Chapter 40
နှစ်သစ်ကူး အကြိုနေ့တွင် မဲ့တုန်သည် ထုံးစံအတိုင်း အလုပ်များလျက်ရှိသည်။ရိုးရာအရ သူတို့မိသားစုသည် နှစ်သစ်ကူးအကြို ညစာစားပွဲအတွက် ရှန်းဟော်ရိပ်သာတွင် စုစည်းရောက်ရှိနေကြသည်။
အခြားပြည်နယ်များမှ လာသော ဆွေမျိုးများ၊နိုင်ငံခြားမှ လာသော ဆွေမျိုးများအပါအဝင်၊ ဦးလေးများနှင့် အဒေါ်များအားလုံး ရောက်ရှိလာကြသည်။ယခုနှစ်တွင် စိတ်ဝင်စားစရာ လှည့်ကွက်လေး တစ်ခုရှိသည် - နှစ်သစ်ကူးအကြိုနေ့မှာ ပိတ်ရက်တစ်ရက် မဟုတ်ပေ။နေ့လည်တွင် မိသားစု စကားဝိုင်းကို စတင်ခဲ့သည်။မဲ့တုန်၏ဝမ်းကွဲဖြစ်သူက စကားဝိုင်းတွင် ညည်းညူနေခဲ့သည်။သူမက ခွင့်ယူရန် စီစဥ်ထားသော်လည်း သူမ၏လုပ်ဖော်ကိုင်ဖက်များက သူမထက် အရင် ခွင့်ယူရန် စဥ်းစားမိသွားကြသည့်ပုံပင်။နှစ်သစ်ကူးအကြိုနေ့တွင် စီမံကိန်းအဖွဲ့အတွက် လူ လေးယောက်သာ ကျန်ခဲ့သဖြင့် ခေါင်းဆောင်ဖြစ်သူက သူမကို ခွင့်မပေးခဲ့ပေ။
အမဆွေဆွေ : "ငါ ဒါကို မယုံနိုင်သေးဘူး။နှစ်သစ်ကူးအကြိုနေ့မှာ ဘယ်သူက အလုပ်လုပ်လို့လဲ။ငါကျတော့ အလုပ်တွေနဲ့ ပိနေတာကို သူတို့က ဘာဖြစ်လို့ ခွင့်ယူသွားရတာလဲ။"
အမဆွေဆွေ : "ဟားဟားဟား၊ ငါ့ကို စိတ်မရှိပါနဲ့။ငါက အလုပ်လုပ်ရတာကို အကြိုက်ဆုံးပါပဲ။အလုပ်လုပ်ရတာက အရမ်းကောင်းတယ်။ငါက ကုမ္ပဏီရဲ့ ခွေးလေးပါ။"
အကြီးဆုံးအဒေါ် : "ဟားဟားဟား၊ လူငယ်တွေ အလုပ်ပိုလုပ်ရတယ်ဆိုတာ မမှားဘူး။"
အမဆွေဆွေ : "အကြီးဆုံးအဒေါ် ၊ ကျွန်မအတွက် စိတ်မကောင်း မဖြစ်ဘူးလား။"
အကြီးဆုံးအစ်ကို : " ဒီအကြောင်း မပြောနဲ့တော့။ငါလည်း ဒီနေ့ အလုပ်ဆင်းရတာပဲ။ဘယ်သူမှ ခွင့်ယူလို့ မရဘူး။ခါးသီးလိုက်တဲ့ မျက်ရည်တွေ ကျနေမိပြီ။"
မဲ့တုန် : "[စိတ်သက်သာရာရသွား]"
အမဆွေဆွေ : "မဲ့တုန်ကတော့ အကောင်းဆုံးပဲ။ကျောင်းတက်ရတာ အရမ်းကောင်းတယ်။ငါ့ကို တက္ကသိုလ် ပြန်တက်ခွင့် ပေးကြပါ။"
အဖိုး : "လူတိုင်းက အလုပ်လုပ်နေကြပေမဲ့ ငါတို့မိသားစုထဲမှာ ငါတို့ရဲ့မဲ့ဇီက အကောင်းဆုံးပဲ။သူက တရုတ်နှစ်သစ်ကူးမှာ ဒီလူအိုကြီးနဲ့ အတူနေပေးဖို့ ဆန္ဒရှိတယ်။"
အကြီးဆုံးအစ်ကို : " အဖိုးက ဒီလို ပြောပြီးတော့ ကျွန်တော့်ကိုစာအိတ်နီတွေ အတင်းအကြပ် ထုတ်ခိုင်းနေတာလား။"
