Chapter 34
Viewers 4k

Ch34-ချစ်သူများ


ဖန်ချန်းသည် အေးခဲသောတွင်းထဲကျသွားသလိုမျိုး အေးခဲနေသည့် ပင်လယ်ရေများက သူ့ရင်ဘတ်အထိတက်လာသလိုခံစားလိုက်ရကာ အသက်ရှူရ ခက်ခဲလာခဲ့သည်။



သူစောစောထဲစသိလိုက်သင့်သည်!!



ရှဲ့ယင်းကို ပထမဆုံးတွေ့ချိန်တုန်းက သူမသည် နျဲ့ရှီနှင့် လှေကားနားကကော်ရစ်ဒါမှာ စကားပြောနေခဲ့တာဖြစ်ပြီး သူတို့က တစ်ယောက်ကို တစ်ယောက် အရင်ထဲစသိထားပြီးသားပင်....



"ဖန်ယင်းယင်းရဲ့ အပြစ်ကို မင်းသိနေခဲ့တာက အံ့သြစရာမရှိတော့ဘူးပဲ... မင်းက သူတို့နဲ့ အတူတူပဲ..." 



ဖန်ချန်းသဘ် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးခဲ့လိုက်သည်။ ရှဲ့ယင်း၏ လည်ပင်းတစ်ဝိုက်တွင် နက်မှောင်သော ဒဏ်ရာတစ်ခုက ထွက်ပေါ်လာခဲ့ပြီးနောက် သူမ၏ လက်မောင်းပေါ်ရှိ အသားများ တဖြည်းဖြည်း ခြောက်သွေ့လာခဲ့သည်။



ချောင်ယန်နှင့်နျဲ့ရှီတို့ သူ့နားအတူတူ ပေါ်လာသည့်ညတွင် ရှဲ့ယင်းက ဟိုစုံတွဲကို စောင့်ကြည့်ဖို့ သွားခဲ့တာဖြစ်နိုင်လောက်သည်။ သူမသည် နောက်ပိုင်းတွင် အဖွဲ့ကနေ ခွဲထွက်ဖို့ အဆင်ပြေစေရန်အတွက် အထပ်မြင့်အဆောက်အအုံတစ်ခုကနေ ခုန်ချခဲ့ရာ ဖန်ချန်း နှင့် ကောင်းချန်တို့သည် သူမသေသွားကြောင်း ယုံကြည်သွားခဲ့ကြသည်။



ဖန်ချန်း "ဘာလို့ ငါ့ကိုသဲလွန်စပေးရတာလဲ"



ရှဲ့ယင်း၏ ပုပ်သွားပုံသည် အခြားနှစ်ယောက်နှင့် လုံးဝမတူပေ။ သူမက ခြောက်သွေ့နေသော လက်ကို အသုံးပြု၍ ဆံပင်ကို ဖြီးကာ ပြောလာခဲ့သည်။



"နင် မြန်မြန်သတိရလာအောင်လို့..."



ဒီအကြောင်းပြချက်က ချောင်ယန်၏ အကြောင်းပြချက်နှင့် တူတူပင်...



"အဲ့တာက အဆုံးသတ်ခါနီးနေပြီ" 



 ရှဲ့ယင်းက ဖန်ချန်းကို စိုက်ကြည့်လာခဲ့ပြီးဆက်ပြောလာခဲ့သည်။



 "အခု သတိရလောက်သင့်ပြီ" သူမက ချောင်ယန်ပြောသည့်စကားနှင့် ဆင်တူစွာပြောလာခဲ့သည်။



"ငါက...တကယ်ပဲ... အတိအကျဘာကိမေ့နေခဲ့တာလဲ" 



နျဲ့ရှီအကြောင်းသာဆိုလျှင် သူ မှတ်မိနေပြီဖြစ်သည်။



"ပြီးတော့ ငါ့အိမ်နီးချင်းကရော... သူက စိတ်နတ်ဆိုး စားတာ ခံလိုက်ရတာမလား" 



