Ch33 ပြစ်ဒဏ်
ညနေခင်းလေနုအေးက အနည်းငယ် အေးစိမ့်နေပြီး ကြောင်လေးတစ်ကောင်သည် နံရံပေါ်တွင်တင့်တယ်စွာခုန်ပေါက်နေကာ လည်ပင်းတွင် ချည်နှောင်ထားသည့်ခေါင်းလောင်းလေးက ယိမ်းနွဲ့နေလေသည်။ ကြောင်လေး၏အမြှီးကလှုပ်ရှားနေပြီး လရောင်အောက်တွင် ဒေါင်လိုက်မျက်စံများကထင်းနေလေသည်။
နျဲ့ရှီသည် သူရင်ခွင်ထဲ၌ ငြိမ်သက်စွာ မျက်လုံးမှိတ်ထားပြီး အိပ်မောကျနေသည့် ဖန်ချန်းကို ပွေ့ဖက်ထားပြီး ဟိုတယ်၏ မှန်တံခါးများပေါ်ကို ငေးကြည့်လိုက်သည်။
သွယ်လျသောလက်တစ်ဖက်က တံခါးကိုတွန်းလာခဲ့ပြီး အနီရောင်ခြယ်ထားသည့်လက်သည်းရှည်များကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်လာစေသည်။ သူမ၏ကျန်လက်တစ်ဖက်က မီးညှိထားသော စီးကရက်တစ်လိပ်ကို ဆုပ်ကိုင်ထားပြီး စီးကရက်မှမီးရောင်သည် သူမ၏နောက်ရှိ အဆုံးအစမဲ့အမှောင်ထုကို အနည်းငယ်လင်းလက်တောက်ပစေသည်။
"နျဲ့ရှီ အချိန်ကုန်နေပြီ"
အမျိုးသမီး၏ အသံက ပဲ့တင်သံထပ်လာကာ စကားထပ်ဆက်ခင် ခေတ္တရပ်လိုက်ပြီးနောက် နံရံပေါ်ရှိ ကြောင်တစ်ကောင်ကို တစ်ချက်ကြည့်ပြီးပြောလာခဲ့သည်...
"သူကြည့်နေပြီ"
နျဲ့ရှီသည် ဖန်ချန်းကို အာရုံပြန်မစိုက်မီ အသစ်ရောက်လာသည့်တစ်ယောက်အား အကြည့်တစ်ချက်သာပေးခဲ့သည်။ သူသည် အိပ်ပျော်နေသောဖန်ချန်း၏ ဆံနွယ်များကို နူးနည်းညံ့ညံ့ ပွတ်သပ်နေရင်း သဘောအကျဆုံးလက်ဆောင်ကို တယုတယတန်ဖိုးထားနေသည့် ကလေးလေးကဲ့သို့ နူးညံ့မှု ဂရုစိုက်မှုစသည့်အမူအရာများဖြင့် ပြည့်နေလေသည်။ ကျေနပ်မှုအရိပ်အမြွက်လေးမှားပင် သူ့မျက်လုံးများထဲ တောက်ပနေလေသည်။
ဖန်ချန်းက ဒီနေ့သူ့နားကို ချဉ်းကပ်ဖို့ အစပြုခဲ့သည်... ကြောက်စိတ်ဖြစ်နေလျှင်တောင်မှ သူက သူ့ဆီကို လိုလိုလားလား လျှောက်လာခဲ့သည်။
"နင် အခု ဘယ်လောက်ထိ ကြောက်စရာကောင်းနေလဲဆိုတာ နင်သိရဲ့လား"
ထိုအမျိုးသမီးသည် သူမ၏ အနီရောင်လက်သည်းများရှိသောလက်ဖြင့် သူမပါးပြင်အနီး မျက်နှာတစ်ဝက်ကို ထောက်ထားသည်။
"သူ နင့်ကို ကြောက်နေတာ အံ့သြစရာ တော့မဟုတ်ဘူးဘဲ.." နျဲ့ရှီ မကြားလိုသော စကားကို သူမက တမင်တကာ ပြောလာခဲ့သည်။
နျဲ့ရှီ၏မျက်ခုံးများက အနည်းငယ်တွန့်ချိုးသွားပြီး နောက်ဆုံးတွင် သူနှင့်ဆန့်ကျင်ဘက်က အမျိုးသမီးကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"နင့်ဘာသာနင် ခွင့်ပြုချက်မရှိဘဲ သူတို့နဲ့ပူးပေါင်းလို့ အနီးကပ်စစ်ဆေးခံနေရတာလေ ... အပြစ်မပေးခံစေချင်ရင် အရမ်းစည်းမဲ့ကမ်းမဲ့တွေထပ်မလုပ်နဲ့"
အမျိုးသမီးက သူ့ကိုသတိပေးလိုက်ပြီး နံရံပေါ်က ကြောင်ကို ပြန်လှည့်ကြည့်လိုက်ရင်း သူမ၏အသံကိုတိုးကာပြောလိုက်သည်.....