မဲ့တုန်က သူ့ဖုန်းကို ထုတ်လိုက်ပြီး စာအိတ်နီများကို တစ်သုတ်ပြီး တစ်သုတ် လိုက်လုနေခဲ့သည်။သူ့ အစ်ကိုကြီးနှင့် အစ်မတို့က အလုပ်အကိုင် ကောင်းကြသည်။သူတို့ပေးသော စာအိတ်နီများက အများဆုံး ယွမ်၂၀၀ အထိ ရှိသည်။ဒီနှစ်တော့ မဲ့တုန် အတော်လေးကို ကံကောင်းနေသည်။စာအိတ်နီ တစ်သုတ် ကြဲလိုက်တိုင်း မဲ့တုန်ကသာ အကြီးဆုံးစာအိတ်ကို ဖမ်းမိသူ ဖြစ်သည်။အကြိမ်များစွာ လုပြီးနောက် အဆုံးတွင် ယွမ် ၄၀၀ သို့မဟုတ် ၅၀၀ ခန့် ရသွားသည်။
သူက မျက်လုံးလေးများ ကွေးညွှတ်သည်အထိ ပြုံးလိုက်ပြီး သူကောက်ထားသော ပိုက်ဆံများကို စုံဂဏန်း ရအောင် ယွမ် ၅၂၀ ဖြစ်သည်အထိ ပေါင်းထည့်လိုက်ပြီး ယန်ရှုမင်ထံသို့ တိတ်တဆိတ် လွှဲပေးလိုက်သည်။
[၅၂၀ ၏အသံထွက်သည် ဝေါ်အိုက်နီ /I love you နှင့် အသံထွက် နီးစပ်သည်။]
ယန်ရှုမင်က ငွေလွှဲကို လက်မခံဘဲ Question mark တစ်ခု ပြန်ပို့သည်။
ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေး : ?
ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေး : "Sugar daddy လုပ်တိုင်း ကစားနေတာလား။"
မဲ့ဇီ : "ကျွန်တော် ဒီနေ့ လုလို့ရလာတဲ့ စာအိတ်နီတွေလေ။အဲ့ဒါတွေကို ခင်ဗျားဆီ မျှပေးချင်လို့။"
စက္ကန့်အနည်းငယ် ကြာပြီးနောက် ယန်ရှုမင်က ယွမ် ၅၂၀၀ လွှဲပေးလိုက်သဖြင့် မဲ့တုန် ရယ်ချင်သွားတော့သည်။
သူလည်း လက်မခံဘဲ နေလိုက်ပြီး ယန်ရှုမင်ကို စာတစ်စောင် ပို့လိုက်သည်။
မဲ့ဇီ : "ခင်ဗျားက ကလေးဆန်လိုက်တာ။"
ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေး : "ရပါပြီ၊ သခင်ငယ်လေးက ကိုယ်ရဲ့ ငွေနည်းနည်းလေးကို အထင်သေးတဲ့ ပုံပဲ။"
မဲ့ဇီ : "ဒါဆို ခင်ဗျားက အရင် လက်ခံပေးလေ။"
ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေး : "ကိုယ် လက်ခံလိုက်ပြီးမှ မင်းက လက်မခံရင် ဘယ်လိုလုပ်မလဲ။"
မဲ့ဇီ : "ဘယ်သူကများ ခွေးပေါက်လေးကို လက်မခံဘဲ နေမှာလဲ ၊ဟုတ်ပြီလား။"
ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေး : "ကောင်းပြီလေ၊ မင်း အရင်လုပ်။"
မဲ့တုန်က ငွေလွှဲကို လက်ခံလိုက်သဖြင့် ယွမ် ၅၂၀၀ က သူ့ WeChat balance ထဲသို့ ဝင်လာခဲ့သည်။နောက်တစ်စက္ကန့်တွင် ယန်ရှုမင်ထံမှ စာတစ်စောင် ထပ်ရောက်လာခဲ့သည်။
ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေး : " ဝု "
*
