> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး > Ch 45
စကားဝိုင်းသည် လူနာ နှင့် ပတ်သက်၍ အထင်အမြင်လွဲမှားခြင်းသို့ ပြန်ရောက်သွားခဲ့သည်။ ယခုအခါတွင် နားလည်မှုလွဲမှားမှုအများစုကို ရှင်းထုတ်နိုင်ခဲ့ပြီဖြစ်သဖြင့် ရို့စ်မယ်ရီ ၏သူငယ်ချင်းများသည် သူမအပေါ် ပိုမိုပွင့်လင်းလာခဲ့ကြသည်။
"ဒါဆို နင်တစ်ယောက်တည်း ရွှေတွင်း ရှာဖို့ ပဲလ်နယ်မြေကို သွားခဲ့တာလား"
"ဟုတ်တယ်။ အစက မစီစဉ်ထားပေမယ့် ငါ့မာနကို ထိခိုက်လာတော့ ဒီတိုင်းထိုင်မနေနိုင်တော့လို့"
"ငါသာဆိုလည်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲ့တာက ဘယ်လိုလုပ်ဖြစ်ရတာလဲ"
"အဲဒါက လုံးဝမတရားဘူး။ နင်က နစ်နာသူဆိုတာ ရှင်းလင်းနေတာပဲ မဟုတ်လား"
သေချာတာပေါ့ ဆိုင်ယာ နဲ့ ဖယ်ဆန်တို့ဇာတ်လမ်းတွေက စကားဝိုင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ လူနာ၏ အတိတ်သည် သူတို့နှင့် ရှုပ်ထွေးစွာ ဆက်စပ်နေသောကြောင့် ချန်ထားခဲ့လို့မရပေ။
ဘုံရန်သူတူသွားသောသူများ ပေါင်းစည်းလိုက်ကြခြင်းသည် သဘာဝဖြစ်သည်။ အားလုံးက လူနာ၏အတိတ်ကြောင့် သူတို့ကို ဒေါသထွက်ခဲ့ကြပြီး အားလုံး သူမဘက်မှာအတူတကွ ရပ်တည်လာခဲ့ကြသည်။
"ဒါပေမယ့် အဲ့ကောလဟာလတွေ ဘာလို့ ဒီလောက် ပျံ့နှံ့နေရတာလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်လေးတစ်ခုကတောင်မှ ရှေ့နောက်မညီတာကို ဖော်ထုတ်နိုင်တာကို"
လူတိုင်းက သဘောတူခဲ့ကြသည်။ ဒါက ထူးဆန်းလှသည်။ တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လိုက်မဖြန့်နေပါက ထိုသို့ဖြစ်လာမည်မဟုတ်ပေ။
"ဘာကြောင့်လဲဆိုတာ ငါသိမယ်ထင်တယ်"
ရို့စ်မယ်ရီက သူမ၏ ရှည်လျားသော မျက်တောင်များကို တဖျပ်ဖျပ်ခတ်ပြီး ပြောလာခဲ့သည်-
"နင်တို့ စောစောတွေ့လိုက်တယ်မလား။ မစဉ်းစားဘဲနဲ့ ဖျက်လိုဖျက်စီးလုပ်ခဲ့တဲ့တစ်ယောက်လေ"
သူမက ဖလော်ရီကိုရည်ညွှန်းနေတာဖြစ်သည်။မိန်းမပျိုများက သဘောတူလာခဲ့ကြပြီး ကဲလ်ရန်သည် သူမနှုတ်ခမ်းကိုသူမ ကိုက်ထားကာ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့သည်။
"သူမရဲ့အမှားကိုကျ ဖုံးကွယ်ပြီးတော့ အမှန်တရားကိုတောင် မစစ်ဆေးဘဲနဲ့ လေဒီလူနာကိုပဲ အကုန်ပုံပြီးအပြစ်တင်နေတာလေ"