ဖန်ချန်းက မေးလိုက်သည်။



"ဟင်း..." ရှဲ့ယင်းကလည်း အဲ့ဒီလူကို မှတ်မိနေပုံပေါ်ပြီး ခေါင်းညိတ်ပြလာသည်။ 



"အဲ့ဒါဟာ မတော်တဆမှုတစ်ခုပဲ.. ညဘက် အသံတွေကြားရတော့ သူကတံခါးကို မိုက်မဲစွာဖွင့်ခဲ့လိုက်မိတာ... ချောင်ယန်ကလည်း မစောင့်ကြည့်လိုက်မိသွားတာ"



"အဲ့ဒါနဲ့ သူ..အဲ့အတိုင်းသေသွားရောလား"



ရှဲ့ယင်းက ပြုံးလိုက်ပြီး ခေါင်းယမ်းပြလာရင်း အတည်ပြောနေတာလား ပြန်ဖြေရုံသက်သက်လားပြောဖို့ခက်သည့်မျက်နှာဖြင့် ပြောလာခဲ့သည်။



"ဟုတ်တယ်..တကယ်သေသွားတာ" 



"ချောင်ယန်လည်း အပြစ်ပေးခံနေရတယ်" 



ရှဲ့ယင်းက ဆက်ပြောလာခဲ့သည်။



"သူ့ ချုပ်ခံထားလို့... မဟုတ်ရင် သူ့ကို မြန်မြန်တွေ့ရမှာ"



"မင်း ပြောချင်တာက...ဒီမှာရှိတဲ့လူတိုင်းက အပြစ်သားလို့လား..." 



ဖန်ချန်းသည် ရှဲ့ယင်းကို စိုက်ကြည့်လိုက်ကာမေးလိုက်သည်...



"မင်းတို့တွေကကော ဘာတွေလဲ?"



ရှဲ့ယင်းက သူမ အပြုံးကို ထိန်းသိမ်းထားပြီး သူမ၏ မျက်လုံးများထဲတွင် ခံစားချက်များက တဖြည်းဖြည်း နက်ရှိုင်းလာကာ ဆိတ်သုဉ်းသော အလှတစ်မျိုးကို ဖော်ဆောင်နေသည်။ 



"ဟုတ်တယ်..ငါတို့အားလုံးက အတူတူပဲ"

 

သူမက ဆက်မပြောဘဲ ခဏရပ်လိုက်ပြီးမှပြောလာခဲ့သည်။



"ပထမထပ်က အသက်ကြီးတဲ့ ဇနီးမောင်နှံက သူတို့သမီးအကြီးဆုံးရဲ့ သေဆုံးမှုကိုပဲ လျစ်လျူရှုခဲ့ကြတာမဟုတ်ဘူး" 



သူမဆက်ပြောလာသည်နှင့်အမျှ သူမ၏အကြည့်များက ဖန်ချန်းအပေါ်အပြည့်အဝကျရောက်နေခဲ့သည်။



"သူတို့က လိမ်ခဲ့ကြတာ"



“သူတို့က လိမ်ခဲ့ကြတယ်"



နျဲ့ရှီလည်း အလားတူစကားကိုပြောခဲ့ဖူးသည်။



ဖန်ချန်းသည် အုံ့မှိုင်းပြီးပူလောင်နေသည့် နေ့တစ်နေ့တွင် သူ့နားမှာအုပ်စုလိုက်ကြီး အန်တီဝူနဲ့အတူ အတင်းအဖျင်းပြောနေခဲ့ကြပြီး အန်တီဝူက ဘယ်သူမှမရှိသည့်မနက်စောစောတစ်ခုတွင်ကားမတော်တဆမှုတစ်ခုကို မြင်ခဲ့ရသည်ပြောခဲ့သည့်နေ့ကိုသတိရမိသွားသည်။



ထိုအချိန်တွင် ဖန်ချန်းက"တစ်ယောက်ယောက်က ရဲခေါ်လိုက်လား" ဟုမေးခဲ့သည်။



အန်တီဝူ ဘယ်လိုတုံ့ပြန်ခဲ့တာလဲဆိုတော့.... "ဟုတ်မှာပေါ့... တစ်ယောက်ယောက်က ရဲကိုဖုန်းခေါ်လိုက်လောက်တယ်....ဖုန်းခေါ်တာတွေ့လိုက်လို့ထင်တယ်" ဟုပင်။