"နင့်ရဲ့..သတ်မှတ်ထားတဲ့ တာဝန်တွေကိုသာ ပြီးအောင်လုပ်ဖို့ အာရုံစိုက်...ငါ နင့်အတွက် ဖန်ချန်းကိုစောင့်ကြည့်ပေးထားမယ်"
နျဲ့ရှီက ဖန်ချန်းကို သူ့လက်မောင်းထဲ ချီပိုးထားရင်း ဘာမှပြန်မပြောလိုက်ပေ.. အိပ်မောကျနေသော လူငယ်လေးသည် နျဲ့ရှီ၏အဝတ်စကို အလိုလိုဆုပ်ကိုင်မိသွားပြီး ခေါင်းကိုရင်ခွင်ထဲပိုနစ်မြှုပ်လိုက်ကာ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ နျဲ့ရှီက ဖန်ချန်းသေချာပြန်အိပ်မောကျသွားသည့်အချိန်အထိစောင့်နေခဲ့ပြီးမှ သူ့ခြေလှမ်းကို ပြန်စကာ အမျိုးသမီးအနားမှ ဖြတ်သွားတော့သည်။
အမျိုးသမီးက သူမမျက်လုံးများကို ခေတ္တမှိတ်ကာ ခဏလောက်စဉ်းစားပြီးနောက်ပြောလိုက်သည်။
"ချောင်ယန့်အပေါ် သိပ်မကြမ်းတမ်းနဲ့အုံး... သူလည်း....အမ်..ကောင်းစေချင်လို့နေမှာပါ..."
သူမ၏စကား နောက်ဆုံးပိုင်းတွင်ယုံကြည်မှုက အနည်းငယ်ယိမ်းယိုင်သွားခဲ့သည်။
နျဲ့ရှီက သူမကို မကြားသလိုမျိုးလျစ်လျူရှုထားခဲ့ပြီး ဟိုတယ်ထဲကို တည့်တည့်လျှောက်သွားတော့သည်။ "ညသစ်" ဆိုင်းဘုတ်မှမီးအလင်းရောင် သူ့ပါးပြင်တစ်ဝက်ခြမ်းပေါ်ကျရောက်သွားပြီး သူ့မျက်နှာတစ်ဝက်အားသွေးများရွှဲနေပုံနဲ့တူသွားစေသည်။
နျဲ့ရှီ အထဲဝင်သွားသောအခါ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ရုတ်တရက် နံရံပေါ်က ကြောင်က ခေါင်းကို လှည့်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်.... လူငယ်တစ်ယောက်က နံရံအစွန်းကနေ ခေါင်းကို ထုတ်လာပြီး အမျိုးသမီးကို ပြုံးပြလာသည်။
"သူကိုစကားပြောတာက အချိန်ဖြုန်းနေသလိုပဲ... နျဲ့ရှီက အဲ့ကိစ္စတွေကို ဂရုစိုက်မှာမဟုတ်ဘူး"
ကောင်းချန်က မှတ်ချက်တစ်ခုချလာခဲ့သည်။ သူ၏ ဘယ်လက်မောင်းက တွဲလဲကျနေခဲ့ပြီးပျော့ဖက်နေပုံ ရသည်။ သူ့လက်မောင်းကို အကြိမ်အနည်းငယ်လှုပ်ခါလိုက်သည်နှင့်အမျှ သူ့ခန္ဓာကိုယ်ကရွဲ့စောင်းစောင်းသွားလေသည်။သူကစကားဆက်ပြောလာခဲ့သည်။
"သူက ဖန်ချန်းကောစကားကိုပဲ နားထောင်တာ"
" နင့်လက်မောင်းက ဘာဖြစ်တာလဲ "
ချောင်ယန်က မျက်တောင်ခတ်လိုက်ပြီး ပြုံးလာပြန်သည်။
"ကျွန်တော် သူနဲ့မတော်တဆတွေ့တုန်းက ကျိုးသွားခဲ့တာ"
"......" အမျိုးသမီးက သူမပုခုံးကို သူမ ပြန်နှိပ်နယ်လိုက်ရင်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
ချောင်ယန်က နေရာတစ်ဝိုက်ကို စူးစမ်းလေ့လာသလိုမျိုး ပေါ့ပေါ့ပါးပါး လမ်းပတ်လျှောက်လိုက်သည်။ ဒီတခေါက်က လိုတာထက်ကိုအချိန်ပိုကြာနေခဲ့သည်။ ရည်ရွယ်ချက်ကို လျှော့ချလိုက်သည်နှင့်အမျှ စိတ်နတ်ဆိုးများက ပိုများလာခဲ့သည်။ အဲ့တာက ပိုပြီးကိုင်တွယ်ရခက်လာခဲ့သည်။
"နင်တို့နှစ်ယောက်စလုံး ဒီမှာ အနီးကပ်စောင့်ကြည့်နေကြ ငါတို့ ဒီအဆင့်ရောက်လာခဲ့ပြီမို့ သူတို့ရဲ့သံသယတွေ နှိုးဆော်ပေးတာကို အတတ်နိုင်ဆုံးရှောင်ကြ"