ရှန်းဟော်ဥယျာဥ်ရိပ်သာသည် မြို့ထဲတွင် ဈေးအကြီးဆုံး စားသောက်ဆိုင်ဖြစ်သည်။ပွဲတော်ရက်များတွင် စားသုံးသူများ များပြားလှသဖြင့် သီးသန့်အခန်းများကို အထူးတလည် ကြိုတင်နေရာယူထားရသည်။ငါးနာရီ ဝန်းကျင်တွင် မဲ့တုန်တို့မိသားစုသည် ရှန်းဟော်ဥယျာဥ်ရိပ်သာသို့ ရောက်လာကြသည်။လောင်မဲ့သည် စားသောက်ဆိုင်ပိုင်ရှင်နှင့် သူငယ်ချင်းဟောင်းများ ဖြစ်သဖြင့် မဲ့တုန်သည် လောင်မဲ့နှင့်အတူ ထိုဆိုင်ရှင်ကို သွားနှုတ်ဆက်ခဲ့သည်။
ပိုင်ရှင်၏ မျိုးရိုးအမည်မှာ စုန် ဖြစ်ပြီး၊ ထိန်းသိမ်းထားခြင်းမရှိဘဲ ထိပ်ပြောင်လုနီးပါး၊ဖြစ်ကတတ်ဆန်း ဆံပင်စတိုင်နဲ့ ဖြစ်သည်။သူ့လက်ကောက်ဝတ်တွင် ဈေးကြီးပုံပေါက်သော လက်ပတ်ကြိုးများကို ဝတ်ဆင်ထားပြီး ဆောင်းရာသီအလယ်တွင် အနက်ရောင် သားမွေးကုတ်အင်္ကျီကို ဝတ်ထားလေရာ မြေအောက်လောက၏ ဘော့စ် တစ်ယောက်ပုံစံ ဖြစ်နေသည်။မဲ့တုန် သူ့ကိုတွေ့တိုင်း စိတ်လှုပ်ရှားနေပြီး စကားများများ မပြောရဲပဲ ခြောက်ကပ်ကပ်သာ နှုတ်ဆက်၏။
"မင်္ဂလာပါ၊ အန်ကယ် စုန်"
မဲ့တုန် ငယ်ငယ်က စိတ်ခံစားချက်ကိစ္စများကို အန်ကယ်စုန်သည် သိပ်ဂရုမထားခဲ့ပေ။သို့သော် ယခုနှစ်တွင် မဲ့တုန်က ချစ်သူထားနိုင်သည့် အသက်အရွယ်အထိ ကြီးပြင်းလာခဲ့ပြီ ဖြစ်ရာ အန်ကယ်စုန်က သူ့ဆီမှာ အရေးပါသည့် တစ်စုံတစ်ယောက် ရှိနေပြီလားဟု အထူးတလည် မေးမြန်းလာခဲ့သည်။မဲ့တုန်မှာ ထိုမေးခွန်းကြောင့် အကြပ်ရိုက်သွားပြီး အကူအညီရရန် လောင်မဲ့ကို ကြည့်လိုက်သည်။
လောင်မဲ့က နှာမှုတ်လိုက်ပြီး ဝင်ပြောသည်။
"လူငယ်တွေ သူတို့ကိစ္စကို သူတို့ဘာသာ နားလည်ဖို့ ဒီတိုင်းထားလိုက်ကြရအောင်။ငါတို့က ဒီအသက်အရွယ်အထိ ဘာလုပ်ဖို့ ရှင်သန်နေကြတာလဲ။မင်း သိတာပဲ။ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့အတွက်ပဲ မလား။ငါကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီးတွေးမနေဘူး။သူ ပျော်နေတယ်ဆိုရင် အဆင်ပြေတာပဲပေါ့။"
အန်ကယ်စုန်လည်း လူ့အသိုင်းအဝိုင်းတွင် ပါးနပ်စွာ ကျင်လည်နေသူတစ်ဦးဖြစ်ရာ၊နောက်ကွယ်တွင် မည်သည့်ဆိုလိုရင်းကို ဖုံးကွယ်ထားသည်ဖြစ်စေ၊ဤစကားက သည်အခြေအနေသို့ ရောက်လာလျှင် သူ့အနေဖြင့် ဆက်မပြောသင့်တော့ဟု သိပါသည်။သူက လောင်မဲ့၏ ပုခုံးကို နွေးထွေးစွာ ဖက်လိုက်ရင်း အတွင်းသို့ ခေါ်သွားပေးသည်။မဲ့တုန်လည်း နောက်က လိုက်သွားခဲ့သည်။အခန်းတွင်း၌ နွေးထွေးနေပါ၏။
ယခုနှစ်တွင် အဖိုးက မဲတုန်ကို မိသားစုဆက်ဆံရေးတွင် ပိုမို တိုးတက်လာစေရန် အခိုင်အမာ ရည်ရွယ်၍ မိသားစုအတွက် စားစရာမှာယူသည့် အလုပ်ကို လုပ်ရန် အကြံပြုလာခဲ့သည်။သူက ပြောသည်။
