
“အဆင်ပြေပါတယ် … ဟန်ဟန်က လူကြီးဖြစ်နေပြီပဲလေ .. သူသာ ကိုယ်နဲ့တူရင် …”
ကံမကောင်းစွာဖြင့် အချိုဓာတ်လွန်ကဲလှသည့် ဘီစကစ်တစ်ခုသည် သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
အမျိုးသမီးသည် ပြုံးလျက် ဘီစကစ်အား မျိုချနေသည့် ဝမ်ကျောက်ကို ကြည့်နေ၏။ သူမသည် လက်သုတ်ကာ ပြောလိုက်သည်။
“ဟန်ဟန် သူ့ဟာသူ ဆုံးဖြတ်ပါစေ … အရူးရဲ့ …”
နောက်တစ်နေ့တွင် ဝမ်ကျောက်နှင့် သူ၏ ရဲဘော်များသည် အနားယူရန်အတွက် ဂြိုဟ်တစ်ခုသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ကြသည်။
ဧကရာဇ်သည် စခန်း၏ လေ့ကျင့်ရေးအပေါ် မှတ်ချက်တစ်ခုပင် မပေးခဲ့ကြောင်း ကျိန်ပြောခဲ့သည့်တိုင် လွန်ခဲ့သော နှစ်ရက်ကတည်းက နေ့နေ့ညညရှိနေခဲ့သည့် လေ့ကျင့်ရေးများသည် အရှိန်လျှော့လိုက်ကြသည်။ သူတို့က နောက်ထပ်လေ့ကျင့်ရေးမတိုင်ခင် စစ်သည်တော်များအား အားဖြည့်စေလိုခြင်းဖြစ်သည်ဟု အကြောင်းပြကြ၏။
ဤသို့ဖြင့် လင်းဟန်သည် ထိုနေ့ညနေတွင် သူရဲကောင်းအား ထပ်မံတွေ့ဆုံခဲ့ရသည်။
သက်ပြည့်အခမ်းအနား ပြီးဆုံးခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့လေပြီ။ သို့သော် ဟယ့်ယွင်ထင်သည် အနည်းငယ်ပို၍ ကွဲပြားသွားသည်ဟု လင်းဟန် ခံစားနေရ၏။ သူက ပို၍ ရင့်ကျက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မျဉ်းများပင်လျှင် ယခင်ထက်ပို၍ ထင်ရှားလာကြသည်။
ထိုသူ၌ အေးစက်သော အမူအကျင့်ရှိ၏။ သူ၏ ရာထူးအသစ်ကြောင့် အဆောက်အဦး၏ တံခါးနားတွင် ရပ်နေသည်နှင့် မရေမတွက်နိုင်သော မျက်လုံးများကို ဆွဲဆောင်သွားခဲ့လေသည်။ သို့သော် မည်သူကမှ သူ့အား မချဉ်းကပ်ဝံ့ကြချေ။
ထိုသို့ဖြစ်လာလေတိုင်း လင်းဟန်သည် သူ၏ စိတ်ဖတ်နိုင်စွမ်းရှိခြင်းအပေါ် ဝမ်းသာမိသည်။
တခြားလူတွေက ခင်ဗျားကို အေးစက်တယ်လို့ ထင်ချင်ထင်လိမ့်မယ် … ဒါပေမယ့် ကျွန်တော်ကတော့ ခင်ဗျားရဲ့လျှို့ဝှက်ချက်ကို သိတယ်လေ … ခင်ဗျားက အဲဒီ့လိုမဟုတ်ဘူး …
ထိုသို့တွေးလိုက်သည်နှင့် လင်းဟန်၏ စိတ်အခြေအနေသည် ကောင်းမွန်လာ၏။ သူက မိခင်၏ စကားကို နားလည်လာခဲ့သည်။
သူက ထိုသူ၏ အတွေးများကို မသိချင်ခဲ့လျှင် ယခုအချိန်၌ လက်အိတ်များကို ဝတ်ဆင်လိုက်မည်သာ ဖြစ်၏။ ထိုသူအား တွေ့သည်နှင့် ပျော်ရွှင်နေလိမ့်မည် မဟုတ်ပေ။