"အဲ့ဒါက အရမ်းကောက်ကျစ်တာပဲ"
"သခင်လေးရိုဒရီယန်ကို ဝေဖန်တာက အပြစ် ဖြစ်မှားစိုးလို့ လေဒီလူနာကိုပဲ ပစ်မှတ်ထားဖို့ ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်"
ထိုကြောင့်ပင် လူနာအပေါ် ဝေဖန်ချက်များက အခုအချိန်အထိ ဆက်လက်တည်ရှိနေခဲ့တာဖြစ်နိုင်သည်။ သူတို့သာ တကယ့်အဖြစ်မှန်မသိပါက လေဒီဆိုင်ယာက သိပ်သနားစရာဖြစ်လာပြီး သခင်လေးဖယ်ဆန်က ကမ္ဘာပေါ်တွင် အဆိုးဆုံးလူအဖြစ် မြင်လာလိမ့်မှာဖြစ်သည်။
"ဒါပေမယ့် ခဏလောက်စဉ်းစားကြည့်ရင်အဲ့တာကထူးဆန်းနေသလိုပဲ မဟုတ်ဘူးလား"
"ဒါပေမယ့် နင်တို့အားလုံး အခုအချိန်အထိ အဲ့ဒါကိုသံသယမဝင်ဖူးကြဘူးမလား။ လူတိုင်းက လေဒီလူနာကို သဘာဝအတိုင်း အပြစ်တင်ကြတယ်။ သူမမှာ မြင်းမရှိတာတောင် သခင်လေးရိုဒရီယန်ဆီ ခြေလျင်လျှောက်သွားခဲ့တာကို သူတို့က လိုအပ်ရင်ပြေးပါပြေးပြီးတော့သွားလို့ ပြောခဲ့ကြတယ်"
ရို့စ်မယ်ရီ၏ ခိုင်လုံသော ကျိုးကြောင်းဆင်ခြင်မှုများကြောင့် အခန်းသည် ခဏတာမျှတိတ်ဆိတ်သွားခဲ့သည်။ လူနာသည်လည်း အခြားတစ်ဖက်မှ ထုချေ ခံရသလိုမျိုး ခံစားခဲ့ရသည်။
ရုတ်တရက် လေထု တင်းမာလာသည်နှင့်အမျှ ရို့စ်မယ်ရီသည် တောက်ပသော အပြုံးဖြင့် ပါးစပ်ကို ထပ်ဖွင့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အခုတော့ လေဒီလူနာရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပြီးပြီ။ ငါတို့အားလုံး ပူးပေါင်းပြီး သူမနာမည်ကို ရှင်းဖို့ ကြိုးစားပေးကြရင်ရော ဘယ်လိုလဲ"
အဲ့ဒါက နားလည်မှုလွဲနေတာကို ရှင်းပစ်ရာ၌ ကူညီပေးဖို့ သူမကအကြံပြုနေပုံရသော်လည်း လက်တွေ့တွင် သူမသည် လူနာအား သူမတို့အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသိအမှတ်ပြုဖို့ အကြံပြုနေတာဖြစ်သည်။ မဟုတ်ပါက သူ့ကို ကူညီစရာ မလိုနေပေ။
ရို့စ်မယ်ရီ၏ အကြံပြုချက်ကြောင့် အမျိုးသမီးများက အကြည့်ချင်းဖလှယ်ကြပြီး နောက်ဆုံးတွင် သဘောတူကြောင်း ခေါင်းညိတ်ပြလာကြသည်။
"လုပ်လိုက်ကြရအောင်"
"လေဒီလူနာကို နင်ကမိတ်ဆက်ပေးတာဆိုတော့ ငါတို့ ဒါကို သေချာပေါက်လုပ်သင့်တာပေါ့"