ပြောဆိုချက်နှစ်ခုက ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။



ဖန်ချန်းသည် ခေါင်းကို ခိုင်မြဲစွာ မော့လိုက်ပြီး မရေမတွက်နိုင်သည့် ချွန်ထက်ထက် အပ်များက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သကဲ့သို့ သူ့အရိုးများ နာကျင်လာကာ ခြေထောက်များ လဲကျလုနီးပါး နာကျင်လာခဲ့သည်။



"သူတို့... လိမ်ခဲ့တယ်.." သူထပ်ပြောလိုက်သည်။



ရှဲ့ယင်းကရယ်လာခဲ့ပြီး သူမ၏ ဖြူဖွေးသော သွားများကို ပေါ်လွင်လာစေသည်။ သူမက ဘာကိုရယ်နေတာလဲဆိုတာကိုဘယ်သူမှ မပြောနိုင်ပေ။ ုံည်သို့ဆိုစေ ပျော်ရွှင်လို့ရယ်မောခြင်းတော့ မဟုတ်နေပေ... သူမကိုဖန်ချန်းကို တစ်ချက်မျှပင် မကြည့်တော့ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ပြီး ဘာကိုမှ အာရုံမစိုက်နေသည့်ပုံဖြင့်ပြောလာခဲ့သည်။



"သူတို့က ဒီတိုင်းလျစ်လျူရှုဖို့ကို ရွေးချယ်ပြီး ထွက်သွားခဲ့ကြတာ"



အနီးနားတွင် အခြားမည်သူမျှမရှိသည်ကို ကောင်းကောင်းသိတာကြောင့် နှစ်ယောက်သား တိတ်တဆိတ်နေဖို့ကိုအဲ ရွေးချယ်ကာ အမြန်ထွက်ခွာသွားခဲ့ကြသည်။



ဖန်ချန်း တုန်လှုပ်သွားပြီး သူ့လည်ချောင်းသည် နာကျင်မှု လောင်ကျွမ်းလာသလိုခံစားလိုက်ရသည်။



အခုတွင် ကွယ်လွန်သွားသူအားလုံး၏ အပြစ်များကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။



"မင်းနဲ့ နျဲ့ရှီကရောဘယ်လို...သေခဲ့ကြတာလဲ" 



ဖန်ချန်းကသူမကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ သူ့မျက်လုံးများမှ မျက်ရည်များ ထပ်မံ စီးကျလာသော်လည်း နာကျင်မှုများကပိုနေလေသည်...



"ငါက..ငါက နျဲ့ရှီကိုသတ်ခဲ့သူပဲ..."



"ဘာလို့ဒီလိုထင်ရတာလဲ..." 



ရှဲ့ယင်းကစကားဖြတ်ကာမေးလာခဲ့သည်။ မိုးကုပ်စက်ဝိုင်းမှ လသည် မှုန်မှိုင်းနေသော အလင်းရောင်ကို ထုတ်လွှတ်နေပြီး အမျိုးသမီး၏ ညှိုးနွမ်းဆွေးမြေ့နေသော မျက်နှာကို တောက်ပနေစေသည်။



"နင်တို့နှစ်ယောက်က အရင်က အတူတူနေခဲ့တာလေမဟုတ်ဘူးလား"



အတူတူ...လား...



ဟုတ်သည်.. သူတို့ တစ်ချိန်က အတူရှိဖူးခဲ့သည်။



ဟိုး...အရင်ကတည်းက အတူရှိခဲ့ကြတာပင်...