ချောင်ယန်က ခေါင်းညိတ်လိုက်သည်။
"ဖန်ချန်ကောကြတော့ရော"
အမျိုးသမီး၏လက်သည် ခဏရပ်သွားကာ စီးကရက်ပြာများ ကျဆင်းလာသည်... "အင်း...ငါ တစ်ခုခု တွေးကြည့်လိုက်မယ်"
"မင်း အသတ်ခံရလိမ့်မယ် သိရဲ့လား"
ချောင်ယန်၏ ဘယ်ဘက်လက်သည် နဂိုအခြေအနေသို့ တစ်ဖန်ပြန်ကောင်းမွန်လာခဲ့သည်။သူကသေနတ်ကိုတစ်နေရာချိန်ထားလိုရ်ရင်း ခလုတ်မဆွဲမီ သူ၏ခေါင်းဆီသို့ သေနတ်နေရာကိုလိုက်၍ ဘေးတိုက်စောင်းထားလိုက်သည်။
"မင်း သေချာပေါက် အသတ်ခံရမှာ သေချာတယ်... နျဲ့ရှီက ဘယ်သူ့ကိုမှ သူ့ကို အန္တရာယ်ပြုနိုင်အောင် ခွင့်ပြုမှာမဟုတ်ဘူး"
"အဲ့ဒါကိုငါသိတယ်... "။ အမျိုးသမီးက နံရံပေါ်က ကြောင်ကိုကြည့်လိုက်ပြီးဆက်ပြောလိုက်သည်...
"ဒါပေမယ့် ဖန်ချန်းဒါတွေကိုသတိရမှရမယ်"
အဲ့ဒီအိပ်မက်ဆိုးတွေ..အဲ့ဒီ အသက်ရှူရခက်ပြီး လွတ်မြောက်အောင် မနည်းရုန်းကန်ရသည့် အတိတ်က အတွေ့အကြုံများကို ဖန်ချန်း၏အတွင်းစိတ်ထဲ တဖျပ်ဖျပ်တောက်လာပြီး မြင်ကွင်းတစ်ခုစီတိုင်းကို ပြန်တွေ့ရတာသေချာအောင် သူတို့က တစ်ခုချင်းဆီပြန်လည်အသက်သွင်းပေးရမည်ဖြစ်သည်။
ဤသည်မှာ သူခံယူသင့်သော အပြစ်ဒဏ်ပင်ဖြစ်သည်။
×××××××××××××
" ကောင်းချန် ဖန်ချန်း ရှင်တို့နှစ်ယောက်လုံး အထဲမှာရှိလား "
တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့ပြီး ဖန်ချန်းကို အိမ်မက်နယ်မြေထဲမှ ဆွဲထုတ်လာခဲ့သည်။ သူက တံခါးကိုဖွင့်ကာန် ကုတင်ပေါ်မှ မဆင်းမီ သူ့လက်ကို ခဏလောက် စိုက်ကြည့်မိခဲ့သည်။
ကျန်းရွေ့ နှင့် ဝမ်ဟွေ့ဝမ်တို့သည် ဘေးချင်းကပ်ကာရပ်နေခဲ့ကြသည်။ ဖန်ချန်းက သူတို့နှစ်ယောက်ထက် အများကြီးပိုမြင့်ပြီး သူတို့ကို ခေါင်းကိုငုံ့ကာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသောအကြည့်ဖြင့်ကြည့်လိုက်လေသည်။
ဝမ်ဟွေ့ဝမ် လန့်သွားလေသည်။ ခဏလောက် သူမသည် သူမအရှေ့မှာရပ်နေသော သူကို နျဲ့ရှီလို့ပင် အထင်မှားမိလိုက်သည်။
တစ်ဖက်တွင် ကျန်းရွေ့သည်အနည်းငယ် ဖော်ရွေမှုမရှိသောလေသံဖြင့်ပြောလာခဲ့သည်။
"ငါတို့သွားရမယ့်အချိန်ရောက်ပြီ...ကောင်းချန်ရော ဘယ်မှာလဲ"
ဖန်ချန်းက ပြတ်ပြတ်သားသားပင်တုန့်ပြန်လိုက်သည်။
“သေပြီ”
နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့သည် ။ ဝမ်ဟွေ့ဝမ်က နောက်ပြန်ဆုတ်သွားမိပြီး ကျန်းရွေ့ သူဘာကြောင့်သေတာလဲ.. သူဘယ်လိုသေသွားရတာလဲလို့ မေးချင်နေခဲ့သည်။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် အချည်းနှီးပဲဟုသူယူဆခဲ့လိုက်သည်။ သူတို့အုပ်စုက တဖြေစဖြေးလျော့ပါးလာခဲ့ပြီး သူတို့ သုံးယောက်သာ ကျန်တော့သည်။ အခုချိန်တွင် အရေးကြီးဆုံးမှာ လွတ်မြောက်ဖို့ပဲဖြစ်သည်။
"ဒါ..ဒါဆို ငါတို့သွားကြတော့မလား.."