"ရှောင်မဲ့၊ဟင်းလျာတွေ မှာယူတယ်ဆိုတာလည်း ကျွမ်းကျင်မှု တစ်မျိုးပဲ၊ မင်း သိလား။ဒီစားပွဲမှာ စားသောက်မဲ့ လူတိုင်းက ဘာကို ကြိုက်တယ်၊ဘာကိုတော့ မကြိုက်ဘူးဆိုတာ မင်းသိဖို့ လိုတယ်။ပြီးတော့ နောက်ပိုင်း မင်း စားစရာမှာပြီဆိုရင် ဘယ်လို ဟင်းပွဲတွေက ဘယ်လို အခမ်းအနားပွဲတော်မျိုးအတွက် လိုအပ်တယ်၊ဘယ်လို ဟင်းပွဲတွေကို မမှာယူသင့်ဘူးဆိုတာ သိရမယ်။ဒါတွေ အားလုံးကို မင်း သေချာသဘောပေါက်ထားဖို့ လိုတယ်။"
မဲ့တုန်သည် စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေရသည်။သူက ထိုတာဝန်ကို ငြင်းမည် အလုပ်တွင် အဖိုးက သူ့ကို တီးတိုးကပ်ပြောသည်။
"ဒါက သူတို့ ကြားအောင် တမင်ပြောတာ။ဒီလို အဓိပ္ပါယ်မရှိတာကို နားထောင်စရာမလိုပါဘူး။သူတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မင်း စားချင်တာကိုသာ မှာလိုက်ချေ။ သွားတော့။"
ထိုအလုပ်တာဝန် အကောင်းစားလေးကို မဲ့တုန် လက်ခံလိုက်သည်။မနှစ်က သူ့အဒေါ်သည် မဲ့တုန် မစားနိုင်သော ဝက်ကလီစာအစပ်ဟင်းပွဲကို မှာယူခဲ့သဖြင့် အဖိုးက သူမကို ဆူပူသည်ကို မဲ့တုန် မှတ်မိသည်။ထိုအဖြစ်အပျက်ကြောင့် ယခုနှစ်တွင် အဖိုးက မဲ့တုန်ကို အစားအစာမှာစေချင်သည်လား သူ မသေချာပေ။
အဖိုးက ဒီလို အသေးအမွှားကိစ္စလေးကို တစ်နှစ်လုံးကြာတဲ့အထိ တကယ်ကြီး မှတ်မိနေတယ်ပေါ့။
သူတို့မိသားစုရှိ လူအကုန်လုံး၏ ဆက်ဆံရေးမှာ အလွန်ကောင်းသည်။ညစာစားပွဲ၏ လေထုက သဟဇာတ ဖြစ်နေခဲ့သည်။ပညာအဆင့်အတန်း မြင့်မားပြီး သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် အလုပ်လုပ်ကိုင်နေကြသော လူကြီးအချို့သည် မကြာသေးမီက သူတို့၏ လုပ်ငန်းခွင်အတွင်းရှိ စိန်ခေါ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ အကြောင်းကို ဆွေးနွေးနေကြရင်း အချင်းချင်း အသိအမြင်များ၊အကြံပေးချက်များ ဖလှယ်နေခဲ့ကြသည်။သူတို့ပင် မသိလိုက်ပဲ အချိန်က ကုန်သွားခဲ့သည်။
မဲ့တုန် ငယ်စဥ်က နှစ်သစ်ကူးအကြို ညစာစားပွဲတွင် စားသောက်ရသည်ကို သဘောမကျပေ။သူက အရမ်းငယ်လွန်းသဖြင့် လူကြီးများ၏စကားများကို နားမလည်သည့်အပြင် နားထောင်ဖို့လည်း စိတ်မဝင်စား၍ ဖြစ်သည်။သူ့အစာအိမ်ကို အစောကြီးကတည်းက ပြည့်နေအောင် စားထားပြီး ဖြစ်သော်လည်း ယဥ်ကျေးမှုအရ စားပွဲကနေ အလွယ်တကူ ထသွားခြင်း မလုပ်နိုင်ခဲ့ပေ။နှစ်အနည်းငယ်ခန့် အသက်ပိုကြီးလာသည်ကြောင့် ၊သို့မဟုတ် စိတ်သဘောထား အခြေအနေ ပြောင်းလဲသွားခြင်းကြောင့် ဟုတ်၊မဟုတ် မသိသော်ငြား၊ယခုနှစ်တွင် သူက အစားအသောက်ကို တိတ်တဆိတ် စားသောက်ရင်းဖြင့် အာရုံစိုက်၍ နားထောင်နေခဲ့သည်။