ဖန်ချန်းက မျက်လုံးများမှိတ်လိုက်ကာ မူးနောက်မှုတို့ကလှိုင်းလုံးကြီးသဖွယ်သူ့ကိုရိုက်ခတ်လာသည်နှင့်အမျှ သူ့ခေါင်းကိုအနည်းငယ်မြှောက်သည်။ တစ်စုံတစ်ယောက်က သူ့ကို တွန်းချလိုက်သလိုမျိုး အေးခဲပြီး အရိုးထဲထိစိမ့်အောင် အေးနေသည့် ပင်လယ်ရေထဲ ပြုတ်ကျသွားသလိုမျိုးခံစားလိုက်ရသည်။ နွေးထွေးမှုကင်းမဲ့သော အိပ်မက်ထဲသို့ လွင့်မျောသွားပြီး နစ်မြုပ်သွားရင်း အတိတ်က မြင်ကွင်းများသာ ပြည့်နှက်လာတော့သည်.....။

×××××××××××××

နျဲ့ရှီသည် တက္ကသိုလ် တတိယနှစ်တွင် ဖန်ချန်းသည်လည်း တည်ငြိမ်သော အလုပ်တစ်ခုကို ရှာတွေ့ခဲ့ပြီး အားလပ်ချိန်နည်းပါးခဲ့သည်။ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှု နည်းလာကာ အကြာဆုံးဝေးကွာမှုက တစ်လဖြစ်သည်။



ဆောင်းရာသီတစ်ခုတွင် ကောင်းကင်မှ နှင်းများ စိမ့်ကျလာခဲ့သည်။ ဝေ့ဝဲနေသော နှင်းပွင့်များသည် ဖန်ချန်းအပါအဝင် လူတိုင်းကို အလျင်အမြန် လမ်းလျှောက်စေကာ ခေါင်းငုံ့သွားစေသည်။ ဖန်ချန်းသည် ကောင်မလေးတစ်ယောက်နှင့် လမ်းလျှောက်လာရင်း နှင်းများထူထပ်နေသော ဆံပင်များအောက်မှ အနည်းငယ်ထွက်နေသည့်သူ့နားရွက်နီနီများကိုသာ မြင်ရသည်။



ဖန်ချန်းနှင့် သူမသည် ညဆိုင်း အတူနေခဲ့ရသည်။ ရုံးခန်းကိုသော့ခတ်ပြီးနောက် ကောင်မလေးက နှင်းထဲမှာ သူ့ကိုစောင့်နေခဲ့ပြီး သူတို့နေရာနဲ့ဝေးသည့်တစ်နေရာတွင် နျဲ့ရှီက ရပ်နေခဲ့သည်။



ဖန်ချန်းသည် အစတုန်းက နျဲ့ရှီကို သတိမထားမိပေ။ လမ်းတစ်လျှောက်လုံး ကောင်မလေးကို အိမ်ပြန်ပို့ပေးပြီး ကောင်မလေးကအဆောက်အအုံထဲဝင်သွားသည်အထိ သူတို့နောက်ကနေ နျဲ့ရှီကလိုက်နေခဲ့သည်။ ဖန်ချန်း လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် နျဲ့ရှီရပ်နေသည်ကို တွေ့လိုက်ရသည်။



ဖန်ချန်းသည် နျဲ့ရှီဆီချက်ချင်းမသွားမိလိုက်ပေ...နျဲ့ရှီသည် အရပ်ရှည်ပြီး ခေါင်းကိုငုံ့ထားတာကြောင့် အနိုင်ကျင့်ခံရသည့်ခွေးပေါက်လေးနှင့်ပင်တူနေသေးကာ ဖန်ချန်းကို တုံ့ဆိုင်းသွားစေသည်။ နောက်ဆုံးတွင် ဖန်ချန်းသည် နျဲ့ရှီထံချဉ်းကပ်လိုက်ကာ သူ့ရှေ့တွင်ရပ်လိုက်ပြီး နျဲ့ရှီ၏မျက်နှာကိုကြည့်ရန် သူ့ခေါင်းနောက် လိုက်မော့ခဲ့သည်။ နျဲ့ရှီ၏မျက်လုံးများသည် ခံစားချက်များစွာမရှိနေပေ... သူသည်မျက်ခုံးများကြုံ့နေကာ နှုတ်ခမ်း အနည်းငယ်စေ့ထားပြီး အိတ်ကပ်အတွင်းမှ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း သူ၏လှုပ်ရှားမှုများတွင် စိတ်ပူပန်နေမှုက ထင်ရှားပေသည်။



သူတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးသောကြောင့် နျဲ့ရှီကိုထျုသို့မြင်သောအခါတွင်ဖန်ချန်းသည် သူခံစားနေရသည်ကိုသိသွားပြီးအလျင်အမြန်ပြောလိုက်သည်။ 



"ငါမင်းကိုမထားခဲ့ပါဘူး ဟုတ်ပြီလား" 



နျဲ့ရှီ၏မျက်လုံးများက ပြောင်းသွားပြီး ဖန်ချန်းကို ငုံ့ကြည့်လာကာ တုံ့ပြန်ရန်ပင်အခွင့်အရေးမပေးဘဲ ငုံ့နမ်းလာခဲ့သည်။နှုတ်ခမ်းနှစ်လွှာကြားရှိ နှင်းပွင့်ချပ်များသည် အေးခဲနေလေသည်။ ဆောင်းည၏နှင်းများအောက်တွင် သူတို့နမ်းခဲ့ကြသည်။ နျဲ့ရှီက ဖန်ချန်း၏ခေါင်းနောက်ကို လက်ဖြင့်တင်းကျပ်စွာ ဆုတ်ကိုင်လိုက်ရင်း ဖန်ချန်းက ဘာလို့ သူ့ဆီ ချက်ချင်းမလျှောက်တာလဲဆိုသည်ကို မေးခွန်းထုတ်ကာ လက်တုံ့ပြန်တဲ့အနေဖြင့် ဖန်ချန်း၏လျှာကို ကိုက်လိုက်သည်။



နျဲ့ရှီ၏ကလေးဆန်လွန်းသော အမူအရာသည် ဖန်ချန်းကို ရယ်မောစေခဲ့သည်။ သူတို့နမ်းနေရင်း ရယ်မောလိုက်တာကြောင့် သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။ ထို့နောက် အနမ်းကို ဆက်လက်ခဲ့ကြသည်။ ဆောင်းည၏အအေးဓာတ်သည် သူတို့နှစ်ယောက်ကြားတွင် အရည်ပျော်သွားခဲ့ပြီး နွေးထွေးချိုမြိန်သော အနမ်းချိုချိုများသာ ကျန်ရစ်ခဲ့လေသည်။



"မင်းသဝန်တိုနေတာလား..." 



ဖန်ချန်းက ခေါင်းကိုအနည်းငယ် ခါယမ်းလိုက်ကာ သူ့အသံက ပေါ့ပါးနေပြီး သူ့မျက်လုံးများက နျဲ့ရှီအဆက်မပြတ် ကြည့်နေခဲ့သည်။



"အင်း..."



နျဲ့ရှီ၏ အဖြေသည် ရိုးရှင်းလွန်းသော်လည်း တည်ကြည်နေလွန်းသဖြင့် ဖန်ချန်းသည် ခဏတာမိန်းမောသွားသော်လည်း မကြာမီ သူခေါင်းကို မြှောက်ခဲ့လိုက်ကာမေးလိုက်သည်။



"မင်း.. ငါနဲ့ သူမကို အဲ့လောက်တောင်ဂရုစိုက်တာလား"



"မင်း...တစ်ယောက်တည်းကိုပဲ"



 နျဲ့ရှီကထင်ထင်ရှားရှားပြန်တုံ့ပြန်ကာဖြေခဲ့သည်။ 



"ငါ မင်းကိုပဲ ဂရုစိုက်တာ"



ဖန်ချန်းက အလျှော့ပေးသလိုမျိုး ပြုံးလိုက်ပေမယ့် အရိပ်ထဲမှာတစ်ခုခု ဝှက်ထားတာ တစ်ခုခု ရှိနေသလိုမျိုး သက်ပြင်းချလိုက်သည်။ သူသည် နျဲ့ရှီ၏ရှေ့တွင် လက်နှစ်ဖက်ကို ဆန့်တန်းကာတုံ့ပြန်လိုက်သည်။