ဝမ်ဟွေ့ဝမ်ကလန့်နေပုံဖြင့်စကားများထစ်နေကာဆိုလာခဲ့သည်...
"ကြည့်လေ...မိုးလင်းပြီ..."
ဖန်ချန်း၏ နှုတ်ခမ်းများသည် ဖြူဖျော့နေပြီး ချက်ခြင်းပြန်မဖြေလာခဲ့ပေ... ခဏလောက် ရပ်နေခဲ့ပြီးမှ သူက နားမလည်နိုင်သည့် စကားတစ်ခွန်းကို ပြောလာခဲ့သည်- "ဘာလို့ မင်းတို့နှစ်ယောက်လုံးက အမြဲတမ်း ထွက်ပြေးချင်နေကြတာလဲ..."
ဝမ်ဟွေ့ဝမ်က သူ့စကားကြောင့် စိတ်ရှုပ်သွားပြီးပြန်ဖြေလိုက်သည်။
"အာ..... သဘာဝကျကျပြောရရင် ငါတို့ လွတ်မြောက်မှရမယ်လေ မဟုတ်ဘူးလား"
ကျန်းရွေ့က ဝမ်ဟွ့ဝမ်အား အနောက်ကို ပြန်ဆွဲလိုက်ပြီး ဖန်ချန်းနှင့် ထပ်ပြီးပြောဆိုဆက်ဆံရန် ဝန်လေးနေသည့်ပုံဖြင့် သူမကို အပြင် ခေါ်ထုတ်သွားခဲ့သည်။
သူတို့"ညသစ်"၏ တံခါးပေါက်မှ ထွက်လိုက်ပြီးသည်နှင့် ဖန်ချန်းက နောက်ကိုထပ်လှည့်ကြည့်လိုက်သည်။ ဆိုင်းဘုတ်သည် အလင်းရောင်မရှိတော့ဘဲ ဖုန်ထူနေသည့်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။ မနေ့ညက အဖြစ်အပျက်များသည် အိပ်မက်လိုလို စိတ်ကူးယဉ်လိုလို မြူခိုးတွေဖုံးလွှမ်းနေသလိုမျိုးဖြစ်နေခဲ့သည်။မြူခိုးတွေထဲကနေ သူ့လည်ပင်းကို ဆုပ်ကိုင်ဖို့ ရုတ်တရက်ထွက်လာသည့် လက်နဲ့တူလှသည်။
ဖန်ချန်းသည် ကားတံခါးရှေ့မှာရပ်လိုက်ရင်း ကားသော့က ကောင်းချန်နဲ့ ရှိနေတာကို ရုတ်တရက် သတိရမိသွားပြီး ကားတံခါးကို မဖွင့်နိုင်ခဲ့ပေ။ သူက ကျန်းရွေ့တို့လင်မယားကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ သူ့စိတ်ဝိဥာဉ်ကို ဆန့်ကျင်နေပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက တွန်းပို့နေသလိုမျိုး သူ့ခန္ဓာကိုယ်ကရှေ့ကို တိုးလာပြီး သူတို့ဆီချဉ်းကပ်နေသည်ကိုတွေ့လိုက်ရသည်။
"ငါ့မှာ ကားသော့ မရှိဘူး..."