မကြာခင်မှာဘဲ အမျိုးသမီးများအားလုံးက သဘောတူကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။သူတို့သည် ယခင်ကအဖွဲ့ဝင်များကိုကာလကြာရှည်စွာ ထည့်သွင်းစဉ်းစားပြီးရွေးချယ်ခဲ့ကြသောကြောင့် ယခုမှာမကြုံစဖူးပင်ဖြစ်သည်။
သေချာသည်မှာ သူတို့၏ ချက်ခြင်းသဘောတူညီချက်က စာနာစိတ်ရှိခြင်းကြောင့်မဟုတ်နေပေ။
အဓိက အကြောင်းရင်းမှာ သူမကရွှေတွင်းကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။
ရွှေတွင်းပိုင်ဆိုင်သည့် မိသားစုသည် ဤနေရာတွင် မရှိဟူသောအချက်အပေါ် အခြေခံ၍ နောက်ကွယ်တွင် တွက်ချက်ထားသည်မှာ ထင်ရှားသည်။
"ကျေးဇူးတင်ပါတယ်။ငါ ဒီလိုမျိုး အဖြစ်အပျက်တွေ ထပ်မဖြစ်ဖို့ သေချာအောင်လုပ်ပါ့မယ်"
လူနာသည် သူမအား သနားစရာဆိုရုံမျှသာ မကြည့်သော အမျိုးသမီးများ၏ အကြည့်များကို ဖတ်နိုင်သည်။
သနားခြင်းသက်သက်ဖြင့် အကဲဖြတ်ခြင်းမှာ လူနာလိုချင်သောအရာမဟုတ်သောကြောင့် ယခုရလဒ်မှာ ကျေနပ်စရာဖြစ်သည်။
"အခု ငါတို့စားဖိုမှူးရဲ့ စေ့စေ့စပ်စပ် ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို စားကြရအောင်လေ။ အေးပြီး မူရင်းအရသာမပျက်သွားခင် စားကြရအောင်လေ"
သူတို့ စကားဝိုင်းကြောင့် ဘာအစားမှမစားကြရသေးပေ။ အမ်မာ မိုးလင်းကတည်းက ပြင်ဆင်ထားခဲ့သည့် အစားအစာများဖြစ်သောကြောင့် ၎င်းကို လျစ်လျူမရှုနိုင်ပေ။
လူနာ၏ အကြံပြုချက်အရ အမျိုးသမီးများသည် ပူနွေးသော အစားအစာကို စတင်စားကာ အရသာများမြည်းစမ်းကြတော့သည်။
"စွပ်ပြုပ်က အရမ်းချောမွေ့ပြီး အရသာရှိတယ်"
"ငါအခုတော့ နင်ဘာလို့မအေးခင် စားကြဖို့ အကြံပေးတာလဲဆိုတာ သိပြီ"
ကံကောင်းစွာဖြင့် သူတို့သည် အစားအသောက်အတွက် ကျေနပ်အားရကြောင်း ဖော်ပြကာ ပျော်ရွှင်နေပုံရသည်။
ဒါက လူနာ၏ ပထမဆုံးပါတီဖြစ်၍ သူမအရမ်းစိုးရိမ်ခဲ့ပေမယ့် အမ်မာက ယုံကြည်စိတ်ချရကြောင်း သက်သေပြခဲ့သည်။လူနာသည် စိတ်သက်ရာရလာသည်နှင့်အမျှ ဟင်းချိုကို မြည်းစမ်းလိုက်ပြီးနောက် အတွေးပျောက်သွားခဲ့ရသည်။
'ငါထင်သလိုပဲ တစ်ရက်တည်းနဲ့ ပြီးပြည့်စုံလာဖို့ဆိုတာ မဖြစ်နိုင်ဘူး'
အမ်မာ၏ အချက်အပြုတ်သည် ယခင်အရသာကဲ့သို့ ပြန်မဖြစ်သေးပေ။
"ဘာမှားလို့လဲ။ ပြဿနာရှိနေလို့လား"
လူနာ အတွေးထဲမျောနေတာကိုမြင်ရသောကြောင့် သူမဘေး၌ထိုင်နေသော ရို့စ်မယ်ရီက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။