"ဒါဆို အတူတူလုပ်ကြရအောင် အတူတူ ဘဝကို အတူတူဖြတ်သန်းကြရအောင်" 



သူက သူတို့နှစ်ယောက်သည် ကံကြမ္မာအရ အတူရှိဖို့ဖြစ်လာကြသလိုမျိုး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။



နျဲ့ရှီက သူ့လက်ကို ဖန်ချန်း၏အပေါ်တွင် တင်လိုက်သည်။



ထို့နောက် ဖန်ချန်းက သူ့နောက်ဘက်ရှိ အဆောက်အအုံကို ညွှန်ပြကာ ပြောလိုက်သည်။ 



"ကောင်းရှင်းယိလေ မင်းသူမကိုတွေ့ဖူးတယ်မဟုတ်ဘူးလား? သူမကတောင် မင်းမလာတာကြာပြီလို့မေးနေသေးတာ.....သူမက ငါတို့ကို စုံတွဲတွေလို့အမြဲတမ်းတွေးခဲ့တာလေ" 



နားမလည်နိုင်သော ဂုဏ်ယူမှုအရိပ်အမြွက်များက သူ့မျက်လုံးများတွင်ထင်ဟပ်သွားပြီး ထိန်းမရသော အပြုံးတစ်ခုဖြင့် မေးစေ့ကို အနည်းငယ် မြှောက်ထားကာဆက်ပြောလိုက်သည်....



"ငါလည်း မငြင်းလိုက်ဘူးလေ"



နျဲ့ရှီသည် ထိုချိုမြိန် နူးညံ့သော အပြုံးကို မျိုချချင်ကာ ဆက်ပြီးနမ်းချင်လာခဲ့သည်။ အပေါ်က ကျရောက်နေသော လရောင်နှင့်အတူ သူ့ရှေ့က လူငယ်လေးနှင့် သူ့တစ်သားတည်း ဖြစ်စေချင်မိသည်။



“သိပ်မကြာသေးဘူး သူမ ပတ်ဝန်းကျင်က ညဘက်ဆိုမတော်တဆမှုတွေ အများကြီးဖြစ်လို့ ငါက သူမကို အိမ်ပြန်ပို့ပေးခဲ့တာ...."



ဖန်ချန်းသည် သတိမထားမိလိုက်ဘဲ နျဲ့ရှီ၏မျက်နှာကို ဆုပ်ကိုင်ထားကာ သူစိတ်မပျော်သေးမှာကိုစိုးရိပ်နေပြီး ဂရုတစိုက်ကြည့်နေခဲ့မိသည်။



နျဲ့ရှီသည် သူ့မျက်နှာပေါ်က ဖန်ချန်း၏လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး လက်ဖဝါးကို အနမ်းပေးလိုက်သည်။



 "အင်း..."



ဖန်ချန်းသည် မကူညီနိုင်ဘဲ "အိုက်ယား" ဟုအသံထွက်လိုက်မိသည်။ ဖန်ချန်းသည် နျဲ့ရှီကို ပိုကြည့်လေ သူ့မျက်နှာ‌ပေါ်က ချစ်စရာကောင်းသည် မျက်နှာထားလေးကို ပိုတွေ့လာလေလေဖြစ်ကာ မျက်နှာတစ်ခုလုံးလှည့်ပတ်ကြည့်ချင်လာမိသည်။ သို့တိုင်အောင် သူ့လက်ကို လွှတ်ချမိလိုက်ပြီး လှည့်ပတ်ကြည့်မိလိုက်သည်နှင့် နျဲ့ရှီက သူ့အင်္ကျီအစကို ဆွဲကိုင်လာခဲ့သည် ။



ဖန်ချန်း ခေါင်းကို နောက်ပြန်လှည့်လိုက်ကာ နျဲ့ရှီက သူ့နားငုံ့ကိုင်းလာပြီး တိုးဖွစွာပြောလာသည်ကိုကြားလိုက်ရသည်။



"တကယ်တော့... စိတ်ထဲ နည်းနည်းရှိနေသေးသလိုပဲ" 