သူ၏ ဖုန်းစကရင်က အကြိမ်များစွာ လင်းလာပြီး ယန်ရှုမင်ထံမှ ယနေ့ညတွင် မီးရှူးမီးပန်း အတူတူ လွှတ်မလားဟု မေးသည့် စာများကို တွေ့မြင်လိုက်ရသည်။ မဲ့တုန် စာမပြန်သေးဘဲ ဒွိဟ ဖြစ်နေခဲ့သည်။
သူလည်း ယန်ရှုမင်နှင့် အတူ မီးရှူးမီးပန်း လွှတ်ချင်ပါသည်။သို့သော် လွန်ခဲ့သော နှစ်များက သူတို့မိသားစုသည် မြို့နှင့်အတော် ဝေးကွာသော နေရာတစ်ခုကို ကားမောင်းသွားပြီး မီးရှူးမီးပန်း အတူတူ လွှတ်ခဲ့ကြသည်။
ဒီနှစ် ယန်ရှုမင်နဲ့ နှစ်ယောက်တည်း အတူတူ အပြင်ထွက်မယ်လို့ ပြောလိုက်ရင် ယဥ်ကျေးမှု မရှိသလို ဖြစ်သွားမလား။
သို့သော် သူက ယန်ရှုမင်ကိုလည်း ဘယ်နည်းနှင့်မှ ငြင်းပယ်လိုစိတ် မရှိပေ။အတွေးထဲ နစ်မြောနေသဖြင့် သူ့ဦးလေးက သူ့ကို နှစ်ကြိမ်တိတိ ခေါ်နေသည်ကို မဲ့တုန် မကြားပေ။
မဒမ်တုက သူ့ပုခုံးကို ပုတ်လိုက်မှသာ သူ အတွေးစ ပြတ်သွားသည်။
သူ့ဦးလေးက စားပွဲ၏ တခြားဖက်တွင် ထိုင်နေသည်။
"ဘာဖြစ်လို့လဲ။ငါတို့ မဲ့ဇီရဲ့ စိတ်ထဲမှာ တစ်ခုခု တွေးနေသလိုပဲ။"
မဲ့တုန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းခါလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ကျွန်တော် ခဏလေး အာရုံလွတ်သွားလို့ပါ။"
သူ့ဦးလေးက မေးသည်။
"ကျောင်းမှာ ဘယ်လိုလဲ။ မင်းက ဒုတိယနှစ် ရောက်နေပြီမလား။"
မဲ့တုန် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်။ ဒုတိယနှစ်ရဲ့ စာသင်နှစ်ဝက် ပြီးသွားပါပြီ။ကျောင်းမှာ အစစ အရာရာ အဆင်ပြေပါတယ်။"
သူ့ဦးလေးက သာမန် မေးရိုးမေးစဥ် မေးခွန်းအနည်းငယ် ထပ်မေးခဲ့သည်။သူတို့ စကားစမြည် ပြော၍ ပြီးချိန်တွင် မဒမ်တုသည် မဲ့တုန်ပေါ် သို့ မှီလိုက်ရင်း တိုးတိုးလေးမေးသည်။
"ကိစ္စ တစ်ခုခု ရှိလို့လား။"
မဲ့တုန်သည် ဘယ်လိုတုံ့ပြန်ရမည်ကို မသိပေ။မပြောခင်အထိ ခဏကြာအောင် တွန့်ဆုတ်နေခဲ့သည်။
"... မရှိပါဘူး"
မဒမ်တုက သူ့ကို ကြည့်လိုက်သည်။
"မင်းက ဒီညကို ရှောင်ယန်နဲ့အတူ ဖြတ်သန်းချင်လို့လား။"
မဲ့တုန်၏မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။အနည်းငယ်လည်း ရှက်သွားသည်။