ဖန်ချန်းက ခေါင်းငုံ့ထား မြေကြီးကို စိုက်ကြည့်ရင်း ထိုလင်မယားနှစ်ယောက်နှင့် မျက်လုံးချင်းမဆုံမိအောင်ရှောင်လိုက်သည်။သို့တိုင် သူ့မျက်လုံးများက သူ့လက်မောင်းဆီသို့ ဖျတ်ခနဲ လွင့်သွားခဲ့သည်။
ကျန်းရွေ့သည် ဖန်ချန်းနဲ့ပတ်သတ်ပြီး မကျေမနပ်ဖြစ်နေသေးပုံရပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။ ဖန်ချန်းကတိုက်ရိုက်ပင် အနောက်တံခါးကိုတွန်းဖွင့်ပြီး အထဲမှာ ဝင်ထိုင်လိုက်သည်။ ဝမ်ဟွေ့ဝမ်က ကျန်းရွေ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန်ချန်းကိုကြည့်လိုက်သည်။ ကျန်းရွေ့ကတိတ်တိတ်နေနေသည်ကို သတိထားမိလိုက်ပြီး သူမဘာသာ အရှေ့ခရီးသည်ထိုင်ခုံကို ယူပြီးဝင်ထိုင်လိုက်သည်။
ကားထဲသို့ရောက်သည်နှင့် ရှေ့တွင်ထိုင်နေသော နှစ်ယောက်လုံးသည် ဆေးလိပ်များထုတ်သောက်လိုက်ကြကာ ဖန်ချန်းရှိနေမှုကိုလုံးဝဂရုမစိုက်တော့ပေ။ဆေးလိပ်ကိုအငမ်းမရ ရှူရှိုက်လိုက်ကြရင်း မီးခိုးငွေ့များမှုတ်ထုတ်လိုက်ကာ ကြောက်ရွံ့မှုများကို ဖြေလျော့နေခဲ့ကြသည် ။
ဖန်ချန်းသည် ကားပြတင်းပေါက်မှတစ်ဆင့် အဝေးကရှုခင်းများကိုစူးစိုက်ကြည့်နေခဲ့သည်။ ဆေးလိပ်မီးခိုးနံ့များက သူ့နှာခေါင်းထဲသို့ စိမ့်ဝင်နေပြီး သူ့မျက်လုံးများရှေ့ အငွေ့များက ဝဲပျံလာခဲ့သော်လည်း မလှုပ်မယှက်သာနေခဲ့သည်။
ကောင်းချန်၏ အစောပိုင်း ခန့်မှန်းချက်အရ သူတို့သည် City B ကိုအခုအချိန်တွင် ရောက်ရှိနေသင့်ပြီဖြစ်သော်လည်း သူတို့က ဆက်သွားနေကြရဆဲဖြစ်နေသည်။
လမ်းက အဆုံးမရှိနေပေ...
သူတို့ လွတ်မြောက်ဖို့ကြိုးစားနေကြသည်...သို့သော် သူတို့လွတ်မြောက်ဖို့ ကြိုးစားလိုက်တိုင်း နောက်ညတစ်ည၏ အရိပ်ထဲသို့သာ ပိုနစ်ဝင်သွားစေခဲ့သည်။
ဖန်ချန်းသည် မှန်ပြတင်းပေါက်ပေါ်မှ လက်တစ်စုံရုတ်တရက်ပေါ်လာသည့်အချိန်တွင် သူ့အတွေးတွေထဲလမ်းပျောက်နေဆဲဖြစ်နေခဲ့သည်.... ပေါ်လာသည့်လက်သည် သေပြီးသားလူများကဲ့သို့ ထူးခြားသည် ဖြူစုတ်စုတ်ရောင်ရှိပြီး လက်ကောက်ဝတ်သည် အစိမ်းရင့်ရောင်ဒဏ်ရာများရှိခဲ့သည်။ မျက်စံများကျယ်သွားပြီး အံ့သြထိတ်လန့်သွားသော်လည်း လက်ကို စေ့စေ့ကြည့်လိုက်ရင်း သူ့အမူအရာက ပြန်တည်ငြိမ်သွားခဲ့သည်။
အဲ့တာကချောင်ယန်ပင်..