ထို့နောက် သူက ဖန်ချန်း၏ပါးကို အုပ်ကိုင်ကာ ညင်သာစွာ နမ်းလိုက်လေသည်။



ကြွေကျနေသော နှင်းပွင့်လေးများသည် marshmallow လေးများအဖြစ်သို့ ပြောင်းလဲသွားသလိုပင်ချိုမြိန်လာခဲ့သည်။ နျဲ့ရှီက ဖန်ချန်းကို ဖုံးကွယ်ဖို့ပင် မကြိုးစားဘဲ အားကိုးတကြီးဖက်တွယ်ထားတာကြောင့် ဖန်ချန်း နျဲ့ရှီ၏ ခေါင်းကို ပုတ်ဖို့ သူ့လက်ကို မြှောက်လိုက်ပြီး စောစောက သူပြောခဲ့သည့် စကားကို ထပ်ခါတလဲလဲ ပြန်ပြောလိုက်သည်



"ငါ မင်းကို မထားခဲ့ပါဘူး ဟုတ်ပြီလား"



အဲ့တာကြောင့် ငါ့ကိုလည်း မစွန့်ပစ်ပါနဲ့...



ဤသည်မှာ ဖန်ချန်းအကျယ်ကြီး မပြောခဲ့သော စကားများပင်...



တကယ်တော့ ဖန်ချန်းက ထိုကောင်မလေးကိုလိုရ်ပို့ခဲ့သည့် လမ်းနောက်ဆုံးတစ်ဝက်တွင် နျဲ့ရှီ၏စိတ်ထဲ၌ မရေမတွက်နိုင်သော အတွေးမျိုးစုံက တိုးဝင်လာခဲ့သည်။ ကြိမ်ဖန်များစွာ သူသည် ထိုနေရာတွင် ရှိနေကြောင်းကို ဖန်ချန်းအား အသိပေးရန် ရှေ့သို့လှမ်းကာ လှမ်းအော်ခေါ်လိုက်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းထားရင်း ဖန်ချန်း၏ နောက်ကျောကိုသာ စိုက်ကြည့်နေခဲ့သည်။ ဖန်ချန်းနှင့်သူ...နှစ်ယောက်လုံးက အရမ်းရင်းနှီးပေမဲ့လည်း သူတို့...အရမ်းဝေးနေသလိုမျိုး သူလေးလေးနက်နက်ခံစားမိလိုက်သည်..



တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ တစ်လလုံးလုံးကြာခဲ့ပြီဖြစ်ကာ သူကသာ ဖန်ချန်းကိုလာမရှာခဲ့ရင် ဖန်ချန်းက သူ့ကို မေ့သွားလောက်မှာလား..



ထို့ကြောင့်ပင် ဖန်ချန်းက သူ့ထံ ချဉ်းကပ်လာသောအခါတွင် သူသည် ခေါင်းငုံ့ကာ နမ်းခဲ့လိုက်ပြီး ဖန်ချန်းကပါ သူ့ကို သတိရနေကြောင်း သေချာစေရင်း တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို ချုပ်ကိုင်ထားခဲ့သည်။ ဖန်ချန်းဆီမှ နာကြည်းမှုတွေကို ရင်ဆိုင်ရရင်တောင်မှ သူ..ဖန်ချန်းကိုလိုချင်သည်။ ဖန်ချန်းက သူ့ကို မမေ့စေလိုပေ...သူ့ကိုပဲ ခိုင်ခိုင်မာမာ အမြဲသတိရနေစေချင်သည်။



သူတို့၏နှောင်ကြိုးသည် "ချစ်သူများ" ဆိုသည်ထက် ပိုမိုရှုပ်ထွေးပေသည်။ တစ်ယောက်နဲ့တစ်ယောက် မှီခိုပြီး ရစ်ပတ်ထားတာမို့ တစ်ယောက်ကထားကဲ့ပါက နောက်တစ်ယောက် ကွဲကြေသွားလိမ့်မည်ဖြစ်သည်။



ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ချည်နှောင်ဖို့ရန်အတွက် "ချစ်သူများ" ဆိုသည့်ခေါင်းစဉ်အောက် ဝိသေသလက္ခဏာများကို အသုံးချသည့်နည်းလမ်းက ပိုကောင်းပေသည်။