"...အမ်း၊ အဲ့ဒါ အဆင်ပြေရဲ့လား။"
မဒမ်တု ပြုံးလိုက်သည်။
"မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို မေမေ့ဆီ ဘာဖြစ်လို့ မေးနေရတာလဲ။"
ချက်ချင်းပဲ မဲ့တုန်ပြုံးလိုက်ပြီး ချစ်ခင်စွာဖြင့် မဒမ်တု၏ လက်မောင်းကို သူ့လက်နှင့် ချိတ်တွယ်လိုက်သည်။
"ကျေးဇူးပဲ မေမေ။"
မဒမ်တုက သူ့ကို ပုတ်ပေးလိုက်သည်။
"မင်း အသက် ဘယ်လောက်ရှိပြီလဲ အာ။"
ထို့နောက် သူမက မေးသည်။
"မင်း ဒီည အိမ်ပြန်လာဦးမှာလား။"
မဲ့တုန် ခဏကြောင်သွားပြီး သူနားရွက်များက ထိန်းမရအောင် နီရဲတက်လာသည်။သူက ထစ်အ ထစ်အ ဖြင့်
"ဒါ ... ဒါပေါ့။ကျွန်တော်တို့က ... အာ၊မီးရှူးမီးပန်း အတူတူ သွားဖောက်ရုံပဲ၊ တခြားဘာမှ မပါဘူး။"
မဒမ်တုက တည်ငြိမ်စွာ ခေါင်းငြိမ့်သည်။
"မေမေက ဒီတိုင်း မေးလိုက်တာ။တခြားဘာမှ မပြောပါဘူး။"
မဲ့တုန်သည် ဘာမှ ထပ်မပြောရဲသဖြင့် ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။
ခဏကြာပြီးနောက် မဒမ်တုက ထပ်ပြောလာသည်။
"မင်း အိမ်ကို ပြန်မလာဖြစ်လည်း အဆင်ပြေတယ်။မင်းလည်း အခု အရွယ်ရောက်နေပြီပဲ။မင်းအဖေရော မေမေရော မင်းအတွက် စိတ်မပူဘူး။"
မဲ့တုန်သည် ရှက်လွန်းသဖြင့် စားပွဲခုံမှ ဆင်း၍သာ တွားသွားလိုက်ချင်တော့သည်။
"ကျွန်တော် အိမ်ပြန်လာမှာလို့။"
ညစာစားခြင်းက ညကိုးနာရီ ကျော်တွင် ပြီးဆုံးသွားပြီးနောက် လူတိုင်းက နှစ်သစ်ကို ကြိုဆိုရန် အိမ်ပြန်ခဲ့ကြသည်။
လူ့အဖွဲ့အစည်း တိုးတက်လှသည် နှင့်အမျှ နှစ်သစ်ကူး၏ လေထုက ပြင်းထန်တက်ကြွမှု သိပ်မရှိပေ။မဲ့တုန်တို့ မိသားစုက မြို့တော်ကြီးတွင် နေထိုင်ခြင်း မဟုတ်ပါ။မီးရှုးမီးပန်း ပစ်လွှတ်ခြင်း၊ဗြောက်အိုးဖောက်ခြင်းတို့နှင့် ပတ်သက်သည့် စည်းမျဥ်းစည်းကမ်းများ ရှိသော်လည်း၊ မြို့ပြဧရိယာနှင့် ဝေးကွာနေသရွေ့ မည်သူကမှ အတိအကျ လိုက်နာကျင့်သုံးခြင်း မရှိပေ။
ထို့အပြင် ကျေးလက်ဒေသနှင့် မြို့ဆင်ခြေဖုံးဒေသများတွင် မီးရှူးမီးပန်း ပစ်လွှတ်ခြင်းကို ခွင့်ပြုထားသည်။ထို့ကြောင့် သူတို့တွင် အချိန်နှင့် စိတ်ဆန္ဒသာ ရှိပါက မြို့ဆင်ခြေဖုံးဒေသသို့ မိသားစုလိုက်ကားမောင်းသွားပြီး မီးရှူးမီးပန်း ပစ်လွှတ်၍ နှစ်သစ်ကို ကြိုဆိုကြသည်။