ချောင်ယန်သာလျှင် ဒီလိုမျိုး ယုတ်မာသည့် လုပ်ရပ်များဖြင့် ပျော်ရွှင်မှုကို ရှာတာဖြစ်သည်။
ထူးဆန်းသည်မှာ.. ဤနားလည်မှုသည် ဖန်ချန်း၏ကြောက်ရွံ့မှုကို လျော့နည်းစေခဲ့သည်။ ခေါင်းငုံ့လိုက်ကာ ပြတင်းပေါက်မှ အကြည့်လွှဲလိုက်သည်။
ထို့အပြင်တစ်စုံတစ်ယောက်ကလည်း သူ့ကို စောင့်ကြည့်နေခဲ့သည်။
ကျန်းရွေ့သည် နောက်ကြည့်မှန်မှတဆင့် သူ့ကို စိုက်ကြည့်နေကာ ပေါ့ပေါ့ပါးပါးဖြစ်နေသည့်ပုံစံဟန်ဆောင်နေခဲ့သည်။
ဖန်ချန်း၏ ဦးရေပြားများ ထုံလာသလိုခံစားလိုက်ရသည်။ ပထမအကြိမ်အဖြစ် အသက်ရှင်နေသောလူများသည် သေနေသောသူများထက် ပိုကြောက်စရာကောင်းသည်ဟု သူခံစားခဲ့ရသည်။
သူတို့၏ အကြည့်များ သူတို့၏ အတွေးများ.... ဖန်ချန်းသည် သူတို့ကို နားမလည်နိုင်သလို ပုံဖေါ်၍လည်း မရနေပေ။
ချောင်ယန်၏ ရည်ရွယ်ချက်များသည် ရိုးရှင်းပြီး သူ၏ နောက်ပြောင်မှုများမှာလည်း မြင်သာလွန်းသည်။ တခါတရံမှာ သူက ဖန်ချန်းအား အမှန်တရားကိုပင် ပြတ်ပြတ်သားသား ထုတ်ဖော်ပြောပေသည်။
ဒါပေမယ့် အသက်ရှင်နေသည့်လူများကတော့ မတူနေပေ...
သူတို့ပြောခဲ့သည်များက သူတို့၏ အတွေးအမှန်မဟုတ်သလို သူတို့၏ အပြုံးများကလည်း စစ်မှန်သော အပြုံးများမဟုတ်တာလည်း ဖြစ်နိုင်ပေသည်။ လူသားများ၏ အသက်ရှင်နေထိုင်မှုသည် လူ့အရေပြား သွေးများဖြင့်ပြုလုပ်ထားသော မျက်နှာဖုံးအလွှာများ ဝတ်ဆင်ထားခြင်းနှင့် ဆင်တူသည်။ သူတို့ကို အလွှာတစ်ခုပြီးတစ်ခု ဖယ်ထုတ်လိုက်သည့်တိုင် အောင် အောက်ဘက်တွင်ဘာတစ်ခုမှပေါ်လာမည်မဟုတ်ပေ။
ဖန်ချန်း၏လည်ပင်းသည် အောက်ကိုငုံ့နေရသည်ကြောင့် နာကျင်လာခဲ့သည်။ သူ အချိန်အတော်ကြာလောက်မှ ခေါင်းမော့ခဲ့လိုက်သည်။ ကားပြတင်းပေါက်ပေါ်မှ လက်သည် ပျောက်ကွယ်သွားသည်မှာကြာပြီဖြစ်ကာ ကောင်းကင်ကမှိုင်းညို့လာခဲ့တော့သည်။
မကြာမီမှာပင် နောက်တစ်ဖန်ညသို့ ရောက်သွားပေတော့မည်။
ဖန်ချန်းတွင် ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု ဝင်လာခဲ့တော့သည်။
အကယ်၍ သူတို့တွေအချိန်မီခိုလှုံဖို့ ဟိုတယ်မရှာနိုင်ရင်ဘယ်လိုလုပ်မလဲ.... အကယ်၍ စိတ်နတ်ဆိုးတွေနဲ့ကြုံတွေ့ရပါက ချောင်ယန် နှင့် အခြားအဖွဲ့ကသူတွေက ဘာလုပ်ကြမလဲ...
"ငါတို့ တည်းဖို့နေရာအရင်မရှာကြဘူးလား" ဖန်ချန်းက သူတို့ကို သတိပေး စကားပြောလိုက်သည်။
ကျန်းရွေ့ လမ်းကြောင်းကို အမြဲတစေ ဦးဆောင်နေသောကြောင့် အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။ သူတို့ မည်မျှပင် မောင်းနေပါစေ ဦးတည်ရာကို မရောက်နိုင်ကြပေ။
"ငါသိတယ်!"
ဖန်ချန်းက "အခု ငါတို့မသိလိုက်ခင်မှာ တင်ညက မြန်မြန်ရောက်လာတော့မယ်"
ဝမ်ဟွေ့ဝမ်သည် ကြောက်ရွံ့မှု တဟုန်ထိုး ကိုခံစားလိုက်ရပြီး ကျန်းရွေ့၏ အင်္ကျီစကို ဆွဲကိုင်လိုက်သည်။
"မြန်..မြန်မြန်ရပ်ဖို့နေရာရှာကြရအောင်!"