လူနာက ပြုံးကာ ခေါင်းခါပြလိုက်သည်။
"ဘာမှမဟုတ်ဘူး"
လူနာ၏ အပြုံးကြောင့် ရို့စ်မယ်ရီလည်း ပြန်ကာပြုံးပြလိုက်သည်။
ပါတီပွဲကို နေ့လယ်နှောင်းပိုင်းအထိ ဆက်လက်ကျင်းပခဲ့ပြီး လူနာအကြောင်း နားလည်မှုလွဲမှားမှုများ အားလုံးကို ရှင်းထုတ်နိုင်ခဲ့ကာ တစ်နေ့တာကို ကောင်းမွန်စွာဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
* * *
လူနာ လာခဲ့ပြီးနောက် ဆိုင်ယာသည် သူမအခန်းထဲ သော့ပိတ်ထားကာ ဘာမှမလုပ်ဘဲ သူမ၏နေ့ရက်များကို ကြောင်တက်တက် ကုန်ဆုံးခဲ့သည်။
ဖယ်ဆန်က သူမကို ဆက်သွယ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့သော်လည်း သူမကို လုံးဝမေ့နေသလိုမျိုး သူ့ဆီကနေ တစ်စုံတစ်ရာမျှ ဆက်သွယ်မလာခဲ့ပေ။
တစ်နေ့တွင် ဆိုင်ယာဆီသို့ စာတစ်စောင်ရောက်လာခဲ့သည်။
"သခင်မလေး စာတစ်စောင်ရောက်လာပါတယ်။ တံခါးရှေ့မှာ ထားခဲ့ရမလား"
အစေခံတစ်ယောက်က တံခါးအပြင်ဘက်မှ သတိထားကာ ပြောလာသော်လည်း ဆိုင်ယာဘက်မှ မတုံ့ပြန်လာခဲ့ပေ။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အစေခံက စာကို တံခါးအပြင်ဘက်တွင်သာ ချလိုက်ပြီး ဖြည့်စွက်ပြောလိုက်သည်။
"သခင်မလေး ဒါက ရိုဒရီယန်မြို့စားဆီက စာပါ။ ကြိုက်တဲ့အချိန် ဖတ်လို့ရပါတယ်"
မြို့စားဆီကလား။ ဖယ်ဆန် ပို့ခဲ့တာများလား။
ဆိုင်ယာသည် မထင်မှတ်ထားသော စာတစ်စောင်ကို ကြည့်ရင်း ခြောက်သွေ့နေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်လေသည်။
သူမသည် ဖယ်ဆန်များရေးထားသလားဟူသော မျှော်လင့်ချက်ကြောင့် တံခါးဆီသို့ ရွေ့လျားသွားလိုက်သည်။ တံခါးကိုဆွဲဖွင့်ကာ စာကို မြန်မြန်ဖတ်လိုက်သည်။
ကံမကောင်းစွာဖြင့် ၎င်းက ဖယ်ဆန်ထံမှမဟုတ်ကာ ခါတိုင်းလိုပဲ သူ့အိမ်တော်ထိန်းထံမှဖြစ်သည်။
ဆိုင်ယာသည် သဘောပေါက်သွားမှုဖြင့် စာကို ဖြည်းညှင်းစွာဖွင့်ဖတ်လိုက်သည်။
[အချိန်အတော်ကြာပြီးမှ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်က အိမ်တော်ထိန်း ဂျူလီယန်ပါ။ သခင်လေး ဖယ်ဆန်နဲ့ ပတ်သက်တဲ့ ကံမကောင်းတဲ့ ဖြစ်ရပ်အချို့တွေကြောင့် သခင်မလေးကို စောစောဆက်သွယ်နိုင်ခြင်း မရှိတဲ့အတွက် တောင်းပန်ပါတယ်]
ကံမကောင်းတဲ့ဖြစ်ရပ်တွေလား...