“ကျွန်တော့်ကို လာခေါ်တာလား …”
လင်းဟန်သည် လေယာဉ်ဆိုက်ကပ်ရာနေရာ၌ ရပ်နေသည့် ထိုသူ့အား မေးလိုက်သည်။
ဟယ့်ယွင်ထင်က ပြော၏။
“အင်း …”
သူက အရင်ဆုံး လေယာဉ်တံခါးကို ဖွင့်ပေးကာ လင်းဟန်အား ထိုင်စေလိုက်သည်။ တစ်ဖက်လူ၏ အခြေအနေကို အကဲခတ်ပြီးမှသာ ယာဉ်မောင်းထိုင်ခုံသို့ ဝင်ထိုင်လိုက်၏။ ထို့နောက် လေယာဉ်အား စက်နှိုးလိုက်ရင်း ဦးတည်ရာ၌ နန်းတော်ဟု ဖြည့်စွက်လိုက်သည်။
လေယာဉ်စတင်ထွက်ခွာသည်အထိ သူတို့နှစ်ဦးလုံး တိတ်ဆိတ်နေခဲ့ကြ၏။
ဟယ့်ယွင်ထင်သည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။ လင်းဟန်ကမူ အခြားတစ်ခုကို တွေးနေ၏။
သူ၏ မိခင်ပြောသည်မှာ မှန်ကန်၏။ စိတ်ဖတ်ခြင်းသည် လူလည်ကျခြင်းမဟုတ်ပေ။ တစ်ဖက်လူ၏ ခံစားချက်များကို အတည်ပြုခြင်းသာဖြစ်၏။
သူက ဆက်တွေးလိုက်သည်။
ဘယ်လိုစကားစရကောင်းမလဲ … တိတ်နေတာကို အခွင့်ကောင်းယူပြီး ‘ကျွန်တော့်ကို ကြိုက်လား’ လို့မေးရမလား … ဒါမှမဟုတ် ‘ကျွန်တော်ခင်ဗျားကို သဘောကျတယ် … ကျွန်တော့်ကို စဉ်းစားပေးပါ …’ လို့ပြောရမလား …
လင်းဟန် မည်သို့မှ မတွေးနိုင်သေးခင် မျှော်လင့်မထားသည့် လှိုင်းလုံးတစ်ခုက သူ့ကိုယ်တွင်း၌ မြင့်တက်လာ၏။ သူ၏ လက်ချောင်းများသည် စတင်၍ ပျော့ပျောင်းလာပြီး မီးသင်းသကြားကဲ့သို့ ချိုမြိန်နူးညံ့သည့် ရနံ့သည်လည်း သူ၏ ဂလင်းများမှ ထွက်ပေါ်လာသည်။ လင်းဟန်သည် ထိုအခါမှသာ သူ heat ဝင်လာကြောင်း သတိရသွား၏။
ပုံမှန်အားဖြင့် အိုမီဂါများသည် အရွယ်ရောက်ချိန်၌ heat ဝင်လာတတ်သည်။ လင်းဟန်သည် ၎င်းကို လျစ်လျူမရှုဝံ့သဖြင့် တားဆေးများကို အာဟာရဓာတ်စာနှင့်အတူ တွဲထားလေ့ရှိ၏။ သူက ၎င်းတို့အား နေ့တိုင်းစစ်ဆေးလေ့ရှိသည်။
သူ့မျက်နှာတစ်ခုလုံး နီရဲလာ၏။ သူက ပထမဆုံးအကြိမ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ထိုအချိန်မှာပင် ဗိုလ်မှူးသည် စကားစလာသည်။
“ကိုယ် …”
ဟယ့်ယွင်ထင်၏ အမူအရာသည် ပြောင်းလဲခြင်းမရှိချေ။ သို့သော် သူသည် ထိုသို့ပြောနိုင်ရန် မနည်းပြင်ဆင်ခဲ့ရကြောင်း လင်းဟန်သိလေသည်။
သူက လင်းဟန်၏ မူမမှန်မှုကို သတိမပြုခဲ့မိချေ။