ကျန်းရွေ့သည် နောက်ကြည့်မှန်မှတဆင့် ဖန်ချန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဖန်ချန်းက သူ့ခေါင်းကို ငုံ့ထားသည်ကြောင့် သူမြင်နိုင်သမျှမှာ ဖန်ချန်း၏ခေါင်းထိပ်သာဖြစ်သည်။
တည်းခိုခန်းတစ်ခု၏အဝင်ဝအနီးတွင် သူတို့ကားရပ်လိုက်ကြပြီး ဝမ်ဟွေ့ဝမ် နှင့် ကျန်းရွေ့နှစ်ယောက်လုံး စိတ်ဓာတ်ကျနေကြသည်။ ဆေးလိပ်သောက်ပြီးနောက် စိတ်ပျက်လက်ပျက်အဖြစ်သို့ ပြန်လည်မနစ်မွန်းမီ ခေတ္တမျှ သက်သာရာရသွားခဲ့ကြသည်။ သူတို့နောက်မှာ လိုက်ပါလာသည့် ဖန်ချန်းကို စိတ်ပင်မ၀င်စားဘဲ တည်းခိုခန်းထဲကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကြသည်။
သူတို့ကစတုတ္ထထပ်သို့ တက်လာခဲ့ကြပြီး ဖန်ချန်းလည်းနောက်မှလိုက်ခဲ့သည်။ထို့နောက် ဖန်ချန်းသည် ထိုလင်မယားတို့ အနီးရှိ အခန်းတစ်ခန်းကို ရွေးချယ်ခဲ့လိုက်၏။
ဖန်ချန်းက အခန်းထဲသို့ဝင်လာခါနီးမှာပဲ ဝမ်ဟွေ့ဝမ်က သူ့ကို လှမ်းခေါ်လာခဲ့သည်။
"ဟေး..."
ဝမ်ဟွေ့ဝမ်က ကျန်းရွေ့ကို တစ်ချက်ကြည့်လိုက်ကာ ခဏတာ တုံ့ဆိုင်းသွားပြီးနောက်အရဲစွန့်မေးလိုက်သည်။
"ရှင်...ဒီည ချက်ချင်းအိပ်တော့မလို့လား..."
ဖန်ချန်းက ခေတ္တရပ်လိုက်ပြီး တံခါးလက်ကိုင်ကို သူ့လက်ဖြင့် လှည့်လိုက်ရာ တံခါးကတစ်ဝက်ပွင့်သွားခဲ့သည်။
"ကောင်းချန်က သန့်စင်ခန်းထဲမှာ ဆုံးသွားခဲ့တာ..."
ဖန်ချန်းက ရုတ်တရက် ထုတ်ဖော်လာခဲ့သည်။
"သူက သန်းခေါင်မှာ အိပ်ရာထလာပြီူတော့ သန့်စင်ခန်းသုံးမယ်ဆိုပြီး အခန်းအပြင်ထွက်သွားတာ...သူ အဲဒီမှာပဲ သေသွားခဲ့တာ"
ဝမ်ဟွေ့ဝမ်၏အာရုံသည် ချက်ချင်းပြောင်းသွားခဲ့သည်။
"ဒါပေမယ့် ဟိုတယ်အခန်းမှာ သန့်စင်ခန်းရှိတယ်မဟုတ်ဘူးလား....."
"ညဘက် အပြင်မထွက်ပါနဲ့"
ဖန်ချန်း၏အကြည့်များသည် ဝမ်ဟွေ့ဝမ်၏နောက်ရှိ ကျန်းရွေ့ထံသို့ပြောင်းသွားခဲ့သည်။
"အိပ်တာက ပိုလုံခြုံတယ်.. ညဘက်က အရမ်းအန္တရာယ်များလွန်းတယ်"
ထိုအကြောင်းအရာသည် ထိုနေရာတွင်သာ ပြတ်တောက်သွားခဲ့ပြီး လေထဲတွင် သံသယများတွဲလျက်ကျန်ရစ်ခဲ့တော့သည်။
တံခါးနှစ်ချပ်စလုံး ပိတ်သွားကြပြီး ဝမ်ဟွေ့ဝမ်၏အသံသည် တံခါးအက်ကွဲကြောင်းကြားထဲမှထွက်လာခဲ့သည်။
"ရှင်ပြောကြည့် ဖန်ချန်းကြည့်ရတာသံသယဖြစ်ချင်စရာမကောင်းဘူးလား"
အခန်းတွင်း၌ ကျန်းရွေ့သည်ဆိုဖာပေါ်တွင် ခွေနေလေသည်။
"ကြောက်လို့ဖြစ်နိုင်လောက်တယ်.. ငါတို့ထွက်လာခဲ့တုန်းကအထိ အဆင်ပြေနေသေးတယ်မလား တစ်ယောက်ပဲသေသေးတာ..ဒါပေမယ့် ငါတို့လည်းပြန်တွေ့ပြီးရော သူတို့နှစ်ယောက်ပဲ ကျန်တော့တယ်..နောက်ပြီး ကျန်တဲ့တစ်ယောက်ကလည်း မနေ့ညက သေသွားသေးတယ် ဖန်ချန်းလည်း ကောင်းချန်သေနေတဲ့ဟာကို မြင်ခဲ့လို့နေမှာပေါ့"
ဝမ်ဟွေ့ဝမ်က စိတ်မသက်မသာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူ့ယောက်ျား၏ပေါင်ပေါ်ကို ဖြည်းညှင်းစွာ ထိုင်လိုက်လျက် သူ့အပေါ် တွယ်ကပ်လိုက်ပေမယ့် သူမ၏စိတ်များက မငြိမ်မသက်ဖြစ်နေဆဲဖြစ်ကာ တွေးတောဆင်ခြင်နေဆဲပင်....