မဲ့တုန် အသက် ၆နှစ်၊၇နှစ် အရွယ်က နှစ်သစ်ကူးအကြိုနေ့ ညနေ ဆိုလျှင် ဖက်ထုပ်များ ချက်ပြုတ်နေစဥ် ဗြောက်အိုးဖောက်သံများက လေထဲတွင် ပြည့်နှက်နေခဲ့သည်ကို သူ မှတ်မိသေးသည်။မီးရှုးမီးပန်းများ၊ဗြောက်အိုးများကို ည ၆နာရီ ၊၇နာရီခန့်မှ စ၍ မနက် တစ်နာရီထိုးသည်အထိ အဆက်မပြတ် ပစ်လွှတ်နေကြပြီး၊ ကလေးငယ်များက မီးပန်းလေးများကိုင်၍ လမ်းကြိုလမ်းကြားများ၊လမ်းမများပေါ်တွင် ဟိုဒီ ပြေးလွှားနေခဲ့ကြသည်။
ယခုတွင်တော့ ညကိုးနာရီကျော်သာ ရှိသေးသော်လည်း လမ်းမကြီးများပေါ်၌ တိတ်ဆိတ်ခြောက်ကပ်နေလေသည်။
ယန်ရှုမင်က ညဆယ်နာရီကျော်တွင် ရောက်လာခဲ့သည်။မဲ့တုန်တို့အိမ်သည် အပန်းဖြေ ဗီလာဧရိယာတွင် တည်ရှိသည်ဖြစ်ရာ ပြင်ပမှ ယာဥ်များ ဝင်ရောက်၍ မရပေ။သူ့ကောင်လေးကို ဖုန်းခေါ်ပြီးနောက် ယန်ရှုမင်သည် ဗီလာအပြင်ဘက်တွင် စောင့်နေခဲ့သည်။ဆယ်မိနစ်ကြာပြီးနောက် စာအိတ်နီ၂လုံးက ကားပြတင်းပေါက်ကို လာခေါက်ခဲ့သည်။
ယန်ရှုမင်က ပြုံးလိုက်ပြီး ကားတံခါးကို ဖွင့်လိုက်လျှင် မဲ့တုန်က စာအိတ်နီများကို အတင်းထိုးပေးလာသည်။မဲ့တုန်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့ပေ။
"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ၊ ယန်ရှုမင်။"
ယန်ရှုမင်က စာအိတ်နီ၂လုံးကို ကြည့်လိုက်သည်။
"ဒါက ဘာလဲ။"
မဲ့တုန်က lover seat တွင် အပြေးလေး ဝင်ထိုင်လိုက်သည်။ကားအတွင် အပူပေးစက်က သူ့ကို နွေးထွေးစေသဖြင့် ခန္ဓာကိုယ်ပေါ်က အေးခဲနေမှုများ ပြေပျောက်သွားသည်။သူက ပြန်မဖြေခင် ထိုင်ခုံခါးပတ်ကို သေချာပတ်လိုက်သည်။
"ကျွန်တော်လည်း ရ ထားပြီးပြီ။ဒါက ခင်ဗျားအတွက်လေ။နှစ်သစ်ကူး မုန့်ဖိုး။"
ယန်ရှုမင်က ဒါကို မယူသေးပေ။ထိုအစား သူ့ဘေးမှ နောက်ထပ်အနီရောင် စာအိတ်ကို ထုတ်ယူလိုက်သည်။
"တိုက်ဆိုင်ပြန်ပြီ။ ကိုယ့်မိဘတွေကလည်း မင်းအတွက် စာအိတ်နီတစ်လုံး ပေးလိုက်တယ်။"
မဲ့တုန်၏မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။
"အိုင်း၊ ခင်ဗျား ကျွန်တော်နဲ့အတူ အပြင်ထွက်တာကို သူတို့သိလား အာ။"
ယန်ရှုမင်က သက်ပြင်းဖွဖွ ချလိုက်သည်။
"နှစ်သစ်ကူးအကြိုနေ့မှာ အိမ်ပြန်မလာဘဲ အပြင်မှာ တစ်ညလုံး နေမှာလေ။ အသိသာကြီး မဟုတ်ဘူးလား။"
ထိုအခိုက်၌ မဲ့တုန် တိတ်ဆိတ်သွားပြီး မဒမ်တုက အိမ်ပြန်လာမှာလားဟု မေးသည်ကို ပြန်သတိရသွားသည်။သူက ကသိကအောက်ဖြစ်ဟန်ဖြင့် လည်ချောင်းကို ရှင်း၍ ဘေးဘီဝဲယာကို လျှောက်ကြည့်နေပြီး
"အပြင်မှာ တစ်ညလုံး နေမှာဆိုတာက ..."