“ကိုယ်မင်းအတွက် မဲပေးခဲ့တယ် …”
“အာ …”
လင်းဟန်သည် တစ်စက္ကန့်ကြာမှသာ တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွား၏။
အဲဒါက ကြည့်အကောင်းဆုံး မင်းသား ဆိုတဲ့ မဲပေးစနစ်မဟုတ်လား …
“မင်း ခုထိပထမနေရာမှာ ရှိနေသေးတယ် …”
ဟယ့်ယွင်ထင်က ပြောလိုက်သည်။
ထို့နောက် သူက ပုံမှန်မဟုတ်သည့် ရနံ့တစ်ခုကို သတိပြုမိသွားဟန်ဖြင့် နှာခေါင်းကို လှုပ်ရှားလိုက်၏။
heat ဝင်နေခြင်းကြောင့်လော မသိ၊ လင်းဟန်က တစ်ဖက်လူအား စနောက်ချင်လာ၏။
ဤကဲ့သို့ အခြေအနေမျိုးတွင် လင်းဟန်သည် သက်သောင့်သက်သာ ဖြစ်သည်ဟု ခံစားရသော
အယ်လ်ဖာအနီးတွင် ရှိနေခြင်းဖြစ်သည်။ သူက အနီးသို့ တိုးကပ်ကာ ဟယ့်ယွင်ထင်၏ လက်မောင်းအား သူ့လက်ချောင်းများဖြင့် ထိတွေ့လိုက်၏။
“ကျွန်တော်က ပထမနေရာက ကန်ထုတ်ခံရရင်ရော … ခင်ဗျား ကျွန်တော့်ကို မဲပေးပေးမှာလား …”
ဟယ့်ယွင်ထင်၏ အသံသည် တောင့်တင်းနေ၏။ သို့သော် သူက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“အင်း …”
လင်းဟန်သည် တစ်ဖက်လူ၏ စိတ်တွင်းရှိ အသံကို ကြားလိုက်ရသည်။
[အိုင်ဒီတစ်ခုက မဲတစ်ခုပဲ ပေးလို့ရတာ … ငါ့မှာ ဆက်သွယ်ရေးစက်လည်း တစ်လုံးထဲရှိတယ် ]
[လုအန်းဟယ်ကို မဲပေးခိုင်းရကောင်းမလား]
[ဆာဂျင်တွေကို မဲပေးခိုင်းရင် အာဏာအလွဲသုံးစားလုပ်ရာ ကျသွားမလား]
လင်းဟန်သည် ပြဿနာအား အလေးအနက်စဉ်းစားနေသည့် ဟယ့်ယွင်ထင်၏ အသံကို နားထောင်နေခဲ့၏။
[မဖြစ်လောက်ပါဘူး ]
[မင်းသားအတွက် မဲပေးရမှာက တာဝန်ပဲလေ … ငါဖိအားပေးလို့မှမဟုတ်တာ]
【မနက်ဖြန်ကျ ပြောလိုက်တော့မယ်】
【မွှေးလိုက်တာ】
【ဘာပါလိမ့်】
[သူ့ဆီကလား]
လင်းဟန်သည် တစ်ဖက်လူ၏ အတွေးများကို နားထောင်ရင်း သူ၏ လွန်ဆွဲခဲ့မှုများသည် မလိုအပ်ဟု တွေးလိုက်မိ၏။
သူက သူတို့ကြိုက်မကြိုက်မေးခြင်းကို ကျော်လိုက်သည်။
အဲဒါက အချိန်ဖြုန်းတာပဲဖြစ်နေမှာ …
လင်းထန်သည် ခုန်ပေါက်နေသည့်နှလုံးသားဖြင့် သတ္တိစုစည်းကာ မေးလိုက်သည်။
"ဟယ့်ယွင်ထင် … "
သူက ပြောလိုက်သည်။
“ခင်ဗျား ရနံ့တစ်ခု ရနေပြီး ဘာကိုဆိုလိုမှန်းမသိဘူးလား …”
“ကျွန်တော့်ကို ကိုက် … ဒါမှမဟုတ် ဖက်ထား … မဟုတ်ရင်နမ်း …”
👾