စာကိုစိတ်မ၀င်စားစွာဖတ်နေသော ဆိုင်ယာသည် ဤစာကြောင်းကိုဖတ်ပြီးနောက် အသေးစိတ်အချက်အလက်များကို အမြန်လိုက်ဖတ်လိုက်တော့သည်။
[လေဒီပဲလ်က သခင်လေး ဖယ်ဆန်ကို လိမ်လည်စွပ်စွဲခဲ့ပါတယ်။ သူမက ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတစ်ခုကို ဖန်တီးပြီး လိမ်ညာပြောဆိုခဲ့တဲ့အတွက် သခင်လေးကထိန်းချုပ်ခံရလုနီးပါး ဖြစ်ခဲ့ရပါတယ်။
လေဒီပဲလ်က သခင်လေးဗင်းဆင့်နဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သခင်လေး ဖယ်ဆန်က သူမကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ်]
သူမကို တမင်တကာ မဆက်သွယ်တာ မဟုတ်ကြောင်းနှင့် ဖယ်ဆန်၏ အပြစ်ကင်းစင်မှုကို စာထဲတွင်အခိုင်အမာရေးသားထားပြီး သူ၏ငယ်သူငယ်ချင်းအား လမ်းလွဲသွားခြင်းမှ ကာကွယ်ရန် လုပ်ဆောင်ခဲ့ရခြင်းသာဖြစ်ကြောင်း အကျယ်တဝံ့ရှင်းပြထားသောကြောင့် ဆိုင်ယာသည် နှုတ်ခမ်းကို အသာကိုက်လိုက်တော့သည်။
သူ၏တရားမျှတစိတ်နှင့် စိတ်အားထက်သန်မှုတို့ကြောင့် ဒုက္ခထဲရောက်နေပုံရသည်။ ဖယ်ဆန်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးဟု ကတိပြုထားသော်လည်း သူမ၏ နှလုံးသားကမူ နာကျင်နေပြီဖြစ်သည်။
[မိတ်ဆွေတစ်ဦးအနေနဲ့ အမှန်တကယ်စိုးရိမ်ခဲ့ပေမယ့် သစ္စာဖောက်ခံရတဲ့အတွက် သူအလွန်စိတ်မကောင်းဖြစ်နေပါတယ်။
ဒါ့အပြင် သူက သခင်မလေး ဆိုင်ယာကို အချိန်အကြာကြီး လစ်လျူရှုထားမိတဲ့အတွက်လည်း နောင်တရနေပါတယ်။ သခင်မလေးကို တိုက်ရိုက်ဆက်သွယ်ဖို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပုံရလို့ သူ့ကိုယ်စား ကျွန်တော်က စာရေးလိုက်ပါတယ်။
သခင်လေးဖယ်ဆန်က သူ့အိပ်မက်ထဲမှာတောင် သခင်မလေးဆိုင်ယာကိုလိုက်ရှာနေတာကိုတွေ့ရတာ နေ့တိုင်းနာကျင်ရလို့ပါ
ဒါကြောင့် သခင်လေးဖယ်ဆန်ဆီကို ကျေးဇူးပြုပြီး လာတွေ့ပေးနိုင်မလား။ သူစောင့်နေပါတယ်]
ဒါက အမှန်ဖြစ်နိုင်မလား
သူမ ခဏတာ ပြန်လည်တွေးတောနေသော်လည်း သူမနှလုံးသားကမူ ပြင်းထန်စွာ နာကျင်နေပြီဖြစ်သည်။
ဆိုင်ယာသည် အိမ်တော်ထိန်းထံမှစာကိုအံဆွဲထဲသို့ မထည့်မီ အကြိမ်ကြိမ်ပြန်ဖတ်နေမိသည်။
သူမသည် စံအိမ်ကြီးဆီသို့ ချက်ခြင်းအပြေးရောက်သွားချင်ခဲ့သော်လည်း ပိုနာကျင်ရမှာကို ကြောက်သောကြောင့် သူမ၏ ခံစားချက်များကို ထိန်းထားခဲ့လိုက်သည်။ နေ့ရက်များ ကုန်လွန်သွားသည်နှင့်အမျှ ဆိုင်ယာသည် သူမအခန်းထဲမှာပဲနေခဲ့ပြီး တစ်ယောက်ယောက်က သူမထံ အလည်လာခဲ့သည်။