မဲ့တုန်က သူ့ကို တမင်တကာ စနောက်နေသည်လားဟု ယန်ရှုမင် မသိသဖြင့် ရှင်းပြလိုက်သည်။
"အဲ့ဒါက မီးပန်းတွေ ပစ်လွှတ်ဖို့ ညသန်းခေါင်အထိ အပြင်မှာ နေမယ်လို့ ဆိုလိုတာလေ။"
တစ်နာရီခန့် ကားမောင်းလာပြီးနောက် သူတို့လာသည့်နေရာကို ရောက်ရှိခဲ့သည်။မဲ့တုန်က ထိုင်ရင်း စာအိတ်နီများကို ဖွင့်ကြည့်နေသည်။အချို့က မဂဏန်း ပမာဏရှိပြီး၊ အချို့က ရာပြည့်၊ထောင်ပြည့်လုနီးပါး ပမာဏများ ဖြစ်ရာ၊ အားလုံးပေါင်းလိုက်ချိန်တွင် ၁၁၁၁၁ ယွမ် ရှိသဖြင့် အံ့ဩသွားတော့သည်။
မဲ့တုန်က မေးလိုက်သည်။
"ဒါက တစ်ခုခု ထူးခြားတဲ့အဓိပ္ပါယ်များ ရှိလားဟင်။"
ယန်ရှုမင်က ပြန်ဖြေသည်။
"တစ်သန်းပုံ တစ်ပုံလေ"
မဲ့တုန်၏ နှလုံးသားမှာ တစ်ချက်ဆောင့်ခုန် သွားသည်။အရင်တစ်ခါ ယန်ရှုမင်က လောင်မဲ့နှင့် တွေ့ဆုံချိန်တွင် သူ့မိဘများက အခုထိ အပြည့်အဝ လက်မခံနိုင်သေးဟု ပြောခဲ့သည်။ထို့နေ့မှ ရက်အနည်းငယ်သာ ကြာသေးသော်လည်း သူ့အတွက် စာအိတ်နီတစ်လုံး ရရှိလာခဲ့ပြီ ဖြစ်သည်။၎င်းက ယန်ရှုမင်တစ်ယောက် ထိုကိစ္စအပေါ် အတော်လေး အားထုတ်ခဲ့ရသည့် သက်သေပင် ဖြစ်၏။
မိသားစုနှစ်စုလုံးသည် ငွေကြေးရှားပါးသည် မရှိဘဲ ထိုပမာဏကလည်း အရမ်းမများလှသဖြင့် အလွယ်တကူ ပေးနိုင်သော်လည်း၊ ၎င်းတို့ကို ပေးရသည့် စိတ်ရင်းကသာ အဖိုးအတန်ဆုံး ဖြစ်သည်။
မဲ့တုန်က စာအိတ်နီများကို ဂရုတစိုက် ပြန်ထည့်လိုက်ပြီး ယန်ရှုမင်ကို သူပေးခဲ့သည့် စာအိတ်နီ၂လုံးကို ကိုင်၍ သတိထားပြီး ပြောလိုက်သည်။
"ခင်ဗျားက အမှန်တကယ်ကို နည်းနည်း မမျှမတ ဆက်ဆံတတ်တာပဲ အို့။ဒီဟာ စုစုပေါင်းက ယွမ်တစ်သောင်းကျော် ရှိတယ်။ကျွန်တော် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။အစက ကျွန်တော့်မိဘတွေက ခင်ဗျားကို တစ်အိတ်ပဲ ပေးမလို့။ကျွန်တော့်အဖေက ကျွန်တော် ခင်ဗျားနဲ့ အပြင်မှာ တစ်ညလုံးနေမယ် ဆိုတာ ကြားသွားပြီး စိတ်ညစ်သွားတယ်။ဒါကြောင့် ကျွန်တော့်အမေက ငွေနှစ်ဆ တိုးပြီး စာအိတ်နီ နှစ်လုံး ပြန်ခွဲလိုက်ရင်း တစ်အိတ်က အဖေပေးသလိုမျိုး လုပ်ပေးလိုက်တာ။"
ယန်ရှုမင်က ရယ်လိုက်သည်။
"ကိုယ့် ယောက္ခမတွေကို ကျေးဇူးတင်ပါတယ်ဗျ။"
မဲ့တုန် သူ့ကို ဖွဖွလေး ရိုက်လိုက်သည်။
"နောက်ပြောင်နေတာကို ရပ်လိုက်တော့။"
+++++++++