အလင်းရောင် မှိန်ဖျော့လာသည်နှင့်အမျှ ဖန်ချန်းသည် သူ့သဘောအတိုင်း အခန်းထဲမှ ထွက်လာခဲ့သည်။
ဤတည်းခိုခန်းသည် ယခင်ရောက်ဖူးခဲ့သော ဟိုတယ်နှစ်ခုနှင့် နှိုင်းယှဉ်ပါက ပိုမိုကြီးမားပြီး သိမ်မွေ့ပေသည်။
ဖန်ချန်းက လင်မယားနှစ်ယောက်၏တံခါးဝမှာ ခဏရပ်လိုက်ပြီး တံခါးနားဆီကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ပထမတော့ သူက ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေခဲ့သည်။ခဏအကြာ၌ အပြင်ကနေ တံခါးခေါက်ခဲ့လိုက်သည်။
ဒေါက် ဒေါက်...
သေချာသည်က..တုံ့ပြန်မှုမရှိပေ...သူတို့မြန်မြန်အိပ်ပျော်သွားတာဖြစ်ရမည်... ဒါပေမယ့်..သူတို့တကယ်ကောအိပ်နေရဲ့လား......
ဖန်ချန်းက သူ့လက်ကို ပြန်ရုတ်ခဲ့လိုက်သည်။ ဖြစ်နိုင်သည်မှာ သူတို့အမြန်အိပ်ပျော်မှသာ ချောင်ယန် နှင့် အခြားသူများ၏ အစီအစဉ်များက အကောင်အထည်ဖော်ရန် ပိုမိုလွယ်ကူစေသောကြောင့်ဖြစ်လောက်သည်။
ဘယ်လိုတောင် မတရားလိုက်လဲ....
သူတို့က လွတ်မြောက်ဖို့ ခဲယဉ်းစွာ ကြိုးပမ်းနေခဲ့ကြရသော်လည်း ကြုံတွေ့ခဲ့ရသမျှမှာ အကန့်အသတ်မရှိသည့် စိတ်ပျက်အားငယ်မှုများပင်...
ကော်ရစ်ဒါစွန်းမှဒေါက်မြင့်ဖိနပ်သံ တစ်ခုသည် ဝေးရာမှတဖြေးဖြေးနီးလာသည့် စူးရှရှအသံများက ပဲ့တင်သံထွက်လာပြီး ဖန်ချန်း၏ နားစည်ကို ရိုက်ခတ်လာခဲ့လေသည်။ အမျိုးသမီး၏ ကြက်သွေးရောင်ဝတ်စုံသည် သူမခြေလှမ်း လှမ်းလိုက်တိုင်း ယိမ်းနွဲ့သွားကာ သူမ၏ လှပသော ခြေဖဝါးများသည် လရောင်အောက်တွင် တောက်ပနေသည်။ သူမရပ်လိုက်သည်နှင့် သူမ၏ ခြေထောက်များသည် ပုံမှန်အတိုင်း အရိပ်ထဲပြန်ကျသွားခဲ့သည်။
ဖန်ချန်းသဘ် အောက်ခြေမှ မော့ကြည့်လိုက်ကာ သူမ၏ အနီရောင်လက်သည်း များရှိနေသည့် လက်များကို စိုက်ကြည့်မိသွားခဲ့သည်။
စိတ်ထဲတွင် တစ်ခုခုဝင်လာသော်လည်း သူ့ကိုယ်သူ အတည်ပြုရန် အလို့ငှာ မျက်လုံးများကို မကူညီနိုင်ဘဲ ပြူးကျယ်လိုက်မိလေသည်။
လရောင်ကပိုဖျော့တော့လာသည်လား ဒါမှမဟုတ် ထိုမိန်းမက ပိုနီးလာသလား မသေချာပေမယ့် အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့သည့်မျက်နှာသည် သေဆုံးသွားသော ရှဲ့ယင်းမှလွဲ၍ အခြားမဟုတ်နေပေ......