"သခင်မလေး...လေဒီဖလော်ရာကဒီကိုရောက်နေပါတယ် ကျွန်မ သူမကိုလွှတ်ပေးလိုက်ရမလား"
ဆိုင်ယာ၏ သူငယ်ချင်းများသည် အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ကြသော်လည်း သူမက သူတို့ကို အမြဲပြန်လွှတ်ခဲ့ပေသည်။ ဆိုင်ယာဘက်မှ မတုံ့ပြန်လာသည့်အတွက် အစေခံလေးက ဖလော်ရီကို အထဲလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ မကြာခင်မှာပင် ပွင့်နေသော ပြတင်းပေါက်မှ ငိုသံများ ထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်နေတာလဲ"
အပြင်ကိုလှမ်းကြည့်လိုက်ရာ ဖလော်ရီက ကမ္ဘာပျက်နေသလိုမျိုး အော်ငိုနေခဲ့သည်။ ငိုယိုနေသော ဖလော်ရီကို မည်သို့နှိမ့်သိမ့်ပေးရမည်ကို မသိသောကြောင့် အိမ်စေသည် ကြောင်အစွာသာကြည့်နေခဲ့သည်။
"ကျေးဇူးပြုပြီး... လေဒီဆိုင်ယာအတွက် ပြောစရာတစ်ခုရှိနေလို့ပါ။ ငါအဲဒါကိုပြောပြမှရမယ်။ ကျေးဇူးပြုပြီး သူမကိုတွေ့ခွင့်ပေးပါ"
သူဘာလို့ ဒီလောက်ငိုနေရတာလဲလို့ တွေးရင်း စိတ်ရှုပ်ထွေးနေသော အိမ်စေ၏ မျက်လုံးများက ပြတင်းပေါက်မှတစ်ဆင့် ဆိုင်ယာကို တွေ့လိုက်သည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆိုင်ယာသည် သူမကို ဝင်ခွင့်ပေးလိုက်ဟု ညွှန်ပြလာခဲ့သည်။ သူမ မတွေ့ချင်နေသော်လည်း ငိုနေသူတစ်ယောက်အပေါ် သူမရက်စက်နိုင်ပေ။
"သခင်မလေးဆိုင်ယာက ဝင်ခွင့်ပြုလိုက်ပါတယ်"
"တကယ်လား"
ခွင့်ပြုချက်ရသည်နှင့် ဖလော်ရီသည် ဆိုင်ယာ၏အခန်းထဲသို့ အလျင်အမြန်ဝင်သွားခဲ့ပြီး သူမ၏မျက်ရည်များမှာ မရပ်တန့်နိုင်သေးပေ။ သူမ ဝင်လိုက်သည်နှင့် ဆိုင်ယာသည် ခပ်ဖျော့ဖျော့ပုံစံဖြင့် သူမကို နှုတ်ဆက်လာခဲ့သည်။
"မတွေ့ရတာကြာပြီ။ နေမကောင်းလို့ မတွေ့နိုင်ခဲ့ဘူး"
ဆိုင်ယာသည် အမှန်တကယ် နေမကောင်းနေပုံပေါက်သော်လည်း ဖလော်ရီသည် စိတ်ထိခိုက်စရာ တစ်ခုခုရှိကြောင်းကို ခံစားခဲ့ရသည်။ ဖလော်ရီသည် အိမ်စေယူလာပေးသော လက်ဖက်ရည်ပူပူကို ငုံ့ကြည့်ရင်း မကျေနပ်ချက်များကို ထုတ်ပြောပြလိုက်သည်။
"လေဒီဆိုင်ယာ ! အဲဒီကောက်ကျစ်တဲ့ မိန်းမက ငါ့ကိုချောင်ပိတ်ပြီး ရာဇ၀တ်ကောင်လိုမျိုး ဆက်ဆံခဲ့တယ်"
TK Team