နောက်နေ့ အလုပ်ခွင်တွင် ကောင်းရှင်းယိက ဖန်ချန်းအားမေးလာခဲ့သည်။



"မနေ့က နင်တို့အတွဲတွေဘာဖြစ်ကြတာလဲ..နင်နဲ့ နျဲ့ရှီ ရန်ဖြစ်ထားကြတာလား သူ နင့်နောက်ကနေ တောက်လျှောက် လိုက်နေခဲ့တာ နင်ဘာလို့ သူ့ကို ဂရုမစိုက်ရတာလဲ..ဟိုကသနားပါတယ်ဟယ်"



နေရောင်ခြည်က သာယာနွေးထွေးမှုကို ပေးစွမ်းနေပြီး နေ့တစ်နေ့၏ နေ့ခင်းပိုင်းသည်အနွေးထွေးဆုံး အပိုင်းဖြစ်လေသည်။ ဖန်ချန်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး သူ့၏ လှုပ်ရှားမှုတိုင်းက ငယ်ရွယ်နုပျိုသည့် စွမ်းအင်တွေနဲ့ ပြည့်နေခဲ့သည်။ အရောင်ဖျော့ဖျော့မျက်လုံးများက အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သော်လည်း သူ့စကားများက မိန်းကလေးကို စိတ်ရှုပ်ထွေးစေခဲ့သည်။



"ငါက လူဆိုးတစ်ယောက်ဖြစ်နိုင်တယ်" 



ဖန်ချန်းသည် မနေ့ညက လမ်းတစ်ဝက်မှာတင် တစ်ယောက်ယောက်က သူတို့နောက်ကို လိုက်နေတာကို သတိထားမိခဲ့သည်။ သူ ခဏလောက် တင်းမာသွားပြီး မသိမသာလှမ်းကြည့်လိုက်ရာ နျဲ့ရှီကို မြင်ခဲ့လိုက်ရသည်။သူတို့အချင်းချင်း မတွေ့တာ တစ်လလောက်ရှိပြီဟုစဉ်းစားလိုက်ရင်း သူချက်ခြင်းမရပ်လိုက်ပေ။



 တစ်လ.... အချိန်ကုန်တာက မြန်လိုက်တာ၊ နောက်ဆိုရင် ဒီထက်တောင်မှ ပိုကြာကြာ မဆုံနိုင်လောက်တော့ဘူး....



သူက မရပ်တော့ဘဲ မနှေးကွေးသည့် အရှိန်ဖြင့် အဆင်မပြေမှုတွေ ပြည့်နှက်နေတဲ့ နှလုံးသားနှင့်အတူ ရှေ့ကို ဆက်လျှောက်သွားခဲ့ရင်း ကောင်းရှင်းယိ အဆောက်အဦးထဲကို ဝင်မသွားခင်အထိ သူစောင့်နေခဲ့ပြီးမှ နျဲ့ရှီဆီလှည့်သွားခဲ့သည်။



နျဲ့ရှီပေါ်လာသည်နှင့် သူသည် နေရောင်ခြည်လေးလိုနေရာကနေ ဝေးကွာနေခဲ့ပြီး နေရောင်အောက်ထဲ ရပ်နေရင်တောင်မှ အရိပ်ထဲ ကျန်နေခဲ့သေးသလိုခံစားခဲ့ရသည်။



စိမ်းလန်းသော အပင်လေးများသည်အညွှန့်အတက်များပေါက်နေကာ ရောယှက်လျက် သူတို့၏ရိုးတွင်းခြင်ဆီထဲတိုးဝင်နေကာ နှလုံးသားများနှင့်ခန္ဓာကိုယ်ကို သွေးများဖြင့်ပြည့်နေစေသည်။



ထိုနွယ်ပင်များ၏ အဆုံးကို လိုက်လျှောက်ခြင်းဖြင့်သာ အမှန်တရားကို ရှာတွေ့နိုင်မည်ဖြစ်သည်။